← Chapters

အခန်း (၅၀၂)

Vol. 36 Ch. 502

အခန်း (၅၀၂)

Vol. 36 Ch. 502

ကျန်းချင်းအာကိုဝိုင်းရံထားချိန်တွင် လီလော့ သည် လုမင်၏ပုံရိပ်ယောင်အစီအရင်ထဲ ကျရောက်နေသဖြင့် နှိုင်းယှဥ်ကြည့်လျှင် သူ့ဘက်က အခြေနေပိုဆိုးနေပုံရသည်။

ခမ်းနားလှသော ပန်းပင်လယ်ကြီးထဲတွင် လီလော့သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ကောင်းကင်တွင် အဆက်မပြတ် စုပုံနေသော တိမ်မည်းများကို ကြည့်လိုက်သည်။ တိမ်တိုက်များထဲတွင် လျှပ်စီးစွမ်းအားဖြစ်သည့် အလွန်ပြင်းထန်သော အင်အားများ စုဝေးနေကြောင်းသူ ခံစားနိုင်သည်။

ထင်ရှားသည်မှာ၊ လုမင်သည် ပုံရိပ်ယောင်အစီအရင်၏အကူအညီဖြင့် အလွန်ပြင်းထန်သော သတ်ဖြတ်မှုတစ်ခုကို ဖန်တီးနေခြင်းဖြစ်နိုင်သည်။

လီလော့ဒီအတိုင်းငြိမ်မနေဘဲ ဓားချက်များထုတ်ဖော်လိုက်သည့်အခါ အလွန်ပြင်းထန်သော စွမ်းအားများဖြင့် ဖုံးအုပ်ထားသောအလင်းတန်းများသည် လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာပြီး မည်းမှောင်နေသော တိမ်တိုက်များဆီသို့ တိုးဝင်သွားခဲ့သည်။

ဓားအလင်းသည် မှောင်မိုက်သောတိမ်တိုက်များကို ဖြတ်ကျော်သွားသော်လည်း ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ပေ။

"ဒါလည်း ပုံရိပ်ယောင်တွေပဲလား..."

ကောင်းကင်တွင် လွှမ်းခြုံထားသည့် မည်းမှောင်နေသော တိမ်တိုက်များသည် အမှန်တကယ်တမ်းတွင် လုမင်က သူ့အမြင်အာရုံကို ရှုပ်ထွေးစေရန် တမင်တကာ အသုံးပြုခဲ့ခြင်းဖြစ်ပြီး အမှန်တကယ် မိုးကြိုးတိမ်တိုက်များ မည်သည့်နေရာတွင် ရှိနေသည်ကို လုံးဝ မခန့်မှန်းနိုင်ပေ။

"ဒါက ခက်တယ်....."

လီလော့ သက်ပြင်းကို မချဘဲ မနေနိုင်တော့ပေ။ လုမင်၏ လျှပ်စီးနှင့်ပုံရိပ်ယောင်ပေါင်းစပ်ထားခြင်းသည် အမှန်ပင်ခေါင်းကိုက်စရာပင်......

လီလော့ ရပ်တန့်သွားသောအခါ၊ ကောင်းကင်၌ မိုးကြိုးတိမ်များသည်လည်း ပို၍ပို၍ အုံကြွလာကာ မိုးခြိမ်းသံများလည်း အဆုံးမသတ်ဘဲ ပဲ့တင်ထပ်လာသည်။

"လာနေပြီ...."

ဝုန်းးးးးးးး

သူ့စိတ်ထဲတွင် အတွေးတစ်ခုဖြစ်ပေါ်လာချိန်တွင် ကောင်းကင်တွင် မိုးကြိုးတိမ်တိုက်များ ပြင်းထန်စွာ တုန်ခါသွားကာ နောက်တခဏတွင် လျှပ်စီးတန်းတခု ကောင်းကင်မှ ကျဆင်းလာပြီး လီလော့ဆီကိုတည့်တည့်ကြီးဉီးတည်နေသည်။

လီလော့ မပေါ့ဆရဲတော့ဘဲ ရေစွမ်းအားများကိုသုံး၍ ချပ်ဝတ်တခုဖန်တီးက ခန္ဓာကိုယ်ကိုကာကွယ်လိုက်သည်။

ရေစေးချပ်ဝတ်.......

တစ်ချိန်တည်းမှာပင် သူသည် ဖြောင့်စင်းသော ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ ဓားပေါ်တွင် အရှိန်အဟုန်ဖြင့် ရေလှိုင်းများ ပျံ့လွင့်သွားစေပြီး သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော ဓားအလင်းတန်းများသည် ပင်လယ်ပြင်ပေါ်မှ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ကောင်းကင်သို့ ပစ်လွှတ်လိုက်လေသည်။

လျှပ်စီးနှင့်ရေလှိုင်း ထိပ်တိုက်တွေ့ဆုံခြင်း......

သို့သော်လည်း ထိပ်တိုက်တွေ့ဆုံရာတွင် ဓားအလင်းတန်းသည် ထပ်မံ ထိုးဖောက်ဝင်ရောက်သွားပြန်သည်။

ဤသည်မှာလည်း ပုံရိပ်ယောင်သာဖြစ်နေပြန်သည်

ငါ့ကို အားကုန်အောင်များလုပ်နေတာလား.....

ဝုန်းးးးဝုန်းးးဝုန်းးးးး

ထိုအချိန်တွင်၊ လီလော့ရှေ့တွင် မိုးကြိုးသုံးလုံး တပြိုင်နက် ပေါက်ကွဲထွက်လာသည်။

ဒါတွေလည်း ပုံရိပ်ယောင်တွေပဲလား......

လီလော့ မပေါ့ဆရဲတော့ပေ။မိုးကြိုးသုံးခုအနက် တခုသာအစစ်အမှန်ဖြစ်နေခဲ့ရင်.....

လီလော့ သူ၏လက်ချောင်းများကို ပွတ်ဆွဲလိုက်ပြီး ရွှေ အဋ္ဌဂံဒိုင်းတစ်ခု ထွက်ပေါ်လာပြီး မိုးကြိုးသုံးခုကို ခုခံလိုက်လေသည်။

ဝုန်းးးးး

မိုးကြိုးသုံးစင်းစလုံး ရွှေအဌဂံဒိုင်းကို ရိုက်ခတ်သွားသည်။ ပထမနှစ်စင်းက ရွှေဒိုင်းကို ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာ မဖြစ်စေဘဲ ထိတွေ့လိုက်သည့်အချိန်တွင် အလိုအလျောက် ပျောက်ကွယ်သွားခဲ့သည်။ သို့ပေမယ့် တတိယမြောက်မိုးကြိုး ကျဆင်းတာသည်အမျှ ရွှေအဌဂံဒိုင်းက ထုတ်လွှတ်တဲ့ စွမ်းအင်အလင်းရောင်ဟာ ချက်ချင်းဆိုသလို မှိန်ဖျော့သွားပြီး ဒိုင်းပေါ်တွင် တောက်လောင်နေသည့် အနက်ရောင်ကြီးအခိုးအငွေ့များဖြစ်ပေါ်လာပြီးနောက်မှာတော့ လီလော့၏ ခြေဖျားထိတိုင်ပျံ့နှံ့သွားသည်။

လီလော့သည် စွမ်းအင်ကုန်ခမ်းနေသော ရွှေအဋ္ဌဂံဒိုင်းကို အမြန်ဖယ်လိုက်သည်။ နောက်ဆုံးတွင်၊ ၎င်းသည် အဖြူရောင်

မျက်လုံးအဆင့်ရတနာမျှသာဖြစ်ပြီး ကြာကြာအသုံးမပြုနိုင်ပေ။

သို့သော် သူသည် လုမင်၏ အတွေးများကို လုံးလုံးနားလည်သည်။ ပုံရိပ်ယောင်နှင့်အစစ်အမှန်ကိုရောနှောထားသဖြင့် သတိပေါ့ဆလိုက်သည်နှင့်အထိနာရမည်သာ....

သို့သော်လည်း အချက်တိုင်းကို ခုခံနေပါက စွမ်းအားကုန်ခမ်းလာပြီး နောက်ဆုံးတွင် လုမင်၏အလွယ်တကူအနိုင်ယူခြင်းခံရလိမ့်မည်။

လီလော့သည် မိုးကြိုးတိမ်တိုက်များ အုံ့ဆိုင်းနေသည့် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများ တောက်ပလာသည်။

အကြွင်းမဲ့ ခွန်အားသုံးမှသာ ဤအစီအရင်မှလွတ်မြောက်နိုင်လိမ့်မည်။ သို့သော် အစီအရင်ကိုချိုးဖောက်နိုင်ရန် အမြီးသုံးချောင်းကောင်းကင်ဝံပုလွေစွမ်းအားကိုထုတ်သုံးဖို့သာကျန်တော့သည်။

လီလော့က မိုးကြိုးတိမ်တွေကို စိုက်ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်သည်။

"နင်က စွမ်းအားသုံးပြီးတိုက်ခိုက်ချင်တယ်ပေါ့....လာလေ......"

လုမင်ထံတွင် ပဲ့တင်ထပ်သံနှစ်ခုရှိသော်လည်း လီလော့ထံတွင် ရေနှင့်သစ်သားပဲ့တင်ထပ်သံရှိသည်ကိုမေ့မထားသင့်ပေ။

အဆင့်အရ လုမင်၏ပဲ့တင်ထပ်သံများကအဆင့်ပိုမြင့်နိုင်သော်လည်း လီလော့၏ရေပဲ့တင်ထပ်သံက သစ်သားပဲ့တင်ထပ်သံကိုအဆက်မပြတ်ထောက်ပံပေးနိုင်သည်။

လီလော့သည် ပန်းပင်လယ်ပြင်ထဲတွင် တင်ပျဉ်ခွေထိုင်ကာ သူ့ခန္ဓာကိုယ်ရှိ သစ်သား စွမ်းအားကို အသုံးပြုကာ လက်ဖဝါးများကို မြေပြင်သို့ ဆန့်ထုတ်လိုက်သည်။

"ရှေးဟောင်းသစ်ပင်အကာအကွယ်..."

နောက်အခိုက်အတန့်မှာတော့ မြေပြင်မှာ သစ်ပင်တစ်ပင်ပေါက်လာခဲ့သည်။

သစ်သားစွမ်းအားကြောင့် ပျိုးပင်ဘဝကနေ ခိုင်ခံ့သောသစ်ပင်အဖြစ် လျင်မြန်စွာကြီးထွားလာပြီး ကြီးထွားမှုနှုန်းမှာ ရပ်တန့်သွားခြင်းမရှိပေ။

လီလော့၏ လှုပ်ရှားမှုကို လုမင်၏အစီအရင်က သိသာထင်ရှားစွာအာရုံခံနိုင်သည့်အတွက် သစ်ပင်ကြီးအား ဖျက်ဆီးရန် မိုးကြိုးမုန်တိုင်းတစ်ခု ချက်ချင်းဝင်ရောက်ခဲ့သည်။

သို့သော် ယခုအချိန်တွင် ကျင်းစဲ့ယွီ့ရှန်းဓားသည် သူ့လက်ထဲမှ ထွက်လာပြီး မိုးကြိုးထက်တွင် ဝေ့ဝဲနေသော ရေစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

မိုးခြိမ်းသံများ ပြင်းထန်လာသည်နှင့်အမျှ ကျင်းစဲ့ယွီရှန်းဓားပေါ်တွင် ဖုံးအုပ်ထားသောစွမ်းအားများလျင်မြန်စွာ မှိန်ဖျော့လာသည်။

လီလော့သည် အမူအရာ မပြောင်းဘဲ၊ သူ့ခန္ဓာကိုယ်ရှိ ရေ၊ အလင်း၊ သစ်သားနှင့်မြေစွမ်းအားများအားလုံးကို ဤသစ်ပင်ကြီးထဲသို့ သွန်းလောင်းခဲ့သည်။ ရေ၏ စွမ်းအားသည် သစ်ပင်ကြီးထွားမှုကို အရှိန်မြှင့်ပေးပြီး

ရေစွမ်းအားထဲတွင်ပါဝင်နေသည့် အလင်းစွမ်းအားက သစ်ပင်ကြီးကို အံ့သြဖွယ်အရှိန်ဖြင့် တောင့်တင်းလာစေသည်။

သစ်ပင်များသည် ပိုမိုတည်ငြိမ်ပြီး မုန်တိုင်းဒဏ်ခံနိုင်ရန် မာကြောသောမြေပြင်ပေါ်တွင်အမြစ်တွယ်ထားနိုင်ရမည်။

ထို့ကြောင့်၊ မြေစွမ်းအား၏တည်ရှိမှုသည် ဤသစ်ပင်ကို ပိုမိုခိုင်ခံ့စေသည်။

မိနစ်အနည်းငယ်အတွင်း လေဖိအားနည်းရပ်ဝန်းထဲမှ မြင့်မားသော သစ်ပင်တစ်ပင်ကို မွေးဖွားခဲ့သည်။ လီလော့က သစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သစ်ပင်၏ အရွက်များအားလုံးသည် စွမ်းအင်များဖြင့် တောက်ပနေသည်မှာ ကောင်းကင်ကနေ ငုံ့ကြည့်မယ်ဆိုရင် လီလော့ကို ကာကွယ်ပေးထားတဲ့ ထီးတစ်လက်လိုပင်.....

လျှပ်စီးများကို ခုခံဖို့ လီလော့ဘက်က သစ်ပင်ကြီးတစ်ပင် ဖန်တီးလိုက်ကြောင်း လုမင်သိသွားသည့်အခါ အလွန်ထိတ်လန့်နေလေ၏။

လုမင်၏ မျက်နှာလှလှလေးပေါ်တွင် အေးစက်မှုများပြည့်နှက်နေသည်။

အကယ်၍ ပုံရိပ်ယောင်မဟုတ်သောအစစ်မှန်လျှပ်စီးများဖြင့် ပစ်ခွင်းရင်တောင် သစ်ပင်ကြီးက လီလော့ကို ကာကွယ်ပေးထားလိမ့်မည်။

မိမိက လီလော့ကို အားကုန်အောင်လုပ်ချင်သော်လည်း လီလော့ကြောင့်သာ စွမ်းအားကုန်ခမ်းရမည့်ကိန်းဆိုက်နေပြီ........

ပဲ့တင်ထပ်သံနှစ်ခု ရှိသူချင်းတူသော်လည်း သူမ၏ စွမ်းအားကလီလော့ထက်တစ်ဆင့်မြင့်သည်။ ထို့ကြောင့် လီလော့မည်မျှထိတောင့်ခံနိုင်မည်ကိုစောင့်ကြည့်ရပေမည်။

သူ့စိတ်ထဲတွင် ဤသို့တွေးလိုက်သည်နှင့် တုံ့ဆိုင်းမနေတော့ဘဲ လက်သွယ်သွယ်လေးများပေါ်တွင် လျှပ်စီးကြိုးထုံးများဖြစ်ပေါ်လာသည်။

ဝုန်းးးးးးးး

ကောင်းကင်ပေါ်ရှိ မိုးကြိုးတိမ်တိုက်များ လျင်မြန်စွာ ပြောင်းလဲသွားသည်၊း။ မိုးကြိုးတိမ်တိုက်များ ကျုံ့လာသည်နှင့် တစ်ချိန်တည်းမှာပင် ပိုမိုနက်မှောင်လာသည်။ မိုးကြိုးတိမ်တိုက်များတွင် ပိုမိုပြင်းထန်သော စွမ်းအားများ ထွက်ပေါ်နေမှုကို ထင်ရှားစွာ ခံစားရနိုင်သည်။

လီလော့လည်း တစ်ခုခုကို ခံစားလိုက်ရသည်။

"မင်း လှည့်စားဉီးမလို့လား....နင့်ရဲ့ မိုးကြိုးက ငါ့သစ်ပင်ကြီးကို ဖျက်စီးနိုင်မလား စမ်းကြည့်ရအောင်......."

All Chapters