← Chapters

အခန်း (၅၀၃)

Vol. 36 Ch. 503

အခန်း (၅၀၃)

Vol. 36 Ch. 503

မိုးကြိုးတိမ်အလွှာများ ကောင်းကင်၌ ဆက်လက် လှိုင်းထလာသောအခါ အလင်းဘောလုံးကြီး တစ်ခု ဖြစ်ပေါ်လာပြီး လီလော့အပေါ်အုပ်မိုးထားသည့် သစ်ပင်ပေါ်ကျဆင်းသွားသည်။

လီလော့သည် သစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ အပေါ်မော့ကြည့်လိုက်သည်။

သူ့အမူအရာက အတော်လေး တည်ငြိမ်နေပြီး ထိတ်လန့်မှု မရှိပေမယ့် ဒီအချိန်မှာ ခန္ဓာကိုယ်ထဲက ပဲ့တင်ထပ်သံနန်းတော်နှစ်ခုစလုံး ပြင်းထန်စွာ တုန်ခါသွားကာ စွမ်းအားများ ဒလဟောထွက်လာပြီး သစ်ပင်ထဲသို့စိမ့်ဝင်သွားလေသည်။

ချက်ချင်းပင် သစ်ပင်သည် ပိုမြင့်မားပြီး ပိုသန်မာလာသည်။

အတိအကျပြောရလျှင် ဤသစ်ပင်ကြီးသည် လီလော့၏ သစ်သားပဲ့တင်ထပ်သံမှ ဆင်းသက်လာသော်လည်း ၎င်းကို ရေ၊ အလင်းရောင်နှင့် မြေကြီးတို့၏ စွမ်းအားဖြင့် ကောင်းချီးပေးထားသည်။

ဤအင်အားစုမျိုးစုံ၏အကူအညီဖြင့်၎င်းသည်လက်ရှိအဆင့်သို့ရောက်ရှိနိုင်ခဲ့သည်။

ဖန်းးးးးး

လျှပ်စီးများ တဖျပ်ဖျပ်လင်းလက်သွားပြီး နောက်ဆုံးတွင် သစ်ပင်ကြီးကို ထိမှန်သွားသည်။

ထိုအချိန်တွင် မရေမတွက်နိုင်သော အရွက်များနှင့် အကိုင်းအခက်များ ချက်ချင်းမည်းနက်သွားကာ ကြီးမားသောသစ်ပင်၏ ဆယ်ပုံတစ်ပုံသည် လျှပ်စီးကြောင့် မည်းမှောင်ပျက်စီးသွားသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ၊ လျှပ်စီးတန်းများ အရောင်မှိန်ဖျော့လာသည်။

စွမ်းအားကုန်ခမ်းသွားသောကြောင့် လျှပ်စီးတန်းများ ပျောက်ကွယ်သွားချိန်တွင် မြင့်မားသောသစ်ပင်ကြီးသည် မီးလောင်ကျွမ်းမှုကြောင့် တပင်လုံးနီးပါးမည်းနက်နေလေပြီ။

ဒါကိုမြင်တော့ လုမင်သက်ပြင်းတစ်ချက်ချလိုက်မိသည်။

ဒါပေမယ့် သူမ အသက်ရှုမဝခင်မှာ သစ်ပင်ကြီးရဲ့ မည်းမှောင်နေတဲ့သစ်ခေါက်များ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပျက်စီးသွားသောနေရာများ ပြန်လည်နုပျိုလာပြီး စိမ်းမြလာသည်။

အကိုင်းအခက်များနှင့် အရွက်များသည် ခိုင်မြဲစွာ ကြီးထွားလာပြီး အလွန်ထက်သန်သော တက်ကြွမှုကို မီးမောင်းထိုးပြနေသည်။

လုမင်၏ လှပသော မျက်နှာသည် အေးစက်သွားသော်လည်း သူ့နှလုံးသားထဲမှာတော့ အတော်ထိတ်လန့်တုန်လှုပ်နေသည်။

လီလော့ရဲ့ နည်းလမ်းတွေကို သူမ တွေ့ဖူးခဲ့ပါသည်။ သူမသည် ယခင်က သစ်သားပဲ့တင်ထပ်သံရှိသူများနှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း ထိုသူတို့၏သစ်သားစွမ်းအားဖြင့်ဖန်တီးထားသော အကာအကွယ်သည် သူမ၏လျှပ်စီးစွမ်းအားကြောင့်ပျက်စီးကုန်ကြသည်သာ......

"ရေစွမ်းအားကြောင့်လား....."

လုမင် မျက်မှောင်ကြုတ်ပေမယ့် ရေစွမ်းအားတစ်ခုတည်းက ဒီလောက် ခံနိုင်ရည်မျိုး မရှိနိုင်ဘူးမလား....

"နင် ငါ့ရဲ့တိုက်ခိုက်မှုအချို့ကို ရပ်တန့်နိုင်မယ်ထင်တယ်!"

လုမင် နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်လေသည်။ လီလော့ ၏သစ်ပင်ကို အတင်းအကျပ်ဖျက်စီးရန် နည်းလမ်းတစ်ခုသာရှိပြီး ဤသစ်ပင်သည် လီလော့ ၏နောက်ဆုံးအကာအကွယ်လည်းဖြစ်သည်။ထို့ကြောင့် ဒီသစ်ပင်ကိုသာဖျက်စီးနိုင်လျှင် ပွဲသိမ်းပြီ......

ထို့ကြောင့် လုမင်သည် သွယ်လျသော လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး လျှပ်စီးတန်းများကိုဖန်တီးလိုက်သည်။ထိူ့နောက် ထိုလျှပ်စီးတန်းများက ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး မိုးကြိုးတိမ်တိုက်များနှင့်ပေါင်းစည်းသွားလေသည်။

ဝုန်းးးး

မိုးကြိုးတိမ်တိုက်များ ရုတ်တရက် ပြင်းထန်စွာ လှိုင်းထလာပြီး ခဏအကြာတွင် ဧရာမစပါးအုံးမြွေကြီးကဲ့သို့ ကျယ်လောင်စွာ ထစ်ချုန်းမြည်ဟိီးနေလေ၏။

ဝုန်းးးးဝုန်းးးးးးးး

အောက်နားရှိ ဧရာမသစ်ပင်ကြီးသည် ယခုအချိန်တွင် မုန်တိုင်းဒဏ်ကို အလူးအလဲခံစားနေရသည်။

ကြီးမားသောသစ်ပင်၏ မျက်နှာပြင်သည် အဆက်မပြတ် ပျက်စီးနေပြီး အရာအားလုံးမည်းမှောင်နေ၏။

သို့သော် မိုးလုံးပြည့်လုမတတ်ကြီးမားသောမိုးကြိုးတိမ်တိုက်များ၏ လျှပ်စီးများကို ကြံ့ကြံ့ခံရင်ဆိုင်နေဆဲပင်.....

ဤမြင်ကွင်းသည် မျှော်စင်ရှေ့ရှိလူတိုင်းကိုတိတ်ဆိတ်သွားစေခဲ့သည်။

ချင်ဇူလု၊လုချင်းအာနှင့် အခြားလူများ အားလုံး၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ရှိနေကြသည်။ လုမင်၏ ဗုံးကြဲတိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းရန် ဤနည်းလမ်းကို လီလော့ ရွေးချယ်မည်ဟု သူတို့ မမျှော်လင့်ထားမိသည်မှာ ထင်ရှားပါသည်။

ဒုကျောင်းအုပ်စုရှင်းသည်လည်း ထိုဘက်သို့ ကြည့်နေပြီး သူမ၏ မျက်လုံးများက ကြည်နူးမှုဖြင့် တောက်ပနေသည်။

လုမင် သုံးနေသောပညာရပ်သည် အလွန်အားကောင်းပြီး မှန်းဆ၍မရသော်လည်း လီလော့၏ တုံ့ပြန်မှုက အလွန်ဆင်ခြင်တုံတရား ရှိသည်။သို့သော် တချက်မှားလိုက်သည်နှင့် လုမင် ပြုသမျှနုရတော့မည်သာ..........

လက်ရှိတွင် လီလော့သည် အချည်းနှီးသော ခုခံမှုတွင် ရှိနေဆဲဖြစ်ပြီး၊ နောက်ဆုံးတွင်... ဤအခြေအနေမှ မလွတ်မြောက်နိုင်ပေ။

ပုံရိပ်ယောင်အစီအရင်ကို မချိုးဖျက်နိုင်သရွေ့ လုမင်မှာ အားသာချက်အချို့ ရှိနေဉီးမည်။

သို့သော်လည်း နည်းလမ်းမရှိခဲ့ပေ။ လုမင် သည် လီလော့ထက် တဆင့်သာသော ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်ဖြစ်နေသည်။

ယခုအချိန်တွင် ကောင်းကင်ငရဲကောလိပ်မှ ကျောင်းသားများသာမက အခြားသောကောလိပ်မှကျောင်းသားများလည်း ဤပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုကို စိုက်ကြည့်နေကြသည်။

အဆုံးသတ်တွင် မည်သူ အနိုင်ရမည်ကို အားလုံးက သိချင်နေကြသည်။

ဝုန်းးးးးးး

ပြင်းထန်သော မိုးခြိမ်းသံက အဆုံးမရှိတော့သလိုပင်......

ပန်းပင်လယ်ကြီး တခုလုံးထောင်းထောင်းကျေပျက်နေသော်လည်း လီလော့၏သစ်ပင်ကြီးသာ အကောင်းတိုင်းရှိနေဆဲပင်......

လီလော့သည် ခေါင်းမော့လိုက်ပြီး လျှပ်စီးတန်းများကို ဂုဏ်သိက္ခာရှိသော အမူအရာဖြင့် ကြည့်လိုက်သည်။

သစ်သားစွမ်းအားဖြင့်ဖန်တီးထားသော သစ်ပင်ကြီးသည် လျှပ်စီးစွမ်းအားကြောင့် ထိခိုက်သွားတိုင်း လျင်မြန်စွာပြန်လည်ကောင်းမွန်လာစမြဲပင်.....ထို့ကြောင့်သူ့ခန္ဓါကိုယ်အတွင်းရှိ စွမ်းအားများ လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို ခံစားရနိုင်သည်။

လုမင်သည်လည်း မထူးမခြားနားပင်.....

ထို့ကြောင့် သူက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး .....

"လုမင်၊ လက်ရှိအခြေအနေက မင်းမျှော်လင့်ထားတာနဲ့ နည်းနည်းတော့ လွဲနေပြီမဟုတ်လား"

"လီလော့....နင်...ငါ့ကို အံ့အားသင့်အောင်လုပ်နိူင်ခဲ့တယ်၊ ဒါပေမယ့် ဂုဏ်ယူဖို့စောသေးတယ်မထင်ဘူးလား....နင် ငါ့ရဲ့အစီအရင်ကိုမချိုးဖောက်နိုင်ဘူး...အနှေးနဲ့အမြန် ရှုံးမှာပဲ.....အခုကတည်းက ရှုံးတာကို စိတ်လိုလက်ရ ဝန်ခံလိုက်ရင် နည်းနည်းသက်သာနိုင်လိမ့်မယ်.... "

လီလော့ ပြုံးပြီးပြောလိုက်သည်က....

"နင်သာရှုံးခဲ့မယ်ဆိုရင်ရော...."

"လီလော့.....အတင်းအကြပ်ရုန်းကန်နေလို့လဲအပိုပဲ...."

"အနိုင်ရဖို့ အခွင့်အရေးရှိတယ်လို့ နင် ထင်နေတာလား...."

"နင် အခုထိ ခံနိုင်ရည်ရှိသေးပေမယ့် အခငထိ ပုံရိပ်ယောင်အစီအရင်ထဲမှာပဲရှိနေသေးတယ်..... အကယ်၍ ချိုးဖောက်နိုင်မယ်ဆိုရင်တောင်အချိန်ယူရဉီးမှာပဲ...ပြီးတော့ ငါ့ခန္ဓာကိုယ်အစစ်ကိုနင်ဘယ်လိုရှာမလဲ...ဘယ်လိုပဲတွေးတွေး ငါ့ဘက်ကအသာချည်းပဲ......"

"တကယ်လား? ငါတော့အဲ့လို မထင်ဘူး...."

လုမင်သည် လီလော့ မနိုင်နိုင်ရာပြောနေသည်ဟုသာ ယူဆလိုက်ပြီး ရယ်မောလိုက်သည်။

လီလော့ ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။ အမြီးသုံးချောင်းကောင်းကင်ဝံပုလွေ စွမ်းအားဖြင့် အစီအရင်ကို အတင်းအကျပ် ချိုးဖျက်ရန် မခက်ခဲသော်လည်း ၎င်းမှာ သူ၏ ရွေးချယ်မှု မဟုတ်ပေ။

သူ့မှာ တခြားနည်းလမ်းရှိနေသေးသည်။

ထို့အပြင် အောင်မြင်စွာလည်း အကောင်အထည်ဖော်နိုင်ခဲ့သည်။

"လုမင်၊ ငါအနိုင်ရသင့်တယ်ထင်တယ်"

"လီလော့....နင် အိပ်မက်မက်ပြီး အနိုင်ယူလို့မရဘူး...."

လီလော့က ခေါင်းမော့လိုက်ပြီး သစ်ပင်ကို ကြည့်လိုက်ပြန်သည်။ ရေမတွက်နိုင်သော လျှပ်စီးများကြောင့် အနည်းငယ် ကျိုးပဲ့နေပြီဖြစ်သော်လည်း အဆက်မပြတ်ပြန်လည်ကောင်းမွန်ဆဲပင်...ထို့အပြင် သစ်ပင်ထိပ်ဖျားပေါ်တွင် အနက်ရောင် အသီးတစ်လုံးတွဲလောင်းခိုနေသည်။

လျှပ်စီးများကြောင့် အသီးအချို့ ကွဲကြေသွားခဲ့ပြီး သတိမထားမိခင်မှာတင် အနက်ရောင်ချီများ ပျံ့နှံနေပြီဖြစ်သည်။

လီလော့က ကျင်းစဲ့ယွီ့ရှန်းဓားကို လက်တဖက်ဖြင့်ဆုပ်ကိုင်ထားပြီး ကျန်သည့်လက်တဖက်ကိုမြှောက်လိုက်သည့်အခါ အဆိပ်မိထားသောကြောင့် လက်မောင်းသားအချို့မည်းနက်နေသည်။

လီလော့က လက်မောင်းပေါ်ရှိ အနက်ရောင်အသားလွှာကြီး အရိုးမြင်ရသည်အထိနက်ရှိုင်းစွာလှီးထုတ်လိုက်လေသည်။

နာကျင်မှုကြောင့်ညီးညူနေမိသော်လည်း ကုသရေးစွမ်းအင်များကို ဒဏ်ရာကိုလျင်မြန်စွာကုစားနေသည်။

"နင် ရူးနေတာလား?"

လီလော့၏ မိမိကိုယ်ကို အဆုံးစီရင်ခြင်း မြင်ကွင်းကြောင့် လုမင် အတော်ထိတ်လန့်နေသည်။

သို့သော် စကားသံဆုံးသည်နှင့် သူမခန္ဓာကိုယ်ထဲတွင် ရုတ်တရက် စူးရှသော ခံစားမှုတစ်ခုကို ခံစားလိုက်ရပြီး ကိုယ်တွင်းစွမ်းအင်များ ဖရိုဖရဲဖြစ်စပြုလာသည်။

"ဘာဖြစ်တာလဲ?"

လုမင် တုန်လှုပ်သွားပြီး လက်ကို အလျင်အမြန် မြှောက်လိုက်ရာ သူ့လက်ဖဝါးတွင် အနက်ရောင်အစက်အပြောက်များ တဖြည်းဖြည်း ပျံ့နှံ့လာသည်ကို တွေ့လိုက်ရသည်။

"အဆိပ်ရှိတာလား?!"

လုမင်၏နှလုံးသားထဲတွင် အဆုံးမဲ့ အေးစက်မှုတစ်ခု တိုးပွားလာသည်။

ဒါပေမယ့် သူဘယ်တုန်းက အဆိပ်မိသွားတာလဲ၊ !

လီလော့ လုပ်ခဲ့တာလား... !

သူဘယ်လိုလုပ်တာလဲ..... !

All Chapters