အခန်း (၅၀၄)
Vol. 36 Ch. 504
လုမင်သည် အဖြူရောင် လက်ဖဝါးပေါ်ရှိ အနက်ရောင် အစက်အပြောက်ကို ကြည့်သောအခါ အလွန်ထိတ်လန့်အံ့သြနေရှာသည်။
သူမ နားမလည်နိုင်တော့ပေ။
သူမ၏ အစစ်အမှန်ခန္ဓာကိုယ်ကို ပုံရိပ်ယောင်အစီအရင်တွင် ဖုံးကွယ်ထားကြောင်း လီလော့နှင့်တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိပေ။ အဘယ်ကြောင့် အဆိပ်မိခဲ့ရသနည်း.....
"သေနာကောင်!"
လုမင် လျင်မြန်စွာသတိပြန်ကပ်လာပြီး အဆိပ်များကို တိုက်ဖျက်ဖို့ကြိုးစားနေသည်။
သို့သော်လည်း ကြိုးစားမှုအရာမထင်ခဲ့ပေ။ ထိုအဆိပ်က အလွန်ထူးဆန်းနေပြီး သူမ၏စွမ်းအားများကိုလျင်မြန်စွာယုတ်လျော့စေသည်။
လုမင် ချွေးပြန်နေပြီး တကိုယ်လုံးအေးစက်နေသည်။ ဤမျှ ကြောက်စရာကောင်းသော အဆိပ်ငွေ့များ ထွက်လာသည်ကိုအဘယ်ကြောင့်သတိမပြုမိခဲ့သနည်း.....
လုမင်သည် ခန္ဓာကိုယ်အတွင်း အဆိပ်ဓာတ်ငွေ့များ ပျံ့လွင့်မှုကို ရှောင်ရှားရန် စွမ်းအား အသုံးပြု၍ ပိတ်ဆို့ထားနိုင်သော်လည်း ပုံရိပ်ယောင်အစီအရင်ကို မထိန်းသိမ်းနိုင်တော့သောကြောင့် လုံ့လစိုက်ထုတ်ဖန်တီးထားသမျှ သဲထဲရေသွန်ဖြစ်ကုန်မည်သာ....
ပန်းပင်လယ်သည် ဆုတ်ယုတ်စပြုလာပြီး ကောင်းကင်တွင် ပြည့်နေသော မိုးကြိုးများလည်း ပျောက်ကွယ်သွားသည်။
လီလော့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ယခင် မြက်ခင်းပြင်ထဲသို့ ပြန်ရောက်နေပြီကိုနားလည်လိုက်သည်။ထို့နောက် မဝေးလှသောအရပ်မှ အရိပ်ကို ကြည့်ကာ ....
"လုမင်.... နင့်ရဲ့မဟာအစီအရင်ကြီး သူ့ဘာသာသူပျက်စီးသွားပြီ....."
လုမင်၏ လှပသော မျက်နှာပေါ်တွင် မသေချာမရေရာမှုများသာကြီးစိုးနေသည်။
"လီလော့..... ငါ ဘယ်တုန်းက အဆိပ်မိသွားတာလဲ ?"
လီလော့က ပြုံးရင်း သစ်ပင်ထိပ်ကို ညွှန်ပြ
လိုက်ရာ ကွဲအက်နေသော အနက်ရောင် အသီးကို မြင်လိုက်ရသည်။
"နင် အဆိပ်ကို သစ်သီးထဲ ပေါင်းထည့်လိုက်တာလား.. ဒါဆို လျှပ်စီးကြောင့် သစ်သီးကွဲသွားပြီး အဆိပ်ငွေ့တွေ အစီအရင်ထဲပျံ့နှံ့ကုန်တာပေါ့....ငါတိုက်ခိုက်လိုက်တာနဲ့ ကောင်းကင်နဲ့မြေကြီးထဲက စွမ်းအင်တွေအများကြီးကို စုပ်ယူရတာမို့ အဆိပ်ငွေ့တွေက ငါ့ခန္ဓာကိုယ်ကို ဒီကတစ်ဆင့် ကျူးကျော်ဝင်ရောက်လာတာပဲ....."
လီလော့က လက်မထောင်ပြပြီး....
"အမှန်ပဲ..."
အဖြေမှန်သော်လည်း လုမင် လုံးဝမပျော်နိုင်ခဲ့ပေ။ ထိုအစား ဒေါသထွက်လာပြီး အံတင်းတင်းကြိတ်ကာ.......
"အဆိပ်နဲ့တောင် ကစားရဲတယ်ဆိုတော့နင့်တော်တော် အရည်အချင်းရှိနေတယ်ပေါ့....."
"တကယ်တော့ နင် ပိုသတိထားနိုင်ရင် ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်အဖြစ် ပေါင်းစပ်ထားတဲ့ အဆိပ်ဓာတ်ငွေ့တွေကို ရှာတွေ့ဖို့ မခက်ဘူး.... အမှန်တော့၊ ငါက အဆိပ်ခတ်ရာမှာ ကျွမ်းကျင်တဲ့သူ မဟုတ်ဘူး.... "
လုမင် အံသြသွားသည်။ သူမ စုံစမ်းထားသမျှအချက်အလက်ထဲတွင် လီလော့ အဆိပ်ခတ်ကျွမ်းကြောင်း တခုမှမပါခဲ့ပေ။
"ဒီအဆိပ်ကို ငါလည်း အပြည့်အဝ ထိန်းချုပ်နိုက်ခဲ့တာမဟုတ်ဘူး..."
လီလော့ မတ်တပ်ထရပ်ပြီး လက်မောင်းကို မြှောက်လိုက်ပြီး လတ်လတ်ဆတ်ဆတ်လှီးဖြတ်ထားသောဒဏ်ရာကိုပြလိုက်သည်။
"ဒါက ငါ့နည်းလမ်းတစ်ခုပါ.....ပြီးတော့ ဒါက တရားမ၀င်ဘူးလို့ပြောလို့မှမရတာ....."
လုမင် ၏ခန္ဓာကိုယ်ကို ကျူးကျော်ဝင်ရောက်လာသည့် အဆိပ်ဓာတ်ငွေ့သည် ယခင်က သူ့ခန္ဓာကိုယ်အတွင်းရှိ "အဆိပ်ပူဖောင်းနှစ်ခု" မှ ထုတ်ယူခဲ့သော အဆိပ်ငွေ့များဖြစ်သည်။
လုမင်ပြောသလိုပဲ၊ ဒီအဆိပ်ငွေ့ဟာ သူ့ကိုယ်ပိုင်စွမ်းရည်မဟုတ်သလို အပြည့်အဝမထိန်းချုပ်နိုင်တာကြောင့် သူကိုယ်တိုင် အဆိပ်မိခဲ့သည်မဟုတ်လော....
ဒါကြောင့် သူ့အသားကို ပြတ်ပြတ်သားသား လှီးဖြတ်ပြီး အဆိပ်ကိုဖယ်ထုတ်လိုက်ခြင်းဖြစ်သည်။
"တကယ်တော့၊ နင့်ရဲ့ပုံရိပ်ယောင်အစီအရင်ကိုချိုးဖောက်ဖို့ တကယ် ခက်ခဲတယ်...ငါ့မှာ တခြားနည်းလမ်းတွေရှိပေမယ့် ဒီနည်းလမ်းကသာအလွယ်ဆုံးနဲ့အမြန်ဆုံးဖြစ်နေတယ်လေ......"
လီလော့၏ အဆိပ်ငွေ့တိုက်စားမှုသည် အမှန်တကယ်ပင် အလွန်သိမ်မွေ့ပြီး သူမအား ပုံရိပ်ယောင်အစီအရင်ဖြင့် ဖုံးကွယ်ထားသဖြင့် သတိပေါ့လျော့ခဲ့မိသည်။
အောင်နိုင်သူသည် ဘုရင်ဖြစ်သည်။ သူမသည် ရှုံးကိုဝန်မခံရဲသူမဟုတ်သော်လည်း အနည်းငယ် မကျေမနပ်ဖြစ်နေသည်။
"အဆိပ်ဖြေဆေးပေးပါ"
သူမလက်ကို ဆန့်တန်းကာ အေးစက်စွာပြောလိုက်သည်။
လီလော့က အနည်းငယ်ရှက်ရွံ့နေဟန်ဖြင့် လက်မောင်းကဒဏ်ရာကို ပြလိုက်ပြီး.....
"ငါ့မှာ အဆိပ်ဖြေဆေးရှိရင် ငါဒီလိုလုပ်မယ် ထင်လား...တကယ်တော့ နင်မိထားတဲ့အဆိပ်က သိပ်မပြင်းသေးဘူး....လာပါ ငါကူညီပေးမယ်...ဓားနှစ်လက်နဲ့ဆိုပိုမြန်တယ်....."
ဓားကိုယူကာ လုမင်ဆီသို့ လျှောက်သွားလိုက်သည်။
လုမင် ထိုစကားကိုကြားသောအခါ လျင်မြန်စွာ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ပြီး.....
"ငါနဲ့ဝေးဝေးနေ၊ နင့်ရဲ့အဆိပ်ဖြေနည်းကို ငါမလိုချင်ဘူး!"
နောက်နေတာလား.......နင့်လိုအသားလှီးထုတ်လိုက်စရာလား....ငါကမိန်းကလေးလေ....
"ဒါဆို အရှုံးကိုဝန်ခံပြီး ပြိုင်ပွဲကနှုတ်ထွက်လိုက်တော့....ပြီးရင် နင့်ကကျောင်းကအကြီးအကဲတွေ ဒါမှမဟုတ် ပြိုင်ပွဲအတွက်တာဝန်ရှိတဲ့သူတွေဆီသွားပြီ အဆိပ်ဖြေခိုင်းလိုက်......"
လုမင် အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။ မူလက အခြေအနေသည် သူမ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိခဲ့သည်။ လီလော့ဘက်ကသူမနှင့်ယှဉ်ပြိုင်ရန် သစ်ပင်ကြီးတစ်ပင်ကို စတေးခဲ့သော်ငြား အနည်းဆုံးတော့ သူမသည်လည်း မအောင်မြင်နိုင်ခဲ့ပေ။
သို့သော် လီလော့၏ အဆိပ်ငွေ့တိုက်စားမှုသည် သူမ၏အားသာချက်အချို့ကို ချိုးဖျက်လိမ့်မည်ဟု သူမ ယောင်လို့ပင်မတွေးခဲ့မိပေ။
"စိတ်ဆိုးမနေနဲ့.....နင်ငါ့ကို လုံဖုမှာ နှောင့်ယှက်ခဲ့တယ်၊ အခု ငါပြန်လာပြီ....ငါတို့ တစ်ယောက်ကိုတစ်ယောက် အကြွေးတင်တယ်လို့ မှတ်ယူလို့ရတယ်..."
"ဒီလိမ္မာပါးနပ်မှုလေးတွေနဲ့ ငါ့ကိုအနိုင်ရခဲ့ရင်တောင် အဆုံးထိ ရပ်အတည်နိုင်မှာမဟုတ်ဘူး....ငါ ခန့်မှန်းတာမှန်မယ်ဆို ကျင်းထန်ရှုက စွန်းတရှန်ကို ဖယ်ထုတ်နိုင်မှာမဟုတ်ဘူး....နင် ကျင်းထန်ရှုနဲ့တင်အဆုံးသတ်ရလိမ့်မယ်....."
"ငါလိုချင်တာ ဒါပဲလေ....."
"လေလုံးကြီးချက်ပဲ...."
".နင်ငါ့နဲ့ ဒီလောက်တိုက်ခိုက်ထားတာတောင် ကျင်းထန်ရှုနဲ့ တိုက်ချင်နေသေးတာလား..... ငါတခုပြောမယ်...အခုနေ နင်ငါ့ကိုလွတ်ပေးရင် ငါကျင်းထန်ရှုကို နိုင်အောင်တိုက်ပေးမယ်....ပြီးရင် အသန်မာဆုံးဘွဲ့ကရမယ့် အကျိုးအမြတ်အချို့ခွဲ့ပေးမယ်...ဘယ်လိုလဲ....."
" ဟားးးးဟားးးး လုမင်....တွက်ရေကတော့စက်သူဌေးပဲနော်...."
"အမှန်အတိုင်းပြောရရင် ကျင်းထန်ရှုရဲ့ အလားအလာက နင့်ထက် ပိုများတယ်..."
"ကျင်းထန်ရှုကို ကိုယ်ရေးကိုယ်တာအရ ရှင်းပစ်ရမယ်လို့ ငါ့လူတွေကို ကတိပေးခဲ့တယ်
ငါ မလုပ်နိုင်ရင် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်သွားနိုင်တယ်......"
လုမင်သည်လည်း လီလော့ သဘောတူလိမ့်မည်ဟုမထင်ခဲ့ပေ။သို့သော် အနည်းဆုံးတော့ ကြိုးစားကြည့်ခဲ့သည်ဟု ဖြေသိမ့်နိုင်ပေလိမ့်မည်။
"ဘာပဲဖြစ်ဖြစ် နင် ငါ့ကိုအနိုင်ရခဲ့တယ်....
နောက်ဆုံးတိုက်ပွဲမှာ နင် ပါဝင်သင့်ပေမယ့် အနာဂတ်မှာ နင့်ကို ငါ အမြဲအာရုံစိုက်နေမယ်၊ နင် ငါ့ကိုစိတ်မပျက်စေနဲ့... အကယ်၍ အသန်မာဆုံးကျောင်းသားဘွဲ့ကိုအလွယ်ကူဆုံးအခြေနေနဲ့ရအောင်ယူခဲ့မယ်ဆို အခုချိန် နင့်ကိုအရှုံးပေးမိတဲ့အတွက် ငါတကာ်အရှက်နေမိမှာ....."
စကားဆုံးသည်နှင့် လုမင်သည် ဘူးသီးခြောက်ကို အပိုင်းပိုင်းခွဲပစ်လိုက်လေသည်။ထိုအခါ
ရုတ်တရက် ကောင်းကင်မှ အလင်းတန်းတစ်ခု ဆင်းသက်လာပြီး သူမ၏ရုပ်သွင်ကို ဖုံးအုပ်ကာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
လုမင်ကို ဖယ်ရှားနိုင်ခဲ့ပြီ.....
ပျောက်ကွယ်သွားသော သူမ၏ရုပ်သွင်ကိုကြည့်ရင်း လီလော့သက်ပြင်းတစ်ချက်ချလိုက်သည်။
ခေတ္တအနားယူပြီးနောက် တောင်ပေါ်လမ်းအတိုင်း လျှောက်လာခဲ့သည်။
တောင်တက်လမ်းတွင် မည်သည့်အတားအဆီးမှ မတွေ့ဘဲ ချောမွေ့နေခဲ့
သည်။ ဆယ်မိနစ်ခန့်အကြာတွင် တောင်ထိပ်ပေါ်သို့ ရောက်လာခဲ့သည်။
တောင်ထိပ်ကို လှမ်းကြည့်လိုက်တော့ ခြေလှမ်းတွေ တဖြည်းဖြည်း ရပ်တန့်သွားပြီး သူ့မျက်လုံးတွေက နဂါးရိုးကျွန်းကို အပေါ်စီးက မြင်နေရတဲ့ တိမ်ဖုံးနေတဲ့ ချောက်ကမ်းပါးရဲ့ အစွန်းက ပုံရိပ်တခုကိုလှမ်းမြင်လိုက်ရသည်။
ဒီနောက်ကျောပြင်ကို သိပ်မရင်းနှီးခဲ့ပေ။
ထိုပုံရိပ်က တကယ်ကို စိတ်ကူးယဉ်ဆန်လွန်းသည်။
မြို့စားအဆင့်ပညာရပ် ကျွမ်းကျင်သူ စွန်းတရှန်ကို ဒီလူဖယ်ရှားလိုက်ပြီထင်တယ်.......