← Chapters

တစ်ကိုယ်လုံးကို ကယ်တင်ဖို့ ရောဂါကူးစက်သည့် လက်ကို ဖြတ်တောက်ခြင်း

Vol. 11 Ch. 152

တစ်ကိုယ်လုံးကို ကယ်တင်ဖို့ ရောဂါကူးစက်သည့် လက်ကို ဖြတ်တောက်ခြင်း

Vol. 11 Ch. 152

ဝမ်ရှောင်းပင်က ရပ်တန့်သွားသည်။ "ဆာဗာအသစ်ကို ဖွင့်မယ်ဟုတ်လား။”

ထိုသို့လုပ်ဖို့က ပြဿနာ မရှိပါ။ သို့သော် တစ်ခုတည်းသော ပြဿနာက ဘာဂိမ်မာမှ ဝင်မလာမှာကို စိုးရိမ်ရခြင်း ဖြစ်သည်။ Bloody Battle Song က နဂိုကတည်းက ဖြည်းဖြည်းချင်း လုံးပါးပါးနေသော ဂိမ်း ဖြစ်၏။ ကြော်ငြာဖို့ကော မားကတ်တင်းဆင်းဖို့ကော ပိုက်ဆံမရှိကြပါ။ ထို့အပြင် ဂိမ်းမှာ Rating လည်း မရှိပေ။ ဂိမ်မာအသစ်များက Log in ဝင်ကြမှာ မဟုတ်ပါ။

ဂိမ်းကို ဆက်လက် ကစားနေသေးသည့် လူများက ဟိုးအစကတည်းက ဂိမ်းကို သစ္စာရှိခဲ့သည့် ဂိမ်မာများသာ ဖြစ်သည။ တော်တော်လေးကို သစ္စာရှိသည်ဟု ဆိုနိုင်၏။ သူတို့ကို ဘာနဲ့မှ မောင်းထုတ်လို့ မရနိုင်ပါ။

ထိုလူအားလုံးက ဆာဗာဟောင်းမှာ အကောင့်ဟောင်းများ ရှိကြသည်။ သူတို့ ထိုအကောာင့်များတွင် အချိန်နဲ့ ငွေများစွာကို သုံးစွဲခဲ့ပြီးပြီ ဖြစ်၏။ သူတို့ ဆာဗာအသစ် ဖွင့်လိုက်ရင်တောင် ဘယ်သူက ကစားချင်မည်နည်း။

သို့သော်လည်း ဝမ်ရှောင်းပင်က လက်ဖြင့် အိုကေပါ ဟူသော သင်္ကေတလုပ်ပြလိုက်ပြီး ပြောလိုက်ပါသည်။ "ကိစ္စမရှိပါဘူး။ မကြာခင် အသင့်ဖြစ်တော့မယ်။”

ဂိမ်းက အနှေးနဲ့အမြန် ကျရှုံးတော့မှာ ဖြစ်သည်။ သူတို့ ဆာဗာအသစ် ဖွင့်ဖွင့် မဖွင့်ဖွင့် များများစားစား ခြားနားမသွားနိုင်ပါ။

ယဲ့ကျစ်ကျိုးက ချက်ချင်းပဲ ဆာဗာအသစ်ထဲမှာ သီးခြားအကောင့်တစ်ခုထပ်ဖွင့်လိုက်ပြီး တိုးတိုးတိတ်တိတ် စောင့်နေလိုက်ပါသည်။

မိနစ်အနည်းငယ် ကြာသောအခါ ဆာဗာအသစ်ထဲက World ချန်နယ်မှာ စည်ကားလာခဲ့ပါသည်။

"သူတို့ တကယ်ကြီး ဆာဗာအသစ် ဖွင့်လိုက်ပြီဟေ့။”

"Guild တွေ ဘာတွေ ရှိနေပြီလား။”

"ရဲဘော်တို့ ကြည့်ကြ ငါတို့ Guild က လှလှပပ ဖွံ့ဖြိုးနေတာပဲ။ ငါတို့ အတူတူ ပေါင်းစည်းပြီး သူဌေးဂိမ်မာတွေက ဦးဆောင်ထားတာ။ ငါတို့ မနိုင်နိုင်တဲ့ တိုက်ပွဲ မရှိဘူး။ ငါတို့ လဲကျခါနီး အဘိုးအဘွားတွေကို ကူညီပေးမယ်။ ငါတို့ အဘွားအိုတွေကို လမ်းကူးနိုင်ဖို့ ပိုကူညီပေးဖို့အတွက် ငါတို့ထဲ ဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။”

"အပေါ်ကောမန့်ကကောင် ကြော်ငြာတစ်ခုကို Copy Paste လုပ်ထားတာလား။ အခု သူဌေးဂိမ်မာတွေ မရှိတော့ဘူး။ ဘယ်လိုလုပ်ပြီး Guild တွေကို ဦးဆောင်နိုင်တော့မှာလဲ။”

"ဘာလို့ သူဌေးဂိမ်မာတွေ မရှိရမှာလဲ။ ငါတို့ Guild ရဲ့ သူဌေးဂိမ်မာတွေက ပြောပြီးသွားပြီ။ ငါတို့ Guild ထဲကို ဝင်တဲ့လူတိုင်း နေ့တိုင်း ခွန်အားဆေးရည် အမြင့်ဆုံးအထိ ရစေရမယ်။”

"လခွမ်း ငါ့ကို မြန်မြန် Add ပေးပါ။"

World ချန်နယ်များစွာကို တစ်ခုပြီး တစ်ခု ထည့်သွင်းလာသည်။ ယဲ့ကျစ်ကျိုးက ချန်နယ်ပေါင်းစုံကို မှတ်မထားနိုင်တော့ပါ။

"ငါတို့ဂိမ်းမှာ... ကစားသမားတွေ အများကြီး ရှိနေသေးပါလား။"

ယဲ့ကျစ်ကျိုး မှင်သက်သွား၏။ အရင်ချန်နယ်မှာတုန်းက လူအနည်းငယ် တောင်းဆိုသဖြင့် အခြေအနေကို စမ်းသပ်ဖို့အတွက်သာ ဆာဗာအသစ်ကို ဖွင့်လိုက်ခြင်း ဖြစ်သည်။ လူတွေ ဒီလောက်အများကြီး ဆာဗာအသစ်ထဲ ဝင်လာပြီး ဂိမ်းကိုကစားကြလိမ့်မည်ဟု ထင်မထားခဲ့ပါ။

သူတို့ ဘာတွေ လိုချင်နေကြတာလဲ။ အကောင့်ဟောင်းတွေကို စွန့်ပစ်လိုက်ကြပြီလား။

အရာရာ ထူးဆန်းနေသည်ဟု ယဲ့ကျစ်ကျိုး ခံစားလိုက်မိပါသည်။ သူတို့ဂိမ်းအတွက် ဒီလောက် စိတ်အားထက်သန်မှုမျိုးကို မမြင်ရတာ ကြာပါပြီ။ Bloody Battle Song သည် ဒီ့မတိုင်ခင် ဆာဗာအသစ်များကို ဖွင့်ခဲ့ဖူးပါသည်။ ဘာပဲဖြစ်ဖြစ် ဆာဗာအသစ်များ ဆက်တိုက် ဖွင့်နေခြင်းက Paywalls ပါသည့် ဂိမ်းများအတွက် မားကတ်တင်းနည်းလမ်းတစ်ခုလို ဖြစ်ပါသည်။

သို့သော်လည်း ဒီနေ့ မြင်နေရသလိုမျိုး စည်ကားလှသည့် တုန့်ပြန်ချက်မျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးပါ။

ယဲ့ကျစ်ကျိုး လေ့ကျင့်လိုက်ပြီး သူလျှိုအဖြစ် ဝင်ဖို့ Guild တစ်ခုကို ရှာဖွေရန် စဥ်းစားလိုက်ပါသည်။ ဂိမ်းအသစ်အတွက် ကစာသမားများ၏ အထင်အမြင်ကို မေးကြည့်ချင်သောကြောင့် ဖြစ်ပါသည်။

နောက်ဆုံးမှာတော့ ခဏလောက် ကစားပြီးသောအခါ သူ့ဂိမ်း Error တက်သွားသည်။ ဖန်သားပြင်ပေါ်တွင် ' reading resources ' ဟူသော စကားလုံးများ ပေါ်လာ၏။ ပုံရိပ်များကလည်း မှုန်ဝါးလာသည်။ သို့သော်လည်း မကြာခင် ပျောက်ကွယ်သွားပြီး ဂိမ်းက ခပ်မြန်မြန်ပဲ ပြန်လည်ချောမွေ့လာခဲ့ပါသည်။

ဘာဖြစ်တာလဲဟု ယဲ့ကျစ်ကျိုး မေးဖို့ကြံလိုက်စဥ်မှာပင် ဝမ်ရှောင်းပင်၏ အော်သံကို ကြားလိုက်ရပါသည်။ "လခွမ်း ခုနက ဂိမ်မာတွေများလွန်းလို့ ငါတို့ ဆာဗာ ဝန်ပိသွားတာဟ။ ဆာဗာအသစ်က ပြည့်တောင်ပြည့်သွားပြီလား။”

ယဲ့ကျစ်ကျိုး ခပ်မြန်မြန်ပဲ ပလက်ဖောင်းကိုဖွင့်ကာ စစ်ကြည့်လိုက်သည်။

သူတို့ ထိန်းသိမ်းထားသည့် ဆာဗာဟောင်းများက လူများ နည်းပါးလာသည်။ ဘယ်သူမှ မရှိသလောက် ဖြစ်လာခဲ့သည်။ တစ်ဖက်မှာတော့ ဆာဗာအသစ်တွင် ရေပန်းစားလွန်းသဖြင့် အခု ပေါက်ထွက်နေပါပြီ။ ကစားသမားများဖြင့် ပြည့်လျှံနေ၏။

ကစာသမားအသစ်များက ဆာဗာထဲ ဝင်လို့ မရတော့ပေ။ ရွေးချယ်စရာ မရှိတော့ဘဲ အပြင်ဘက်မှာ စောင့်နေဖို့ပဲ ရှိပါတော့သည်။

ယဲ့ကျစ်ကျိုး တုန်လှုပ်သွားပါသည်။ ရှန်းယန်ဂိမ်းမှာ သူ အလုပ်စလုပ်စဥ်ကတည်းက ဆာဗာအပြင်မှာ ဂိမ်မာတွေ စောင့်နေရတာမျိုး တစ်ခါမှ မမြင်ဖူးပါ။ အခုတော့ ဆာဗာအသစ်မှာ ပြည့်ကျပ်နေသည့် ကစားသမားများမှာ ဆာဗာအဟောင်းများမှဖြစ်ကြောင်း သိလိုက်ရပါသည်။

ထိုကစားသမားများမှာ ဒီ့မတိုင်ခင်က ဆာဗာ ဆယ်နဲ့ချီပြီး ဖြန့်ကျက်ကစားဖူး၏။ ထို့ကြောင့်လည်း ဆာဗာတိုင်းက ဗလာကျင်းဖြစ်ကာ တိတ်ဆိတ်နေသည့်ပုံပေါက်နေခြင်း ဖြစ်ပါသည်။

သို့သော်လည်း အခုတော့ Active ကစားသမားများအားလုံးက တစ်ချိန်တည်းမှာပင် ဆာဗာအသစ်ထဲသို့ ဝင်လာကြသည်။ အကုန်လုံး စုပြုံနေပြီး ဂိမ်းတစ်ခုလုံးကို ပိုပြီး စည်ကားလာစေပါသည်။

ယဲ့ကျစ်ကျိုးက အမြန်ပြောလိုက်၏။ "အစ်ကိုဝမ် မြန်မြန် နောက်ဆာဗာဖွင့်လိုက်တော့။"

ဝမ်ရှောင်းပင်၏ မောက်စ်က အမြန်ဆုံးနှုန်းဖြင့် လှုပ်ရှားနေသည်။ "ချက်ချင်းဖွင့်လိုက်မယ်။ ဆာဗာအသစ်တွေ ပြည့်သွားတာနဲ့ စနစ်က အသစ်တစ်ခုကို အလိုအလျောက် ဖွင့်ပေးလိုက်မယ်။”

ဝမ်ရှောင်းပင်က တီးတိုး တစ်ယောက်တည်း ရေရွတ်လိုက်ပါသည်။ "ထူးဆန်းလိုက်တာ။ ဂိမ်မာတွေက ဆာဗာအသစ်တွေကို အရမ်းစိတ်လှုပ်ရှားနေကြတာလား။ ပြောင်းလဲမှုတွေက တကယ်ကြီး အာနိသင်ရှိတာလား။ ရလဒ်က ချက်ချင်းတောင် ပေါ်လာတာပဲ။”

ဒီဇိုင်းအဖွဲ့ထဲက လူအားလုံး ပျော်ရွှင်နေကြပါသည်။ လူများစွာက Bloody Battle Song ကို မကစားတာ ကြာပြီဖြစ်သည်။ ထိုအချိန်တွင် ပထမဆုံးအကြိမ်အဖြစ် သီးခြားအကောင့်တစ်ခုကို ဖွင့်ခဲ့ကြပါသည်။

"ဆာဗာတိုင်းကိုသွားပြီး တစ်ခုချင်းစီရဲ့ အခြေအနေကို လေ့လာကြည့်ကြ။ Guild ကြီးတစ်ခုထဲဝင်ပြီး သူတို့ရဲ့ စကားဝိုင်းတွေကို နားထောင်နိုင်ရင် အကောင်းဆုံးပဲ။ သူဌေးဂိမ်မာတွေနဲ့ သာမန်ဂိမ်မာတွေ ငါတို့ လုပ်ထားတဲ့ ဂိမ်းရဲ့ ပြောင်းလဲမှုတွေကို ဘယ်လိုတုန့်ပြန်ကြလဲ ကြည့်လိုက်ကြကွာ။”

ယဲ့ကျစ်ကျိုး အလွန်အမင်း ပျော်ရွှင်နေပါသည်။ သူ ခပ်မြန်မြန်ပဲ ဒီဇိုင်းအဖွဲ့ထဲက လူတိုင်းကို ဆာဗာအသစ်များထဲမှာ ပုန်းနေပြီး ဂိမ်းဗားရှင်းအသစ်ကို ဘယ်လိုတုန့်ပြန်ကြသလဲ ကြည့်ဖို့ တာဝန်ပေးလိုက်ပါသည်။

လျို့ကြီး အစီအစဉ်ရေးဆွဲသူချုပ်အဖြစ် ရှိခဲ့တုန်းက ဒါမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးပါ။ အဘယ့်ကြောင့်ဆိုသော် နောက်ကွယ်က အဓိပ္ပာယ်ကို မမြင်နိုင်ခဲ့သောကြောင့် ဖြစ်ပါသည်။

ဂိမ်း၏ ကိန်းဂဏန်း အခြေအနေများကို စောင့်ကြည့်ရင် လုံလောက်ပြီ။ ဂိမ်မာတွေကြားထဲ ပုန်းကွယ်ပြီး ဝေဖန်ချက်တွေ စုဆောင်းတာ ဘာအသုံးဝင်မှာလဲ။

သို့သော်လည်း ယဲ့ကျစ်ကျိုး တွေးတာကတော့ ခြားနားပါသည်။

အစီစဥ်ဆွဲသူချုပ်တစ်ယောက်အနေဖြင့် ကိုယ့်ဂိမ်းကိုယ်ကို ကစားကြည့်ရမည်။ ကစားသမားတွေကြားထဲမှာနေပြီး မြေပြန်က တုန့်ပြန်ချက်များကို နားလည်ရမည်။ ဒီဇိုင်နာကိုယ်တိုင်က ကိုယ့်ဂိမ်းကိုယ် သဘောမကျပါက ဂိမ်မာတွေက ဘယ်လိုသဘောကျမည်နည်း။

မိနစ်ပိုင်းလောက် ကစားပြီးနောက် ယဲ့ကျစ်ကျိုးအား ၎င်းတို့၏ Guild ထဲသို့ လူတွေ စတင်ဖိတ်ခေါ်ကြပါသည်။ ထို့နောက် သူ့ကို ၎င်းတို့၏ စကားဝိုင်းထဲသို့ ဖိတ်ကြားလိုက်၏။

Group ထဲကို ဝင်လိုက်တာနဲ့ မက်ဆေ့ချ်ပေါင်းစုံကို မြင်လိုက်ရပါသည်။

"မြန်မြန် World ချန်နယ်ကိုသွားပြီး လူတွေဖိတ်ကြ။”

"ငါဒီနေ့ Level 20 ရောက်မှ ဖြစ်မယ်။ ငါတို့ Guild က အနှေးနဲ့ အမြန် စစ်ပွဲအတွက် ပြင်ဆင်ထားရမယ်။”

"မင်းတို့မှာ ဒီဂိမ်းကို မကစားကြတော့တဲ့ သူငယ်ချင်းတွေရှိကြလား။ သူတို့ကိုမြန်မြန် ပြန်ကစားခိုင်းလိုက်ကြ။”

"ငါ့ Group အဟောင်းထဲမှာ သွားမေးလိုက်ဦးမယ်။ ဒီမှာ လူ ၁၀ ယောက်လောက် ခေါ်လာဖို့ ကြိုစားမယ်။ အကုန်လုံးက ကစားသမားအဟောင်းတွေဖြစ်ပြီး ဆရာကြီးတွေချည်းပဲ။”

ယဲ့ကျစ်ကျိုး ခဏလောက် မျက်နှာလွှဲလိုက်မိရုံနဲ့ မဖတ်ရသေးသော မက်ဆေ့ချ် ၉၉ စောင် ဝင်နေပါသည်။ အကုန်လုံးကို ဖတ်ကြည့်ဖို့ အချိန်မရှိပါ။

ယဲ့ကျစ်ကျိုး ပို၍ပင် ထိတ်လန့်သွားရသည်က ဒီလူတစ်အုပ်က ဂိမ်းမကစားတော့တာကြာပြီဖြစ်သော သူတို့သူငယ်ချင်းများကိုတောင် ပြန်ခေါ်နေကြခြင်းပင်။

ယဲ့ကျစ်ကျိုး ဒီလို စိတ်အားထက်သန်မှုမျိုးကို တခြား ဂိမ်မာတွေဆီမှာ မမြင်ဖူးပါ။ သူ ရှန်းယန်ဂိမ်းကို စဝင်လာပြီး Bloody Battle Song အောင်မြင်နေချိန်ဖြစ်တာတောင် ဒါမျိုး မမြင်ဖူးခဲ့ပါ။

ယဲ့ကျစ်ကျိုးက Forum ပေါ်က ပို့စ်များကို ကြည့်လိုက်ပါသည်။

လျို့ကြီး ၈၈၈ ယွမ်တန် လက်နက်ကို ရောင်းချခဲ့တုန်းက Forum တွင် ဝေဖန်မှုများနဲ့ ပေါက်ထွက်တော့မလိုတောင် ဖြစ်ခဲ့ပါသည်။ လူတွေက တရားဝင်အသိပေးစာများကို ဆဲဆိုနေခဲ့ပြီး ကောမန့် စာမျက်နှာ ရာနဲ့ချီပြီး ရှိခဲ့ပါသည်။

နောက်ထပ် ၂ ပတ် ၃ ပတ်လောက်အထိတောင် မရပ်ကြသေးပါ။

နောက်ပိုင်းတော့ ကစားသမားများ ဆုံးရှုံးသွားသဖြင့် Forum ကလည်း တဖြည်းဖြည်းနဲ့ ပြန်တည်ငြိမ်လာပါသည်။ သို့သော်လည်း ပို့စ်အသစ်အများစုက တာဝန်ရှိသူများကို ဝေဖန်သော ပို့စ်များသာ ဖြစ်ပါသည်။

သို့သော်လည်း ဒီတစ်ခေါက် ဂိမ်းကို အပ်ဒိတ်တင်ပြီးနောက် Forum တစ်ခုလုံး လုံးဝ ခြားနားနေပါသည်။

ယခင်တုန်းက နေ့စဥ်နေ့တိုင်း အစီအစဉ်ရေးဆွဲသူချုပ်ကို လူတွေ ဆဲဆိုကြပါသည်။ အခုတော့ တစ်ခုမှ မတွေ့ရတော့ပါ။ ကစားသမားတွေက Guild များ ဘယ်လိုထောင်၊ တိုက်ပွဲအတွက် ဘယ်လိုပြင်ဆင်ရမလဲ ဆွေးနွေးနေကြပြီး ဂိမ်းထဲက တခြားပြဿနာများကို ဖြေရှင်းဖို့ ကြိုးစားနေကြပါသည်။

ယဲ့ကျစ်ကျိုးက ထိုပို့စ်များနဲ့ သူ့ Guild ထဲက စကားဝိုင်းများကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိပါသည်။ ဘယ်လိုဖြစ်ပြီး ဒီလိုတွေ ဖြစ်သွားရတာလဲဟုပင် စတင်စဥ်းစားလာမိပါပြီ။

"မဟုတ်မှလွဲရော... ပြန်လည်အသက်ဝင်လာမှုလား" ယဲ့ကျစ်ကျိုး နောက်ဆုံးတော့ နားလည်သွားပါပြီ။

မူလ Bloody Battle Song မှာ ရေသေအိုင် တစ်အိုင်လိုပင်။ လုပ်ငန်းကို ဆက်လက် လည်ပတ်နိုင်ဖို့ လျို့ကြီးနဲ့ ထုရွေ့ကျီတို့က အခြေအနေကို အဖတ်ဆယ်ရန် နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ကြသည်။ သို့သော်လည်း ဂိမ်းက ကုရာနတ္ထိဆေးမရှိခဲ့ပါ။

ဂိမ်မာများနဲ့ ဒီဇိုင်းအဖွဲ့အကြား၊ သာမန်ကစားသမားများနဲ့ သူဌေးဂိမ်မာများအကြားက ပဋိပက္ခများက အဆုံးစွန်ထိ ရောက်ရှိလာခဲ့သည်။ ထိုပဋိပက္ခများကို ကိုင်တွယ်ဖို့ နည်းလမ်း မရှိတော့ပါ။

နောက်တော့ Paywall မြင့်မြင့်များကြောင့် သာမန်ဂိမ်မာအုပ်စုများစွာကို ဆုံးရှုံးခဲ့ရပါသည်။ ကျန်ကစားသမားများကလည်း ဂိမ်းထဲက လှုပ်ရှားမှုများကို ဆက်လုပ်နိုင်ဖို့ နည်းလမ်း မရှိတော့ပါ။ ဂိမ်မာသူဌေးတွေက ဘယ်လောက်ပဲ ပိုက်ဆံပေးနေပါစေ ဂိမ်းကို ကစားမည့်လူ မရှိပါက ပေးရတာ မတန်သလို ဖြစ်နေပါလိမ့်မည်။

ထို့ကြောင့် သာမန်ကစားသမားများ ထွက်သွားကြပြီးနောက် သူဌေးဂိမ်မာများပါ လိုက်ထွက်သွားကြသည်။ ကစားသမားအဟောင်း တစ်အုပ်စုသာ ကျန်ခဲ့တော့သည်။ ဂိမ်းက မက်စောက်သော လမ်းအတိုင်း ဆက်လျှောကျနေခဲ့သည်။

သို့သော်လည်း ယခုတော့ ဝယ်ယူနိုင်သော ပစ္စည်းအာားလုံးကို ဖယ်ရှားလိုက်ပြီး အခြေခံ ခွန်အားတိုး ဆေးရည်သာ ကျန်ခဲ့တော့၏။

ဒီလိုထင်မထားသည့် ပြောင်းလဲမှုတစ်ခုက ဂိမ်း၏ ပတ်ဝန်းကျင်အတွက် တစ်ဘဝစာ ပြောင်းလဲမှုတစ်ခု ဖြစ်လာခဲ့ပါသည်။

သာမန်ဂိမ်မာများအတွက် ဂိမ်းထဲမှာ Paywall များများစာစား မရှိတော့သဖြင့် သူတို့ ကစားနိုင်ကြပါပြီ။ သူတို့ ပိုက်ဆံအစစ် ပေးမှ ရနိုင်မည့် Item များကို ယခု အခမဲ့ပေးနေလေပြီ။

ဆာဗာအသစ်တွင် ရန်သူများစွာကို တစ်ခါတည်း တိုက်ခိုက်နိုင်သည့် သူဌေးဂိမ်မာများလို့ ခံစားနိုင်ခွင့် ရလာပါပြီ။

ဒါ အတော်လေး ကောင်းမွန်ပါသည်။ ထို့ကြောင့် သူတို့ တွန့်ဆုတ်မှု မရှိတော့ဘဲ ဆာဗာအသစ်သို့ ရောက်လာခဲ့ကြ၏။ အမှန်ပင်။ သူဌေးဂိမ်မာတချို့က ဂိမ်းထဲထွက်သွားကြပါသည်။ သို့သော်လည်း ဖေးချမ့်ပြောသလိုပဲ သူတို့လုပ်ချင်တာ လုပ်နိုင်ပါသည်။

ထို့အပြင် သူဌေးဂိမ်မာအားလုံး ထွက်သွားတာ မဟုတ်ပါ။ အုပ်စုတစ်စုတော့ ကျန်ခဲ့ပါသေးသည်။

၎င်းတို့ ရောင်းအားက ၂၀ - ၃၀ ရာခိုင်နှုန်းလောက် ကျသွားသော်လည်း ကျန်ကစားသမားများက အရင်တုန်းက ပြဿနာများကိုလုံးဝ မေ့ကုန်ကြပါပြီ။ ယခု သူတို့အားလုံး ဂိမ်းအတွက် နောက်တစ်ဖန် စိတ်အားထက်သန်မှုနဲ့ ပျော်ရွှင်မှုများကို ခံစားနေကြရပါပြီ။

ယဲ့ကျစ်ကျိုး နောက်ဆုံးတောာ့ နားလည်သွားသည်။

"တကယ်ပဲ။ ဘော့စ်ဖေးက Bloody Battle Song ရဲ့ ပြဿနာကို သိတယ်။ ဂိမ်းကစားပုံ အသစ် ဒါမှမဟုတ် ပန်းချီအရင်းအမြစ်ကို အဆင့်မြှင့်လိုက်တာတွေက အသုံးဝင်မှာ မဟုတ်မှန်း သူသိတယ်။ အဲ့တာကြောင့် ငါတို့တွေကို ဝယ်ယူနိုင်တဲ့ပစ္စည်းတွေအားလုံးကို ဖယ်ရှားခိုင်းလိုက်တာပဲ။"

"ဒါက... တစ်ကိုယ်လုံးကို ကယ်တင်ဖို့ ကပ်ဆိုက်နေတဲ့ လက်တစ်ချောင်းကို ဖြတ်လိုက်ရသလိုပဲ။ ငါတို့ နာမည်ကို ကယ်တင်ဖို့အတွက် အကျိုးအမြတ်ကို ဖြတ်တောက်လိုက်တာ။ အဲ့တာ BLoody Battle Song ကို ကယ်တင်ဖို့ တစ်ခုတည်းသော နည်းလမ်းမို့လို့ပဲ။"

အစကတော့ ဖြေရှင်းလို့ မရတဲ့ ပြဿနာလို့ ထင်ရပေမယ့် ဘော့စ်ဖေးရဲ့ လှုပ်ရှားမှု တစ်ခုတည်းနဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်တယ်။

ယဲ့ကျစ်ကျိုးလည်း မနေနိုင်တော့ဘဲ ဘော့စ်ဖေးကို လေးလေးနက်နက် လေးစားအားကျသွားမိပါသည်။ အမှန်ပင်။ ဒါက ခြေလှမ်းများစွာထဲက ပထမဆုံးခြေလှမ်းပဲ ရှိသေးမှန်း သူသိပါသည်။ ဒီလုပ်ရပ်က ဂိမ်း၏ နာမည်ကို ကယ်တင်ကောင်း ကယ်တင်ခဲ့နိုင်သည်။ သို့သော်လည်း ပေးဆပ်ရသည့် တန်ဖိုးကတော့ မြင့်မား၏။ ဒီဂိမ်းက ဝင်ငွေ အများကြီး မရတော့ပါ။

သူဌေးဂိမ်မာတွေ ဂိမ်းငွေကြေးကို မဖြည့်သွင်းတော့သဖြင့် သူတို့ ဝင်ငွေ ၈၀ ရာခိုင်နှုန်းလောက် နိမ့်ကျသွားပါသည်။

Bloody Battle Song ၏လစဥ်ဝင်ငွေက ၃၀၀,၀၀၀ - ၄၀၀,၀၀၀ ဖြစ်ခဲ့ဖူးသည်။ မပြောင်းလဲခင်က ဖြစ်၏။ သို့သော် ယခု ပြောင်းလဲပြီးသောအခါ လစဥ် ၈၀,၀၀၀ တောင် ရနိုင်ပါ့မလားဆိုတာ ယဲ့ကျစ်ကျိုး မသေချာတော့ပါ။

ထို့အပြင် နောက်ပိုင်းမှာလည်း ဝယ်ယူနိုင်သည့် ပစ္စည်းများ ထပ်ထည့်ဖို့ အစီအစဥ် မရှိပါ။ မဟုတ်ပါက ကစားသမားများက ဂိမ်းကို ချက်ချင်း ထဆဲနိုင်သည်။ ထို့နောက် ဂိမ်းကနေ ထွက်သွားကြလိမ့်မည်။ ဘော့စ်ဖေးတောင် အခြေအနေကို ထိန်းသိမ်းရခက်သွားနိုင်ပါသည်။

ယဲ့ကျစ်ကိုးက အမြတ်မရသည့် ရောင်းချမှုတစ်ခုကို လုပ်နေရသလို ခံစားရပါသည်။ ဂိမ်းထဲ အသက်ပြန်သွင်းနိုင်ခဲ့သော်လည်း သူတို့ ငွေတွေ ဆက်တိုက်အရှုံးပေါ်နေဆဲဖြစ်ပြီး ရေရှည်မှာ အမြတ်မယူဖို့ဆိုတာ မဖြစ်နိုင်ပါ။

"ထားလိုက်ပါတော့။ အဲ့စိုးရိမ်စရာတွေကို လောလောဆယ် မေ့ထားလိုက်မယ်။ ဘော့စ်ဖေးက ငါတွေးထားတဲ့ ပြဿနာတွေကို မတွေးမိဘဲ နေပါ့မလား။ အားလုံးကို ဘော့စ်ဖေး စီစဥ်ထားပြီးသား ဖြစ်နိုင်တယ်။ ငါသူ့ညွှန်ကြားချက်ကို မလွဲမသွေ လိုက်နာရင် အဆင်ပြေမှာပါ။”

ယဲ့ကျစ်ကျိုး ချက်ချင်းပဲ သူ့ကိုယ်သူနဲ့ ရှန်းယန်ဂိမ်း၏ အနာဂတ်အတွက် ယုံကြည်ချက်များ ပြည့်ဝလာပြန်ပါသည်။

အခန်း(၁၅၃) အဆိုတော်ကို ကော်မရှင်ခပေးလိုက်

ညနေခင်း ယွီအင်တာနက်ကဖေးတွင်...

ပုံမှန်ဆို တိတ်ဆိတ်ပြီး လူသူကင်းမဲ့သည့် အင်တာနက်ကဖေးထဲသို့ ရုတ်တရက်ကြီး လူတော်တော်များများ ဝင်လာပါသည်။ ၃ ယောက် ၅ ယောက် တစ်ဖွဲ့ လူငယ်များစွာက အင်တာနက်ကဖေးထဲသို့ ဝင်လာကြ၏။ တခြားသူတွေက အပြင်ဘက်မှာ ဆက်နေပြီး ဒီနေရာ မှန်ရဲ့လားဆိုတာ လေ့လာအတည်ပြုပြီးမှ တံခါးတွန်းဖွင့်ကာ ဝင်လာခဲ့ကြပါသည်။

"ဒီနေရာဆိုတာ သေချာရဲ့လား။ ဆိုင်းဘုတ်တောင် ဘာလို့ မရှိတာလဲ။”

"ဟုတ်တယ်။ သေချာပါတယ်။"

"အဲ့က ကွန်ပျူတာ အတန်းကြီးက ဘာလုပ်ဖို့တုန်း။"

"ဒါက ဘားသက်သက် မဟုတ်ဘူးကွ။ အင်တာနက်လည်း သုံးလို့ ရတယ်။"

"အင်တာနက် သုံးဖို့ ဟုတ်လား..။ အဲ့တာဆို ငါ အင်တာနက်ကဖေးကိုပဲ သွားမှာပေါ့။ ငါက အရက်သောက်ဖို့ လာတာလေ။”

"အရက်လည်း သောက်လို့ရတယ်။ ဒီက ကော့တေးတွေက သာမန်ဘားတွေထက် အများကြီး ပိုကောင်းတယ်။ ငါတို့ သီချင်းနားထောင်ဖို့ အဓိကလာတာ သီချင်းပဲနားထောင်စမ်းပါ။”

"တကယ် အဲ့လောက်တောင် ကောင်းလို့လား။"

"ဒီဆိုင်က အဆိုတော်က တခြားဘားတွေက အဆိုတော်တွေနဲ့ ခြားနားတယ်။ နားထောင်ကြည့်လိုက်စမ်းပါ။ မင်းနားလည်သွားလိမ့်မယ်။”

လူငယ်တချို့က တံခါးကိုဖွင့်ကာ ဝင်လာကြသည်။ စားပွဲထိုးများက ချက်ချင်းဆိုသလိုပင် အပြုံးတွေဖြင့် သူတို့ကို ထိုင်ခုံသို့ လိုက်ပို့ပေးလိုက်ကြပါသည်။ သူတို့ကို လက်သုတ်ပါဝါအစိုများ ပေးပြီးနောက် အော်ဒါကို လေးလေးစားစား မေးလိုက်ပါသည်။

ဒီအုပ်စုထဲတွင် အတက်ကြွဆုံးက ခေတ်ဆန်သည့် ကောင်မလေးတစ်ယောက် ဖြစ်၏။ အားလုံး သောက်စရာများ မှာယူပြီးနောာက် သူမက ဒီလိုရတနာမျိုးကို ဘယ်လိုတွေ့ခဲ့သလဲ အားလုံးကို ရှင်းပြခဲ့ပါသည်။

"ဒီနေရာကို ဘယ်လိုတွေ့ခဲ့သလဲ နင်တို့ သိကြလား။”

"တကယ်တော့ အရင်တုန်းက ဒီဆိုင်ကို ဖြတ်သွားဖူးတယ်။ ဒါပေမယ့် မီနူးကို ကြည့်လိုက်တော့ ဒီမှာ ရောင်းတဲ့ ပစ္စည်းတွေကအရမ်းစျေးကြီးတာကို တွေ့လိုက်ရတယ်။ လူတွေလည်း အရမ်းနည်းတော့ ငါ မဝင်ဖို့ ဆုံးဖြတ်ခဲ့တာ။”

"အရင်တစ်ပတ် ဒီဆိုင်ကို တိုက်တိုက်ဆိုင်ဆိုင်ဖြတ်သွားမိတော့ တစ်ယောက်ယောက် သီချင်းဆိုနေတာကို ကြားလိုက်ရတယ်။ ငါလည်း အလုပ်ဆင်းခါစလေ။ အပြင်မှာ မတ်တပ်ရပ်ပြီး ခဏလောက် နားထောင်ပြီးတော့ အထဲဝင်လိုက်တယ်။ သောက်စရာ တစ်ခုခု မှာပြီး အဲ့ဒီည အဆိုတော် ဆိုလို့ ပြီးတဲ့အထိကို နားထောင်ခဲ့တယ်။”

"အရမ်းကောင်းတာပဲ။ ပြီးတော့လည်း လူတွေကို အားတက်အောင် မလုပ်ဘူး။ သူက ဒီတိုင်း အေးအေးချမ်းချမ်း သာသာယာယာပဲ ဆိုနေတာ။ သူဆိုနေတာက နည်းနည်း ဝမ်းနည်းဖို့လည်း ကောင်းတယ်။ သောက်စရာတွေနဲ့ ပေါင်းလိုက်တော့ ဒီကအခြေအနေကြီးက လုံးဝ မိန်းမောစရာကြီး ဖြစ်လာကော။”

"ဒီကို မကြာမကြာလာပြီးတဲ့နောက်တော့ ဒီဆိုင်က စျေးကြီးပေမယ့် ဝန်ဆောင်မှုက ကောင်းမှန်း သိလိုက်ရတယ်။ ဝိတ်တာတွေ အကုန်လုံးကလည်း ကတ်စတမ်မာကို သေချာ ဂရုစိုက်တယ်။ အော်ခေါ်ဖို့တောင် မလိုဘူး။ သူတို့ဘက်ကို တစ်ချက်လောက် ကြည့်လိုက်တာနဲ့ သူတို့ရောက်လာကြလိမ့်မယ်။ ဇိမ်ပဲ။”

တစ်ယောက်ယောက်က ဖြတ်ပြောလိုက်သည်။ "အဲ့တာ အမှန်ပဲလား။ ဝိတ်တာတွေက စိတ်ဖတ်တတ်တယ်လား။”

ကောာင်မလေးက သူ့ကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်ပါသည်။ “စိတ်ဖတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ။ ဒါက သူတို့အလုပ်ကို ဘယ်လောက်တာဝန်ကျေကြောင်း ပြသနေတာလေ။ သူတို့ ကတ်စတမ်မာကို အမြဲတမ်း စောင့်ကြည့်နေကြတာ။ သူတို့ ကတ်စတမ်မာတွေရဲ့ အသေးငယ်ဆုံးလှုပ်ရှားမှုနဲ့ မျက်နှာထားတွေကိုတောင် သတိထားမိကြတယ်။ ကတ်စတမ်မာက အကူအညီလိုတာကို သိတာနဲ့ ချက်ချင်း ရောက်လာကြတယ်။”

"ပြီးတော့လည်း ဒီက ဝိတ်တာတွေက အဓိပ္ပာယ်မရှိတာတွေပြောပြီး အချိန်ဖြုန်းမနေဘူး။ သူတို့က နင်တို့ကို သောက်စရာတွေ ကြော်ငြာပေးမှာ မဟုတ်ဘူး။ ဒါမှမဟုတ် မန်ဘာလည်း ဝင်ခိုင်းမှာ မဟုတ်ဘူး။ သူတို့က အရမ်းယဥ်ကျေးကြတယ်။ ပြီးတော့ နေ့ဘက်မှာတောင် ငါလာတတ်တယ်။ ကော်ဖီမှာပြီး စာအုပ်တွေလည်း ဖတ်လို့ ရတယ်။ အရမ်းသဘောကျတာပဲ။”

"စိတ်မပူကြနဲ့။ အဆိုတော် မကြာခင် ရောက်လာလိမ့်မယ်။”

"သူ့နာမည်က ချန်းလျဲ့တဲ့။ သူ ဒီနားမှာ နေတယ်ထင်တယ်။ အထက်တန်းကျောင်း အောင်မြင်ပြီးတော့ ကျောင်းဆက်မတက်တော့ဘူး။ အဲ့အစား အိမ်မှာပဲနေပြီး ဂီတကိုပဲ အာရုံစိုက်ခဲ့တယ်။ ဒီဆိုင်က အဲ့လိုပါရမီရှင်မျိုးကို ဘယ်လိုတူးဆွနိုင်ခဲ့လဲ မသိဘူး။ ကြည့်ကြည့် စင်ပေါ်ကို မြန်မြန်ကြည့်၊ သူလာပြီ။ သူလာပြီ။”

ချန်းလျဲ့က ဂစ်တာကိုင်ထားရင်း စင်ပေါ်ကို တက်လာပါသည်။ ပရိတ်သတ်ဆီက လက်ခုပ်သြဘာသံများ ချက်ချင်းထွက်လာတာကို ကြားနိုင်သည်။ ကောင်မလေးတစ်ယောက်က "ချန်းလျဲ့ ရှင့်ကို ချစ်တယ်" ဟုပင် အော်လိုက်ပါသည်။

ချန်းလျဲ့ရှက်သွား၏။ သူ့မိုက်ခရိုဖုန်းကို ချိန်ညှိလိုက်ပြီး သူ့ဂစ်တာကို တစ်ချက်နှစ်ချက်လောက် တီးကြည့်လိုက်ပြီး အဆိုပါ ရည်းစားစကားကို မကြားချင်ယောင်ဆောင်လိုက်ပါသည်။ စင်အောက်မှ တိုးညှင်းသော တခစ်ခစ် ရယ်သံများကို ကြားနိုင်သည်။ သူက မိတ်ဆက်စကားများ ဘာညာ မပြောဆိုပါ။ ပရိတ်သတ်နဲ့ ရင်းနှီးအောင်လုပ်ဖို့ပင် စိတ်ကူးမရှိပါ။ ချန်းလျဲ့က စကားပြောမကောင်းပေ။

ချန်းလျဲ့က လည်ချောင်းရှင်းလိုက်ပြီး ဂစ်တာတီးကာ မိုက်ခရိုဖုန်းနားကပ်၍ သီချင်းစဆိုလိုက်ပါသည်။

"မီးတွေမှိန်သွားပြီ လမင်းကြီးက အထီးကျန်ခြင်းရဲ့ မျက်လုံးတစ်လုံးလို အိပ်မပျော်တဲ့ လူတွေကို တိုးတိုးတိတ်တိတ် စောင့်ကြည့်လို့နေတယ်..."

သာယာသော အသံတစ်သံက အင်တာနက်ကဖေးဆိုင် တစ်ဆိုင်လုံးကို ပဲ့တင်သံ ထပ်သွားခဲ့ပါသည်။ စင်အောက်က ပရိတ်သတ်ကလည်း ကော့တေးများ သောက်ရင်း သံစဥ်ထဲ စီးမျောနေလိုက်ပါသည်။

"အသံကောင်းလိုက်တာ။”

"မူရင်းဗားရှင်းနဲ့ အရမ်းခြားနားတာပဲ။ ဒါပေမယ့် အရသာကတော့ အတူတူပဲ။”

"ချန်းလျဲ့က ဒီလိုပဲလေ။ သူဘာပဲဆိုဆို သူ့စတိုင်နဲ့သူဆိုတယ်။ အရမ်းသာယာတယ်။ ဒါပေမယ့် နီးနီးကပ်ကပ် နားထောင်ကြည့်မယ်ဆိုရင် နည်းနည်း ဝမ်းနည်းဖို့ကောင်းတာကိုလည်း ခံစားရလိမ့်မယ်။"

"ကောင်းလိုက်တာ"

အနည်းငယ် အသက်ကြီးကြီး လူတစ်ယောက်က အရက်ကိုသောက်ရင်း အပြင်ဘက်က မီးရောင်မှိန်မှိန်များကို ဖန်ချပ်နံရံမှတဆင့်ဖြတ်ကာ ကြည့်နေသည်။ သူ့စိတ်ထဲမှာ ဘယ်လို အမှတ်တရမျိုးတွေ ပြန်ပေါ်လာသလဲ ခန့်မှန်းကြည့်လို့ရပါသည်။ ရုတ်တရက်ကြီး သူ့လက်ထဲက ဖန်ခွက်ကို ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ" သူ့အမျိုးသမီးက မေးလိုက်၏။

အမျိုးသားကြီးက နောက်တစ်ငုံ သောက်လိုက်ပါသည်။

"ဒီအရက်က... အစစ်လား"

အမျိုးသမီးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ရှင် ဘာတွေ မဟုတ်တာ ပြောနေတာလဲ။ ဒီနေရာကြီးမှာ လုပ်ငန်းလိုင်စင် အစစ် ရှိတယ်။ သူတို့ ရှင့်ကို လိမ်ဖို့ အရက်အတုတွေ ရောင်းပါ့မလား။”

အမျိုးသားကြီးက ခေါင်းခါလိုက်သည်။ "မင်းနားမလည်ပါဘူးကွာ။ အခုခေတ် ဘား တော်တော်များများက ဘရန်းဒက်ပုလင်းတွေထဲမှာ အရက်တုတွေ ထည့်ရောင်းနေကြတာကွ။ ယွမ်ရာချီလောက်ပဲတန်တဲ့ အရက်တွေကို ပုလင်းအလွတ်တွေထဲ လောင်းထည့်ထားတာ။ ကော့တေးလုပ်ဖို့ စပ်လိုက်ရင် ဘယ်သူ ပြောနိုင်မှာလဲ။”

"ဒါက အရက်အတုလို့ ပြောလို့မရဘူး။ စျေးပေါတဲ့ ဆင်တူရိုးမှားတွေပေါ့။ အရက်အတုဆို မင်းခေါင်းထဲ ရောက်သွားမှာ။ သောက်ပြီးရင် ဆေးရုံတောင် တင်လိုက်ရနိုင်တယ်။ ဒါပေမယ့် စျေးပေါတဲ့ ဆင်တူရိုးမှားတွေကတော့ ပါးစပ်ထဲမှာ အရသာ နည်းနည်း ခြားနားရုံပဲ။ အကုန်လုံး ဗိုက်ထဲပဲရောက်မှာ။”

သူ့အမျိုးသမီးက သူ့ကို မယုံကြည်ပါ။ "ရှင်က အတပ်ပြောနိုင်လို့လား။”

အမျိုးသားကြီးက ရယ်မောလိုက်၏။ "ပြောနိုင်တာပေါ့။ ယွမ်ရာဂဏန်းမြင့်မြင့်ပေးရတဲ့ အရက်တွေနဲ့ ယွမ် ၁၀၀ တန် ၂၀၀ တန် အရက်တွေ အကုန်လုံးက အရက်တွေဖြစ်ပေမယ့် အရသာက ခြားနားတယ်။ မဟုတ်ရင် ဘာလို့ လူတွေက ငွေပိုကုန်ခံမှာလဲ။”

"အရက်အကြောင်း နည်းနည်းသိတဲ့လူတွေက ခြားနားချက်ကို ပြောနိုင်လိမ့်မယ်။”

သူ့လက်ထဲက ဖန်ခွက်ကို အနည်းငယ် ခါရမ်းလိုက်ပြိး စင်ပေါ်မှာ သီချင်းဆိုနေသည့် ချန်းလျဲ့ကို ကြည့်လိုက်ပါသည်။

"ဒီနေရာက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ။ တစ်နေ့ကျရင် ငါတို့မိတ်ဆွေဟောင်းတွေကို ဖိတ်လို့ရတယ်။”

ဘားကောင်တာတွင်...

မာယန်က သူ့အရက်ခွက်သူကိုင်ထားပြီး သောက်လိုက်ပါသည်။ ချန်းလျဲ့ စင်ပေါ်မှာ ဖျော်ဖြေနေတာာကို ကြည့်ရင်း စိတ်ခံစားချက် ဖြစ်တည်လာသည်။ "သူက.... မင်းထက် တကယ် ပိုပြီး အဆိုကောင်းတဲ့ပုံပဲကွ။”

ကျန်းယွမ်ကလည်း ကျိုးနွံစွာဖြင့် ကျေနပ်စွာ ပြောလိုက်သည်။ "ဟုတ်တယ် ညီအစ်ကိုမာ။ နောက်ဆုံးတာ့ မင်းပြောနိုင်ပြီလား။”

မာယန်က သူ့ခေါင်းကို ရိုးရိုးသားသား ခါလိုက်ပါသည်။ "မပြောနိုင်ဘူး။ ဒါပေမယ့် ရလဒ်ကိုတော့ မြင်နိုင်တယ်။ မင်းသီချင်းဆိုရင် နားထောာင်တဲ့လူ သိပ်မရှိဘူး။ သောက်စရာလည်း သိပ်မမှာကြဘူး။ အခုတော့ အကုန်လုံးက စိတ်ပါလက်ပါ--"

ကျန်းယွမ် ”..ညီအစ်ကိုမာ ဒီအရက်ခွက်မျက်နှာနဲ့ မင်းငါ့ကို နာကျင်အောင် ထပ်မလုပ်လို့ မရဘူးလား။”

မာယန်က တကယ့်ကောင် ဖြစ်သည်။ ချန်းလျဲ့က ကောင်းကင်ဘုံက ပေးအပ်သည့် လက်ဆောင်မွန်တစ်ခု ဖြစ်သည်။ ဘာလို့ ကျန်းယွမ်နဲ့ သူ့ကို ဆက်တိုက် နှိုင်းယှဥ်နေရတာလဲ။

"ဒါဆို ငါတို့ သူ့ကို ဘယ်လိုလစာပေးကြမလဲ။”

မာယန်က အလွန်အရေးကြီးသော မေးခွန်းကို မေးလိုက်ပါသည်။ အရင်အပတ်တုန်းက ကျန်းယွမ် သီချင်းဆိုတာကိုကြားပြီး ချန်းလျဲ့ ထူးထူးဆန်းဆန်း ယုံကြည်ချက် ရှိသွားခဲ့ပါသည်။ သူ့ဘက်က ဦးဆောင်ကာ စင်ပေါ်တက် သီချင်းဆိုခဲ့ပါသည်။ သီချင်းဆိုပြီးနောက် ရလဒ်များက သိသာပါသည်။ မာယန်က ချက်ချင်းပဲ သူ့ကို တစ်ပတ်လောက် နေပြီး သီချင်းဆိုဖို့ ဖိတ်ကြားခဲ့၏။

ဒီတစ်ပတ်အကုန်တွင် စိတ်ကျေနပ်မှု ရှိပါက စာချုပ်ချုပ်နိုင်သည်။ မဟုတ်ပါက သူ့ကို ယွမ် ၁,၀၀၀ ပေးလိုက်ပြီး ပြန်လွှတ်လိုက်မည်ဖြစ်သည်။ ယခု တစ်ပတ်ပြည့်ခါနီးနေပြီ ဖြစ်သည်။ မာယန်က ချန်းလျဲ့၏ ဖျော်ဖြေမှုကို အလွန်စိတ်ကျေနပ်မှုရှိပါသည်။

သို့သော်လည်း တခြား ပြဿနာတစ်ခုတော့ ရှိနေပါသေးသည်။ အနုပညာကြေးပေးဖို့ ဖြစ်ပါသည်။

"ဘားတွေထဲမှာ ပုံမှန်အဆိုတော်တွေ ဘယ်လောက်ရကြလဲ" မာယန်က ဒီလိုအလုပ်အတွက် စျေးကွက်စျေးကို စဥ်းစားနိုင်မလား သိချင်သည်။

ကျန်းယွမ်က ဒါကို သေချာသိပါသည်။ ဘာပဲဖြစ်ဖြစ် သူက ဒီလိုင်းမှာ အလုပ်လုပ်နေကျဖြစ်၏။ "ညီအစ်ကိုမာ။ ဘားအသေးစားတွေက သူတို့အဆိုတော်တွေကို တစ်လ ၃,၀၀၀ လောက် ပေးတယ်။ အဲ့တာက သိပ်ပြီး နာမည်မရှိတဲ့ အဆိုတော်တွေကို ပေးတဲ့ လစာပါ။"

"သူတို့ကို ဘယ်လောက် အတိအကျပေးမလဲဆိုတာကတော့ ဘားရဲ့ အဆင့်အတန်းရယ်၊ အဆိုတော်ရဲ့ နာမည်ရယ်၊ ဘော့စ်က ဘယ်လောက်ရက်ရောသလဲရယ်ဆိုတာတွေအပေါ်မှာ မူတည်တယ်။”

"တချို့ဘားတွေက လူစည်ကားတယ်။ နာမည်ရဖို့အတွက် အဆိုတော်တွေ အများကြီးက အဲ့ဒီနေရာတွေမှာ အလကားဆိုပေးလေ့ရှိတယ်။ ဆန့်ကျင်ဘက်မှာတော့ ဘားအသေးစားလေးတွေက နာမည်ကျော်အဆိုတော်တွေကို ငှားချင်တယ်ဆိုရင် ငွေအလုံးအရင်းထုတ်ပေးဖို့ ပြင်ထားရမယ်။”

"'ချန်းလျန်ရဲ့ စံနှုန်းအရဆိုရင်တော့ သူ့ကို ၄,၀၀၀ - ၅,၀၀၀ လောက် ပေးရင် မဆိုးဘူး ထင်တာပဲ။ ငါတို့ သူ့ကိုစျေးနှိမ်ပေးသလိုတောင် ဖြစ်နေမလားမသိဘူး။”

ယွမ် ၄,၀၀၀ - ၅,၀၀၀ ...

မာယန် တွန့်ဆုတ်လာသည်။

"အဲ့တာက... ငါသူ့ကိုမပေးချင်တာတော့ မဟုတ်ပါဘူး။ ချန်းလျဲ့က အဲ့လောက်မတန်ဘူးလို့ ခံစားမိလို့။ အဓိကပြဿနာက ငါတို့ အင်တာနက်ကဖေးက အရှုံးပေါ်နေတုန်းပဲလေ။ ဒီလိုဆိုရင်ကော။ ငါတို့ သူ့ကို အခြေခံ လစာ ယွမ် ၁,၅၀၀ နဲ့ ကမ်းလှမ်းလိုက်မယ်။ ကျန်တာကို ကော်မရှင်ခအနေနဲ့ ပေးကြမယ်လေ။”

ကျန်းယွမ် ရပ်တန့်သွား၏။ "ကော်မရှင်ခ ဟုတ်လား။ အဲ့တာ ဘယ်လိုအလုပ်လုပ်တာလဲ။”

မာယန်က ဘားကောင်တာပေါ်က အရက်ကို ညွှန်ပြလိုက်ပါသည်။ "ငါတို့အရက်ရောင်းအားပေါ် မူတည်ပြီး သူ့ကို ကော်မရှင်ခပေးမယ်။ နောက်ပိုင်း သူ သီချင်းဆိုနေတုန်း ကတ်စတမ်မာတွေကို အရက်တွေရဲ့ အမြတ် တစ်ဝက်လောက်က ချန်းလျဲ့ကိုပေးမှာလို့ ပြောပေးလို့ရတယ်။”

ကျန်းယွမ်က အသက်ဝဝရှူလိုက်သည်။ "ညီအစ်ကိုမာ။ သူ့ကို အမြတ်တစ်ဝက်လောက် ပေးတာက အရမ်းကြီးတော့ မများဘူးလား။"

"ဘာမှမဖြစ်ပါဘူး။ ငါတို့ကလည်း အစကတည်းက အရက်ရောင်းကောင်းတာမှ မဟုတ်တာ..." မာယန်က စိတ်မရှိသည့်ပုံပင်။

ကျန်းယွမ်က ခေတ္တဆွံ့အသွားသည်။ "ဟုတ်တော့ ဟုတ်တယ်။ ပြီးတော့လည်း ငါတို့က အရက်အစစ်တွေပဲ ရောင်းတာ။ အမြတ်က အဲ့လောက်မများဘူး။ ပြန်စဥ်းစားကြည့်ရင် ဖြစ်နိုင်ပါတယ်။”

သာမန်ဘားများ၏ ပုံစံအတိုင်းလိုက်လုပ်ပါက အရက်က ၎င်းတို့၏ အမြတ် အဓိက အရင်းအမြစ် ဖြစ်သည်။

ဘာားများစွာ၊ နိုက်ကလပ်များ၊ ကေတီဗီများကဲ့သို့ ဆိုင်များက အနည်းငယ် ရောစပ်ခြင်းများ လုပ်တတ်သည်။ XO ကိုပဲ နမူနာယူကြည့်ပါ သူတို့က ပုလင်းအခွံများကို သိမ်းထားပြီး စျေးပေါပေါ အရက်များ ထည့်ကာ ထပ်တင်ရောင်းသည်။ ဒါမျိုးက အလွန် ပေါများပါသည်။

ဒီတိုင်း အရက်ရောင်းချခြင်းက သေချာပေါက် အမြတ်ရစေလိမ့်မည်။

သို့သော်လည်း အစကတည်းက ဘော့စ်ဖေးက သူတို့အားလုံးကို ခဏခဏ ညွှန်ကြားထားသည်။ ယွီအင်တာနက်ကဖေးမှ ရောင်းချမည့် အရက်များက အစစ်အမှန် ဖြစ်ရမည်။ အရက်အတုများ ရောင်းချဖို့အသာထား သာမန်ဝိုင်တစ်စက်တောင် ရောင်းချခွင့် မရှိကြပါ။

သူတို့ရောင်းမည်ဟု ပြောထားသည့်အရက်ကို ရောင်းကိုရောင်းရမည်။

ထို့ကြောင့် သူတို့အားလုံးက အရက်ရောင်းတာချင်း အတူတူ ဖြစ်ပြီး ယွီအင်တာနက်ကဖေးက ၎င်းတို့၏ အရက်စျေးတွင် အမြတ်ပေါင်းထည့်ထားရင်တောင် ယွီအင်တာနက်ကဖေးရသည့် အမြတ်က သာမန်ဘားများကို မယှဥ်နိုင်ပါ။

ထို့အပြင် နေ့စဥ်အင်တာနက်ကဖေးမှာရှိသည့် လူအရေအတွက်ကို ကြည့်ခြင်းအားဖြင့် အစကတည်းက အရက်များများစားစားလည်း ရောင်းနိုင်တာ မဟုတ်ပေ။

ကျန်းယွမ်က ခေတ္တစဥ်းစားလိုက်ပြီးနောက် ပြောလိုက်ပါသည်။ "မင်းပဲ ဆုံးဖြတ်ချက်ချလိုက်ပါ ညီအစ်ကိုမာ။ မင်းသူ့ကို ကော်မရှင်ခအတိုင်း ပေးချင်ရင်လည်း ရတာပဲ။ ငါတို့ သိသလောက်ဆို ငါတို့ကို အရက်များများ ပိုရောင်းနိုင်ဖို့ သူကူညီပေးနိုင်လောက်တယ်။”

မာယန်က ကောင်တာကို ရိုက်လိုက်ပြီး ပြောလိုက်ပါသည်။ "ဟုတ်ပြီ။ ဒါဆို ဆုံးဖြတ်လိုက်ပြီ။ ချန်းလျဲ့ ဒီနေ့ည ဆိုပြီးတာနဲ့ ငါသူနဲ့စကားပြောပြီး စာချုပ်ကိစ္စ ရှင်းမယ်။”

"ငါတို့ ဒီနည်းလမ်းအတိုင်း တကယ်လုပ်မယ်ဆိုရင် အကြံပေးချင်တာ တစ်ခု ရှိတယ်" ကျန်းယွမ်က အကြံတစ်ခု ရလိုက်သဖြင့် ရုတ်တရက် ပြောလိုက်ပါသည်။

"ငါတို့ မီနူးအသစ် ထပ်ထည့်လို့ရတယ်။ အရက်အားလုံးရဲ့ စျေးနှုန်းဘေးမှာ ကွင်းလေးတွေနဲ့ နောက်ပမာဏတစ်ခု ထည့်ထားလို့ရတယ်။ အဲ့တာက ချန်းလျဲ့ရမယ့် ကော်မရှင်ခပေါ့။”

"Aurora Jungle Juice ကိုပဲ နမူနာယူကြည့်လိုက်ကွာ။ အဲ့တာကို တစ်ခွက် ယွမ် ၆၀ နဲ့ ရောင်းချတယ်။ ငါတို့ရဲ့ ကုန်ကျစရိတ်က ယွမ် ၃၀။ ဒီနေရာနဲ့ ဝန်ထမ်းတွေအတွက် လစာကိုပါ ထည့်ပေါင်းလိုက်ရင် တစ်ခွက်ကို စုစုပေါင်း ကုန်ကျစရိတ်က ယွမ် ၄၀ အထက်မှာပဲ။ ငါတို့ရဲ့ အမြတ်အစွန်းက ယွမ် ၂၀။ ချန်းလျဲ့ကို တစ်ဝက်ပေးလိုက်ရင် ၁၀ ယွမ်ပေါ့။”

"ငါတို့ မီနူးပေါ်က ၆၀ ဘေးမှာ (၁၀) ဆိုပြီး ထည့်ထားလို့ရတယ်။ အဲ့တာဆို ဒီအရက်ရဲ့ ၁၀ ယွမ်က ချန်းလျဲ့ကို ကော်မရှင်ခပေးဖို့ဆိုတာမှန်း လူတိုင်း သိကြလိမ့်မယ်။”

မာယွမ်က မျက်မှောင်ကြုတ်ကာ တွန့်ဆုတ်သွားသည်။ "အဲ့တာဆို ငါတို့အမြတ်ပမာဏကို လူတွေ ခန့်မှန်းလို့ရမသွားဘူးလား။"

ကျန်းယွမ်က ခေါင်းခါလိုက်ပါသည်။ "ညီအစ်ကိုမာ မင်း ရေးချမထားရင်တောင် လူတွေငါတို့ အမြတ်ပမာဏကို ခန့်မှန်းနေနိုင်ပြီ မဟုတ်ဘူးလား။ ဒီအရက်စျေးတွေကို အင်တာနက်ပေါ်မှာ ရှာကြည့်လို့ရတယ်။ ဘားမှာ လာသောက်တဲ့ လူအများစုက ဘားတွေရဲ့ အမြတ်အစွန်းတွေအကြောင်း သေချာသိထားကြတယ်။ ဒီလောကက မင်းပြောသလိုအတိုင်းသာဆိုရင် ဘယ်သူမှ ဒီအရေအတွက်တွေကို အတည်ယူကြတော့မှာ မဟုတ်ဘူး။”

"ငါတို့ ချန်းလျဲ့ကိုပေးမယ့် ကော်မရှင်ခကို မီနူးပေါ်မှာ ချရေးလိုက်ရင် ငါတို့ရဲ့အဆိုတော် အပေါ် ငါတို့ ဘယ်လောက်ကောင်းလဲ ပြသပြီးသားလည်း ဖြစ်သွားလိမ့်မယ်။"

မာယန် နားလည်သဘောပေါက်သွားပါသည်။ "သြော် ဟုတ်တာပေါ့။ အဲ့အကြံ ကောင်းတယ်။ လုပ်ကြရအောင်။”

အခန်း(၁၅၄) အကြောင်းပြချက် တိတိကျကျမရှိဘဲ ဒုက္ခမခံနိုင်ဘူး

၁နာရီကျော်ကျော်လောက်အထိ သီဆိုပြီးနောက် ချန်းလျဲ့ နားလိုက်ပါသည်။ မာယန်က ချက်ချင်းပဲ သူ့ကိုလှမ်းခေါ်ပြီး သူ့လစာနှင့် အရက်ကော်မရှင်ခ အလုပ်လုပ်ပုံများကို ရှင်းပြလိုက်ပါသည်။ ချန်းလျဲ့က ခေါင်းကုတ်ရင်း ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ။”

မာယန်က အခု အနည်းငယ် ရှက်သွားပါသည်။

"ဘာမှမဖြစ်ပါဘူး အခြေခံလစာက နည်းလွန်းတယ်လို့ ထင်ရင် ငါထပ်ပေါင်းပေးလို့ရတယ်" မာယန်က ပြောလိုက်၏။

ချန်းလျဲ့ မျက်တောင်ခတ်လိုက်သည်။ "ဒါဆို... နည်းနည်းလောက် ထပ်ပေါင်းရအောင်"

မာယန် ”.."

ဒီကောင့်ရဲ့ ပွင့်လင်းမှုကို ကြည့်ပါဦး။

မာယန်တစ်ယောက် လည်ပင်း အညစ်ခံလိုက်ရသလို ခံစားလိုက်ရပါသည်။ ချန်းလျဲ့က အားနာနာနဲ့ 'မဟုတ်တာ အဆင်ပြေပါတယ်' ဟု ပြန်ပြောလိမ့်မည်ဟု ထင်ထားခဲ့သည်။ ထို့နောက် မာယန်က သံယောင်လိုက်ပြီး စကားဝိုင်းကို ချောချောမွေ့မွေ့ အဆုံးသတ်နိုင်မည်ဖြစ်သည်။

နောက်ဆုံးတော့လည်း ချန်းလျဲ့က မာယန်၏ စကားအတိုင်း လစာပိုတောင်းခဲ့သည်။ သို့သော် မာယန်က ပြောထားပြီးသားဖြစ်သဖြင့် ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းလို့ မရတော့ပေ။

မာယန်က ခေတ္တ တွန့်ဆုတ်သွားပြီး ပြောလိုက်ပါသည်။ "ဟုတ်ပြီ။ ငါမင်းကို အခြေခံလစာ ယွမ်၁,၈၀၀ ပေးမယ်။ အရက်ရောင်းရတဲ့ ကော်မရှင်ခကောပဲ။ နောက်တစ်ခေါက် မင်း စင်ပေါ်တက်ပြီး သီချင်းဆိုတဲ့အခါကျရင် လူတွေကို အရက်များများ ဝယ်သောက်အောင် အားပေးလိုက်ပေါ့။ နားလည်လား။”

ချန်းလျဲ့က အနည်းငယ်နေရက်ခက်သွားသည့် ပုံစံဖြင့် ရှက်ရွံ့စွာ ပြောလိုက်ပါသည်။ "အစ်ကိုမာ ကျွန်တော် အဲ့လိုလုပ်ဖို့တော့ သိပ်မဖြစ်ဘူး။ ကျွန်တော် ယွမ် ၁,၅၀၀ ပဲ ယူမယ်လေ။ ကျွန်တော့်ကို ပရိတ်သတ်နဲ့သာ စကားမပြောခိုင်းပါနဲ့။”

မာယန်က ဆွံ့အသွားပါသည်။ ဒီကောင်က တော်တော်ပါးတာပဲ။

"ထားလိုက်ပါတော့။ မင်းက သီချင်းပဲ ဆိုဖို့ အာရုံစိုက်။ ကြေညာချက်တွေကို ငါပဲ လုပ်လိုက်မယ်။ မင်းရဲ့ အခြေခံလစာက ယွမ် ၁,၈၀၀ ပဲ။ ဒါပေမယ့် ကျန်တာ ဘာမှ လုပ်စရာ မလိုဘူး။”

ချန်းလျဲ့က ခေါင်းငြိမ့်လိုက်ပြီး ရေသွားသောက်ကာ အနားယူနေလိုက်ပါသည်။

မာယန်က ကျန်းယွမ်ကို ကြည့်လိုက်တော့ ကျန်းယွမ်က အရိပ်အကဲနားလည်ကာ စင်ပေါ်တက်သွားပါသည်။

"ဟယ်လို ဟယ်လို ဟယ်လို အားလုံးပဲ ကျွန်တော့်ကိုယ်ကျွန်တော် နည်းနည်းလေး မိတ်ဆက် ပေးပါရစေ။ ကျွန်တော်က ယွီအင်တာနက်ကဖေးရဲ့ မန်နေဂျာပါ။ ကျွန်တော့် မျိုးရိုးနာမည်က ကျန်းပါ။”

လူအုပ်ထဲက တစ်စုံတစ်ယောက်က လှမ်းအော်သည်။"ခင်ဗျားက အရင်တစ်ခေါက်တုန်းက အဆိုတော် မဟုတ်ဘူးလား။ ချန်းလျဲ့ အစားထိုးလိုက်တာနဲ့ ခင်ဗျားက ရာထူးတိုးသွားတာလား။”

သူ ပြောမည့်စကားကို လူတွေသိပ်ပြီး စိတ်မဝင်စားကြတာကို ကျန်းယွမ် မြင်သဖြင့် အမြန် ပြောလိုက်ပါသည်။ "အားလုံးပဲ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက် ကျွန်တော်တို့ဆိုင်ရဲ့ အဆိုတော်လေးအတွက် အထူး အားတက်စရာ ကိစ္စတစ်ခုကို မျှဝေပေးချင်လို့ပါ။”

"ဒီနေ့ကစပြီး ချန်းလျဲ့ ညဘက် ၇နာရီမှ ၁၁ နာရီအထိ သီချင်းဆိုနေတဲ့အချိန်တိုင်း သောက်စရာ အားလုံးရဲ့ အမြတ် တစ်စိတ်တစ်ပိုင်းက သူ့ကော်မရှင်ခ ဖြစ်လာမှာပါ။”

"အသေးစိတ်ကို ပြောရရင်တော့...။”

"ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ Custom-made မီနူးအသစ်တွေ လုပ်ပါမယ်။ ချန်းလျန်အတွက် ကော်မရှင်ခကိုလည်း ရှင်းရှင်းလင်းလင်း ရေးသားထားပါမယ်။ ဘာပဲဖြစ်ဖြစ် အားလုံး ကျွန်တော်တို့ရဲ့ အဆိုတော်တွေကို သဘောကျမယ်ဆိုရင် သူတို့ကို ထောက်ပံ့ပေးဖို့အတွက် အရက်များများ ဝယ်သောက်လို့ရပါတယ်လို့ ပြောချင်ပါတယ်။ အားလုံးပဲ ကျေးဇူးပါ။”

ကျန်းယွမ်က ပြောဆိုပြီးနောက် စင်ပေါ်က ချက်ချင်းပဲ ဆင်းလာလိုက်ပါသည်။ သူ့လေကို ထပ်မဖြုန်းတော့ပါ။ ဒါက ယွီအင်တာနက်ကဖေး၏ ဆောင်ပုဒ်နဲ့လည်း ကိုက်ညီသည်။ နည်းနည်းပြော များများလုပ်ပြီး ဝန်ဆောင်မှုများကလည်း လေပြည်လို ကတ်စတမ်မာ လိုအပ်သည့်အခါမှ ခံစားစေရမည်။

ကတ်စတမ်မာများက ချက်ချင်းပဲ အချင်းချင်း တီးတိုးပြောလာကြပါသည်။

"အဆိုတော်အတွက် တစ်ဝက်ပေးမယ်ဟုတ်လား။”

"ရက်ရောလှချည်လား။။”

"သူတို့က ပေးထားတဲ့ စျေးတစ်ဝက်လောက်ကို ပေးမှာ။ ငါ အခု စင်ပေါ်တက်ပြီး သီချင်းဆိုရင်လည်း ရမလားမသိဘူး။”

"ဟီးဟီး နင်က ချန်းလျဲ့ထက် အဆိုကောင်းဦးမှကိုး။”

"ကောင်းတာပေါ့။ ငါသူ့ကို အားပေးမယ်။ ကျေးဇူးပြုပြီး နောက်တစ်ခွက်လောက် ချပါ။”

"ကျွန်တော့်ကိုကောပဲ"

"ဒီဘက်ကို။ ဒီဘက်ကို။”

ဝန်ဆောင်မှုပေးသူတချို့က စတင်ပြီး အလုပ်များလာသည်။ ယွီအင်တာနက်ကဖေး စတင်ဖွင့်လှစ်သည့်အချိန်ကတည်းက ဒါ သူတို့ ပထမဆုံး အလုပ်များဖူးခြင်း ဖြစ်ပါသည်။

မာယန်နဲ့ ကျန်းယွမ်တို့က ပြုံးလိုက်ပြီး အချင်းချင်း ကြည့်လိုက်ကြပါသည်။ သူတို့ အစီအစဥ် အလုပ်ဖြစ်သည့် ပုံပင်။

ညည့်နက်လာချိန်တွင်...

လူအမြောက်အများ မူးနေကြပြီဖြစ်သော်လည်း မပြန်ချင်ကြသေးပေ။ ချင်းလျဲ့ စင်ပေါ်က မဆင်းခင် အားလုံးကို ကျေးဇူးတင်နေပြီး ရှက်သွားကာ အင်တာနက် ဧရိယာထဲမှာ ပုန်းနေလိုက်ပါသည်။

မာယန် ကျန်းယွမ်နဲ့ ဝန်ဆောင်မှုပေးသူ တချို့က ကတ်စတမ်မာများကို လိုက်ပို့ပေးကြပါသည်။

"အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

"ကျေးဇူးပြုပြီး ဂရုစိုက်ကြပါ။"

"နောက်တစ်ခေါက် လာမှာကို စောင့်နေမယ်နော်။”

၁၀ နာရီခွဲကျမှ ကတ်စတမ်မာများအားလုံး ပြန်သွားကြပါသည်။

"မြန်မြန် ငါတို့အရက် ဘယ်လောက်ရောင်းရလဲ တွက်ချက်ကြစမ်း " မာယန်က မစောင့်နိုင်တော့ဘဲ ငွေကိုင်ဆီသို့ ပြေးသွာားးသည်။

မိနစ်ပိုင်းလောက်ကြာသောအခါ မာယန်၏ ပျော်ရွှင်မှုများ ပျောက်ကွယ်သွား၏။

"ငါတို့ သောက်စရာတွေ အများကြီး ရောင်းရတာတောင်... ဒီလောက်နည်းနည်းလေးပဲ ရတာလား။”

မာယန် အလွန် စိတ်ပျက်သွားပါသည်။ သူ ချက်ချင်း အမြတ်များ ရနိုင်တောာ့မည်ဟု ထင်လိုက်မိသည်။ သို့သော်လည်း ရောင်းအာား ပမာဏများကိုကြည့်ပြီးနောက် စိတ်ဓာတ်ပြန်ကျသွားပါသည်။

သူတို့ တကယ်ပဲ ဒီနေ့ည အရက်များစွာ ရောင်းရခဲ့ပါသည်။ ယခင်နေ့များတုန်းကထက် ၈၀ ရာခိုင်နှုန်းလောက်ပိုပြီး ရောင်းရခဲ့ပါသည်။

ဆိုလိုရင်းက သူတို့ပိုက်ဆံတစ်စိတ်တစ်ပိုင်းက ချန်းလျဲ့ထံသို့ ရောက်မည်ဟု ကြားပြီးနောာက် ကတ်စတမ်မာများ နောက်တစ်ခွက်စီ မှာခဲ့ကြခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် တချို့ စျေးကြီးသည့် ကော့တေးများကိုပင် မှာယူကြပါသေးသည်။

သို့သော်လည်း သူတို့အမြတ်ရနိုင်ဖို့တော့ အဝေးကြီး လိုနေပါသေးသည်။

ကျန်းယွမ်က ပိုတည်ငြိမ်၏။ "ဒါပုံမှန်ပါပဲ ညီအစ်ကိုမာ။ ငါတို့ရောင်းအားက တက်သွားပေမယ့် ကတ်စတမ်မာက နည်းလွန်းနေတာကိုး။”

"စဥ်းစားကြည့်လိုက်စမ်းပါ။ ငါတို့မှာ ဒီလောက်ပဲ ထိုင်နေတဲ့လူတွေရှိတာ။ ငါတို့ ဒီခုံတွေကို ပြည့်အောင်ဖြည့်နိုင်ပြီး မတ်တပ်ရပ်နေတဲ့လူတွေတောင် ရှိပြီး အရက် ၁၀၀ ကျော် ရောင်းချနိုင်ရင်တောင် လုံလောက်ပါ့မလား။ငါတို့ တစ်ညကို အများဆုံး ရာဂဏန်း ဒါမှမဟုတ် ၁,၀၀၀ လောက်ပဲ အများဆုံး ရနိုင်မှာ။ တစ်ဝက်က ချန်းလျဲ့ကို ပေးရဦးမယ်။ အဲ့တာဆို တစ်လကို ၂၀,၀၀၀ - ၃၀,၀၀၀ လောက်ပဲ ရမယ်ဆိုတဲ့သဘောပဲ။"

"နေပါဦး" မာယန်က မျက်မှောင်ကြုတ်လိုက်ပါသည်။

"အဲ့တာဆို ငါတို့ ၂၀,၀၀၀ - ၃၀,၀၀၀ လောက်ရရင် ချန်းလျဲ့လည်း အဲ့လောက်ကော်မရှင်ခ ရမယ်ဆိုတဲ့ သဘောလား။”

ကျန်းယွမ် ဆွံ့အသွားပါသည်။ "ညီအစ်ကိုမာ ဘာတွေပြောနေတာလဲ။ ဟုတ်တာပေါ့။ အဲ့လိုပဲ ဖြစ်မှာပေါ့။ ချန်းလျဲ့ ၅၀ ရာခိုင်နှုန်းရမယ်လို့ ဆုံးဖြတ်ခဲ့တာ မင်းပဲလေ...။”

မာယန်၏ မျက်နှာပြိုလဲသွားပါသည်။ ။”.. အဲ့ဆုံးဖြတ်ချက်ကို ငါ အခုနောင်တရသွားပြီ။ ငါတို့ ချန်းလျဲ့ကို ၅၀ ရာခိုင်နှုန်း မပေးရင်ကော၊ ၅ ရာခိုင်နှုန်းလောက်ပဲဆိုရင်ကော၊ ဒါမှမဟုတ် ၁ ရာခိုင်နှုန်းလောက်ပဲ ဆိုရင်ကော။”

ကျန်းယွမ်က ဒေါသထွက်သွား၏။ "ညီအစ်ကိုမာ ညတွင်းချင်း မင်းစကားကိုမင်း ပြန်ရုတ်သိမ်းလို့မရဘူးလေကွာ။ မင်း သူ့ကို မောင်းထုတ်မလို့လား။ ၅၀ ရာခိုင်နှုန်းကော်မရှင်ကို ဆုံးဖြတ်ခဲ့တာ မင်းပဲလေ။”

"ဟုတ်ပါတယ် ငါပါ။ ဒါပေယ့် အဲ့လောက်များလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

မာယန်က နာကျင်နေသည့်ပုံစံဖြင့် ခေါင်းကို ခဏခဏကုတ်နေပါသည်။

ကျန်းယွမ်လည်း ခေတ္တ ဆွံ့အသွားခဲ့ပါသည်။

ထို့ကြောင့်လည်း မာယန်က အလွန်ရက်ရောနေခြင်း ဖြစ်သည်။ သူ လုံးဝ မတွက်ချက်ကြည့်ရသေးပါ။ သို့သော်လည်း မာယန် တကယ်ကြီး သူ့စကားသူ ပြန်ရုတ်သိမ်းဖို့ ပြင်နေတာကို မြင်သဖြင့် ကျန်းယွမ် သူ့ကို အမြန်တားလိုက်ရပါသည်။

"ညီအစ်ကိုမာ မလိုပါဘူးကွာ။ ငါတို့ အခု လတိုင်း ၃၀၀,၀၀၀ လောက်ရှုံးနေတာ။ မင်း ချန်းလျဲ့ရဲ့ ကော်မရှင်ခကို ပြန်ယူလိုက်ရင်တောင် အများဆုံး ၂၀,၀၀၀ - ၃၀,၀၀၀ လောက်ပဲ ပိုရမှာ။ ရေရှည်မှာ အဆင်မပြေပါဘူး။”

"ငါတို့ ချန်းလျန်ကို များများပေးရင် ပရိတ်သတ်ကလည်း သူ့ကိုများများ ထောက်ပံ့ပေးကြမှာပဲ။ ဒီနေရာကြီးရေပန်းစားလာရင် ကတ်စတမ်မာတွေလည်း ပိုများလာပြီး အဲ့ကျရင် အခြေအနေတွေ ပိုကောင်းလာမှာပါ။”

မာယန်က မျက်မှောင်ကြုတ်လိုက်သည်။ "ဘာကို စဥ်းစားရဦးမှာလဲ။ မင်းတွက်ချက်ပုံကိုကြည့်ခြင်းအားဖြင့် ငါတို့ အရှုံးကိုကာမိဖို့ တစ်ည အခွက် ၁,၀၀၀ လောက် ရောင်းရဖို့ လိုအပ်မှာပေါ့။ အဲ့တာ မဖြစ်နိုင်ဘူးလေ။ ဒီလိုနေရာကြီးမှာ ၂၀၀ တောင် မရောင်းနိုင်တာာကို ၁,၀၀၀ တဲ့လား။”

ကျန်းယွမ် ဘာပြောရမှန်း မသိတောာ့ပါ။

"အာ.. ဘာပဲဖြစ်ဖြစ်ပါ။ အခု ငါတို့အရက် ရောင်းအားတွေ တက်လာပြီဆိုတော့ အခြေအနေကို ခဏလောက် ထပ်စောင့်ကြည့်ရအောင်။ တစ်ယောက်ယောက်က သူ့အသုံးဝင်မှုကို ထုတ်ပြပြီးရင် ငါတို့ သေချာပေါက် ပြန်ကန်ထုတ်လို့တော့ မရဘူးလေ။”

"ငါစိတ်တိုနေတုန်းပဲကွာ" မာယန်က နာကျင်လွန်း၍ အသက်တောင်မရှူနိုင်လောက်တော့အောင် ဖြစ်လာသဖြင့် သူ့နားထင်ကို သူ နှိပ်နယ်နေပါသည်။ သူ တကယ်ပဲ ဒါကို မကျေနပ်ပါ။

"မဟုတ်ဘူး။ ငါ ဒီတိုင်း ဒုက္ခမခံနိုင်ဘူး။ ငါတို့ ကတ်စတမ်မာတွေလည်း ခံစားစေရမယ်။”

ကျန််းယွမ် ကြောင်သွား၏။ "ငါတို့ကတ်စတမ်မာတွေကို ဘယ်လိုခံစားစေမှာလဲ။”

မာယန်က စတိတ်စင်ဘေးက နံရံပေါ်ကိုကြည့်လိုက်သည်။ ထိုနေရာတွင် နေရာလွတ်တစ်ခု ရှိနေသေး၏။ လက်ညှိုးထိုးပြလိုက်သည်။ "အဲ့မှာ ဖန်သားပြင်လေးတစ်ခု ချိန်ဆွဲထားလိုက်။”

"တစ်ယောက်ယောက်က အရက်မှာလိုက်တိုင်း အဲ့ဖန်သားပြင်ပေါ်မှာ စားပွဲနံပါတ်၊ ဘယ်လိုအရက်အမျိုးအစားနဲ့ ချန်းလျဲ့ဆီ ဘယ်လောက်ရောက်သွားသလဲဆိုတာကို ပြလိုက်။ ပြီးရင် ချန်းလျဲ့ လိုက်ပြောပေးရမယ့် ဆုတောင်းစကားကောပဲ။”

"အဲ့တာဆို တစ်ယောက်ယောက် အရက်မှာလိုက်တိုင်း လူတိုင်းမြင်နေရမယ်။ ချန်းလျဲ့ တစ်ညကို ဘယ်လောက်ရမလဲဆိုတာ ဖန်သားပြင်ရဲ့ အပေါ်ပိုင်းလေးမှာပါ တွက်ပြတဲ့ စာတန်းလေးပါအောင် ထည့်ရမယ်။”

"ငါ ဒီလောက်ထိ တန်ရာတန်ကြေး ပေးထားရတာ။ ငါ တစ်ယောက်တည်း တိုးတိုးတိတ်တိတ် ဒုက္ခမခံနိုင်ဘူး။ ငါ အများကြီး ပေးထားတယ်ဆိုတာကို ကတ်စတမ်မာတွေ သိအောင် လုပ်ရမယ်။”

ကျန်းယွမ်လည်း စဥ်းစားကြည့်လိုက်၏။ "ဒါ အလုပ်ဖြစ်နိုင်တယ်။ ဖန်သားပြင် အသေးစားလေးဆိုရင် သိပ်ပြီးလည်း မကုန်လောက်ဘူး။ အဲ့ကိစ္စ ငါ့တာဝန်သာ ထားလိုက်။ မနက်ဖြန် နေ့လည်လောက်ဆို ပြီးစေရမယ်။”

အခန်း(၁၅၅) ညီအစ်ကိုချမ့်ကို Surprise တိုက်ခြင်း

နေ့လည်ခင်း...

"ဟပ်ချိုးး"

ရုံးခန်းထဲတွင် ဖေးချမ့်တစ်ယောက် အဲကွန်းဖြင့် သာယာနေတုန်း နှာထချေပါသည်။

"ထူးဆန်းလိုက်တာ။ ငါ လေအေးခံတာ များနေပြီလား။”

ဖေးချမ့်တစ်ယောက် စောင်အသေးတစ်ထည်ကို ခြုံပြီး သူကြည့်နေသည့် ဒရမ်မာကားကို ပိတ်ကာ ရုံးထိုင်ခုံပေါ်တွင် အိပ်ဖို့ ပြင်လိုက်၏။

ထိုအချိန် တံခါးခေါက်သံ ထွက်လာပါသည်။ လုမင်လျန် ဖြစ်နေပါ၏။ "ဘော့စ်ဖေး ကျွန်တော် တင်ပြစရာလေးရှိလို့ပါ။”

ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ "ပြောပါ"

ဖေးချမ့်တစ်ယောက် စောင်ခြုံကာ အိပ်ပျော်တော့မည့် ပုံစံကိုကြည့်ရင်း လုမင်လျန် အနည်းငယ် စိတ်မကောင်း ဖြစ်သွားပါသည်။

ဘော့စ်ဖေး ကြည့်ရတာ နေမကောင်းသည့်ပုံပင်။ အိမ်ပြန်ပြီး အနားယူလို့ရသော်လည်း သူတို့နဲ့အတူတူ အလုပ်လုပ်ဖို့ အလုပ်မှာ ဆက်ရှိနေပေးသည်။

All Chapters