← Chapters

အကြောင်းပြချက် တိတိကျကျမရှိဘဲ ဒုက္ခမခံနိုင်ဘူး

Vol. 11 Ch. 154

အကြောင်းပြချက် တိတိကျကျမရှိဘဲ ဒုက္ခမခံနိုင်ဘူး

Vol. 11 Ch. 154

၁နာရီကျော်ကျော်လောက်အထိ သီဆိုပြီးနောက် ချန်းလျဲ့ နားလိုက်ပါသည်။ မာယန်က ချက်ချင်းပဲ သူ့ကိုလှမ်းခေါ်ပြီး သူ့လစာနှင့် အရက်ကော်မရှင်ခ အလုပ်လုပ်ပုံများကို ရှင်းပြလိုက်ပါသည်။ ချန်းလျဲ့က ခေါင်းကုတ်ရင်း ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ။”

မာယန်က အခု အနည်းငယ် ရှက်သွားပါသည်။

"ဘာမှမဖြစ်ပါဘူး အခြေခံလစာက နည်းလွန်းတယ်လို့ ထင်ရင် ငါထပ်ပေါင်းပေးလို့ရတယ်" မာယန်က ပြောလိုက်၏။

ချန်းလျဲ့ မျက်တောင်ခတ်လိုက်သည်။ "ဒါဆို... နည်းနည်းလောက် ထပ်ပေါင်းရအောင်"

မာယန် ”.."

ဒီကောင့်ရဲ့ ပွင့်လင်းမှုကို ကြည့်ပါဦး။

မာယန်တစ်ယောက် လည်ပင်း အညစ်ခံလိုက်ရသလို ခံစားလိုက်ရပါသည်။ ချန်းလျဲ့က အားနာနာနဲ့ 'မဟုတ်တာ အဆင်ပြေပါတယ်' ဟု ပြန်ပြောလိမ့်မည်ဟု ထင်ထားခဲ့သည်။ ထို့နောက် မာယန်က သံယောင်လိုက်ပြီး စကားဝိုင်းကို ချောချောမွေ့မွေ့ အဆုံးသတ်နိုင်မည်ဖြစ်သည်။

နောက်ဆုံးတော့လည်း ချန်းလျဲ့က မာယန်၏ စကားအတိုင်း လစာပိုတောင်းခဲ့သည်။ သို့သော် မာယန်က ပြောထားပြီးသားဖြစ်သဖြင့် ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းလို့ မရတော့ပေ။

မာယန်က ခေတ္တ တွန့်ဆုတ်သွားပြီး ပြောလိုက်ပါသည်။ "ဟုတ်ပြီ။ ငါမင်းကို အခြေခံလစာ ယွမ်၁,၈၀၀ ပေးမယ်။ အရက်ရောင်းရတဲ့ ကော်မရှင်ခကောပဲ။ နောက်တစ်ခေါက် မင်း စင်ပေါ်တက်ပြီး သီချင်းဆိုတဲ့အခါကျရင် လူတွေကို အရက်များများ ဝယ်သောက်အောင် အားပေးလိုက်ပေါ့။ နားလည်လား။”

ချန်းလျဲ့က အနည်းငယ်နေရက်ခက်သွားသည့် ပုံစံဖြင့် ရှက်ရွံ့စွာ ပြောလိုက်ပါသည်။ "အစ်ကိုမာ ကျွန်တော် အဲ့လိုလုပ်ဖို့တော့ သိပ်မဖြစ်ဘူး။ ကျွန်တော် ယွမ် ၁,၅၀၀ ပဲ ယူမယ်လေ။ ကျွန်တော့်ကို ပရိတ်သတ်နဲ့သာ စကားမပြောခိုင်းပါနဲ့။”

မာယန်က ဆွံ့အသွားပါသည်။ ဒီကောင်က တော်တော်ပါးတာပဲ။

"ထားလိုက်ပါတော့။ မင်းက သီချင်းပဲ ဆိုဖို့ အာရုံစိုက်။ ကြေညာချက်တွေကို ငါပဲ လုပ်လိုက်မယ်။ မင်းရဲ့ အခြေခံလစာက ယွမ် ၁,၈၀၀ ပဲ။ ဒါပေမယ့် ကျန်တာ ဘာမှ လုပ်စရာ မလိုဘူး။”

ချန်းလျဲ့က ခေါင်းငြိမ့်လိုက်ပြီး ရေသွားသောက်ကာ အနားယူနေလိုက်ပါသည်။

မာယန်က ကျန်းယွမ်ကို ကြည့်လိုက်တော့ ကျန်းယွမ်က အရိပ်အကဲနားလည်ကာ စင်ပေါ်တက်သွားပါသည်။

"ဟယ်လို ဟယ်လို ဟယ်လို အားလုံးပဲ ကျွန်တော့်ကိုယ်ကျွန်တော် နည်းနည်းလေး မိတ်ဆက် ပေးပါရစေ။ ကျွန်တော်က ယွီအင်တာနက်ကဖေးရဲ့ မန်နေဂျာပါ။ ကျွန်တော့် မျိုးရိုးနာမည်က ကျန်းပါ။”

လူအုပ်ထဲက တစ်စုံတစ်ယောက်က လှမ်းအော်သည်။"ခင်ဗျားက အရင်တစ်ခေါက်တုန်းက အဆိုတော် မဟုတ်ဘူးလား။ ချန်းလျဲ့ အစားထိုးလိုက်တာနဲ့ ခင်ဗျားက ရာထူးတိုးသွားတာလား။”

သူ ပြောမည့်စကားကို လူတွေသိပ်ပြီး စိတ်မဝင်စားကြတာကို ကျန်းယွမ် မြင်သဖြင့် အမြန် ပြောလိုက်ပါသည်။ "အားလုံးပဲ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက် ကျွန်တော်တို့ဆိုင်ရဲ့ အဆိုတော်လေးအတွက် အထူး အားတက်စရာ ကိစ္စတစ်ခုကို မျှဝေပေးချင်လို့ပါ။”

"ဒီနေ့ကစပြီး ချန်းလျဲ့ ညဘက် ၇နာရီမှ ၁၁ နာရီအထိ သီချင်းဆိုနေတဲ့အချိန်တိုင်း သောက်စရာ အားလုံးရဲ့ အမြတ် တစ်စိတ်တစ်ပိုင်းက သူ့ကော်မရှင်ခ ဖြစ်လာမှာပါ။”

"အသေးစိတ်ကို ပြောရရင်တော့...။”

"ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ Custom-made မီနူးအသစ်တွေ လုပ်ပါမယ်။ ချန်းလျန်အတွက် ကော်မရှင်ခကိုလည်း ရှင်းရှင်းလင်းလင်း ရေးသားထားပါမယ်။ ဘာပဲဖြစ်ဖြစ် အားလုံး ကျွန်တော်တို့ရဲ့ အဆိုတော်တွေကို သဘောကျမယ်ဆိုရင် သူတို့ကို ထောက်ပံ့ပေးဖို့အတွက် အရက်များများ ဝယ်သောက်လို့ရပါတယ်လို့ ပြောချင်ပါတယ်။ အားလုံးပဲ ကျေးဇူးပါ။”

ကျန်းယွမ်က ပြောဆိုပြီးနောက် စင်ပေါ်က ချက်ချင်းပဲ ဆင်းလာလိုက်ပါသည်။ သူ့လေကို ထပ်မဖြုန်းတော့ပါ။ ဒါက ယွီအင်တာနက်ကဖေး၏ ဆောင်ပုဒ်နဲ့လည်း ကိုက်ညီသည်။ နည်းနည်းပြော များများလုပ်ပြီး ဝန်ဆောင်မှုများကလည်း လေပြည်လို ကတ်စတမ်မာ လိုအပ်သည့်အခါမှ ခံစားစေရမည်။

ကတ်စတမ်မာများက ချက်ချင်းပဲ အချင်းချင်း တီးတိုးပြောလာကြပါသည်။

"အဆိုတော်အတွက် တစ်ဝက်ပေးမယ်ဟုတ်လား။”

"ရက်ရောလှချည်လား။။”

"သူတို့က ပေးထားတဲ့ စျေးတစ်ဝက်လောက်ကို ပေးမှာ။ ငါ အခု စင်ပေါ်တက်ပြီး သီချင်းဆိုရင်လည်း ရမလားမသိဘူး။”

"ဟီးဟီး နင်က ချန်းလျဲ့ထက် အဆိုကောင်းဦးမှကိုး။”

"ကောင်းတာပေါ့။ ငါသူ့ကို အားပေးမယ်။ ကျေးဇူးပြုပြီး နောက်တစ်ခွက်လောက် ချပါ။”

"ကျွန်တော့်ကိုကောပဲ"

"ဒီဘက်ကို။ ဒီဘက်ကို။”

ဝန်ဆောင်မှုပေးသူတချို့က စတင်ပြီး အလုပ်များလာသည်။ ယွီအင်တာနက်ကဖေး စတင်ဖွင့်လှစ်သည့်အချိန်ကတည်းက ဒါ သူတို့ ပထမဆုံး အလုပ်များဖူးခြင်း ဖြစ်ပါသည်။

မာယန်နဲ့ ကျန်းယွမ်တို့က ပြုံးလိုက်ပြီး အချင်းချင်း ကြည့်လိုက်ကြပါသည်။ သူတို့ အစီအစဥ် အလုပ်ဖြစ်သည့် ပုံပင်။

ညည့်နက်လာချိန်တွင်...

လူအမြောက်အများ မူးနေကြပြီဖြစ်သော်လည်း မပြန်ချင်ကြသေးပေ။ ချင်းလျဲ့ စင်ပေါ်က မဆင်းခင် အားလုံးကို ကျေးဇူးတင်နေပြီး ရှက်သွားကာ အင်တာနက် ဧရိယာထဲမှာ ပုန်းနေလိုက်ပါသည်။

မာယန် ကျန်းယွမ်နဲ့ ဝန်ဆောင်မှုပေးသူ တချို့က ကတ်စတမ်မာများကို လိုက်ပို့ပေးကြပါသည်။

"အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

"ကျေးဇူးပြုပြီး ဂရုစိုက်ကြပါ။"

"နောက်တစ်ခေါက် လာမှာကို စောင့်နေမယ်နော်။”

၁၀ နာရီခွဲကျမှ ကတ်စတမ်မာများအားလုံး ပြန်သွားကြပါသည်။

"မြန်မြန် ငါတို့အရက် ဘယ်လောက်ရောင်းရလဲ တွက်ချက်ကြစမ်း " မာယန်က မစောင့်နိုင်တော့ဘဲ ငွေကိုင်ဆီသို့ ပြေးသွာားးသည်။

မိနစ်ပိုင်းလောက်ကြာသောအခါ မာယန်၏ ပျော်ရွှင်မှုများ ပျောက်ကွယ်သွား၏။

"ငါတို့ သောက်စရာတွေ အများကြီး ရောင်းရတာတောင်... ဒီလောက်နည်းနည်းလေးပဲ ရတာလား။”

မာယန် အလွန် စိတ်ပျက်သွားပါသည်။ သူ ချက်ချင်း အမြတ်များ ရနိုင်တောာ့မည်ဟု ထင်လိုက်မိသည်။ သို့သော်လည်း ရောင်းအာား ပမာဏများကိုကြည့်ပြီးနောက် စိတ်ဓာတ်ပြန်ကျသွားပါသည်။

သူတို့ တကယ်ပဲ ဒီနေ့ည အရက်များစွာ ရောင်းရခဲ့ပါသည်။ ယခင်နေ့များတုန်းကထက် ၈၀ ရာခိုင်နှုန်းလောက်ပိုပြီး ရောင်းရခဲ့ပါသည်။

ဆိုလိုရင်းက သူတို့ပိုက်ဆံတစ်စိတ်တစ်ပိုင်းက ချန်းလျဲ့ထံသို့ ရောက်မည်ဟု ကြားပြီးနောာက် ကတ်စတမ်မာများ နောက်တစ်ခွက်စီ မှာခဲ့ကြခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် တချို့ စျေးကြီးသည့် ကော့တေးများကိုပင် မှာယူကြပါသေးသည်။

သို့သော်လည်း သူတို့အမြတ်ရနိုင်ဖို့တော့ အဝေးကြီး လိုနေပါသေးသည်။

ကျန်းယွမ်က ပိုတည်ငြိမ်၏။ "ဒါပုံမှန်ပါပဲ ညီအစ်ကိုမာ။ ငါတို့ရောင်းအားက တက်သွားပေမယ့် ကတ်စတမ်မာက နည်းလွန်းနေတာကိုး။”

"စဥ်းစားကြည့်လိုက်စမ်းပါ။ ငါတို့မှာ ဒီလောက်ပဲ ထိုင်နေတဲ့လူတွေရှိတာ။ ငါတို့ ဒီခုံတွေကို ပြည့်အောင်ဖြည့်နိုင်ပြီး မတ်တပ်ရပ်နေတဲ့လူတွေတောင် ရှိပြီး အရက် ၁၀၀ ကျော် ရောင်းချနိုင်ရင်တောင် လုံလောက်ပါ့မလား။ငါတို့ တစ်ညကို အများဆုံး ရာဂဏန်း ဒါမှမဟုတ် ၁,၀၀၀ လောက်ပဲ အများဆုံး ရနိုင်မှာ။ တစ်ဝက်က ချန်းလျဲ့ကို ပေးရဦးမယ်။ အဲ့တာဆို တစ်လကို ၂၀,၀၀၀ - ၃၀,၀၀၀ လောက်ပဲ ရမယ်ဆိုတဲ့သဘောပဲ။"

"နေပါဦး" မာယန်က မျက်မှောင်ကြုတ်လိုက်ပါသည်။

"အဲ့တာဆို ငါတို့ ၂၀,၀၀၀ - ၃၀,၀၀၀ လောက်ရရင် ချန်းလျဲ့လည်း အဲ့လောက်ကော်မရှင်ခ ရမယ်ဆိုတဲ့ သဘောလား။”

ကျန်းယွမ် ဆွံ့အသွားပါသည်။ "ညီအစ်ကိုမာ ဘာတွေပြောနေတာလဲ။ ဟုတ်တာပေါ့။ အဲ့လိုပဲ ဖြစ်မှာပေါ့။ ချန်းလျဲ့ ၅၀ ရာခိုင်နှုန်းရမယ်လို့ ဆုံးဖြတ်ခဲ့တာ မင်းပဲလေ...။”

မာယန်၏ မျက်နှာပြိုလဲသွားပါသည်။ ။”.. အဲ့ဆုံးဖြတ်ချက်ကို ငါ အခုနောင်တရသွားပြီ။ ငါတို့ ချန်းလျဲ့ကို ၅၀ ရာခိုင်နှုန်း မပေးရင်ကော၊ ၅ ရာခိုင်နှုန်းလောက်ပဲဆိုရင်ကော၊ ဒါမှမဟုတ် ၁ ရာခိုင်နှုန်းလောက်ပဲ ဆိုရင်ကော။”

ကျန်းယွမ်က ဒေါသထွက်သွား၏။ "ညီအစ်ကိုမာ ညတွင်းချင်း မင်းစကားကိုမင်း ပြန်ရုတ်သိမ်းလို့မရဘူးလေကွာ။ မင်း သူ့ကို မောင်းထုတ်မလို့လား။ ၅၀ ရာခိုင်နှုန်းကော်မရှင်ကို ဆုံးဖြတ်ခဲ့တာ မင်းပဲလေ။”

"ဟုတ်ပါတယ် ငါပါ။ ဒါပေယ့် အဲ့လောက်များလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

မာယန်က နာကျင်နေသည့်ပုံစံဖြင့် ခေါင်းကို ခဏခဏကုတ်နေပါသည်။

ကျန်းယွမ်လည်း ခေတ္တ ဆွံ့အသွားခဲ့ပါသည်။

ထို့ကြောင့်လည်း မာယန်က အလွန်ရက်ရောနေခြင်း ဖြစ်သည်။ သူ လုံးဝ မတွက်ချက်ကြည့်ရသေးပါ။ သို့သော်လည်း မာယန် တကယ်ကြီး သူ့စကားသူ ပြန်ရုတ်သိမ်းဖို့ ပြင်နေတာကို မြင်သဖြင့် ကျန်းယွမ် သူ့ကို အမြန်တားလိုက်ရပါသည်။

"ညီအစ်ကိုမာ မလိုပါဘူးကွာ။ ငါတို့ အခု လတိုင်း ၃၀၀,၀၀၀ လောက်ရှုံးနေတာ။ မင်း ချန်းလျဲ့ရဲ့ ကော်မရှင်ခကို ပြန်ယူလိုက်ရင်တောင် အများဆုံး ၂၀,၀၀၀ - ၃၀,၀၀၀ လောက်ပဲ ပိုရမှာ။ ရေရှည်မှာ အဆင်မပြေပါဘူး။”

"ငါတို့ ချန်းလျန်ကို များများပေးရင် ပရိတ်သတ်ကလည်း သူ့ကိုများများ ထောက်ပံ့ပေးကြမှာပဲ။ ဒီနေရာကြီးရေပန်းစားလာရင် ကတ်စတမ်မာတွေလည်း ပိုများလာပြီး အဲ့ကျရင် အခြေအနေတွေ ပိုကောင်းလာမှာပါ။”

မာယန်က မျက်မှောင်ကြုတ်လိုက်သည်။ "ဘာကို စဥ်းစားရဦးမှာလဲ။ မင်းတွက်ချက်ပုံကိုကြည့်ခြင်းအားဖြင့် ငါတို့ အရှုံးကိုကာမိဖို့ တစ်ည အခွက် ၁,၀၀၀ လောက် ရောင်းရဖို့ လိုအပ်မှာပေါ့။ အဲ့တာ မဖြစ်နိုင်ဘူးလေ။ ဒီလိုနေရာကြီးမှာ ၂၀၀ တောင် မရောင်းနိုင်တာာကို ၁,၀၀၀ တဲ့လား။”

ကျန်းယွမ် ဘာပြောရမှန်း မသိတောာ့ပါ။

"အာ.. ဘာပဲဖြစ်ဖြစ်ပါ။ အခု ငါတို့အရက် ရောင်းအားတွေ တက်လာပြီဆိုတော့ အခြေအနေကို ခဏလောက် ထပ်စောင့်ကြည့်ရအောင်။ တစ်ယောက်ယောက်က သူ့အသုံးဝင်မှုကို ထုတ်ပြပြီးရင် ငါတို့ သေချာပေါက် ပြန်ကန်ထုတ်လို့တော့ မရဘူးလေ။”

"ငါစိတ်တိုနေတုန်းပဲကွာ" မာယန်က နာကျင်လွန်း၍ အသက်တောင်မရှူနိုင်လောက်တော့အောင် ဖြစ်လာသဖြင့် သူ့နားထင်ကို သူ နှိပ်နယ်နေပါသည်။ သူ တကယ်ပဲ ဒါကို မကျေနပ်ပါ။

"မဟုတ်ဘူး။ ငါ ဒီတိုင်း ဒုက္ခမခံနိုင်ဘူး။ ငါတို့ ကတ်စတမ်မာတွေလည်း ခံစားစေရမယ်။”

ကျန််းယွမ် ကြောင်သွား၏။ "ငါတို့ကတ်စတမ်မာတွေကို ဘယ်လိုခံစားစေမှာလဲ။”

မာယန်က စတိတ်စင်ဘေးက နံရံပေါ်ကိုကြည့်လိုက်သည်။ ထိုနေရာတွင် နေရာလွတ်တစ်ခု ရှိနေသေး၏။ လက်ညှိုးထိုးပြလိုက်သည်။ "အဲ့မှာ ဖန်သားပြင်လေးတစ်ခု ချိန်ဆွဲထားလိုက်။”

"တစ်ယောက်ယောက်က အရက်မှာလိုက်တိုင်း အဲ့ဖန်သားပြင်ပေါ်မှာ စားပွဲနံပါတ်၊ ဘယ်လိုအရက်အမျိုးအစားနဲ့ ချန်းလျဲ့ဆီ ဘယ်လောက်ရောက်သွားသလဲဆိုတာကို ပြလိုက်။ ပြီးရင် ချန်းလျဲ့ လိုက်ပြောပေးရမယ့် ဆုတောင်းစကားကောပဲ။”

"အဲ့တာဆို တစ်ယောက်ယောက် အရက်မှာလိုက်တိုင်း လူတိုင်းမြင်နေရမယ်။ ချန်းလျဲ့ တစ်ညကို ဘယ်လောက်ရမလဲဆိုတာ ဖန်သားပြင်ရဲ့ အပေါ်ပိုင်းလေးမှာပါ တွက်ပြတဲ့ စာတန်းလေးပါအောင် ထည့်ရမယ်။”

"ငါ ဒီလောက်ထိ တန်ရာတန်ကြေး ပေးထားရတာ။ ငါ တစ်ယောက်တည်း တိုးတိုးတိတ်တိတ် ဒုက္ခမခံနိုင်ဘူး။ ငါ အများကြီး ပေးထားတယ်ဆိုတာကို ကတ်စတမ်မာတွေ သိအောင် လုပ်ရမယ်။”

ကျန်းယွမ်လည်း စဥ်းစားကြည့်လိုက်၏။ "ဒါ အလုပ်ဖြစ်နိုင်တယ်။ ဖန်သားပြင် အသေးစားလေးဆိုရင် သိပ်ပြီးလည်း မကုန်လောက်ဘူး။ အဲ့ကိစ္စ ငါ့တာဝန်သာ ထားလိုက်။ မနက်ဖြန် နေ့လည်လောက်ဆို ပြီးစေရမယ်။”

All Chapters