← Chapters

ထန်းတာ့မှာ ဝန်ထမ်းဖြစ်ရတာ ကံကောင်းလိုက်တာ

Vol. 11 Ch. 164

ထန်းတာ့မှာ ဝန်ထမ်းဖြစ်ရတာ ကံကောင်းလိုက်တာ

Vol. 11 Ch. 164

အခုတလော မာယိချွမ်တစ်ယောက် စိတ်ရွှင်နေပါသည်။ နောက်ဆုံးတော့ ထန်းတာ့က သူ့ကိုလက်ခံလိုက်ကာ ကုမ္ပဏီ၏ တရားဝင်ဝန်ထမ်းဖြစ်လာပြီဟု ခံစားမိပါသည်။ သူ ဒီလို အဖိုးတန် လုပ်ငန်းအခွင့်အရေးမျိုးကို ရရှိဖို့အတွက် နှစ်လလုံးလုံး ကြိုးစားသင်ယူခဲ့သည်။ ထို့ကြောင့် မာယိချွမ်က ဒီအခွင့်အရေးကို အလွန်တန်ဖိုးထားပါသည်။

ဂိမ်းများ၏ ဗားရှင်းအသစ်များအတွက် ဇာတ်လမ်းဇာတ်ကွက်၊ အကျဥ်းချုပ်များကို မာယိချွမ် စိတ်အားထက်သန်စွာဖြင့် ကြိုးစားပေးခဲ့ပါသည်။ တစ္ဆေစစ်သူကြီးအတွက် မာယန် နဂိုက ရေးပေးထားသော ဂိမ်းဇာတ်ကြောင်းများကိုလည်း အဆင့်မြှင့်ခဲ့သေးသည်။

အမှန်ပင်။ သူ့စကားလုံးကြွယ်ဝမှုကို စိတ်ရှိတိုင်း ကြွားဝါတာမျိုး မဟုတ်ပါ။ ဂိမ်း၏ လိုအပ်ချက်များအပေါ် အခြေခံပြီးတော့သာ ဇာတ်ကြောင်းကို ရေးသားခြင်း ဖြစ်ပါသည်။

ဥပမာအားဖြင့် တစ္ဆေစစ်သူကြီးက သုံးပြည်ထောင် ဂိမ်းတစ်ခု ဖြစ်သည်။ စစ်သူကြီးများကို မိတ်ဆက်ဖို့အတွက် သူရေးသားရသည့် အကြောင်းအရာများစွာ ရှိပါသည်။

သို့သော်လည်း ဒါတွေကို ကိုယ်ရေးရာဇဝင်လိုသာ ရေးသားပါက ဂိမ်း၏ ဝိသေသလက္ခဏာနဲ့ ကိုက်ညီမှု ရှိမှာ မဟုတ်ပါ။

မာယိချွမ် ဒီ့အတွက် အလုပ်လုပ်နေတုန်း မူရင်း စစ်သူကြီးများ၏ ဖော်ပြချက်များက အလွန်ရိုးရှင်းသော်လည်း စကားလုံးများ၏ အနုပညာဆန်သည့် စိတ်ကူးစိတ်သန်းက အလွန်အမင်း ထင်ပေါ်မှန်း သိလိုက်ရပါသည်။ ဇာတ်လမ်းသွား ပန်းချီစတိုင်နဲ့လည်း ပြီးပြည့်စုံစွာ ကိုက်ညီမှု ရှိပါသည်။

ထိုစကားလုံးများကို မာယိချွမ် အံ့အားသင့်သွားရသဖြင့် ဘယ်သူကများ ဒီလိုသေသပ်သည့် လက်ရာကို ဖန်တီးခဲ့တာလဲဆိုတာကိုလည်း မေးဖို့ မမေ့ခဲ့ပါ။

နောက်တော့ မူရင်း ရေးသားသူမှာလည်း မျိုးရိုးနာမည် မာ ပါကြောင်း သိလိုက်ရသည်။ မာယန်က ဘော့စ်ဖေးနဲ့အတူတူ ကုမ္ပဏီကို တည်ထောင်ခဲ့သည့် တည်ထောင်သူ အဖွဲ့ဝင်ထဲမှာ ပါဝင်ပြီး ထိုကတည်းက အဆင့်များ မြင့်တက်နေခဲ့သည်။ သူက သူ့ပါရမီကို ထုတ်ပြဖို့အတွက် ဂိမ်းဌာနမှ ပိုကျယ်ပြန့်သည့် ပလက်ဖောင်းတစ်ခုပေါ်သို့ လွှဲပြောင်းပေးခြင်းကို ခံခဲ့ရပါသည်။

ထိုအကြောင်းကို ကြားသောအခါ မာယိချွမ် အနည်းငယ် အားကျမိပါသေးသည်။

နောက်ဆုံးတော့ မူလ ဇာတ်ကြောင်းများ၏ စကားလုံးကြွယ်ဝမှုကို ဆက်လက် ထိန်းသိမ်းထားကာ ထိုဇာတ်ကြောင်းများကို ပိုမိုထင်ရှားလာအောင် စကားလုံးတချို့အား မာယိချွမ် ပြင်ဆင်ပေးလိုက်ပါသည်။

သမုဒ္ဒရာရဲတိုက်နဲ့ ဂိမ်းဒီဇိုင်နာတို့ထဲက ဇာတ်ကြောင်းများကိုလည်း စိတ်အားထန်သန်စွာ ပြင်ဆင်ပြီး ပြီးပြည့်စုံအောင်လုပ်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပါသည်။

မာယိချွမ်တစ်ယောက် အမှားအယွင်း တစ်ခုတစ်လေတောင် မလုပ်ရဲပါ။ ဘာပဲဖြစ်ဖြစ် အစီအစဥ်ဆွဲသူချုပ် လုမင်လျန်အပြင် သူ့လက်ရာကို ထူးချွန်သည့် ဂိမ်းဒီဇိုင်နာဖြစ်သော ဘော့စ်ဖေးကလည်း စိစစ်လောက်ပါသည်။

သူ့ဇာတ်ကြောင်းများက စံနှုန်းမမှီလျှင် တခြားလူများက မသိနိုင််ရင်တောင် ဘော့စ်ဖေးက သေချာပေါက် မြင်နိုင်ပါလိမ့်မည်။ သူ့ကံကို သူ စမ်းသပ်ကြည့်လို့မရပါ။

နောက်ဆုံးတော့ ဘော့စ်ဖေး၏ ယုံကြည်မှုကို ရနိုင်ခဲ့ပြီဖြစ်သည်။ ဒီလောက် မြန်မြန် ပြန်မဆုံးရှုံးချင်ပါ။

သူ့အလုပ်အားလုံးကို ပြီးမြောက်ပြီးနောက် မာယိချွမ် နောက်ဆုံးတော့ အသက်ဝဝရှူသွင်းလိုက်ပါသည်။

သူ့ညီအစ်ကိုနှစ်ယောက်အကြောင်းကို ပြန်စဥ်းစားကြည့်လိုက်သည်။ ဟွမ်စစ်ပေါ်၏ ဖေးဟွမ်လုပ်ငန်းက အတော်လေး လုပ်ဆောင်မှုများ ကောင်းမွန်လျက် ရှိသည်။ သူ့ဗီဒီယိုအသစ်ကို ရိုက်ကူးဖို့ ရှန်ဟိုင်းကိုတောင် ပြောင်းသွားခဲ့ပါပြီ။ ယဲ့ကျစ်ကျိုးကလည်း သူ့ယခင်ကုမ္ပဏီဖြစ်သည့် ရှန်းယန်ဂိမ်းတွင် အစီစဥ်ရေးဆွဲသူချုပ် ဖြစ်လာခဲ့ပါသည်။ ဘော့စ်ဖေး၏ လမ်းညွှန်မှုအောက်တွင် သေဆုံးနေသည့် ဂိမ်းနှစ်ခုကို ပြန်အသက်သွင်းကာ ၎င်းတို့၏ နာမည်ကို ပြန်တည်ဆောက်နိုင်ခဲ့ပါသည်။ မာယိချွမ်လည်း ထိုအကြောင်းကြားသောအခါ အလွန် လွမ်းမောမိပါသည်။

"တစ်ဖက်က ကြည့်မယ်ဆိုရင် ဘော့စ်ဖေးကို ကျင်းကျိုးမြို့ ဂိမ်းလောကရဲ့ ကယ်တင်ရှင်လို့တောင် သတ်မှတ်လို့ရတယ်ကွာ။”

မာယိချွမ်က ပိုတွေးမိလေလေ ပိုအထင်ကြီးလာလေလေဖြစ်ပါသည်။

အင်တာနက်ပေါ်က ကောမန့်များကို ဖတ်ကြည့်လိုက်တော့ DLC များက မထွက်ခင်မှာပင် ရေပန်းစားနေသော အကြောင်းအရာများ ဖြစ်နေတာကို သတိထားမိပါသည်။

အထီးကျန်ကန္တာရအကြောင်းကို ပြောရမည်ဆိုလျှင် ဒီနှစ်အတွက် အစုတ်ဆုံးဂိမ်း ဖြစ်လာနိုင်ချေ ရှိနေပါသည်။ ဒီ အပ်ဒိတ် တွင် ဂိမ်းထဲ၌ စုတ်ပြတ်သည့် DLC အသစ် ပါဝင်ပြီး တစ်ခါတည်းနဲ့ ဆက်တင် ၁၀ မျိုးကို ထည့်သွင်းထားပေးပါသည်။ ဒါက မီဒီယာများ ရူးသွပ်လောက်အောင် မျှဝေကာ တင်ပြနေသည့် ပြောစရာ အချက်တစ်ခု ဖြစ်နေပါသည်။

တစ္ဆေစစ်သူကြီးကလည်း အပ်ဒိတ် မတင်တာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော ဂိမ်းကောင်းတစ်ခု ဖြစ်ပါသည်။ ၎င်း၏ ကစားသမား အားလုံးက ရုတ်တရက်ဆန်သော ဗားရှင်း အပ်ဒိတ်ကို စောင့်မျှော်နေကြပါသည်။

ဂိမ်းဒီဇိုင်နာအတွက် တုန့်ပြန်မှုများကတော့ သိပ်မပြင်းထန်ပါ။ သို့သော်လည်း ထိုဂိမ်းက လက်တွေ့ဆန်ကာ သရော်မှုများဖြင့် ပြည့်နှက်နေသော ဂိမ်းဖြစ်သည်။ တချို့ တက်ကြွသော ဂိမ်မာများက ၎င်းတို့၏ စုစည်းမှုထဲ ထည့်ဖို့ ဂိမ်းကို ဝယ်ကြသည်။ ယခု DLC အသစ်၊ ရုပ်ထွက်အသစ်၊ နောက်ခံ စကားပြောအသစ်များ ထွက်လာတော့မည် ဖြစ်သဖြင့် သူတို့ စုစည်းမှုကို အဆင့်မြှင့်တင်ဖို့ ဂိမ်း အပ်ဒိတ် များကို ဝယ်ယူကြပါလိမ့်မည်။

ပွဲအစည်ဆုံး ဂိမ်းကတော့ သမုဒ္ဒရာရဲတိုက် ဖြစ်ပါသည်။

လောလောဆယ် ထို Epic လက်နက်အသစ်၏ ပေါက်ကြားလာသော ဓာတ်ပုံများလည်း အွန်လိုင်းပေါ်မှာ မရှိသေးပါ။ သို့သော်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချမည်ဟူသော သတင်းများကတော့ တောမီးလို ပြန့်နှံ့သွားခဲ့ပါသည်။ ကစားသမားများစွာက မယုံကြည်ကြသေးပေ။ အကြောင်းပြချက်တွေရှိပါသည်။

တချို့ကတော့ ၈၈၈ ယွမ်စျေးကိုကြည့်ပြီး ကန့်သတ်ထားတဲ့ အရေအတွက် ၅၀၀ တောင် ပြည့်အောင် ရောင်းနိုင်ပါ့မလားဟု မေးခွန်းထုတ်ကြသည်။ ဂိမ်းပရိုဂျူဆာများက ကစားသမားများ၏ ပိုက်ဆံကို ဒီလောက် လွယ်လွယ်နဲ့ ရနိုင်မယ် ထင်နေလားဟု မေးခွန်းထုတ်ကြသည်။ ဒီကန့်သတ်ချက်ကြီးက လုံးဝ မလိုအပ်ဘူးဟု ထင်ကြပါသည်။

ဒါတွေက မရေတွက်တတ်သည့် ကစားသမားများ ဖြစ်ပါသည်။

တချို့က ၅၀၀ အကန့်အသတ်ကြောင့် မှင်သက်နေကြ၏။ ဂိမ်းကုမ္ပဏီက ဘာကြောင့် ငွေပိုမလိုချင်ကြတာလဲ။ ဒီလက်နက်တွေ မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားနိုင်ပါသည်။

သို့သောလည်း ဒီသတင်းက အလွန် အသေးစိတ်ကျပါသည်။ ထို့ကြောင့် တချို့ ကစားသမားများက ယုံကြည်သွားကြ၏။ ဂိမ်း၏ ဗားရှင်းအသစ်ထဲက အကြောင်းအရာအသစ်များကို ဂရုမစိုက်ကြပေ။ သို့သော် ဂိမ်းဗားရှင်းအသစ်ကို အပ်ဒိတ် တင်လိုက်တာနဲ့ Epic လက်နက်အသစ်ကို ဝယ်ယူဖို့ကိုတော့ မှတ်သားထားလိုက်ကြပါသည်။

ဆွေးနွေးချက်များဘယ်လောက်တောင် ပြင်းထန်နေသလဲဆိုတာကိုမြင်ပြီး မာယိချွမ် သူ့အပြုံးကို မထိန်းနိုင်တော့ပေ။

အောင်မြင်မှုဆိုတာ ဒီလိုခံစားရတာကိုး။

သူရှန်းယန်ဂိမ်းမှာ အလုပ်လုပ်စဥ်က ကစားသမားများက ဂိမ်းဗားရှင်းအသစ် ထုတ်လုပ်မှုများကို အရေးမစိုက်ကြပေ။ သူတို့ ဝေဖန်ထောက်ပြမှုတချို့သာ ရခဲ့ပြီး အများစုကလည်း အပ်ဒိတ် များကို ဝေဖန်ပြစ်တင်နေကြခြင်းဖြစ်ပါသည်။

ထန်းတာ့ဂိမ်းကိုကြည့်လိုက်ပါဦး။

ကစားသမားများက ဂိမ်းဗားရှင်းအသစ်များအတွက် တောင်းဆိုနေကြသည်။ ဂိမ်းဗားရှင်း အသစ်၏ အကြောင်းအရာများကို မဖော်ပြရသေးရင်တောင် ကစားသမားများက ငွေတွေ ပြင်ထားကြပြီဖြစ်ပြီး စိတ်အားထက်သန်စွာ စောင့်နေကြပါသည််။

ဒါက ခြားနားချက်ပဲဖြစ်၏။

ဂိမ်းဗားရှင်းအသစ်ကို ထုတ်လိုက်တာနဲ့ ဘာတွေဖြစ်လာမလဲ မာယိချွမ် မြင်ရဖို့ မစောင့်နိုင်တော့ပေ။

ဒူးးး ဒူးးး…

စားပွဲပေါ်က ဖုန်း တုန်ခါလာသည်။ ဖုန်းခေါ်ဆိုသူ၏ အမည်ကို မမြင်ရပါ။ ဖုန်းနံပါတ်အရှည်ကြီး တစ်ခုကိုသာ မြင်ရသည်။

မာယိချွမ်က ကြည့်လိုက်ပြီး သူရင်းနှီးနေသော ဖုန်းနံပါတ်ဖြစ်တာကို မြင်လိုက်ရပါသည်။ သူ ခေတ္တ တွန့်ဆုတ်သွားပြီး ဖုန်းကို ချလိုက်ပါသည်။

မျက်စိတစ်မှိတ်အချိန်အတွင်း နေ့လည်းခင်း ၁၂ နာရီတောင် ထိုးသွားပါပြီ။

ကုမ္ပဏီဝင်ပေါက်တွင် ကျကျနန ဝတ်ဆင်ထားသော ဒလီဗာရီဝန်ထမ်း ၃ ယောက်ရှိနေသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းက ကြီးမားသည့် အပူခံ ဒလီဗာရီပုံးကြီးများကို သယ်ဆောင်ထားပါသည်။

"ဟမ် ဒလီဗာရီဝန်ထမ်းတွေရဲ့ ပစ္စည်းတွေက ပြောင်းသွားပြီလား" မာယိချွမ်ကြောင်သွားပါသည်။

မနေ့က ဒလီဗာရီသမားများက ပုံမှန်အတိုင်းပဲဝတ်ဆင်ထားကြသည်။ ထို့အပြင် အပူလုံ ဒလီဗာရီပုံးများကို မသုံးကြပါ။

သို့သော်လည်း ဒီနေ့ သူတို့ပုံစံက တော်တော်လေး ပြောင်းလဲသွားခဲ့ပါည်။

ဒလီဗာရီသမားသုံးယောက်က သေသပ်သည့် အဝါနဲ့ အပြာ ယူနီဖောင်းများကို ဝတ်ဆင်ထားသည်။၎င်းတို့၏ ယူနိုင်ဖောင်းများက စျေးပေါပြီး အရည်အသွေးနိမ့်သည့် သာမန် ယူနီဖောင်းများနဲ့ ခြားနားပါသည်။ သူတို့ ယူနီဖောင်းများက အရည်အသွေးမြင့်သည့် ချည်သားများဖြင့် အသေးစိတ် ချုပ်လုပ်ထားကာ အတော်လေး ဖက်ရှင်ကျပါသည်။

ဒလီဗာရီသမား ၃ ယောက်ကလည်း အတော်လေး အားအင်ပြည့်ဝနေပါသည်။ ၎င်းတို့၏ ယူနီဖောင်းအသစ်များ၊ စိတ်ကြိုက်ပြုလုပ်ထားသည့် စံနှုန်းမှီ အပူလုံ ဒလီဗာရီပုံးများဖြင့်ပေါင်းစပ်လိုက်သောအခါ ၎င်းတို့မှာ အလွန် ပရော်ဖက်ရှင်နယ်ကျလှပါသည်။

အဓိကက ထိုပုံးများတွင်ရေးထားသော ဧရာမ စာတမ်းကြီးဖြစ်သော "ယွီသရေစာ" ဖြစ်ပါသည်။

တခြား ဝန်ထမ်းများက ထကာ နေ့လည်စာစားဖို့ အသင့်ပြင်နေကြပါပြီ။ သူတို့လည်း ဒလီဗာရီသမားများ၏ ပုံစံပြောင်းလဲမှုများကို အံ့သြမိနေဆဲဖြစ်ပါသည်။

သို့သော်လည်း ဒါအကုန်ပဲမဟုတ်ပါ။

သူတို့အုပ်စု နေ့လည်စာစားဖို့အတွက် မီးဖိုဆောင်ထဲသို့သွားခဲ့ကြသည်။ ဒလီဗာရီသမား သုံးယောက် အပူလုံ ဒလီဗာရီပုံးများကို ဖွင့်ကာ အဖြူရောင် ကြွေထည် ပန်းကန်လုံးများစွာကို ထုတ်ယူနေတာ မြင်လိုက်ရပါသည်။ ထိုကြွေထည် ပန်းကန်လုံးများကို လေလုံသည့် အဖုံးဖြင့် ဖုံးအုပ်ထားသည်။

ဟင်းလျာတိုင်းကို အဖြူရောင် ကြွေထည် ပန်းကန်လုံးဖြင့် တည်ခင်းပေးထား၏။ တချို့လူများ မှာယူသည့် ထမင်းပန်းကန်လုံးများနဲ့ အစုံလိုက် စားစရာများကို ဖန်နေ့လည်စာဗူးများဖြင့် တည်ခင်းပေးသည်။

၂ ဆင့် နေ့လည်စာဗူးများတွင် ဟင်းလျာမျိုးစုံနဲ့ ထမင်းများစွာပါဝင်သည်။ အလင်းရောင် အောက်တွင် အစားအသောက်များက အရောင် တောက်ပနေပြီး အတော်လေးကို စားချင်စဖွယ်ကောင်းလှပါသည်။

နောက်ဆုံးတော့ ဒလီဗာရီသမားများက လက်ရာမြောက်လှသည့် ရွှေတူများနဲ့ ရွှေဇွန်းများကို ထုတ်လိုက်ကြသည်။ ၎င်းတို့ကို သန့်ရှင်းသည့် စက္ကူအိတ်များနဲ့ပတ်ထားပြီး စက္ကူအိတ်များထဲက ထုတ်လိုက်တာနဲ့ ချက်ချင်းဆိုသလိုပင် အသုံးပြုလို့ ရနိုင်ပါသည်။

လူအုပ်ကြီးက သူတို့ မှာယူထားသော အစားအသောက်များကို ကိုယ်စီ ယူဆောင်လိုက်ကြသည်။ တချို့က အော်ဒါတချို့ကို မျှဝေစားသုံးကြ၏။ အဖုံးများကို အတူတူ ဖွင့်လိုက်ကြပါသည်။

"ငါတို့နေ့လည်စာ စံနှုန်းတွေကို အဆင့်မြှင့်တင်လိုက်တာလား။"

"ငါတော့ မထင်ဘူး။ စားဖိုမှူးတွေက အရင်တိုင်းပဲ။ အစားအသောက်ရဲ့ အခင်းအကျင်းကပဲ တော်တော် တိုးတက်သွားတယ်လို့ ဘာလို့ ထင်နေမိပါလိမ့်။"

မာယိချွမ်လည်း သူ့အစုံစားဖွယ်ရာများကို ရရှိခဲ့ပါသည်။ နေ့လည်စာဗူးထဲတွင် အဆင့် ၂ ဆင့် ရှိသည်။ အသားနဲ့ ဟင်းသီးဟင်းရွက်များ၏ အချိုးအစားက မျှတ၏။ သာမန် စားသောက်ဆိုင်များမှာ တွေ့ရသလို ဆီများပြီး ငန်တူးနေသည့် စားစရာများလို လုံးဝ မဟုတ်ပါ။ ရိုးရိုးရှင်းရှင်း အိမ်ချက်ဟင်းလျာများသာ ဖြစ်သည်။ သို့သော်လည်း ဖန်နေ့လည်စာဗူးဖြင့် တည်ခင်းထား၏။ စားစရာက အလင်းထိုးသောအခါ အလွန်စားချင်စဖွယ်ကောင်းလှပါသည်။

အချိန်တိုအတွင်း ဒလီဗာရီသမားများက စားစရာအားလုံးကို ထုတ်ပြီးသွားကာ ၎င်းတို့၏ ပစ္စည်းများကို စီရီနေသည်။ "ကောင်းကောင်း စားကြပါ။ စားပြီးသွားတဲ့အခါ ဇွန်းခွက်ပန်းကန်တွေကို အိတ်တစ်ခုထဲ ထည့်ထားလို့ ရပါတယ်။ ညနေကျရင် လာသိမ်းဖို့ တာဝန်ပေးထားတဲ့လူ ရှိပါတယ်။"

"ပြန်သိမ်းသွားကြမှာ ဟုတ်လား။"

"ဟုတ်တာပေါ့။ ဒါတွေက စျေးကြီးတာကိုး။"

"ဟုတ်ပါတယ်။ ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

"ငါတို့ကုမ္ပဏီထဲက ဝန်ထမ်းဖူလုံရေးနဲ့ အကျိုးခံစားခွင့်တွေက အရမ်းမိုက်တာပဲ။"

သိပ်မြာခင် အစားအသောက်များထံမှ မွှေးပျံ့သော မွှေးရနံ့များ မီးဖိုဆောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

မာယိချွမ်က သူ့ရဲ့ အစုံလိုက်စားဖွယ်ရာများကို စားနေစဥ် သူ စားဖူးသမျှထဲ အရသာအရှိဆုံးပဲဟု ခံစားမိပါသည်။ အပြင်ဘက်က စားသောက်ဆိုင်များနဲ့ ယှဥ်လျှင် ယွီအင်တာနက်ကဖေးက ဆီကော ဆားကော လျှော့သုံးပါသည်။ ပါဝင်ပစ္စည်းပေါင်းစုံကလည်း လတ်ဆတ်လှ၏။ ဒါကို ငြင်းဆန်လို့ မရနိုင်ပါ။

ရသာမှုန့် အများကြီး မပါဘဲ အရသာ သိပ်မကောင်းသော်လည်း အစားအသောက်ကတော့ သေချာပေါက် ကျန်းမာပါသည်။

အရင်တုန်းက နေ့လည်စာများကို နေ့လည်စာဗူးများဖြင့် ပို့ဆောင်ပေးသည်။ အစားအစာက အရသာရှိသော်လည်း ပုံစံက အပေါစားဆန်သည်။ လမ်းဘေးက ၁၀ ယွမ်သာသာ စားစရာများ စားနေသည်ဟု ခံစားရစေသည်။ တစ်ခါသုံး သစ်သားတူများနဲ့ ပလတ်စတစ် နေ့လည်စာဗူးများဖြင့် စားသောက်ရာတွင် စတိုင်လည်း မကျလှပါ။

"အစကတော့ အိမ်ကနေ ချက်ပြုတ်ပြီး အလုပ်ကို ယူလာမလို့ပဲ။ အဲ့အကြံကိုဖျက်သိမ်းလိုက်ပြီကွာ။ ငါချက်တဲ့ ဟင်းက ဒီ့ထက် လုံးဝ ပိုကောင်းနိုင်မှာ မဟုတ်ဘူး။"

"ဒါက အာဟာရဖြစ်ပြီး ကျန်းမာရေးညီညွတ်တယ်။ စားသောက်နေရင်း ငါ့ကျန်းမာရေးအတွက် စိုးရိမ်စရာ မလိုတော့ဘူး။ ပြီးတော့ ဒါတွေက အကုန်လုံး အိမ်ချက်ဟင်းလျာတွေချည်းပဲ။ အချိန်ကြာလာရင်တောင် ဒါတွေကို ငြီးငွေ့မှာ မဟုတ်ဘူး။ ဘော့စ်ဖေးရဲ့ ဝန်ထမ်းဖြစ်ရတာ ငါကံကောင်းတာပဲ။ တခြားသူတွေဆို ဒီလိုအကျိုးခံစားခွင့်တွေ ဘယ်တော့မှ ရမှာ မဟုတ်ဘူး။"

"အပြင်လူတွေအတွက် ဒီ combo တွေက ဘယ်လောက်ကုန်မယ်ထင်လဲ။"

"အနည်းဆုံး ယွမ် ၂၀ အောက်ပဲ ကုန်မယ် ထင်တယ်။"

"၂၀ ဟုတ်လား။ ဒီဇွန်းခွက်ပန်းကန်တွေကို ပြန်ပေးရမှာကိုလည်း မမေ့နဲ့ဦး။ အဲ့ဒီအတွက် အလုပ်သမားခနဲ့တင် တခြား အစားအသောက် ဒလီဗာရီ ဝန်ဆောင်မှုတွေထက် ၂ ဆလောက် ပိုများမယ်ထင်တယ်။ ယွမ် ၃၀ လောက်တော့ တန်မယ် ထင်တာပဲ။"

"၃၀ ဆိုရင် နည်းနည်း စျေးကြီးတယ်။ အချိန်အကြာကြီး ဘယ်သူမှ အဲ့လောက် မတတ်နိုင်လောက်ဘူးထင်တယ်။"

"မင်းတို့တွေ ဘာပြောနေတာလဲ။ ဒါတွေက ငါတို့ဝန်ထမ်းတွေအတွက် အကျိုးခံစားခွင့်တွေလေ။ ဘော့စ်ဖေးက အလှူအတန်း လုပ်နေတယ် ထင်လို့လား။ သူက ဒီလောက်ကောင်းတဲ့ ပစ္စည်းတွေကို ဘာလို့ သူများကို ရောင်းမှာလဲ။"

"ဒါက ယွီသရေစာလို့ ခေါ်တာ မဟုတ်ဘူးလား။ အစားအသောက် ဒလီဗာရီဘရန်းအသစ် ဖန်တီးဖို့ ကြံနေတာ အသိသာကြီးကို။"

လင်းဝမ်က သူမ၏ combo စားဖွယ်များကို ကိုင်ရင်း စိတ်ရွှင်လက်ရွှင်ဖြင့် စားသောက်နေပါသည်။

သူမက အရသာရှိသည့် စားကောင်းသောက်ကောင်းများစွာကို စားဖူးပါသည်။ တစ်ခါတစ်လေ ဒီလိုမျိုး လက်ရာမြောက်သည့် အိမ်ချက်ဟင်းလျာများကို အရသာခံရတာ ကောင်းလှပါသည်။ သူမ စားသောက်ရင်း အနည်းငယ် ဝမ်းနည်းမိပါသည်။

သူမ ထန်းတာ့သို့ ရောက်လာသည့် ၆ လအတွင်း ဒီမှာဖြစ်ပျက်သည့် ဝမ်းနည်းစရာ အဖြစ်အပျက်တိုင်းကြောင့် သူမ ဝမ်းနည်းရသည့်ပုံပင်။

ဘော့စ်ဖေးက သူ့ဝန်ထမ်းများကို ဆက်ဆံတာ အလွန်ကောင်းမွန်လွန်းပါသည်။ ကမ္ဘာကြီးက ဒီလိုဘော့စ်ကောင်းမျိုးကို ဘာကြောင့် မချစ်ရမှာလဲ။

လင်းဝမ်နောက်ဆုံးတော့ စိတ်ဆုံးဖြတ်ချက် ချလိုက်ပါသည်။ သူမ ဖုန်းပေါ်တွင် ဖုန်းနံပါတ်တစ်ခုကို ရှာလိုက်၏။ သူမ လုပ်နိုင်သော ကဏ္ဍအတွင်း တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါသည်

All Chapters