← Chapters

Like တစ်ခုနဲ့ ထန်းတာ့ဘော့စ်ရဲ့ ဆက်နွယ်မှု

Vol. 11 Ch. 165

Like တစ်ခုနဲ့ ထန်းတာ့ဘော့စ်ရဲ့ ဆက်နွယ်မှု

Vol. 11 Ch. 165

ယွီအင်တာနက်ကဖေး...

ကော်ဖီနေရာ၌...

အသက်အနည်းငယ်ကြီးသော ယောက်ျားကြီးတစ်ယောက်က ကော်ဖီသောက်ကာ သီချင်းတစ်ပုဒ်ကို သာသာယာာယာညည်းနေသည်။ နောက်ထပ် အသက် ၅၀ ကျော်ဟု ထင်ရသည့် သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ကလည်း အင်တာနက်ကဖေးဆိုင်ထဲ ဝင်လာပြီး သူ့ရှေ့မှာ ဝင်ထိုင်လိုက်ပါသည်။

"ဘော့စ်လျို့" ပထမ ယောက်ျားက မတ်တပ်ရပ်လိုက်ပြီး အနည်းငယ် လေးစားသမှုပြုလိုက်သ်။

"စိတ်မကောင်းပါဘူး ဘော့စ်လီ။ ကျုပ်အလုပ်များနေလို့ နောက်ကျသွားတာပါ။ ဆိုတော့မှ ဒီနေရာက တော်တော်ရှာရ ခက်တာပဲဗျ။” အနည်းငယ် အသက်ပိုကြီးသည့် ဘော့စ်လျို့က ဘော့လီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ စီးကရက်တစ်လိပ်ကို ဝါသနာအရ ထုတ်လိုက်ပါသည်။

လီရှိက သူ့လက်ကို ချက်ချင်းကိုင်လိုက်ပြီး တားလိုက်ပါသည်။ "ဘော့စ်လျို့ ဒီနေရာက ဆေးလိပ်သောက်တာကို တားမြစ်ထားတယ်။"

ဘော့စ်လျို့ ရပ်တန့်သွား၏။ "ဆေးလိပ်သောက်တာကို တားမြစ်ထားတယ် ဟုတ်လား။"

သူလှည့်ကြည့်လိုက်တော့လည်း 'ဆေးလိပ်မသောက်ရ' ဆိုင်းဘုတ်မျိုး မမြင်မိပါ။ သို့သော် စားပွဲထိုးငယ်ငယ်တစ်ယောက်က သူ့ကို ပြုံးပြီး မေတ္တာရပ်ခံသည့်သဘောဖြင့် ကြည့်နေသည်။ ဆေးလိပ်သောက်တာာကို တကယ်ပဲ တားမြစ်ထားပါသည်။

ဘော့စ်လျို့က စိတ်ထဲ မထားပါ။ သူ့စီးကရက်ကို ပြန်သိမ်းထားလိုက်ပါသည်။

"ဘော့စ်လီ ဒါက ခင်ဗျား ရင်းနှီးမြှုပ်နှံချင်တဲ့ နေရာလား" ဘော့စ်လျို့က ဘေးပတ်လည်ကို ကြည့်လိုက်သည်။ "ဒီနေရာက... သာမန် ကဖေးတစ်ခုလိုပဲနော်။”

သူ တွန့်ဆုတ်နေကာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေပါသည်။ "ဒါပေမယ့် ကွန်ပျူတာအတန်းတွေလည်းရှိတယ်။ ဒါ ဘာသဘောလဲ။"

လီရှိက ကော်ဖီသောက်ကာ အနည်းငယ်ပြုံးလျက် ပြန်ဖြေလိုက်၏။ "ဘော့စ်လျို့ ခင်ဗျား နားမလည်လို့ပါ။ ဒီနေရာရဲ့ ဘော့စ်က ကျုပ်တို့ခေတ်ကို လွန်ပြီးတော့တောင် အမြော်အမြင် အရမ်းရှိတယ်။ ကျွန်တော့်အတွက်တော့ ဒီနေရာက အင်တာနက်ကဖေးပဲဖြစ်ဖြစ်၊ ဘားဖြစ်ဖြစ်၊ ကဖေးဖြစ်ဖြစ် အရမ်းထူးခြားပြီး အလားအလာရှိမယ့်နေရာတစ်ခုပဲ။"

"ကံမကောင်းစွာနဲ့ ဘာကြောင့်မှန်းမသိဘဲ ဒီနေရာရဲ့ဘော့စ်က အဲ့ဒီလုပ်ငန်းတွေအကုန်လုံးကို တစ်ဆိုင်တည်းအဖြစ် ပေါင်းလိုက်တယ်။ အခုတော့ လုပ်ငန်းတွေက တစ်ခုကို တစ်ခု နှောင့်နှေးစေနေပြီ။ အဲ့တာကြောင့် ဒီနေရာကြီးက အေးစက်ပြီး ခြောက်ကပ်နေတာပေါ့။”

လီရှိက ဒီအချိန်တောအတွင်း ယွီအင်တာနက်ကဖေးအကြောင်းကို သူ လေ့လာခဲ့သမျှ ပြန်ပြောပြလိုက်ပါသည်။ ချန်းလျဲ့ရှိစဥ်က ယွီအင်တာနက်ကဖေးက ဘယ်လိုအခြေအနေရှိကြောင်းကိုပါ ပြောပြလိုက်ပါသည်။

"ဒါပေမယ့် အဲ့အဆိုတော် ထွက်သွားတော့ အဆိုတော်အသစ်က သူ့လောက် ရေပန်းမစားဘူးလေ။ ဒီက လူအုပ်က တဖြည်းဖြည်းနဲ့ ကျဲလာပြီ။ အခုတော့ အရင်တုန်းကလိုပဲ အသက်မဲ့နေတဲ့ ဆိုင်ပြန်ဖြစ်သွားပြီ။ ဒါပေမယ့် ဒီနေရာအပေါ် ကျုပ်ရဲ့ အကဲဖြတ်မှုကတော့ မပြောင်းလဲဘူးဗျ။ အနည်းဆုံး ဒီအင်တာနက်ကဖေး လျှောက်လှမ်းနေတဲ့ အဆင့်မြင့်လမ်းက အင်တာနက်ကဖေးတွေရဲ့ အနာဂတ် ဖြစ်လာနိုင်တယ်။”

လီရှိ၏ စကားလုံးများကို နားထောင်ပြီးနောက် ဘော့စ်လျို့က အနည်းငယ် ခေါင်းငြိမ့်လိုက်ပါသည်။

"ဒီတော့ ခင်ဗျားက ဒီမှာ ရင်းနှီးမြှုပ်နှံချင်တယ် ဆိုပါတော့"

လီရှိက ကော်ဖီကို ထပ်သောက်လိုက်ကာ ယုံကြည်ချက် ပြည့်ဝနေပုံပေါ်ပါသည်။ "ဟုတ်တယ်။ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်လို့ ကျုပ်မှာ အလိုလိုသိစိတ်ရှိရမယ်။ ဘော့စ်လျို့ ခင်ဗျားက အိမ်ရာစျေးကွက်မှာ အလုပ်လုပ်တာ မဟုတ်လား။ ယွီအင်တာနက်ကဖေးရဲ့ အဆင့်မြင့်မော်ဒယ်က မှန်ကန်တဲ့ တည်နေရာမှာသာ ဖွင့်မယ်ဆိုရင် ရေပန်းစားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အဲ့တာကြောင့် ခင်ဗျားကို ဒီနေ့ ဒီကို ခေါ်လိုက်ရတာပါ။ အဲ့အကြောင်း ပြောချင်လို့လေ။"

ဘော့စ်လျို့က ခေတ္တ စဥ်းစားကြည့်လိုက်ပြီးနောက် လီရှိပြောချင်သည့် အဓိကအချက်ကို နားလည်သွားပါသည်။ "အင်း ဟုတ်ပါတယ်။ ဒီနေရာ မြတ်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အများကြီး ခြားနားမသွားနိုင်ပါဘူး။ ဒါပေမယ့် ဒီဝန်းကျင်ထဲက အိမ်ရာစျေးတွေကို မြှင့်တင်ဖို့ သူ့ရဲ့ အဆင့်မြင့်ဝန်ဆောင်မှုတွေကို အသုံးချတာတော့ အကြံကောင်းပဲ။"

"ဒီနေရာရဲ့ ဘော့စ်နဲ့ စကားပြောပြီးပြီလား" လီရှိက ခေါင်းခါလိုက်သည်။ "မပြောရသေးဘူး။ သင့်တော်မယ့်အချိန်ကို ကျုပ်စောင့်နေတာ။ ဒီနေရာက ၂ လ ၃ လလောက်ပဲ ဖွင့်ရသေးတာလေ။ ဘောစ့်က ငွေလိုနေတဲ့လူမျိုး မဟုတ်ဘူးထင်တယ်။ ပြီးတော့ သူ ဒါတွေလုပ်နေတဲ့ ပုံစံကိုကြည့်ခြင်းအားဖြင့် တော်တော် ခေါင်းမာမယ့်လူလည်း ဖြစ်လောက်တယ်။ ကျွန်တော်တို့ အထင်အမြင်တွေကို နားထောင်မယ် မထင်ဘူး။"

"ကျွန်တော်သိထားသလောက်တော့ ဒီနေရာကြီး အရှုံးပေါ်နေတာတောင် ဘော့စ်က ငွေတွေ ထပ်လောင်းထည့်နေတုန်းပဲ။ ကျင်ကျိုး မြို့မှာ ဆိုင်ခွဲ ၃ ဆိုင် ၄ ဆိုင်လောက် ထပ်ဖွင့်သေးတယ်။ အဲ့လောက် ခေါင်းမာတဲ့လူမျိုးဆိုတာ တကယ့်ရှားပါးပဲ။"

"ဟုတ်ပါတယ်။ ကျုပ် သူ့ကို အနီးကပ်တော့ မလေ့လာကြည့်ရသေးပါဘူး။ ဒီအချိန်တောအတွင်း ကျုပ်ကြားသမျှမြင်သမျှတွေကို ပေါင်းပြီး ခန့်မှန်းကြည့်လိုက်တာပါ။"

ဘော့စ်လျို့က အနည်းငယ် ခေါင်းငြိမ့်ကာ သဘောတူညီမှုကို ပြသလိုက်ပါသည်။

ဒီလူ့ကို ဒီလိုထူးခြားသည့် နေရာမျိုး ဖန်တီးဖို့အတွက် ၃ သန်း ၄ သန်းလောက် မသုံးဖို့ လူများစွာက ကြိုးစားတားဆီးခဲ့ကြလောက်သည်။ သို့သော်လည်း ဒီဆိုင်ကြီးကတော့ ဆက်လက် တည်မြဲနေဆဲ ဖြစ်သည်။ ထို့အပြင် တစ်ဆိုင်မက ရှိပေသည်။ ဒီသက်သေတွေအားလုံးက ဒီနေရာ၏ ဘော့စ်မှာ ငွေချို့တဲ့သူ မဟုတ်ကြောင်း ပြသနေပါသည်။ ထို့အပြင် ထင်တိုင်းကြဲသော အပြုအမူမျိုးဖြင့် လုပ်တတ်သူ ဖြစ်လောက်သည်။

မဟုတ်ပါက ဒါမျိုးကို လုပ်မှာ မဟုတ်ပါ။

လီရှိက ဆက်ပြောသည်။ "အဲ့တော့ ကျုပ် အခု သူ့ကို စကားသွားပြောရင် အငြင်းခံရနိုင်တယ်။ ဘော့စ်က ကျုပ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို သေချာပေါက် လက်ခံမှာ မဟုတ်ဘူး။ ကျုပ်တော် ဆက်စောင့်ချင်သေးတယ်။ ဒီဆိုင် ဆက်ပြီး အခြေအနေ ဆိုးရွားမှာကို ဆက်စောင့်ချင်သေးတယ်။ ဆိုင်ခွဲတွေပါ အကုန်အရှုံးပေါ်တဲ့အထိ စောင့်မယ်။ ဘော့စ်က သူ့ကိုယ်သူ သံသယဖြစ်လာပြီး ပြောင်းလဲဖို့ စီစဥ်လာတဲ့အခါကျမှ..."

"ကျုပ် ကူညီတဲ့အနေနဲ့ ငွေတွေ အများကြီး ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းလိုက်မယ်။ ပြိးရင် ဒီနေရာကြီးအတွက် ရှယ်ယာဝင်နေရာကို စနစ်တကျ ယူလိုက်မယ်။ အဲ့အချိန်ကျရင် ဘော့စ်လျို့နဲ့ ကျုပ်တို့ ပူးပေါင်းဖို့ စကားပြောနိုင်ပြီပေါ့။”

ဘော့စ်လျို့က ကမ်းလှမ်းချက်ကို ငြင်းလည်း မငြင်း လက်လည်း မခံဘဲ ရယ်သာ ရယ်မောလိုက်ပါသည်။ "အစီအစဥ်ချတာ ကောင်းသားပဲ ဘော့စ်လီ။ ဒါပေမယ့် ကျုပ်တို့ ဒီလုပ်ငန်းမော်ဒယ်ကို အကြာကြီး စောင့်ကြည့်ရမယ်ထင်တယ်။”

"ဘော့စ်လီ နားလည်မှုမလွဲပါနဲ့။ ကျုပ်က အချောင်သမား မဟုတ်ပါဘူး။ နည်းနည်းလေး သတိရှိရုံပါ။ ကျုပ်က ခင်ဗျားတို့လို ရင်းနှီးမြှုပ်နှံသူတွေ မဟုတ်ဘူးဗျ။ အနာဂတ်ကို ဘယ်လို မျှော်တွေးကြည့်ရမှန်းလည်း မသိဘူး။ ဘော့စ်လီရဲ့ ပန်းတိုင်ကို အောင်မြင်ပြီဆိုရင် ကျုပ် ဒီကိစ္စကို ဆွေးနွေးပေးမှာပါ။”

"ကျုပ်တို့ အားလုံးသိပါတယ်။ ဘော့စ်လီ ခင်ဗျား မအောင်မြင်နိုင်ဘူးဆိုတာ။ အဲ့ကျရင် တခြား တစ်ယောက်ယောက်က ကျုပ်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ မျှော်လင့်နေလောက်တယ်။”

လီရှိက ပြုံးလိုက်ကာ ကော်ဖီကိုထပ်သောက်လိုက်ပါသည်။ "စိတ်မပူပါနဲ့ ဘော့စ်လျို့။ ဒီနေရာရဲ့ ဘော့စ်က ကျုပ်ကို ငြင်းဖန်ု့ အကြောင်းအရင်းရှိမှာ မဟုတ်ဘူးလို့ ကျုပ်တော့ ထင်တယ်။”

ဇွန်လ ၁၈ ရက်နေ့...

ထန်းတာ့၏ ဂိမ်းဟောင်းမျာားကို တစ်ချိန်တည်းမှာပဲ အပ်ဒိတ် တင်လိုက်ပါသည်။

ဒီအချိန်ကို စောင့်နေခဲ့ရသည့် လူများအကြား စိတ်လှုပ်ရှားမှုများစွာ ဖြစ်ပေါ်လာခဲ့သည်။ DLC ကို ဝယ်ချင်သည့်လူတွေက ဝယ်ကြပြီး Epic လက်နက်ကို ဝယ်ဖို့ ကြိုးစားနေသူတွေကလည်း လက်နက်ကို ဝယ်ကြပါသည်။ ဒီလူတွေက ထန်းတာ့က အရမ်းသဘောကောင်းတာပဲဟု အော်ရင်း ဝယ်ယူနေကြခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် Forum ပေါ်၌ Paywall များဖြင့် ဂိမ်းပေါင်းစုံကို ဆဲဆိုနေကြသည်။

ဖေးချမ့် Forum များကို ကြည့်ရှုသောအခါ ပလက်ဖောင်းပေါ်က ဂဏန်းများကို စောင့်ကြည့်ထား၏။ သူတို့ DLC များကို ရောင်းချနေသည့် နှုန်းက သူ့ကိုချောက်ချားလာစေသည်။

အထူးသဖြင့် သမုဒ္ဒရာရဲတိုက်၏ Barrett Doom အလက် ၅၀၀ ဖြစ်သည်။ အနည်းဆုံးတော့ တစ်ရက်လောက် ခံလိမ့်မည်ဟု ဖေးချမ့် ထင်ထားခဲ့၏။ သို့သော်အခြေအနေကို ကြည့်ရသလောက်တော့ ၁ နာရီတောင် ခံမည့်ပုံမပေါ်ပါ။

ကစားသမားများကလည်း အကန့်အသတ်ဖြင့် ရောင်းချသည့် Barrett Doom က လျှပ်စီးလို အမြန်နှုန်းဖြင့် ရောင်းထွက်နေမှန်း မြင်သောကြောင့် ဝယ်ဖို့ စဥ်းစားနေသည့် လူများစွာက ချက်ချင်းပဲ ဝယ်ယူလိုက်ကြပါသည်။

ဖန်သားပြင်ပေါ်က အမြန်တိုးမြင့်နေသော အရေအတွက်များကြောင့် ဖေးချမ့် ရင်ခုန်သံ မြန်ဆန်လာသော်လည်း သေသေချာချာ တွက်ချက်ကြည့်လိုက်သောအခါ အားလုံးက သူ့အစီအစဥ်အတိုင်းပဲဖြစ်နေကြောင်း ဖေးချမ့် စိတ်ချသွားရပါသည်။

ငွေစာရင်းရှင်းချိန်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရပြီးနောက် ဖေးချမ့်က စနစ်၏ စည်းမျဥ်းစည်းကမ်းများကို ပိုပိုပြီး ရှင်းရှင်းလင်းလင်း နားလည်လာပါသည်။ အရှုံးပေါ်နိုင်ဖို့အတွက်ဆို ကုမ္ပဏီကို ဒေဝါလီ ခံသွားအောင် လုပ်ဖို့ မလိုပါ။ ကုမ္ပဏီကို တည်ငြိမ်နေအောင်လည်း လုပ်ဖို့ မလိုအပ်ပါ။

ငွေစာရင်းရှင်းချိန် မရောက်ခင် အချက်နှစ်ချက်ကိုပဲ ဆောင်ရွက်ထားဖို့ လိုအပ်သည်။ ဒါဆို အရှုံးပေါ်ပြီး သူ့ကိုယ်ပိုင်စည်းစိမ်ထဲ ရောက်လာမှာ သေချာသည်။

ပထမတစ်ခုက ငွေစာရင်းရှင်းချိန်ရောက်သည့်အခါ သူ့စနစ်ရန်ပုံငွေထဲက ငွေပမာဏက အစတုန်းက ရှိခဲ့တာထက် ပိုနိမ့်နေဖို့ လိုအပ်သည်။ ဒုတိယတစ်ခုက ငွေစာရင်းရှင်းချိန်ရောက်ဖို့ တစ်ပတ်အလိုတွင် မကြေညာထားသည့် ထုတ်ကုန်များ ရှိလို့ မရပါ။

စနစ်ရန်ပုံငွေကို ငွေစာရင်းရှင်းချိန် အသုတ်တိုင်းမှာ ဖြည့်သွင်းပေးသွားမည်။ ဟိုးအရင်အစတုန်းကလို ယွမ် ၅၀,၀၀၀ လောက်ပဲဖြစ်ဖြစ် အခုလို ယွမ် ၅ သန်းပဲဖြစ်ဖြစ် စနစ်က ကျရှုံးမှုမရှိဘဲ စနစ်ရန်ပုံငွေကို ဆက်လက် ဖြည့်သွင်းသွားလိမ့်မည်။ စနစ်က သူ့ကို ငွေများ အခမဲ့ပေးနေတာ ဖြစ်သဖြင့် ဖေးချမ့် ငြင်းစရာ အကြောင်း မရှိပါ။

ဒီငွေစာရင်းရှင်းချိန်အတွက် စနစ်ရန်ပုံငွေထဲ ယွမ် ၅ သန်းအောက် လျော့နည်းနေအောင် ဖေးချမ့် သေချာပေါက် လုပ်ရမည်။ သူ ပြောင်းလဲနိုင်သည့် ငွေပမာဏက သူ ဘယ်လောက် အရှုံးပေါ်လဲဆိုတာပေါ်မှာ မူတည်နေပါသည်။

ငွေစာရင်းရှင်းပြီးနောက် ဂိမ်းများက ဝင်ငွေများ ဆက်ရှိိနေဦးမည်။ စနစ်ကလည်း ရန်ပုံငွေများကို ထပ်ဖြည့်သွင်းပေးနေဦးမည်။ ကုမ္ပဏီက ရန်ပုံငွေကုန်သွားမှာ မဟုတ်ပါ။ သူတို့ ဖန်တီးသင့်တာကို ဖန်တီးပြီး တိုးချဲ့သင့်တာကို တိုးချဲ့သွားရမည်။ စနစ်က သူတို့လုပ်ငန်း လည်ပတ်တာကို သက်ရောက်မှု ရှိစေမှာ မဟုတ်ပါ။

ထို့အပြင် စနစ်ရန်ပုံငွေကို ဝန်ထမ်းများအတွက် သို့မဟုတ် ဂိမ်းဖန်တီးဖို့အတွက် အသုံးပြုရမည်။ ဖေးချမ့် ဒီတိုင်း ငွေကို လွှင့်ပစ်လိုက်လို့ရတာမျိုး မဟုတ်ပါ။

အခု ဖေးချမ့်က ဘယ်ပရောဂျက်များ ငွေဝင်နေနေ မဝင်နေနေ ဂရုမစိုက်တော့ပါ။ ဒီတစ်ခေါက် DLC ကို နမူနာ ယူကြည့်လိုက်ပါ။ လူထုကို လှည့်ဖြားဖို့အတွက်သာ ဒါတွေကို ထုတ်လုပ်ဖို့ သဘောတူလိုက်ခြင်း ဖြစ်သည်။ ဒါတွေက သေချာပေါက် အမြတ်ရလာမှာကို သူ သိပါသည်။ သို့သော်လည်း သူလုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။

အရေးမကြီးပါ။ တခြား ပရောဂျက်များတွင် အရှုံးပေါ်ကာ စနစ်ရန်ပုံငွေထဲ ၅ သန်းအောက် လျော့နည်းနေသေးသရွေ့ ငွေစာရင်းရှင်းချိန်တွင် အနှစ်ချုပ်အားဖြင့် အရှုံးပေါ်နိုင်မည်ဖြစ်သည်။ သူ ကြိုးစားပမ်းစား ရှာဖွေထားသည့် ပိုက်ဆံအားလုံး ဆုံးရှုံးဖို့ မလိုအပ်ပါ။

ယခု အားလုံးက ဖေးချမ့်၏ အစီအစဥ်အတိုင်းပဲ ဖြစ်နေပါသည်။ နောက်ဆုံးပရောဂျက်ဖြစ်သည့် ယွီသရေစာပင် ပြီးမြောက်သွားပါပြီ။ လောလောဆယ် ဘယ်သူမှ မသုံးသေးသော်လည်း လည်ပတ်နေပြီဟု သတ်မှတ်နိုင်သည်။ မကြေညာရသေးသော ထုတ်ကုန်ဟု သတ်မှတ်လို့ မရပါ။

အားလုံးအစီအစဥ်တကျပင်။ ဖေးချမ့် စိတ်ကောင်းဝင်နေ၏။ ကစားသမားတွေ သူ့ကိုဘယ်လိုချီးကျူးဦးမလဲဆိုတာကို မြင်ဖို့ အသင့်ဖြစ်နေပါပြီ။

အေးအေးဆေးဆေးပဲ Fourm တစ်ခုကို ဖွင့်ကြည့်လိုက်ပါသည်။

"နောက်ဆုံးတော့ တစ္ဆေစစ်သူကြီး အပ်ဒိတ် တင်ပြီကွ။ ကျေးဇူးပဲဟေ့။ ပြီးတော့ စစ်သူကြီးတွေ အများကြီး ထည့်ထားသေးတယ်။ ငါတို့ ၆ လလောက်တော့ ထပ်ကစားလို့ရပြီ။"

နောက်ထပ် Forum တစ်ခုကို ဖွင့်ကြည့်လိုက်ပါသည်။

"ဂိမ်းဒီဇိုင်နာရဲ့ အပ်ဒိတ် က ကြယ်ငါးလုံးနဲ့ ထိုက်တန်ပါတယ်ကွာ။ နောက်ခံစကားပြောအသစ်နဲ့ ဇာတ်ဝင်ခန်းတွေက အရမ်းလှပတာပဲ။"

နောက်တစ်ခု...

"အထီးကျန်ကန္တာရလမ်းလို ဂိမ်းမျိုးကို ဘာတွေ အပ်ဒိတ် တင်စရာ ရှိမှာလဲ။ သူတို့ ၁ ယွမ် နဲ့ပဲ ရောင်းချတာမလား။ ငါငိုနေပါပြီ။ ငါအဲ့ဂိမ်းကို မကစားပေမယ့် အပ်ဒိတ်ကို ဝယ်လိုက်မယ်။ ထန်းတာ့က အရမ်းတော်တယ်လို့ပဲ ပြောချင်တယ်--"

နောက်ဆုံးတစ်ခု..

"သောက်သုံးမကျတဲ့ အစီအစဥ် မင်းမေသေပြီသာမှတ်"

"ခွေးသူတောင်းစား ဒီလောက် ကောင်းတဲ့ Epic လက်နက်ကို ထည့်ထားပြီး အလက် ၅၀၀ ပဲ ဝယ်လို့ရအောင် လုပ်ထားတယ်။ Epic လက်နက်တစ်ခုကို ဝယ်ဖို့အတွက်နဲ့ ငါ အလုပ်ကနေ တကူးတက ခွင့်ယူပြီး အင်တာနက်ကဖေးဆိုင်ကို သွားခဲ့ရတာ။ အခုတော့ ဒီတစ်လအတွက် လက်နက်ရောင်းကုန်သွားပြီလို့ ပြောလိုက်တာလား။"

"Barrett Doom တစ်လက် ရလိုက်တဲ့အကောင့်တွေကို ကျေးဇူးပြုပြီး အသိအမှတ်ပြုကြပါ။"

"Like တစ်ခု နှိပ်တိုင်း ထန်းတာ့ရဲ့ ဘော့စ် ၁ စင်တီမီတာ တိုသွားမယ်။"

"မအေပေး များများ ရောင်းပေးစမ်းပါ။ နောက်လအထိ မစောင့်နိုင်ဘူးကွ။"

ဖေးချမ့် တိုးတိတ်စွာဖြင့် သမုဒ္ဒရာရဲတိုက်၏ ကောမန့်များကို ပိတ်လိုက်ပါသည်။ ဟင်းဟင်း... အဲက အခြေအနေကတော့ နည်းနည်းထူးခြားတဲ့ပုံပဲ။

ကိစ္စမရှိပါဘူး။ မင်းတို့ ဆက်ဆဲကြဆိုကြလို့ရတယ်။ မင်းတို့ ဒီတစ်ခေါက် ငွေစာရင်းရှင်းချိန်မတိုင်ခင် ငါ့ကို ငွေတွေ ပစ်မပေးသေးသရွေ့ မင်းတို့ကို ညီအစ်ကိုတွေလိုပဲ သတ်မှတ်ထားတယ်။

All Chapters