← Chapters

အမြတ်ငွေဝေစု ပြောင်းလဲမှု

Vol. 12 Ch. 167

အမြတ်ငွေဝေစု ပြောင်းလဲမှု

Vol. 12 Ch. 167

ဇွန်လ ၂၀ ရက်နေ့...

ဇူလိုင်လ အလယ်ပိုင်းကစ၍ နွေရာသီအားလပ်ရက်များ စတင်တော့မည်။ စာမေးပွဲ ရက်သတ္တပတ်များသို့ ဝင်ရောက်တော့မည်ဖြစ်သဖြင့် ဖေးချမ့်လည်း သူ့ကျောင်းစာများကို အမှီလိုက်ဖို့ အချိန်နည်းနည်း ယူခဲ့ရပါသည်။ စာမေးပွဲတွေက သူ့အတွက် မခက်ခဲသော်လည်း ဖေးချမ့် တစ်ညလုံး မအိပ်ဘဲ စာကြည့်ခဲ့ရပါသေးသည်။

ထို့ကြောင့် မာယန်က ဖေးချမ့်ကို အလွန်လေးစားသွားပါသည်။

မာယန်က ယွီအင်တာနက်ကဖေးနဲ့ ယွီသရေစာတို့ကို စီမံပေးပြီး ကျောင်းမှာလည်း စိတ်ပါဝင်စားစွာ စာနားထောင်နိုင်သည်။ စာမေးပွဲမှာ အမှတ်အများကြီး မရနိုင်သော်လည်း အောင်ဖို့ကတော့ အလွယ်လေး ဖြစ်ပါသည်။

တစ်ခါတစ်လေ ကိစ္စများစွာကို တစ်ယောက်တည်း ကိုင်တွယ်နိုင်ခြင်းမှာ အလွန်စွမ်းအားကြီးသည့် အစွမ်းအစဖြစ်သည်။

အခုချိန်ထိ ဖေးချမ့်၏ သရုပ်မှန်ကို ဖော်မပြသေးပါ။ သူက အဆောင်ကို မပြန်သလောက် ရှားပါးပြီး ဘယ်သူ့မှ သူ့ကို သိပ်မမြင်ကြသော်လည်း တက္ကသိုလ်မှာ ကျောင်းသားအများစုက ဒီလိုပဲဖြစ်သည်။ ထူးဆန်းတာ မဟုတ်ပါ။

မာယန်တစ်ယောက်တည်းသာ သူ့အကြောင်းကို သိထားသည်။ သူက သေသေချာချာ လျှို့ဝှက်ပေးထားပြီး သူ့အတန်းဖော် ဘယ်သူကမှလည်း ဒီအကြောင်းကို တကူးတက မေးမြန်းခြင်း မရှိပါ။

ဖေးချမ့် ကျောင်းသွားတိုင်း သူ့အငှားတိုက်ခန်းကို ပြန်ကာ သာမန်အဝတ်အစားများ သွားပြန်လဲသည်။ ဘယ်သူမှ သံသယ မဖြစ်ကြပေ။

တစ်ဖက်မှာတော့ မာယန်က ပိုပိုပြီး စျေးကြီးသည့် အဝတ်အစားများကို ဝတ်လာသည်။ သူ အသုံးပြုသည့် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကလည်း ပိုပိုပြီး အဆင့်မြင့်လာခဲ့သည်။ အတန်းဖော်များစွာက အတွေးမှားကုန်ကြသည်။ ဧကန္တ မာယန်တို့မိသားစု မကြာသေးခင်ကမှ ထီပေါက်ထားတာလားဟူ၍ ဖြစ်သည်။

မာယန်က အာရုံစိုက်မှုများစွာကို ခံရသော်လည်း ဖေးချမ့်ကတော့ ကျောင်းမှာ သာမန် ကျောင်းသားတစ်ယောက်လိုပဲ နေရတာကို ဝမ်းသာနေပါသည်။

အမှန်ပင်။ သူ့အတန်းဖော်နဲ့ မိဘများကို အကြာကြီး ဖုံးကွယ်ထားလို့ မရတာကိုတော့ ဖေးချမ့် သိပါသည်။ သို့သော်လည်း သူ့ကိုယ်သူ ဖော်ထုတ်ဖို့ ယခု ဖိအား မရှိသေးပါ။ သာမန်လူတစ်ယောက်အနေနဲ့သာ တခြားသူတွေနဲ့ ဆက်ဆံတာ ပိုကောင်းသည်ဟု ထင်မိသည်။

သို့သော်လည်း စာသင်နှစ်ကုန် စာမေးပွဲများ နီးကပ်လာသောအခါ ဖေးချမ့်က စာပြန်နွှေးရင်း ကုမ္ပဏီကိုလည်း စောင့်ကြည့်နေရသေးသည်။ သူ အတော်လေး ကျေနပ်မိပါသည်။

ကိုယ်တိုင်စာပြန်လေ့လာနေသည့်အခန်းတွင်....

ဖေးချမ့်က သူ ငှားရမ်းထားသည့် မိတ္တူ မှတ်စုများကို အတင်းကျက်မှတ်နေပြီး သူ့ဆဲလ်ဖုန်းကိုလည်း မကြာခဏ စစ်ကြည့်နေသည်။

အွန်လိုင်းပေါ်မှာ ဘာတွေဖြစ်နေသလဲ ဆက်တိုက် စောင့်ကြည့်မနေနိုင်သော်လည်း လုမင်လျန်ကို အနှစ်ချုပ်ခိုင်းပြီး သက်ဆိုင်ရာ အချက်အလက်များကို ဘယ်အချိန်မှာ ပို့ပေးဟူ၍ ခိုင်းစေနိုင်ပါသည်။

"ဘော့စ်ဖေး Amusement Timesက ကျွန်တော်တို့ရဲ့ DLCတွေအကြောင်း သတင်းတင်ပြထားတယ်။ ကျွန်တော်တို့ကုမ္ပဏီက စစ်မှန်ပြီး စေတနာကောင်းတဲ့ ပြည်တွင်းဂိမ်းကုမ္ပဏီဆိုပြီး ချီးကျူးနေကြပါတယ်။ တုန့်ပြန်မှုတွေက တော်တော်လေး ကောင်းမွန်ပါတယ်။"

ဖေးချမ့်က သူ့ဖုန်းကိုကြည့်လိုက်ပြီး ပြန်ချလိုက်ပါသည်။

Amusement Times က ထန်းတာ့အကြောင်း ပထမဆုံး တင်ပြဖူးသည့် ဂိမ်းမီဒီယာ ဖြစ်သည်။ ဒီလို ထန်းတာ့၏ လတ်တလော အောင်မြင်မှုကို ရေသာခိုလိုက်ပါချင်သည့် ဒီလိုသတင်းမျိုးအား ဖေးချမ့် မျှော်လင့်ထားပြီးသား ဖြစ်သည်။ ကြီးကြီးမားမား သက်ရောက်မှုလည်း ရှိမှာ မဟုတ်ပေ။

"ဘော့စ်ဖေး ကျွန်တော်တို့ DLC တွေ ထုတ်လုပ်လိုက်ပြီဆိုတဲ့ သတင်းတွေက Weibo ပေါ်မှာ ပွက်လောရိုက်သွားတယ်။ ကစားသမားတော်တော်များများက အဲ့ကိစ္စကို ဆွေးနွေးနေကြပါတယ်။"

ဒါလည်း ပြဿနာ ကြီးကြီးမားမား မဟုတ်ပေ။ ထိပ်တန်းရှာဖွေမှုတစ်ခုဆိုတာ မြန်မြန်ပေါ်လာတတ်ပြီး မြန်မြန် ပျောက်သွားတတ်သော အရာ ဖြစ်ပါသည်။ ငွေဖြင့် ဝယ်ယူနိုင်သော အရာလည်း ဖြစ်သည်။ ဖေးချမ့် စိတ်မပူပါ။

"ဘော့စ်ဖေး မှောင်ခိုစျေးအရ Barrett Doom ရသွားတဲ့ အကောင့်တွေက အနည်းဆုံး ယွမ် ၂,၀၀၀ နဲ့ ပြန်ရောင်းနေကြပါတယ်တဲ့..."

သြော်... ဒါလည်း နားလည်ပေးလို့ ရပါတယ်။ လူတော်တော်များများက နောက်လလည်း ဝယ်နိုင်မှာ မဟုတ်ဘူး။ သူတို့ အခု ဝယ်လိုက်ရင် ၁၀ ရက်လောက် ပျော်ပျော်ကြီး ကစားလို့ ရတာပေါ့။

အဲ့အကောင့်တွေကို သွားဝယ်လိုက်စမ်းပါ။ အကန့်အသတ်က တစ်လကို လက်နက် ၅၀၀ပဲလို့ ငါပြောပြီးသား။ တစ်လက်တောင် ပိုမရောင်းနိုင်ဘူးကွ။

"ဘော့စ်ဖေး အိုင်လီကျွန်းက ကျွန်တော်တို့ ဂိမ်းတွေအတွက် အထူးသီးသန့်ဇုန်လေးတစ်ခု လုပ်ပေးထားပါတယ်။"

"ဘော့စ်ဖေး ဂိမ်းပရိုဂျူဆာတစ်ယောက်က Weibo ပေါ် တက်လာပြီး ကျွန်တော်တို့ စျေးကွက် အခြေအနေတွေကို ဖျက်ဆီးလို့ဆိုပြီး ဝေဖန်လာပါတယ်။ ဒါပေမယ့် သူ့ကို ကစားသမားတွေက ကြမ်းကြမ်းတမ်းတမ်း ပြန်ဝေဖန်လိုက်တယ်။"

"ဘော့စ်ဖေး ESRO ဂိမ်းပလောက်ဖောင်းက ကျွန်တော်တို့ ဂိမ်းတွေမှာ အထူး အိုင်တမ်တစ်ခု လုပ်ပေးထားတယ်။ အခု သူတို့ရဲ့ ထောက်ခံချက်အကန့်ရဲ့ မျက်နှာစာ စာမျက်နှာမှာ ကျွန်တော်တို့ ဂိမ်းတွေကို တင်ပေးထားတယ်။ နောက်ရက်အနည်းငယ်အတွင်း ကျွန်တော်တို့ ဂိမ်းတွေနဲ့ DLC တွေ နောက်တစ်ခေါက် ရောင်းအား ထပ်တက်လာဦးမယ်ထင်တယ်။"

ထိုမက်ဆေ့ချ်ကိုမြင်သောအခါ ဖေးချမ့်၏ လက်များ ဒေါသဖြင့် လှုပ်ခါလာသည်။

တရားဝင်ဂိမ်းပလက်ဖောင်းတွေက ပြဿနာရှာပြန်ပြီ။

အရင်တစ်ခေါက် ဂိမ်းဒီဇိုင်နာအတွက် ရှေ့မျက်နှာစာ ထောက်ခံချက်ကတောင် ဖေးချမ့်အတွက် အနည်းငယ် သည်းမခံနိုင်စရာ ဖြစ်နေပြီ။ ဒီတစ်ခေါက် သူတို့ တကယ်ကြီး ဂိမ်းတွေအားလုံးကို ရှေ့မျက်နှာစာမှာ တင်ထားလိုက်တယ်တဲ့လား။

စိတ်အေးအေးထား စိတ်အေးအေးထား...

ဖေးချမ့် အသက်ဝဝရှူလိုက်ပြီး သူ့ကိုယ်သူ စိတ်အေးအေး ထားခိုင်းလိုက်ပါသည်။ အရင်တစ်ခေါက် အတွေ့အကြုံအရဆို ဒီရှေ့မျက်နှာစာ ထောက်ခံချက်က သက်ရောက်မှု တစ်ခုအထိ ရှိနိုင်သော်လည်း လက်ခံနိုင်သော အတိုင်းအတာ အတွင်းမှာပဲ ရှိပါသည်။

ဖေးချမ့်က မတော်မတရား သုံးဖြုန်းဖို့ အခွင့်အရေး ရှိသေးသည်။ ထို့အပြင် ထောက်ခံချက်က အခုမှတက်လာတာ ဖြစ်သောကြောင့် နောက်တစ်ပတ်အတွင်း ကြီးကြီးမားမား တိုးမြင့်မှု ရှိဦးမှာ မဟုတ်ပါ။ နောက်တစ်ပတ်ကျော် ရောင်းအားများ ပေါက်လာသည့်အခါ ငွေစာရင်းရှင်းချိန်လည်း ပြီးဆုံးသွားလောက်ပြီ ဖြစ်ကာ ပြဿနာကြီးကြီးမားမား မရှိလောက်ပေ။

"ဘော့စ်ဖေး ပြီးတော့ တရားဝင်ဂိမ်းပလက်ဖောင်းက ကျွန်တော်တို့ ကုမ္ပဏီကို ဂိမ်းလောကတစ်ခုလုံးအတွက် စံပြမော်ဒယ်လို့ သတ်မှတ်လိုက်ပြီ။ သူတို့ အစွမ်းကုန်ကြိုးစားပြီး ကျွန်တော်တို့ကို ထောက်ခံပေးဖို့ ကူညီပါမယ်တဲ့။"

ဖေးချမ့် စိတ်ရှုပ်သွား၏။ သူတို့က အစွမ်းကုန်ကြိုးစားပြီး ကူညီထောက်ခံပေးမယ်တဲ့လား။ ဟိုနားဒီနားမှာ ရှေ့မျက်နှာစာ ထောက်ခံချက်ပေးတာနဲ့တင် အတော်လေး လုံလောက်နေပါပြီ။ ဘယ်ဂိမ်းကုမ္ပဏီတွေက ဒီလိုအကျိုးခံစားခွင့်မျိုး ရမှာလဲ။

အစွမ်းကုန်ကြိုးစားပြီး ထောက်ခံပေးဖို့ သူတို့ တခြားဘာလုပ်နိုင်ဦးမှာလဲ။

"ဘော့စ်ဖေး တရားဝင်ဂိမ်းပလက်ဖောင်းက ကျွန်တော်တို့ကို ကြိုအသိပေးထားပြီးပါပြီ။ ကျွန်တော်တို့ကို ဂိမ်းဒီဇိုင်းတွေ ဆက်ဆွဲဖို့အတွက် ရန်ပုံငွေ လုံလုံလောက်လောက်ရှိဖို့ သူတို့ နဂို အမြတ်ငွေ ခွဲဝေမှု ၅၀-၅၀ နှုန်းထားကို ၇၀-၃၀ အဖြစ် ပြောင်းလဲလိုက်ပြီး ကျွန်တော်တို့က ၇၀ ရာခိုင်နှုန်းတောင် ရမှာပါခင်ဗျ။"

"အဲ့ဒီ အကျိုးခံစားခွင့်က အရမ်းနာမည်ရှိတဲ့ ဂိမ်းကုမ္ပဏီ သို့မဟုတ် ကြီးမားပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဂိမ်းကုမ္ပဏီကြီးတွေအတွက်ပဲ သတ်မှတ်ပေးတာတဲ့။ စံပြမော်ဒယ်လို့ သတ်မှတ်ခံထားရသူတွေပဲ ဒီအကျိုးခံစားခွင့်ကို ရကြတာ။ ဒါ ကျွန်တော်တို့ ဂိမ်းတွေကို တရားဝင် ဂိမ်းပလက်ဖောင်းက ဘယ်လောက် အထင်ကြီးနေသလဲဆိုတာကို ပြသနေပါတယ်။"

"ကျွန်တော်တို့ အမြင့်ဆုံးရနိုင်တာက ၉၀-၁၀ အထိတဲ့။ ကျွန်တော်တို့က ၉၀ ပေါ့။ ဘော့စ်ဖေး ကျွန်တော်တို့ ဆက်ပြီး ကြိုးစားကြစို့။"

ဖေးချမ့်၏ လက်များ တဆတ်ဆတ် တုန်သွားပြီး သူ့ဖုန်းလည်း ဘုတ်ခနဲ စားပွဲပေါ်သို့ ပြုတ်ကျသွားခဲ့ပါသည်။

သွားပြီ။

၅၀-၅၀ အမြတ်နှုန်းကနေ ၇၀-၃၀တဲ့... ဒါဆို အခုချိန်ကစပြီး သူ ဘာမှ မလုပ်ရင်တောာင် နောက်ထပ် ဝင်ငွေ ၂၀ ရာခိုင်နှုန်း တိုးလာပြီဆိုတဲ့သဘောလား။

၃,၅၀၀,၀၀၀ ရသည့် သမုဒ္ဒရာရဲတိုက်လို ဂိမ်းမျိုးအတွက် သူ့ရဲ့ ထပ်တိုး ၂၀ ရာခိုင်နှုန်းနဲ့သာဆို နောက်ထပ် ၁,၃၄၀,၀၀၀ ယွမ် ရတော့မည်ဖြစ်သည်။

ဆိုလိုရင်းက နောက်ထပ် ငွေစာရင်းရှင်းချိန် တစ်ပတ်ပဲ လိုတော့သဖြင့် DLC များ၏ ဝင်ငွေကို ထည့်မတွက်ရင်တောင် ထပ်တိုး ၂၀ ရာခိုင်နှုန်းကြောင့် မူလဂိမ်းများ၏ ဝင်ငွေက သာမန်ထက် ပိုပြီး မြင့်မားလာတော့မည်။ အနည်းဆုံး ၆၀၀,၀၀၀ မှ ၇၀၀,၀၀၀ အထိ ရှိလာပါလိမ့်မည်။

DLC ရောင်းချမှုများကိုသာ ထပ်ပေါင်းလိုက်ပါက...

ဖေးချမ့် စိတ်ထဲတွင် ကျိန်ဆဲလိုက်ပါသသည်။

သူ့ဂိမ်းတွေက ငွေဆက်ဝင်နေမည်ဟု ခန့်မှန်းကာ DLC အားလုံးမှ ရောင်းအားများကို အကြမ်းဖျင်း တွက်ချက်ထားပြီးသားဖြစ်သည်။ အစကတော့ အမြတ်အစွန်းများက သူမျှော်မှန်းထားသည့် ပမာဏအတွင်းမှာပဲ ရှိသည်။ သို့သော်လည်း တရားဝင်ဂိမ်းပလက်ဖောင်းက ပြဿနာရှာလိုက်ပါပြီ။ ဒါက သူ့အစီအစဥ်များကို ပျက်ယွင်းသွားစေခဲ့သည်။

တခြားကုမ္ပဏီတွေသာ ဒီလိုသတင်းမျိုး ကြားရပါက သေချာပေါက် အောင်ပွဲခံနေကြလိမ့်မည်။ သို့သော်လည်း ဖေးချမ့်ကတော့ ယခုအခါမှာ အလွန်စိတ်ဖိစီးနေပါသည်။ သူသာ ဒါကို အာရုံမစိုက်လျှင် ငွေတွေအားလုံးကို သုံးနိုင်တော့မှာ မဟုတ်ပါ။

ဘာပဲဖြစ်ဖြစ် ငွေစာရင်းရှင်းချိန် တစ်ပတ်အလိုတွင် ဂိမ်းသစ်ထုတ်လုပ်ဖို့ ငွေတွေသုံးလို့လည်း မရတော့ပေ။ ဘောနပ်စ်များပိုပေးခြင်း ကဲ့သို့သော နည်းလမ်းများကိုသာ အသုံးပြုပြီး ငွေတွေ ပိုသုံးနိုင်ပေသည်။ သို့သော် အများကြီးတော့ သုံးနိုင်မှာ မဟုတ်ပေ။

ငွေစာရင်းရှင်းချိန်အတွင်း ၁ သန်း ၂ သန်းလောက် အမြတ်ရခဲ့လျှင် သူ့ကိုယ်ပိုင်စည်းစိမ်ထဲ ၁၀,၀၀၀ သာသာ ပမာဏသာ ဝင်လာလိမ့်မည်။ သို့သော်လည်း သူ နည်းနည်းလေး အရှုံးပေါ်လိုက်တာနဲ့ အလဲအထပ် လုပ်ခံရမည့် ပမာဏက ဒီ့ထက် အများကြီး များနိုင်သည်။ ထို့အပြင် သူ အရှုံးပေါ်သည့်အခါ စနစ်က စနစ်ရန်ပုံငွေထဲ ငွေပြန်ဖြည့်သွင်းပေးသွားမည်ဖြစ်သည်။

အလွန်စိတ်တိုဖို့ကောင်းပါသည်။ ကောင်းကင်ဘုံနဲ့ ငရဲပြည်ကြားက ကွာခြားချက်ကြီးလိုပင်။

ဖေးချမ့် ဒီတိုင်း ထိုင်မနေနိုင်တော့ဘဲ သူ့စာအုပ်များကို ချက်ချင်း သိမ်းဆည်းလိုက်ကာ ကိုယ်တိုင်စာလေ့လာအခန်းထဲမှ ထွက်လာခဲ့သည်။

ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ စာပြန်နွှေးဖို့ စိတ်ထည့်လို့ရပါဦးမလား။

သူ့အကြီးအကျယ် ဖြုန်းတီးမည့် အစီအစဥ်ကို ဆက်ပြီး ဆောင်ရွက်ရမည်။

ကုမ္ပဏီထဲဝင်လိုက်သောအခါ ဖေးချမ့်တစ်ယောက် အသည်းအသန်ဖြစ်နေသည့်ပုံပေါ်ကာ လက်ထောက်ရှင်းကိုခေါ်ပြီး သူ့ရုံးခန်းထဲ ပြေးဝင်သွားပါသည်။ လုမင်လျန်၊ မာယိချွမ်နဲ့ ကုမ္ပဏီကလူအားလုံး ဖေးချမ့် အလွန်လေးနက်သည့်ပုံပေါ်နေသည်ဟုဆိုကာ စိတ်မကောင်းစွာဖြင့် သက်ပြင်းချလိုက်ပါသည်။

ထန်းတာ့သည် မကြာသေးခင်ကမှ တရားဝင်းဂိမ်းဝက်ဘ်ဆိုက်၏ နာမည်ထောက်ခံပေးမှုကို ရခဲ့ပြီး အမြတ်အစွန်းများအရလည်း သူတို့အားသာချက်ရလာခဲ့သည်။ ဒါက တခြား ဂိမ်းကုမ္ပဏီများအားလုံး၏ အိပ်မက်တစ်ခုလို ဖြစ်သည်။ ဒီသတင်းသာ ပြန့်နှံ့သွားလျှင် အားလုံး မနာလိုဖြစ်ကြပါလိမ့်မည်။

သို့သော်လည်း ဘော့စ်ဖေးကတော့ ပုံမှန်အတိုင်း ဘာမှတောင် မဖြစ်ခဲ့သလိုပင်။ သူက အနည်းငယ် လောကာ ပျာယာခက်နေပြီး ခက်ထန်နေသည့်ပုံပေါ်သည်။ တခြားကုမ္ပဏီကိစ္စများအတွက် စိုးရိမ်နေဆဲ ဖြစ်လောက်သည်။ သူ့အရှိန်အဝါက တကယ့်ကို မဟာစစ်သူကြီးတစ်ယောက်လိုပင်။

ရုံးခန်းထဲတွင်....

ဖေးချမ့် စာရင်းဇယားတစ်ခုကို ဖွင့်ပြီး ကုမ္ပဏီအသုံးစရိတ် အကျဥ်းချုပ်ကို သေချာ စစ်ကြည့်လိုက်သည်။

ထန်းတာ့၏ ကုန်ကျစရိတ်ပေါင်းစုံတို့က အခုဆို အလွန်ရှုပ်ထွေးနေပါပြီ။ အဆောက်အဦး ငှားရမ်းခများ၊ အသုံးစရိတ်များ၊ ဂိမ်းဖန်တီးမှု အရင်းအနှီးများ၊ ကုမ္ပဏီအကျိုးခံစားခွင့်များနဲ့ တခြားအရာများပါ ပါသဖြင့် ဖေးချမ့်ကြည့်လိုက်ရုံနဲ့ အလွန်ကြီးမားသော စာရင်းဇယားကြီးတစ်ခု ဖြစ်နေပါသည်။

သူ ဒီဇယားကြီးကို ဒီတိုင်း ကြည့်နေနိုင်သည်။

သူ ဖတ်ကြည့်နေရင်း သူ့အစီအစဥ်ကို ဆောင်ရွက်ဖို့ အတော်လေး အဆင်ပြေသည့် နေရာတစ်ခုကို တွေ့သွားသည်။ "ကျွန်တော်တို့ ကုမ္ပဏီရဲ့ အော်ပရေးရှင်းတွေက ပိုကောင်းပြီး ပိုကြီးထွားလာပြီပဲ။ တိုးချဲ့ဖို့ အချိန်ရောက်ပြီ။ ဌာနတိုင်းကို ဝန်ထမ်းခေါ်ယူဖို့ အစီအစဥ်တစ်ခုစီ တင်ပြခိုင်းလိုက်ပါ။ ကျွန်တော်တို့ နောက်လကစတင်ပြီး ဝန်ထမ်းသစ်တွေ ထပ်ခန့်ကြမယ်။ စီမံရေး၊ လူသားရင်းမြစ်၊ ဘဏ္ဍာရေး အဲ့ဒီဌာနတွေအကုန်လုံးလည်း ပါဝင်ပြီး တိုးချဲ့ရမယ်။”

"ခန့်အပ်မယ့်ပမာဏ အကန့်အသတ် မရှိဘူး။ သူတို့ ကြိုက်သလောက် ကမ်းလှမ်းနိုင်တယ်။"

All Chapters