← Chapters

ဂြိုဟ်ကောင်တစ်ကောင်တော့ရှိနေပြီ

Vol. 12 Ch. 169

ဂြိုဟ်ကောင်တစ်ကောင်တော့ရှိနေပြီ

Vol. 12 Ch. 169

"ခင်ဗျား... စျေးစစ်လိုက်တာလား" ဖေးချမ့် မေးလိုက်သည်။

လက်ထောက်ရှင်းက ပြုံးလိုက်၏။ "ကျွန်မ စစ်ချင်ပါတယ် ဘော့စ်ဖေး။ နောက်ဆုံးတော့ ကျွန်မ ဘာမှပြောဖို့တောင်မလိုခဲ့ဘူး။ မန်နေဂျာကျန်းက ဦးဆောင်ပြီး အဲ့အကြောင်းကို ပြောလာတာပါ"

ဖေးချမ့် အနည်းငယ် မူးလာသည်ဟု ခံစားနေရပါသည်။ အဓိပ္ပာယ်တော့ရှိသည်။ လက်ထောက်ရှင်းက ဘယ်လောက်ပဲ အပြောကောင်းပါစေ ဘယ်လိုလုပ် ငှားရမ်းခကို ဒီလောက် နိမ့်သွားအောင် စျေးစစ်နိုင်မှာလဲ။

ဒီကိစ္စက ထင်ရတာထက် လေးနက်နေပြီ။

မန်နေဂျာကျန်းက ရှန််းဟွာဗျူး၏ မန်နေဂျာသာသာ ဖြစ်သည်။ စရန်တွေကို ချေပြီး ငှားခတွေကို လျှော့ပေးလောက်ရတဲ့အထိ ဘယ်က အာဏာတွေ အများကြီး ရနိုင်မှာလဲ။

၄ ယွမ်က ပုံမှန်ဆိုလျှင် ၃.၅ ယွမ်သို့ လျှော့ချလိုက်ခြင်းက သိပ်မဆိုးလှဘဲ ၃ ယွမ်သို့လျှော့ချလိုက်ရင်တောင် တော်တော်လေး ရက်ရောသော ဒစ်စကောင့် ဖြစ်နေပါပြီ။ သို့သော်လည်း သူတို့က ၁ စတုရန်းပေကို ၁.၅ ယွမ်အထိ လျှော့ပေးကြလိုက်တယ်တဲ့လား။

လာနောက်နေကြတာလား။

ရုတ်ခြည်းဆိုသလို တစ်လကို ၇၀၀,၀၀၀ လျော့သွားပြီ။ မန်နေဂျာကျန်းမှာသာ ဒီလို လုပ်ပိုင်ခွင့်မျိုး ရှိပါက ဒီအဆောက်အဦးရဲ့ မန်နေဂျာလုပ်တာထက် ပိုကောင်းတာ တစ်ခုခုကို လုပ်နေလောက်ပြီမဟုတ်လား။

ဒီဖြစ်ရပ်နောက်ကွယ်မှာ တစ်ခုခုတော့ရှိရမယ်။

တခြားတစ်ယောက်ယောက်သာဆို ပျော်ပျော်ကြီး ဒီကမ်းလှမ်းချက်ကို လက်ခံလိုက်မည်ဖြစ်သည်။

ဖေးချမ့်ကတော့ လက်မခံနိုင်ပါ။

ပမာဏ သေးသေးလေး လျှော့လိုက်တာ ကိစ္စမရှိပါ။ ဒီအသုတ် အချိန်မပြည့်ခင် တစ်ခုခုလုပ်ဖို့ ဖေးချမ့် ကြိုးစားကြည့်နိုင်သေးသည်။ အဓိကအချက်က အတော်လေးကို များပြားသည့် ပမာဏဖြစ်နေပြီး သူ့အတွက် ဧရာမ ပြဿနာကြီး ဖြစ်လာပါသည်။

ဒီတစ်ခေါက်က ငှားခ လျှော့ချပေးခြင်းဆိုရင် နောက်တစ်ခေါက် ဘာများထပ်လာဦးမှာလဲ။

ပိုဆိုးတာ တစ်ခုခု ဖြစ်လာနိုင်သည်။

ထို့ကြောင့် ဖေးချမ့်က အဓိကတရားခံကို ရှာဖွေဖို့ စိတ်ဆုံးဖြတ်ထားသည်။ သူ့ရန်သူကို သိရပါက ဘယ်လိုတိုက်ခိုက်ပြီး ကျော်လွှားရမလဲဆိုတာကို သူသိပါပြီ။ နောက်တစ်ခေါက် အရှုံးကို တွက်ချက်ရာတွင် ဒီလို မသေချာသည့် ကိန်းဂဏန်းများကို ထည့်တွက်နိုင်လိမ့်မည်။ မဟုတ်ပါက ခြေလှမ်းတစ်ခုမှားတာနဲ့ နောက်ဆုံး ထွက်သက်အဆင့်အထိ ရောက်သွားနိုင်သည်။

ဖေးချမ့် ခေတ္တစဥ်းစားလိုက်သည်။ "မန်နေဂျာကျန်းကို သွားတွေ့ဖို့ ကျွန်တော့်ကို လိုက်ပို့ပါ။"

လက်ထောက်ရှင်းက ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ကဲ့ ကျွန်မလည်း အဲ့လိုပဲထင်တယ်။ ဘော့စ်ဖေးကိုယ်တိုင် သွားလည်သင့်တယ်။"

လက်ထောက်ရှင်းလည်း တစ်ခုခု သံသယ ဖြစ်စရာ ရှိနေသည်ဟု ထင်မိနေတာလား။။ ဒီကိစ္စကို စုံစမ်းဖို့လိုတယ်လို့ ထင်နေတာမဟုတ်လား။ အမှန်ပင်။ ဉာဏ်ကြီးရှင်များက အတွေးချင်း တူကြသည်။

ဖေးချမ့်လည်း ဒီလိုတွေးမိပါသည်။

စီမံရေးလက်ထောက်က လက်ထောက်ရှင်းကို သစ်သီးတစ်အိတ် ပေးနေစဥ် တံခါးခေါက်သံ ထွက်ပေါ်လာပါသည်။

ဖေးချမ့် "???"

လက်ထောက်ရှင်းက ပြောလိုက်၏။ "မန်နေဂျာကျန်းက အရမ်းရက်ရောပြီး ငှားခကို ဒီလောက် လျှော့ချပေးလိုက်တာ။ ဘော့စ်ဖေးကိုယ်တိုင် သူ့ဆီသွားလည်ပြီး ကျေးဇူးတင်သင့်တယ်လို့ ကျွန်မထင်လို့ပါ။ တစ်ယောက်ယောက်ကို လက်ဆောင်ယူသွားဖို့ သစ်သီးတွေ ဝယ်ခိုင်းပြီးပြီ။"

ဖေးချမ့် "???"

မန်နေဂျာကျန်းကို သွားတွေ့မယ်ဆိုတာ ငါ ဒါကို ဆိုလိုတာလား။ သူ့ကို ကျေးဇူးတင်မယ်လို့ ဘယ်သူပြောလဲ။

သို့သော်လည်း လက်ထောက်ရှင်းက သစ်သီးများကို ကိုင်ထားပြီး သူ့ကိုစောင့်နေတာကို မြင်သဖြင့် ဖေးချမ့်ဆွံ့အကာ မတ်တပ်ရပ်လိုက်ပါသည်။ "ဒါဆိုလည်း သွားကြတာပေါ့။"

သူတို့နှစ်ယောက် မန်နေဂျာကျန်း၏ ရုံးသို့ သွားကြပါသည်။

တံခါးကဟနေပြီး မန်နေဂျာကျန်းက အလုပ်ရှုပ်နေသည်။

ဖေးချမ့်က မန်နေဂျာကျန်းကို အသိပေးဖို့ တံခါးခေါက်ဖို့ ကြံရုံရှိသေးသည်။ မန်နေဂျာကျန်းက ဖေးချမ့်ကိုမြင်သွားပြီး မတ်တပ်ရပ်ကာ ပြောလိုက်ပါသည်။ "ဘော့စ်ဖေးပါလား၊ ဘာကိစ္စရှိလို့လဲ။ ကျေးဇူးပြုပြီး အထဲဝင်ထိုင်ဦးလေ။"

ဖေးချမ့် အနည်းငယ် မှင်သက်သွားသည်။

တစ်ခုခုတော့ တကယ်လွဲနေပါပြီ။

အရင်တစ်ခေါက်က မန်နေဂျာကျန်း ဒီလိုပုံစံ မဟုတ်ပါ။

အရင်တစ်ခေါက်က မန်နေဂျာကျန်းက ယဥ်ကျေးမှုရှိသော်လည်း သူ့ဝန်ဆောင်မှုကြောင့် လုပ်ငန်းသဘောအရသာ ဖြစ်ပါသည်။ ဒီအဆာက်အဦးထဲက ကုမ္ပဏီများ၏ ဘော့စ်များကို မန်နေဂျာကျန်း စကားပြောတိုင်း ယဥ်ယဥ်ကျေးကျေး ကျိုးကျိုးနွံနွံ ဆက်ဆံရသည်။

ဒီတစ်ခေါက်တော့ မန်နေဂျာကျန်း၏ အပြုအမူက ပို၍ လေးစားသမှုရှိသည်။ အထက်လူကြီးကို တစ်ယောက်ယောက်က ဆက်ဆံနေသလိုမျိုးပင်။

ဖေးချမ့် သံသယကြီးစွာဖြင့် ထိုင်လိုက်ပါသည်။

"မန်နေဂျာကျန်းက ထန်းတာ့ရဲ့ အထပ် ငှားရမ်းခအတွက် လျှော့စျေး အကြီးကြီး ချပေးလိုက်တာပဲ။ ဘော့စ်ဖေးကိုယ်တိုင် ကျေးဇူးတင်ကြောင်း လာပြတာပါ" ရှင်းဟိုက်လူက သစ်သီးများကို စားပွဲပေါ်မှာ တင်ထားလိုက်ပြီး ပြုံးကာ ပြောလိုက်ပါသည်။

ဖေးချမ့်လည်း မချိတင်ကဲ အတင်းပြုံးလိုက်ပါသည်။ "အင်း... ဟုတ်ပါတယ်။"

မန်နေဂျာကျန်းက ယဥ်ကျေးစွာဖြင့် အမြန်ပြောလိုက်သည်။ "ဟူး ဘော့စ်ဖေး ကျွန်တော်တို့ကို ယဥ်ကျေးပြစရာမလိုပါဘူး။ ထန်းတာ့က ရှန်းဟွာဗျူးမှာ လာပြီးအခြေချတာကပဲ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို ဂရုစိုက်ရမှာ ကျွန်တော့်အလုပ်ပဲလေ။ လက်ဆောင်ပေးစရာမလိုပါဘူးဗျာ။ တကယ်တော့ ကျွန်တော်က ဘော့စ်ဖေးဆီကို လာလည်ရမှာ။”

ဖေးချမ့် ဆွံ့အသွားပါသည်။

တစ်ခုခုတော့ လွဲနေပြီ။ တစ်ခုခုတော့ တကယ်လွဲနေပြီ။

သူ့နောက်ကယ်မှာ သူ မသိတဲ့ကိစ္စတွေ တကယ်ဖြစ်နေမှန်း ဖေးချမ့် ပိုပိုပြီး သေချာလာပါသည်။ အရေးကြီးသည့် သက်သေများလည်း ရှိသည်။

ဖေးချမ့်က လိုရင်းပြောဖို့ ဆုံးဖြတ်လိုက်ပါသည်။

"မန်နေဂျာကျန်း အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောကြရအောင်ဗျာ။ တစ်စတုရန်းပေကို ၁.၅ ယွမ်အထိတောင် လျှော့ပေးလိုက်တာက... အဲ့ဆုံးဖြတ်ချက်ကို ချတာ ခင်ဗျား မဟုတ်ဘူးမလား။ ဒီကိစ္စအတွက် ကျွန်တော် တကယ်ကျေးဇူးတင်ပြီး ဘယ်လိုစေတနာရှင်က ထန်းတာ့ကို ကောင်းချီးပေးခဲ့သလဲဆိုတာ သိချင်လို့ပါ။ တစ်နေ့ကျရင် ကျေးဇူးပြန်ဆပ်ချင်လို့ပါဗျာ။"

ဖေးချမ့်က အလွန်စေတနာပါသည်။

"အာာာ... အဲ့တာကလေ..." မန်နေဂျာကျန်းက အနည်းငယ် တွန့်ဆုတ်နေပါသည်။

အမှန်ပင်။ ငှားခကို ဒီလောက်အများကြီး လျှော့ချတာမျိုးမှာ သူ့လိုမန်နေဂျာသာသာက ဆုံးဖြတ်နိုင်တာမျိုး မဟုတ်ပါ။ သေချာပေါက် အထက်လူကြီးများ၏ သဘောတူညီမှုကို လိုအပ်သည်။

ဘော့စ်ဖေးကလည်း ငတုံး မဟုတ်ပါ။ အဲ့လိုမျိုးမရှိပါဘူးလို့ မန်နေဂျာကျန်းပြောလိုက်ပါက ဘော့စ်ဖေး မယုံကြည်မှာကို သူ သိနေသည်။

ထို့အပြင် ဘော့စ်ဖေးက ပြဿနာရှာဖို့၊ သို့မဟုတ် ကလဲ့စားချေဖို့ သိချင်တာလည်း မဟုတ်ပါ။ ကျေးဇူးပြန်ဆပ်နိုင်ဖို့ သိချင်ခြင်းသာ ဖြစ်သည်။

ဘာမှ ဖုံးကွယ်ထားဖို့ မလိုဘူးဟု ခံစားမိပါသည်။

ပြဿနာက... မန်နေဂျာကျန်းကိုယ်တိုင်လည်း ဒီအမိန့် ဘယ်ကလာမှန်း သေချာ မသိခြင်းပင်။

မန်နေဂျာကျန်း အကျပ်ရိုက်နေသည်။ သူပြုံးကာ ပြောလိုက်သည်။ "ဘော့စ်ဖေး ကျွန်တော်က အမိန့်အတိုင်း လုပ်ရတာပါ။ ကျွန်တော့်အတွက် ခက်ခဲအောင် မလုပ်ပါနဲ့ဗျာ။ တကယ်တော့ ကျွန်တော်လည်း ဘာတွေဖြစ်နေလဲဆိုတာ သေချာမသိပါဘူး။ ဒါက ရှန်းဟွာအိမ်ခြံမြေထဲက အထက်လူကြီးတစ်ယောက်ဆီက တိုက်ရိုက်လာတဲ့ အမိန့်တစ်ခုဗျ။ ဘယ်ဘော့စ်က ဒီဆုံးဖြတ်ချက်ကို ချလိုက်တာလဲဆိုတာတော့... ကျွန်တော်လည်း တကယ်မသိပါဘူး။”

ရှန်းဟွာအိမ်ခြံမြေရဲ့ အထက်လူကြီးဆီက တိုက်ရိုက်လာတဲ့ အမိန့် ဟုတ်လား။

တစ်ခုခုတော့ မှားနေပြီ။ တစ်ခုခုတော့ ဆိုးဆိုးရွားရွားကို မှားနေပြီ။ ဘာလို့ ရှန်းဟွာအိမ်ခြံမြေရဲ့ အထက်လူကြီးတစ်ယောက်ယောက်က ထန်းတာ့ဂိမ်းအကြောင်း သိနေမှာလဲ။ သူတို့ ထန်းတာ့ဂိမ်းတွေ ကစားကြလို့လား။ ဘာတွေ တွေးနေတာလဲ။ မဖြစ်နိုင်တာ။

မန်နေဂျာကျန်း၏ မျက်နှာကိုမြင်ပြီး သူလည်း တကယ်ဘယ်သူအမိန့်ပေးမှန်း မသိတာ အမှန်ဖြစ်လောက်ပါသည်။ ဖေးချမ့် အရှုံးပေးပြီး ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်ကာ ပြန်လာခဲ့ပါသည်။

ရှန်းဟွာဗျူးမှာ ထန်းတာ့နောက်ပိုင်း ပြဿနာတစ်ခုခုပေါ်လာပါက ဖေးချမ့်သူ့ကိုချက်ချင်း အသိပေးရမည်ဖြစ်ပြီး သူ့ကိုခက်ခဲအောင်လည်း မလုပ်ဖို့ မန်နေဂျာကျန်းက ထပ်ခါထပ်ခါ ပြောခဲ့ပါသည်။

သူ့ရုံးခန်းကို ပြန်ရောက်သောအခါ ဖေးချမ့်က သူ့ကွန်ပျူတာရှေ့ တိတ်တိတ်ဆိတ်ဆိတ် ထိုင်လိုက်ပြီး အကူအညီအတွက် ချမ့်သု ရှာဖွေရေးကို အားကိုးဖို့ ပြင်လိုက်ပါသည်။

ရှန်းဟွာအိမ်ခြံမြေက ရှန်းဟွာကော်ပိုရေးရှင်း၏ လက်အောက်က ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ်ပိုင်းများတွင် အိမ်ယာခြံမြေလုပ်ငန်းများက အတော်လေး ရေပန်းစားနေသဖြင့် ရှန််းဟွာကော်ပိုရေးရှင်းကလည်း အိမ်ယာခြံမြေ ပရောဂျက်တစ်ခုကို ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့သည်။ ရှန်းဟွာကော်ပိုရေးရှင်း၏ ဘဏ္ဍာရေး ခွန်အားအရ နိုင်ငံတော်တွင် ဝင်ငွေအကောင်းဆုံး နံပါတ် ၁ နံပါတ် ၂ မဟုတ်သော်လည်း ရှန်းဟွာအိမ်ခြံမြေက နိုင်ငံတော်ထဲက ရှေ့ဆောင်လမ်းပြတစ်ခု ဖြစ်လာခဲ့ပါသည်။

ရှန်းဟွာဗျူးကလည်း ကျင်းကျိုးမြို့တွင် ရှန်းဟွာအိမ်ခြံမြေပိုင်ဆိုင်သည့် အိမ်ယာများစွာထဲက တစ်ခုဖြစ်ပါသည်။

ရှန်းဟွာအိမ်ခြံမြေ၏ ဥက္ကဌက ရှန်းဟွာကော်ပိုရေးရှင်း၏ ဥက္ကဌကြီး လင်းကျန်းနန်၏ ဒုတိယသား လင်းကျိုး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပိုင်းများတွင် ရှန်းဟွာ အိမ်ယာခြံမြေကို အပြည့်အဝ တာဝန်လွှဲပြောင်းယူနိုင်ခဲ့ပြီး ကုမ္ပဏီကို လူငယ်များ၏ နေထိုင်မှုဘဝနဲ့ ပိုပြိးကိုက်ညီမှုရှိသည့် ခေတ်သစ် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်လာအောင် ပြောင်းလဲခဲ့ပါသည်။

"လင်းကျိုးတဲ့လား။"

ဒီနာမည်ကို ကြားဖူးသလိုလို ရှိသည်ဟု ဖေးချမ့် ခံစားမိသည်။ လင်းကျိုး၏ ပုံတစ်ပုံကို ကြည့်ကြည့်တော့လည်း မျက်နှာကို မြင်ဖူးနေသည်။

"ငါတို့ ကုမ္ပဏီမှာလည်း မျိုးရိုးနာမည် လင်းနဲ့... ဒုတိယမျိုးဆက် သခင်မလေးတစ်ယောက်ရှိတယ် မဟုတ်လား။"

ဖေးချမ့် ရင်ဘတ်ထဲ အောင့်သွားသည်။

မဟုတ်မှလွဲရော...

ဖေးချမ့်က ချမ့်သု တွင် 'လင်းဝမ်'ဟု ရှာကြည့်သည်။ သို့သော် ဘာမှ ရှာမရခဲ့ပေ။ သို့သော်လည်း သူ ပိုပြီး စဥ်းစားကြည့်လေလေ တစ်ခုခု မှားယွင်းနေကြောင်း ပိုပြီး ထင်မိလာလေလေ ဖြစ်သည်။

လင်းဝမ် ပထမဆုံးအကြိမ် အင်တာဗျူးတွင် ဝတ်လာသည့် ဂါဝန်က ယွမ်သောင်းချီတန်သည်ဟု လက်ထောက်ရှင်း ပြောပြီးကတည်းက ဖေးချမ့်တစ်ယောက် လင်းဝမ်ကို သတိထားမိပြီးသား ဖြစ်သည်။

လင်းဝမ်က အလုပ်အတွေ့အကြုံလည်း ဘာမှ မရှိ၊ ကမ္ဘာကြီးအကြောင်းလည်း ဘာမှ မသိသည့် ရိုးရိုးသားသား ချိုချိုမြိန်မြိန် ကောင်မလေးတစ်ယောာက်နဲ့ တူခဲ့သည်။ ထိုအချိန်တုန်းက ဝန်ထမ်း ၁ ယောက်တိုး ၁ ယောက် လျော့တာလောက်ကို ဖေးချမ့် စိတ်မဝင်စားသဖြင့် သူမကို ဝင်ခွင့်ပေးခဲ့သည်။

ထို့နောက် လင်းဝမ်က ဆန်းစထရိုက်ခ်စတူဒီယိုမှာ အလုပ်လုပ်ခဲ့စဥ်က ရခဲ့သည့် သူမ၏ အဆက်အသွယ်များကိုသုံးပြီး FPS ဝါရင့်ဂိမ်မာများကို အကူအညီတောင်းခဲ့သည်။ ထိုလူများက သမုဒ္ဒရာရဲတိုက်ကို ပထမဆုံး ကြော်ညာဖို့အတွက် ကူညီပေးခဲ့ကြသည်။

သို့သော်လည်း ဒီကိစ္စကို ဖေးချမ့် ဘာမှ သတိကြီးကြီး မထားခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဒီတာဝန်ကို ယူထားသူတိုင်းက ထိုဂိမ်မာများနဲ့ ဆက်သွယ်နိုင်လိမ့်မည်။ လင်းဝမ်က ထူးထူးခြားခြား သရုပ်မျိုးရှိသည်ဟုလည်း ဖေးချမ့် မထင်ခဲ့ဘဲ သူမကို ရိုးရိုးတန်းတန်း ဒုတိယမျိုးဆက် သူဌေးသမီးတစ်ယောက်ဖြစ်သည်ဟုသာ ထင်ထားခဲ့သည်။

ထို့နောက် လင်းဝမ်ကို ကုမ္ပဏီထြက ရိုးရှင်းသည့် တာဝန်တချို့အား ပေးအပ်ခဲ့သည်။ သူမက တာဝန်ကျေပွန်ပြီး စိတ်အားထက်သန်မှုလည်းရှိကာ ဇာတ််နိမ့်နေခဲ့သည်။ သူမ ထူးချွန်တာ ဘာမှ မလုပ်ခဲ့ဖူးပါ။ ထို့ကြောင့် ဖေးချမ့်လည်း သူမကို သတိမထားမိပါ။

သို့သော်လည်း အခုတော့ သူ အမှားကြီး မှားခဲ့တာကို ဖေးချမ့် သိလိုက်ရပါပြီ။

ဒုတိယမျိုးဆက်သူဌေးသမီးများအကြား ခြားနားမှု ရှိသည်။ တချို့က ဒီတိုင်း ပြည့်စုံကြတာသာဖြစ်ပြီး တချို့ကတော့ ဘော့စ်ဖေး၏ လစဥ် အထပ်ငှားစရိတ်ကို ဖုန်းတစ်ချက် ဆက်လိုက်ရုံနဲ့ သိန်းနဲ့ ချီပြီး လျှော့ချပစ်လိုက်နိုင်သည်။

ဖေးချမ့် ရူးသွပ်သွားသည်။

ဂြိုဟ်ကောင်တစ်ကောင် ရှိနေတယ်။

ဂြိုဟ်ကောင်က ကုမ္ပဏီထခဲမှာ လပေါင်းများစွာ ပုန်းခိုနေခဲ့ပြီး သူ လုံးဝ သတိမထားမိခဲ့ပါ။

ငါ ဘာလုပ်ရမလဲ။ ဘယ်လိုကိုင်တွယ်ရမလဲ။

ဒါကို အထပ်ထပ် အခါခါ စဥ်းစားသော်လည်း ဘာအကြံမှ မရပါ။

ခက်ခဲလွန်းသည်။

"စိတ်အေးအေးထားစမ်း။ ငါအခု သူ့အကြောင်း ဘာမှ မသိသေးလို့ ဘာလုပ်ရမှန်း မသိသေးတာ။ ငါ တိုက်ပွဲကို အနိုင်မရခင် ရန်သူအကြောင်းသိထားဖို့လိုတယ်။ လင်းဝမ်က အကြောင်းပြချက် မရှိဘဲ ငါ့ဆီမှာ အလုပ်လာလုပ်မှာ မဟုတ်ဘူး။"

"ဒါကိုသာ သိရရင် သူ့ဆုံးဖြတ်ချက်ကို ပြန်စဥ်းစားခိုင်းပြီး သူ့ရဲ့ ပိုင်ဆိုင်မှု မီလီယံ၊ ဘီလီယံတွေကို ဆက်ခံဖို့ ထွက်သွားခိုင်းလို့ရနိုင်မယ်ထင်တယ်။"

"သူ့ကို ထွက်သွားအောင် မလုပ်နိုင်ရင်တောင် အဖိုးတန်တဲ့ အချက်အလက်တချို့တော့ ရမှာပါ။"

ထိုသို့စဥ်းစားရင်း ဖေးချမ့် ဆန်းစထရိုက်ခ် စတူဒီယိုမှ ကျိုးမူယန်ထံသို့ ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

ကျိုးမူယန်တော့ သေချာပေါက် တစ်ခုခုကို သိထားလောက်မည်။

All Chapters