← Chapters

ဘော့စ်ဖေးက အမြဲတမ်း နွေးထွေးတာပဲ

Vol. 12 Ch. 173

ဘော့စ်ဖေးက အမြဲတမ်း နွေးထွေးတာပဲ

Vol. 12 Ch. 173

ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ သူတို့ရိုက်ကူးချင်တာကို သူတို့သိပါသည်။ ဒီမှတ်တမ်းရုပ်ရှင်၏ အလေးပေးမှုက ပရော်ဖက်ရှင်နယ် ဂိမ်မာများ ဘယ်လောက် ခမ်းနားပြီး လှပကြောင်း ပုံကြီးချဲ့ရိုက်ကူးခြင်း မဟုတ်ပါ။ ၎င်းတို့၏ နေ့စဥ်ဘဝများကို အာရုံစိုက်ထားသည်။ သူတို့ရဲ့ ရုန်းကန်ပြီး အခက်အခဲများဖြင့် ရင်ဆိုင်နေရသော ဘဝကို အားလုံးကို မြင်စေပါသည်။

"ရိုက်ထားတာ တော်တော် ကောင်းတာပဲ။"

ဖေးချမ့် စိတ်ရင်းဖြင့် ပြောလိုက်ခြင်း ဖြစ်ပါသည်။

အရင်ကလည်း eSport ကစားသမားများ၏ မှတ်တမ်းရုပ်ရှင်ကောင်းများကို မြင်ဖူးပါသည်။ ကျူးရှောင်စဲရိုက်ကူးထားသည့် ဒီတစ်ခုကတော့ အကြောင်းအရာကော ရိုက်ကူးပုံရိုက်ကူးနည်းအရကော အလွန်ပြောင်မြောက်သည်ဟု သတ်မှတ်လို့ရပါသည်။

ဟွမ်စစ်ပေါ်က အနည်းငယ် စိတ်ပျက်လက်ပျက် ပြုံးပြီး ပြောလိုက်ပါသည်။ "ကျွန်တော်လည်း တော်တော်လေး အားရပါတယ်။ ဒါပေမယ့်... ကျွန်တော်တို့ အရင်းပြန်မရမှာတောင် စိုးရိမ်မိတယ်။"

"ကျွန်တာ်တို့ ဗီဒီယိုဝက်ဘ်ဆိုက်တချို့တော့ တွေ့ပါတယ်။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ကို လုံလောက်တဲ့ လုပ်ဆောင်ချက်တွေ မပေးနိုင်ဘူး။ သာမန် မက်လုံးအစီအစဥ်တွေထဲ ပါလိုက်ရင် ဒီဗီဒီယိုက ကြည့်ရှုသူ ၃ သန်းလောက်ရှိရင်တောင် ကျွန်တော်တို့ ထောင်ဂဏန်းလောက်ပဲ ပြန်ရမှာ။ အဲ့တာ အများကြီး မဟုတ်ဘူးလေ။"

ဖေးချမ့် ခေါင်းငြိမ့်လိုက်ပါသည်။

မှတ်တမ်းရုပ်ရှင်များက သိပ်ပြီး အကျိုးအမြတ် မရတာ သိသာပါသည်။ ဗီဒီယိုအတိုများနဲ့ ခြားနားပေသည်။

ဗီဒီယိုအတိုများကို ကုန်ကြမ်း ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ရိုက်ကူးနိုင်သည်။ ထုတ်လုပ်ရေးကို ကာမိမည့် စပွန်ဆာများလည်း ထည့်သွင်းလို့ ရသည်။ ဗီဒီယိုဝက်ဘ်ဆိုက်များအတွက် ဒီလိုဗီဒီယိုအတိုလေးများက သူတို့ ဝက်ဘ်ဆိုက်များအတွက် ဝင်ရောက်ကြည့်ရှုသူများကို ပိုမိုခေါ်ယူပေးနိုင်လိမ့်မည်။

သို့သော်လည်း မှတ်တမ်းရုပ်ရှင်များကတော့ လုံးဝ ခြားနားပါသည်။

ဟွမ်စစ်ပေါ်တို့က အလွန်အဆင့်မြင့်သည့် ရိုက်ကူးရေး ကိရိယာများကို အသုံးပြုကာ ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးဖို့အတွက် ကျင်းကျိုးမြို့၊ ရှန်ဟိုင်းမြို့နဲ့ လီကျန်းဝေ၏ မွေးရပ်မြေတို့ကို ပြေးလွှားနေခဲ့ရပါသည်။ ဖေးချမ့်က သူတို့၏ အစားအသောက်နဲ့ နေရာထိုင်ခင်းများကိုလည်း ထန်းတာ့၏ စံနှုန်းအတိုင်း ဆောင်ရွက်ခိုင်းသည်။ သူတို့က ငွေကို ရေလို သုံးစွဲနေခဲ့ရပါသည်။

ဒီလိုမှတ်တမ်းရုပ်ရှင်များကို တရားဝင် ဝက်ဘ်ဆိုက်များက ဂိမ်းများ သို့မဟုတ် ပြိုင်ပွဲများကို ပရိုမိုးရှင်းဆင်းဖို့အတွက်သာ ပုံမှန်အားဖြင် ထုတ်လုပ်လေ့ ရှိပါသည်။ မှတ်တမ်းရုပ်ရှင်ထဲ ငွေဘယ်လောက်ပဲ ထည့်သွင်းထားပါစေ ထိုဝက်ဘ်ဆိုက်များက ထိုငွေကို ပြန်ရနိုင်သည်။

သို့သော်လည်း ဟွမ်စစ်ပေါ်တို့ကတော့ ဒီမှတ်တမ်းရုပ်ရှင်ကို လူထုစိတ်ဝင်စားမှုအတွက် သာမန် လူထုဝန်ဆောင်မှုတစ်ခုအဖြစ်သာ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ သူတို့သုံးစွဲထားသည့် ငွေကို ပြန်မရနိုင်မှာ ပုံမှန်ပဲ ဖြစ်ပါသည်။

ဒီတစ်ခေါက် လုမင်လျန်က ဂိမ်းဟောင်းများ၏ New Edition များ ဖန်တီးမှုကို ဦးဆောင်ခဲ့ပြီး DLC များကလည်း အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့ကြောင်း ဟွမ်စစ်ပေါ် သိပါသည်။

လုမင်လျန်က အစီအစဉ်ရေးဆွဲသူချုပ်တစ်ယောက်၏ ရာထူးတွင် သူ့ထပ်တောင် သာလွန်သွားလောက်ပါပြီ။

ဒီတစ်ခေါက်တော့ ဖေးဟွမ်လုပ်ငန်းက နည်းနည်းလေးတောင် အကူအညီ မဖြစ်စေခဲ့ပါ။ ဒီလို တွေ့ဆုံပွဲမျိုးမှာ သူ အနည်းနဲ့ အများဆိုသလို အရှက်ရမိပါသည်။

ဖေးချမ့်က ပြုံးလိုက်၏။ "မင်းတို့တွေက အဲ့တာကြောင့် စိတ်မကောင်းဖြစ်နေကြတာလား။"

ဟွမ်စစ်ပေါ် အနည်းငယ် တုန်လှုပ်သွားပါသည်။ "ဘော့စ်ဖေး..."

ဖေးချမ့်က သူ့ဖန်ခွက်ကိုမြှောက်လိုက်ကာ ယမ်းလိုက်ပါသည်။ သူ့လေသံက ခြားနားလာ၏။ "ငါအရင်တုန်းက မပြောခဲ့ဖူးဘူးလား။ အချိန်တို အမြတ်တွေ အရှုံးတွေကြောင့် စိတ်မညစ်ဘဲ အာရုံမစိုက်နဲ့လို့။ ငွေရေးကြေးရေးကို အရမ်းကြီး စိတ်မပူကြနဲ့လို့"

"ဗီဒီယိုအတိုလေးတွေကိုလည်း မင်းတို့တွေ အမြတ်အစွန်းကြောင့်မဟုတ်ဘဲ စိတ်ခံစားချက်ကြောင့် ရိုက်ကူးခဲ့တာ မဟုတ်ဘူးလား။ မင်းတို့တွေ အဆင့်နိမ့်တဲ့ စပွန်ဆာတွေကို ငြင်းခဲ့ပေမယ့် မင်းတို့ မငတ်ပါဘူး။ နောက်ဆုံးတော့ နှစ်ဦးနှစ်ဖက် ဝင်ငွေကောင်းတဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့တာပဲ မဟုတ်ဘူးလား။"

"ငါ့အတွက်တောာ့ အဓိက အာရုံစိုက်ရမှာက ငါတို့ငွေရနိုင်မလားဆိုတာမဟုတ်ဘူး။ ငါတို့ အဓိပ္ပာယ်ရှိတာ တစ်ခုခုကို ဖန်တီးနေလား မဖန်တီးနေဘူးလား ဆိုတာပဲ။"

"မင်းတို့ကောင်တွေ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးမယ်လို့ ဆုံးဖြတ်လိုက်ပြီးကတည်းက အရှုံးပေါ်နိုင်တယ်လို့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးသား မဟုတ်ဘူးလား။"

"မင်းတို့လိုချင်တဲ့ စိတ်ကူးရှိတဲ့ အဆုံးသတ် ထုတ်ကုန်တစ်ခုကိုရလာပြီလေ။ ဘာတွေ ခါးသီးနေဖို့ လိုလို့လဲ။"

ဟွမ်စစ်ပေါ်ရင်ထဲ အနည်းငယ်နွေးထွေးသွားသည်။ "ကျေးဇူးတင်ပါတယ် ဘော့စ်ဖေးရယ်..."

သူတို့နှစ်ယောက် စိတ်ခံစားချက်များ ပြည့်ဝစွာဖြင့် သက်ပြင်းချလိုက်မိပါသည်။ ဒီစကားလုံးများကို တခြားတစ်ယောက်ယောက်ထံမှ ကြားရတာသာဆို အတုအယောင်များဟု ထင်ရနိုင်သည်။ သို့သော်လည်း ဘော့စ်ဖေးဆီက ထွက်လာသော စကားလုံးများဖြစ်သဖြင့် အလွန်စစ်မှန်ကာ စေတနာပါသည်ဟု ခံစားရပါသည်။

ဒါက ဘော့စ်ဖေးနဲ့ တခြားဘော့တွေရဲ့ ခြားနားချက် ဖြစ်နိုင်သည်။ သူ့မှာ သာမန်လူတွေထက် ပိုကြီးမားသည့် နှလုံးသား တကယ်ရှိပြီး အမြင်ကျယ်ကာ အမြော်အမြင်လည်း ရှိပါသည်။

ဖေးချမ့် အနည်းငယ် ပြုံးလိုက်ပါသည်။ "မင်းတို့ကိုယ်မင်းတို့ သံသယမဖြစ်ကြပါနဲ့။"

"မင်းတို့တွေ အကျိုးအမြတ်ကို မမျှော်မှန်းဘဲ ရင်ထဲကရှိတာကိုပဲ လုပ်ကြတော့ ဘာဖြစ်လဲကွာ။ ဒီမှတ်တမ်းရုပ်ရှင်က ကစားသမားတွေရဲ့ ဆန္ဒနဲ့ စိတ်ဓာတ်တွေနဲ့ ကိုက်ညီမှု ရှိနေရင် ဖေးဟွမ်လုပ်ငန်းက လမ်းကြောင်းမှန် ရောက်နေတယ်လို့ ဆိုလိုတာပဲ။"

"မင်းတို့တွေ နောက်တစ်ကား ရိုက်ကူးဖို့ ဘက်ဂျက် လိုနေပြီလား။ စိတ်မပူနဲ့။ ငါ့ကို မင်းတို့ ဘယ်လောက်လိုလဲ ဆိုတာကိုသာ ပြောလိုက်"

ဖေးချမ့်က ထင်မထားသည့် သူ့ကံကောင်းမှုကြောင့် ပျော်ရွှင်သွားပါသည်။

ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ ဒီမှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့အတွက် အရင်က အမြတ်တွေအားလုံးကို အသုံးပြုပြီးသား ဖြစ်လောက်သည်။ သူတို့မှာ များများစားစား ကျန်သည့်ပုံမပေါ်ပါ။

ဖေးချမ့်က ဒါကို ဆင်ခြေအဖြစ်ပေးပြီး သူတို့ကို ပိုက်ဆံပိုပေးလို့ ရပါသည်။ သူတို့ ဆက်လက် ဖြုန်းတီးနိုင်ဖို့အတွက် ဖြစ်၏။

အမှန်ပင်။ ဒါက နောက်တစ်သုတ်ကျမှ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

"ဘော့စ်ဖေး ကျွန်တော်တို့မှာ ဆက်ရိုက်ကူးဖို့အတွက် ဘက်ဂျက်မရှိတော့တာပဲ မဟုတ်ဘူး" ကျူးရှောင်စဲက အနည်းငယ် သက်ပြင်းချလိုက်ပါသည်။

"တကယ်တော့ ကျွန်တော်တို့မှာ ရှိနေတဲ့ ရန်ပုံငွေတွေကော ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ငွေတွေကိုတောင် ပထမဆုံး အသုံးပြုခဲ့ပါသေးတယ်။ ဒါပေမယ့် မလောက်ဘူးလို့သိလိုက်ရတော့ ဝန်ထမ်းတွေကို တစ်လစာ လစာ အကြွေးတင်နေတုန်းပဲ..."

"ကောင်းတာပေါ့" ဖေးချမ့် အကျယ်ကြီး အအော်လိုက်ပါသည်။

ကျူးရှောင်စဲ ကြောင်သွား၏။ "?"

ဖေးချမ့် နှစ်ချက်လောက် ချောင်းဆိုးလိုက်ပါသည်။ "မင်းတို့လုပ်ထားတာ ကောင်းပါတယ်။ ဒါ မင်းတို့ဝန်ထမ်းတွေက မင်းတို့နဲ့ နှလုံးသားချင်းနီးစပ်ပြီး တစ်စိတ်တည်း တစ်ဝမ်းတည်း ရှိတယ်လို့ ဖော်ပြနေတာပဲ။ ဒီလောက်ကြမ်းတမ်းတဲ့ အခြေအနေမျိုးမှာတောင် ဘယ်သူမှ အလုပ်ထွက်ဖို့ စိတ်ကူး မရှိကြဘူး။ ဒါက ဖေးဟွမ်လုပ်ငန်းက စိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိတဲ့ ရင့်ကျက်တဲ့ အဖွဲ့တစ်ခုဖြစ်လာပြီဆိုတဲ့သဘောပဲလေ။"

"မင်းတို့ကောင်တွေ ကိုယ့်ပိုက်ဆံကိုယ် မသုံးခဲ့သင့်ဘူး။ လက်ထောက်ရှင်းကို သွားတွေ့လိုက်။ မင်းတို့ ပြန်ပေးဖို့ ဘယ်လောက်ပဲလိုလို အကုန်ပေးမယ်။"

"အဲ နေဦး။ ဒီလောက်နဲ့ မလုံလောက်သေးဘူး။ လစာပေးဖို့ နှောင့်နှေးတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး။ သူတို့ကို အတိုးနဲ့ပါ လစာပေးမယ်။ ငါတို့ရဲ့ အထောက်အပံ့ဖြစ်တဲ့ ညီအစ်ကိုတွေကို မဟုတ်တာ မလုပ်သင့်ဘူး။"

ဟွမ်စစ်ပေါ် ကြောင်စီစီ ဖြစ်သွားပါသည်။ "ဘော့စ်ဖေး ဒါ မသင့်တော်ဘူးမလား။ အရင်တုန်းက လစာနှောင့်နှေးတာကို အတိုးနဲ့ ရှင်းပေးတာမျိုး တစ်ခါမှလည်း မကြားဖူးဘူး။"

ဖေးချမ့်က ဟွမ်စစ်ပေါ် ထပ်မပြောတော့ဖို့ လက်ခါပြလိုက်ပါသည်။

"ဟွမ်စစ်ပေါ် မင်းတို့ ဘာတွေရိုက်ချင်လဲ၊ မင်းတို့ ဘာတွေတိုက်ခိုက်ပြီး ကိုယ့်ကိုယ်ကို စိန်ခေါ်ချင်လဲဆိုတာကို ငါဂရုမစိုက်ဘူး။ဒါပေမယ့် ငါတို့ကုမ္ပဏီရဲ့ ပုံရိပ်ကို ထိခိုက်စေမယ့် ကိစ္စမျိုးတွေကို ဘာမှ ခွင့်မပြုနိုင်ဘူး။"

"ထန်းတာ့နဲ့ အတူတူ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ခဲ့ရတဲ့ ဝန်ထမ်းတွေကို စိတ်ဓာတ်ကျခွင့် ပေးလို့ မဖြစ်ဘူး၊ နားလည်လား။"

ဘော့စ်ဖေးက အလွန်ဖြောင့်မတ်စွာ ပြောလိုက်ပါသည်။

ဟွမ်စစ်ပေါ် ကြည်နူးလွန်းသဖြင့် မျက်လုံးထဲ မျက်ရည်များ ဝဲလာခဲ့သည်။

ဒါ... မိသားစုတစ်စုရဲ့ နွေးထွေးမှုလိုပဲ။

အပြင်ဘက်မှာ ဘယ်လောက်ပဲ နာကျင်လာပါစေ၊ အခက်အခဲတွေ ဘယ်လောက်ပဲ ကြုံတွေ့လာရပါစေ ထန်းတာ့ကို ပြန်ရောက်လာခြင်းက အိမ်ကိုပြန်လာရသလိုပင်။ စိတ်ပူစရာ ဘာမှ မလိုအပ်ပါ။ ထန်းတာ့နဲ့ ဘော့စ်ဖေးက သူတို့နောက်မှာ ရှိနေပါသည်။

သူတို့ငွေတွေ အများကြီး သုံးထားတာကို ဘော့စ်ဖေး စိတ်ထဲမထားတာကိုမြင်သောအခါ ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ပြုတ်ကျသွားသလို ခံစားလိုက်ကြပါသည်။

ဖေးချမ့်က မေးလိုက်သည်။ "မင်းတို့တွေ နောက်ပရောဂျက်အတွက်လည်း မှတ်တမ်းရုပ်ရှင်ပဲ ရိုက်ကူးကြမှာလား။"

ဟွမ်စစ်ပေါ်က ခေါင်းခါလိုက်ပါသည်။ "အဲ့တာတော့ ကျွန်တော်တို့ မဆုံးဖြတ်ရသေးဘူး။ ဒီမှတ်တမ်းရုပ်ရှင် ထုတ်လွှင့်တဲ့အထိ စောင့်ပြီး တုန့်ပြန်မှုကို အရင်စောင့်ကြည့်လိုက်ဦးမယ်။ ဒါပေမယ့် ဒီ Theme မျိုးနဲ့တော့ သေချာပေါက် ဆက်မလုပ်တော့ဘူး။ ဒါက ငွေမရလို့ မဟုတ်ဘဲ ကျွန်တော်တို့ပြသချင်တာတွေ အများကြီး ပြသပြီးသွားပြီမို့လို့ပါ။”

"ကျွန်တော်တို့ Theme အသစ်ပြောင်းပြီး ရိုက်ကူးနိုင်တယ်။"

ဖေးချမ့် ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း စမ်းကြည့်ကြပါ။ မင်းတို့ ပိုက်ဆံလိုရင် ပြောသာ ပြောလိုက်"

အကြာကြီးစကားပြောပြီးနောက် ဖေးချမ့် ရုတ်တရက်ကြီး တစ်ခုခုကို တွေးမိသွားပါသည်။

"သြော် ဟုတ်သားပဲ။ ချန်းလျဲ့အခြေအနေ ဘယ်လိုရှိလဲ။"

ဖေးချမ့်က ချန်းလျဲ့ကို ရှန်ဟိုင်းသို့ ပို့ပြီးပြီ ဖြစ်သော်လည်း အနည်းငယ် စိတ်ပူနေရဆဲ ဖြစ်သည်။ ချန်းလျဲ့က တကယ်ပဲ ပါရမီရှိသူဖြစ်ကာ စတန့် တစ်ခုခု ထွင်လိုက်မှာကို ဖေးချမ့် စိတ်ပူနေပါသည်။ ထို့ကြောင့် မေးကြည့်ဖို့ တွေးမိခြင်း ဖြစ်သည်။

"သေချာတော့ မသိဘူး။ ဘော့စ်ဖေး တောင်းဆိုတဲ့အတိုင်း သူ့အတွက် အစားအသောက်နဲ့ နေရာထိုင်ခင်းအတွက် ကျွန်တော်ကူညီပေးထားတယ်။ ဒါပေမယ့် ကျွန်တော်တို့က ရိုက်ကူးရေးအတွက် အလုပ်ရှုပ်နေပြီး သူကလည်း ရှန်ဟိုင်းမြို့မှာ လျှောက်သွားနေတော့ အများကြီး မတွေ့မိကြဘူး။"

"မှတ်တမ်းရုပ်ရှင်အတွက် အပိတ်ဇာတ်ဝင်တေးကို ဆိုပေးဖို့ တောင်းဆိုချင်ခဲ့တာ။ ဒါပေမယ့် ကျွန်တော်တို့မှာ ဘက်ဂျက်လည်း မလုံလောက် သင့်တော်တဲ့ သီချင်းကိုလည်း ရှာမရခဲ့လို့ သူ့ကိုမပြောဖြစ်ခဲ့ဘူး။"

ဟွမ်စစ်ပေါ်က သူနားလည်သလို ရှင်းပြဖို့ ကြိုးစားပါသည်။

ဖေးချမ့်၏ နှလုံးခုန်သံ ရပ်တန့်သွားတော့မလို ဖြစ်သွားသည်။ သို့သော် မကြာခင် ပုံမှန်အတိုင်းပဲ ပြန်ဖြစ်သွားခဲ့ပါသည်။

နည်းနည်းတောင် လန့်သွားတယ်ကွာ။

ကံကောင်းစွာဖြင့် ဟွမ်စစ်ပေါ်က ချန်းလျဲ့ကို အပိတ်သီချင်းဆိုခိုင်းဖို့ မဆွေးနွေးခဲ့ပေ။ ချန်းလျဲ့သာ တကယ်ဆိုပါက ပြဿနာ တက်နိုင်ပါသည်။

ဒီမှတ်တမ်းရုပ်ရှင်က ငွေမရသော်လည်း ရိုက်ကူးရေးထဲ အားထုတ်ကြိုးပမ်းမှုများကြောင့် သေချာပေါက် ကြည့်ရှုသူများကို ဆွဲဆောင်နိုင်ပါလိမ့်မည်။

ဒီလိုဖြစ်လာပြီး ချန်းလျဲ့သာ ရုတ်တရက်ကြီး အင်တာနက်ပေါ်မှာ နာမည်ကြီးလာကာ ထိုကဲ့သို့ ပါရမီရှင်တစ်ယောက်ကြောင့် ဖေးဟွမ်လုပ်ငန်းအပေါ် သက်ရောက်မှုရှိလာပါက...

အကျိုးဆက်များက စိတ်ကူးဖြင့် မှန်းဆ၍ မရနိုင်အောင် ရှိလာလိမ့်မည်။

ကံကောင်းလို့ ဒါမျိုးတွေ ဘာတစ်ခုမှမဖြစ်ခဲ့ပေ။

အမှန်ပင်။ ချန်းလျဲ့ကို အဆင်မပြေချင်တာမျိုး မဟုတ်ပါ။ချန်းလျဲ့ကို နည်းနည်းလောက် စောင့်ခိုင်းပြီး ဒီအသုတ်မှာ နာမည်ကြီးမလာစေချင်ရုံ ဖြစ်ပါသည်။ ဒါမှ ချန်းလျဲ့ ဖေးချမ့်ကို ဒုက္ခမပေးနိုင်မှာ ဖြစ်ပါသည်။

မင်းရဲ့ ကိုယ်ပိုင်အချိန်ရောက်ရင် မင်းဖာသာမင်း နာမည်ကြီးလာလို့ရတယ်။ ကျေးဇူးပြုပြီး အဲ့နာမည်ကြီးမှုကို ငါ့ဆီသာ ယူမလာပါနဲ့။

"အခုကော" ဖေးချမ့်က ဆက်မေးသည်။

ဟွမ်စစ်ပေါ်က ခေတ္တစဥ်းစားလိုက်ပါသည်။ "သူအခု ရှန်ဟိုင်းမှာ အခွင့်အလမ်းတွေ လိုက်ရှာနေတုန်းပဲထင်တယ်။ ဘော့စ်ဖေး သိချင်ရင် ကျွန်တော်ဖုန်းဆက်မေးလိုက်မယ်လေ။"

ဖေးချမ့်က လက်ကာလိုက်သည်။ "မလိုပါဘူး။ ငါက ဒီတိုင်းမေးကြည့်တာပါ။"

ချန်းလျဲ့ ဒီတစ်ခေါက် ငွေစာရင်းရှင်းမှုကို ဒုက္ခမပေးနိုင်သရွေ့ အားလုံး အိုကေပါသည်။

ဘေးမှာတော့ ကျူးရှောင်စဲက စိတ်ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။

ဘော့စ်ဖေးက သူ့ဝန်ထမ်းတိုင်းကို တကယ်ပဲ ဂရုစိုက်တာပါလား။

ချန်းလျဲ့နဲ့ ပတ်သတ်ပြီး ကျူးရှောင်စဲ တစ်ခုခု ကြားဖူးပါသည်။

ချန််းလျဲ့က ယွီအင်တာနက်ကဖေးတွင် ဆိုင်အဆိုတော် ဖြစ်ခဲ့ဖူးသည်။ ကဖေးအတွက်လည်း အမြတ်များစွာ ယူဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါသည်။ တခြားဘော့စ်များသာဆိုရင် ချန်းလျဲ့ကို ရွှေဥဥပေးသော ကြက်မကြီးလို သဘောထားကာ ချုပ်ကိုင်ထားပြီး ထွက်သွားခွင့်ပေးမှာ မဟုတ်ပါ။

သို့သော်လည်း ဘော့စ်ဖေးကတော့ လုံးဝ ဆန့်ကျင်ဘက်ကို လုပ်ခဲ့သည်။ ချန်းလျဲ့ကို ယွီအင်တာနက်ကဖေးမှာပဲ နေခိုင်းပြီး အမြတ် ဆက်ထုတ်ကာ သူ့အိပ်မက်များ နောက်လိုက်ခြင်းမှ မတားဆီးခဲ့ပါ။ ပိုကြီးမားသည့် စင်မြင့်တစ်ခုပေါ်တွင် ပိုကောင်းမွန်သည့် အခွင့်အလမ်းများ ရှာဖွေနိုင်အောင် ရှန်ဟိုင်းမြို့သို့ ပို့ဆောင်ဖို့ ငွေများပင် ထောက်ပံ့ပေးခဲ့ပါသည်။

ဒါက ဘော့စ်ဖေးအတွက် ဘယ်နည်းနဲ့မှ အကျိုးအမြတ် မရှိနိုင်ပါ။ လုံးဝ ကိုယ်ကျိုးမငဲ့ခြင်းမျိုးသာ ဖြစ်ပါသည်။

အခုထိတောင် ဘော့စ်ဖေးက ရှန်ဟိုင်းမြို့လို အဝေးကြီးမှာ ရောက်နေသည့် ချန်းလျဲ့ကို ဂရုစိုက်နေဆဲ ဖြစ်သည်။

သဘောကောင်းလိုက်တဲ့ စိတ်ထားလေး...

ဘော့စ်ဖေးက အမြဲတမ်း နွေးထွေးမှုပေးသူ ဖြစ်ပါသည်။

All Chapters