← Chapters

အော်ရယ်မိခါနီး

Vol. 12 Ch. 176

အော်ရယ်မိခါနီး

Vol. 12 Ch. 176

လီရှိက ယွီအင်တာနက်ကဖေးဆိုင်ပြင်တွင် စီးကရက်သောက်လို့ ကုန်သွားပါပြီ။

သူ့လက်အောက်ငယ်သား၏ အစီခံချက်ကို ကြားလိုက်ရပြီးနောက် လီရှိသည် သူ့ရဲ့အကဲခတ်နိုင်စွမ်းကို မေးခွန်းပြန်ထုတ်လာမိသည်။

ဖုဟွေ့ရင်းနှီးမြှုပ်နှံမှုက နိုင်ငံတော်ထဲမှာ အလွန်ထူးခြားပြီး ထိပ်တန်းအဆင့်ဖြစ်သော ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း မဖြစ်နိုင်သော်လည်း ကျင်းကျိုးလိုနေရာမျိုးမှာတော့ အားလုံး အနည်းဆုံးတော့ ကြားဖူးသင့်သည် မဟုတ်လား။

ယခုတော့ သူ့ဘက်က စပြီး ဆက်သွယ်ခဲ့တာတောင် ဒီဘော့စ်ဖေးက တုပ်တုပ်မှ မလှုပ်ဘဲ သူ့ကမ်းလှမ်းချက်ကို ချက်ချင်း ငြင်းပယ်ခဲ့တာလား။

ဒါက ယုတ္တိ မရှိလှပါ။

ဘာပဲဖြစ်ဖြစ် ဒီအချိန်ကာလအတွင်းမှာ ဆင်တူသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလည်း ပေါများနေပြီဖြစ်သည်။

လုပ်ငန်းရင်းနှီးမြှုပ်နှံရေးသမားတစ်ယောက် ရောက်လာပါက ပစ်မှတ်ထားခံရသည့် ကုမ္ပဏီ အများစုမှာ ၎င်းတို့ကမ်းလှမ်းချက်ကို သိရဖို့ အရင်ဆုံး နားထောင်ကြလိမ့်မည်။

သူတို့ သိပ်သဘောမကျဘဲ အပေးအယူ မလုပ်နိုင်ပါက နှစ်ဦးနှစ်ဖက်စလုံး လမ်းခွဲကာ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းများကို ရှာဖွေနိုင်ပါသည်။ ဘယ်သူမှ ဒီလိုကြောင့် အရှုံးရှိမည်မဟုတ်ပေ။

ဒီလို တဲ့တိုးကြီး ငြင်းလိုက်သည့် ဖြစ်ရပ်မျိုးကတော့ တကယ်ပဲ ရှားပါးပါသည်။

လီရှိက ဝါရင့် ရင်းနှီးမြှုပ်နှံသူတစ်ယောက် ဖြစ်သည်။ ဒီလို ဖြစ်ရပ်တစ်ခုကြောင့် တုန်လှုပ်သွားမှာ မဟုတ်ပါ။။ သူ့ကိုယ်ပေါ်က စီးကရက်အနံ့များကို ခါထုတ်လျက် ယွီအင်တာနက်ကဖေးထဲသို့ ပြန်ဝင်လာခဲ့ပါသည်။

ဖေးချမ့် မှတ်စုစာအုပ်ထဲ လျှောက်ခြစ်နေတာကို ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်း လီရှိ သတိထားမိသည်။ သိသော်လည်း တစ်ခုခုကို စဥ်းစားနေသည့်ပုံစံဖြင့် ဆက်လက် တည်တံ့နေဆဲ ဖြစ်သည်။

သူ့လက်အောက်ငယ်သားများကိုသာ သူ မယုံကြည်ပါက ဘော့စ်ဖေးက တကယ်ကော သူ့ကမ်းလှမ်းချက်ကို ရရဲ့လားဟု လီရှိ သံသယဖြစ်နိုင်ပါသည်။

"ထူးဆန်းလိုက်တာ၊ ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမယ့် ကမ်းလှမ်းချက်ကို ဒီကောင် တကယ်ကြီး ဂရုမစိုက်တာပါလား။ ငါအကဲဖြတ်မှားသွားပြီလား။"

"ဘော့စ်ဖေးက အခု ခက်ခဲနေတဲ့ အခြေအနေမှာ ရှိနေပြီး ယွီအင်တာနက်ကဖေးကလည်း ငွေတွေ ဆက်တိုက်ဆုံးရှုံးနေတာကို မဟုတ်မှလွဲရော သူက ဇွဲမလျှော့သေးဘဲ ဒီလုပ်ငန်းကို တကျော့ပြန်လာအောင် လုပ်နိုင်မယ်လို့ ခေါင်းမာမာနဲ့ ထင်နေတာလား။"

"သူ့ကို ပူးပေါင်းဆောင်ရွက်ဖို့အတွက် ငွေတွေ အများကြီး၊ အခွင့်အလမ်းတွေ အများကြီး ပေးအပ်နိုင်တာကို ဒီဘော့စ်ဖေးက အကြွင်းမဲ့ ထိန်းချုပ်နိုင်ခွင့်ကို လိုချင်နေသေးတာလား။"

"ဘာပဲဖြစ်ဖြစ် သူက အကြွင်းမဲ့ထိန်းချုပ်နိုင်စွမ်းရဖို့ ဆန္ဒပြင်းပြတဲ့လူမျိုးနဲ့တူတယ်။ တခြား ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ ဝင်ရှုပ်ခွင့် မပေးနိုင်တဲ့ လူမျိုးပဲ။"

"သြော်... လူငယ်တွေကတော့ လူငယ်တွေပါပဲလား။ အကုန်လုံးက သူတို့ဖာသာပဲ အမြတ်တွေကို အကုန်သိမ်းပိုက်ချင်ကြတယ်။ ဒါက စီးပွားရေးသမားကောင်းတစ်ယောက်မှ ရှိသင့်တဲ့ တွေးပုံခေါ်ပုံမျိုး မဟုတ်ဘူး။"

ကဏ္ဍတိုင်းမှ အကဲခတ်ကြည့်သော်လည်း ဘော့စ်ဖေး ဘာကြောင့် သူ့ရင်းနှီးမြှုပ်နှံမည့် ကမ်းလှမ်းချက်ကို ပြတ်သားစွာ ငြင်းပယ်လိုက်ရသလဲ ရှင်းပြဖို့ ခက်ခဲနေပါသည်။ အဓိကအချက်က ငြင်းဆန်လိုက်တာ ရှင်းရှင်းလင်းလင်းကြီး ဖြစ်သည်။ အသေးစိတ်ကိုတောင် ဘော့စ်ဖေးက နားမထောင်သွားပါ။

လီရှိ ရှင်းလင်းချက်တစ်ခုကိုသာ တွေးမိတော့သည်။ ဘော့စ်ဖေးက အလွန်ခေါင်းမာပြီး စိတ်မြန်လက်မြန် လုပ်ဆောင်တတ်သူ ဖြစ်နိုင်ပေသည်။ သူ့လုပ်ငန်းကို အကြွင်းမဲ့ထိန်းချုပ်နိုင်စွမ်းလိုချင်သူဖြစ်ပြီး ဘယ်သူ့ကိုမှ ဝင်ပါခွင့်ပေးမှာ မဟုတ်ပါ။

အမှန်ပင်။ နောက်ထပ်ရှုထောင့်တစ်ခုက ကြည့်လိုက်ရင်တော့ ဘော့စ်ဖေးက အင်တာနက်ကဖေး လမ်းမှန်အတိုင်း လျှောက်လှမ်းနေသည်ဟု ခိုင်မြဲစွာ ယုံကြည်နေဆဲဟု ဆိုလိုသည်။ နောက်ပိုင်း ငွေတွေ သေချာပေါက် ဝင်လာနိုင်သည်ဟု ယုံကြည်နေဆဲဖြစ်သဖြင့် ထိုအမြတ်များကို ဘယ်သူနဲ့မှ မမျှဝေချင်လို့ ဖြစ်နိုင်သည်။

ဒါကို အတည်ပြုဖို့အတွက် ဖေးချမ့်ကို လီရှိ တိုက်ရိုက် ချဥ်းကပ်နိုင်သော်လည်း သူ မလုပ်တော့ပါ။

ဘာပဲဖြစ်ဖြစ် သူက ရင်းနှီးမြှုပ်နှံမှုဘော့စ်တစ်ယောက်ဖြစ်သည်။ ဒါမျိုး ဘာကြောင့် လုပ်ရမည်နည်း။

သူ့လုပ်ငန်းကတ်ကို ပေးလိုက်ပြီး ဘော့စ်ဖေးက ယဥ်ယဥ်ကျေးကျေး လီရှိကို ထပ်ငြင်းလိုက်ပါက ရှက်ဖို့ မကောင်းပေဘူးလား။

ထို့အပြင် ဖြစ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် သူ ထပ်မံ အငြင်းခံရနိုင်ခြေက တော်တော်လေး မြင့်မားနေပါသည်။

"ဟင်း... ငတိလေး ငါ့ဆီက ရင်းနှီးမြှုပ်နှံမှုကို ဘယ်သူမှ မငြင်းနိုင်ဘူး ကွ။ မင်းလည်း ခြွင်းချက် မဟုတ်ဘူး။ ရင်းနှီးမြှုပ်နှံမှုတွေက အတူတူပဲ ဆိုပေမယ့် တချို့ကုမ္ပဏီတွေက မျက်နှာလိုမျက်နှာရလုပ်တတ်ပြီး တချို့တွေကတော့ ဝမ်းပမ်းတသာပဲ လက်ခံကြမှာ။ တခြားသူတွေကတော့ နည်းနည်းလေးတွန်းအားပေးဖို့ လိုအပ်တယ်..."

လီရှိက ဖေးချမ့်ကို တိတ်တိတ်လေး စောင့်ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့ပါသည်။

ဇွန်လ ၂၄ ရက်နေ့ ယွီအင်တာနက်ကဖေး မူရင်းဆိုင်တွင်..

အပြင်ဘက်တွင် အငှားယာဥ်တစ်စီး ရပ်ကာ မာယန် ချက်ချင်းဆင်းလာပြီး အင်တာနက်ကဖေးထဲ ဝင်လာပါသည်။

"ဘော့စ်မာ စာမေးပွဲ ပြီးသွားပြီလား။ ဘယ်လိုလဲ။" မာယန် ဝင်လာတာကို မြင်သောအခါ ကျန်းယွမ်က နွေးနွေးထွေးထွေး ကြိုဆိုပြီး မေးလိုက်ပါသည်။

မာယန်က တစ်နေရာရာတွင် ထိုင်လိုက်ကာ ပျင်းကြောဆန့်လိုက်ပါသည်။ သူ့မျက်နှာကြီးကြီးက သန်းဝေလိုက်သောကြောင့် ပို၍ပင် ရှည်ထွက်လာသည်။ "အရမ်းကြီး အရေးကြီးတဲ့ အတန်း မဟုတ်ပါဘူး။ အောင်ဖို့ မခက်ဘူး။"

"ငါ့အိမ်စာတွေကို ညီအစ်ကိုချမ့်ကိုတောင် ကူးဖို့ ငှားခဲ့သေးတယ်။ ဒါမှ အနည်းဆုံး သူ ၁၀ မှတ်လောက်တော့ ရနိုင်မှာ။ လာမယ့် တစ်လ နှစ်လအတွင်း ငါတို့ကို အင်တာနက်ကဖေးနဲ့ သရေစာ လုပ်ငန်းတွေရဲ့ အရှုံးကြောင့် ဆူမှာမဟုတ်လောက်ဘူးထင်ရတာပဲ။"

ကျန်းယွမ်က လေးစားအားကျမှုများဖြင့် ပြည့်နှက်သွားပါသည်၊။ အမှန်ပင်။ အတွင်းလူ ရှိပါက ကိစ္စတိုင်း ပိုမိုချောမွေ့သွားပါသည်။

အရင်တုန်းက မာယန်လိုလူမျိုး ဘာကြောင့် ယွီအင်တာနက်ကဖေး၏ အထွေထွေမန်နေဂျာ ဖြစ်လာခဲ့သလဲဆိုတာကို ကျန်းယွမ် နားမလည်နိုင်ခဲ့ပေ။ အခုတော့ အားလုံး အဓိပ္ပာယ်ရှိနေပါပြီ။

ဒါက ပုံမှန်ပဲဖြစ်ပြီး ဖြစ်သင့်သည်ဟုတောင် ထင်မိပါသည်။

မသင့်တော်သည့် အဆက်အသွယ်များကြောင့် မာယန် ဒီရာထူး ရလာသည်ဟု တချို့တွေက ပြောနိုင်သော်လည်း ကျန်းယွမ်အတွက်တော့ မာယန်လို ဘော့စ်မျိုးနောက်ကို လိုက်ခြင်းက သူ့အတွက် အလွန် သက်တောင့်သက်သာ ရှိပါသည်။

အနည်းဆုံးတော့ ဘော့စ်ဖေး၏ ဆူငေါက်မှုနဲ့ မေးခွန်းထုတ်ခံရမှုတို့ကို စိတ်ပူစရာ လိုမှာ မဟုတ်တော့ပါ။

ဝန်ဆောင်မှုပေးသူတစ်ယောက်က အအေးတစ်ခွက်ကို လှမ်းပေးလိုက်သည်။ မာယန်က အအေးသောက်ပြီး သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။ "အဲ့တာတွေ ထားလိုက်ပါတော့။ အလုပ် ဆက်ကြိုးကြရအောင်။"

"သရေစာလုပ်ငန်းကြောင့် ငါတို့ အရှုံးကို အမြတ်အဖြစ် ပြောင်းလဲနိုင်မယ်လို့ မျှော်လလင့်ခဲ့ကြတယ်။ ဒါပေမယ့် သရေစာလုပ်ငန်းပါ အခုအရှုံးပေါ်နေပြီ.."

ကျန်းယွမ်က မာယန်၏ စကားလုံးများကို ကြားက စိုးရိမ်ပူပန်သွားပါသည်။ "ဟုတ်တယ်။ လွန်ခဲ့တဲ့ ၂ ရက်တုန်းက ဘော့စ်ဖေး မှတ်စုစာအုပ်ထုတ်ပြီး ဟိုခြစ်ဒီခြစ်လုပ်နေတာ။ အရမ်းခက်ထန်ပြီး တည်တံ့နေတဲ့ပုံစံကြီးနဲ့။ ဘာတွေရေးနေလဲဆိုတာတော့ မသိဘူး။"

ချန်းလျဲ့ကို ဆိုင်က ထုတ်လိုက်ပြီးကတည်းက မာယန် ထိုဆုတ်ယုတ်မှုကို ပြန်မဖြည့်တင်းနိုင်သေးပေ။ ဖေးချမ့်က မာယန်ကို တစ်ခုခု လုပ်စေချင်သဖြင့် အရေးကြီးတာဝန်ဖြစ်သည့် ယွီသရေစာလုပ်ငန်းကို မာယန်လက်ထဲ အပ်ခဲ့ပါသည်။

မာယန်က အစပိုင်းမှာတော့ အတော်လေး အားတက်ကာ တက်ကြွနေပါသည်။ သူ ဒလီဗာရီသမားများ ငှားထားသည်။ ပန်းကန်ဆေး ကိရိယာများလည်း ဝယ်ထားသည်။ App တစ်ခု ရေးဆွဲဖို့တောင် လူငှားထားသည်။ နောက်ဆုံးမှာတော့ လူများများစားစား သူ့အစားအသောက်များကို မမှာယူကြမှန်း သိလိုက်ရပါသည်။

နောက်ထပ် ဝန်ထမ်းတစ်အုပ်စုကို အလကားသက်သက် လစာပေးနေရပြန်ပြီ။ ဒါက နောက်ထပ် ကုန်ကျစရိတ်တစ်ခု ဖြစ်လာသည်။

အမှန်ပင်။ ယွီသရေစာဆီက ဘယ်သူမှ မမှာယူကြတာတော့ မဟုတ်ပါ။ တချို့ ကတ်စတမ်မာများက ဒီလိုဝန်ဆောင်မှုမျိုးကို တကယ်တမ်း သဘောကျကြပါသည်။ သို့သော်လည်း အရင်းပြန်ရဖို့သာ ခက်ခဲနေခြင်း ဖြစ်သည်။

ပြဿနာများ ဆထက်တိုးပွားလာ၏။

ဘော့စ်ဖေးက လက်ကမ်းစာစောင်များဝေခြင်းကဲ့သို့ လူလုပ်ကြော်ငြာခြင်းနည်းလမ်းများကို သဘောမကျပေ။ ထို့ကြောင့် လူများများစားစား ယွီသရေစာရှိမှန်းတောင် မသိကြပါ။ ယွီသရေစာ App ကလည်း ကိုယ့်ဆိုင်က အစားအသောက်များကိုပဲ ပို့ဆောင်ပေးနိုင်သည်။ တခြား ဆိုင်များနဲ့ မပူးပေါင်းသဖြင့် သာမန်ကတ်စတမ်မာများကို မဆွဲဆောင်နိုင်ပေ။ Item အားလုံးက သာမန် အစားအစာများ ဖြစ်သည်။ ဟင်းလျာများက ရိုးရှင်းပြီး ပုံမှန်ထက် ပိုစျေးကြီးသည့်ပုံပင်။

အနှစ်ချုပ်ပြောရလျှင် လူမြင်နိုင်စွမ်းနည်းကာ သာမန်ကတ်စတမ်မာများ၏ မျှော်လင့်ချက်နဲ့ ကိုက်ညီမှု မရှိပါ။ ယွီသရေစာက အပြည့်အဝ လည်ပတ်နိုင်စွမ်း မရှိဘဲ ဝန်ထမ်းအများစုလည်း ဘာမှ လုပ်စရာ မရှိကြပေ။

ပုံမှန်ဆို ဒလီဗာရီသမားတစ်ယောက်က မိသားစုများစွာထံသို့ တစ်ပြိုင်တည်း အစားသအသောက်များ ပို့ဆောင်ပေးနိုင်ပြီး မိသားစုများစွာထံမှ ပန်းကန်ဇွန်းခွက်များကိုလည်း တစ်ပြိုင်တည်း သိမ်းယူနိုင်သည်။ သို့သော်လည်း အခုက ကတ်စတမ်မာများ အလွန်နည်းပါးသောကြောင့် ဒလီဗာရီသမားနဲ့ လိုက်လံကောက်ယူသူများက တစ်ခေါက်သာ ထွက်ရလေ့ ရှိသည်။

ဝန်ဆောင်မှု ပေးထားသည့် ဇွန်းခွက်ပန်းကန်များက ကောင်းမွန်သော်လည်း ပျက်စီးမှုများ၊ ပျောက်ဆုံးမှုများ ရှိမှာကိုတော့ ရှောင်လွှဲလို့ မရပေ။ ဖေးချမ့်၏ တောင်းဆိုချက်အရ ဒီလိုကိစ္စတွေ ဖြစ်လာရင်တောင် အမြဲတမ်း ဖြစ်နေတာ မဟုတ်သရွေ့ ကတ်စတမ်မာတွေကို ပြဿနာရှာခွင့် မရှိပါ။

သူတို့ ဒီလိုကတ်စတမ်မာမျိုးတော့ မတွေ့ရသေးပေ။ သိုသော် တစ်ခါတစ်လေ ထိခိုက်လာသော ဇွန်းခွက်ပန်းကန်များကို မြင်သောအခါ မာယန် ရင်နာသွားရပါသည်။

ဒီလိုအခြေအနေတွေအောက်မှာတော့ ငွေရနိုင်ဖို့ လုံးဝ မဖြစ်နိုင်ပါ။

သူတို့နှစ်ယောက် အနည်းငယ် စိတ်ဓာတ်ကျကာ တိတ်ဆိတ်နေကြပါသည်။

မာယန်က သောက်စရာကို ကုန်အောင် သောက်လိုက်ပြီး အင်တာနက်ကဖေးတစ်ခုလုံးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပါသည်။ "ထူးဆန်းတယ်။ ဘာဖြစ်လို့ ဒီနေ့ကျမှ လူနည်းနည်း ပိုနည်းနေသလို ခံစားမိပါလိမ့်။"

ကျန်းယွမ်လည်း ကြောင်သွား၏ "ဟင် ဟုတ်လား"

သူ သတိမထားမိသေးပါ။ ဘာပဲဖြစ်ဖြစ် ယွီအင်တာနက်ကဖေးက နေ့ဘက်တွင် လူများများစားစား မရှိတတ်ပေ။ အမြဲတမ်း အင်တာနက်သုံးသည့် လူ ၁၀ ယောက်ဝန်းကျင်နဲ့ ကော်ဖီသောက်နေသည့် လူအရေအတွက်ကလည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။

ဒီနေ့က အလုပ်ဖွင့်ရက်တစ်ရက်၏ မနက်ခင်း တစ်ခုဖြစ်သဖြင့် လူတွေနည်းနည်းပဲလာတာ ပုံမှန်ပဲဖြစ်ပါသည်။

သို့သော်လည်း မာယန် ပြောခါမှ ဒီနေ့ ပုံမှန်ထက် လူတွေပိုနည်းနေမှန်း ကျန်းယွမ် သတိထားလိုက်မိပါသည်။

အင်တာနက်ကဖေးတွင် လူ ၂ယောက်သာ ရှိပြီး တစ်ယောက်က ကော်ဖီနေရာတွင် တစ်ယောက်တည်း ထိုင်နေသည့် ကတ်စတမ်မာတစ်ယောက်သာ ရှိသည်။

"တိုက်ဆိုင်တာ ဖြစ်မှာပါ" ကျန်းယွမ်က ပြောလိုက်သည်။

သူတို့နှစ်ယောက် အနည်းငယ် ဇဝေဇဝါဖြစ်နေကြတုန်း အင်တာနက်ကဖေး၏ တံခါးကြီး ပွင့်လာသည်။ ယွီသရေစာ ဒလီဗာရီသမား တစ်ယောက်က လက်ကမ်းစာစောင်တချို့ကို ယူလာပြီး အမြန်ပြေးလာပါသည်။

"ဘော့စ်မာ ဘော့စ်ကျန်း တစ်ခုခုတော့ ဖြစ်နေပြီ။"

"မြန်မြန် ဒီလက်ကမ်းစာစောင်တွေကို ကြည့်ပါဦး။"

မာယန်နဲ့ ကျန်းယွမ်တို့လည်း အနည်းငယ် စိတ်ရှုပ်ထွေးသွာားကာ လက်ကမ်းစာစောင်ကို ယူလိုက်ပြီး ကြည့်လိုက်ပါသည်။

ယွီသရေစာ၏ လက်ရှိ အခြေအနေက မဆိုးရွားသော်လည်း အားပေးသည့် ကတ်စတမ်မာတချို့ရှိပါသေးသည်။ ထို့ကြောင့် ဒီဒလီဗာရီသမားက ဒလီဗာရီပို့ဆောင်ပြီး အပြန်လမ်းတွင် တစ်ခုခုကို မြင်ခဲ့ခြင်း ဖြစ်သည်။

လက်ကမ်းစာစောင်များ အတော်လေး များပြား၏။ တချို့က အင်တာနက်ကဖေးတစ်ခုကို ကြော်ငြာနေသည်။ တချို့က ကော်ဖီအိမ်၊ တချို့က ဘားကို ကြော်ငြာနေ၏။ ထိုလက်ကမ်းစာစောင်တချို့က နှစ်ခုထပ်နေသည်။ ဒလီဗာရီသမားက အလျင်လိုပြီး တစ်ရွက်ထက် ပိုဆွဲလာသည့်ပုံပင်။

မာယန်နဲ့ ကျန်းယွမ်တို့ ထိုလက်ကမ်းစာစောင်များကို စားပွဲပေါ်တွင် ဖြန့်ချလိုက်ပြီး တစ်ခုချင်း စစ်ကြည့်လိုက်ပါသည်။

ပရိုမိုးရှင်းရှိသည့် အင်တာနက်ကဖေးတစ်ခုတွင် အချိန်အကန့်အသတ် ဒစ်စ်ကောင်ဖြင့် အထူးငွေဖြည့်သွင်း ပရိုမိုးရှင်းတစ်ခု ရှိပါသည်။

ကော်ဖီအိမ်နဲ့ ဘားတို့မှာလည်း ဒုတိယတစ်ခွက်ကို တစ်ဝက်စျေးဖြင့် ရမည် စသဖြင့် သောက်စရာများကို ဒစ်စ်ကောင့် ချထားပေးပါသည်။

မာယန် နားမလည်နိုင်သေးပါ။ "အဲ့တာတွေက ငါတို့နဲ့ ဘာဆိုင်လို့လဲ။"

ဒလီဗာရီသမားက အနည်းငယ် ဟောဟဲဆိုက်နေဆဲဖြစ်သည်။ "ဘော့စ်မာ အဲ့တာတွေက... ကျွန်တော်တို့ ဘေးပတ်လည်က ဆိုင်တွေချည်းပဲ။"

ကျန််းယွမ်၏ မျက်ခုံးများက ချက်ချင်း တစ်ခုခု လွဲမှားနေတာကို အာရုံရသွားသကဲ့သို့ ကြုတ်သွားပါသည်။

အနီးကပ် သေချာကြည့်လိုက်သောအခါ ထိုဆိုင်များက အကုန်လုံး တကယ်ပဲ ယွီအင်တာနက်ကဖေး မူရင်းဆိုင် ပတ်လည်မှာ ရှိနေမှန်း တွေ့လိုက်ရပါသည်။ သိပ်မဝေးလှပေ။

မာယန်က မျက်နှာရှည်ကြီးဖြင့် ဒီပြဿနာ ဘယ်လောက်ကြီးလဲ နားလည်သွားပါသည်။ "ဒါ.... ငါတို့ကို ပစ်မှတ်ထားနေတာလား။"

ခေတ္တစဥ်းစားလိုက်ပြီး ခေါင်းကိုခါလိုက်ပါသည်။ "မဟုတ်ဘူး။ မဖြစ်နိုင်ပါဘူး။ ငါတို့ ဘယ်သူ့ကိုမှ မတိုက်ခိုက်ဖူးဘူး။ ပြီးတာ့ အဲ့ဒီဆိုင်တွေနဲ့ စျေးချင်းလည်း မပြိုင်ဖူးသေးဘူး။ ဘာလို့ ငါတို့ကို ဒါမျိုးလာလုပ်တာလဲ။"

မာယန် စိတ်ရှုပ်ထွေးသွားသည်။ ယုတ္တိရှိအောင် ပြောရလျှင် ယွီအင်တာနက်ကဖေးက အလွန်အဆင်ပြေနေပြီး တခြားသူတွေရဲ့ စီးပွားရေးကို လွှမ်းမိုးနေပါက အဓိပ္ပာယ်ရှိဦးမည်။

သို့သော် ယွီအင်တာနက်ကဖေး၏ ဆိုင်အခြေအနေက အခု အတော်လေး ဆိုးရွားနေသည်။ ဒီလိုလုပ်ဖို့တောင် လိုပါ့မလား။

ကျန်းယွမ်၏ မျက်နှာက ပို၍ပင် မှောင်မိုက်သွားလေသည်။ "ပြောရခက်တယ်။"

"ယွီအင်တာနက်ကဖေးက အရှုံးပေါ်နေတယ် ဆိုပေမယ့် ငါတို့ဆိုင်ကို ဖွင့်ထားသရွေ့တော့ အဲ့ဒီဆိုင်တွေအတွက် ပြိုင်ဘက်တစ်ခုဖြစ်နေမှာပဲ။ ဧကန္တ ငါတို့ အောက်ဆုံးမှာ ရောက်နေတုန်း တိုက်ခိုက်ပြီး ငါတို့မပျောက်မကွယ်မချင်း ရပ်မှာ မဟုတ်ဘူးထင်တယ်နော်။"

"ပြီးတော့ အင်တာနက်ကဖေးတွေ ဘားတွေ ကော်ဖီအိမ်တွေ.... ဆိုင်တွေ အများကြီးက ပရိုမိုးရှင်းတွေကို တစ်ပြိုင်တည်း လုပ်ကြတာလား။ ကြည့်ရတာ တစ်ညီတည်း လုပ်နေကြသလိုပဲ။ ဧကန္တ တစ်ယောက်ယောက်က နောက်ကွယ်မှာ ဒါတွေကို ကြိုးကိုင်ထားတာ ဖြစ်ရမယ်။"

မာယန်က အလွန်အန္တရာယ်ရှိသည့် ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်သည်။ "ငါတို့ ဘာလုပ်ကြမလဲ။"

ကျန်းယွမ်က မျက်မှောင်ကြုတ်ကာ အကြာကြီး စဥ်းစားလိုက်သည်။ "တော်တော် အခက်တွေ့စရာပဲ။ ငါတို့ပြိုင်ဘက်က သေသေချာချာ ပြင်ဆင်ပြီးမှ တိုက်ခိုက်တဲ့ ပုံစံပဲ။"

"အဲ့ဒီဆိုင်တွေက စျေးနှုန်းတိုက်ပွဲကို စလိုက်ပြီ။ အင်တာနက်ကဖေးတွေ၊ ဘားတွေ၊ ကော်ဖီဆိုင်တွေ အကုန်လုံက စျေးကို လျှော့ပြီး လက်ကမ်းစာစောင်တွေ အသည်းအသန် ဝေနေကြတယ်။ ငါထင်တာ မမှားရင် ငါတို့ အင်တာန်ကကဖေးဆိုင်နားက လမ်းဝတချို့ကိုလည်း ဒီကောင်တွေ သိမ်းပိုက်ပြီးလောက်ပြီ။"

"အဲ့တာဆို ငါတို့ အင်တာနက်ကဖေးဆီ လာမယ့် ကတ်စတမ်မာတွေအာားလုံးက သေချာပေါက် သူတို့ရဲ့လက်ကမ်းစာစောင်တွေကို မြင်ပြီး ပရိုမိုးရှင်းတွေကို သိသွားကြမှာပဲ။ အစကတည်းက ဒီကိုလာတဲ့သူက မရှိရတဲ့အထဲ လာတဲ့ လူနည်းနည်းကို သူတို့ လုယူသွားရင် ပိုဆိုးသွားလိမ့်မယ်။"

မာယန်လည်း သဘောပေါက်နားလည်သွားပြီး အနည်းငယ် စိတ်တိုစွာ ပြောလိုက်ပါသည်။ "အဲ့တာကြောင့် ဒီနေ့ ကတ်စတမ်မာတွေ အရမ်းနည်းနေတာကိုး။"

ကျန်းယွမ်က ဆက်ပြောသည်။ "အဲ့တာတင် မကသေးဘူး။ ငါတို့ ပြိုင်ဘက်က သေချာ အကဲခတ်ထားတဲ့ပုံပဲ။ ဒီအကွက်က ငါတို့ရဲ့ ပျော့ကွက်ကိုမှ ပစ်မှတ်ထားနေတာပဲ။"

"ဘော့စ်ဖေးရဲ့ အစီအစဥ်အရဆိုရင် ငါတို့အင်တာနက်ကဖေးက အမြဲတမ်း အဆင့်မြင့်တဲ့ဆိုင်တစ်ခုဖြစ်ရမှာ။ ငါတို့စျေးနှုန်းတွေကလည်း သူများတွေထက် ပိုမြင့်တယ်။ ပြိုင်ဘက်က ငါတို့ကို သူတို့နဲ့ စျေးနှုန်း တိုက်ပွဲချင်း ဆင်နွှဲဖို့ ရန်စနေတာ။ ငါတို့အတွက် အရမ်းရှုပ်ထွေးတယ်။"

"ငါတို့စျေးကို မလျှော့ဘူးဆိုရင် စျေးနှုန်းအရ တော်တော်လေးကို အရေးနိမ့်သွားလိမ့်မယ်။ ငါတို့ယှဥ်နိုင်မှာ မဟုတ်ဘူး။"

"ဥပမာအားဖြင့် ငါတို့ရဲ့ မူလစျေးတွေက သူများတွေထက် ၄၀ ရာခိုင်နှုန်း ပိုမြင့်တယ်။ ဒါပေမယ့် ငါတို့ရဲ့ ပတ်ဝန်းကျင်အခြေအနေက ပိုကောင်းပြီး ဝန်ဆောင်မှုလည်း ပိုကောင်းတယ်။ တချို့ ကတ်စတမ်မာတွေက ပိုက်ဆံနည်းနည်းလောက်သုံးပြီး ဒီက ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေကိုပဲ လာယူကြလိမ့်မယ်။"

"ဒါပေမယ့် ငါတို့ပြိုင်ဘက်တွေက ငွေတွေကို မီးရှို့ပြီး စျေးတွေကို ပိုပိုနှိမ့်နေရင် ငါတို့ စျေးတွေက သူတို့ထက် ၆၀ ရာခိုင်နှုန်းလောက် ပိုမြင့်လာမယ်။ ကတ်စတမ်မာတွေက ပိုကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ ဝန်ဆောင်မှုအတွက်လောက်နဲ့ အဲ့လောက် ပိုက်ဆံတွေ အများကြီးကို သုံးချင်ပါတော့မလား။"

မာယန် မျက်မှောင်ကြုတ်လိုက်သည်။ "အဲ့တာဆိုရင် ငါတို့လည်း စျေးလျှော့လိုက်ရမလား။"

ကျန်းယွမ်က ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး။ ငါတို့က အဆင့်မြင့်ပြီး အထက်တန်းဆန်တဲ့ ဆိုင်ပဲ။ ငါတို့စျေးကို လျှော့လိုက်ရင် ငါတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်။ ပြီးတော့လည်း ငါတို့ သူတို့လို ငွေတွေကို မီးရှို့ရမယ်ဆိုရင် ငါတို့က နဂိုကတည်းက အရှုံးပေါ်နေတာ မဟုတ်ဘူးလား။ သူတို့ကို ဘယ်လိုလုပ်ပြီး အနိုင်ယူနိုင်မှာလဲ။"

"ပြီးတော့ ငါတို့ အရင်တုန်းက စျေးလျှော့ဖို့ ပြောတုန်းက ဘော့စ်ဖေး ဘာပြောခဲ့သလဲဆိုတာကို မမေ့လိုက်နဲ့။"

မာယန် ဆွံ့အသွားသည်။

အရင်တုန်းက ယွီအင်တာနက်ကဖေး စတင် အရှုံးပေါ်လာသောအခါ ကျန်းယွမ်က စျေးနှုန်း လျှော့ဖို့ ဗျူဟာကို ပြောပြပါသည်။ သို့သော်လည်း ဖေးချမ့်က ပြတ်ပြတ်သားသား ငြင်းခဲ့သည်။

သူတို့ ဒီကိစ္စကို ထပ်ပြောပါက ရလဒ်ကလည်း အတူတူပဲ ဖြစ်လောက်ပါသည်။

သို့သော်လည်း သူတို့စျေးနှုန်းကို မလျှော့ချပါက ယွီအင်တာနက်ကဖေး အခု ဝန်းရံခံနေရပြီဖြစ်သဖြင့် ထိုဆိုင်များက ယွီအင်တာနက်ကဖေးဆီ လာရာလမ်းတွင် ကြော်ငြာများ လိုက်ဝေနေသရွေ့ သူတို့ကတ်စတမ်မာ အများစု လုယူခံရမည်ဖြစ်သည်။

သူဌေးတချို့က ယွီအင်တာနက်ကဖေးကို သစ္စာရှိရှိနဲ့ ကျန်နေသေးရင်တောင် စျေးကို ဂရုမစိုက်ဘဲ အားပေးသည့် ကတ်စတမ်မာဆိုတာ အလွန်နည်းပါသည်။ အများစုက စျေးနှုန်းကို ထည့်တွက်လောက်သည်။

ကျန်းယွမ်၏ မျက်နှာ ခက်ထန်သွားသည်။ "ဘော့စ်ဖေးကို အစီရင်ခံလိုက်ကြရအောင်။ ငါတို့ဖာသာ ဆုံးဖြတ်ချက်ချလို့ မဖြစ်ဘူး။"

ဖေးချမ့်က အငှားတိုက်ခန်းတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ ထိုစဥ် သူ့ဖုန်းသံ မြည်လာခဲ့သည်။

ဖေးချမ့် အိပ်မက်က လန့်နိုးလာပြီး အလွန် မပျော်ရွှင်ဖြစ်နေပါသည်။

သိုသော်လည်း မာယန်ဆက်တာဖြစ်ပြီး မာယန်က သူ့အိမ််စာများ ကူးခွင့်ပေးထားသဖြင့် ဖေးချမ့် မာယန်ကို ခွင့်လွှတ်လိုက်ပါသည်။

"ဘာတုန်း မာကြီး"

မာယန်က အလျင်အမြန်ပဲ ယွီအင်တာနက်ကဖေး အခု ရင်ဆိုင်နေရသည့် ကပ်ဘေးကြီးကို ဖုန်းထဲမှာ ရှင်းပြလိုက်ပါသည်။

"ညီအစ်ကိုချမ့် အဲ့လိုဖြစ်နေတာ။ ကျန်းယွမ်နဲ့ ငါတို့ ဒီကိစ္စက သေချာပေါက် မလွယ်ဘူးဆိုတာကို ရိပ်မိတယ်။ တစ်ယောက်ယောက်က နောက်ကွယ်က ကြိုးကိုင်နေတာဖြစ်မယ်။ ငါတို့ ဘာလုပ်ကြမလဲ။"

မာယန် အလွန်စိတ်ဖိစီးနေသည်။

ဖေးချမ့် ရုတ်တရက်ကြီး မအိပ်ချင်တော့ပါ။

အဲ့လောက် ကောင်းတာ ဖြစ်သွားတာလား>

ဖေးချမ့် ထအော်ရယ်မိတော့မလိုပင် ဖြစ်သွားသည်။ ဒီငွေစာရင်းရှင်းချိန်အသုတ်အတွက် သူ ဖိအားတချို့ ခံစားနေရဆဲဖြစ်ကာ သူ တကယ်ပဲ အရှုံးပေါ်နိုင်ပါ့မလားဟု တွေးနေရဆဲဖြစ်သည်။

နောက်ဆုံးမှာတော့ တစ်ယောက်ယောက်က သူအိပ်ချင်နေသည့် အချိန်မျိုးမှာ ခေါင်းအုံး ပစ်ပေးလိုက်သည်။

လောလောဆယ် ယွီအင်တာနက်ကဖေး မူရင်းဆိုင်က လစဥ် ၃၀၀,၀၀၀ လောက် အရှုံးပေါ်နေသည်။ ဒါတောင် အင်တာနက် အသုံးပြုသူများနဲ့ အရက်ရောင်းချနိုင်မှုများမှ ဝင်ငွေတချို့ရှိနေပါသေးသည်။

ချန်းလျဲ့ ထွက်သွားပြီ ဖြစ်သော်လည်း သူ ဖန်တီးခဲ့သည့် သက်ရောက်မှုက ကျန်ရစ်နေဆဲ ဖြစ်သည်။ သူ့ပရိတ်သတ်ဟောင်းတချို့က ယွီအင်တာနက်ကဖေးတွင် လာရောက် စုစည်းတတ်ကြသေးသည်။ ထို့ကြောင့် ယွီအင်တာနက်ကဖေးဆိုင်၏ အရှုံးမှာ အရင်တုန်းကနဲ့ယှဥ်ရင် ပိုနည်းသွားပါသည်။

အခုတော့ ပတ်လည်ရှိ ဆိုင်များက စျေးနှုန်းတိုက်ပွဲတစ်ခု ဆင်နွှဲကာ ယွီအင်တာနက်ကဖေး၏ ကတ်စတမ်မာ စီးစင်းမှုကိုလည်း နှောင့်ယှက်ခံလိုက်ရသဖြင့် ဆိုလိုတာကတော့ ငွေစာရင်းရှင်းချိန်မတိုင်ခင် ယွီအင်တာနက်ကဖေးဆိုင်မှ ရမည့် အမြတ်များ နည်းပါးသွားတော့မည် ဆိုတာပင်။

ထိုဆိုင်တွေသာ ၎င်းတို့၏ စျေးနှုန်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲပါက နောက်ထပ် ငွေစာရင်းရှင်းချိန်အသုတ်မှာလည်း ယွီအင်တာနက်ကဖေး၏ ဝင်ငွေများက မတော်မတရား ဆက်လက် ကျဆင်းသွားဦးမည်ဖြစ်သည်။

ကောင်းလိုက်တာ>

ငွေစာရင်းရှင်းချိန်ရောက်ဖို့ တစ်ပတ်သာ ကျန်တော့သည်။ ယွီအင်တာနက်ကဖေး၏ ဝင်ငွေ တစ်စိတ်တစ်ပိုင်းက အန္တရာယ်ရှိတော့မည်ဖြစ်ကာ ၇၀,၀၀၀ - ၈၀,၀၀၀ ယွမ် ဝန်းကျင်လောက် ရှိနိုင်ပါသည်။

ဒီပမာဏကို အထင်မသေးသင့်ပါ။ ဝင်ငွေကို ၇၀,၀၀၀ - ၈၀,၀၀၀ လောက် လျှော့ချနိုင်ပါက အမြတ်ကို အရှုံးအဖြစ် အလွယ်လေး ပြောင်းလဲနိုင်လောက်သသည်။ ဒါက တစ်ကမ္ဘာလောက် ခြားနားသည်။

ဖေးချမ့် တည်တည်ငြိမ်ငြိမ်နေဖို့ အကောင်းဆုံး ကြိုးစားပါသည်။ သူ ရယ်မိလို့ မဖြစ်ပါ။

ဖေးချမ့် ပွစိပွစိလုပ်နေတာကို မာယန်ကြားသဖြင့် ဒီတစ်ခေါက် ကိစ္စတွေ တော်တော်ပြင်းထန်မှန်း ခံစားလိုက်ရပါသည်။ "ညီအစ်ကိုချမ့် ငါတို့ဘာလုပ်ကြမလဲ။"

ဖေးချမ့်က သူ့နှုတ်ခမ်းထောင့်ကို နှိပ်လိုက်ပြီး ပြုံးတာကို ရပ်ဖို့ အကောင်းဆုံး ကြိုးစားကာ တည်ငြိမ်သည့်လေသံပေါက်အောင် ပြောလိုက်ပါသည်။ "စိတ်မပူပါနဲ့။ လောလောဆယ်တော့ ဒီတိုင်း စောင့်ကြည့်ရအောင်။ မင်းတို့ဖာသာ ဘာမှ မလုပ်နဲ့နော်။ ငါ့မှာ ကိုယ်ပိုင် အစီအစဥ်တွေ ရှိတယ်။"

All Chapters