← Chapters

တခြားလူကို သွားလိမ်

Vol. 12 Ch. 177

တခြားလူကို သွားလိမ်

Vol. 12 Ch. 177

ဇွန်လ ၂၅ ရက်နေ့ သောကြာနေ့ည...

ယွီအင်တာနက်ကဖေးဆိုင်တစ်ဆိုင်လုံးတွင် သီချင်းဆိုသံများ ပဲ့တင်သံထပ်နေသည်။ သို့သော်လည်း စင်အောက်က ထိုင်ခုံများကတော့ ဗလာကျင်း ဖြစ်နေပါသည်။ လူ ၂ ယောက် ၃ ယောက်သာ ထိုင်ပြီး အရက်သောက်နေကြသည်။

အဆိုတော်လည်း နုံးချည့်နေပြီဖြစ်ကာ အောက်မှာ သူ့သီချင်းဆိုတာကို နားထောင်နေသည့် လူတွေကလည်း အိပ်ပျော်ကုန်ပါပြီ။

မာယန်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့် ဖုံးအုပ်နေသည်။

သူ ဘာလုပ်ရမလဲ။

ယွီအင်တာနက်ကဖေးဆိုင်များ ပတ်ပတ်လည်က ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာသောအခါ ယွီအင်တာနက်ကဖေး၏ ကတ်စတမ်မာများ ပိုပိုပြီး နည်းလာပါသည်။

သူတို့မှာ အဆိုတော်တစ်ယောက် ရှိသော်လည်း ဘေးပတ်လည်က တခြားဘားတွေမှာ ဒီ့ထက် ပိုကောင်းတာ ရှိသည်။ မီနူးပေါ်က သောက်စရာတွေကိုလည်း ဒစ်စ်ကောင့် ချပေးထားပါသည်။

ထိုဘားတွေက လူစည်ကားကာ အသက်ဝင်နေပါသည်၊။ ယွီအင်တာနက်ကဖေး၏ ဖောက်သည်ဟောင်းများစွာက ခြံခုန်နေကြပါသည်။

ဘာပဲဖြစ်ဖြစ် ဘားကို လာသည့် လူအများစုက ပျော်ပါးဖို့နဲ့ လူတွေနဲ့ တွေ့ဆုံဖို့ ဖြစ်သည်။ အေးစက်ပြီး တိတ်ဆိတ်သည့်နေရာမျိုးတွင် သောက်ချင်သူက နည်း၏။ ထို့အပြင် ဒီနေရာက စျေးလည်း မပေါပါ။

အဆိုတော်အသစ်က အဆိုကောင်းပါသည်။ သို့သော်လည်း ချန်းလျဲ့၏ စံနှုန်းကို မှီဖို့တော့ အများကြီး လိုသည်။ ထို့ကြောင့် ကတ်စတမ်မာ များများစားစားကို မဆွဲဆောင်နိုင်ခဲ့ပေ။

လူတွေ ပိုနည်းလာလေလေ သူလည်း အားလျော့လာလေလေဖြစ်သည်။ သူ အားလျော့လာလေလေ သီချင်းဆိုသည့်အခါ အသံက ပိုကြောင်လာလေလေ ဖြစ်သည်။ သံသရာလည်နေပါသည်။

"ညီအစ်ကိုချမ့်က ငါ့ကိုဘာမှမလုပ်ဖို့ ပြောထားပေမယ့် ငါလိပ်ပြာမလုံဖြစ်နေတယ်ကွာာ..."

မာယန်က နာကျင်စွာဖြင့် တစ်ယောက်တည်း သောက်နေပါသည်။

ယွီအင်တာနက်ကဖေးက ဆက်လက် အရှုံးပေါ်နေသည်။ ယွီသရေစာလုပ်ငန်းကတောင် မတိုးတက်သေးပါ။ မာာယန် သူ့ကိုယ်သူ သံသယဖြစ်လာပါပြီ။

အင်တာနက်ကဖေး၏ ဆိုင်ထောင့်တွင် လီရှိက ကော့တေးကို သောက်နေသည်။ သူ့နှုတ်ခမ်းထောင့်များ အပေါ်ဘက်သို့ကွေးသွားသည်။

ဟုတ်တယ်.... ဒီကောင်တွေက ငါနဲ့ ယှဥ်ပြိုင်ဖို့ အတွေ့အကြုံနုလွန်းပါသေးတယ်ကွာ။

ဖုဟွေ့ရင်းနှီးမြှုပ်နှံမှုက ကျင်းကျိုးမြို့ရှိ လုပ်ငန်းအတော်များများတွင် ရင်းနှီးမြှုပ်နှံထားပြီးသား ဖြစ်သည်။ သူတို့တွင် အာဏာ အတိုင်းအတာတစ်ခုထိလည်း ရှိနေပါသည်။

သူတို့ ငွေနည်းနည်းလောာက် သုံးလိုက်ပြီး ယွီအင်တာနက်ကဖေးဆိုင်ပတ်လည်က ဆိုင်များကို ပရိုမိုးရှင်းတချို့ပေးဖို့ ခိုင်းလိုက်ရုံသာ ရှိသည်။ ထိုဆိုင်များက ကတ်စတမ်မာ ပိုရလာပြီး ယွီအင်တာနက်ကဖေးက ဖိနှိပ်ခံရလိမ့်မည်။ ထိုအခါ ဖုဟွေ့ ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမိုလွယ်ကူသွားပါလိမ့်မည်။

လီရှိအတွက်နဲ့ ယွီအင်တာနက်ကဖေးဆိုင် ပတ်လည်က ဆိုင်များအတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေသော အခြေအနေ ဖြစ်သည်။

လီရှိက ယွီအင်တာနက်ကဖေးမှာ ရုပ်ဖျက်ပြီး နေနေတာ ကြာပါပြီ။ ဒီနေရာကို သူ ရှင်းရှင်းလင်းလင်း နားလည်ခဲ့ပါပြီ။

ယွီအင်တာနက်ကဖေးဆိုင်၏ နောက်ကွယ်တွင် လူငယ်ဘော့စ်တစ်ယောက်ဖြစ်သည့် ဘော့စ်ဖေး ရှိသည်။ သူက ခေါင်းမာပြီး ဇွဲကြီး၏။ တခြားသူတွေရဲ့ အကြံကို နားမထောင်တတ်သော လူမျိုးဟု လီရှိ ခန့်မှန်းမိသည်။ လီရှိ သူ့အကြောင်း တဖြည်းဖြည်းနဲ့ သိအောင် လုပ်ရပေမည်။

ဒီကျန်းယွမ်ဆိုတာက မြို့နယ်မန်နေဂျာအဆင့် ဖြစ်သည်။ သို့သော်လည်း တကယ်တမ်း ဘော့စ်ဖေးနဲ့ သိပ်ပြီး မရင်းနှီးပါ။ သူက အင်တာနက်ကဖေးဆိုင်များ၏ လည်ပတ်မှုကို အဓိက တာဝန်ယူရပါသည်။

အဓိကသော့ချက်က ထိုမျက်နှာရှည်ရှည်နဲ့ လူမှာ ရှိနေသည်။

မာယန်က ဘော့စ်ဖေးနဲ့ အတော်လေး ရင်းနှီးသည့်ပုံပေါ်သည်။ ထို့အပြင် အရမ်းကြီး ထက်မြက်တဲ့ပုံလည်း မပေါ်ပါ။ သူက အလွယ်တကူ ပေါ့ဆတတ်သောာလူမျိုးနဲ့ တူသည်။

ဒီမျက်နှာရှည်ရှည်နဲ့ လူကို သူ အရင် ရှင်းရမည်။ ဒီလူ့ကို တစ်ပတ်ရိုက်နိုင်တာနဲ့ ဘော့စ်ဖေးကို ဖြည်းဖြည်းချင်း လွှမ်းမိုးနိုအောင် အသုံးချလို့ ရနိုင်သည်။ ထို့နောက် သူ့မစ်ရှင် အောင်မြင်ပါပြီ။

ဘော့စ်ဖေး၏ အခြေအနေ အခု ဘယ်လိုရှိသလဲ ပြောဖို့တော့ မလွယ်ကူသေးပါ။ ဘာပဲဖြစ်ဖြစ် သူ ယွီအင်တာနက်ကဖေးကို ရောက်မလာတာ ၂ ရက်ရှိပြီ။ သို့သော်လည်း မျက်နှာရှည်ရှည်နဲ့ လူကို ကြည့်ရသလောက်တော့ သူ ကျရှုံးနေပြီဟု လီရှိ ခန့်မှန်းမိပါသည်။

လီရှိ၏ တွက်ချက်မှုများက ကောင်းမွန်ပါသည်။ ဒီအလုပ်ကို အမြန်ဆုံး လက်စသတ်နိုင်ဖို့ ဖြစ်နိုင်ချေ အားလုံးကို စဥ်းစားရမည်။

ဘာပဲဖြစ်ဖြစ် သူ ငွေတွေ အများကြီး ဖြုန်းတီးပစ်လို့ မရပါ။ ဘော့စ်ဖေးကို နှိပ်စက်ဖို့သာ ဖြုန်းတီးပစ်ခဲ့ရခြင်း ဖြစ်သည်။

ယွီအင်တာနက်ကဖေးထဲက လူအာားလုံး အမြတ်ရနိုင်စွမ်းကို သံသယဖြစ်လာတာနဲ့ သူဝင်လာာပြီး ခက်ခဲနေသည့် အချိန်များအတွက် လက်ကမ်းကာ ကူညီပေးဖို့ ကမ်းလှမ်းမည်ဖြစ်သည်။

ထို့နောက် ရင်းနှီးမြှုပ်နှံဖို့လုပ်ဖို့ အခွင့်အရေး ရလာပါလိမ့်မည်။

လီရှိက သူ့အရက်ခွက်ကို ယူဆောင်ကာ မာယန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

မာယန်က စိုးရိမ်ပူပန်နေစဥ် အသက်ကြီးကြီး လီရှိကို သူ့ရှေ့မှာ ထိုင်နေတာ မြင်လိုက်ရသောအခါ သူ ဆတ်ခနဲ့ ဖြစ်သွားသည်။

ဘာလုပ်တာတုန်း။

ကျုပ်စားပွဲမှာ မိန်းမလှလေးတွေလည်း မရှိဘူး။ ဘာလိုချင်လို့လဲ။

မဟုတ်မှလွဲရော... သူဌေးကြီးတွေက သူများနဲ့ မတူတဲ့ ဝါသနာတွေများ ရှိနေတာလား။

ထိုအချိန်တွင် မာယန် ဆွံ့အနေသည်။ သူ့ခွက်ကို လီရှိနဲ့ ခွာပြီး သူ့ဆီသူ တိုးတိတ်စွာ ဆွဲယူလိုက်ပါသည်။

မာယန်၏ အတွေးတွေ ဘယ်လောက် နယ်လွန်နေသလဲဆိုတာကို လီရှိကတော့ မသိပါ။ မာယန်က ဒီတိုင်း သတိကြီးကြီးထားနေသည်ဟုသာ ထင်သွားသည်။

"ဘော့စ်မာ နေကောင်းရဲ့လား။ ကျုပ်ကိုကျုပ် မိတ်ဆက်ပါရစေ။ ကျုပ်ကိ ဖုဟွေ့ ရင်းနှီးမြှုပ်နှံမှုရဲ့ စီအီးအို လီရှိလို့ခေါ်ပါတယ်။"

လီရှိကာ ယုံကြည်ချက် ပြည့်ဝစွာဖြင့် သူ့နာမည်ကတ်ကို မာယန်အား ကမ်းပေးလိုက်ပါသည်။ "တကယ်တော့ ကျုပ်က ဒီက ကတ်စတမ်မာဟောင်းပါ။ ဘော့စ်မာ အလုပ် အတူတူတွဲလုပ်ဖို့ စိတ်ဝင်စားမလားမသိဘူး။"

လီရှိက သူ့အပေါ် အကြံဆိုးများ မရှိတာကို မာယန် သဘောပေါက်သွားပါသည်။ နာမည်ကတ်ကို ဖြည်းဖြည်းချင်း ကောက်လိုက်ပြီး မီးရောင်မှိန်မှိန်အောက်တွင် ဖတ်လိုက်သည်။

လီရှိ ”..."

ဘော့စ်မာက ဖုဟွေ့ ရင်းနှီးမြှုပ်နှံမှုအကြောင်း မသိလောက်ဘူးဆိုတာကို သူသိလိုက်ရပါသည်။

လီရှိ အနည်းငယ် စိတ်တိုလာ၏။ အဓိပ္ပာယ်မရှိတာ။

ကျင်းကျိုးမြို့က ရင်းနှီးမြှုပ်နှံမှုလောကထဲမှာ ဖုဟွေ့ရင်းနှီးမြှုပ်နှံမှုက ဘယ်လောက်တောင် နာမည်ကြီးလိုက်သလဲ။

မာယန်၏ မျက်နှာထားကို ကြည့်ခြင်းအားဖြင့် ဖုဟွေ့ ရင်းနှီးမြှုပ်နှံမှုက ယွီအင်တာနက်ကဖေးအတွက် ဘာတွေယူဆောင်ပေးနိုင်သလဲဆိုတာကို မသိသည့်ပုံပင်။ ကောင်းတာက လီရှိက အတော်လေး အတွေ့အကြုံရှိသူ ဖြစ်သည်။ မာယန်က သူဘယ်သူလဲဆိုတာ မသိသဖြင့် သူက လိုရင်းသာ ပြောလိုက်ပါမည်။

ဘာမှ မသိတဲ့ ဒီလိုငတုံးတွေကို လိမ်ရတာ အလွယ်ကူဆုံး ဖြစ်ပါသည်။

လီရှိက ကော့တေး နှစ်ကျိုက်လောက် သောက်လိုက်ပြီး အောင်မြင်သည့် လူတစ်ယောက်၏ အရှိန်အဝါမျိုး တင်လိုက်သည်။ စိတ်မပါ လက်မပါ ထိန်းချုပ်ထားသည့် လေသံမျိုးဖြင့် ပူးပေါင်းဆောင်ရွက်မှုအစီအဥ်ကို မာယန်အား ရှင်းပြလိုက်ပါသည်။

ရှင်းရှင်းပြောရလျှင် ဖုဟွေ့ ရင်းနှီးမြှုပ်နှံမှုက ယွီအင်တာနက်ကဖေးတွင် ရင်းနှီးမြှုပ်နှံကာ ၎င်း၏ ကျယ်ပြန့်သော အတွေ့အကြုံများဖြင့် ယွီအင်တာနက်ကဖေး၏ လုပ်ဆောင်ချက်များကို လမ်းညွှန်ပေးမည်။ အားလုံး အတူတူငွေကို ရရှိနိုင်မည်။ သူတို့မကြာခင် ယွီအင်တာနက်ကဖေးကို ကမ္ဘာတစ်ဝှမ်းသို့ တိုးချဲ့နိုင်လိမ့်မည်။

အနှစ်ချုပ်ပြောရလျှင် လီရှိက စုတ်ချက် တစ်ချုပ်တည်းနဲ့ အလွန်လှပသော ပန်းချီကားတစ်ချက်ကို ဆွဲပြလိုက်သည်။

မာယန်၏ မျက်လုံးများ ဝိုင်းစက်သွား၏။ သူ စိတ်လှုပ်ရှားသွားသည်။

လီရှိက အောင်မြင်သည့်လူတစ်ယောက်။ သူဝတ်ဆင်ထားသည့် ပုံစံကော၊ စကားပြောသည့်ပုံကိုကိုကော ကြည့်ခြင်းအားဖြင့် တခြားသူတွေနဲ့ ခြားနားတာကို မာယန်ပြောနိုင်ပါသည်။ အဆင့်နိမ့်ဘာသာစကားဗျူဟာများဖြင့် အာမခံရောင်းချဖို့ ကြိုးစားသည့် မားကတ်တင်းလူတွေထက် ပို၍ အပြောကောင်းသည်။

ထို့အပြင် သူပြောလိုက်သည့် စကားတိုင်းတွင် ဆေးအာနိသင်ရှိနေသလိုပင်။ မာယန်၏ နာကျင်နေသည့် နေရာတိုင်းကို ကုသပေးနေသည်။ ယွီအင်တာနက်ကဖေးဆိုင်က ပြဿနာများကို ဖြေရှင်းနိုင်ဖို့ အကူအညီကို ကမ်းလှမ်းနေခြင်း ဖြစ်ပါသည်။

ကျန်းယွမ်က ယွီအင်တာနက်ကဖေးဆိုင်မှာ ရင်ဆိုင်နေရသမျှ ပြဿနာအားလုံးအတွက် အဖြေကောင်းကောင်းကို ရှာမတွေ့နိုင်ပါ။ ဖေးချမ့်ကလည်း ထူးထူးဆန်းဆန်း ပြုမူနေသည်။ ဒါတွေအားလုံးကြောင့် မာယန်လည်း လမ်းပျောက်ပြီး စိတ်ရှုပ်နေရပါသည်။

အခု လီရှိလုပ်ဖို့လိုတာဆိုလို့ မာယန်ကို တစ်ပတ်ရိုက်ဖို့အတွက် ယွီအင်တာနက်ကဖေးအတွက် အမြတ်ငွေ ပုံစံကွက်တချို့ကို ချပြလိုက်ဖို့ ဖြစ်သည်။

လီရှိက မာယန်၏ တုန့်ပြန်ချက်ကို အကဲခတ်လိုက်သည်။ သူအောင်မြင်သွားပြီဆိုတာကိုသူ သိလိုက်ပါသည်။

"အားလုံး ထင်မထားလောက်အောင်ကို အဆင်တွေပြေနေတော့မှာပဲ။"

ထို့နောက် ငါးစာကို ငါးဟပ်မည့်အချိန်အား သူ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

လီရှိ ပြောလို့ ပြီးတာနဲ့ မာယန်က စိတ်လှုပ်ရှားသွားသည့် ပုံပေါက်လာသည်။ လီရှိ သူ့ရှေ့မှာ ချပြလိုက်သည့် မူကြမ်းကို သူအလွန်သဘောကျမှန်း လီရှိ ပြောနိုင်ပါသည်။

သို့သော်လည်း ချက်ချင်းတော့ သဘောမတူခဲ့ပါ။

"ဘော့စ်လီ ခင်ဗျားရဲ့ အကြံပေးချက်က ကောင်းပါတယ်။ ဒါပေမယ့်... ကျွန်တော့်ဘော့စ်ကို မေးကြည့်ရဦးမယ်။"

ဖေးချမ့်က အင်တာနက်ကဖေး၏ ကိစ္စမှန်သမျှကို ဆုံးဖြတ်ပိုင်ခွင့်ရှိမှန်း မာယန်က မမေ့ပါ။

လီရှိကလည်း ဒီ့အတွက် ပြင်ဆင်ထားပြီးသား ဖြစ်ပါသည်။ သူက ပြုံးပြီး ပြန်ပြောလိုက်ပါသည်။ "ကောင်းပါပြီ"

ဒီလောက်ဆို လီရှိ ထပ်ပြောရလျှင် ကောင်းမည်မဟုတ်တော့ပါ။

မာယန်ကို လုံးဝ အယုံသွင်းလိုက်နိုင်ပြီဆိုတာကို သူသေချာပါသည်။ သူလုပ်ဖို့လိုတာဆိုလို့ ဒီမျက်နှာရှည်ရှည်နဲ့လူ ဖေးချမ့်နဲ့ သီးသန့်စကားပြောတာကို စောင့်ဖို့သာ လိုတော့သည်။ ဒီလောက်ဆို သက်ရောက်မှုရှိလိမ့်မည်ဆိုတာ လီရှိသေချာပါသည်။

ဖေးချမ့် သူ့ကိုသံသယဖြစ်မှာကို မစိုးရိမ်ပါ။

"ညီအစ်ကိုချမ့် အခြေအနေက အဲ့လိုရှိတယ်။ ငါတို့ ဖုဟွေ့ရင်းနှီးမြှုပ်နှံမှုရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်လို့ရတယ်။ အဲ့တာဆိုငါတို့အရှုံးက အမြတ်ဖြစ်သွားလိမ့်မယ်။ မဟုတ်ဘူးလား။"

ဖုန်းထဲတွင် မာယန်က စိတ်လှုပ်ရှားနေသည့်လေသံပေါက်ပါသည်။

ဖေးချမ့်က အနည်းငယ် ပြုံးလိုက်မိသည်။ မာယန်က တစ်ပတ်ရိုက်လို့ အလွန်လွယ်ပါသည်။

သို့သော်လည်း ဖေးချမ့်က စိတ်မဆိုးပါ။ ဒါက သူ့ဝန်ထမ်းတစ်ယောက်အနေဖြင့် မာယန်၏ အစွမ်းအစတစ်ခု ဖြစ်ပါသည်။

အခြေအနေကို ကြည့်ရသလောက်တော့ ဖုဟွေ့ရင်နှီးမြှုပ်နှံမှု၏ ဘော့စ်လီဆိုသူ၏ ဦးနှောက်ကျင်းခြင်းကို မာယန် လုံးဝ ခံလိုက်ရပြီ ထင်သည်။ သို့သော်လည်း ကိစ္စတော့ မရှိပါ။ စကားတစ်ခွန်းနှစ်ခွန်းနဲ့ မာယန်ကို ပြန်အယုံသွင်းနိုင်ပါသည်။

"မာကြီး မင်းတော့ ဂျင်းထည့်ခံလိုက်ရပြီ။"

ဖုန်းကိုင်ထားရင်း မာယန် ကြောင်သွားပါသည်။

"ညီအစ်ကိုချမ့် မင်း ဘာကိုပြောတာလဲ။"

ဖေးချမ့်က တိုးညှင်းစွာ ရယ်လိုက်၏။ "တကယ်တော့ အဲ့ဒီဖုဟွေ့ရင်းနှီးမြှုပ်နှံမှုဆိုတာ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က လက်ထောက်ရှင်းကို ဆက်သွယ်လာဖူးတယ်။ သူတို့ ယွီအင်တာနက်ကဖေးမှာ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းပေမယ့် ငါငြင်းလိုက်တယ်။"

မာယန် စိတ်ရှုပ်ထွေးသွားသည်။ "ဘာလို့ ငြင်းလိုက်တာလဲ ညီအစ်ကိုချမ့်။ သူတို့က ငါတို့ကို ရင်းနှီးမြှုပ်နှံမှုအဖြစ် ငွေတွေ အများကြီး ပေးမှာလေေ။ အားလုံးက ငွေအတူတူရကြမှာ။ အဲ့တာ မကောင်းဘူးလား။"

ဖေးချမ့် ပြုံးလိုက်မိပါသည်။ ဒီဘော့စ်လီက မာယန်ကို လိမ်ရလွယ်မှန်း သိသဖြင့် သူ့ကိုအရင်သွားပြောတာဖြစ်ရမည်။ ဘာပဲဖြစ်ဖြစ် ယွီအင်တာနက်ကဖေးမှာ ရင်းနှီးမြှုပ်နှံဖို့ကို သူလက်မလျှော့လောက်သေးပါ။

All Chapters