သူ့ရှူး သူပြန်ပက်ခြင်း
Vol. 12 Ch. 178
အနီးအနားရှိဆိုင်တွေက ယွီအင်တာနက်ကဖေးကို တိုက်ခိုက်ဖို့ ပရိုမိုးရှင်းတွေ ဆင်းနေတာလား ဆိုတာကိုတော့ ဖေးချမ့်လည်း မသေချာပါ။ ဘာပဲဖြစ်ဖြစ် သူများကို သက်သေမရှိဘဲ စွပ်စွဲလို့ မရနိုင်ပေ။
သူတို့ သာမန်အတိုင်း ပရိုမိုးရှင်း ဆင်းနေကြတာဖြစ်ပြီး အားလုံး တစ်ပြိုင်တည်း တိုက်ဆိုင်သွားကြတာ ဆိုရင်ကော။
နောက်ကွယ်မှာ ဘော့စ်လီက ဒီပြဿနာတွေကို ကြိုးကိုင်နေတာလား ဆိုတာကိုလည်း ဖေးချမ့် မသေချာနိုင်ပါ။ ဒီ့အတွက်လည်း သက်သေ မရှိပေ။
သို့သော်လည်း ဘော့လီက ဒီလိုဖြစ်နေတာကို အခွင့်ကောင်းယူချင်မှန်းတော့ သေချာနိုင်ပါသည်။ သူ့အတွက်သူ အမြတ်ထုတ်ချင်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ဖေးချမ့် စိတ်ဖိစီးသွားသည်။ သို့သော်လည်း သိပ်ပြီး အကျိုးဆက် မရှိနိုင်ပါ။
သိုသော်လည်း ဘော့စ်လီ မိုက်မဲတာကို ဖေးချမ့် အပြစ်မတင်နိုင်ပေ။ အချိုသပ်ပြီး ဖြားယောင်းသည့် နည်းလမ်းဖြင့် ချဥ်းကပ်လာသောကြောင့် ဖြစ်ပါသည်။
တစ်ဖက်တွင် ဘော့စ်လီက ယွီအင်တာနက်ကဖေးကို တိုက်ခိုက်နေသည်ဟု ဘယ်တော့မှ တိုက်ရိုက်ဝန်ခံမှာ မဟုတ်ပေ။ သို့သော် အချိုသပ်ကာ အားလုံးအတွက် ငွေရနိုင်မည့် ပုံစံဖြစ်အောင် လုပ်လိမ့်မည်။ ယွီအင်တာနက်ကဖေးကို အများကြီး ရန်မစမိအောင် သတိထားလိမ့်မည်။ ဒါက အချိုသပ်ခြင်း ဖြစ်သည်။
နောက်တစ်ဖက်မှာတော့ ဘော့စ်လီက ဖေးချမ့် ဆက်လက်ပြီး ခေါင်းမာနေဦးမည်ဆိုလျှင် အဆုံးသတ်ထိ တိုက်ခိုက်သွားမည်ဟု အရိပ်အမြွက်ပြနေခြင်းလည်း ဖြစ်သည်။ သူ့စျေးနှုန်းများကို ဆက်လျှော့ပြီး ဖေးချမ့် ကတ်စတမ်မာတွေ အားလုံးကို ဆုံးရှုံးသွားအောင် လုပ်ပေလိမ့်မည်။ နောက်ကွယ်မှာ ဘော့စ်လီရှိနေမှန်း ဖေးချမ့်သိလည်း ဘာဖြစ်လဲ။ သူ့အရှုံးတွေကို လျှော့ချဖို့အတွက် ဖေးချမ့် တဖြည်းဖြည်းနဲ့ လက်လျှော့လာရမှာပဲ မဟုတ်လား။ ဒါက ဖြားယောင်းခြင်း ဖြစ်သည်။
တခြားသူတွေသာ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်လာရပါက လွတ်လမ်း မရှိတော့ဘဲ ရင်းနှီးမြှုပ်နှံမှုကို လက်ခံလိုက်ရတော့မည်ဖြစ်သည်။
သို့သော်လည်း ဖေးချမ့်ကတော့ လုံးဝ ကွဲပြားခြားနားပါသည်။
မင်းက ငါ့ကို အရှုံးပိုပေါ်အောင် ငွေသုံးပြီး ကူညီပေးချင်တယ်ပေါ့။ ကျေးဇူးတောင် တင်ရဦးမယ်။
ဖေးချမ့်က အစပိုင်းတော့ သူ့ကို ငြင်းချင်ခဲ့သည်။ သို့သော်လည်း ပြန်စဥ်းစားကြည့်သောအခါ မမှန််ကန်လောက်ကြောင်း သတိထားမိသွားသည်။
ဘော့စ်လီက သူများတွေကို ကူညီရတာ ဝမ်းသာတဲ့ပုံပဲ။ ဖေးချမ့် ဒီတိုင်းလေး အလိုက်သင့် နေမပေးသင့်ဘူးလား။
ဘော့စ်လီကို ထပ်ပြီး ငြင်းဆန်လိုက်လျှင် ဘော့စ်လီ စောစော လက်လျှော့သွားလောက်သည်။ ဘာပဲဖြစ်ဖြစ် ဒီလူက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု၏ ဘော့စ်တစ်ယောက် ဖြစ်သည်။ သူ့မှာ လုပ်စရာတွေ အများကြီး ရှိပါသည်။ ယွီအင်တာနက်ကဖေးနောက်ကိုပဲ ဆက်တိုက် လိုက်နေဖို့ မတတ်နိုင်ပါ။
ဘော့စ်လီ၏ စိတ်ဝင်စားမှုကို သူဆုံးရှုံးသွားတာနဲ့ ယွီအင်တာနက်ကဖေးဆိုင်ပတ်လည်က လုပ်ငန်းတွေလည်း ငွေတွေ မီးရှို့တာကို ရပ်ကြလိမ့်မည်။ ဒါဆို ယွီအင်တာနက်ကဖေးဆိုင်ကို ဝင်ရောက်သူများ အရင်အတိုင်း ပြန်ဖြစ်လာနိုင်သည်။
ဖေးချမ့် ဒီလောက်ထိ ထပ်ပြီး အရှုံးပေါ်နိုင်မှာ မဟုတ်တော့ပါ။
ဖေးချမ့် ပြုံးလိုက်ပြီး ခေါင်းထဲမှာ အစီအစဥ်တစ်ခုကို တွေးလိုက်မိပါသည်။
"မာကြီး ဘော့စ်လီက ဒါကိုငါတို့ကောင်းကျိုးအတွက် လုပ်နေတာလို့ ထင်လို့လား။ သူက တကယ်ကြီး သဘောကောင်းတယ်လို့ ထင်နေတာလား။ သေချာ စဥ်းစားကြည့်လိုက်စမ်းပါ။ ငါတို့ဘေးပတ်လည်က ဆိုင်တွေအကုန်လုံးက တစ်ချိန်တည်း ပရိုမိုးရှင်း ဆင်းနေကြတာနော်။ နောက်ကွယ်မှာ ကူညီပေးနေတဲ့လူ တစ်ယောက်ယောက် မရှိဘူးဆိုတာ မင်း သေချာပြီလား။"
ဖေးချမ့်က ရိုးရိုးရှင်းရှင်း စကားတချို့ ပြောလိုက်ပြီး မာယန်ကို အလင်းပြလိုက်ပါသည်။
အမှန်ပင်။ သူ့ကို အလင်းပြသည်ဟု မှတ်ယူလို့တော့ မရပေ။ မာယန်က အလွန်လိမ်ရလွယ်သည်။ လူတွေက သူ့ကို တစ်ယောက်ပြီး တစ်ယောက် လိမ်ဖို့ ကြိုးစားကြပါက နောက်ဆုံးတစ်ယောက်မှာ အားသာချက်အရှိဆုံး ဖြစ်သွားပါလိမ့်မည်။
ကိစ္စကို ပိုဆိုးသည့်ပုံစံပေါက်အောင် ဖေးချမ့် စကားနည်းနည်းလောက် ဖြည့်ပြောလိုက်ပါသည်။ လုပ်ငန်းတွေမှာ ရှယ်ယာရောင်းချခြင်း၏ အန္တရာယ်များကို ချဲ့ကားပြောဆိုလိုက်ပြီး ထင်ထားသည့်အတိုင်း မာယန်ကို ချက်ချင်းပဲ အယုံသွင်းနိုင်ခဲ့ပါသည်။
"ငါ့လခွမ်း ဘော့စ်လီမှာ ဒီလောက်အထိ အကြံဆိုး ရှိနေမယ်လို့ ထင်မထားဘူးကွာ။ ငါသူ့ကို ချက်ချင်း ငြင်းလိုက်မယ်။"
ဖေးချမ့်က ပြောလိုက်သည်။ "မင်း အဲ့လိုလုပ်ဖို့ မလိုဘူး။ သူ့စိတ်ရှုပ်ထွေးမှုက ဒေါသအဖြစ် ပြောင်းသွားပြီး ယွီအင်တာနက်ကဖေးကို ခြောက်ကပ်သွားတဲ့အထိ အရည်ညှစ်သွားရင် ငါတို့ဒုက္ခရောက်လိမ့်မယ်။"
"ငါတို့ အခု အရှုံးပေါ်နေတဲ့ ကိစ္စကြောင့် ငါ အရမ်းစိတ်အားငယ်နေတယ်လို့ ပြောလိုက်။ ငါက ရင်းနှီးမြှုပ်နှံမှုတွေ လက်မခံချင်ဘူးလို့ ဒါပေမယ့် တွန့်ဆုတ်နေတယ်လို့။ ငါက ဆုံးဖြတ်ချက်ချဖို့ ရုန်းကန်နေရပြီး အင်တာနက်ကဖေးဆိုင် ဆက်ပြီး အရှုံးပေါ်နေဦးမယ်ဆိုရင်တော့ ငါစိတ်ပြောင်းသွားနိုင်တယ်လို့..."
မာယန်က စိတ်ရှုပ်ထွေးသွား၏။ "ညီအစ်ကိုချမ့် မင်းက ငါတို့ကို ဆက်ပြီးအရှုံးပေါ်စေချင်တာလား။ အဲ့တာဆို ငါတို့အတွက် မကောင်းနိုင်ဘူး မဟုတ်လား။ ငါတို့တတ်နိုင်မယ် မထင်ဘူးနော်။"
ဖေးချမ့်က ပြုံးလိုက်သည်။ "ငါတို့အရှုံးပေါ်ရင် သူတို့အတွက်လည်း အတူတူပဲ မဟုတ်ဘူးလား။"
"အဲ့ဒီဆိုင်တွေကလည်း ငါတို့လိုပဲ အရှုံးပေါ်နေတာပဲ။ မတတ်နိုင်တဲ့အဆုံး သူတို့ကိုပါ ငါတို့နဲ့ တစ်ပါတည်း ခေါ်သွားလို့ ရတယ်။ ဘာကြောက်စရာရှိလို့လဲ။"
"ပြီးတော့ သူတို့ ဒီတိုင်းငွေတွေကို ဆက်ဖြုန်းတီးနေမယ်ဆိုရင် အနီးနားက လူတွေကို ဆွဲဆောင်မိလိမ့်မယ်။ ကျင်းကျိုးမြို့က လူတွေတောင် အဲ့ကို သွားဖို့ ဆွဲဆောင်ခံရပြီး ငွေကို သွားသုံးကြလိမ့်မယ်။"
"ရေရှည်အရ ကြည့်မယ်ဆိုရင် ဒါက ဒီနယ်မြေထဲက စီးပွားရေးကို တိုးတက်လာစေမယ်။ ငါတို့ ဘာမှ အရှုံး မရှိဘူး။"
မာယန် နားလည်သဘောပေါက်သွားသည်။ "ငါသိပြီ ငါနားလည်သွားပြီ ညီအစ်ကိုချမ့်"
"ကောင်းတာပေါ့။ ဒါဆို ဘော့စ်လီကို သွားပြောလိုက်တော့လေ..."
ဖေးချမ့်က ပြုံးကာ ဖုန်းချလိုက်ပါသည်။
ဘော့စ်လီ ခင်ဗျားက မာယန်ကို တစ်ပတ်ရိုက်လိုက်နိုင်ပြီဆိုပြီး ကိုယ့်ကိုယ်ကို အထင်တွေကြီးနေမှာပေါ့။ ဒါပေမယ့် ခင်ဗျား မှားသွားပြီ။ သူ့ကိုက လူတိုင်းလိမ်လို့ရတယ်။
ခင်ဗျားက သူ့ကို ရိုးရိုးရှင်းရှင်း အလိမ်အညာလေးတွေ ပြောလိုက်ပေမယ့် သူ့ကို ကျုပ်ဘက် ပြန်ခေါ်ဖို့ဆိုတာ ကျွန်တော် နည်းနည်းလောက် ထပ်လိမ်လိုက်ဖို့ပဲ လိုတယ်။
ဖေးချမ့်က မာယန်ကို အလိမ်အညာနဲ့ အမှန်တရားတို့ကို ရောနှောပြောလိုက်ရင်း တစ်ပတ်ရိုက်လိုက်ပါသည်။ ဒီနယ်မြေထဲက စီးပွားရေးများ တိုးတက်လာစေမည်ဟူ၍ ပြောလိုက်ခြင်းက လုံးဝ သောက်အဓိပ္ပာယ်မရှိတာတွေသာ ဖြစ်သည်။
စီးပွားရေးပတ်ဝန်းကျင်ဆိုတာ မတူညီသော အချက်များစွာတို့ ကိုက်ညီမှုရှိမှ တိုးတက်လာမည် ဖြစ်သည်။ ဆိုင်တချို့ ပရိုမိုးရှင်း တစ်ပြိုင်တည်း ဆင်းတာလောက်နဲ့ စီးပွားရေး ပတ်ဝန်းကျင်က တိုးတက်လာပါ့မလား။ စဥ်းစားကြည့်လိုက်ရုံနဲ့ မဖြစ်နိုင်ပါ။
သို့သော်လည်း မာယန်ကို လိမ်ဖို့ အကြောင်းပြချက် အဖြစ်တော့ ထိုက်တန်ပါသည်။
ဘော့စ်လီကို ဖြားယောင်းပြီး ဘေးပတ်လည်က ဆိုင်များကို ပရိုမိုးရှင်းများ ဆက်လုပ်ခွင့်ပေးလိုက်ပါက ယွီအင်တာနက်ကဖေးက ဆက်လက်အရှုံးပေါ်လိမ့်မည်။ ဖေးချမ့် တခြားသူတွေရဲ့ အရှုံးကနေ အမြတ်ယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်လို့ဖြစ်ပါ့မလား။
ဖုန်းချပြီးနောက် မာယန်က သူ့ကိုယ်သူ အမြန်ပြင်ဆင်သည့်အနေဖြင့် သူ့မျက်နှာရှည်ရှည်ကြီးကို ပွတ်လိုက်သည်။ ဘော့စ်လီလိမ်တာကို ခံခဲ့ရသည့်အကြောင်း စဥ်းစားမိရုံနဲ့ သူ ဒေါသထွက်ရပါသည်။
ငါ့ညီအစ်ကို ဉာဏ်ကောင်းပေလို့ပဲပေါ့။ ခင်ဗျား လိမ်တာကို ခံရတော့မလို့…
မာယန်က သရုပ်ဆောင်မကောင်းသော်လည်း ဘော့စ်လီ သူ့ထမင်းအိုးရိုက်ခွဲဖို့ ကြံစည်နေသည့်အကြောင်း စဥ်းစားမိရုံနဲ့ ကလဲ့စားချေချင်စိတ်များ တက်ကြွလာပါသည်။
ထိုဒေါသကို သရုပ်ဆောင်စွမ်းရည်များအဖြစ် ပြောင်းလဲလိုက်မည်။
သူစားပွဲကို ပြန်သွားလိုက်ပြီး ချက်ချင်း အပြုံးတစ်ခုကို ဆောင်လိုက်ပါသည်။ "ဘော့စ်လီ။ ကျွန်တော် ခုလေးတင်ပဲ ဘော့စ်ဖေးနဲ့ ဖုန်းပြောပြီးပါပြီ။ သူ့ရည်ရွယ်ချက်ကို ကျွန်တော်မေးခဲ့ပါတယ်"
"ကျွန်တော်တို့အခုကြုံတွေ့နေရတဲ့ အရှုံးတွေကတော့ တကယ်ပဲ စိတ်ပူစရာ ကောင်းပါတယ်။ ဒါပေမယ့်လို့ သူက အပြင်လူတွေကို ကုမ္ပဏီထဲ အလွယ်တကူ ဝင်ခွင့်မပေးချင်ဘူး။ ကျွန်တော်တို့ နောက်တစ်လလောက်ထိ ထပ်စောင့်မယ်လို့ ပြောတယ်။ အဲ့လောက်ကြာလို့မှ အခြေအနေတွေ တိုးတက်မလာဘူးဆိုရင် သူ တခြားနည်းလမ်းတွေ စဥ်းစားပါမယ်တဲ့။"
လီရှိက အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။
သူ ထင်ထားသည့်အတိုင်းပင်။
သူ့တွက်ချက်မှုများအရဆို ဒီဘော့စ်ဖေးက အလွန် ခေါင်းမာသည့်လူဖြစ်သည်။ သူ့လက်အောက်ငယ်သားများက စကားတစ်ခွန်းနှစ်ခွန်းနဲ့ သူ့ကိုပြောင်းလဲနိုင်သည်ဆိုတာကမှ ထူးဆန်းနေပါမည်။
တစ်လတဲ့....
သူ တစ်လလောက် ဆက်ပြီး ငွေတွေကို ဆက်ဖြုန်းတီးရဦးမည်။ ရင်နာဖို့ကောင်းသော်လည်း လုပ်နိုင်စွမ်းတော့ ရှိပါသည်။
လီရှိ ခေါင်းကိုက်လာသည်။ သို့သော် သူ့မျက်နှာပေါ်မှာ နာကျင်မှုကို ထုတ်ပြလို့ မဖြစ်ပါ။ ဘာပဲဖြစ်ဖြစ် ဘေးပတ်လည်က ဆိုင်တွေကို တစ်ချိန်တည်း ပရိုမိုးရှင်း ဆင်းကြဖို့ ကြိုးကိုင်ခဲ့တာ သူဖြစ်မှန်း မာယန် မသိသေးပါ။
ဘော့စ်ဖေးကတော့ သိလောက်သည်။ သို့သော် မာယန်ကို မပြောခဲ့လောက်ပေ။ သက်သေလည်း မရှိပါ။ ဘော့စ်ဖေးက သက်သေ မရှိဘဲ ပါးစပ်မဟချင်သည့်ပုံပင်။
ဘယ်လိုပဲဖြစ်ဖြစ် လီရှိ ယွီအင်တာနက်ကဖေးကို အဆုံးသတ်မှာ အောင်အောင်မြင်မြင် ဝယ်ယူနိုင်မည်ဆိုသရွေ့ သူ ငွေ ဘယ်လောက်ပဲ ဖြုန်းရဖြုန်းရ အရေးမကြီးပါ။ သူ အကုန်ပြန်ရနိုင်မှာ သေချာပါသည်။
ထိုသို့တွေးလိုက်ရင်း လီရှိ ရုတ်တရက်ကြီး သွားပေါ်အောင် ပြုံးလိုက်ပါသည်။
"ဟုတ်တာပေါ့ ကျုပ်လည်း မလောပါဘူးဗျာ။ ဘော့စ်မာ မင်းလည်း ဘော့စ်ဖေးကို အရမ်းကြီး တိုက်တွန်းစရာ မလိုဘူးနော်။ မြင်းတစ်ကောင်ကို ရေရှိရာ ဦးဆောင်ပေးလို့ ရပေမယ့် အတင်းသောက်ခိုင်းလို့တော့ မရဘူးမလား။ ဘော့စ်ဖေးကို သူ့ဆန္ဒနဲ့သူ ဆုံးဖြတ်ပါစေ။"
"ဒါပေမယ့်..."
"ကျုပ်မင်းတို့အတွက် စိတ်ပူမိတယ် မင်းတို့ တစ်လအတွင်း ကြီးကြီးမားမား အရှုံးပေါ်သွားနိုင်တယ်နော်။ အဲ့လောက် အကြာကြီး မတောင့်ခံနိုင်ကြရင် ဘယ်လိုလုပ်မလဲ။ ဘော့စ်မာ မင်း တစ်ပတ်တစ်ခါလောက်တော့ သွားစမ်းကြည့်သင့်တယ်။ ဘယ်ပြောလို့ရမလဲ ဘော့စ်ဖေး စိတ်ပြောင်းချင် ပြောင်းမှာပေါ့နော့်။"
"ဟုတ်ကဲ့ပါ" မာယန်က ခေါင်းငြိမ့်လိုက်ပြီး ဘားထိုင်ဘက်သို့ လှည့်လိုက်ပါသည်။ "Margarita တစ်ခွက်ထပ်ချ။ ဘော့စ်လီကို ငါပြုစုမယ်။"
ထန်းတာ့နက်ခ်ဝါ့ နည်းပညာကုမ္ပဏီလိမိတက်တွင်....
ဖေးချမ့်တစ်ယောက် ယွီအင်တာနက်ကဖေးကိစ္စများ၊ သူ့စာမေးပွဲကိစ္စများကြောင့် အလုပ်များနေခဲ့သဖြင့် ရုံးကို အခုတလော သွားမကြည့်ဖြစ်ပါ။ ဒီနေ့ စိတ်လည်း ရွှင်နေသဖြင့် သွားစစ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
ငွေစာရင်းရှင်းချိန်လည်းတဖြည်းဖြည်းနဲ့ နီးကပ်လာနေပြီ။ သူ့တာဝန်အားလုံးကို တစ်ပြိုင်တည်း အချိန်ပေးဖို့ ဖေးချမ့်အတွက် ခက်ခဲသည်။
ကောင်းတာတစ်ခုက ထန်းတာ့၏ ဂိမ်းများအတွက် DLC များကို ထုတ်လုပ်ပြီးသားဖြစ်သည်။ တရားဝင်းဂိမ်းပလက်ဖောင်းမှ မကြာသေးခင်က ပြောင်းလဲလိုက်သော ဝေစုကိစ္စကလွဲပြီး ထင်မထားသည့် တုန်လှုပ်စရာကိစ္စများ မရှိသေးပါ။ သူ စိတ်အေးအေးထားလို့ရပြီဟု ဖေးချမ့် ခန့်မှန်းမိပါသည်။
ဖေးချမ့် ယွီအင်တာနက်ကဖေး၏ လက်ရှိအခြေအနေကို စဥ်းစားမိတိုင်း ပျော်ရပါသည်။ ပျော်ရွှင်စွာဖြင့် သူ့ရုံးခန်းဆီ လျှောက်လှမ်းလာခဲ့သည်။
ရုံးထဲတွင် လုမင်လျန်နဲ့ ပေါင်ရှုတို့က တီးတိုး တိုင်ပင်ဆွေးနွေးနေကြ၏။
"ဘော့စ်ဖေးက ဒီရက်ပိုင်းထဲ ရုံးသိပ်မလာဘူးနော်။ သူအလုပ်များနေလို့များလား။"
"ယွီအင်တာနက်ကဖေးက အခြေအနေမကောင်းဘူးလို့ငါကြားတယ်။ သူ အဲ့ဘက်မှာ သွားကူနေတာဖြစ်မယ်။"
"ဘော့စ်ဖေးရဲ့ မျက်နှာထားကို ကြည့်ရသလောက်တော့ ဒီပြဿနာက ကြီးကြီးမားမား ဖြစ်ပုံမပေါ်ပါဘူး။"
"အဲ့တာတော့ မသေချာဘူး။ ဘော့စ်ဖေး အကြောင်း မင်းလည်းသိရဲ့သားနဲ့။ သူက စိတ်ခံစားချက်ကို မျက်နှာပေါ်မှာ ထုတ်မပြဘူး။ ပြဿနာ ကြီးလောက်ပေမယ့် ဘော့စ်ဖေးက ထုတ်မပြတာလည်း ဖြစ်နိုင်တာပဲ။"
"အင်း... ဒါဆို ငါတို့ ဘော့စ်ဖေးကို သမုဒ္ဒရာရဲတိုက်အကြောင်း တင်ပြလိုက်ရမလာား။ ငါတို့ သူ့ကို အာရုံများအောင် မလုပ်သင့်ဘူးထင်တယ်နော်။"
ပေါင်ရှုက ခေတ္တစဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "ယွီအင်တာနက်ကဖေးနဲ့ ယှဥ်ရင် ဒီကိစ္စက အဲ့လောာက်ကြီး အရေးမကြီးပါဘူး။ ရက်ပိုင်းလောက် စောင့်လိုက်ရအောင်"
"ပြီးတော့လည်း Trading ပလက်ဖောင်းတွေမှာ အကောင့်တွေက စျေးမြှင့်မယ်ဆိုတာ ခန့်မှန်းထားပြီးသားပဲလေ။ ဒီရက်ပိုင်းထဲ ငွေဖြည့်သွင်းမှုပမာဏနဲ့ Active ကစားသမား အရေအတွက်တွေ တိုးလာတာ ကောင်းတဲ့အရာပဲကို။ အထူးတလည်ကြီး အစီရင်ခံစရာတော့ လိုမယ်မထင်ဘူး။"
လုမင်လျန်လည်း ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်တယ်နော်။ ငါတို့ ဘော့စ်ဖေးအချိန်ရတဲ့အထိ စောင့်ပြီးမှ အစီရင်ခံကြတာပေါ့။"