← Chapters

တစ်ဖက်ကိုငြှိမ်းရင်း တစ်ဖက်ကလောင်

Vol. 12 Ch. 179

တစ်ဖက်ကိုငြှိမ်းရင်း တစ်ဖက်ကလောင်

Vol. 12 Ch. 179

ရုံးဲတွင် ဖေးချမ့် ထန်းတာ့ဂိမ်းများ၏ အခြေအနေကို ကြည့်ဖို့ ပလက်ဖောင်းကို စစ်ကြည့်လိုက်ပါသည်။

"ဒီအုပ်စုက ငါ့ကို သတင်းဆိုးဘယ်လိုပေးရမလဲ ဆိုတာပဲ စောင့်ကြည့်နေကြတာ။ အကုန်လုံးက အဆုံးကျရင် ဘာမှ အားကိုးလို့ မရဘူး။ အကုန်လုံး ငါ့ဖာသာပဲ တာဝန်ယူရမယ်။"

ဖေးချမ့် မကျေနပ်ချက်များဖြင့် ပြည့်နှက်နေခဲ့ပါသည်။

တခြားသူများ၏ ဝန်ထမ်းအားလုံးက ၎င်းတို့အား သတင်းဆိုးအစား သတင်းကောင်းသာ ပေးကြသည်။ သူ့ဝန်ထမ်းများကသာ ဆန့်ကျင်ဘက်ဖြစ်၏။ သတင်းကောင်းရှိတိုင်း သူ နောက်ဆုံးမှ သိရသည်။

ဖေးချမ့် အရင်တုန်းကတည်းက ဒါကို တွေးမိပါသည်။ အစကတည်းက ထန်းတာ့က အထက်အောက် ရာထူးစဥ် သိပ်မထင်ရှားသော ကုမ္ပဏီတစ်ခု ဖြစ်သောကြောင့် ဖြစ်နိုင်သည်။ တင်းကျပ်သော အထက်လူကြီး လက်အောက်ငယ်သား စနစ် မရှိပါ။ ထို့အပြင် ဟွမ်စစ်ပေါ်နဲ့ ပေါင်ရှုတို့က နှိမ့်ချနေတတ်ကြပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကြသူများသာ ဖြစ်သည်။ ဘာမှ အရှိန်အဝါ မပြကြပါ။

သူတို့ ပြဿနာကြုံလာတိုင်း သူဝန်ထမ်းများက ကိုယ်တိုင်ဖြေရှင်းဖို့သာ စဥ်းစားကြသည်။ ဘော့စ်ဖေးကို ဒုက္ခမပေးချင်ကြပါ။ သူတို့အောင်မြင်သွားရင်တောင် ဘော့စ်ဖေး စီစဥ်ထားပြီးသားအရာဟု ထင်ကြကာ အံ့သြသည့်ပုံလည်း မပေါ်ကြပေ။ အောင်မြင်မှုအတွက် သေချာပေါက် နာမည်ယူကြမှာလည်း မဟုတ်ပေ။

ထို့ကြောင့် ဖေးချမ့် အလွန်နာကျင်ရပါသည်။ သူ့လုပ်ငန်းများ၏ ကဏ္ဍတစ်ခုခုမှ အမြတ်များပေါ်လာတိုင်း သူနောက်ဆုံးမှသိရသည်။ ဒါက သူ့ကို အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်စေသည်။

အဓိကအချက်က သူဘာမှမသိသလို ဟန်ဆောင်မနေနိုင်ခြင်းပင်။ ဒါက သူ့ပုံရိပ်နဲ့ ရပ်တည်ချက်နဲ့ အလွန်ကိုက်ညီမှု မရှိနိုင်ပါ။ ကိစ္စတွေကို ခွကျစေလိမ့်မည်။

ဖေးချမ့် အမှားတစ်ခုကို နှစ်ခါမလုပ်နိုင်ဘူးဟု ခံစားမိပါသည်။

ငွေစာရင်းရှင်းချိန်ရောက်ဖို့ ရက်အနည်းငယ်သာ ကျန်တော့သည်။ အကျိုးအမြတ်ရနိုင်သော နေရာများ၏ ကိန်းဂဏန်းအချက်အလက်များကို သူဆက်တိုက်စောင့်ကြည့်နေရမည်။ ဘယ်လိုအမှားကိုမှ ထပ်ပြီး သည်းခံနေမှာ မဟုတ်တော့ပါ။

ထို့ကြောင့်ပေး ဒီနေ့ ကုမ္ပဏီကို ကိုယ်တိုင် သွားရောက်ဖို့ တမင်သက်သက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပလက်ဖောင်းကို ဖွင့်လိုက်ပြီးနောက် ဖေးချမ့် ထန်းတာ့ဂိမ်းမျာား၏ ကိန်းဂဏန်းအချက်အလက် များကို အမြန်ကြည့်လိုက်ပါသည်။

ဂိမ်းများ၏ ဝင်ငွေများ ဆက်တိုက် တိုးတက်နေဆဲ ဖြစ်သည်။ ဒါက မျှော်လင့်ထားပြီးသား ဖြစ်သည်။ ထန်းတာ့က မကြာသေးခင်က DLC များထုတ်ထားခြင်းဖြစ်ပြီး တရားဝင် ဂိမ်းပလက်ဖောင်းကလည်း ထန်းတာ့၏ ဂိမ်းများကို အရှေ့မျက်နှာစာ စာမျက်နှာတွင် ကြော်ငြာပေးနေဆဲ ဖြစ်သည်။ ဝင်ငွေ တိုးမလာဖို့ဆိုတာ မဖြစ်နိုင်ပါ။

မြင့်တက်လာသော ဂဏန်းအတန်းများကိုကြည့်ရင်း ဖေးချမ့် အနည်းငယ် စိတ်ပူပန်လာသည်။ သို့သော်လည်း အနီးကပ် ကြည့်လိုက်သောအခါ ဝင်ငွေတိုးမြင့်မှု အများစုက လက်ခံနိုင်သော အတိုင်းအတာတော့ ရှိနေပါသေးသည်။ သို့သော်လည်း... တိုးမြင့်မှုများ ပုံမှန် မဟုတ်သည့် နေရာတချို့ရှိနေခဲ့သည်။

သမုဒ္ဒရာရဲတိုက်

ဖေးချမ့် ချက်ချင်းဆိုသလိုပဲ ဒီဂိမ်း၏ ဝင်ငွေစီးကြောင်းက သူခန့်မှန်းထားတာထက် ပိုမြင့်မားနေကြောင်း သတိထားလိုက်မိသည်။ အများကြီး ပိုမြင့်နေပါသည်။

တရားဝင်ဂိမ်းပလက်ဖောင်း၏ ကြော်ငြာပေးခြင်း၊ အမြတ်ဝေစု ပြောင်းလဲခြင်း၊ DLC များ ထုတ်လုပ်ပြီးနောက် ဂိမ်းများ၏ ရေပန်းစားမှုမြင့်တက်လာခြင်း စတာတွေကို ထည့်စဥ်းစားရင်တောင် ဂဏန်းတွေက များလွန်းနေပါသည်။

ဖေးချမ့် ချက်ချင်းပဲ အနည်းငယ် စိုးရိမ်လာပြီး မပျော်မရွှင် ဖြစ်လာခဲ့သည်။

ဒီလိုအရေးကြီးတဲ့ ကိစ္စဖြစ်နေတာတောင် ငါ့ကို ဘယ်သူမှ အစီအရင်မခံကြဘူး။

လုမင်လျန်နဲ့ ပေါင်ရှုတို့ ဘာတွေတွေးနေကြတာလဲ။ သူတိုဒီဂဏန်းတွေမြင်တာတောင်ငါ့ကို လာအကြောင်းမကြားဘူးလား။ သူတို့ဘာတွေစောင့်နေကြတာလဲ။

ကံကောင်းလို့ ဒီနေ့ကုမ္ပဏီကိုလာပြီး ငါစစ်ကြည့်လိုက်လို့ပေါ့။ မဟုတ်ရင် ငါထပ်ပြီး အညစ်ခံရဦးမယ်။

ဖေးချမ့်က အခုဒေါသထွက်သလိုလို ရှိသော်လည်း ဒီကိစ္စကို သိလိုက်ရသဖြင့် ပျော်သလိုလိုတော့ ရှိပါသည်။ စောစောသိသဖြင့် အခြေအနေကို ပြန်ထိန်းဖို့ တစ်ခုခု လုပ်နိုင်လောက်သေးသည်။ ပြဿနာ၏ အဓိကအချက်က ဒီဂိမ်းအတွက် ဘာကြောင့် ဒီလို ဝင်ငွေတိုးမြင့်မှုတွေ အလွန်မြင့်တက်နေရာတာလဲဆိုသည့် အကြောင်းအရင်းကို ရှာဖွေဖို့ ဖြစ်သည်။

ဒါက တိုက်ဆိုင်မှုကြောင့် ဖြစ်တာမျိုး ဆိုပါက ဝင်ငွေတိုးမြင့်မှုက ယာယီသာဖြစ်သည်။ ဖေးချမ့် သိပ်ပြီး အာရုံထားမှာ မဟုတ်ပါ။ ဒါကို ပြန်ချေပဖို့ ငွေနည်းနည််းလောက် ထပ်ဖြုန်းလိုက်ရုံသာရှိသည်။

သို့သော်လည်း ဝင်ငွေကို တိုးမြင့်လာစေပြီး အလွန်အမင်း မိုးထိုးတက်သွားနိုင်ချေတောင် ရှိသည့် ရေရှည် ကိစ္စတစ်ခုခုဖြစ်နေပါက ဖေးချမ့် ချက်ချင်း သတိထားရမည်ဖြစ်ပြီး ပြတ်သားသည့် လုပ်ရပ်ကို ဆောင်ရွက်ရမည်။

ဖေးချမ့် သမုဒ္ဒရာရဲတိုက်၏ ဂိမ်း Forum ထဲကို ဝင်ပြီး လတ်တလော အစောဆုံး ဆွေးနွေးမှု အကြောင်းအရာများ အသေးစိတ်ကို ရှာဖွေခဲ့ပါသည်။

"လီကျန်းဝေက သစ္စာဖောက်လုပ်ပြီး တော်လှန်ရေးမှာ ပါလိမ့်မယ်လို့ ထင်မထားဘူး။ ဟူး... တကယ်ပဲ အချိန်တွေကြာလာတာနဲ့ အမျှ Counter Strike က တိမ်ကောသွားတော့မှာလား။"

"မင်း အတွေးလွန်နေတာ ဖြစ်မှာပါ။ အစ်ကိုလီက သာမန် စပွန်ဆာတစ်ခုကို လက်ခံထားတာ ဖြစ်မှာပေါ့။"

"အစ်ကိုလီက သူ့ Fan Group ထဲမှာ စပွန်ဆာကြောင့် လုပ်တာမဟုတ်ဘူးလို့ ပြောထားပြီးသားလေ။ ဖေးဟွမ်လုပ်ငန်းရဲ့ မှတ်တမ်းရုပ်ရှင်က အရမ်းကောင်းတော့ ကျေးဇူးဆပ်ဖို့အတွက် သူ့နာမည်ကိုအသုံးချပြီး ထန်းတာ့ကို ဂိမ်းကူကြော်ငြာပေးလိုက်တာပေါ့။"

"အဲ့တာ ဘာမှ မဖြစ်ဘူးလို့ ငါတော့ထင်တယ်။ သမုဒ္ဒရာရဲတိုက်က အရမ်းစစ်မှန်တဲ့ နှလုံသားနဲ့ ဖန်တီးထားတဲ့ ပြည်တွင်းထုတ်ဂိမ်းတစ်ခုပဲ။ ကြော်ငြာပေးတာ ကောင်းတယ်လို့ ငါတော့ ထင်တယ်။"

"အစ်ကိုလီက ထောက်ခံပေးထားလို့ ငါတောင် စကစားကြည့်နေပြီ။ ဒီဂိမ်းက တကယ် ကောင်းသားပဲ။"

"ယှဥ်ပြိုင်မှုနဲ့ လက်တိကျမှုတို့အရဆိုရင် Counter Strike က တကယ်ပဲ ကောင်းပါတယ်။ ဒါပေမယ့် ဂိမ်းဟောင်းကြီး ဖြစ်နေပြီလေ။ ပြီးတော့ သူ့ အွန်လိုင်းစနစ်ကလည်း ဆိုးရွားပြီး ဂိမ်းကစားနည်းကလည်း မပေါများဘူး။ သမုဒ္ဒရာရဲတိုက်ကို ပြောင်းကစားကြည့်တော့မှ အားတဲ့အချိန် အွန်လိုင်းပေါ်တက်ပြီး ခဏလောက် ကစားတာ တော်တော်လေး မဆိုးဘူး။ အားလုံး အစ်ကိုလီ ထောက်ခံပေးတဲ့ ကျေးဇူးတွေပေါ့။"

ဖေးချမ့် နဖူးပေါ် လက်တင်လိုက်သည်။ သူ ဆွံ့အသွားပါပြီ။

အရာရာတိုင်းကို လိုက်ခုခံနေဖို့ဆိုတာ မဖြစ်နိုင်ပါ။

ဖေးဟွမ် လုပ်ငန်း၏ ပိုးအိမ်ထဲမှ လိပ်ပြာတစ်ကောင်အဖြစ် မွေးဖွားလာခြင်းက အမြတ် မရနိုင်သေးပါ။ ၎င်းကို အားကိုးပြီး ငွေရနိုင်ဖို့ ခက်ခဲပါသည်။ ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့တောင် လက်လျှော့လိုက်ပြီး ၎င်းတို့၏ နောက်ထပ် ဗီဒီယိုများအတွက် အသင့်ပြင်နေကြပါပြီ။

ထို့ကြောင့် ဖေးချမ့်က ဒီမှတ်တမ်းရုပ်ရှင်ကြောင့် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို ထည့်မစဥ်းစားခဲ့မိပါ။ ဒီမှတ်တမ်းရုပ်ရှင်က သမုဒ္ဒရာရဲတိုက်အပေါ် သက်ရောက်မှုရှိလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဖေးဟွမ်လုပ်ငန်းက လူတွေတောင် ဒီလိုဖြစ်လာမည်ဟု ထင်မထားကြမှာ သေချာပါသည်။

လောလောဆယ် ဂိမ်းလောကတွင် FPS ဂိမ်းများက ရေပန်းစားနေသော အမျိုးအစားဖြစ်သည်။ လီကျန်းဝေက နိုင်ငံတော်ထဲက နံပါတ်တစ် FPS ဂိမ်မာဟု လူသိများသူ ဖြစ်သဖြင့် သူ့ပရိတ်သတ်များကို လွှမ်းမိုးမှု ရှိသော်လည်း ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်လာဖို့ သူ့ခရီးလမ်းက အခက်အဲများဖြင့် ပြည့်နှက်နေသည်။ သူ့အကြောင်း ရိုက်ကူးဖို့ဆို အကြောင်းအရာများစွာ ရှိပါသည်။

ထို့ကြောင့် ဖေးဟွမ်လုပ်ငန်းက မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးဖို့ သူ့ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးပြီးဆုံးသွားသောအခါ လီကျန်းဝေက ဖေးဟွမ်လုပ်ငန်းကို အလွန်အသိအမှတ်ပြုခဲ့ပါသည်။ ဘာပဲဖြစ်ဖြစ် ဒီမှတ်တမ်းရုပ်ရှင်က လူထုစိတ်ဝင်စားမှုအတွက်သာဖြစ်ပြီး လူထုကေင်းကျိုးအတွက်သာ ဖြစ်သည်။လီကျန်းဝေ၏ အမည်ကို မြင့်တက်လာစေကာ ဂိမ်းပရော်ဖက်ရှင်နယ်များကိုလည်း ကောင်းမွန်သည့် လမ်းကို အနည်းငယ် ဦးဆောင်ပေးနိုင်ခဲ့ပါသည်။

ရိုက်ကူးရေးလုပ်ခဲ့စဥ်တုန်းက လီကျန်းဝေမှာ ဟွမ်စစ်ပေါ်နဲ့ စကားစမြည် ပြောဆိုတတ်သည်။ ဟွမ်စစ်ပေါ်က သမုဒ္ဒရာရဲတိုက်၏ နောက်ကွယ်က အစီအစဉ်ရေးဆွဲသူချုပ်ဖြစ်ကြောင်း သိလိုက်ရပါသည်။

ထို့ကြောင့် မှတ်တမ်းရုပ်ရှင် ပြီးဆုံးသွားသောအခါ လီကျန်းဝေက သမုဒ္ဒရာရဲတိုက်အတွက် ကြော်ငြာလုပ်ငန်းများ အများကြီး လုပ်ပေးခဲ့ပါသည်။

ဖေးချမ့်က FPS ဂိမ်မာများ၏ လောကကို သိပ်ပြီး အာရုံမစိုက်ခဲ့သဖြင့် ဒီကိစ္စတွေကို ဘာမှ မသိခဲ့ရပါ။

လီကျန်းဝေကလည်း Counter Strike ကစားသမားကြားထဲတွင် လွှမ်းမိုးမှု ရှိသည်။ သူက သမုဒ္ဒရာရဲတိုက်ကို အစွမ်းကုန် ကြော်ငြာပေးလိုက်သဖြင့် နောက်ထပ် ဧရာမ အသစ်ကစားသမားလှိုင်းကြီးတစ်ခု ဂိမ်းထဲကို ဝင်ရောက်လာခဲ့ပါသည်။

ထို့ကြောင့် Counter Strike ကစားသမားများစွာကလည်း ဆော့ကစားနေသည့် ဂိမ်းကို ပြောင်းလဲလိုက်ကြပြီး ကွင်းဆက်ဓာတ်ပြုမှုများ ဖြစ်လာခဲ့ပါသည်။

တရားဝင်ဂိမ်းပလက်ဖောင်းက ၎င်းကို ကြော်ငြာပေးထားပြီး သမုဒ္ဒရာရဲတိုက်၏ Epic လက်နက်အသစ်ကလည်း ရောင်းအားကောင်းနေပါသည်။ ထို့ကြောင့် ဖေးချမ့်က ဂိမ်း၏ ကိန်းဂဏန်းအချက်အလက် ပြောင်းလဲမှုများကို ချက်ချင်း သတိမထားမိခဲ့ခြင်း ဖြစ်သည်။

ဒီနေ့မတိုင်ခင်အထိဖြစ်သည်။

ဖေးချမ့် သူ့နဖူးပေါ်လက်တင်ထားဆဲ ဖြစ်၏။ ။”..လခွမ်း"

ပြဿနာကို ရှာတွေ့ပြီဖြစ်သော်လည်း ဖေးချမ့် ဘာမှလုပ်ဖို့ စွမ်းအား မရှိတော့ပါ။

နောက်ကျသွားပါပြီ။

လီကျန်းဝေက FPS ဂိမ်မာများအကြား အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်သော်လည်း သမုဒ္ဒရာရဲတိုက်ကို ကြော်ငြာပေးခြင်းက အလွန်ဆုံး ရက်ပိုင်းလောာက်သာ ဂိမ်း၏ ရေပန်းစားမှုကို မြင့်တက်စေမည်ဖြစ်သည်။ ယခု ရက်ပိုင်းလောက် ကြာမြင့်သွားပြီဖြစ်ကာ သမုဒ္ဒရာရဲတိုက်၏ ရေပန်စားမှုကလည်း အများကြီး မြင့်တက်နေတာတော့ မဟုတ်ပေ။ ဂိမ်းကို ကစားချင်သည့် ဂိမ်မာများက ကစားနေကြပြီဖြစ်သဖြင့် ဖေးချမ့် ဘာလုပ်နိုင်ဦးမည်နည်း။

"ငါ့ကိုယ်ငါ တော်တော် အလုပ်ပေးမိပြီ။ တကယ်ပဲ တစ်ဖက်မှာ မီးငြှိမ်းရင် တစ်ဖက်မှာ ထပ်လောင်နေတာပဲ။"

"စိတ်အေးအေးထားပါ။ တခြားရှုထောင့်က ကြည့်ရင်တော့ ဆိုးတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီတစ်ခေါက် ဒီတိုင်း ထင်မထားတဲ့ ကိစ္စလေးပဲ ဖြစ်သွာားတာ။ လီကျန်းဝေရဲ့ လွှမ်းမိုးမှုကလည်း ခဏနေရင် အာနိသင်ပျယ်သွားလိမ့်မယ်။ ဒါက သမုဒ္ဒရာရဲတိုက်အပေါ် ဆက်တိုက် သက်ရောက်မှု မရှိစေဘဲ ဝင်ငွေကို တိုးမပေးနေရင် အဆင်ပြေပါသေးတယ်။"

"ဟူး.... အနှစ်ချုပ်ရရင်တော့ ပြီးသွားပြီ အနည်းဆုံး လောလောဆယ်အဖို့ စိတ်အေးအေးထားနိုင်ပြီ။"

နာရီဝက်လောက်အတွင် ဖေးချမ့် စိတ်ခံစားချက်များ တုန်လှုပ်သွားရတာကို ခံစားခဲ့ရပါသည်။ ကံကောင်းစွာဖြင့် ဒီတိုင်း ထိတ်လန့်မှုသာ ဖြစ်သည်။

ဖေးချမ့် ခန့်မှန်းချက်အရ ဒီကစားသမားအသစ်များ တိုးမြင့်လာခြင်းက ၂ ရက် ၃ ရက်လောက်သာ ခံလိမ့်မည်။ သူ ရှော့ပင်ထွက်ခြင်း သို့မဟုတ် ဝန်ထမ်းအကျိုးခံစားခွင့်များအတွက် ပိုသုံးလိုက်ပါက ငွေစာရင်းရှင်းချိန်ကို ထိခိုက်စေမှာ မဟုတ်ပါ။

သမုဒ္ဒရာရဲတိုက်သာ ဒီလို ပုံမှန်မဟုတ်သည့် ဝင်တခြားဂိမ်းတွေ အခြေအနေကောင်းကြောင်းကို ၃ ခေါက်လောက် စစ်ဆေးပြီးနောက် အေးအေးဆေးဆေး ပြန်ဖို့ ပြင်လိုက်သည်။

အလုပ်နေရာတွင် လုမင်လျန်နဲ့ ပေါင်ရှုတို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

"ဘော့စ်ဖေး ထွက်လာပြီ။ ငါတို့ အစီရင်ခံလိုက်ရမလား။"

"မလိုလောက်ဘူးထင်တယ်။"

”.. ဘာပဲဖြစ်ဖြစ် အစီရင်ခံလိုက်ရအောင်"

ပေါင်ရှုက မလိုအပ်ဘူးဟု ထင်သော်လည်း လုမင်လျန်က ဖေးချမ့်ကို တင်ပြသင့်သည်ဟု ထင်ကာ ထိုင်ခုံမှ ထလိုက်ပါသည်။

"ဘော့စ်ဖေး ကျွန်တော်တို့ အစီရင်ခံစရာတစ်ခုရှိလို့ပါ။ သမုဒ္ဒရာရဲတိုက်ရဲ့ Active ကစားသမားနဲ့ ငွေဖြည့်သွင်းမှု အရေအတွက်တွေက ခုတလော မြင့်တက်လာပါတယ်။ ပြီးတော့..."

ဖေးချမ့်က အနည်းငယ် ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်ပါသည်။ "ငါသိပြီးပါပြီ။"

"သြော် ဒါဆိုလည်း ကောင်းပါပြီ ဘော့စ်ဖေး"

လုမင်လျန်က တိုးတိတ်စွာ ပြန်ထိုင်လိုက်ပြီး သူ့လုပ်ရပ်တွေက မလိုအပ်ဘူးဟု ခံစားလိုက်ရပါသည်။

ဘော့စ်ဖေးက ဒီလောက်ရိုးရှင်းတဲ့ ကိန်းဂဏန်းအချက်အလက်တွေကို မတွေ့ဘဲနေပါ့မလား။ တကယ်ပဲ တင်ပြဖို့ မလိုအပ်ပါ။ သူ အတွေးလွန်နေခဲ့ခြင်းသာ ဖြစ်၏။

ဖေးချမ့် ထွက်မသွားခင် လုမင်လျန်ကို လှမ်းကြည့်လိုက်ပြီး အနည်းငယ် ခေါင်းငြိမ့်လိုက်ပါသည်။

ဘယ်ဆိုးလို့လဲ

မင်းကို အစီအစဉ်ရေးဆွဲသူချုပ်အဖြစ် ခန့်အပ်လိုက်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ။ မင်းက ပေါင်ရှုနဲ့ ဟွမ်စစ်ပေါ်တို့ထက် ပိုအားကိုးရတယ်။ မင်းပေးတဲ့ သတင်းက နည်းနည်းတော့ နောက်ကျပေမယ့် မင်းရဲ့ လုပ်ရပ်က ချီးကျူးထိုက်ပါတယ်။ မင်းရဲ့ အစီအစဉ်ရေးဆွဲသူချုပ်ရာထူး တည်မြဲသွားပြီ။

All Chapters