ဘော့စ်လီ မသွားပါနဲ့ နားလည်မှုလွဲတာပါ
Vol. 13 Ch. 181
ဖုန်းကိုင်ထားသည့် ဖေးချမ့်၏ လက်က ဒေါသကြောင့် တုန်လှုပ်လာသည်။
'ဂုဏ်ပြုပါတယ်' ဆိုတာ ဘာကို ပြောတာလဲ။
ဖေးချမ့် ဖုန်းကို ကိုင်ထားလျက် ဒုတိယထပ်သို့ တုန်တုန်ချိချိ တက်လာခဲ့သည်။ ဒုတိယထပ်တွင် သီးသန့်ရုပ်ရှင်ရုံ အသေးစားလေး ရှိပါသည်။ လူတွေလည်း အသုံးပြုကာ ရုပ်သံ ရှိုးများ ကြည့်နိုင်သည်။
လီရှိလည်း စိတ်လှုပ်ရှားသွား၏။
ဘာတွေဖြစ်နေတာလဲ။
ဖေးချမ့်၏ လှုပ်ရှားပုံနဲ့ မျက်နှာထားတို့ကို ကြည့်ခြင်းအားဖြင့် ဖုန်းက အလွန်အရေးကြီးသည့် ဖုန်းဖြစ်မှန်း လီရှိ ခန့်မှန်းမိပါသည်။ ဖေးချမ့်ထွက်သွားပြီး ၅ မိနစ်အကြာတွင် လီရှိလည်း ထိုင်ခုံမှထကာ ဒုတိယထပ်သို့ အပန်းဖြေချင်ယောင်ဆောင်၍ တက်လာခဲ့ပါသည်။
သီးသန့်ရုပ်ရှင်ရုံက ရုပ်ရှင်များ ပြသဖို့ဖြစ်သည်။ သို့သော်လည်း လောလောဆယ် ဘယ်သူမှ ကြည့်မနေသဖြင့် ဖေးချမ့်က ရှန်ဟိုင်းဂြိုဟ်တု ရုပ်မြင်သံကြား ပရိုဂရမ်ကို ဖွင့်လိုက်ပါသည်။
ပုံရိပ်ပြောင်းသွားတာနဲ့ ဖေးချမ့် ကြက်သေ သေသွားရပါသည်။
ဧရာမ ဖန်သားပြင်ကြီးပေါ်တွင် ချန်းလျဲ့၏ ပုံကြီး ပေါ်လာသည်။ သူက မိုက်ခရိုဖုန်းတစ်ခုရှေ့တွင် ရပ်နေကာ ဂစ်တာတီးလျက် သီချင်းကို စိတ်အားထက်သန်စွာဖြင့် သီဆိုနေပါသည်။
"တိတ်ဆိတ်တဲ့ညလေးတစ်ည ကိုလမ်းမပေါ် လျှောက်လှမ်းလာတဲ့အချိန်"
"မှေးမှိန်တဲ့ အလင်းရောင်အောက် မင်းလေး စောင့်မျှော်နေခဲ့တယ်"
"မြို့ပြရဲ့ စည်ကားမှုအလယ်မှာ မင်းတစ်ယောက်သာ ကို့ဝမ်းနည်းမှုကို နားလည်"
"ကိုဘယ်လောက်ဝေးဝေး လွင့်မျောသွားပါစေ မင်းနဲ့ ယစ်မူးစေတဲ့ ဝိုင်လေးကိုတော့ ဘယ်တော့မှာ မေ့နိုင်မှာ မဟုတ်ပါဘူး"
သံစဥ်လေးက ကြည်နူးဖွယ်ဖြစ်သည်။ သို့သော်လည်း ချန်းလျဲ့၏ ပြိုင်ဘက်ကင်းသော အသံက ဒီအသံချင်း၏ လှပမှုကို ပိုမိုထင်ရှားအောင် လုပ်ပေးနေပါသည်။ သီချင်းက နှေးကွေးသည်။ သီချင်းထဲတွင် လူသားဆန်သော အထိအတွေ့တစ်ခု ပါဝင်သည်။ သို့သော် ဝမ်းနည်းစရာလည်း နည်းနည်းကောင်းသည်။ အတော်လေး အမှတ်ရစရာ ကောင်းသည့် သီချင်းပဲ ဖြစ်ပါသည်။
ဘန်း….
သူ့ရှေ့မှာ ဆရာတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အလင်းကို နှိပ်လိုက်ပါသည်။
ဘန်း ဘန်း ဘန်း
ချန်းလျဲ့က စာသားနည်းနည်းလေးသာ ဆိုရသေးသည်။ သို့သော်လည်း Chorus အပိုဒ်ကို ရောက်တာနဲ့ ဆရာတွေအားလုံးက အနောက်ကို လှည့်ကြည့်လိုက်ကြပါသည်။
ဖေးချမ့် ဒီပရိုဂရမ်၏ ခေါင်းစဥ်ကို အနီးကပ်ကြည့်လိုက်သည်။
'The Voice of China'
ဖေးချမ့်"???"
ဖန်သားပြင်ကြီးကိုကြည့်ရင်း ဖေးချမ့် ထိပ်လန့်သွားရသည်။ သူ့မှတ်ဉာဏ်ကို သူ သံသယဖြစ်လာခဲ့သည်။
ဘာတွေဖြစ်နေတာလဲ။
ငါမှတ်မိတာမမှားရင် The Voice of China က ၂၀၁၂ ခုနှစ်မှ စတာ မဟုတ်ဘူးလား။ ပြီးတော့လည်း ရှန်ဟိုင်းဂြိုဟ်တုရုပ်သံအစီအစဥ်အဖြစ် စတာမှ မဟုတ်တာ။ အိုင်လီကျွန်းလို ကပ်ဘေးမျိုး ထပ်ဖြစ်နေပြန်ပြီလား။
ဖေးချမ့် ချက်ချင်းပဲ နားလည်သွားပါသည်။ ထို့ကြောင့်လည်း ဟွမ်စစ်ပေါ်က ဖုန်းခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
ချန်းလျဲ့က ယွီအင်တာနက်ကဖေးမှ မြေတောင်မြှောက်ပေးထားသည့် အဆိုတော်ဆိုတာကို ဟွမ်စစ်ပေါ် နားလည်သည်။ ထို့အပြင် ဘော့စ်ဖေးက ချန်းလျဲ့အားသေချာ ဂရုစိုက်ဖို့ သူတို့ကို မှာကြားထားသည်။ သူတို့ ဆက်ဆံရေးက သာမန်ထက် ပိုတာ သိသာပါသည်။
အခု ချန်းလျဲ့က ပြည်တွင်းရုပ်သံအစီအစဥ်တစ်ခုတွင် မျက်နှာကို ထုတ်ပြခဲ့ပြီ။ ထို့ကြောင့် ဟွမ်စစ်ပေါ်က ဖေးချမ့်ကို အသိပေးလိုက်ရခြင်း ဖြစ်ပါသည်။
လီရှိကာ ဒုတိယထပ်၏ ထောင့်တစ်နေရာတွင် ထိုင်နေလိုက်ပါသည်။ ပြတင်းပေါက် အပြင်ဘက်က ရှုခင်းကို ကြည့်ချင်ယောင် ဆောင်လိုက်သည်။ သို့သော်လည်း တကယ်တမ်းမှာတော့ ဖန်သားပြင်ကို ကြည့်နေခြင်း ဖြစ်ပါသည်။
ချန်းလျဲ့ကို မြင်သောအခါ လီရှိ စိတ်အေးစွာ သက်ပြင်းချလိုက်မိပါသည်။
"ဘာမှ မဟုတ်ဘဲ ကြောက်နေမိတယ်။ ငါအတွေးလွန်နေတာပဲ။"
"ချန်းလျဲ့ အရင်တုန်းက ဒီမှာ အဆိုတော်လုပ်ဖူးတယ်။ သူက ဒီကဖေးက လူတွေနဲ့ ရင်းနှီးတယ်။ အဲ့တာကြောင့် ဘော့စ်ဖေးက သူ့မိတ်ဆွေကို တီဗီမှာကြည့်ဖို့ အပေါ်ထပ် ပြေးတက်လာတာ မထူးဆန်းပါဘူးလေ။"
"နေပါဦး... တစ်ခုခုတော့ လွဲနေပြီ။"
ဒီပြဿနာ၏ အရေးကြီးမှုကို လီရှိ ရုတ်တရက်ကြီး နားလည်သွားပါသည်။ သူ စိတ်အေးလက်အေး မနေနိုင်တော့ပါ။
ချန်းလျဲ့က သီချင်းဆိုပြီးသွားပြီဖြစ်သည်။ သို့သော်လည်း လက်ခုပ်သြဘာာသံများနဲ့ အားပေးသံများက ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပါသည်။
"မင်္ဂလာပါ ဆရာကြီးတို့ ကျွန်တော်က ကျင်းကျိုးမြို့က လာခဲ့တဲ့ ချန်းလျဲ့လို့ခေါ်ပါတယ်။"
ချန်းလျဲ့ဆီမှ ရိုးရှင်းသည့် အချက်အလက် တချို့ကို ကြားရပြီးနောက် ဆရာတစ်ယောက်က လိုရင်းကို ပြောလိုက်ပါသည်။ "ဒီသီချင်းနာမည်က စောင့်စားခြင်းနော်။ အချစ်သီချင်းပဲ။ မင်း ခုနက ဆိုသွားတာ စာသားတွေ တော်တော်လေး ကောင်းကောင်းမွန်မွန် ရေးထားတာပဲလို့ ပြောချင်တယ်။ ဒါ ဇာတ်လမ်းရှိတဲ့လူတစ်ယောာက် ရေးထားတဲ့ ဇာတ်လမ်းတွေမျိုးပဲ။"
"တိတ်ဆိတ်တဲ့ညလေးတစ်ညတို့၊ မင်းပဲ ကိုယ့်ဝမ်းနည်းမှုကို နားလည်နိုင်တယ်'တို့ 'ဘယ်လောက်ဝေးဝေး လွင့်မျောသွားပါစေ မူးယစ်စရာ ဝိုင်လေးကို မေ့မှာ မဟုတ်ဘူးတို့... မင်းကောင်မလေးအတွက် ဒီသီချင်းကို ရေးထားပေးတာလား။ သူက မင်းကို တစ်နေရာရာမှာ စောင့်နေတုန်းပဲ မဟုတ်လား။"
ချန်းလျဲ့က ရှက်ရွံ့စွာဖြင့် ပြုံးလိုက်ပါသည်။ သူက ပရိတ်သတ်များစွာရှေ့မှာ ဖျော်ဖြေသားမကျသေးမှန်း သိသာပါသည်။ သူ့ကြည့်ရတာ အလွန် ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့ပါသည်။
"မဟုတ်ပါဘူး။ ကျွန်တော် နေရာတစ်ခုအကြောင်း ရေးထားတာပါ။ ကျွန်တော့်အိမ်လို့ ခံစားရတဲ့ အင်တာနက်ကဖေးတစ်ခုအကြောင်းကိုပါ။"
"တကယ်တော့ ကျွန်တော်က အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းတယ်။ ကျွန်တော် အထက်တန်းကျောင်းအောင်ပြီးတော့ ဘာအလုပ်မှ မရခဲ့ဘူး။ တစ်နေ့မှာ ကျွန်တော် အင်တာနက်ကဖေးဆိုင်တစ်ဆိုင်ရှေ့က ဖြတ်သွားခဲ့တယ်..."
ဒုတိယထပ်၏ ထောင့်တစ်နေရာတွင် လီရှိ၏ လက်များ စတင်တုန်ယင်လာသည်။ ဖေးချမ့်ကို ကြည့်လိုက်သည်။ ဖေးချမ့်၏ မျက်လုံးတွေကတော့ ဖန်သားပြင်ကြီးပေါ် အသေစိုက်ကြည့်နေပါသည်။ သူ့နောက်ကျောကို ကြည့်လိုက်တာနဲ့ လီရှိ တောင်ကြီးတစ်လုံး ပိသလို ခံစားလာရပါသည်။
မဟုတ်မှလွဲရော... ငါကြည့်ဖို့ တမင်ဖွင့်ပြနေတာလား။
ဖန်သားပြင်ပေါ်မှာတော့ ချန်းလျဲ့က သူနဲ့ ယွီအင်တာနက််ကဖေးတို့အကြားက ဇာတ်လမ်းကို ဆက်ပြောပြနေပါသည်။
"နောက်တော့ ဘော့စ်ဖေးရဲ့ အားပေးအားမြောက်မှုကြောင့် ကျွန်တော်သတ္တိမွေးပြီး ရှန်ဟိုင်းမြို့ကိုလာပြီးတော့ အိပ်မက်တွေနောက် လိုက်ခဲ့တာပါ။"
"ကျွန်တော်ထွက်သွားတော့ အင်တာနက်ကဖေးရဲ့ စည်ကားမှု တော်တော်လေး လျော့ကျသွားတယ်လို့ကြားပါတယ်။ ဒါပေမယ့် ဘော့စ်ဖေးက ကျွန်တော့်ကို တစ်ခါမှ မပြောဘူး။ အဲ့ဒီသတင်းဆိုးကြောင့် ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်လို့ဖြစ်မယ်။"
"အဲ့တာကြောင့် ကျွန်တော် ဒီသီချင်းလေးကို ရေးလိုက်ရတာပါ။ ကျွန်တော့်ဘဝရဲ့ မေ့မရနိုင်စရာ အခိုက်အတန့်လေးကို အမှတ်ရစေဖို့ပေါ့။"
"The Voice of China ရဲ့ ဟောဒီစင်မြင့်အပေါ် တက်ရောက်လာဖို့ အခွင့်အရေး ရရှိခဲ့တဲ့အတွက် ဘော့စ်ဖေး၊ ဘော့စ်မာ၊ ယွီအင်တာနက်ကဖေးက လူတိုင်းကို ကျေးဇူးတင်ချင်ပါတယ်။ အားလုံး ကျွန်တော့်ကို ဒီလမ်းလျှောက်ခွင့် ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက်တော့ ယွီအင်တာနက်ကဖေးဆိုတာ အမြဲတမ်း အိမ်လိုပါပဲ။"
ဆရာများက လက်ခုပ်တီးလိုက်ကြသည်။
"ဘုရားရေ ကြည်နူးစရာ အချစ်ဇာတ်လမ်း တစ်ပုဒ်ပါလား။ မင်းရဲ့ အိပ်မက် အကြောင်း ရေးထားတဲ့ ဇာတ်လမ်းဖြစ်မယ်လို့ ထင်မထားခဲ့ဘူး။"
"ပြောသွားတာ တော်တော်ကောင်းတာပဲ။ အရမ်း စိတ်မကောင်းဖြစ်မိတယ်။ ငါ့ဘဝရဲ့ အနိမ့်ဆုံး အခြေအနေမှာ ရှိခဲ့တုန်းကအချိန်ကိုတောင် ပြန်အမှတ်ရစေတယ်။ ငါ့ကို နွေထွေးမှုတွေ ယူဆောင်လာပေးတာလည်း အသေးအဖွဲလေးတွေကပဲ..."
"စိတ်မပူပါနဲ့ ချန်းလျဲ့ မင်းအခုတောင် ရေပန်းစားနေပြီဆိုတာ ကတိပေးရဲတယ်။ ငါ့အဖွဲ့ထဲ ဝင်ပါ။ နောက်နှစ်ကျရင် နိုင်ငံတော်တစ်ခွင်လုံး ရှိုးပွဲနှစ်ဆယ်လောက် ငါ့မှာ ရှိတယ်။"
"နေဦး နေဦး နေဦး။ သူ့ကို ငါတို့ လုဖို့ အချိန်ကျသေးဘူးလေ။ ခဏလောက် စောင့်လိုက်ပါဦး။ ချန်းလျဲ့ ဆရာလေးယောက်စလုံးက လှည့်ကြည့်လိုက်ပြီးနော်။ မင်း နောက်တစ်ဆင့် တက်သွားပြီ။ မင်း အခု ဘာလုပ်ဖို့ စီစဥ်ထားလဲ။”
ချန်းလျဲ့က တွန့်ဆုတ်မှုမရှိဘဲ ပြောလိုက်သည်။ "ကျွန်တော် ကျင်းကျိုးမြို့ကိုသွားပြီး ယွီအင်တာနက်ကဖေးမှာ သီချင်း နည်းနည်းလောက် ဆိုချင်တယ်။ သူတို့ကို သတိရတယ်ဆိုတာ ပြောပြချင်တယ်။"
ချန်းလျဲ့၏ မျက်နှာပေါ်တွင် ပျော်ရွှင်ဝမ်းမြောက်နေသော အပြုံးတစ်ခု ရှိနေပါသည်။
ဘန်း....
ဖန်သားပြင်က အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်။
ဖေးချမ့် ပိတ်လိုက်ခြင်း ဖြစ်ပါသည်။
ဖန်သားပြင်ပိတ်သွားသည့်အချိန်တွင် လီရှိ၏ နှလုံးသား နစ်မြုပ်သွားသည်။ သူ့နှလုံသား ကြမ်းပြင်ပေါ်ပြုတ်ကျသွားပြီး အစိတ်အပိုင်း တစ်ထောင်လောက်အထိ အစိပ် အစိပ် အမွှာ အမွှာ ကွဲကြေသွားသလိုပင်။ အမှောင်ထဲတွင် ဘော့စ်ဖေး၏ နောက်ကျောက ကြီးမားသည့် သားရဲကြီးတစ်ကောင်လိုပင်။ ကြွယ်ဝမှုကို အချိန်မရွေး ဝါးမျိုတော့မည့်ပုံစံလို ဖြစ်နေပါသည်။
လီရှိအတွက်တော့ ဖေးချမ့်က အချိန်တိုင်း ယုံကြည်ချက် ပြည့်ဝမှုများ ထုတ်လွှတ်နေခဲ့သည်။
ဘော့စ်ဖေးက နောက်လှည့်မကြည့်သေးသော်လည်း လီရှိက သူ့ယုံကြည်ချက်များဖြင့် ပြည့်ဝနေသည့် မျက်နှာထားကို ခန့်မှန်းကြည့်လို့ရပါသည်။ 'အနိုင်ရသူနဲ့ ရှုံးနိမ့်သူတို့ အဆုံးအဖြတ် ပေါ်လာပြီထင်တယ်။ ခင်ဗျား ရှိုးကိုဆက်ကြည့်စရာ မလိုတော့ဘူးမလား' ဟု ပြောနေသလိုပင်။
မှန်ပါသည်။ လီရှိ ရှိုးပွဲကို ဆက်ကြည့်စရာ မလိုတော့ပါ။
အခုမှ ဖေးချမ့်က ချန်းလျဲ့သီချင်းဆိုတာကို လာကြည့်တာ မဟုတ်မှန်း လီရှိနားလည်သွားပါပြီ။ ဒါတွေအားလုံးက သူ့ကိုပြသဖို့အတွက်သာ ဖြစ်သည်။
The Voice of China ရှိုးက ဘယ်လောက်တောင် ရေပန်းစားသလဲ ပြောဖို့တောင်မလိုပါ။ ချန်းလျဲ့၏ သီချင်း စောင့်စားခြင်းက အင်တာနက်တခွင်မှာ တောမီးလို ပြန့်နှံ့လာလိမ့်မည်။ ထို့အပြင် ချန်းလျဲ့ နောက်ဆုံးတွင် ပြောပြသွားသည့် သူနဲ့ ယွီအင်တာနက်ကဖေးတို့၏ ဇာတ်လမ်းကလည်း ရေပန်းစားလာပါလိမ့်မည်။
ချန်းလျဲ့က ကျင်းကျိုးကိုပြန်လာပြီး ယွီအင်တာနက်ကဖေးတွင် သီချင်းအနည်းငယ်ဆိုဦးမည်ဟု ပြောသွားသည်။ ဒီမှာ ရှေ့ဆက်ဘာတွေဖြစ်လာမလဲဆိုတာ ငတုံးတွေတောင် ခန့်မှန်းနိုင်ပါသည်။
လီရှိက အားတင်းပြီး မတ်တပ်ရပ်လိုက်ပါသည်။ သူ ဖေးချမ့်ဆီသို့ ခါးသီးမှုများ ပြည့်နှက်နေသည့် နှလုံးသားဖြင့် လျှောက်လှမ်းသွားလိုက်သည်။ ဖေးချမ့်ကို လုံးဝ ရှုံးနိမ့်နေသူဖြစ်ပြီး အရှုံးကို ဝန်ခံဖို့ စောင့်နေသည်ဟု ထင်ခဲ့မိသည်။ အခုတော့ သူ လုံးဝ မှားယွင်းနေတာ သိသာပါသည်။
"ဘော့စ်ဖေး ခင်ဗျားကို လေးစားပါတယ်။ ခင်ဗျား သိုသိုသိပ်သိပ် လုပ်နိုင်ခဲ့တာပဲ။ ခင်ဗျားက ဘာမှ သိပ်မလုပ်ဘူး။ ဒါပေမယ့် ခင်ဗျား လှုပ်ရှားလိုက်တာနဲ့ ကျုပ်ရဲ့ မျှော်မှန်းချက်တွေကို ကျော်လွန်သွားခဲ့တယ်။ ဒီလိုဖြစ်လာမယ်လို့ တကယ် မျှော်လင့်မထားဘူး။ ကျုပ် ခင်ဗျားကို တကယ်အထင်သေးခဲ့မိပြီ။"
"ဒီတစ်ခေါက် ခင်ဗျား နိုင်ပါတယ်။ နောက်ကို အလုပ် အတူတူ တွဲလုပ်နိုင်ဖို့ကိုလည်း မျှော်လင့်မိပါတယ်။"
လီရှိက ခေါင်းခါလျက် လှည့်ပြန်သွားကာ အောက်ထပ်သို့ ဆင်းသွားပါသည်။
ထိုအချိန်တွင် အားလုံံး ပြိုကွဲသွားပါပြီ။ သူနောက်ကွယ်ကနေ ခိုးကြောင်ခိုးဝှက် ကြိုးကိုင်ဖို့လည်း မလိုတော့ပါ။ အခုချိန်ကစပြီး ယွီအင်တာနက်ကဖေးမှာ ရင်းနှီးမြှုပ်နှံဖို့လည်း မဖြစ်နိုင်လောက်တော့ပေ။
အမှန်ပင်။ စီးပွားရေးလုပ်တယ်ဆိုတာ စစ်ပွဲတိုက်ရသလိုဖြစ်သည်။ အနိုင်ရသူနဲ့ ရှုံးနိမ့်သူ ရှိတာ ပုံမှန်သာ ဖြစ်ပါသည်။
လီရှိက အတွေ့အကြုံရှိသည့် စီးပွားရေးသမားတစ်ယောက် ဖြစ်ပါသည်။ ထို့ကြောင့် သူက အရှုံးသမားတော့ လုံးလုံး မဟုတ်ပေ။ ဘာမှ အပြစ်ဆိုစရာ မလိုတော့ပါ။ တကယ်တော့ ရင်ထဲမှာ ဖေးချမ့်ကို အများကြီး လေးစားသွားပါသည်။ ဖေးချမ့်က အခု သူ့အတွက် တကယ် ထိုက်တန်သည့် ပြိုင်ဘက်တစ်ယောက် ဖြစ်လာလေပြီ။
ဖေးချမ့်က တုန်လှုပ်မှု၊ ဝမ်းနည်းမှုများကြောင့် လိပ်ပြာလွင့်နေခဲ့၏။ သူ အသိစိတ်ပြန်ဝင်လာချိန်တွင် လီရှိက ယွီအင်တာနက်ကဖေးမှ ထွက်သွားခဲ့ပြီဖြစ်သည်။
ဖေးချမ့် ကြောင်သွားပါသည်။
လခွမ်း မသွားပါနဲ့။ ဒါက နားလည်မှုလွဲတာ၊ ဒါက နားလည်မှုလွဲတာပါ။