← Chapters

ဒီဒေတာကို ဘယ်လိုတွက်ချက်ထားတာလဲ

Vol. 13 Ch. 182

ဒီဒေတာကို ဘယ်လိုတွက်ချက်ထားတာလဲ

Vol. 13 Ch. 182

သူ့ရှေ့မှာ ဖန်သားပြင်က နက်နေဆဲ။ အဝေးမှာ လီရှိကလည်း ထွက်ခွာသွားနေဆဲ။

ဖေးချမ့် ကမ္ဘာကြီး၏ စွန့်ပစ်မှုကို ခံလိုက်ရသလို ခံစားလိုက်ရပါသည်။

ဒီဇာတ်လမ်းမှာ နောက်ထပ်ဘာတွေဖြစ်လာတော့မလဲဆိုတာကို ခန့်မှန်းဖို့ လွယ်ကူသွားပါပြီ။ ယွီအင်တာနက်ကဖေးက အလွန်အမင်း ရေပန်းစားလာလိမ့်မည်။

ဒီလို ရေပန်းစားသည့် ရုပ်မြင်သံကြားအစီအစဥ်တွေက အလွန်လွှမ်းမိုးနိုင်စွမ်းရှိသည်။ အစားအသောက်အစီအစဥ်များက တချို့ ဟင်းလျာများကို ကြော်ငြာပေးနေသလိုပင်။ ထိုဟင်းလျာများကို နိုင်ငံတော်တခွင်ရှိ အစားအသောက်ဆိုင်ခွဲများ၌ အချိန်တိုအတွင်း ရောင်းနိုင်သွားလိမ့်မည်။

အမှန်ပင်။ ကိစ္စတွေက ထင်သလောက်တော့ မဆိုးသေးပါ။ ဘာပဲဖြစ်ဖြစ် ယွီအင်တာနက်ကဖေး၏ လုပ်ငန်းပုံစံက စားသောက်ဆိုင်တွေနဲ့ ခြားနားပါသည်။

စားသောက်ဆိုင်တွေကို ဘယ်မှာပဲဖွင့်ဖွင့် တူညီသော အစားသအသောက်များကိုသာ ရောင်းချသည်။ ဘယ်ဆိုင်ခွဲကိုသွားသွား ဘာမှ မထူးခြားပါ။ သို့သော်လည်း ချန်းလျဲ့က ယွီအင်တာနက်ကဖေးဆိုင် တစ်ဆိုင်တည်းကိုပဲ ညွှန်းဆိုပေးနေခြင်းဖြစ်သည်။

ချန်းလျဲ့၏ ပရိတ််သတ်များစွာက ဒီကိုရောက်လာကြပြီး သူနဲ့ နီးစပ်အောင် ကြိုးစားကြပါလိမ့်မည်။ သူတို့က ချန်းလျဲ့ တစ်ချိန်က အလုပ်လုပ်ခဲ့သည့် အင်တာနက်ကဖေးဆိုင်လေးကို လာကြည့်ကြလိမ့်မည်။ သို့သော်လည်း သူတို့အတွက်တော့ ကျန်ယွီအင်တာနက်ကဖေးဆိုင်များက ဆွဲဆောင်မှုရှိမှာ မဟုတ်ပါ။

The Beatles လည်း ဒီလိုမျိုး ဖြစ်ခဲ့ဖူးပါသည်။ ၎င်းတို့က ဘားအသေးစားလေးတစ်ခု၏ အဆိုတော်များအဖြစ် စတင်ခဲ့ကြသည်။ အခုချိန်ထိ ထိုဘားက နာမည်ကြီးသည့် ခရီးသွားနေရာ ဖြစ်လာခဲ့သည်။ သို့သော်လည်း ထိုလမ်းတစ်ခုထဲရှိ တခြား ဘားများကတော့ ဒီလိုအကျိုးခံစားခွင့်မျိုးကို မရခဲ့ပါ။

အိုင်ဒေါများနောက်ကို လိုက်ရတာ သဘောကျသည့် ပရိတ်သတ်များအတွက် ယွီအင်တာနက်ကဖေး မူရင်းဆိုင်ကသာ အထင်ကြီးရာ ကောင်းမည်ဖြစ်သည်။ သူတို့ တခြား ယွီအင်တာနက်ကဖေးဆိုင်ခွဲများကို သွားဖို့ မလိုအပ်ပေ။

ထို့ကြောင့် ဖေးချမ့် ရင်ဆိုင်ရမည့် အဆိုးဆုံးအခြေအနေက မူရင်းဆိုင်၏ ဝင်ငွေမှာ အဆမတန် တိုးမြင့်သွားမှာမျိုး ဖြစ်သည်။ တခြား ယွီအင်တာနက်ကဖေးဆိုင်ခွဲများကတော့ လောလောဆယ် ကြီးကြီးမားမား ပြဿနာ ရှိဦးမှာ မဟုတ်ပေ။

သို့သော်လည်း ဒီမူရင်းဆိုင် ဝင်ငွေ တွင်ကျယ်လာတာကပဲ ဖေးချမ့်အတွက် သတင်းဆိုး ဖြစ်နေပါပြီ။

အဘယ့်ကြောင့်ဆိုသော် ရက်သတ္တပတ်က မကုန်သေးပေ။ ချန်းလျဲ့သာ မူရင်းဆိုင်ကို ပြန်လာပြီး သီချင်းဆိုပါက နောက်ဆုံး ၃ရက်အတွင်း အရက်ဘောက်ဆူးများကြောင့် ငွေတွေ ဘယ်လောက်တောင် ရလိုက်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပါ။

ဖေးချမ့်က ချန်းလျဲ့ကို မလာခိုင်းချင်သော်လည်း သူ့မှာ ဆင်ခြေကောင်းကောင်းမရှိပေ။

ထိုအတွေးဖြင့် ဖေးချမ့်၏ ခြေလက်များ အေးစက်လာပြီး ထုံကျင်လာသည်။ သူ တော်တော်လေး နေထိုင်မကောင်းတော့ပါ။

ဖေးချမ့် အကြာကြီး ထိုင်နေပြီးမှ နောက်ဆုံးတော့ မတ်တပ်ရပ်လိုက်ပါသည်။

လီရှိကတော့ ထွက်သွားခဲ့ပါပြီ။ ယွီအင်တာနက်ကဖေးဆိုင် ပတ်လည်က ဆိုင်တွေလည်း ယွီအင်တာနက်ကဖေး၏ ကတ်စတမ်မာများကို လုယူဖို့ ပရိုမိုးရှင်းဆင်းမှာ မဟုတ်တော့ပေ။ အမှန်ပင်။ အခုတော့ သူတို့ ကြိုးစားရင်တောာ့ ဘယ်သူ့ကိုမှ လုယူနိုင်မှာ မဟုတ်တော့ပါ။

ဒီအချိန်တောအတွင်း ယွီအင်တာနက်ကဖေး ပတ်လည်က ဆိုင်များက ၎င်းတို့၏ နာမည်ကို မြှင့်တင်ဖို့ ပရိုမိုးရှင်းဆင်းနေကြခြင်းဖြစ်သည်။ သို့သော်လည်း အခုတော့ ချန်းလျဲ့က နာမည်ကြီးလာသဖြင့် သူတို့ ရရှိခဲ့သည့် ကတ်စတမ်မာအားလုံးက ယွီအင်တာနက်ကဖေးကိုသာ ပြန်ပြီးအာရုံစိုက်ကြပါလိမ့်မည်။

အရင်တုန်းက စီပွားရေးကောင်းအောင် လုပ်ပေးနေသောကြောင့် ဖေးချမ့်က အားထုတ်ပြီး ချန်းလျဲ့ကို မောင်းထုတ်ခဲ့ရသည်။ ဒါတောာင် အခု သူက အရင်ကထက်ပိုဆိုးသည့် အခြေအနေဖြင့် ပြန်လာပါပြီ။

သူ အလွန်ပင်ပန်းကာ စိတ်ဓာတ်ကျနေသည်။ သူ့နွေးထွေးသည့် အိပ်ယာပေါ်ကို ပြန်သွားကာ စောင်အောက်မှာ ပုန်းလျက် ကောင်းကောင်း အိပ်ချင်မိပါသည်။

သူ လှေကားနားသို့ သွားလိုက်ချိန်တွင် အောက်ထပ်မှ ဆူညံသံတစ်ခုကို ကြားလိုက်ရပါသည်။ မာယန်က သူ့ဆီကို စိတ်လှုပ်ရှားစွာဖြင့် ပြေးတက်လာပါသည်။ "ညီအစ်ကိုချမ့် ညီအစ်ကိုချမ့် မင်း အဲ့မှာလား။"

ဖေးချမ့်က အသက်မပါစွာ ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ။"

"ကတ်စတမ်မာတွေ ရောက်လာပြီ။ ကတ်စတမ်မာတွေ အများကြီး အများကြီး ရောက်လာပြီ။" မာယန်၏ မျက်နှာရှည်ရှည်ကြီးက ပျော်ရွှင်မှုများ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပါသည်။

ဖေးချမ့်က အောက်ထပ်ကိုကြည့်လိုက်သောအခါ ဝင်ပေါက်မှာ ကတ်စတမ်မာတွေ ပိုပိုပြီး စုစည်းလာကြတာကို မြင်လိုက်ရပါသည်။ လူတချို့ဆို ပထမအထပ်၏ အဓိက ခန်းမထဲ တိုးဝှေ့ဝင်လာကြပြီဖြစ်သည်။ တစ်ယောက်ပြီး တစ်ယောက် ဖုန်းများကို ထုတ်လျက် ဓာတ်ပုံများ ရိုက်ကုန်ကြပါပြီ။

တချို့သူတွေက ထိုင်ခုံ မပြည့်ခင် အမြန်ပြေးထိုင်ကြသည်။ တချို့တွေက ထိုင်ခုံ မရှိတော့တာကိုမြင်ပြီး ခြေဖျားထောက်ကာ စင်ပေါ်က အဆိုတော်ကို ဓာတ်ပုံရိုက်ကြသည်။ တချို့ကတော့ အပေါ်ထပ်မှာ ထိုင်ခုံရှိဦးမလား တက်ရှာကြပါသည်။

ဖေးချမ့်နဲ့ မာယန်တို့ လူအုပ်ကြီးကြောင့် အတွန်းခံရမလို ဖြစ်သွားပါသည်။ သူတို့ အောက်ထပ်သို့ တိုးဝှေ့ကာ ဆင်းလာပြီး ဝန်ထမ်းသီးသန့်ဖြစ်သော အနောက်ဘက် တံခါးမှ အင်တာနက်ကဖေးထဲက ထွက်လာခဲ့ရပါသည်။

သူတို့ အပြင်ကို ရောက်တာနဲ့ လမ်းပေါ်မှာ ယွီအင်တာနက်ကဖေးထံသို့ အပြေးအလွှား လာနေကြသော လူအုပ်ကြီးကို မြင်လိုက်ရသည်။

ဖေးချမ့် သေချာကြည့်လိုက်သောအခါ နောက်ဆုံးတော့ နားလည်သွားပါပြီ။ ဘေးပတ်လည်က ဘားများမှာ အားပေးနေကြသော လူများ၊ ဘေးပတ်လည် အိမ်တွေမှာ နေထိုင်ကြသော လူများအားလုံး ပြေးလာကြခြင်း ဖြစ်သည်။ အနီးအနားရှိ ဘားများက ပရိုမိုးရှင်းများဆင်းကာ ဒစ်စ်ကောင့်များ ပေးနေခြင်းကြောင့် ညဘက်က ၎င်းတို့အတွက် လူအစည်ကားဆုံး အချိန် ဖြစ်သည်။ သူတို့တွေ အရက်သောက်နေကြဆုံး ချန်းလျဲ့နဲ့ ယွီအင်တာနက်ကဖေးတို့ အကြောင်းကို သိလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ သတင်းက တောမီးလို ပြန့်နှံ့သွားခဲ့၏။ သူတို့က တစ်လမ်းကျော်လောက်ပဲ ဝေးသဖြင့် လာကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ယွီအင်တာနက်ကဖေး၏ စျေးကြီးသော စျေးနှုန်းများအတွက်ကတော့...

ဘယ်သူမှ အပြစ်မတင်ကြတော့ပါ။ သူတို့ အထဲဝင်ကာ သူငယ်ချင်းများကို ကြွားဝါဖို့ ဓာတ်ပုံများ ရိုက်နိုင်ပါက အရက်တစ်ခွက် ယွမ်ဆယ်ဂဏန်းလောက် သုံးရတာ ဘာဖြစ်မှာလဲ။

လူအုပ်ကြီး ယွီအင်တာနက်ကဖေး မူရင်းဆိုင်သို့ ဦးတည်နေကြတာကိုကြည့်ရင်း ဖေးချမ့်၏ မျက်လုံးထဲ မျက်ရည်များ ဝဲလာခဲ့သည်။

ငါ့အင်တာနက်ကဖေးဆိုင်ကောင်းလေး သွားပါပြီ။

နာကျင်လိုက်တာကွာ။

"အီးဟီးဟီး"

ဖေးချမ့် ထိတ်လန့်သွားသည်။ ဘာဖြစ်တာလဲ။ ငါ ငိုတာ မဟုတ်ဘူး။

နောက်လှည့်ကြည့်လိုက်တာ့ ငိုနေတာ မာယန်ဖြစ်မှန်း တွေ့လိုက်ရပါသည်။ "ညီအစ်ကိုချမ့် နောက်ဆုံးတော့ ချန်းလျဲ့ကို ဘာကြောင့် ရှန်ဟိုင်းကို ပို့လိုက်တာလဲဆိုတာ ငါနားလည်သွားပါပြီ။ သူ ရေပန်းစားလာမယ်ဆိုတာ မင်းအမြဲတမ်း ယုံကြည်ခဲ့တာ မဟုတ်လား။"

"ညီအစ်ကိုချမ့် အရင်တုန်းက မင်းကိုငါ နားလည်မှုလွဲခဲ့မိတယ်။ အီးဟီးဟီး...."

ဖေးချမ့် အစကတော့ ငိုချင်နေသည်။ သို့သော် မာယန် ရေမြင်းတစ်ကောင်လို ငိုနေတာကို မြင်မှ ငိုချင်စိတ်ပါ လုံးဝ ပျောက်သွားပါသည်။

ဖေးချမ့်က အင်တာနက်ကဖေးဆိုင်ထဲကို ဝမ်းနည်းစွာကြည့်လိုက်၏။ "ကျန်းယွမ် ဘယ်ရောက်သွားလဲ။"

မာယန်က မျက်ရည်များကို သုတ်လျက် ပြန်ဖြေလိုက်ပါသည်။ "သူက အထဲမှာ ဆိုင်ခွဲမန်နေဂျာနဲ့ ဧည့်သည်တွေကို ဧည့်ခံနေတယ်။ လူတွေ အရမ်းများလွန်းတယ်။ ငါတို့ ခုနလေးတင် ဆွေးနွေးနေကြတာ။ ငါတို့ တစ်ညလုံး ဆိုင်ကို ဖွင့်မယ်။"

ဖေးချမ့် ”... အဲ့လိုလုပ်ဖို့ မလိုပါဘူးကွာ။ မင်းတို့ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ကြဦးလေ။"

မာယန်က ရင်ဘတ်ကို ပုတ်ပြလိုက်သည်။ "စိတ်မပူပါနဲ့ ညီအစ်ကိုချမ့်။ ငါတို့သုံးယောက် အလှည့်ကျ နားလိုက်ပါ့မယ်။ လိုအပ်တာတွေရှိရင် ဘေးပတ်လည်က ဘားတွေဆီကို သွားပြီးတော့ သူတို့ ဝိတ်တာတွေကိုပါ သွားငှားလိုက်မယ်။ သူတို့ကို အချိန်ပိုလစာ ၃ ဆလောက် ပေးလိုက်မယ်။ ပြဿနာ မရှိပါဘူးကွာ။"

"အင်တာနက်ကဖေး ဒီလောက်နာမည်ရလာအောင် မင်းအများကြီး အားထုတ်ခဲ့ရတာ။ ငါတို့က သဲထဲရေသွန်ဖြစ်အောင် လုပ်လို့ ဖြစ်ပါ့မလား။"

"စကားမစပ် အင်တာနက်ကဖေးရဲ့ စီမံရေးအပိုင်းမှာ တာဝန်ယူထားကြပြီး ငါကော ကျန်းယွမ်ကော မင်းရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မသယ်ပေးနိုင်ခဲ့ကြဘူး။ ငါ လိပ်ပြာမလုံ ဖြစ်ခဲ့ရတယ်။”

"ဒီတစ်ခေါက်တော့ စိတ်မပူနဲ့။ ငါတို့ကိုတာဝန်သာ ထားလိုက်။"

ဖေးချမ့်၏ နှုတ်ခမ်းထောင့် တွန့်သွားခဲ့သည်။ ”... ဒါဆို ကျေးဇူးတင်ပါတယ်။"

မာယန်က မျက်ရည်များကို သုတ်လိုက်ပြီး အပြုံးတစ်ခုပေါ်လာပါသည်။ "ကိစ္စမရှိပါဘူး ညီအစ်ကိုချမ့် ငါတို့ တစ်ယောက်ကိုတစ်ယောက် ဒီလောက်ယဥ်ကျေးပြစရာလည်း မလိုပါဘူးကွာ။ ငါတို့နှလုံးသားထဲမှာပဲ ထည့်ထားလိုက်"

ဖေးချမ့် ဆွံ့အသွားပါသည်။ “...”

တကယ်ပဲ ဖြေဆေးမရှိတော့ပါ။ ၃ ရက်လိုသေးသည်။ သူတို့ တစ်ညလုံး ဆိုင်ဖွင့်သည်ဖြစ်စေ မဖွင့်သည်ဖြစ်စေ အရေးမကြိးတော့ပါ။

"ဟုတ်ပြီ ညီအစ်ကိုချမ့် ငါ အလုပ်ပြန်လုပ်လိုက်ဦးမယ်။ မင်းက ဒီအချိန်တောအတွင်း အရမ်းကြိုးစားခဲ့ရတာ။ ပြန်နားလိုက်ဦး။"

မာယန်က ဝန်ထမ်းတံခါးပေါက်မှ ယွီအင်တာနက်ကဖေးဆိုင်ထဲသို့ ပြန်ဝင်သွားပါသည်။ ဖေးချမ့်က သူ့နောက်ကျောကိုကြည့်ကာ အထီးကျန်ဝေဒနာကို ခံစားလိုက်ရသည်။

နောက်တစ်နေ့...

တနင်္လာနေ့တွင်....

ဖေးချမ့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ မွန်းတည့်ချိန်တောင် ရောက်နေပါပြီ။ အချိန်အကြာကြီး ရုန်းကန်ခဲ့ရပြီးနောက် နောက်ဆုံးတော့ စိတ်ဆုံးဖြတ်ချက် ချလိုက်ပြီ။

သူ စနစ်ကို ဆင့်ခေါ်လိုက်သည်။

မနေ့ညက ယွီအင်တာနက်ကဖေးက တစ်ညလုံးဖွင့်တာဖြစ်ရမည်။ သူတို့ အရက်တွေ ဘယ်လောက်တောင် ရောင်းချနိုင်ခဲ့သလဲဆိုတာ ဖေးချမ့် မသိတော့ပါ။ သို့သော်လည်း စနစ်မျက်နှာပြင်ရှိ စနစ်ရန်ပုံငွေကို ကြည့်လိုက်လျှင် သူတို့ ပိုက်ဆံဘယ်လောက်ရနိုင်ခဲ့သလဲဆိုတာကို မြင်နိုင်ပါလိမ့်မည်။

ဒီနေ့ည ညသန်းခေါင်တွင် သူတိ့ဂိမ်းများမှ အရင်အပတ်အတွင်း ရရှိခဲ့သည့် ဝင်ငွေများလည်း အကောင့်ထဲ ဝင်လာပါတော့မည်။

သူ မအိပ်ခင်က စနစ်ရန်ပုံငွေထဲမှာ အရှုံးပေါ်နေဆဲ ဖြစ်သည်။ ၂.၁ သန်းယွမ်ကျော်ကျော် အရှုံးပေါ်နေဆဲ ဖြစ်သည်။

ဖေးချမ့် ထိုပိုက်ဆံအကုန်လုံးကို သုံးဖို့ နည်းလမ်းများ ဦးနှောက်စားကာ စဥ်းစားခဲ့ရသည်။

သူ့မူလ အစီအစဥ်အရဆို ယွီအင်တာနက်ကဖေးက အမြတ်များ မရနိုင်ပါ။ ဂိမ်းတွေကတော့ ဒီအပတ်အတွက် ယွမ် ၁.၆ သန်း၊ သို့မဟုတ် အများဆုံး ယွမ် ၁.၈ သန်းလောက်သာ ရနိုင်မည်ဟု ခန့်မှန်းထားပါသည်။

တစ္ဆေစစ်သူကြီးနဲ့ ဂိမ်းဒီဇိုင်နာ တို့က လတိုင်း ၆၀၀,၀၀၀ - ၇၀၀,၀၀၀ ယွမ်လောက် ရနိုင်သည်။ သမုဒ္ဒရာရဲတိုက်က လတိုင်း ယွမ် ၃.၄ သိန်းလောက် ရရှိသည်။ ဆိုလိုတာက တစ်ပတ်ကို ၁.၂ သန်းစီ ကိုယ်စီရကြသည်ဟူသော သဘောရပါသည်။

တရားဝင်ဂိမ်းပလက်ဖောင်းက အမြတ်ဝေစု ခွဲဝေခြင်း နည်းလမ်းကို ပြောင်းလဲလိုက်ပြီးနောက် DLC များမှ ရရှိမည့် ဝင်ငွေကိုပါ ထည့်စဉ်းစားကြည့်သောအခါ ဖေးချမ့် အများဆုံး ယွမ် ၁.၈ သန်းလောက် အရင်အပတ်အတွက်ရလိမ့်မည်ဟု ခန့်မှန်းမိပါသည်။

ယွီအင်တာနက်ကဖေးက တစ်ညလုံးဖွင့်ထားရင်တောင် အများဆုံး ၁၀၀,၀၀၀ ယွမ်လောက်သာ ရနိုင်မည်ဟု ခန့်မှန်းမိပါသည်။ ဒီ့ထက်တော့ မများနိုင်ပါ။

တခြားဘားတွေမှာ ကတ်စတမ်မာအုပ်စုများကို သီးသန့်စားပွဲများ၊ သီးသန့်ဝန်ဆောင်မှုများဖြင့် ဧည့်ခံကာ ယွမ်ထောင်ချီရနိုင်သည်။ သို့သော်လည်း ယွီအင်တာနက်ကဖေးမှာတော့ ဒါမျိုး မရှိပါ။ အလွန်ဆုံး လူတွေက အရက်ဝယ်သောက်ခြင်း သို့မဟုတ် အင်တာနက် အသုံးပြုခြင်းသာ လုပ်နိုင်သည်။

တကယ့် စိန်ခေါ်မှုအစစ်က နောက်နှစ်ရက်အတွင်း ဘာဆက်ဖြစ်မလဲဆိုတာပင်။ ချန်းလျဲ့ ပြန်ရောက်လာတာနဲ့ လူများစွာက အရက်ဘောက်ဆူးများ ပေးကြတော့မည်။

သို့သော်လည်း ဖေးချမ့်လက်အောက်မှာ ယခုအခါ ဝန်ထမ်းများစွာ ရှိနေပါပြီ။ သူတို့အတွက် ငွေသုံးပြီး ယွမ် သိန်းဂဏန်းလောက် ဖြုန်းတီးကာ အရှုံးပေါ်နိုင်ဖို့ မခက်ခဲ့ပါ။

ထို့ကြောင့် သူ့ကံသာ ကောင်းပါက ၃၀၀,၀၀၀ - ၄၀၀,၀၀၀ လောက် အရှုံးပေါ်နိုင်လိမ့်မည်ဟု ဖေးချမ့် ခံစားမိပါသည်။

ဒီလောက်ဆို လက်ခံနိုင်ပါသေးသည်။

ဖေးချမ့်ရှေ့မှာ စနစ်မျက်နှာပြင် ပေါ်လာခဲ့သည်။

[ စည်းစိမ် အလဲအထပ် စနစ် ]

[ ပိုင်ရှင် ဖေးချမ့် ]

[ အမြတ်ငွေအလဲအထပ်အချိုး 100 : 1၊ အရှုံးငွေ အလဲအထပ် အချိုး 1 : 1 ]

[ နောက်ထပ် ငွေစာရင်းရှင်းချိန် : ၂ ရက်အလို ]

[ စနစ်ရန်ပုံငွေ : ၆,၂၇၀,၀၀၀ (၁၁,၂၇၀,၀၀၀) ]

[ ကိုယ်ပိုင်စည်းစိမ် : ၄၅,၆၉၁.၄ ]

"ဘာလဲဟ"

ဖေးချမ့် သွေးသိးကာ ချောင်းဆိုးလုနီးပါး ဖြစ်သွားသည်။

"ငါထင်ထားတာထက် ဘာာလို့ ၁.၅ သန်းယွမ်တောင် ပိုရသွားတာလဲ။ ဒါက တော်တော်ကြီးတဲ့ ပြဿနာပဲ။"

ဖေးချမ့်က သွေးအန်ဖို့ တော်တော်နီးနေပါပြီ။ သူ့အိပ်ယာထဲက အမြန်ခုန်ထွက်ကာ လက်ပ်တော့ဆီကို ပြေးသွားလိုက်သည်။ ထန်းတာ့ ဂိမ်းများ၏ ဝင်ငွေကို သူ စစ်ဆေးချင်နေခဲ့သည်။

တစ္ဆေစစ်သူကြီးနဲ့ ဂိမ်းဒီဇိုင်နာတို့မှ ရလိုက်သည့် ဝင်ငွေများက ဖေးချမ့် မျှော်လင့်ထားတာထက် အနည်းငယ် မြင့်မားနေသော်လည်း လက်ခံနိုင်သော အတိုင်းအတာအတွင်း ရှိနေပါသေးသည်။

တစ်ဖက်မှာတော့ သမုဒ္ဒရာရဲတိုက်က ဖေးချမ့် ပြင်ဆင်ထားသည့် အဆိုးရွားဆုံး အခြေအနေ ဆိုတာထက်တောင် ယွမ် ၁ သန်းကျော် ရခဲ့ပါသည်။ ကိန်းဂဏန်းများကိုကြည့်ခြင်းအားဖြင့် သမုဒ္ဒရာရဲတိုက်က ဒီလ ဝင်ငွေ ၁၀ သန်းကျော်နေပါပြီ။ ထိုထဲက ၇၀ ရာခိုင်နှုန်းကို အခွန်များ နှုတ်လိုက်ရင်တောင် တစ်ပတ် ၂ သန်းပမာဏနဲ့ ကိုက်ညီနေပါသေးသည်။

ဖေးချမ့် အစတုန်းက တွက်ချက်ခဲ့စဥ်က သမုဒ္ဒရာရဲတိုက်မှ ရမည့် ဝင်ငွေများအတွက် ထည့်မပေါင်းခဲ့ပေ။

သူ့ခြေတွေလက်တွေ အေးစက်လာသည်။

ဘာတွေဖြစ်နေတာလဲ။

အရင်တစ်ခေါက် သူစစ်ကြည့်ခဲ့တုန်းက သမုဒ္ဒရာရဲတိုက်မှာ ဘာပြဿနာမှ မရှိဘူး မဟုတ်ဘူးလား။

ဖေးချမ့်က ဒီရက်ပိုင်းတွေထဲမှာ ယွီအင်တာနက်ကဖေးကိုသာ အပြည့်အဝ အာရုံစိုက်ထားခဲ့သည်။

လျစ်လျူရှုထားခဲ့သည့် သမုဒ္ဒရာရဲတိုက်က သူ့အစီအစဥ်တွေကို ဖျက်ဆီးသွားလိမ့်မည်ဟု မထင်ခဲ့မိပါ။

"အရင်အပတ်တုန်းက သမုဒ္ဒရာရဲတိုက် ဘာဖြစ်သွားတာလဲ။"

"လီကျန်းဝေက သမုဒ္ဒရာရဲတိုက်ကို ကြော်ငြာပေးခဲ့တာတော့ ဟုတ်တယ်။ ဒါပေမယ့် အဲ့လောက်ကြီး အာနိသင် မရှိနိုင်ဘူး မဟုတ်ဘူးလား။"

"ပြီးတော့လည်း နောက်လအတွက် Barrett Doom အလက် ၅၀၀ တောင် စမရောင်းရသေးဘူး။ တစ်ပတ်အတွင်း အနီရောင်ချီလင်လက်နက် အထက် ၁၀,၀၀၀ ကျော် ရောင်းလိုက်နိုင်တာလား။"

"ဘာတွေဖြစ်နေတာလဲ။ အဓိပ္ပာယ်မရှိတာ၊ ငါဘယ်နေရာများလွတ်သွားခဲ့တာလဲ။"

All Chapters