လုံးဝ ညှိမရတော့ဘူး
Vol. 13 Ch. 184
ယွီအင်တာနက်ကဖေး မူရင်းဆိုင်တွင်...
ဝင်ပေါက်ကို အသည်းအသန်ဖြစ်နေသော လူအုပ်ကြီးက ပိတ်ဆို့ထားသဖြင့်သူတို့ကြားထဲက ရေတောင် မဖြတ်နိုင်လောက်ပါ။
စင်ပေါ်တွင် ချန်းလျဲ့က ဂစ်တာတီးလျက် သီချင်းကို အေးအေးချမ်းချမ်း သီဆိုနေသည်။
နေ့အချိန်သာရှိသေးသော်လည်း ပရိတ်သတ်က အလွန်ယဥ်ကျေးမှုရှိကြသည်။ သူတို့တိုးတိုးတိတ်တိတ် နားထောင်နေကာ လက်ခုပ်သံများနဲ့ အားပေးမှုများကို ဖိနှိပ်ထားကြသည်။ သူတို့ ချန်းလျဲ့ပြီးအောင်ဆိုပြီးမှ ရူးသွပ်သွားကြပါသည်။
လူတွေ ဘားကောင်တာသို့ အဆတ်မပြတ် လျှောက်လာကြသည်။ အနီရောင်ငွေစက္ကူများစွာကို တစ်ခါတည်းထုတ်လိုက်ပြီး ဖန်ခွက်တစ်ခွက်သာ ပြန်ယူလာကြသည်။ သူတို့ပေးလိုက်သည့် တခြားခွက်ဖိုးများက ချမ်းလျဲ့အတွက် ဘောက်ဆူးဖြစ်ပါသည်။
ဘားထိုင်၊ စားပွဲထိုးများနဲ့ မာယန်၊ ကျန်းယွမ်တို့တောင် အလုပ်များလွန်းသဖြင့် အချိန်ကိုမေ့ကုန်ကြပါသည်။
သူတို့အိပ်မက်ထဲမှာတောင် ယွီအင်တာနက်ကဖေး ဒီလောက်ထိ အောင်မြင်လာတာကို မမြင်ခဲ့ရပါ။
မနေ့ညက တခြား ယွီအင်တာနက်ကဖေးဆိုင်ခွဲများမှ စားပွဲထိုးများကို ဒီခေါ်ထားလိုက်တာ အဆင်ပြေသွားသည်။ ထိုအခါမှ သူတို့ ဒီခံတပ်ကို ထိန်းနိုင်ရုံဖြစ်သွားပါသည်။
မာယန်က စိတ်ခံစားချက်မှုများစွာကို ခံစားလိုက်ရသည်။ ဆိုင်ခွဲများစွာကို ဖွင့်လှစ်ခြင်းဖြင့် မိုးမရွာခင် အမိုးဖာခဲ့သော ဘော့စ်ဖေး၏ ကျေးဇူးများသာဖြစ်သည်။ မဟုတ်ပါက သူတို့ အကူအညီတွေ ဘယ်ကရနိုင်ဦးမည်နည်း။
တခြား ယွီအင်တာနက်ကဖေးဆိုင်ခွဲများ၏ လူစည်ကားမှုကလည်း တိုးမြင့်လာနေပါပြီ။ သို့သော်လည်း မူရင်းဆိုင်နဲ့တော့ လုံးဝ မယှဥ်နိုင်ပေ။ ဘာပဲဖြစ်ဖြစ်လူတွေက ချန်းလျဲ့ကို လာကြည့်ကြခြင်းသာဖြစ်သည်
အခု မူရင်းဆိုင်က တကယ့်မူရင်းဆိုင်ဖြစ်လာခဲ့ပါပြီ။
ဒုတိယထပ်တွင် ခြေတံသွယ်သွယ်ကောင်မလေးတစ်ယောက်က ပြတင်းပေါက်နားမှာထိုင်နေပါသည်။ သူမ ပို့စ်ပေးကာ ဓာတ်ပုံရိုက်လိုက်သည်။ စာအုပ်စင်ပေါ်က စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး နေရောင်အောက်မှာ တည်ငြိမ်လေးနက်စွာ ဖတ်ရှုနေသည်။ သူမကိုကြည့်လိုက်ပါက အရာရာ အေးချမ်းသည်ဟု ခံစားရနိုင်ပါသည်။
သို့သော်လည်း စာအုပ်အဖုံးက ဂရိဘာသာဖြင့်ဖြစ်ကာ ပြောင်းပြန်ကြီးဖြစ်နေသည်။ အဓိပ္ပာယ်က 'လယ်ထွန်စက်များ၏ အသုံးပြုပုံနှင့် ထိန်းသိမ်းနည်းလမ်းများ' ဖြစ်ပါသည်။
တချို့ကတော့ သောက်စရာတွေမှာယူပြီး ချန်းလျဲ့သီချင်းဆိုတာကိုနားထောင်နေကြသည်။ သို့သော်လည်း စင်ရှေ့မှာလူတွေများလွန်းပါသည်။ သူတို့တိုးဝှေ့လို့တောင် မရတော့ပါ။
ထို့ကြောင့်လူများစွာက အင်တာနက်ကဖေးနေရာသို့သွားကာ ဒီဆန်းကြယ်သည့် နေရာကြီးအား လေ့လာလိုက်ကြသည်။
အင်တာနက်ကဖေးနေရာက အလွန်သန့်ရှင်းပြီး သပ်ရပ်သည်။ စာအုပ်အပြည့်ရှိသော စာအုပ်စင်များဖြင့် ဝန်းရံထားသည်။ ပတ်ဝန်းကျင်ကောင်းသည့် သီးသန့်ရုပ်ရှင်ခန်းမတစ်ခုလည်း ရှိသည်။ အလွန်လေးစားသမှုရှိသော စားပွဲထိိုးများနဲ့တကွဖြစ်ပါသည်။
ထိုအခါမှ ဒီအင်တာနက်ကဖေးက အရည်အသွေးတွေ အရမ်းကောင်းမှန်း လူတွေစတင်နားလည်လာာကြပါသည်။
ထိုကတ်စတမ်မာများထဲတွင် အများစုက ဒီရပ်ကွက်ထဲမှာပဲနေထိုက်ကြခြင်းဖြစ်သည်။ ချန်းလျဲ့လာမယ်ဆိုတာကို ကြားတာနဲ့ ချက်ချင်း အပြေးရောက်လာကြပါသည်။ သူတို့ အရင်တုန်းကလည်း ဒီအင်တာနက်ကဖေးဆိုင်ရှေ့က ဖြတ်သွားဖူးသည်။ သို့သော်လည်း အထဲဝင်ပြီး အနီးကပ် ဘယ်တုန်းကမှ မကြည့်ခဲ့ဖူးပါ။ သူတို့ စျေးနှုန်းမြင့်မြင့်များကို မြင်ပြီး ကြည့်ချင်စိတ်ပျောက်သွားသောကြောင့် ဖြစ်ပါသည်။
သို့သော်လည်း သေသေချာချာကြည့်ကြည့်မှ စျေးတွေက အဲ့လောက်မမြင့်ပါ။
တစ်ဖက်တွင် အင်တာနက်ကဖေးဆိုင်၏ ဝန်းကျင်အခြေအနေနဲ့ စားပွဲထိုးလေးများကလည်း ကောင်းမွန်ကြသည်။ အားလုံးကို အသာထားဦး၊ ဒီအင်တာနက်ကဖေးဆိုင်၏ ကွန်ပျူတာ ဟာ့ဒ်ဝဲများနဲ့တင် တခြား အင်တာနက်ကဖေးများကို အနိုင်ယူနိုင်နေပါပြီ။
အမှန်ပင်။ ဒီရပ်ကွက်အတွင်းမှာ တခြား အဆင့်မြင့် အင်တာနက်ကဖေးဆိုင်များ ရှိပါသည်။ သို့သော်လည်း အားလုံးက ဟာ့ဒ်ဝဲပိုင်းဆိုင်ရာတွင် တတ်နိုင်သမျှချွေတာဖို့ ကြိုးစားကြသည်။ ဘာပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံရမှာက အများကြီးဖြစ်သည်။ အင်တာနက်ကဖေးဆိုင်အများစုက သူတို့တွက်ချေ အကိုက်ဆုံးဖြစ်မည့် ဟာ့ဒ်ဝဲများကိုသာ သုံးချင်ကြပါသည်။
သို့သော်လည်း ဒီက ဟာ့ဒ်ဝဲများကတော့ အပြစ်အနာအဆာကင်းလှသည်။ ကိုယ့်အတွက်ကိုယ် ကွန်ပျူတာကောင်းကောင်းတစ်လုံးဝယ်နိုင်ဖို့ စိတ်ဆုံးဖြတ်ချက်ချထားသည့် လူအများစုကတောင် ဒီလိုအရည်အသွေးမျိုးတွေ မရွေးနိုင်လောက်ပါ။ ဂိမ်းရသက အလွန်ကောင်းမွန်လှပါသည်။
ဒီက အရက်များနဲ့ ပတ်ဝန်းကျင်အခြေအနေကိုတော့ ပြောဖို့တောင် မလိုတော့ပါ။ အားလုံးက ထိပ်တန်းအဆင့်ဖြစ်သည်။
နောက်တစ်ဖက်မှာလည်း ဒီဆိုင်က စျေးတွေကို ထပ်မမြှင့်ပါ။ ချန်းလျဲ့ ရောက်မလာခင်နဲ့ ရောက်လာပြီး စျေးတွေကို အတူတူပဲ သတ်မှတ်ထားသည်။ အလွန်သဘောကောင်းလှပါသည်။
တခြား ဘော့စ်သာဆို ချန်းလျဲ့လာဖျော်ဖြေတာနဲ့ ဝင်ခွင့်လက်မှတ်များ လုပ်ရောင်းနိုင်သည်။ မရောင်းရင်တောင် ဒီကအရက်နဲ့ တခြားသောက်စရာများက ပိုပြီးစျေးကြီးလာနိုင်ပါသည်။
ဘာပဲဖြစ်ဖြစ် အကျိုးအမြတ်ရှာရမယ် မဟုတ်လား။ ဒါတွေက မြင်နေကျ ဗျူဟာများသာဖြစ်သည်။
သို့သော်လည်း ယွီအင်တာနက်ကဖေးကတော့ ခြားနားပါသည်။ အခု ချန်းလျဲ့ရောက်လာပြီ ဖြစ်တာတောင် စျေးနှုန်းတွေကတော့ အရင်အတိုင်းပဲဖြစ်သည်။ ကတ်စတမ်မာများစွာ ကြည်နူးသွားကြပါသည်။ ဒီလောက်သဘောကောင်းတဲ့ ဆိုင်မျိုး များများစားစား မရှိပါ။
ဒီဆိုင်က စျေးကြီးတယ်လို့ ထင်ခဲ့မိတာ ငါတို့မှားတာပဲ
ထို့အပြင် ဒီနေ့ညကစပြီး ချန်းလျဲ့၏ အမာခံပရိတ်သတ်များက တခြားမြို့တော်တွေကတောင် လေယာဥ်ဖြင့် ရောက်လာကြနိုင်သည်။ ထိုအခါ မြင်ရသည့် မြင်ကွင်းက အခုထက်ပိုမိုဗြောင်းဆန်ပြီး စည်ကားလာနိုင်ပါသည်။
ဖေးချမ့် ယွီအင်တာနက်ကဖေး မူရင်းဆိုင်၏ ဝင်ပေါက်ကိုရောက်တော့ သူမလာခဲ့သင့်မှန်း သိလိုက်ရသည်။ သူနဂိုကတည်းက စိတ်အခြေအနေ ဆိုးရွားနေသည်။ ဒီကိုလာရခြင်းက စိတ်ညစ်တာတွေကို အရက်နဲ့ မျှောဖို့ ဖြစ်ပါသည်။
နောက်ဆုံးတော့လည်း အင်တာနက်ကဖေးဆိုင်ထဲ ခြေချဖို့တောင် သူ့အတွက်နေရာမရှိိတော့တာကို မြင်လိုက်ရပါသည်။
အင်တာနက်ကဖေးဆိုင်၏ အထပ် နှစ်ထပ်စလုံးက လူပြည့်နေသည်။ ဘားနေရာအပြင် အင်တာနက်ကဖေး နေရာထဲမှာတောင် လူတွေပြည့်နေပါသည်။ ကွန်ပျူတာတွင်ထိုင်နေသည့် လူတိုင်း၏ နောက်တွင် ရပ်ကြည့်နေသူ ၃- ၄ ယောက်လောက်ရှိသည်။
ဖေးချမ့်က အထဲဝင်ချင်သည်။ သို့သော်လည်း ဝင်ပေါက်အပြင်က ရာချီသော လူများကလည်းထိုနည်းလည်းကောင်းဖြစ်သည်။ ထို့အပြင် အထဲကလူတွေကလည်း ပြန်ကြဖို့ စိတ်ကူးရှိပုံမပေါ်ပါ။
ချန်းလျဲ့ သီချင်းဆိုတာကို နားထောင်ဖို့ လူတော်တော်များများက ယွီအင်တာနက်ကဖေး၏ ဝင်ပေါက်မှာသာ ရပ်နေရသည်။ သူတို့ရပ်နေရင်း လက်များကို မြှောက်လျက် ဖြတ်သွားသည့် စားပွဲထိုးများကို ပိုက်ဆံများလှမ်းပေးနေသည်။ သူတို့အားလုံးက သောက်စရာတစ်ခွက်သာ ဝယ်ပြီး ကျန်တာကို ချန်းလျဲ့အတွက် ဘောက်ဆူးပေးလိုက်ပါသည်။
ယွီအင်တာနက်ကဖေး ဘေးက ဆိုင်တွေတောင် လူတွေပြည့်လာပါသည်။ ဖျော်ဖြေမှုကို အပေါ်က ရှင်းရှင်းလင်းလင်း ကြည့်နိုင်ဖို့အတွက်နဲ့ ယွီအင်တာနက်ကဖေးဆိုင်၏ မျက်နှာချင်းဆိုင်ရှိ ဘုတ်ဂိမ်းကဖေး ဒုတိယထပ်ကိုလည်း တက်သွားသည့်လူများစွာလည်း ရှိပါသည်။
ယွီအင်တာနက်ကဖေး အပြင်ဘက်က လမ်းက အဓိက လမ်းမကြီးမဟုတ်တာ ကံကောင်းသည်။ ကကားအနည်းငယ်သာရှိသည်။ မဟုတ်ပါက ကားလမ်းပိတ်ဆို့မှုတွေတောင် ဖြစ်လာမှာ ဖေးချမ့်သေချာနေပါသည်။
ဖေးချမ့် လုံးဝ နာကျင်နေပါပြီ။
ဒါ ငါဖွင့်ခဲ့တဲ့ ယွီအင်တာနက်ကဖေးလား
အရင်တုန်းက အရမ်းကောင်းတာ... အေးစက်ပြီး ခြောက်သွေ့လို့။ ငါအထဲဝင်ပြီး ထိုင်ချင်တဲ့နေရာမှာ ထိုင်ပြီး အရက်လေးအေးအေးဆေးဆေး သောက်လို့ရတယ်။ အင်တာနက်ကဖေးတစ်ခုလုံးက ငါ့အတွက် ဖွင့်ပေးထားသလိုမျိုးပဲ။ တစ်ချိန််တည်းမှာ ငွေလည်း အရှုံးပေါ်နိုင်သေးတယ်။ အရမ်းကောင်းခဲ့တာ။
အခုတော့ ကြည့်ပါဦး။ ခြေချဖို့ နေရာတောင် ရှာမတွေ့တော့ဘူး။
"ထားလိုက်ပါတော့ တခြားတစ်နေရာရာပဲသွားတော့မယ်"
ဖေးချမ့် ဆွံ့အသွားပါသည်။ ကြည့်ရတာ ဒီမူရင်းဆိုင်ကို သူပြန်လာဖို့တောင် မလိုအပ်တော့သည့်ပုံပင်။ ကောင်းတာတစ်ခုက တခြား ဆိုင်ခွဲများရှိနေခြင်းပင်။
ဖေးချမ့်ပြန်ဖို့ လှည့်လိုက်စဥ်မှာပင် အပြင်ဘက်မှာ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးနေသည့် စားပွဲထိုးတစ်ယောက်က သူ့ကိုမြင်သွားသသည်။ ဖေးချမ့်အနားသို့ အပြေးရောက်လာခဲ့သည်။ "ဘော့စ်ဖေး ရောက်လာပြီလား။ မြန်မြန်ဝင်လာပါ။ ကျွန်တော်တို့ ထိုင်ခုံတစ်ခု ချန်ထားပေးတယ်"
ဖေးချမ့် ရပ်တန့်သွား၏။ "ငါ့အတွက် ထိုင်ခုံချန်ထားပေးတယ် ဟုတ်လား"
စားပွဲထိုးက ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပါတယ် ချန်းလျဲ့က ဘော့စ်ဖေးကို စောင့်နေတယ်။ လာပါ"
တခြား စားပွဲထိုးများလည်း သူ့ဆီကိုရောက်လာကြပါသည်။ သူတို့ ဖေးချမ့်ကို ဝန်ထမ်းသီးသန့် ဝင်ပေါက်မှ ယွီအင်တာနက်ကဖေးထဲသို့ ဖေးချမ့်အား ခေါ်သွားကြပါသည်။
ဘားကောင်တာဘေးတွင် ထိုင်ခုံအလွတ်တစ်ခုရှိနေသည်။ ဒီလူတွေ ဖေးချမ့်အတွက် တမင်သက်သက် ချန်ထားပေးတာဖြစ်နိုင်သည်။
မာယန်က အလွန်ပင်ပန်းနေသည့်ပုံပင်။ သို့သော်လည်း အားတင်းကာ အလုပ်ဆက်လုပ်နေသည်။ "ညီအစ်ကိုချမ့် ရောက်လာပြီလား မြန်မြန် ထိုင်လေ ခုချက်ချင်း အရက်လာချပေးမယ်"
စင်ပေါ်တွင် ချန်းလျဲ့က ဖေးချမ့်ကိုကြည့်လိုက်သည်။ အနည်းငယ်ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်ပါသည်။ ထို့နောက် သာသာယာယာဖြင့် သီချင်းစဆိုလိုက်သည်။
"တိတ်ဆိတ်တဲ့ညလေးတစ်ည ကိုလမ်းမပေါ် လျှောက်လှမ်းလာတဲ့အချိန်"
"မှေးမှိန်တဲ့ အလင်းရောင်အောက် မင်းလေး စောင့်မျှော်နေခဲ့တယ်"
"မြို့ပြရဲ့ စည်ကားမှုအလယ်မှာ မင်းတစ်ယောက်သာ ကို့ဝမ်းနည်းမှုကို နားလည်"
"ကိုဘယ်လောက်ဝေးဝေး လွင့်မျောသွားပါစေ မင်းနဲ့ ယစ်မူးစေတဲ့ ဝိုင်လေးကိုတော့ ဘယ်တော့မှာ မေ့နိုင်မှာ မဟုတ်ပါဘူး"
The Voice of China တွင် နာမည်ကြီးလာပြီး Music Billboard အထိ ရောက်လာသည့် စောင့်စားခြင်း သီချင်းသံက အင်တာနက်ကဖေးထဲတွင် ပဲ့တင်သံထပ်သွားခဲ့ပါသည်။
ချန်းလျဲ့ တိုက်ရိုက်သီဆိုနေသည်။
ထိုအချိန်တွင် အားလုံး စိတ်ခံစားချက်များဖြစ်ပျော်လာကာ ဆက်နွယ်သွားကြသလိုခံစားလိုက်ရသည်။ ရှေ့တန်းတွင် ထိုင်နေသည့် ပုံမှန်အဝတ်အစားဝတ်ထားသော်လည်း ဆွဲဆောင်မှုရှိိသည့် ယောက်ျားတစ်ယောက်က စားပွဲထိုးကို လှမ်းခေါ်လိုက်ပြီး စကားတချို့ တီးတိုးပြောလိုက်ပါသည်။
သိပ်မကြာခင် ချန်းလျဲ့ သီချင်းဆိုလို့ပြီးသွားပါသည်။
စားပွဲထိုးက စင်ပေါ်တက်လာပြီး ပြောလိုက်သည်။ "အားလုံးကို သတင်းကောင်းလေး ကြေညာပေးခွင့်ပြုပါဗျာ။ ဒီနေ့ညအတွက် အားလုံးရဲ့ ကုန်ကျစရိတ်တွေ အကုန်လုံးကို သခင်လေးလင်းက ရှင်းပေးသွားမှာပါတဲ့ခင်ဗျာ"
ဖေးချမ့်က အရက်သောက်နေရင်း ချက်ချင်း အကုန်ပြန်ထွက်ကုန်ပါသည်။
လူအုပ်ကြီးက အားပေးနေကာ ဖေးချမ့် ထိုလူ့ကို လှမ်းကြည့်လိုက်သည်။ ချက်ချင်းပဲ ထူးဆန်းသည့် ရင်းနှီးနေသလိုလို ခံစားချက်ဖြစ်ပေါ်လာပါသည်။
သခင်လေးလင်းကလည်း ဖေးချမ့်ကို ကြည့်နေပြီး အနည်းငယ်ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။
ဖေးချမ့်ဆွံ့အသွားပါသည်။ “...”
ဒီလူက ဖေးချမ့် ပုံထဲမှာ မြင်ဖူးသည့် လင်းကျိုးနဲ့ မသဲမကွဲတူနေသည်။ လင်းကျိုးက ရှန်းဟွာ အိမ်ခြံမြေ၏ ဥက္ကဌဖြစ်သည်။ သို့သော်လည်း ဒီလူကတော့ နည်းနည်းပိုငယ်နေသည့်ပုံပင်။
ဖေးချမ့် နှလုံးခုန်သံမြန်လာသည်။
သူမှတ်မိပါပြီ။ လင်းကျန်းနန်၏ တတိယမြောက်သား လင်းချန်ဖြစ်သည်။ သူက ရှန်းဟွာရုပ်ရှင်နှင့်မီဒီယာ ကုမ္ပဏီလိမိတက်၏ ဥက္ကဌဖြစ်ပါသည်။
ဖေးချမ့် အရက်ကို တိုးတိတ်စွာ ကုန်အောင် သောက်လိုက်ပါသည်။
လင်းချန် အံ့သြသွားရ၏။
ဘော့စ်ဖေးက တကယ်ပဲ သာမန်လူမဟုတ်ပါ။
တစ်ယောက်ယောက်က တကာခံပေးနေသည်။ အားလုံးက သေချာပေါက် ပိုသုံးဖြုန်းကြတော့မည်။ ဒီနေ့ သူ ယွမ်သိန်းနဲ့ချီပြီး ရှင်းပေးရနိုင်သည်။ လင်းချန်အတွက်တော့ ကြီးကြီးမားမားမဟုတ်ပါ။ ဘော့စ်ဖေးအတွက် ဂါဝရလက်ဆောင်အဖြစ် သဘောထားနိုင်သည်။ ထို့အပြင်ချန်းလျဲ့၏ အဆိုစွမ်းရည်ကိုလည်း အသိအမှတ်ပြုပါသည်။
သို့သော်လည်း သူစိတ်ဝင်စားသွားရတာက ဘော့စ်ဖေး၏ တုန့်ပြန်မှုပင်။ လုံးဝ တုန်လှုပ်သည့်ပုံလည်း မပေါ်ပါ။ လင်းချန်းကို သတိထားနေသည့် ပုံတောင် ပေါက်နေပါသည်။
သူရနေသည့် အကျိုးအမြတ်များက ခေါင်းထဲမဝင်ပါ။ ဒီလောက်ကြီးကြီးမားမား အောင်မြင်နေတာတောင် အေးဆေးတည်ငြိမ်နေနိုင်ဆဲဖြစ်သည်။ ဘယ်ကမှန်းမသိ ပေးလိုက်သည့် လက်ဆောင်များကို သတိထားဆဲဖြစ်၏။ သူက ဘယ်လိုအန္တရာယ်မျိုးကိုမဆို အမြဲတမ်း စောင့်ကြည့်နေသူမျိုးဖြစ်နိုင်သည်။
အာ့ဝမ် ပြောသည့်အတိုင်းပင်။ တကယ့်ကို အထင်ကြီးစရာ ပါရမီရှင်တစ်ယောက်ဖြစ်ပါသည်။ လင်ချန် ရင်ထဲမှာ အံ့အားသင့်သွားရပါသည်။
ဖေးချမ့်က စားပွဲပေါ် ဖန်ခွက်ကို အားဖြင့် ချလိုက်ပါသည်။ သူ့ခေါင်းထဲမှာ အတွေးတစ်ခုသာရှိတော့၏။
လင်းမိသားစုနဲ့ ငါနဲ့ကတော့ လုံးဝ ညှိလို့မရတော့ဘူး။
သို့သော်လည်း ပြန်စဥ်းစားကြည့်သောအခါ တစ်ခုခုတော့လွဲနေပါသည်။ အခု အရှုံးပေါ်မည့်ကိစ္စကို မေ့လိုက်လို့ရပြီ။ သူငွေများများထပ်ရရင် များများ အလဲအထပ်လုပ်နိုင်ပါလိမ့်မည်။
ဒီလိုစဥ်းစားမိပြန်တော့လည်း လင်းချန်ကို ကျေးဇူးတင်မိပါသည်။ သူ့ဆီက လှုပ်ရှားမှု တစ်ခုတည်းကြောင့် ဖေးချမ့် ကိုယ်ပိုင်စည်းစိမ်ထဲ ထောင်ဂဏန်းလောက် ထပ်ထည့်နိုင်မည်။
ဒါက ပျော်စရာကိစ္စပါ... ဒါပေမယ့် ဘာလို့ ပျော်ဖို့ မဖြစ်နိုင်သလို ခံစားနေရပါလိမ့်။
ဖေးချမ့် မှိုင်တွေနေပါသည်။