← Chapters

မအေပေး စနစ်

Vol. 13 Ch. 185

မအေပေး စနစ်

Vol. 13 Ch. 185

ဇွန်လ ၃၀ ရက်နေ့... ငွေစာရင်းရှင်းမည့်နေ့

ဖေးချမ့် ကိုကာကိုလာ ပလုတ်ပလောင်းသောက်ထားသည်။ သို့သော်လည်း ဖက်တီးတွေအတွက် ပျော်စရာအချိုရည်ကတောင် သူ့ကို မပျော်ရွှင်စေတော့ပါ။

၃ ရက်မြောက်နေ့တွင် ယွီအင်တာနက်ကဖေး၏ အောင်မြင်မှုက သူစိတ်ကူးထားတာထက်တောင် ပိုကျော်လွန်ခဲ့ပါသည်။ ချန်းလျဲ့၏ ပရိတ်သတ်များက နိုင်ငံတော်ထဲက နေရာပေါင်းစုံမှ လေယာဥ်ဖြင့် ပျံသန်းလာခဲ့ကြသည်။ ရူးနေကြသလိုမျိုး ချန်းလျဲ့အား အရက်ဆုလာဘ်များ ပေးခဲ့ကြပါသည်။

အရှုံးပေါ်ဖို့ သူ့မျှော်လင့်ချက်များ ပျောက်ဆုံးသွားပြီ ဖြစ်သဖြင့် ဖေးချမ့် ရွေးချယ်စရာမရှိတော့ဘဲ သူ့အငှားတိုက်ခန်းကိုသာ ပြန်လာနိုင်ပါတော့သည်။ သူ ၂ ရက်လောက်အထိ တစ်ယောက်တည်းနေခဲ့သည်။

ဒီနှစ်ရက်အတွင်း ဖေးချမ့် မေးခွန်းတစ်ခုတည်းကိုသာ တွေးနေမိသည်။

သူ ဘယ်နေရာမှာ မှားသွားတာလဲ။

အကြိမ်တိုင်းမှာ၊ အရေးအကြီးဆုံးအချိန်တစ်ခုရောက်လျှင် သူ့ကြိုးစားအားထုတ်ထားသမျှ အကုန်လုံး သဲထဲရေသွန်ဖြစ်သွားစမြဲဖြစ်သည်။

ဒီ Cheat စနစ်ကို ရရှိပြီးကတည်းက အရှုံးတစ်ခါပဲ ပေါ်နိုင်ခဲ့သည်။ ပြီးတော့လည်း သာမန် ၂၀,၀၀၀ ယွမ်လောက်သာဖြစ်သည်။ ထိုအရှုံးကိုကာမိဖို့အတွက် သူလုပ်ဖို့လိုခဲ့တာဆိုလို့ ယွမ် ၂ သန်းရယူဖို့ဖြစ်သည်။ ဇာတ်လမ်းက ဖေးချမ့် မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက် ဦးတည်ရာကို သွားနေခဲ့ပါသည်။

ပထမတော့ ဒီလိုစနစ်မျိုးနဲ့သာဆို သူအရှုံးများပေါ်နိုင်ပြီး သူဌေးကြီး ဖြစ်လာနိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော်လည်း အခြေအနေကို ကြည့်ရသလောက်တော့ စနစ်ရန်ပုံငွေများက ပိုမြင့်လာဖို့သာရှိသည်။ သူ့ကိုယ်ပိုင်စည်းစိမ်ကတော့ အရင်အတိုင်းပင်။ အခုချိန်ထိ ၁၀၀,၀၀၀ ကျော်မရဖူးသေးပါ။

"ထူးဆန်းလိုက်တာ ယုတ္တိရှိရှိပြောရရင် ငါဒီလောက် မဆင်းရဲသင့်ဘူးလေ။"

"ဒါပေမယ့် ဘာလို့ ဒီလောက်ဆင်းရဲနေတာလဲ..."

ဖေးချမ့် ကိုယ့်ဘဝကိုယ် သံသယဝင်လာသည်။ သူက လမ်းမှန်အတိုင်း သွားနေတာ ဖြစ်ရမည်။ ဒီရက်သတ္တပတ် မစခင်က သူ ဒီလောက် ငွေတွေအများကြီးရလာလိမ့်မည်ဟု ဖေးချမ့် မတွေးခဲ့မိပါ။

သမုဒ္ဒရာရဲတိုက်၏ ရုတ်ခြည်း ရေပန်းစားလာမှုနဲ့ ယွီအင်တာနက်ကဖေးမှ ကံမကောင်း အကြောင်းမလှသည့် အခြေအနေများအားလုံးက ဖေးချမ့် မျှော်လင့်မထားတာတွေချည့်သာဖြစ်သည်။

သူအရှုံးမပေါ်နိုင်မှန်းသာ စောစောကသိပါက ငွေများများ ဘယ်လိုရနိုင်မလဲ စဥ်းစားခဲ့မည်ဖြစ်သည်။ သို့သော်လည်း သူ အနာဂတ်ကို ကြိုသိနိုင်မှာ မဟုတ်ပါ။

ထို့အပြင် ဖေးချမ့်အတွက် ၁၀၀,၀၀၀ ယွမ်နဲ့ ၂၀,၀၀၀ ယွမ်တို့က သိပ်ပြီးတောင် မခြားနားတော့ပါ။

ဖေးချမ့် အလုပ်ဖြင့် မသဲမကွဲ ပတ်သတ်သည့် ဘယ်နေရာမှာမဆို ငွေတွေဖြုန်းနေသေးသရွေ့ ကုန်ကျစရိတ်များကို စနစ်အား တင်ပြနိုင်သည်။

သို့သော်လည်း သူပိုက်ဆံဖြုန်းဖို့ လိုသည့် နေရာများက အလုပ်နဲ့ မပတ်သတ်နေပါ။ သူ ပျော်ပါးချင်ကာ သူ့အိမ်ကို အဆင့်မြှင့်တင်ချင်ခြင်းသာ ဖြစ်လေသည်။

၆၀၀,၀၀၀ - ၇၀၀,၀၀၀ ယွမ် အရှုံးပေါ်လိုက်ခြင်းက အစီအစဥ်တစ်ခုမှာ ပုံသေဖြစ်နေပြီး လစဥ် ၁၀၀,၀၀၀ လောက် ရနေတာထက် အများကြီး ပိုမြန်ဆန်သည်။

ယခု စနစ်ရန်ပုံငွေ၏ စဦးပမာဏတွင် ယွမ် ၅ သန်းကျော်နေပါပြီ။ နောက်တစ်ခေါက် ထပ်တောင် တိုးလာနိုင်သည် ယုတ္တိရှိစွာ ပြောရလျှင် အလုပ်လုပ်စရာ ဒီလောက်ခံတပ်ကြီးတစ်ခုလုံးရှိနေသဖြင့် ဖေးချမ့် ယွမ် ၆၀၀,၀၀၀ - ၇၀၀,၀၀၀ လောက်ဆုံးရှုံးဖို့က မခက်ခဲသင့်ပါ။

ဒါတောင် အရှုံးမပေါ်နိုင်ခဲ့ပေ။ သူ အလွန်ဒေါသထွက်နေပါသည်။

"ငါ့အမြတ်တွေကိုပဲ အားကိုးပြီး တကယ်ကြီး ၁၀၀ : ၁ အလဲအထပ်အချိုးနဲ့ ကျေနပ်ရမှာလား။ အဲ့တာဆို သနားဖို့ကောင်းတယ် မဟုတ်လား။ ငါလက်မလျှော့ဘူးကွ။"

ဖေးချမ့် ရင်ထဲမှာ ရုန်းကန်နေရင်း စနစ်၏ မျက်နှာပြင်က အလိုလျောက် ပေါ်လာခဲ့ပါသည်။

[ စည်းစိမ်အလဲအထပ်စနစ် ]

[ ပိုင်ရှင် : ဖေးချမ့် ]

[ အမြတ်ငွေအလဲအထပ် အချိုး 100 : 1

အရှုံးငွေ အလဲအထပ်အချိုး 1 : 1 ]

[ ငွေစာရင်းရှင်းခြင်းစတင်ပါပြီ... ]

[ စနစ်ရန်ပုံငွေ : ၇,၃၆၀,၀၀၀ (၁၂,၃၆၀,၀၀၀) ]

[ ကိုယ်ပိုင်စည်းစိမ် : ၄၅,၂၅၆.၄ ]

[ ငွေစာရင်းရှင်းခြင်း ဆောင်ရွက်နေပါပြီ.... ]

[ အလဲအထပ်ဆောင်ရွက်နေပါပြီ... ]

[ စနစ်ရန်ပုံငွေ : ၇,၃၆၀,၀၀၀ ]

[ ကိုယ်ပိုင်စည်းစိမ် : ၇၁,၂၉၉.၇၈ (၁၂၃,၆၇၅.၈ x ၁၁၀%) ]

ဖေးချမ့် ဆွံ့အသွားသည်။

၂ လလောက် ကြိုးစားပမ်းစား လုပ်ခဲ့ရတာတောင် ယွမ် ၂၀,၀၀၀လောက်သာ အလဲအထပ် ပြုနိုင်ခဲ့သည်။ ဒါက အရင်တစ်ခေါက်က်ထက်တောင် ပိုဆိုးနေပါသည်။

သနားဖို့ကောင်းသည့် သူ့ကိုယ်ပိုင်စည်းစိမ်ကိုကြည့်ရင်း ဖေးချမ့် အတွေး နောက်တစ်ခု ဝင်လာခဲ့ပါသည်။

"ခဏလောက် နားလိုက်မလား... ငါ တစ်ပတ်လောက် အပျင်းထူသင့်တယ်။"

"ဂိမ်းဟောင်းတွေက ဒီအတောအတွင်း ငွေတွေဝင်နေတာ။ တခြားဟာတွေ အသာထားဦး။ သမုဒ္ဒရာရဲတိုက်ရဲ့ လစဥ်ဝင်ငွေ တစ်ခုတည်းနဲ့တင် ဂဏန်း ၈ လုံးစာ ရှိတယ်။ တရားဝင် ဂိမ်းပလက်ဖောင်းက ငါတို့ကို ပေးထားတဲ့ အမြတ်နဲ့ ပေါင်းလိုက်ရင် လတိုင်း ယွမ် ၇ သန်း ၈ သန်းလောက်တော့ ရမှာပဲ။"

"ယွီအင်တာနက်ကဖေး မူရင်းဆိုင်တောင် အခု ငွေဝင်နေပြီ။ တခြား ဆိုင်ခွဲတွေက အရှုံးပေါ်တုန်းပဲ ဆိုပေမယ့် အရင်ကလောက်တော့ မရှုံးတော့ဘူး။"

"ငါ့တွက်ချက်မှုအရဆို ငါ ဘာမှ မလုပ်ဘူးဆိုရင် ဒါမှမဟုတ် ရလဒ်နိမ့်နိမ့်ရေစမယ့် ရင်းနှီးမြှုပ်နှံမှု အနိမ့်စား ပရောဂျက်လေးတွေပဲ လုပ်မယ်ဆိုရင် ငါ့လက်ရှိ အသုံးစရိတ်တွေအတိုင်း ဆက်သုံးနေရင်တောင် လတိုင်း ယွမ် ၅ သန်း ၆ သန်းလောက်တော့ အလွယ်လေး ရနိုင်တယ်။"

ဖေးချမ့် အသုံးစရိတ်များကို ဖြတ်ချဖို့တော့ မစဥ်းစားပါ။ သူ့ကိုယ်ပိုင်စည်းစိမ် တိုးမြင့်စေဖို့ ဝန်ထမ်းများ၏ အကျိုးခံစားခွင့်ကို မဖျက်သိမ်းနိုင်ပါ။

တစ်ဖက်ကကြည့်လျှင် တော်တော်လေးရှက်ဖို့ကောင်းသည်။ တစ်ဖက်ကြည့်လျှင်လည်း သက်ရောက်မှု သိပ်မရှိနိုင်ပါ။

ဝန်ထမ်းများ၏ ၄၀၀,၀၀၀ ယွမ်တန် အကျိုးခံစားခွင့်များကို ဖျက်သိမ်းလိုက်ရင်တောင် သူ ၄,၀၀၀ ယွမ်လောက်ပဲ ရနိုင်ပါလိမ့်မည်။ ဒီလိုလုပ်လိုက်ရင် သူ လူကော ဟုတ်ပါဦးမလား။

သို့သော် သူ့အသုံးစရိတ်များကို မပြောင်းလဲရင်တောင် အမြတ်တော့ ရနိုင်ပါသည်။

"နောက်ထပ် ငွေစာရင်းရှင်းချိန်က ၂ လအတွင်း ဆိုပါစို့ကွာ။ ငါ တစ်လကို ၅ သန်းရမယ်ဆို ငွေစာရင်းရှင်းချိန်ရောက်တဲ့အခါ ငါ့မှာ ၁၀ သန်းရှိိနေပြီ။ အဲ့တာက ကြိုးစားပမ်းစားလုပ်ပြီး ယွမ် ၂၀,၀၀၀ ပဲ အလဲအထပ်လို့ရတာထက် အများကြီး ပိုမတန်ဘူးလား။"

ဖေးချမ့်တစ်ယောက် ရုတ်တရက်ဆိုသလို ငပျင်းလုပ်တာ ပိုကောင်းမွန်သည်ဟု ခံစားလိုက်ရပါသည်။

သူတွေးနေစဥ်မှာပဲ စနစ် မျက်နှာပြင်တွင် မက်ဆေ့ချ်အသစ်များ ပေါ်လာသည်။

[ နောက်ထပ်ငွေစာရင်းရှင်းချိန် : ၁၂၀ ရက်အလို ]

[ စနစ်ရန်ပုံငွေအား ဖြည့်သွင်းပေးသွားပါမည်။ သတ်မှတ်ထားသည့် ပမာဏ : ၈,၀၀၀,၀၀၀ ]

[ ၆၃,၄၅၇.၆ ကိုဖြည့်သွင်းနေပါသည်... ]

[ စနစ်ရန်ပုံငွေဖြည့်သွင်းခြင်း ပြီးဆုံးပါပြီ ]

[ စနစ်ရန်ပုံငွေ : ၈,၀၀၀,၀၀၀ ]

[ ကိုယ်ပိုင်စည်းစိမ် : ၇၁,၂၉၉.၇၈ ]

[ ဤအပတ်အတွက် အထူးတာဝန် : အကျိုးအမြတ်ရခြင်းနဲ့ အရှုံးပေါ်ခြင်းတို့ဆိုသည်မှာ စီးပွားရေးတစ်ခု၏ အနှစ်သာရများဖြစ်သည်။ ပိုင်ရှင်က သူရရှိနေသည့် အမြတ်မှာ ယစ်မူးနေသည့်ပုံပေါက်ပါသည်။ ဒါက ပါရမီရှိသည့် စီးပွားရေးသမားတစ်ယောက်တွင် ရှိရမည့် အမူအကျင့်မျိုး မဟုတ်ပါ။ နောက်ထပ်ငွေစာရင်းရှင်းချိန် မတိုင်ခင် အရှုံးပေါ်အောင်လုပ်ဖို့ စနစ်က ပိုင်ရှင်ကို အကြံပေးလိုပါသည် ]

[ အထူးတာဝန်အောင်မြင်ခြင်း ဆုလာဘ် : စနစ်၏ စည်းမျဥ်းဘောင်အတွင်း ဆန်းကြယ်သည့် Surprise တစ်ခု ]

တစ်ပတ်လောက် အပျင်းထူဖို့ တွေးတောနေခဲ့သည့် ဖေးချမ့်တစ်ယောက် ကြက်သေသေသွားပါသည်။ ဒီတစ်ပတ်အတွင် အထူးတာဝန်ကို သေချာဖတ်ကြည့်လိုက်ပြီး စနစ်အား ဆဲချင်စိတ်များ ထိန်းမရတော့ပါ။

"မအေပေးစနစ်"

'ပိုင်ရှင်က ရရှိနေသည့် အမြတ်မှာ ယစ်မူးနေသည့်ပုံပေါက်ပါသည်' ဆိုတာဘာကိုဆိုလိုတာလဲ။ ငါအမြတ်မှာ ယစ်မူးနေတာ မဟုတ်ဘူး။ အမြတ်တောင် ရချင်တာ မဟုတ်ဘူး။ ငါ့မှာ တစ်ချိန်လုံး အရှုံးပေါ်ဖို့ ကြိုးစားနေခဲ့တာ အရှုံးမပေါ်တာ ငါ့အပြစ်လား။

စနစ်တွေးနေတာကတော့ ဒီလို မဟုတ်ပါ။

ပြီးခဲ့သည့် ငွေစာရင်းရှင်းမှု ၂ ခုတွင် ဖေးချမ့် တကယ်ပဲ အမြတ်ရခဲ့ပါသည်။ ငွေစာရင်းရှင်းမှု ၅ ခုစလုံးကို ထည့်တွက်လိုက်ပါက အမြတ်၊ အမြတ်၊ အရှုံး၊ အမြတ်၊ အမြတ် ဟူ၍ ဖြစ်သည်။ လုပ်ခဲ့တာတွေကိုမကြည့်ဘဲ ရလဒ်ကိုသာကြည့်ပါက ဖေးချမ့်က အမြတ်သာရနေသည့် ပိုင်ရှင်တစ်ယောက်ဟု သူတို့ တကယ်ပဲ ထင်ချင်စရာပင်။

ဖေးချမ့်၏ ရင်ထဲတွင် ဆဲဆိုသော စကားလုံးပေါင်းစုံတို့ဖြင့် ပြည့်နှက်နေပါသည်။

အဓိပ္ပာယ်မရှိဆုံးအရာက အထူးတာဝန်အောင်မြင်ခြင်းဆုဖြစ်သည်။

စနစ်၏စည်းမျဥ်းဘောင်းအတွင်းရှိ ဆန်းကြယ်သည့် Surprise တဲ့

စနစ်က ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မပြောပါ။ သို့သော် ဖော်ပြချက်ကိုကြည့်ရုံနဲ့ ဆုလာဘ်က အတော်လေးတန်ဖိုးကြီးသည်ဟု ဖေးချမ့်ကို ထင်ရစေသည်။ ကြိုးစားထားသမျှ ထိုက်တန်လောက်သည်။

အခုချိန်ထိ စနစ်က ဖေးချမ့်ကို ငွေစာရင်းရှင်းချိန်တွင် သူ့ကိုယ်ပိုင်စည်းစိမ်ထဲသို့ ငွေများလဲထပ်ပေးခြင်းဖြင့် ငွေသားများသာ ပေးခဲ့ပါသည်။

သိ့သော်လည်း စနစ်၏ စည်းမျဥ်းဘောင်အတွင်းရှိ ဆန်းကြယ်သည့် Surprise တစ်ခုဆိုတာကြောင့် သူ အတွေးတွေ အများကြီ ဝင်လာခဲ့ပါသည်။

မဟုတ်မှလွဲရော အထူးကိရိယာတစ်ခုခုလား။ ဒါမှမဟုတ် အလဲအထပ်အချိုးတွေကို အများကြီး ပြောင်းလဲပေးလိုက်မှာလား။

ဒါက တွင်းနက်ကြီးတစ်ခု ဖြစ်နေနိုင်မှာ ဖေးချမ့်သိသော်လည်း မနေချင်ဘဲ ခုန်ချချင်မိပါသည်။ မစ်ရှင်ကို အောင်မြင်ပြီးသောအခါ အသုံးမဝင်သည့် 'Surprise' ဆုလာဘ်တစ်ခု ရလာနိုင်ခြေလည်း ရှိသည်။ သို့သော် အသုံးဝင်တာ တစ်ခုခု ရလာရင် ဘယ်လိုလုပ်မလဲ။

ဖေးချမ့်က ဒီ 'စနစ်၏ စည်းမျဥ်းဘောင်အတွင်းရှိ ဆန်းကြယ်သည့် Surprise' ဆိုတာကြီးကို သာမန်ယွမ်သိန်းဂဏန်းလောက်နဲ့ မလဲနိုင်တော့ပါ။ ဒါက တုံးလွန်းရာကျပါလိမ့်မည်။

အကြာကြီးဆဲဆိုပြီးနောက် ဖေးချမ့် နောက်ဆုံးတော့ ပြန်တည်ငြိမ်သွားပါပြီ။

"အသုံးမကျတဲ့ စနစ်။ အခုချိန်ထိ ဂုဏ်သိက္ခာရှိခဲ့တာကို ထောက်ပြီး ဒီတစ်ခေါက်တော့ ယုံပေးလိုက်မယ်။"

ဘယ်လိုပဲဖြစ်ဖြစ် ငွေစာရင်းရှင်းချိန်ကပြီးသွားပြီ။ အခုငါ့မှာ အထူးတာဝန်တစ်ခုရှိနေပြီ။ အရင်အပတ်က စိတ်ညစ်စရာကိစ္စတွေကို ထားခဲ့လိုက်တော့မယ်။

ဒီအထူးတာဝန်ကို အောင်မြင်ဖို့အတွက် ဖေးချမ့် အလျှင်အမြန် တည်ငြိမ်အောင်ပြန်လုပ်ရသည်။ အရှုံးပေါ်ဖို့ နည်းလမ်းများ ထပ်စဥ်းစားရတော့မည်။

သို့သော်လည်း သတင်းကောင်းကတော့ ဒီတစ်ခေါက် ငွေစာရင်းရှင်းချိန် အသုတ်က ကြာပါသည်။ အရင်တစ်ခေါက်က ၂ လတည်းသာဖြစ်သည်။ ဒီတစ်ခေါက် ၄ လကြာလိမ့်မည်။ ၄ လအတွင်း ဖေးချမ့် သူ့အစွမ်းအစကို ထုတ်ပြနိုင်လောက်ပါသည်။ အရင်အသုတ်တုန်းက လုပ်ဖို့အချိန်မရှိခဲ့သည့် အရာများကို လုပ်ပြနိုင်လောက်သည်။

All Chapters