← Chapters

ငွေရှာဖို့ တခြားနည်းလမ်း

Vol. 13 Ch. 186

ငွေရှာဖို့ တခြားနည်းလမ်း

Vol. 13 Ch. 186

နာကျင်ရသော သူ့အတိတ်က အတွေ့အကြုံများကို ပြန်ငှဲ့ကြည့်ရင်း ဖေးချမ့် သင်ခန်းစာများယူကာ အနာဂတ်ကိုသာ မျှော်ကြည့်တော့ဖို့ ဆုံးဖြတ်လိုက်သည်။

'စနစ်၏ စည်းမျဥ်းဘောင်အတွင်းရှိ ဆန်းကြယ်သော Surprise' ကို ရရှိစေရန်အတွက် ဖေးချမ့် နောက်တစ်သုတ်တွင် ကြိုးစားပြီး အရှုံးပေါ်ရမည်။

ဒီတစ်ခေါက်တော့ သူ သေချာပေါက် အတွေ့အကြုံများမှ သင်ယူနိုင်လိမ့်မည်။ သေချာပေါက် တူညီသော အမှားများကို ထပ်လုပ်မိတော့မှာ မဟုတ်ပေ။

ပထမဆုံး သူ့ပိုက်ဆံများကို ကိုယ်ပိုင်စည်းစိမ်ထဲ အလဲအထပ်လုပ်နိုင်ဖို့ မျှော်လင့်ချက်ကြီးကြီး ထားလို့မရတော့ပါ။

အရင်တုန်းက ဖေးချမ့် ဝင်ငွေ ၁၀,၀၀၀ - ၂၀,၀၀၀ လောက်ကို အမြဲတမ်း အထင်သေးခဲ့သည်။ သူ နည်းနည်းလောက် အရှုံးပေါ်အောင် လုပ်လိုက်တာနဲ့ သိန်းဂဏန်းကို တစ်ချက်တည်း အလဲအထပ် လုပ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ ဒီလို စဥ်းစားပုံစဥ်းစားနည်းက သေချာပါက် ပြဿနာရှိနေပါသည်။

ယခင် ငွေစာရင်းရှင်းချိန် နှစ်သုတ်တွင် သူ ၃၀,၀၀၀ ဝန်းကျင်နဲ့ ၂၀,၀၀၀ ဝန်းကျင်လောက်သာ ရနိုင်ခဲ့သည်။ ပျမ်းမျှ တစ်လကို ၁၀,၀၀၀ လောက်သာ ရှိပါသည်။

ဒါက နည်းလွန်းပါသည်။

ငွေရှာဖို့ တခြားနည်းလမ်းများကို စဥ်းစားရန် ဖေးချမ့် ဆုံးဖြတ်လိုက်သည်။

သူ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝမှာ သရုပ်ဆောင်ခဲ့တုန်းက ၃၀,၀၀၀ ဝန်းကျင်လောက် ချက်ချင်းရခဲ့တာမဟုတ်ဘူးလား။ အဲ့တာ စနစ်ထက် အများကြီးပိုပြီး အားကိုးလို့ရတယ် မဟုတ်လား။

သူ့အဓိကအလုပ်ကို အားကိုးခြင်းဖြင့် သူ့အတွက်သူ ငွေရှာဖွေနိုင်ဖို့ မဖြစ်နိုင်တာ သိသာပါသည်။ သူ အရံအဖြစ် အလုပ် တစ်ခုခုကိုတော့ သေချာပေါက် လုပ်ရပါဦးမည်။

သူ ဘာလုပ်နိုင်မလဲဆိုတာကိုတော့ ဖေးချမမ့် မစဥ်းစားကြည့်ရသေးပါ။ သို့သော်လည်း အကြံတစ်ခုကိုတော့ အကြမ်းဖျင်း ရထားပါသည်။

အနှစ်ချုပ်ပြောရလျှင် စနစ်က ခွင့်ပြုသရွေ့ သူ ပေးငွေများ လဲလှယ်ဖို့အတွက် အလုပ်သမား အင်အားကို အသုံးပြုပါမည်။ သူ လွန်လွန်ကြူးကြူး မလုပ်မိဖို့ပဲ လိုအပ်ပါသည်။ သူ့အစီအစဥ်များကို အတည်မပြုခင် စနစ်ကို အရင်စမ်းသပ်ဖို့ လိုအပ်နေပါသေးသည်။

ဒုတိယအနေဖြင့် သူအရှုံးဘယ်လို သေချာပေါ်နိုင်မလဲဆိုတာကို သိထားရမည်။ စနစ်က ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ဖေးချမ့် အနည်းနဲ့ အများဆိုသလို သိထားခဲ့ပါပြီ။ စနစ်တွင် ကန့်သတ်ချက် များစွာ ရှိသည်။ ထုတ်ကုန်များက အရည်အသွေးအားဖြင့် ချွတ်ယွင်းလို့ မရသလို အမှိုက်သရိုက်ထုတ်ကုန်များကိုလည်း စျေးမြင့်မြင့်ဖြင့် အတင်းရောင်းလို့မရပါ။ အရည်အသွေးမြင့် ထုတ်ကုန်များကိုလည်း စျေးပေါပေါနဲ့ ရောင်းချလို့ မရပါ။ ထို့ကြောင့် ထုတ်ကုန်စျေးအားလုံးက အတက်အကျရှိနိုင်သော်လည် ကျိုးကြောင်းသင့်သော အတိုင်းအတာ တစ်ခုအတွင်းသာ ရှိရမည်။

ဒီကန့်သတ်ချက်က ဖေးချမ့် တမင်တကာ အရှုံးမပေါ်နိုင်အောင် တားဆီးထားသလိုဖြစ်သည်။

သူ နည်းနည်းသာ ရင်းနှီးမြှုပ်နှံပါက စျေးနည်းနည်းဖြင့်သာ ထုတ်ကုန်များကို ရောင်းချနိုင်သည်။ ဆင်းရဲသောသူတွေသာ ၎င်းတို့ကို စိတ်ဝင်စားကြမည်။ သူ အများကြီး ရင်းနှီးမြှုပ်နှံလိုက်ပါက စျေးမြင့်မြင့်ဖြင့် တင်ရောင်းနိုင်သည်။ သူ့ထုတ်ကုန်များ၏ နာမည် တက်လာသောအခါ သူဌေးတွေက စိတ်ဝင်စားလာကြလိမ့်မည်။

ထို့ကြောင် ဖေးချမ့်က မသမာတာ ဘာမှ မလုပ်နိုင်ခဲ့ပေ။ စနစ်က သူ့ကို မလုပ်နိုင်အောင် ကာကွယ်ထားသည်။

သို့သော်လည်း ဖေးချမ့်က ဖြစ်ရပ်တစ်ခုကိုတော့ ရှာတွေ့ခဲ့၏။ စနစ်က ထုတ်ကုန်တစ်ခု၏ အရည်အသွေးကို ဆုံးဖြတ်သည့်အခါ ဝင်ငွေနဲ့ ဂုဏ်သတင်း ရှုထောင့်များက သတ်မှတ်တတ်သည်။

ဆိုလိုရင်းက သူငွေများများဖြုန်းပြီး ဂုဏ်သတင်းကောင်းအောင် လုပ်ပါက ဖြစ်နိုင်သည်။ သူ ငွေနည်းနည်းသာ လိုချင်ပါက ထုတ်ကုန်၏ နာမည်တက်လာအောင် အကောင်းဆုံး ကြိုးစားရမည်။

ဒါက ပိုးအိမ်ထဲမှ လိပ်ပြာတစ်ကောင်အဖြစ် မွေးဖွားလာခြင်းမှု သူရလိုက်သည့် အမြင်တစ်ခုဖြစ်ပါသည်။

ကြီးမားကျယ်ပြန့်သည့် တုန့်ပြန်မှုတစ်ခု ရှိနေသေးသရွေ့မှတ်တမ်းရုပ်ရှင်က ငွေမရနိုင်ဘဲ အမြတ်အစွန်းမရှိနိုင်ရင်တောင် စနစ်က ဂရုစိုက်မှာ မဟုတ်ပါ။

အမှန်ပင်။ မှတ်တမ်းရုပ်ရှင်ကြောင့် လီကျန်းဝေက သမုဒ္ဒရာရဲတိုက်ကို ကြော်ငြာပေးကာ ဝင်ငွေနဲ့ ကစားသမား အရေအတွက်တိုးလာစေခဲ့သည်။ ဒါကတော့ အသေးစားအပြစ်အနာအဆာလေးဟု သတ်မှတ်နိုင်သည်။

သို့သော်လည်း ဒီအပြစ်အနာအဆာတစ်ခုက အကျိုးအမြတ်ကို မကျော်လွန်နိုင်ပါ။ မှတ်တမ်း ရုပ်ရှင်များ ရိုက်ကူးခြင်းက အကြံကောင်းတစ်ခု ဖြစ်ပါသည်။

ထို့အပြင် အတွေ့အကြုံကလည်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့လောက်သာ ကန့်သတ်ထားမည် မဟုတ်ပေ။ ဒီတွေးပုံခေါ်ပုံမျိုးကို ဂိမ်းတွေ လုပ်ဖို့လည်း အသုံးချနိုင်သည်။ သူ ငွေများများစားစာား ရင်းနှီးမြှုပ်နှံကာ အားလုံး ချီးကျူးဂုဏ်ပြုမည့် ဆွဲဆောင်မှုရှိသည့် ဂိမ်းမျိုး ဖန်တီးလိုက်သော်လည်း ဘယ်သူမှ ဂိမ်းအတွက် ငွေမသုံးသည့်အခါ ပြီးပြည့်စုံမည် မဟုတ်ပါလား။

ဒါက ထန်းတာ့အတွက် နောက်ထပ်ပန်းတိုင်ဟု ဖေးချမ့် တွေးလိုက်ပါသည်။

အရင်အသုတ်တုန်းက ထန်းတာ့ဂိမ်းက ဂိမ်းဟောင်းများအတွက် DLC များသာ ထုတ်လုပ်ခဲ့သည်။ ထန်းတာ့ ဂိမ်းသစ်များ ထပ်မထုတ်ဘဲ အားလုံးကို နေ့တိုင်း ရေသာခိုခိုင်းထားပါက လက်ခံနိုင်စရာ သိပ်မရှိပါ။

ကံကောင်းစွာဖြင့် အရင်တုန်းက စိတ်ရှုပ်ဖို့ ကောင်းပြီး မသေချာဖြစ်ခဲ့သော်လည်း ဖေးချမ့် လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့ပါပြီ။

ဒါသာ အောင်မြင်သွားပါက သန်းချီ အရှုံးပေါ်နိုင်သညည့် ဂိမ်းတစ်ခုကို လုပ်ဖို့ ပြဿနာရှိမှာ မဟုတ်ပါ။

ရှန်းယန်ဂိမ်းကတော့ ဆက်တိုက်အရှုံးပေါ်နေဆဲဖြစ်သည်။ ဒါက ဖေးချမ့်၏ အစီအစဥ်က အောင်မြင်နိုင်သည်ဟု သက်သေပြနေခြင်းပင်။ အခုတော့ သိပ်ပြီးဂရုစိုက်စရာမလိုသေးပါ။ ဒီလို အရှုံးပေါ်ကုမ္ပဏီများကို နောက်ပိုင်း ထပ်တွေ့လာပါကလည်း ဖေးချမ့် ကုမ္ပဏီနည်းနည်းလောက် ထပ်သိမ်းပိုက်နိုင်ပါသည်။

ဒါတွေအားလုံးအပြင် လုပ်ငန်းသစ်တစ်ခုကိုလည်း တည်ထောင်ချင်နေသည်။

ယွီအင်တာနက်ကဖေးကတော့... ပြောရမည်ဆိုလျှင် ချန်းလျဲ့က အနည်းငယ် ကြီးမားသူ တစ်ယောက်ဖြစ်တာကြောင့်သာ မူရင်းဆိုင်က စတင်ရေပန်းစားလာခြင်းဖြစ်သည်။ ဖေးချမ့် ဒီနေ့အထိ ဒီအချက်ကို လက်မခံနိုင်သေးပေ။

သို့သော်လည်း မူရင်းဆိုင်သာ ခရီးသွားများ လည်ပတ်ရာဖြစ်လာသော်လည်း တခြားဆိုင်ခွဲမျာားကတော့ အသေးစား အရှုံးပေါ်နေပါသေးသည်။ ထို့ကြောင့် ဆိုင်ခွဲများထပ်ဖွင့်မည့် အကြံက ဖြစ်နိုင်သည်။ ပြဿနာ အသေးစားလေးတွေသာ လုပ်ဆောင်မှုတွင် ပေါ်လာခြင်း ဖြစ်သည်။ ထို့အပြင် ဘော့စ်ဖေး၏ ကံကလည်း သိပ်မကောင်းခဲ့သောကြောင့်ဖြစ်ပါသည်။

ဒီအိုင်ဒီယာနဲ့ သူရှေ့ဆက်နိုင်သေးသည်။

ငွေဖြုန်းတီးဖို့ အဆင့်မြင့်စားသောက်ဆိုင်ကြီးဖွင့်မည့် အစီအစဥ်အပြင် ဖေးချမ့်က ထောက်ပို့ရေးနဲ့ ကုန်စည် ဒလီဗာရီအပိုင်းမှာာလည်း ဝင်ရောက်ချင်နေသည်။

JD.com လိုမျိုး အရှုံးပေါ်နိုင်ပြီး နှစ်ပေါင်းများစွာ လုပ်နိုင်ပါက ဖေးချမ့် သေချာပေါက် အိပ်မက်ထဲမှာတောင် ထရယ်မိနိုင်ပါသည်။ ထို့အပြင် အလုပ်သမားအင်အားများသည့် လုပ်ငန်းများနဲ့ အော်ပရေးရှင်းများကို အာရုံထားပါက ဝန်ထမ်းတိုင်းကို အကျိုးခံစားခွင့် ပိုပေးလိုက်လျှင် ငွေဖြန်းတီးဖို့ ပိုကောင်းသွားမည်ဖြစ်သည်။

ဖေးချမ့်အတွေးများကို ပြန်လည်စုစည်းလိုက်သည်။ ထို့နောက် နောက်တစ်သုတ်အတွင်းအရှုံးပေါ်အောင်လုပ်ဖို့က ထင်သလောက် မခက်ဘူးဟု တွေးလိုက်ပါတော့သည်။

အရေးကြီးတာကို အရင်လုပ်ရမည်။ အရံလုပ်ငန်းတစ်ခု ရှာဖွေဖို့ ဖြစ်၏။

ငွေရှာဖို့အတွက် စနစ်ကိုပဲ လုံးလုံး အားကိုးနေလို့ မရတာကို သက်သေပြပြီးပါပြီ။ ဖေးချမ့်သူ သူ့ကိုယ်ပိုင်လုပ်အားကို အသုံးပြုပြီး အခကြေးငွေရရှိအောင် အလွန်အကြူး မလုပ်မိသရွေ့ စနစ်က သူ့ကို တားမြစ်မှာ မဟုတ်ပေ။

စနစ်ရန်ပုံငွေထံမှ သူ လခ ဘယ်လောက်များများ ယူနိုင်မလဲဆိုတာကတော့ စနစ်ကို မေးကြည့်ရပါဦးမည်။

ဖေးချမ့်က စိတ်ထဲတွင် တိုးတိတ်စွာ မေးလိုက်သည်။ "ငါရင်းနှီးမြှုပ်နှံပြီး ကုမ္ပဏီတစ်ခုဖွင့်ပြီးတော့ လုပ်အားကို အသုံးပြုပြီး သင့်တော်တဲ့ အခကြေးငွေယူမယ်ဆိုရင် ငါ့ကိုယ်ငါ လစာ ဘယ်လောက်ပေးလို့ရမလဲ။"

[ ပိုင်ရှင်၏ လုပ်ဆောင်နိုင်စွမ်း အစွမ်းအစနဲ့ အလုပ်လုပ်သည့် ကြာချိန်တို့အပေါ် မူတည်ပါသည် ]

ဖေးချမ့် ဆွံ့အသွားသည်။ ”..."

ပျော်စရာတော့ သိပ်ကောင်းပုံမပေါ်ပါ။

ဖေးချမ့်တွင် မည်သည့်လုပ်ငန်းအစွမ်းအစမှ မရှိပါ။ ဘော့စ်လုပ်ရတာ လွယ်သည်ဟု ဖေးချမ့် ထင်သော်လည်း တကယ်တမ်း ကဏ္ဍတစ်ခုနဲ့ ရာထူးတစ်ခုကို ယူရမည်ဆိုလျှင် သူလုပ်နိုင်မှာ မဟုတ်ပေ။

ဖေးချမ့် သူ့လက်ရှိ ရာထူးနဲ့ အဆင့်အတန်းများကို စွန့်လွှတ်ကာ အင်တာဗျူးတစ်ခု သွားဖြေခြင်းနဲ့ ညီမျှပါသည်။ ဒါက သူ အများဆုံး ယူနိုင်သည့် လစာဖြစ်ပါသည်။

ထို့အပြင် ထိုငွေပမာဏကို ရဖို့အတွက် သာမန် အလုပ်ချိန်များအတိုင်း လုပ်ရဦးမည်။

ဥပမာအားဖြင့် ဖေးချမ့် အခု စားသောက်ဆိုင်တစ်ဆိုင်မှာ ပန်ကန်သွားဆေးပါက လစဥ် အများဆု့း ယွမ် ၂,၀၀၀ - ၃,၀၀၀ လောက်ရနိုင်သည်။ ဒါတောင် တစ်ရက်ကို ၈ နာရီအလုပ်လုပ်ရပါမည်။

"မဖြစ်နိုင်တာ ငါ့မှာ နည်းပညာနဲ့ လုပ်ငန်း စကေးတွေရှိမှမရှိတာ အဲ့တာကြောင့် စနစ်အပေါ် မျှော်လင့်ချက်ထားနေရတာပေါ့။"

စနစ်က ဒီကိစ္စနဲ့ပတ်သတ်ပြီး ညှိနှိုင်းလို့မရတာတော့ သိသာနေပါသည်။

သို့သော်လည်းဖေးချမ့် စဥ်းစားကြည့်ရင်း စိတ်ထဲလည်သွားသည်။ ဒီမှာ ပျော့ကွက်တစ်ခုခုတော့ ရှိနေသည့်ပုံပင်။ လုပ်ငန်းကို အဓိပ္ပာယ်သတ်မှတ်ဖို့အတွက် တချို့ရိုးရှင်းသည့် အလုပ်များကို ရွေးချယ်ဖို့ ပိုလွယ်ကူသည်။ ပန်းကန်ဆေးခြင်း၊ ဝိတ်တာလုပ်ခြင်း စသဖြင့်.... ထိုအလုပ်တွေက ပုံသေလစာအဆင့် ရှိသည့် အလုပ်များဖြစ်ကြကပါသည်။

သို့သော်လည်း အပြောင်းအလဲပိုများကာ ပိုရှုပ်ထွေးသည့် အလုပ်တစ်ခုဆိုရင်ကော...။

ဥပမာ... သရုပ်ဆောင်ကဲ့သို့အလုပ်မျိုးဖြစ်သည်။

ရုပ်ရှင်တစ်ခုအတွက် သရုပ်ဆောင်တစ််ယောက်နဲ့ အော်ပရာတစ်ခု၏ သရုပ်ဆောင်တို့အကြားက အနုပညာကြေးကွာခြားမှုမှာ ကြီးမားလွန်းသည်။ ထိုအပြင် သရုပ်ဆောင်နှစ်ယောက်က စံနှုန်းအတူတူပဲဆိုရင်တောင် မတူညီသည့် ရုပ်ရှင်များတွင် သရုပ်ဆောင်ဖို့ ငှားရမ်းခံရပါက အနုပညာကြေးကလည်း ကြီးကြီးမားမားခြားနားမှု ရှိလိမ့်မည်။

စနစ်က ဒါကို ဘယ်လိုတွက်ချက်နိုင်မည်နည်း။

မကြာမီ စနစ်မျက်နှာပြင်ပေါ်လာခဲ့သည်။

[ ပိုင်ရှင်က ယခု နေ့စဥ် အများဆုံး ၁,၅၀၀ ရနိုင်ပါသည်။ ပိုင်ရှင်၏ သရုပ်ဆောင်စွမ်းရည်၊ ဂုဏ်သတင်းနဲ့ တခြား ကောင်းမွန်သော ဂုဏ်သတ္တိများ မြင့်တက်လာပါက ဒါလည်း တိုးမြင့်လာနိုင်ပါသည် ]

[ စနစ်ရန်ပုံငွေနဲ့ သက်ဆိုင်ခြင်းမရှိသည့် ကုမ္ပဏီတစ်ခုက ပိုင်ရှင်ကို ငှားရမ်းလိုက်ပါက သံသယဖြစ်စရာမကောင်းသရွေ့ စနစ်က တားမြစ်မှာ မဟုတ်ပါ ]

ဖေးချမ့် စိတ်ရှုပ်သွားသည်။

ဒါကိုလည်း ခြားနားတယ်လို့ သတ်မှတ်ထားတာလား။

စဥ်းစားကြည့်ပြီးသောအခါ ဖေးချမ့် နားလည်သွားပါသည်။

ဒါက စနစ်ရန်ပုံငွေကို ကိုယ့်အတွက်ကို မသုံးနိုင်အောင် သတ်မှတ်ထားသည့် စနစ်၏ စည်းမျဥ်းဖြစ်သည်။

ဥပမာအားဖြင့် ဖေးချမ့်က ရိုက်ကူးရေးကုမ္ပဏီတစ်ခုကို ဝယ်ယူကာ ရုပ်ရှင်တစ်ကားရိုက်ဖို့ ကိုယ့်ကိုယ်ကို ၁ သန်းလောက် အနုပညာကြေး ပေးလိုက်ပါက စနစ်က ခွင့်ပြုမှာ မဟုတ်ပါ။ စနစ်ရန်ပုံငွေကို မသမာသောနည်းလမ်းဖြင့် အသုံးပြုခြင်း ဖြစ်လာပေမည်။

သူ့ကိုယ်ပိုင်ငွေကို ရယူချင်လျှင် နေ့စဥ် အများဆုံး ၁,၅၀၀ ရနိုင်သည်။ ဖေးချမ့် ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝမှာ သရုပ်ဆောာင်ခဲ့စဥ်က တစ်ရက်ကို ၁,၀၀၀ ရပါသည်။ ဒါက စနစ်၏ လက်ခံနိုင်သော အတိုင်းအတာအတွင်း ရှိနေပါသည်။ စနစ်က မကန့်ကွက်ခဲ့ပါ။

သူ့တွက်ချက်မှုအရဆို ဖေးချမ့် တစ်လကို ၁၀ ရက်လောက် ရိုက်ကူးရေးလုပ်မည်ဆိုလျှင် တစ်လကို ယွမ် ၁၅,၀၀၀ လောက် ရနိုင်သည်။

ဖေးချမ့် အခုရနေတာကိုကြည့်လျှင် အတော်လေး များသည့် အရေအတွက် ဖြစ်ပါသည်။ သို့သော်လည်း... ထင်သလောက်လည်း မများပါ။

သို့သော်လည်း သက်ဆိုင်ခြင်း မရှိသည့် ကုမ္ပဏီတစ်ခုက ဖေးချမ့်ကို ရုပ်ရှင်တွေမှာ သရုပ်ဆောင်ဖို့ ငှားရမ်းချင်ပါက ထိုကုမ္ပဏီ ဖေးချမ့်ကို ဘယ်လောက်ပဲပေးပေး စနစ်က ဂရုစိုက်မှာ မဟုတ်ပါ။

ဘာပဲဖြစ်ဖြစ် ဒီနည်းလမ်းနဲ့သာဆို စနစ်ရန်ပုံငွေကို အလွဲသုံးစားလုပ်နိုင်စရာအကြောင်းမရှိပေ။

All Chapters