← Chapters

ထူးချွန်တဲ့ ကျောင်းသားတချို့

Vol. 13 Ch. 188

ထူးချွန်တဲ့ ကျောင်းသားတချို့

Vol. 13 Ch. 188

လင်းချန်းကို လိုက်ပို့ပေးပြီးသောအခါ ဖေးချမ့် ချက်ချင်းပဲ ငွေလွှဲအသိပေးစာကို ရရှိခဲ့ပါသည်။

စုစုပေါင်း ယွမ် ၃၀၀,၀၀၀ ဖြစ်သည်။ အားလုံးက ဖေးချမ့်၏ ကိုယ်ပိုင်စည်းစိမ်ထဲကိုသာ ဝင်သွားခဲ့ပါသည်။

တခြားသူတွေ ဖေးချမ့်ကို ပိုက်ဆံပေးတာ စနစ်က ဂရုမစိုက်မှန်း သိသာပါသည်။ ပိုက်ဆံကို ထိန်းသိမ်းထားဖို့ ကျိုးကြောင်းသင့်လျော်မှုရှိကာ စနစ်၏ တည်ရှိမှုကို သံသယဖြစ်ဖွယ်ရှိအောင် မလုပ်သရွေ့ အားလုံး အဆင်ပြေပါသည်။

သို့သော်လည်း ဖေးချမ့်က ဒီငွေတွေအားလုံးကို သုံးပစ်လိုက်လို့ မရပါ။ တချို့တဝက်ကို ရိုက်ကူးရေး ကိရိယာများ ဝယ်ယူဖို့ အသုံးပြုရမည်။ ဒါကိုလည်း ကပ်စေးနှဲနေလို့ မရပါ။

ရှင်းရှင်းပြောရလျှင် လင်းချန်းမှ ဖေးချမ့်ကို သံသယဖြစ်မလာအောင် ဒီလိုလုပ်ရခြင်းဖြစ်ပါသည်။

ဖေးချမ့် ဒီငွေပမာဏအကုန်လုံးကို ယူပြီး ကိုယ့်အတွက်ကိုယ် သုံးလိုက်လို့ မရပေ။ ဒီကိစ္စပြီး ဖေးချမ့်ဆီမှ လင်းချန်း ဘာအသံမှ မကြားရလျှင် ကျိုးကြောင်းမသင့်တော်ပေ။

ဖေးချမ့် သူ့ ၃၀၀,၀၀၀ ကို ဘယ်လိုအသုံးချမလဲဆိုတာ လင်းချန်း ဂရုမစိုက်တာမျိုးလည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း သူ ဂရုစိုက်နိုင်ခြေလည်း ရှိသည်။ အပိုင်တွက်ထားလို့ မရပေ။

လင်းချန်းသာ မေးခွန်းများ ထုတ်လာပါက ဖေးချမ့် ကျိုးကြောင်းသင့်သည့် အဖြေတစ်ခုပေးရမည်။ ဒီလို ဖြစ်လာနိုင်ချေက မမြင့်မားသော်လည်း သူ သတိကြီးကြီးထားမှဖြစ်ပါမည်။

ထို့ကြောင့် ဖေးချမ့်က ၂၀၀,၀၀၀ ကို အနုပညာကြေးအဖြစ် သိမ်းထားလိုက်ပြီး ယွမ် ၁၀၀,၀၀၀ ကို ရိုက်ကူးရေး ကိရိယာများ ဝယ်ယူဖို့ ထုတ်လိုက်ပါသည်။ သူ ဟန်ဆောင်ပြီး တစ်ခုခုတော့ ထုတ်လုပ်ရမည်မဟုတ်ပါလား။

ဒီပရောဂျက်က ကျရှုံးမှာ သေချာပါသည်။ သို့သော်လည်း အရေးမကြီးပါ။ လင်းချန်းက ဒီ ၃၀၀,၀၀၀ ကို ဘာပဲ ဖြစ်လာ ဖြစ်လာ ပြင်ဆင်ထားပြီးသားဖြစ်ပါသည်။

သူ့ဘဏ်ကတ်ထဲမှာ ငြိမ်သက်စွာရှိနေသည့် ယွမ် ၃၀၀,၀၀၀ ကို ကြည့်လိုက်သည်။ ထို့နောက် သူ့ကိုယ်ပိုင်စည်းစိမ်ထဲက လက်ကျန်ငွေ ၃၇၀,၀၀၀ ကျော်ကျော်လေးကို ကြည့်လိုက်ပါသည်။ ဖေးချမ့် ဝမ်းနည်းသွားသည်။

သူ့ကုမ္ပဏီကို လည်ပတ်ဖို့ အားအများကြီးစိုက်ထုတ်ခဲ့ရပြီး ယွမ် ၁၀ သန်းလောက်တောင် အကျိုးအမြတ်များ ရခဲ့သည်။ ဒါတောင် ယွမ် ၁၀၀,၀၀၀ လောက်ပဲ အလဲအထပ်လုပ်နိုင်သည်။ တစ်ဖက်မှာတော့ အရံစီးပွားရေးတစ်ခုကို သက်သက်သာသာ လုပ်လိုက်တာနဲ့ ယွမ် ၂၀၀,၀၀၀ အလွယ်လေး ရသွားခဲ့ပါသည်။

ဒီလိုလှည့်ကွက် နည်းလမ်းမျိုးကို ရှာတွေ့သွားပြီးနောက် ဖေးချမ့် အမြတ်ငွေထဲမှ ကိုယ်ပိုင်စည်းစိမ်အဖြစ် အလဲအထပ် လုပ်စရာ အကြောင်းအရင်းပင် ပိုနည်းပါးသွားခဲ့ပါသည်။

ဇူလိုင်လ ၁ ရက်နေ့...

ဖေးချမ့် လက်တော့ပ်ကို ဖွင့်လိုက်ပြီး သူ့စာမေးပွဲအဆင့်များကို စစ်ကြည့်လိုက်ပါသည်။

ဟုတ်ပြီ... အကုန်လုံး အောင်မှတ်သာသာလေးပဲ...

"မာကြီးဆီက ပိုးကူးတယ်လို့ ခံစားနေရတယ်။ ထားလိုက်ပါတော့ကွာ။ ငွေဖြုန်းဖို့ နည်းလမ်းတွေ စဥ်းစားရဦးမယ်။ ပညာရေးအကြောင်း စဥ်းစားဖို့ အားအပို မရှိဘူး။ အောင်ရင် ရပြီ။"

ဖေးချမ့်တစ်ယောက် မိမိကိုယ်ကို နှစ်သိမ့်လိုက်ပါသည်။

သူက လူ့အရင်းအမြစ်မေဂျာကို လေ့လာနေသူ ဖြစ်သည်။ စာမေးပွဲများတွင် သူ့ခေါင်းထဲ အကြောင်းအရာများစွာ ထည့်ထားဖို့သာ လိုအပ်ပါသည်။ ထို့ကြောင့် နောက်ဆုံးမိနစ်ကျမှ စာကုန်းလုပ်ရင်တောင် သူ အောင်ဖို့ မခက်ခဲပါ။

ဖေးချမ့် အခု ကျောင်းမထွက်ချင်သေးပါ။

သူဘွဲ့လက်မှတ်လိုချင်လို့မဟုတ်ပေ။ သူ့အတွက်တော့ ဘွဲ့လက်မှတ်က အသုံးမဝင်တော့ပါ။ သို့သော်လည်း အဓိကပြဿနာက.... ကျောင်းထွက်လိုက်လျှင် သူ့မှာ ဘာမှလုပ်စရာရှိမှာ မဟုတ်တော့ပေ။

ဒီရက်ပိုင်းထဲ ဖေးချမ့်က ဝတ်ကျေတန်းကျေသာ အတန်းများကို တက်နေခြင်းဖြစ်သည်။ သူပျင်းတိုင်း အငှားတိုက်ခန်းကိုသွားပြီး အနားယူခြင်းသို့မဟုတ် ဂိမ်းကစားခြင်းများ ပြုလုပ်သည်။ ငွေစာရင်းရှင်းချိန်နီးလာမှ ကုမ္ပဏီကို အာရုံစိုက်ပြီး အရှုံးပေါ်ဖို့ ကြိုးစားရမည်ဖြစ်သည်။

သူကျောင်းမထွက်ရင်တောင် တစ်နေကုန် အငှားတိုက်ခန်းထဲမှာပဲ ကွေးနေလို့ရသည်။ သူ့ဘဝထဲ ကြီးကြီးမားမား ပြောင်းလဲမှု ရှိလာမှာ မဟုတ်ပေ။

ထို့အပြင် ဖေးချမ့်က သူ့သရုပ်မှန်ကို မဖော်ထုတ်ချင်ပါ။

လောလောဆယ် ဖေးချမ့်၏ အနားပတ်လည်က လူများစွာနဲ့ သူ့အတန်းဖော် အနည်းငယ်က ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝမှာ ဖေးချမ့်ပါဝင်မှန်း သိကြပါသည်။ သူတို့ကို အင်တာနက်ဆယ်လီတစ်ယောက်လို သတ်မှတ်ကြသည်။ သို့သော်လည်း သူက ထန်းတာ့၏ ဘော့စ်ဖြစ်မှန်း ဘယ်သူမှ မသိကြပါ။

ဖေးချမ့်မှာ အဓိက စိတ်ပူစရာ ၃ ခု ရှိသည်။

ပထမက သူ့မိဘများအတွက် စိတ်ပူရသည်။

ဒုတိယက သူ့အတန်းဖော်များ သူဘော့စ်တစ်ယောက်ဖြစ်ကြောင်း သိသွားပါက သူတို့ ဆက်ဆံရေး ရှုပ်ထွေးလာမည်ကို စိုးရိမ်မိခြင်း ဖြစ်သည်။ ထိုအခါ နေ့တိုင်း ဖေးချမ့်ဆီကို အလုပ်လာတောင်းသည့်လူတွေ ရှိလာနိုင်ပါသည်။ ဒါက အလွန် စိတ်ရှုပ်စရာ ကောင်းလိမ့်မည်။

တတိယက ဖေးချမ့်မှာ ဘော့စ်တစ်ယောက် ဖြစ်သော်လည်း သူ့ကိုယ်ပိုင်စည်းစိမ်ထဲက တကယ်အသုံးချနိုင်သည့် ပမာဏမှာ အလွန်နည်းပါးလွန်းပါသည်။ သူဌေးများကို မုန်းတီးသော သို့မဟုတ် အလွန်အမင်း မနာလိုဖြစ်တတ်သော လူတွေက သူ့ကို ပစ်မှတ်ထားကာ ပြဿနာ အသေးစားလေးများ ရှာဖို့ အခွင့်အရေးကို စောင့်နေကြမှာ စိုးရိမ်မိပါသည်။

ဖေးချမ့် စနစ်၏ တည်ရှိမှုကို ဖော်ထုတ်လို့မရပါ။ ထို့ကြောင့် မလိုအပ်သည့် ပြဿနာများကို သူရှောင်ဖယ်ချင်ခဲ့သည်။ တတ်နိုင်သမျှ သူ့သရုပ်မှန်ကို တခြားသူများအား ဖုံးကွယ်ထာားပြီး စွန့်စားမှုကို အနည်းဆုံးဖြစ်အောင် ချုံ့ချင်သည်။

ဒီရက်ပိုင်းထဲ သူ တော်တော်လေး နေရတာ သက်တောင့်သက်သာရှိပါသည်။ လောလောဆယ်တော့ ဖေးချမ့် သူ့နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ အစီအစဥ် မရှိသေးပါ။

အမှန်ပင်။ သူ တစ်ခါတစ်လေ ယွမ် သန်းချီပြီး ဆုံးရှုံးနိုင်ပါက ကောင်းပါလိမ့်မည်။

အားလပ်ရက်များ ရောက်တော့မည်။ စာမေးပွဲပြီးဆုံးကာ ရလဒ်များကို စစ်ဆေးပြီးကြပြီဖြစ်သည့် အတန်းဖော်များစွာက အိမ်ကို ကြိုတင်ပြန်ကုန်ကြလေပြီ။ သို့သော်လည်း ဖေးချမ့်အတွက်ကတော့ အရှုံးပေါ်ဖို့ ကြိုးစားရမည့် ရသတ္တပတ်က အခုမှ စတင်ပါသည်။

ဖေးချမ့်က သူကိုင်တွယ်ထားသည့် ပရောဂျက်ပေါင်းစုံကို စာရင်းလုပ်ဖို့ ပြင်ဆင်နေသည်။ ၎င်းတို့၏ အမြတ်နဲ့ အရှုံးအခြေအနေများကို ဆန်းစစ်လေ့လာချင်ပြီး အရှုံးများများပေါ်ဖို့ အစီအစဥ်တစ်ခုကို စဥ်းစားပါမည်။

ဒစ်ဂျစ်တယ် ဇယားတစ်ခုဆွဲကာ စာကြောင်း နှစ်ကြောင်းရေးလိုက်သည်။ ထို့နောက် အချက်အလက်တချို့ကို ရှာဖွေ့ဖို့ Search တစ်ခု ဖွင့်လိုက်၏။ နောက်ဆုံးတော့ ဝါသနာအရ အိုင်လီကျွန်းဝက်ဘ်ဆိုက်ထဲဝင်ပြီး သူကြည့်နေသည့် ရှိုးတချို့ကို ဆက်ကြည့်လိုက်ပါသည်။

ဘာမှန်း မသိလိုက်ဘဲ တစ်နာရီကျော်ကြာသွားခဲ့သည်။

"ဟမ် ခုနက ဘာလုပ်ဖို့ ပြင်နေတာပါလိမ့်" ဖေးချမ့် ရုတ်တရက်ကြီး ဒီလိုမေးခွန်းထုတ်လိုက်ပါသည်။

ထိုအချိန်တွင် ဖေးချမ့်၏ ဖုန်းသံမြည်လာသည်။ သူ့ဖုန်းပေါ်က ဖုန်းနံပါတ်ကိုမြင်သောအခါ ဖေးချမ့် တွန့်ဆုတ်သွားသည်။

"အာ... ဆရာကျန်းလား။"

သူ့တက္ကသိုလ်က ဆရာတစ်ယောက်ဖြစ်သည့် ကျန်းဝေဖြစ်သည်။ ကျန်းဝေဘာကြောင့် သူ့ကိုဖုန်းဆက်ရတာလဲဆိုတာ ဖေးချမ့် အနည်းငယ် ဇဝေဇဝါဖြစ်နေပါသည်။

သူ ကျောင်းမှာလည်း မည်သည့်တာဝန်မှ ယူမထားခဲ့ပါ။ သူ့အဆင့်တွေက ဒီလိုဖြစ်နေသဖြင့် ပညာသင်ဆု သို့မဟုတ် ဆုများ ချီးမြှင့်ခံရဖို့လည်း အရည်အချင်း ပြည့်မှီလို့ မဖြစ်နိုင်ပေ။

ကျန်းဝေက အလွန်သဘောကောင်းသည့် လေသံမျိုးဖြင့် ပြောလိုက်ပါသည်။ "ဖေးချမ့် မင်းအခု အသေးစားရှိုးတစ်ခုမှာ ပါထားတယ်လို့ ကြားတယ်။ လုပ်ငန်းတစ်ခုကိုတောင် ဝင်ထားတယ်ဆို။ မင်း တော်တော်လေး အဆင်ပြေနေတယ်မလား။"

ဖေးချမ့် သဘောပေါက်သွားသည်။ သြော် သူက ဖေးဟွမ်လုပ်ငန်းအကြောင်း မေးနေတာပဲ။

သူက တစ်နှစ်လုံးလုံး အဆောင်မှ ပျောက်နေသောကြောင့် သူ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝမှာ ပါဝင်သရုပ်ဆောင်နေမှန်း သူ့အတန်းဖော်များက သိပါသည်။ ထို့ကြောင့် သူ့အတန်းဖော်များက ဒီပရောဂျက်ကြောင့် သူအလုပ်များနေသည်ဟု ထင်ခဲ့သည်။ ဒီသတင်းများက ကျန်းဝေထံသို့ လမ်းကြောင်းပေါင်းစုံမှ ရောက်သွားပုံရသည်။

ဖေးချမ့်က ချက်ချင်းပဲ ဝန်ခံလိုက်ပါသည်။ "ဟုတ်ပါတယ်။ တစ်ခုခုဖြစ်လို့လား ဆရာကျန်း"

"မဆိုးပါဘူး။ မဆိုးပါဘူး။ မင်းက အမြဲတမ်း တော်တော်လေး ဖုံးကွယ်တာ တော်သားပဲ။ ဖြစ်ချင်တော့ မင်းအလုပ်ကြောင့် အလုပ်များနေခဲ့တာကိုး။ ဒါတောင် မင်းက အဆင့်ကောင်းကောင်းတွေကို ထိန်းသိမ်းနိုင်သေးတယ်။ တော်ပါပေတယ်။"

အဆင့်ကောင်းကောင်းဆိုတာ ဘာကိုပြောတာလဲဟ။ ငါအောင်ရုံလောက်ပဲ ရှိတာကို...

ကျန်းဝေ၏ ချဲ့ကားချီးကျူးမှုကြောင့် ဖေးချမ့် တစ်ခုခုဖြစ်နေပြီဆိုတာကို ခံစားလိုက်ရပါသည်။

ဒါ ပုံမှန်ပဲ ဖြစ်သည်။ တခြား တက္ကသိုလ်က ဆရာများက ၎င်းတို့ကျောင်းသားမျာား၏ အဆင့်ကို ဂရုမစိုက်ကြပါ။ ထို့အစား သူတို့၏ အလုပ်ရနိုင်ခြေကိုသာ ပိုဂရုစိုက်ကြသည်။

ဖေးချမ့်လိုလူမျိုး ဘွဲ့ရသည့်အခါ ချက်ချင်း အလုပ်ရှာနိုင်မည့် အခွင့်အရေးတစ်ခုတော့ ရှိသည်။ အလုပ်ရနိုင်ခြေက သူ့အတွက် ဘာမှ အရေးမကြီးပေ။ တက္ကသိုလ် ဆရာတစ်ယောက်အနေနဲ့ ကျန်းဝေက ဘာမှ စိတ်ပူစရာ မလိုပါ။

ဖေးချမ့်ကို ဒီလိုချီးကျူးရသည့်အတွက် ကျန်းဝေမှာ ရည်ရွယ်ချက်ကောင်းကောင်း ရှိနေလောက်ပါသည်။

"ဒီလိုပါ။ ဘွဲ့နှင်းသဘင်ရာသီကို ရောက်တော့မယ်လေ။ ငါတို့ တက္ကသိုလ်က နောက်ဆုံးနှစ် ထူးချွန်တဲ့ကျောင်းသား တချို့က အလုပ်မရနိုင်လောက်ဘူးထင်တယ်။ မင်းရဲ့ လုပ်ငန်းက ဘော့စ်ကို သူတို့အတွက် နေရာတစ်နေရာလောက် ထောက်ခံပေးလို့ရမလားလို့ပါ။"

ထူးချွန်တဲ့ကျောင်းသားတွေ ဟုတ်လား။ ခင်ဗျား လူမှားပြီး လာပြောနေတာပဲ။

ချက်ချင်းပဲ ဖေးချမ့် တာဝန်ကို လွှဲချဖို့ ကြိုးစားလိုက်ပါသည်။ "သူတို့ ကျောင်းက စီစဥ်ပေးထားတဲ့ အလုပ်တွေ သွားလျှောက်လို့ မရဘူးလား။"

ကျန်းဝေက လည်ချောင်းရှင်းကာ ပြောလိုက်ပါသည်။ "ကျောင်းက စီစဥ်ပေးထားတဲ့ အလုပ်တွေက... သူတို့အတွက် သင့်တော်တဲ့ အလုပ်တွေကို ရှာမတွေ့သေးဘူးထင်တယ်။ မဟုတ်ရင် ပြဿနာက ဒီလောက်ထိ ရှည်ကြာ နေမှာ မဟုတ်ဘူး။"

ဖေးချမ့် နားလည်သွားသည်။

သြော် သူတို့ အလုပ်ရှာမတွေ့သေးဘူးကိုး။

ဒီကျောင်းသားတွေကို 'ထူးချွန်သည်' ဟုပြောနေခြင်းမှာ နားလည်မှုအရသာဖြစ်သည်။ ကျန်းဝေကို ဖေးချမ့် နားလည်မှုလွဲသွားပါသည်။ တကယ်တော့ ကျောင်းက သတ်မှတ်ပေးထားသည့် အလုပ်ခန့်အပ်မှုများ ပြီးဆုံးသွားသောအခါ ကျန်ခဲ့သည့် ကျောင်းသားများသာ ဖြစ်ကြသည်။

ဟန်တုံးတက္ကသိုလ်က အချက်အချာတက္ကသိုလ်တစ်ခုဖြစ်သည်။ ၎င်းတို့၏ အလုပ်ရနိုင်နှုန်းကလည်း ၉၀ ရာခိုင်နှုန်းလောက်ရှိသည်။ သို့သော်လည်း ဘွဲ့ရပြီးသောအခါ အလုပ်ရှာလို့မရနိုင်သည့် ကျောင်းသား အုပ်စုတစ်စုတော့ ရှိနေမှာ မလွဲမသွေပင်။

ထို့အပြင် ၉၀ ရာခိုင်နှုန်းဆိုတာ ချဲ့ကားထားခြင်းဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် နှစ်တိုင်းနှစ်တိုင်းကို 'ဘွဲ့ရကျောင်းသားများအတွက် အခက်ခဲဆုံးရာသီ' ဟု သတ်မှတ်ထားသည်။ ကိုယ်စိတ်ကျေနပ်မှုရှိစေမည့် အလုပ်တစ်ခုကို ရှာဖွေကို အလွန်ခက်ခဲလှပါသည်။ ကျောင်းသားအများစုက ယာယီ အလုပ်ဝင်လုပ်ကာ ၂ လ ၃ လလောက်ကြာသောအခါ ထွက်ကုန်ကြပါသည်။

သူတို့ ဆွေမျိုးများ၏ အရိပ်အောက်မှာ အလုပ်လုပ်သည့် လူတွေကိုလည်း အလုပ်ရှိသည်ဟု သတ်မှတ်နိုင်သည်။

တက္ကသိုလ်နဲ့ အထူးသဖြင့် ကျန်းဝေတို့လို့ ဆရာများအတွက် အလုပ်ရနိုင်နှုန်းကို မြှင့်တင်ဖို့က အလွန်အမင်းခက်ခဲလှပါသည်။ ဒီအလုပ်ရနိုင်နှုန်းများက တက္ကသိုလ်နဲ့ ဆရာများအတွက် ရီပို့ကတ်တစ်ခုလိုပင်။ သူတို့ နည်းလမ်းပေါင်းစုံစဥ်းစားပြီး အဆင့်မြှင့်တင်နိုင်ဖို့ ကြိုးစားရမည်။

၎င်းတို့၏ ကျောင်းသားများကို အလုပ်ခေါ်ယူခြင်းများတွင် ပါဝင်ဖို့ တွန်းအားပေးသည့် အပြင် ကုမ္ပဏီပေါင်းစုံနဲ့လည်း ဆက်သွယ်ဖို့ ကြိုးစားကြလိမ့်မည်။ သူတို့ အလုပ်ရအောင် လုပ်ပေးနိုင်သည့် ဘွဲ့ရကျောင်းသားတိုင်းက အောင်မြင်မှုတစ်ခုဖြစ်ပါသည်။

ဖေးချမ့်မှာ ဖေးဟွမ်လုပ်ငန်း၏ တာဝန်ရှိသူနဲ့ အဆက်အသွယ်ရှိတာကို ကျန်းဝေသိသွားပါသည်။ ထို့ကြောင့် ကံစမ်းပြီး ကျန်ကျောင်းသားများကို အလုပ်ပေးဖို့ ကြိုးစားကြည့်ချင်သည်။ အနည်းဆုံးတော့ ထိုကျောင်းသား ၁ ယောက် ၂ ယောက်လောက်ကို ကုမ္ပဏီထဲ ထည့်ပေးလို့ ရနိုင်လောက်ပါသည်။

အခွင့်အရေးများက မများသော်လည်း သူအောင်မြင်နိုင်ခြေ တစ်ခုတော့ ရှိနေပါသည်။

ဖေးချမ့် ပျော်ရွှင်သွား၏။ ဒါဆိုရင်တော့ ခင်ဗျား လူရွေးမှန်သွားပြီပေါ့။

ဟန်တုံးတက္ကသိုလ်က အချက်အချာ တက္ကသိုလ်တစ်ခုဖြစ်သည်။ ဒီတက္ကသိုလ်ကို ဝင်နိုင်သည့် လူတိုင်းက ငတုံးမဟုတ်ပါ။ သို့သော် ယခုတော့ ကျန်းဝေညွှန်းဆိုပေးနေသည့် လူများအားလုံးက တခြားလုပ်ငန်းတွေ ငြင်းပယ်တာကို ခံခဲ့ရသည့် ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။

ဘွဲ့နှင်းသဘင်ရာသီဖြစ်ကာ ဇူလိုင်လလည်း ရောက်နေပြီဖြစ်သည်။ ဘွဲ့လွန်ပညာကို ဆက်လက် သင်ယူမည့်လူများက အားလပ်ရက်များကို ပျော်ရွှင်နေကြပြီဖြစ်သည်။

အလုပ်ရထားသည့် ကျောင်းသားတွေကလည်း စလုပ်နေကြလောက်ပြီ။ သို့မဟုတ် မကြာခင် စလုပ်ကြတော့မည်။ စာမေးပွဲပြန်ဖြေဖို့ ပြင်ဆင်နေကြသည့် လူတွေကလည်း ၎င်းတို့၏ နည်းပြများကို သေသေချာချာ အသိပေးပြီးပါပြီ။

အခု ကျန်းဝေ၏ လက်ထဲက နာမည်စာရင်းထဲတွင် အလုပ်ရှာချင်ပြီး အင်တာဗျူးပေါင်းစုံကို ဖြေခဲ့သော်လည်း ကမ်းလှမ်းချက်တစ်ခုမှ မရခဲ့သည့် ကျောင်းသားများ ပါဝင်သည်။

ဒါက ဖေးချမ့်ရဲ့ လိုအပ်ချက်နဲ့ ကွက်တိပဲ မဟုတ်လား။

ဖေးချမ့် ချက်ချင်းပဲပြန်ဖြေလိုက်ပါသည်။ "စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော့်ကို အားကိုးလိုက်ပါ။ ကျွန်တော့်ကို နာမည်စာရင်းပို့ပေးလိုက်ပါလား။ ကျွန်တော် သူတို့ကို ကုမ္ပဏီမှာ အင်တာဗျူးလာဖြေနိုင်ဖို့ အသိပေးပေးပါ့မယ်။"

ဖေးချမ့် ဒီလောက်မြန်မြန်သဘောတူလိမ့်မည်ဟု ကျန်းဝေ မျှော်လင့်မထားပေ။ "သြော် ဟုတ်ပြီ"

ယဥ်ယဥ်ကျေးကျေး အပြန်အလှန်ပြောဆိုပြီးနောက် ဖေးချမ့် ဖုန်းချလိုက်သည်။

သိပ်မကြာခင် ကျန်းဝေက ထိုလူများ၏ လျှောက်လွှာကို ဖေးချမ့်အား အီးမေးဖြင့် ပို့ပေးလိုက်ပါသည်။

All Chapters