ဂိမ်းအသစ်က ဘာအကြောင်းလုပ်ရမလဲ
Vol. 13 Ch. 189
ဖေးချမ့် အီးမေးကို ဖွင့်ကြည့်လိုက်သည်။
အင်း... ယောက်ျားလေးကော မိန်းကလေးကော စုစုပေါင်း အယောက် ၂၀ ဝန်းကျင် ရှိသည်။ ၎င်းတို့အားလုံးက သမိုင်းမေဂျာဖြစ်သဖြင့် ယောက်ျားလေးထက် မိန်းကလေးက ပိုများပါသည်။ အများစု၏ လျှောက်လွှာများက ရှင်းလင်းနေသည်။ ဆုတွေလည်း များများစားစား ရထားခြင်း မရှိပါ။ ၎င်းတို့မှာ အားသာချက်တွေတောင် သိပ်ရှိသည့်ပုံမပေါ်ပေ။
၎င်းတို့၏ ရုပ်ရည်များက-- ယဥ်ယဥ်ကျေးကျေး ပြောရလျှင် သာမန်ပဲဖြစ်ပါသည်။
ထင်ထားစရာပင်။ ကုမ္ပဏီများက လှပသည့် အမျိုးသမီးများကို အလုပ်ခန့်လေ့ ရှိကြသည်။ သူတို့မှာ စကေး များများစားစား မရှိရင်တောင် မျက်စိကျစရာဖြစ်နိုင်သေးသည်။
သူတို့က ဇူလိုင်လ၏ လူကြွင်းများဖြစ်ကြသဖြင့် အောက်ပါ အရည်အသွေးများသာ ရှိကြပါသည်။
၎င်းတို့၏ အဆင့်များက ဆိုးရွား၏။ ဘွဲ့လွန်ပညာသင်ဖို့လည်း အရည်အချင်း မပြည့်မှီပါ။ သူတို့မှာ အဆက်အသွယ်လည်း မရှိပေ။ ဘယ်သူမှ သူတို့ကိုယ်စား အလုပ်ရှာမပေးနိုင်ပါ။ သူတို့ ကျောင်းသားအလုပ် သို့မဟုတ် အချိန်ပိုင်းအလုပ်များ ဘာမှမလုပ်ဖူးကြဘဲ ကိုယ့်ဖာသာကိုယ်လည်း အလုပ်မရှာနိုင်ကြပေ။
အနှစ်ချုပ်ပြောရလျှင် အားလုံး ပြီးပြည့်စုံနေပါသည်။
အင်း ဒီတစ်ခေါက်တော့ တကယ်ကြီး အသုံးမဝင်တဲ့ လူတစ်သိုက်ကို ခေါ်နိုင်တော့မှာပဲ မဟုတ်လား။
ဖေးချမ့် အလွန်ကျေနပ်သွားပါသည်။ ၎င်းတို့၏ လျှောက်လွှာများကို ဖတ်ကြည့်ပြီးနောက်တွင် တစ်ယောက်မကျန် လက်ခံဖို့ ဆုံးဖြတ်လိုက်သည်။
'ကမ္ဘာကြီးထဲမှာ အမှိုက်ဆိုတာ မရှိဘူး။ အသုံးချတဲ့နေရာ မမှန်တာပဲရှိတာ' ဟူသည့် ဆိုရိုးစကားအတိုင်းပင်။
ဖေးချမ့်အတွက်တော့ ဒီလူတွေက အသုံးချရမည့် နေရာမှားယွင်းနေကြသူများသာ ဖြစ်သည်။
"ဒါပေမယ့် သူတို့ကို ဘာအလုပ်ပေးရမလဲဆိုတာကိုတော့ စဥ်းစားရမယ်။"
ဖေးချမ့် သူ့လက်ထဲမှာရှိသည့် ရာထူးများအကြောင်း စဥ်းစားလိုက်သည်။
သူတို့ကို ဂိမ်းဌာနတွေဆီ ပို့ပေးလိုက်ရမလား။
မဖြစ်နိုင်ဘူး။ ဂိမ်းဌာနများ၏ တည်ဆောက်ပုံက ပြီးပြည့်စုံလုနီးပါးဖြစ်နေသည်။ ၎င်းတို့၏ လည်ပတ်မှုများကလည်း ဘာပြဿနာမှ မရှိသေးပါ။
အများဆုံး ဒီလူတွေက ဂိမ်းဌာနမှာ ထူးထူးဆန်းဆန်း အလုပ်များ လုပ်ရနိုင်သည်။ သူတို့ စကေးများက ဘယ်လောက်ပဲ ဆိုးရွားပါစေ သူတို့ ဂိမ်းတွေအတွက်တော့ တကယ့် အနှောင့်အယှက်မဖြစ်နိုင်ပါ။
ဖေးချမ့် သူတို့ကို ဂိမ်းဌာနတွေထဲက စီမံရေး ရာထူးများ ချမှတ်ပေးလိုက်လို့လည်း မဖြစ်ပါ။ ယုတ္တိမဲ့ရာကျလွန်းမည်။ သူ့ကိုပါသံသယများ ဖြစ်လာနိုင်သည်။
သူတို့ကို ယွီအင်တာနက်ကဖေးဆိုင်ကို ပို့လိုက်ရမလား။
ထိုနေရာက အလုပ်များက ကိုယ်ခန္ဓာကို ပိုပြီးသုံးရသည်။ သူတို့ ဝိတ်တာများ သို့မဟုတ် ဒလီဗာရီသမားမျာား လုပ်နိုင်သည်။ ဒီလူတွေက သူ့စီနီယာများ ဖြစ်ကြ၏။ သူတို့ကို စားပွဲရှင်းဖို့ သို့မဟုတ် အစားအစာများ တည်ခင်းပေးဖို့ ပို့လိုက်လျှင် ကြည့်ကောင်းမှာတော့ မဟုတ်ပေ။
ထို့အပြင် လူတိုင်း ဒီလိုအလုပ်တွေကို ဝင်လုပ်နိုင်သည်။ သူတို့၏ တန်ဖိုးအစစ်အမှန်ကို မြင်နိုင်မှာ မဟုတ်ပါ။
"ဒီလူတွေအတွက် ငါကုမ္ပဏီအသစ်တစ်ခု ထောင်မှနဲ့တူတယ်"
ဖေးချမ့်မျက်လုံးများ ဝိုင်းစက်သွားသည်။ သူ အကြံရပါပြီ။
သူ ကုမ္ပဏီအသစ်တစ်ခု တည်ထောင်လိုက်ပြီး ဒီလူတွေအားလုံးကို ထည့်လိုက်မည်။ ၎င်းတို့၏ အစွမ်းအစများကို အပြည့်အဝ နားလည်လာမည်။ ဒါဆို ဘယ်လောက်ကောင်းလိုက်မလဲ။
အမှန်ပင်။ ဒီကုမ္ပဏီသစ်၏ ဘော့စ်ကတော့ သူ့လူဖြစ်ရမည်။ တစ်ဖက်တွင် ဘော့စ်က အပေါစားများသုံးပြီး အခွန်ရှောင်သည့် လူမဖြစ်ရပါ။ ဒီလူတွေက သူ့စီနီယာများဖြစ်ကြသော်လည်း သူစိမ်းများသာ ဖြစ်သည်။ ဖေးချမ့် သူတို့ကို ယုံကြည်လို့ မရပါ။ တစ်ဖက်မှတော့ သူတို့ကို စီမံရေးရာထူးများ ချက်ချင်း ပေးလိုက်တာက အဓိပ္ပာယ်မရှိပါ။ လူတွေ သံသယဖြစ်လာနိုင်ပါသည်။
ဖေးချမ့် သူ့ကုမ္ပဏီအတွက် ကံကောင်းသည့် လူတစ်ယောက်ကို စတင်ပြီး ရှာဖွေလေသည်။ ဒီလူ့ကို ကုမ္ပဏီသစ်၏ ဘော့စ်အဖြစ် ခန့်အပ်ပြီး သူ့အောက်ကလူတွေကို ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများ အစရှိသည်တို့ ဆောင်ရွက်ခိုင်းမည်။ ထို့နောက် ဒီဝန်ထမ်းသစ်တစ်သုတ်ကို ထိုကုမ္ပဏီထဲသို့ ပို့ဆောင်လိုက်မည်။ ဒီလိုမှ ပိုပြီး အဓိပ္ပာယ်ရှိပါသည်။
ထို့နောက် ကုမ္ပဏီက စတင်လည်ပတ်ပြီး အရှုံးပေါ်လာနိုင်မည်။ အားလုံး ပြီးပြည့်စုံပါသည်။
ဖေးချမ့် ဒီကိစ္စကို ၂ မိနစ်လောက်ထပ်စဥ်းစားပြီးနောက် ရုတ်တရက်ကြီး နောက်ထပ်အကြံတစ်ခု ရသွားပါသည်။
ငါ့မှာ ရှင်းစရာ အန္တရာယ်ပုန်းတွေ ရှိနေတုန်းပဲမဟုတ်ဘူးလား။ အံကိုက်ပဲပေါ့။ အကုန်လုံးကို တစ်ခါတည်း ရှင်းပစ်လိုက်မယ်>
မာယိချွမ်က ထန်းတာ့ဂိမ်းအတွက် ဇာတ်လမ်းများနဲ့ အစီအစဥ်များ ရေးသားနေဆဲဖြစ်သည်။ ဖေးချမ့်က သူ့ကို သူ့ရဲ့ ကံကောင်းခြင်းများ သေဆုံးအောင် ကံကောင်းခြင်းအဆောင်အဖြစ် နဂိုက ခန့်အပ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း မာယိချွမ်ကို ဒီတိုင်း အလကားသက်သက် နေခိုင်းဖို့ ဆင်ခြေ ထပ်မပေးတတ်တော့ပေ။ ထို့ကြောင့်ပဲ သူ့ကို တွန့်ဆုတ်စွာဖြင့် ဂိမ်းများ၏ ဇာတ်လမ်းဇာတ်ကွက်ကို ရေးသားဖို့ တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။
နောက်ဆုံးမှာတော့ မာယိချွမ်က ဂိမ်းများ ၏အနှစ်ချုပ်ကို လှပအောင် ပြုလုပ်ခဲ့ပြီး ဂိမ်းများစွာ၏ ဇာတ်ကြောင်းကိုလည်း အမှတ်များစွာ တိုးစေခဲ့သည်။
ဖေးချမ့် ဒီလိုလူမျိုးကို မောင်းထုတ်ဖို့ နည်းလမ်းရှာရမည်။
ဒီတစ်ခေါက် သူ့မှာ အခွင့်အရင်းရှိပါသည်။ ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့... ဖေးချမ့်စဥ်းစားပြီးတာ ကြာပြီဖြစ်သည်။
အင်တာနက်ဝတ္ထုများအတွက် ဝက်ဘ်ဆိုက်တစ်ခုကို တည်ထောင်လိုက်မည်။
ပထမဆုံး ဒါက မာယိချွမ်၏ အိပ်မက်ပဲဖြစ်သည်။ ဝန်ထမ်းများကို ၎င်းတို့၏ အိပ်မက်များ အကောင်အထည်ဖော်နိုင်ဖို့ ကူညီပေးခြင်းက ဘော့စ်ဖေး၏ မစ်ရှင်ပဲဖြစ်ပါသည်။
ဒုတိယက မာယိချွမ်မှာ ဝတ္ထုရေးဖို့ ကြိုးစားလိုက်သည့်အချိန်တိုင်း ဆက်တိုက်ကျရှုံးခဲ့သည်။ ဒါက ဒီလောကထဲဝင်ရောက်ဖို့ သူ့မှာအစွမ်းအစမရှိကြောင်း သက်သေပြနေခြင်းဖြစ်ပါသည်။ ဖေးချမ့်သာ သူ့ကို ဒီကုမ္ပဏီတွင် တာဝန်ပေးလိုက်ပါက စိတ်အေးအေးထားလို့ရပါပြီ။
နောက်ဆုံးတော့ ဖေးချမ့် အွန်လိုင်းဝတ္ထုလုပ်ငန်းမှာ အရှုံးပေါ်ဖို့ အတော်လေး လွယ်ကူသွားနိုင်ပါလိမ့်မည်။
ဒီလောကထဲတွင် အွန်လိုင်းစာပေများအတွက် အလွန်ဖွံ့ဖြိုးတိုးတက်သည့် ဝက်ဘ်ဆိုက်တစ်ခုရှိသည်။ အကန့်အသတ်မဲ့တရုတ်ဘာသာနက်ခ်ဝေါ့ ဟုခေါ်သည်။ အခု နယ်ပယ်ကျယ်ပြန့်ပြီး ကြီးမားသည့် ဝက်ဘ်ဆိုက်ကြီးတစ်ခုဖြစ်နေပါပြီ။ တခြားသူတွေက စျေးကွက်ထဲဝင်ရောက်ဖို့ကြိုးစားခဲ့ကြသည်။ သို့သော် အနည်းငယ်သာ အောင်မြင်ကြပြီး အများစုကတော့ ကျရှုံးခဲ့ကြပါသည်။
ဖေးချမ့်က ဒီတိုင်း သာမန်ကာလျှံကာ ပုံစံဖြင့် စျေးကွက်ထဲဟန်ဆောင်ဝင်လာလို့ရသည်။ အယ်ဒီတာနဲ့ စာရေးဆရာတချို့ကို မြေတောင်မြှောက်ပေးဖို့ ငွေအများကြီး ရင်းနှီးမြှုပ်နှံနိုင်သည်။ မာယိချွမ်၏ ခေါင်းဆောင်မှုအောက်တွင် ကုမ္ပဏီက သေချာပေါက် အရှုံးပေါ်ပါလိမ့်မည်။
တကယ်တော့ ပြန်စဥ်းစားကြည့်သောအခါ ဟိုးအရင်ကတည်းက အွန်လိုင်းစာပေအတွက် သူဝက်ဘ်ဆိုက်တစ်ခု ထောင်ခဲ့သင့်သည်။ ဒီလိုလုပ်ငန်းမျိုးမှာ ရင်းနှီးမြှုပ်နှံနိုင်သည့် ငွေပမာဏက ကြီးမားလွန်းလှသည်။ ယွမ် ၁ သန်းရင်းနှီးမြှုပ်နှံဖို့နည်းလမ်းရှိသလို၊ ၁၀၀ ဘီလီယံယွမ်လောက် ရင်းနှီးမြှုပ်နှံနိုင်သည့် နည်းလမ်းများလည်း ရှိပါသည်။
တခြား ဝက်ဘ်ဆိုက်ကောင်းများကို စျေးမြင့်မြင့်ပေးဝယ်ကာ ငွေအမြောက်အများ သုံးလျက် စျေးကွက်လမ်းကြောင်းများဖန်တီးခြင်း၊ မူပိုင်ခွင့်များ ရှင်းလင်းခြင်း စသဖြင့် ဆောင်ရွက်နိုင်သည်။ ဒါတွေက အလွန်အမင်း ကုန်ကျစရိတ် များပြားနိုင်ပါသည်။
သို့သော်လည်း သာမန်ဝက်ဘ်ဆိုက်တစ်ခုကို ဖန်တီးချင်တာသာ ဆိုပါကအယ်ဒီတာ အုပ်စုတစ်စုကို ငှားရမ်းပြီး စုတ်ပြတ်သည့် စာမူကြမ်းများကို စျေးနိမ့်နိမ့်ဖြင့် ဝယ်ယူနိုင်သည်။ အနုပညာကြေးအဖြစ် စျေးနှိမ်ပေးပြီး အွန်လိုင်းပေါ်က Cloud Server နဲ့ Domain Name များကိုဝယ်ယူဖို့ ငွေနည်းနည်းသာ သုံးနိုင်သည်။ တကယ်တော့ ဒီလိုဝက်ဘ်ဆိုက်မျိုးကို ဖန်တီးဖို့ ယွမ် ၁ သန်းလောက်ဆို လုံလောက်ပါပြီ။
ဖေးချမ့်က ခေတ္တစဥ်းစားကြည့်လိုက်ပြီး မာယိချွမ်ကို ဟိုလုပ်ဒီလုပ်လျှောက်လုပ်ဖို့ ယွမ် ၁ သန်းပေးနိုင်သည်ဟု ဆုံးဖြတ်လိုက်ပါသည်။ သူသာ တကယ် အရှုံးပေါ်အောင် လုပ်နိုင်လျှင် နောက်ပိုင်းကျ ငွေတွေပိုထည့်မည်ဖြစ်သည်။
ထိုသို့တွေးလျက် ဖေးချမ့်၏ စိတ်အခြေအနေ အလွန်တိုးတက်သွားပါသည်။
ဖေးချမ့် နေ့လည်ခင်းတွင် သူ့ရုံးသို့ ရောက်လာခဲ့၏။
သူလုပ်ရမည့် ပထမဆုံးအရာက ဂိမ်းဌာနထဲမှာ အလုပ်တာဝန်များ သတ်မှတ်ပေးဖို့ဖြစ်ပါသည်။ DLC များကို အပ်ဒီတ်တင်ပြီးနောက် ဂိမ်းဌာနကို ခဏလောက် နားခွင့်ပေးထားသည်။ အခု နောက်တစ်သုတ် ပြန်လည်စတင်ပြီဖြစ်သဖြင့် ဖေးချမ့်သူတို့ကို အလုပ်ပေးရပါတော့မည်။
ဘာပဲဖြစ်ဖြစ် ဝန်ထမ်းတွေ အားလပ်နေပြီး အလုပ်မှာ ရေသာခိုလို့ မရဘူးဟု စနစ်က သတ်မှတ်ထား၏။ ၎င်းတို့ မကြာခဏ ထုတ်ကုန်သစ်များကို ထုတ်လုပ်နေရမည်။ အာားလုံးကလည်း နောက်ထပ်ဂိမ်းအသစ်အတွက် အစီအစဥ်များ ကြေညာမှာကို မျှော်လင့်စောင့်စားနေကြပါသည်။
သို့သော်လည်း ဒီတစ်ခေါက် ဖေးချမ့် အားလုံးကို အစည်းအဝေးမခေါ်တော့ပါ။ ရုံးထဲမှာ အခုလူတွေ အရမ်းများနေပါပြီ။ အစည်းအဝေးခန်းထဲ လူမဆံ့တော့ပါ။
လုမင်လျန်၊ ပေါင်ရှုနဲ့ ဌာနကပေါင်းစုံက အချက်အချာာကျသည့် မန်ဘာများကိုသာ အစည်းအဝေးခေါ်ခဲ့ပါသည်။
ဒီတစ်ခေါက် ဖေးချမ့်က သူ့ခေါင်းထဲမှာရှိသည့် ယေဘုယျအစီအစဥ်ကို သူတို့အားလုံးအား ရှင်းပြဖို့ စီစဥ်ထားပါသည်။ ဂိမ်းများအတွက် အကြမ်းဖျင်း နမူနာချပေးလိုက်ပြီး အသေးစိတ်ကိုတော့ သူတို့ကို ကိုယ်တိုင်စဥ်းစားခွင့်ပေးလိုက်မည်ဖြစ်သည်။
အဓိက ပြဿနာာက ဖေးချမ့် အသေးစိတ်အထိ ချမှတ်ပေးချင်ရင်တောင် မပေးနိုင်ခြင်းပင်။ ဒါတွေကိုစဥ်းစားဖို့ သူ့မှာလိုအပ်သည့် အရည်အချင်း မရှိပေ။
မကြာမီ အားလုံး အစည်းအဝေးခန်းထဲသို့ ရောက်လာကြ၏။
လင်းဝမ်လည်း ပါသည်။ သူမက သူမ၏ မှတ်စုစာအုပ်လေးကိုကိုင်ကာ မှတ်တမ်းတင်ဖို့ အသင့်ပြင်ထား၏။ မာယိချွမ်လည်း အစည်းအဝေးခန်းထဲမှာရှိနေပါသည်။ သူ့လက်ထဲမှာ မှတ်စုစာအုပ် မရှိသော်လည်း အလွန်တည်ကြည်လေးနက်နေသည့် ပုံစံတော့ပေါက်ပါသည်။
တိုးတိတ်စွာဖြင့် ဖေးချမ့် သူတို့အကြောင်း စဥ်းစားကြည့်လိုက်သည်။ အစည်းအဝေးပြီးတာနဲ မင်းတို့နှစ်ယောက်နဲ့ ငါနဲ့ စာရင်းရှင်းမယ်။
ဖေးချမ့် ဂိမ်းအသစ်၏ အကြောင်းအရာအကြောင်း စဥ်းစားခဲ့တာကြာပါပြီ။ အခုလောက်ဆို ဘာလုပ်ရမလဲဆိုတာကို အကြမ်းဖျင်းသိနေလောက်ပြီ။ သူ့အတွေ့အကြုံများမှ သင်ယူပြီး အရင်ကလုပ်ဖူးသည့် အမှားများကို ထပ်မလုပ်ဖို့လိုအပ်ပါသည်။
ဖေးချမ့် စနစ်၏ စည်းမျဥ်းများကြောင့် ဂိမ်းစုတ်တစ်ခုကို ထုတ်လုပ်ပြီး စျေးမြင့်မြင့်ဖြင့် ရောင်းချလို့မရပါ။ ပုံသေအတိုင်းအတာတစ်ခုအတွင်း စျေးကို လွတ်လွတ်လပ်လပ်သတ်မှတ်လို့ရသော်လည်း သူသတ်မှတ်သည့် စျေးက ဂိမ်းထဲမြှုပ်နှံထားသည့် အရင်းအနှီးနဲ့ အားထုတ်မှုတို့နဲ့ ကိုက်ညီမှုရှိအောင်တော့ သေချာလုပ်ရမည်။
တစ်ချိန်တည်းမှာပဲ အလွန်ရေပန်းစားနေသည့် ဂိမ်းတချို့ ကျေးဇူးကြောင့် ဂိမ်မာအများစုက ထန်းတာ့မှ ထုတ်လုပ်မည့် ဂိမ်းသစ်များကို စောင့်ကြည့်နေကြပါပြီ။
ဂိမ်းသစ်က ထုတ်တောင်မထုတ်ရသေးဘဲ ရေပန်းစားလာနိုင်သည်။ အထီးကျန်ကန္တာရလမ်းနဲ့ တစ္ဆေစစ်သူကြီးတုန်းကလို အခြေအနေမျိုး ဖြစ်ဖို့တော့ ဖေးချမ့် မျှော်လင့်လို့ မရနိုင်တော့ပါ။ ဂိမ်းကို မကြော်ငြာဘဲ ဘယ်သူမှ မသိအောင်လုပ်ဖို့ စီစဥ်လို့ မဖြစ်တော့ပေ။
ထို့ကြောင့် လက်ရာမြောက်သည့် ဂိမ်းကောင်းကောင်းတစ်ခုကို ဖန်တီးရမည်။ ငွေအရင်းအနှီးများစွာ မြှုပ်နှံလိုက်ရမည်။ လူတွေ သိရင်တောင် ဝယ်မကစားချင်လောက်မည့် ဂိမ်းမျိုး ဖန်တီးရမည်။
ဒီလိုဂိမ်းမျိုးတွေကို ဖေးချမ့်သိပါသည်။ Soulslike(မတော်မတရားခက်ခဲပြီး ခဏခဏသေနိုင်သည့်ဂိမ်းများ)နဲ့ ခက်ခဲသည့် 2D ပလက်ဖောင်းဂိမ်းများက သာဓကများဖြစ်ကြသည်။
2D ပလက်ဖောင်းဂိမ်းများကိုတောာ့ ဖေးချမ့် ဖန်တီးဖို့ အစီအစဥ်မရှိပေ။ ထိုဂိမ်းများက အရင်းအနှီးသိပ်မလိုသောကြောင့် ဖြစ်ပါသည်။ ဆိုလိုတာက သူ အများကြီးအရှုံးမပေါ်နိုင်ပါ။ သူဂိမ်းတစ်ခုဖန်တီးချင်ပါက ရှုပ်ထွေးအောင် လုပ်ရမည်။ ပန်းချီအရင်းအမြစ်များတွင် ပိုပြီး သုံးစွဲရမည်။
အမှန်ပင်။ မိယဇခီ ဟီဒဲတက၏ Soulslike ဂိမ်းများက အလွန်အမင်း အောင်မြင်တာကို ဖေးချမ့် သိပါသည်။ ၎င်းတို့၏ ရောင်းအားများက မြင့်မားသည်။ အရှုံးပေါ်နိုင်သည့် ထုတ်ကုန်များလည်း မဟုတ်ပါ။
သို့သော်လည်း ပြဿနာတစ်ခုကို အဖြေရှာသည့်အခါ အချက်ပေါင်းစုံကို ထည့်တွက်ရမည်။ ဘယ်လိုဂိမ်းအမျိုးအစားအတွက်မဆို ရေပန်းမစားသည့်ဂိမ်းနဲ့ ရေပန်းစားသည့်ဂိမ်းများက ဒွန်တွဲနေသည်။ အဓိက အချက်က အသေးစိတ်များတွင်ရှိပါသည်။
ဂိမ်းပရိုဂျူဆာများစွာကလည်း Soulslike ဂိမ်းများကို ထုတ်လုပ်ချင်ကြသည်။ သို့သော်လည်း ဘယ်နှယောက်များ အောင်မြင်ဖူးလို့လဲ။ အဆုံးသတ်မှာတော့ အားလုံး တစ်ယောက်ပြီးတစ်ယောက် ကျရှုံးကုန်ကြသည်။ မိယဇခီ ဟီဒဲတကကသာ ခြွင်းချက်ဖြစ်ကြောင်း သက်သေပြနေပါသည်။
ဖေးချမ့်က သူ့ကိုယ်သူ မိယဇခီ ဟီဒဲတကလလောက်တော့ စကေးကြမ်းမည်မထင်ပါ။
ထို့အပြင် သူသည်းခံပြီး ပြီးပြည့်စုံသည့် Soulslike ဂိမ်းတစ်ခုကို ဖန်တီးချင်ရင်တောင် လုပ်နိုင်မှာ မဟုတ်ပါ။ ပိုက်ဆံဒီလောက် မပေါပေ။ စနစ်မှာယခု ရှိနေသည့် ၈ သန်းယွမ်နဲ့ ဂိမ်းပေါင်းများစွာနှင့် တခြားနယ်ပယ်များမှ ရလာဦးမည့် ဝင်ငွေကို ထည့်တွက်ကာ အသုံးစရိတ်ပေါင်းစုံကို နုတ်လိုက်ပါက...
အများဆုံး ဒီဂိမ်းအတွက် အသုံးချနိုင်မည့် ပမာဏမှာ သန်း ၂၀ ဝန်းကျင်လောက် ရှိမည်ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။
ဒီပမာဏနဲ့တော့ စစ်မှန်သည့် AAA ဂိမ်းတစ်ခုကို ဖန်တီးဖို့ လုံလောက်မှာ မဟုတ်ပေ။
သူ့မှာ သုတေသီနဲ့ ဒီဗလိုပါ လုံလုံလောက်လောက်တော့ ရှိနိုင်သည်။ ဘာပဲဖြစ်ဖြစ် Metro 2033 လိုဂိမ်းမျိုး ဖန်တီးဖို့ လူအယောက် ၃၀ သာ ရှိခဲ့သည်။ ဖေးချမ့်မှာတော့ သုတေသီနဲ့ ဒီဗလိုပါ ၆၀ - ၇၀ လောက်လက်ထဲရှိနေပါသည်။ ဒီ့နောက်ပိုင်း ထပ်ပြီးတော့တောင် ခန့်အပ်ဖို့ ရှိပါသေးသည်။
သို့သော်လည်း ဂိမ်းသစ်တစ်ခုကို ထုတ်လုပ်ဖို့ သူတို့မှာ အချိန် ၄ လပဲရှိတာကို ထည့်စဥ်းစားလိုက်ပါက ဝန်ထမ်းများ ဝန်ပိသွားနိုင်သည်။ သူတို့ ဂိမ်း၏ အကြောင်းအရာကို ချုံ့ဖို့ နည်းလမ်းရှာရပါမည်။
တစ်နည်းအားဖြင့် သူဂိမ်း၏ ချုံ့ထားသည့် ဗားရှင်းတစ်ခုကိုသာ ဖန်တီးနိုင်လိမ့်မည်။ ဂိမ်း၏ Contents များကလည်း ကြီးကြီးမားမား လျှော့ချခြင်း ခံရပါမည်။
ဒီလိုသာဆို ဂိမ်းကျရှုံးမည့် အခွင့်အရေးပိုမြင့်သွားလိမ့်မည်။