← Chapters

လမ်းဆုံး တရုတ်ဘာသာစကား နက်ခ်ဝေါ့

Vol. 13 Ch. 191

လမ်းဆုံး တရုတ်ဘာသာစကား နက်ခ်ဝေါ့

Vol. 13 Ch. 191

ဖေးချမ့်က သဘောကောင်းပြနေတာ မဟုတ်ပါ။ အဓိကပြဿနာက ဂိမ်းကမ္ဘာများအတွက် Theme များကို သူ မစဥ်းစားတတ်သောကြောင့် ဖြစ်ပါသည်။ ဂိမ်းအတွက် ဒီဇိုင်းအသေးစိတ် လိုအပ်ချက်များကိုတောင် မြန်မြန်နဲ့ တိတိကျကျ မတွေးနိုင်ပါ။ ဒီဇိုင်း မူကြမ်း သူ့လက်ထဲရောက်လာတဲ့အထိ စောင့်ရသည်။ ထို့နောက်မှ ပြဿနာ မရှိစေရအောင် တည်းဖြတ်မှုတချို့ကို လုပ်ပါမည်။

မာယိချွမ်က အနီးကပ် နားထောင်နေသည်။ ဂိမ်းများအတွက် ဇာတ်ကြောင်းများ ပြန်လည်ရေးသားဖို့ တာဝန်ပေးအပ်ခံရပြီးနောက်ပိုင်း ဒါက ဂိမ်းတစ်ခုကို သုညမှ စတင်ဖန်တီးသည့် လုပ်ငန်းစဥ်ထဲ ပထမဆုံးအကြိမ် ပါဝင်ဖူးခြင်း ဖြစ်သည်။ ထို့အပြင် ဖေးချမ့်က ဒီတစ်ခေါက် ဂိမ်းအတွက် စံနှုန်းမြင့်မြင့်များ ထားပုံရပါသည်။ အားလုံးက အတော်လေးကို စိန်ခေါ်မှုရှိနိုင်မည့်ပုံ။

သူ ဘော့စ်ဖေးကို စိတ်ပျက်အောင် လုပ်လို့မဖြစ်ပါ။

ယေဘုယျ ဦးတည်ချက်ကိုတော့ သတ်မှတ်ပြီးသွားပြီ။ ဘော့စ်ဖေးကလည်း သူ့သတ်မှတ်ချက်များကို ဖော်ပြပြီးသွားပြီ။ အားလုံး အစည်းအဝေးခန်းထဲမှ စတင်ထွက်ခွာလာကြသည်။ ရုတ်တရက်ကြီး ဖေးချမ့်က မာယိချွမ်ကို နေခဲ့ခိုင်းလိုက်ပါသည်။ မာယိချွမ် စိတ်လှုပ်ရှားသွားခဲ့ရ၏။

ဘော့စ်ဖေးက ငါ့ကို ဆက်နေခိုင်းတာပဲ။ သူဇာတ်လမ်းအကြောင်းကို ပိုရှင်းပြချင်နေတာ သေချာတယ်။

ကောင်းတယ်၊ ငါ ထန်းတာ့ကိုရောက်လာကတည်းက ဘော့စ်ဖေးရဲ့ ဖုံးကွယ်နေတဲ့ ရည်ရွယ်ချက်တွေကို နားလည်ဖို့နဲ့ ကောက်ချက်ချနိုင်ဖို့ ကြိုးစားနေခဲ့ရတာ။ ဘော့စ်ဖေးနဲ့ ဒီကိစ္စတွေကို မျက်နှာချင်းဆိုင် ဆွေးနွေးရင် လေးလေးနက်နက်ပိုပြီး သင်ယူနိုင်လိမ့်မယ်။

ဘော့စ်ဖေးက အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းရဲ့ World Theme ကို ဘယ်လို ဒီဇိုင်းဆွဲမလဲ။ ဘယ်လို အရိပ်အမြွက်မျိုးကိုမဆို တန်ဖိုးထားပါ့မည်။

မာယိချွမ် အတွေးလွန်နေခဲ့သည်။

မာယိချွမ်ကို ကြည့်ကာ ဖေးချမ့် ပြုံးလိုက်ပြီး ပြောလိုက်ပါသည်။ "မနက်ဖြန်ကစပြီး မင်းက ထန်းတာ့ဂိမ်းက အဖွဲ့ဝင်မဟုတ်တော့ဘူး။"

မာယိချွမ် ကြက်သေသေသွားခဲ့သည်။

ဘာဖြစ်တယ်။ ငါ့အလုပ်ကို ကောင်းကောင်းမလုပ်ခဲ့လို့လား။ ငါ့ကို အလုပ်ထွက်ခိုင်းနေတာလား။

မဖြစ်နိုင်ပါဘူး။ လုမင်လျန်နဲ့ တခြားလုပ်ဖော်ကိုင်ဖက်တွေကလည်း ငါ့ကို အရမ်းကောင်းတဲ့ တုန့်ပြန်ချက်တွေ ပေးထားတာကို။ ငါဘယ်နေရာမှားသွားလို့လဲ။ ဘော့စ်ဖေးက ဘာလို့ငါ့ကို စိတ်ဆိုးနေတာလဲ။ ငါဇာတ်လမ်းဇာတ်ကွက်တွေ ရေးသားတာ မတော်လို့လား။ ဘော့စ်ဖေး စိတ်ပျက်သွားတာလာား။ မဖြစ်နိုင်ပါဘူး။ ကစားသမားတွေရဲ့ တုန့်ပြန်ချက်တွေကလည်း အရမ်းကောင်းနေတာပဲ မဟုတ်ဘူးလား။

ဖေးချမ့်က ပြုံးကာ ဆက်ပြောလိုက်ပါသည်။ "မင်းကို ပိုအရေးကြီးတဲ့ တာဝန်ပေးဖို့ပါ။ ထန်းတာ့က အင်တာနက် ဝတ္ထုတွေအတွက် ဝက်ဘ်ဆိုက်တစ်ခု စတင်တည်ထောင်တော့မယ်။ အင်တာနက် ဝတ္ထုတွေကို ရေးတာက မင်းအိပ်မက်နဲ့ ဝါသနာ အမြဲတမ်း ဖြစ်ခဲ့တယ်ဆိုတာကို ငါသိတယ်။ အဲ့တာကြောင့် အဲ့ဒီဝက်ဘ်ဆိုက်ကို မင်းကိုတာဝန်ယူစေချင်တယ်။"

မာယိချွမ်က ပို၍ပင် တုန်လှုပ်သွားပါသည်။ သူ့မျက်လုံးများ ကျယ်ဝန်းလာပြီး ပို၍ပင် ဇဝေဇဝါဖြစ်လာခဲ့ပါသည်။

ပျော်စရာက အရမ်းရုတ်တရက်ဆန်ဆန် ရောက်လာခဲ့သည်။ မာယိချွမ် ဘယ်လိုတုန့်ပြန်ရမှန်းတောင် မသိတော့ပေ။ အစကတော့ သူ အလုပ်ဖြုတ်ခံရတော့မည်ဟု ထင်ထားခဲ့သည်။ သူ့နဖူးပေါ်တွင် ချွေးစေးသီးများက ပေါ်လာခဲ့၏။ အခုတော့ အားလုံး ရှင်းလင်းသွားပါပြီ။ သူ အလုပ်ဖြုတ်မခံရပါ။ တစ်နေရာရာကို လွှဲပြောင်းခံလိုက်ရခြင်းသာဖြစ်သည်။

ဂိမ်းများဖြင့် အလုပ်မှ အွန်လိုင်းစာပေအလုပ်သို့ ပြောင်းလဲရတော့မည်။

မာယိချွမ် နားလည်သဘောပေါက်သွားခဲ့သည်။ အွန်လိုင်းစာပေအပိုင်းတွင် သူနောက်တစ်ခေါက် ပြန်လည်အလုပ်လုပ်ရလိမ့်မည်ဟု မာယိချွမ် ထင်မထားခဲ့ပါ။

အမြဲတမ်း သူက စာရေးသားရာတွင် ပါရမီပါသည်ဟု ထင်ထားခဲ့သည်။ သူက ပညာတတ်မိသားစုမှ လာခဲ့၏။ ရလဒ်အနေဖြင့် ကောင်းကောင်းမွန်မွန်ပျိုးထောင်ခံရပြီး ဘာသာစကား အခြေခံ ကျွမ်းကျင် ခိုင်မာသည်။ တက္ကသိုလ်တွင် သူ့အရေးအသားကို စတင်စမ်းသပ်ကြည့်သည်။ သူ့လက်ရာကို ဖတ်ရတာကြိုက်ကြသော ပရိတ်သတ်တချို့လည်း ရရှိခဲ့ပါသည်။

မာယိချွမ်က သူ့စာဖတ်ပရိတ်သတ်များနဲ့ ပတ်သတ်ရတာကို သဘောကျပါသည်။ တခြားသူတွေ သူ့လက်ရာကို သဘောကျပြီး အားပေးသည့် ခံစားချက်ကိုလည်း သဘောကျပါသည်။

သို့သော်လည်း တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် သူရရှိခဲ့သည့် အတွေ့အကြုံက သူ့အပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိခဲ့သည်။ သုညကပြန်စဖို့က သူ့အတွက် မလွယ်ကူခဲ့ပါ။ နောက်ဆုံးမှာတော့ သူ့ဝတ္ထုအပိုင်းများကို လူတစ်ရာအောက်သာ ဝယ်ယူခဲ့သည်။ သူ ငတ်သေတော့မလိုတောင် ဖြစ်သွားခဲ့သည်။

ရလဒ်အနေဖြင့် သူ့မှာရွေးချယ်စရာမရှိတော့ဘဲ အကန့်အသတ်မဲ့တရုတ်ဘာသာစကားနက်ခ်ဝေါ့တွင် သူ့အကောင့်ကို လက်လွှတ်ကာ ရှန်းယန်ဂိမ်းမှာသာ အလုပ်သွားလုပ်ခဲ့ပါသည်။ ထိုနေရာတွင် ဂိမ်းများအတွက် ဇာတ်ကြောင်းများ စတင်ရေးသားခဲ့သည်။

အခုချိန်ထိ သူအွန်လိုင်းစာပေကို မထိတာ ၁ နှစ်လောက်ရှိနေပါပြီ။ ရေပန်းစားသည့် အရေးအသား တချို့ကို ဖတ်နေခဲ့သော်လည်း သူ့ဘောပင်ကို ချခဲ့တာ အတော်ကြာခဲ့ပါပြီ။

မာယိချွမ်၏ အသံက တုန်ယင်နေကာ မေးလိုက်ပါသည်။ "ကျွန်တော့်ကို ဦးဆောင်ခိုင်းမလို့လား။ အဲ့ဒီ... ကုမ္ပဏီရဲ့ အဆင့်အတန်းက အခုဘယ်လိုရှိလဲ။"

ဖေးချမ့်က ပြုံးကာ ပြန်ဖြေလိုက်ပါသည်။ "အခုတည်ဆောက်ဆဲပါပဲ။ ဒါပေမယ့် စိတ်မပူပါနဲ့၊ လက်ထောက်ရှင်းက ဘဏ္ဍာရေးနဲ့ စီမံရေးဝန်ထမ်းတွေကို တာဝန်ယူလိမ့်မယ်။ မင်းက အဲ့ဒီဝက်ဘ်ဆိုက်ရဲ့ နေ့စဥ်အော်ပရေးရှင်းတွေကိုပဲ တာဝန်ယူရမှာပါ။"

"ရုံးက ဒီအပေါ်ထပ်မှာ ရှိမယ်။ မင်းရဲ့ ဝန်ထမ်းတွေအတွက်က... ငါတို့ ဟန်သုန်းတက္ကသိုလ်ကနေ လူ့အရင်းအမြစ်မေဂျာ ယူထားတဲ့ လူသစ်တစ်သုတ်ကို ခန့်ထားတယ်။ အွန်လိုင်းစာပေလောကမှာ လူတွေက အလုပ်အတွက် သင့်တော်လား မသင့်တော်ဘူးလားဆိုတာကို ပြောဖို့က အဓိပ္ပာယ်မရှိဘူးကွ။ မင်းသူတို့ကို အဆင်ပြေမယ် ထင်တဲ့ တာဝန်တွေပေးလို့ရတယ်။ မင်းသင့်တော်မယ်လို့ထင်တဲ့ ဘယ်အလုပ်ကိုမဆို ပေးလိုက်ကွာ။"

ဖေးချမ့်က အမှန်တိုင်း ပြောနေခြင်း ဖြစ်ပါသည်။

ဒီလူတွေက တကယ်ပဲ လူသစ်များ ဖြစ်ကြ၏။ ဖေးချမ့်က သူတို့ အွန်လိုင်းစာပေကို ဖတ်သလားဆိုတာကိုတောင် မသိပါ။

သို့သော်လည်း မာယိချွမ်တွေးပုံကတော့ ခြားနားသည်။

ဘော့စ်ဖေးက ဘာကြောင့် အွန်လိုင်းစာပေအတွက် ဝက်ဘ်ဆိုက်တစ်ခုကို ရုတ်တရက်ကြီး တည်ထောင်ချင်တာလဲ။ သေချာပေါက် ရေပန်းစားလို့ လိုက်လုပ်တာတော့ မဟုတ်လောက်ဘူး။ ဒီလိုလုပ်တာ ပိုအရေးကြီးတဲ့ ရည်ရွယ်ချက် ရှိရမယ်။

အခုချိန်ထိ ထန်းတာ့က ခြားနားသော လမ်းကြောင်းများစွာတွင် ဖွံ့ဖြိုးတိုးတက်နေသည်။ ဖေးဟွမ်လုပ်ငန်းနဲ့ ယွီအင်တာနက်ကဖေးတို့က အပေါ်ယံက ကြည့်ရင်တော့ မသက်ဆိုင်သည့်ပုံစံပေါက်သော်လည်း ၎င်းတို့က ပဟေဠိကြီးတစ်ခု၏ အစိတ်အပိုင်းများ ဖြစ်ကြပါသည်။

ဖေးဟွမ်လုပ်ငန်းက ရုပ်ရှင်လုပ်ငန်းလောကထဲ တိုးချဲ့မှုဖြစ်ကာ ယွီအင်တာနက်ကဖေးက ဆိုင်ခန်းလုပ်ငန်းလောကထဲ တိုးချဲ့မှုဖြစ်ပြီး ထို့နောက် အွန်လိုင်းစာပေ ဝက်ဘ်ဆိုက်တစ်ခုကို ထောင်လိုက်တာကို မြင်ပါက...

သေချာပေါက် မူပိုင်ခွင့်အစီအစဥ်များအတွက် အရေးကြီးသည့် ခြေလှမ်းဖြစ်နိုင်ပါသည်။

သူတို့ IP ကောင်းကောင်း ထုတ်လုပ်နိုင်ပါက ဖေးဟွမ်လုပ်ငန်းက သေချာပေါက် ရုပ်ရှင်ပြန်လည် ရိုက်ကူးနိုင်သည်။ ထန်းတာ့ဂိမ်းကလည်း ထို IP နှင့်ပတ်သတ်သည့် ဂိမ်းတစ်ခုကို ဖန်တီးနိုင်လိမ့်မည်။ နောက်ပိုင်းတွင် ဒီလိုအမြော်အမြင်ရှိရှိ ပြင်ဆင်မှုမျိုးက အလွန်အမင်း အဓိပ္ပာယ်ရှိလာပါလိမ့်မည်။

ဝက်ဘ်ဆိုက်က အခုမှ စတင်တာ ဖြစ်သော်လည်း ဘော့စ်ဖေး၏ ကြမ်းတမ်းသော ဗျူဟာများနဲ့ ထန်းတာ့၏ ပြင်းထန်သော ဘဏ္ဍာရေးခွန်အားနဲ့သာဆို...

ဒါတောင်မှ မာယိချွမ် ပြဿနာရှာမိပါက သူ့ကိုယ်သူ အရှက်ရသင့်ပါသည်။

ဘော့စ်ဖေးက မာယိချွမ်ကို အစီအစဥ်ထဲက ဒီလောက်အရေးကြီးသည့်ခြေလှမ်းအတွက် ဘာတွန့်ဆုတ်မှုများ မရှိဘဲ တာဝန်ပေးခဲ့သည့်အတွက် သူ အလွန် ကြည်နူးသွားမိပါသည်။ သို့သော်လည်း ကြည်နူးသွားသည့်အပြင် ကိုယ့်ကိုယ်ကို သံသယဖြစ်မှုများကိုလည်း တော်တော်လေး ခံစားခဲ့ရပါသည်။

"ဘော့စ်ဖေး ကျွန်တော့်အခြေအနေကို ဘော့စ်ဖေး သိပါတယ်။ ကျွန်တော် ဒီ့အတွက် အဆင်မပြေမှာ စိုးရိမ်မိတယ်။"

"ကျွန်တော့်ဖာသာကျွန်တော်တောင် ဝတ္ထုကောင်းကောင်းမရေးနိုင်ဘူး။ ကျွန်တော်တို့ တခြားသူတွေအတွက် တာဝန်ပေးမယ်ဆိုရင် သူတို့ကို လမ်းမှားဆီ ဦးဆောင်သလိုဖြစ်သွားနိုင်တယ်။ အဲ့ဒီအချိန်ကျရင် အကျိုးဆက်တွေက ကျွန်တော်ကိုင်တွယ်ဖို့ အရမ်းကြီးမားလာနိုင်တယ်။ ကျွန်တော် နည်းနည်း..."

ဖေးချမ့်က ခပ်ကျယ်ကျယ် ပြုံးလိုက်ပါသည်။

လမ်းမှားဆီ ဦးဆောင်သွားမယ်တဲ့လား။ အဲ့လိုမှပေါ့။ မင်းကိုဘာလို့ ဒီဝက်ဘ်ဆိုက်ကို ဦးဆောင်ခိုင်းတယ် ထင်လို့လဲ။

ဝက်ဘ်ဆိုက် အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ဒီတိုင်းဘာမှမလုပ်ဘဲ ရပ်နေလို့မရတာကို ဖေးချမ့်သိပါသည်။ ထိုအချိန်ရောက်လာသည့်အခါ မအောင်မြင်သည့် ကျပန်းစာမူတချို့ကို ဝယ်ယူပြီး အချိန်ပြည့် စာရေးဆရာများကို ငှားရမ်းရမည်။ ဒါတွေက သူ လုပ်ရမည့် အရာများ ဖြစ်ပါသည်။

ဒါက ဖေးချမ့် စိတ်ပူနေရသည့်အရာလည်းဖြစ်သည်။ ဆန်းကြယ်သည့် သူ့ကံကောင်းခြင်းကို ကြည့်ခြင်းအားဖြင့် အွန်လိုင်းစာပေမှာလည်း နတ်ဘုရားတစ်ပါးဖြစ်လာနိုင်ချေရှိသည်။ Subscription ပိုင်းအရ မိုးထိုးမြင့်တက်သွားနိုင်သည့် စာအုပ်တစ်အုပ်ကို ထုတ်ဝေပြီး ဝက်ဘ်ဆိုက်ကိုပါ နာမည်ကြီးသွားအောင် လုပ်မိပါက ဖေးချမ့် ဒုက္ခကြီးကြီး ရောက်ပါလိမ့်မည်။

သူ့အတွေ့အကြုံများကြောင့် ဒါမျိုးဖြစ်မလာအောင် သတိထားရပါမည်။

ဖေးချမ့်အတွက်တော့ မာယိချွမ်က ဒါမျိုးဖြစ်မလာစေမည့် ပရီမီယံအာမခံတစ်ခုဖြစ်သည်။

သူ့ဆက်တိုက်ကျရှုံးမှုများက အွန်လိုင်းစာပေ အလုပ်လုပ်သည့်ပုံစံအား သူ့နားလည်မှုပုံစံ ပြဿနာ ကြီးကြီးမားမားရှိနေတာကို ပြသနေပါသည်။ သူက အွန်လိုင်းစာပေ၏ အဓိက စာဖတ်သူများကို သူတို့လိုချင်တာနဲ့ လုံးဝ ဆန့်ကျင်ဘက်ကို ပေးခဲ့သည့်ပုံစံ။ စာဖတ်သူ လူနည်းစုကိုတောင် စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်ခဲ့ပါ။

ဖေးချမ့်၏ စီနီယာများကတော့ သူတို့ အရင်တုန်းက အွန်လိုင်းစာပေများကို ဖတ်ဖူးခဲ့ရင်တောင် အတွင်းပိုင်းက ဖန်တီးသည့် လုပ်ငန်းစဥ်များအကြောင်း ဘာမှ မသိနိုင်ပါ။

သူတို့ ဒီလောက်တော်လျှင် သူတို့ကိုယ်ပိုင် အွန်လိုင်းစာပေများ စတင်ရေးသားခဲ့တာကြာပါပြီ။ အခုချိန်ထိ ဘာလို့ အလုပ်လက်မဲ့ဖြစ်နေကြဦးမှာလဲ။

မာယိချွမ်၏ ကိုယ်ပိုင် အကဲခတ်နိုင်စွမ်းနဲ့ နားလည်နိုင်စွမ်းတို့က အနည်းငယ်လွဲနေသည်။ သို့သော်လည်း အယ်ဒီတာများကို လမ်းညွှန်ပေးရမည်၊ စာမူများကို စစ်ဆေးရမည်၊ ညွှန်းဆိုမှုများ လုပ်ရမည်။ ထိုအခါ သူ ပိုပြီး အားမကိုးရဖြစ်လာပါလိမ့်မည်။

ထို့နောက် မှားယွင်းသည့် စာမူများကို လက်ခံမိမည်။ စာရေးဆရာများကလည်း အချိန်ပြည့် ကျရှုံးမှုများ ဖြစ်လာပါလိမ့်မည်။ ထို့နောက် စာဖတ်သူများက ဝက်ဘ်ဆိုက်ပေါ်မှာ ကောင်းကောင်းကန်းကန်း ဖတ်ရှုဖို့ကိုတောင် ရှာတွေ့မှာ မဟုတ်ပေ။ အလွန်ကြမ်းကြုတ်သည့် သံသရာတစ်ခုဖြစ်ပေါ်လာစေလိမ့်မည်။

အင်း အဆင်ပြေမယ့် ပုံစံပဲ။

ရိုးရိုးသားသား ပြောရလျှင် ဖေးချမ့်၏ စဥ်းစားဆုံးဖြတ်ပုံများက အလွန်အမင်း အဓိပ္ပာယ်မဲ့သည့်ပုံ ပေါ်နေပါသည်။ အောင်မြင်ဖို့က ဒီလောက်လွယ်ကူပါ့မလား။

သူသာ အွန်လိုင်းစာပေအတွက် ဝက်ဘ်ဆိုက်တစ်ခုကို အတည်ပေါက် တည်ထောင်လိုပါက ဖေးချမ့် ဒီလောကထဲက အတွေ့အကြုံရှိ အယ်ဒီတာများကို ဇွဲရှိရှိ ရှာဖွေကာ အလွန်တော်သည့် စာရေးဆရာများကို ရှာဖွေဖို့ ငွေတွေအများကြီး အသုံးချနိုင်ပါသည်။ ဒီလိုဆိုရင်တောင် သူ့ကျရှုံးနိုင်ချေက အလွန်များပြားသေးသည်။

ဒီလောကထဲမှာ အမြတ်ရဖို့က မလွယ်ကူပါ။

သူက ဇာတ်သိမ်းကို မပြောင်းလဲနိုင်သဖြင့် မာယိချွမ် သူ့အိပ်မက်ကို ဖြည့်ဆည်းနိုင်အောင် အစီအစဥ်တချို့လုပ်ရပါမည်။

ပိုက်ဆံဆိုတာဘာလုပ်ရမှာလဲ။ သူ့ဝန်ထမ်းများ၏ အိပ်မက်ကိုဖြည့်ဆည်းပေးဖို့က ဘော့စ်ဖေး၏ တစ်ဘဝတာ တာဝန်ဖြစ်သည်။

All Chapters