မှတ်စုစာအုပ်ထဲက အစီအစဥ်များ
Vol. 13 Ch. 194
ထန်းတာ့ဂိမ်းတွင်....
ဖေးချမ့်က သူ့မှတ်စုစာအုပ်လေးကို လှန်ကြည့်နေပါသည်။ သူအစီအစဥ်ချမှတ်ပေးရမည့် လူနှစ်ယောက် ရှိနေသေးသည်။
တကယ်တော့ ဘော့စ်ဖေး၏ မှတ်စုစာအုပ်လေးပေါ်က ပထမဆုံးသော နာမည်မှာ လင်းဝမ် မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် လင်းဝမ်က သူ့ကို အထပ်ငှားခ ယွမ် သိန်းဂဏန်းလောက်သာ သက်သာအောင် ကူညီပေးခဲ့ခြင်းဖြစ်သည်။ ထိုငွေတွေကို အခု အလွယ်လေး ဖြုန်းနိုင်ပါသည်။
ထို့အပြင် လင်းချန်းသူ့ကို ပေးထားသည့် ၂၀၀,၀၀၀ ကို ထည့်တွက်ပြီး ဘော့စ်ဖေးက လင်းဝမ်ကို သက်ညှာပေးရပါသေးသည်။
သူ့မှတ်စုစာအုပ်လေးပေါ်က ပထမဆုံးသော အမည်မှာ ချောင်းလျန်ဖြစ်သည်။
တမြန်ရက်သတ္တပတ်က အထီးကျန်ကန္တာရလမ်းကကို Update တင်လိုက်သောအခါ ဆရာချောင်းက ထန်းတာ့ကို ထပ်ပြီး ချီးကျူးခဲ့ပြန်သည်။ ရလဒ်အနေဖြင့် ဖေးချမ့်က ဆရာချောင်းကို သတ်ဖို့ လူငှားဖို့ပင် လိုအပ်လုနီးပါး ဖြစ်ခဲ့ရသည်။
ထန်းတာ့ဂိမ်းမှ အထီးကျန်ကန္တာရလမ်းကစလို့ ယခု Game Designer နဲ့ DLC များ ထုတ်လုပ်သည့်အချိန်ထိ တိုင်အောင် ဆရာချောင်းက မကျွတ်မလွတ်နိုင်သော သရဲတစ်ကောင်လိုပင်။
ယခင် ဆရာချောင်းအကြောင်းကို စတင်စုံစမ်းစဥ်ကတည်းက သူ့ကိုရှင်းထုတ်ဖို့ ဖေးချမ့် နည်းလမ်းကောင်းကောင်း ရှာမတွေ့ခဲ့ပေ။
ချောင်းလျန်က ပေကျင်းတွင် နေထိုင်သည်။ သို့သော် ပေကျင်းမြို့ခံ မဟုတ်ပါ။ ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးပုံစံမျိုး ဖြစ်၏။
အစပိုင်းက သူ့မှာ ခက်ခက်ခဲခဲဘဝနဲ့ နေထိုင်ခဲ့ရသည့်ပုံစံပင်။ အိုင်လီကျွန်းနဲ့ ပူးပေါင်းပြီးခါမှ သူ့နေထိုင်မှုအဆင့်အတန်းက တော်တော်လေး မြင့်မားသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် မက်လုံးအစီအစဥ်များနဲ့ နေ့စဥ်စပွန်ဆာများကို အားကိုးနိုင်ခဲ့သောကြောင့် ဖြစ်ပါသည်။ အဆင့်နိမ့် စပွန်ဆာများကိုပင် ငြင်းနိုင်နေပြီဖြစ်သည်။
နတ်ဘုရားအဆင့်ထုတ်ကုန်များ ခေါင်းစီးနဲ့ Game Designer ကို သူထောာက်ခံပေးလိုက်ကတည်းက ဆရာချောင်းမှာ 'ဟန်ဆောင်ခြင်းအနုပညာ မားကတ်တင်းစတိုင်'ကို ခိုကပ်လာခဲ့သည်။ ထို့နောက် ဘာမှ သိပ်ပြီး လုပ်စရာတောင် မလိုဘဲ စပွန်ဆာများကို ခေါ်ဆောင်နိုင်ခဲ့ပါသည်။
အားလုံးက အလွန်ထူးဆန်းလွန်းလှသည်။ တခြား UP မာစတာများက စပွန်ဆာများ လက်ခံသည့်အခါ ဝေဖန်ပြစ်တင်ခံရတတ်သည်။ သို့သော်လည်း ဆရာချောင်း ထိုနည်းလည်းကောင်း လုပ်သည့်အခါမှာတော့ Bullet Screen ကောမန့်များတွင် သူ့'ဟန်ဆောင်မှုကောင်းမွန်းခြင်း' သို့မဟုတ် 'လက်ရာကောင်းမွန်ခြင်း' တို့ကြောင့် ချီးကျူးမှုများဖြင့် ပြည့်နှက်နေပါသည်။
တခြား UP မာစတာများ ဒါကိုမြင်သောအခါ အလွန်အမင်း မနာလိုဖြစ်လာခဲ့သည်။
သို့သော်လည်း ဆရာချောင်းလို ထူးခြားသည့် လူမျိုးကတော့ ပြိုင်ဘက်ကင်းသည်။ ဆရာချောင်းထက် နိမ့်ကျသည့်လူ ဘယ်သူမှ မရှိပါ။
ဒီအကြောင်းအရင်းကြောင့်ပဲ ဆရာချောင်းက ထန်းတာ့ဂိမ်းကို အလွန်အမင်း ကျေးဇူးတင်နေခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူက ဒီကိစ္စတွေမတိုင်ခင်က အနည်းငယ်သာ ရေပန်းစားသည့် UP မာစတာတစ်ယောက် ဖြစ်ခဲ့သည်။ အခုတော့ အိုင်လီကျွန်း၏ ဂိမ်းချန်နယ်ပေါ်တွင် ရေပန်းအစားဆုံး UP မာစတာတစ်ယောက်ဖြစ်နေပါပြီ။ ဒါတွေအားလုံးက သူ့ကို ထန်းတာ့မှ ပခုံးထမ်းတင်ပေးခဲ့သောကြောင့်သာ။
ဖေးချမ့် သိသလောက်တော့ သူတို့ ဂိမ်းသစ်ထုတ်လုပ်လိုက်တာနဲ့ ဆရာချောင်းက လျှပ်စီးလို အမြန်နှုန်းနဲ့ ရောက်ချလာပါဦးမည်။
ပထမတော့ ဖေးချမ့်က ဆရာချောင်းကို ပြိုလဲသွားစေရန် ငွေကိုအသုံးချချင်ခဲ့သည်။ ဒီလိုလုပ်လို့ ရနိုင်ပါသည်။ သို့သော်လည်း ထို့နောက်ပိုင်း ဖြစ်လာနိုင်သည့် ပြဿနာတစ်ခုတော့ ရှိနေပါသေးသည်။
ဆရာချောင်းက ငွေလိုနေတာ မှန်သော်လည်း ဖေးချမ့်သူ့ကို ခေါ်ယူပြီးနောက် ဘာလုပ်ခိုင်းရမည်နည်း။
ထန်းတာ့ရဲ့ ဂိမ်းတွေကို ဝေဖန်ပြစ်တင်တဲ့ ဗီဒီယိုတွေ ဖေးချမ့်က ထပ်ထုတ်လုပ်ခိုင်းရမှာလား။
ဒီလိုဆို အလွန်ကျိုးကြောင်းမသင့်လျော်လှပါ။ ထို့အပြင် ဆရာချောင်းက ဘယ်လောက်ပဲ ဂိမ်းကို ပြစ်တင်ဝေဖန်ဖို့ ကြိုးစားပါစေ ပရိတ်သတ်က ကြီးမားသည့် ဟန်ဆောင်ခြင်း အနုပညာကြီးတစ်ခုအဖြစ် မြင်နေမှာကို ဖေးချမ့် စိုးရိမ်မိပါသည်။
ထို့ကြောင့် ဖေးချမ့်တစ်ယောက် အကျပ်ရိုက်နေပါသည်။
ထန်းတာ့ကိုချီးကျူးဖို့ ဆရာချောင်းကိုခိုင်းလိုက်ရင် ပိုကြော်ငြာပေးသလိုဖြစ်မှာပဲ။
ထန်းတာ့ကို ဝေဖန်ဖို့ ဆရာချောင််းကိုခိုင်းလိုက်ရင်လည်း ပိုကြော်ငြာပေးသလို ဖြစ်ဦးမှာပဲ။
ဆိုးရွားလိုက်တာ။
ဆရာချောင်း ပြိုလဲသွားဖို့ သူ့ငွေတွေကို အသုံးချစေခိုင်းနိုင်တာ ဖေးချမ့်နားလည်ပါသည်။ ဆရာချောင်း ခြေနှစ်ချောင်းနဲ့ ထပ်ပြီး မရပ်တည်နိုင်တော့လောက်အောင်ကို လုပ်နိုင်ပါသည်။ သို့သော်လည်း ဆရာချောင်းက လှဲလျောင်းလျက်သာား ငွေရှာနေရင်တောင် ဖေးချမ့်အတွက် အကူအညီဖြစ်မှာမဟုတ်ပါ။
ဒါက နာကျင်ဖို့ အကောင်းဆုံးအရာဖြစ်ပါသည်။
သို့သော်လည်း ဘာပဲဖြစ်ဖြစ် သူ ကလဲ့စား ပြန်ချေရမည်။
"ဂိမ်းသစ်ကို ထုတ်လုပ်ပြီးတာနဲ့ ကျန်တဲ့ဘက်ဂျက်တွေကို သုံးပြီး ဆရာချောင်းကို အဲ့ဒီဂိမ်းကို အခါ ၁၀၀ အောင်နိုင်အောင်ဆော့ဖို့ လုပ်ပြမယ်။ အဲ့တာက ငါ့ရင်ထဲက အငြှိုးတရားကို သင်ပုန်းချေနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ။"
ဖေးချမ့် တိတ်ဆိတ်စွာဖြင့် သူ့မှတ််စုစာအုပ်ထဲက ဒုတိယလိုင်းရှိ နာမည်ကို ငုံ့ကြည့်လိုက်ပါသည်။ လင်းဝမ်။
ဒီ့မတိုင်ခင်က လင်းဝမ်ကို ရှန်းယန်ဂိမ်းထံသို့ ပို့ဖို့ သူ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ ဒါက အကောင်းဆုံးအချိန် ဖြစ်သည်။
ရှန်းယန်ဂိမ်း၏ လက်ရှိ တည်ဆောက်ပုံက အတော်လေး ပြီးမြောက်နေပြီဖြစ်ပါသည်။ ယဲ့ကျစ်ကျိုး၏ ဖန်တီးနိုင်စွမ်းနဲ့ ဝမ်ရှောင်းပင်၏ အတွေ့အကြုံရှိ အစီအစဥ်ဆွဲမှုတို့အကြား အနည်းဆုံး လောလောဆယ်အတွက်တော့ လူမလိုအပ်သေးပါ။
သို့သော်လည်း ဝမ်ရှောင်းပင်က စနစ်ဒီဇိုင်နာ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ သူက မျက်နှာဖုံးများစွာ တပ်ထားရသူဖြစ်သည်။ လက်ရှိ တည်ဆောက်ပုံက သိပ်ပြီးကျိုးကြောင်း မသင့်လျော်လှပေ။
ဖေးချမ့်၏ မူလ လင်းဝမ်ကို ရှန်းယန်ဆီလွှတ်ဖို့ ရည်ရွယ်ချက်မှာ သူမကို အစီအစဥ်ဆွဲသူချုပ်တစ်ယောာက်၏ ဘဝက ဘယ်လောက် နာကျင်စရာကောင်းလဲဆိုတာကို ခံစားရစေဖို့ ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပဲ ထန်းတာ့ဂိမ်း၏ စိတ်ဝိညာဥ်တချို့ကိုလည်း ရှန်းယန်ဂိမ်းအား မိတ်ဆက်ပေးမည်ဖြစ်သည်။
အကောင်းဆုံးရလဒ်ကတော့ ရှန်းယန်ဂိမ်းကျရှုံးသွားခြင်းပင်။ လင်းဝမ် နေ့နေ့ညည ခါးကိုင်းအောင် အလုပ်လုပ်ရင်တောင် မကယ်နိုင်ပါ။ ဖေးချမ့်က သူမကို ဂိမ်းလောကထဲ မျှော်လင့်ချက်ဆုံးရှုံးကာ အိမ်ပြန်ပြီး မိသားစု စီးပွားရေးကိုသာ ဆက်ခံစေချင်ခြင်း ဖြစ်ပါသည်။
သာမန်ရလဒ်ကတော့ လင်းဝမ် ထိုနေရာတွင် ဘာမှ အောင်မြင်မှုမရနိုင်ခြင်းဖြစ်သည််။ သူမ ဆက်ပြီး ကြိုးစားနိုင်သော်လည်း ရှန်းယန်ဂိမ်းကတော့ ဆက်ပြီး အရှုံးပေါ်နေဦးမည်ဖြစ်သည်။ ထို့အပြင် လင်းဝမ်က ရုတ်တရက်ကြီး ဖေးချမ့်ကို အထပ်ငှားခ ဒစ်စ်ကောင့် ပေးနိုင်တော့မှာလည်း မဟုတ်ပေ။ ဒီလိုဆို သူ နှလုံးရောဂါရမှာ မဟုတ်တော့ပါ။
အဆိုးရွားဆုံး ရလဒ်ကတော့ လင်းဝမ်နဲ့ ရှန်းယန်ဂိမ်းတို့ အကြောင်းပြချက်မရှိ ရေပန်းစားလာနိုင်ခြင်း ဖြစ်ပါသည်။ ဒီလိုသာဆို သူတို့၏ ယုံကြည်ချက်များကို ပိုမိုတိုးမြင့်သွားစေလိမ့်မည်။ သို့သော်လည်း ဒီလိုဖြစ်လာနိုင်ချေ သိပ်မရှိဘူးဟု ဖေးချမ့်တွေးလိုက်မိပါသည်။
ထိုအတွေးဖြင့် ဖေးချမ့် လင်းဝမ်ကို သူ့ရုံးခန်းထဲခေါ်ကာ သူ့အစီအစဥ်ကို အသေးစိတ် ရှင်းပြလိုက်ပါသည်။ ထင်မထားစွာဖြင့် လင်းဝမ်က ချက်ချင်းပဲ ခေါင်းခါကာ သူ့ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်ပါသည်။
"ကျွန်မ မသွားနိုင်ဘူး။"
ဖေးချမ့် အနည်းငယ် ကြောင်သွား၏။ သူ ဘာလို့ ဒီလောက်ပြတ်သားရတာလဲ။
တခြားသူတွေသာ ရာထူးတိုးခံရကြောင်း သိလိုက်ရလျှင် အများစုက ပျော်ရွှင်လွန်းသဖြင့် နေရာမှာပင် မျက်ရည်များဝဲလာနိုင်သည်။ တစ်ဖက်မှာတော့ လင်းဝမ်က နည်းနည်းလေးတောင် စိတ်မလှုပ်ရှားပါ။ သူမက ဖေးချမ့်ကို ဆုံးဖြတ်ချက်ပြတ််သားစွာဖြင့် ငြင်းတောင် ငြင်းဆန်နေပါသည်။
လင်းဝမ်က အတည််ပေါက် ပြန်ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ကျွန်မ ရှင့်ရဲ့ သဘောကောင်းတဲ့ ရည်ရွယ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်ရှင်။ ဒါပေမယ့် လောလောဆယ် ကျွန်မ အဲ့လောက် မတော်သေးလို့ပါ။"
"ကျွန်မ ထန်းတာ့မှာပဲ ဆက်ရှိနေနိုင်ဖို့ မျှော်လင့်ပါတယ်။အနည်းဆုံး 'အရှုံးပေးပြီး ကယ်တင်ခြင်း ခံစေ' ဂိမ်းကို ထုတ်လုပ်ပြီးတဲ့ အချိန်အထိ နေချင်ပါသေးတယ်။ ကျွန်မ အတွေ့အကြုံ ပိုယူချင်သေးတယ်။"
ဖေးချမ့် ဆွံ့အသွားရသည်။
တကယ့် ဒုတိယမျိုးဆက် သူဌေးသမီးတစ်ယောက်ပါလား။ စိတ်ပျက်စရာကြီး။
လင်းဝမ်က ရာထူးတိုးတာကို လုံးဝ ဂရုမစိုက်ပါ။ သူမ အိမ်ပြန်ပြီး ကိုယ်တိုင်ဘော့စ်လုပ်ဖို့ ငွေတောင်းလိုက်ရင်တောင် အမြန်ဆုံး အဆင့်မြင့်သွားနိုင်သည်။
လင်းဝမ်လိုချင်တာာက ပရီမီယံဂိမ်းများကို ဖန်တီးရာတွင် သင်ခန််းစာနဲ့ အတွေ့အကြုံများဖြစ်သည်။ သူမ၏ လုပ်ဖော်ကိုင်ဖက်များနဲ့ ဘေးချင်းယှဥ်အလုပ်လုပ်ပြီး အတွေ့အကြုံ လိုချင်သည်။ သူမ ထန်းတာ့က ပရောဂျက်များအတွက် အလုပ်လုပ်ရတာကို ပျော်ပါသည်။ တခြားနေရာကို သွားဖို့ ဆန္ဒမရှိပါ။
အချိန်ယူပြီး စမ်းသပ်ထားခဲ့ရသည့် ပထမနေရာ ရှင်းထုတ်ခြင်း စနစ်က ဒီလိုထင်မထားသည့် အတားအဆီးမျိုးနဲ့ ကြုံရလိမ့်မည်ဟု ဖေးချမ့် ထင်မထားခဲ့ပါ။
ဒါက ဒုတိယမျိုးဆက်သူဌေးတွေရဲ့ စူပါပါဝါများလား။
သို့သော်လည်း ဖေးချမ့်က ဒီလိုအသေးစား ပြဿနာလေးကြောင့် အရှုံးပေးမှာ မဟုတ်ပါ။ သူ့ဘီးလုံးထဲက စက်သွားများက လျှင်မြန်သော အရှိန်ဖြင့် လည်ပတ်နေသည်။ ချက်ချင်းဆိုသလိုပဲ အိုင်ဒီယာကို ဖော်ပြဖို့ နောက်ထပ် နည်းလမ်းတစ်ခု စဥ်းစားမိလိုက်ပါသည်။
"ငါတို့ ကုမ္ပဏီထဲက လူတွေက ကိုယ့်အစွမ်းအစကို တော်တော် အထင်သေးတတ်ကြတာပါလား။ ဟုတ်တာပေါ့ ဒါလည်း ပုံမှန်ပါပဲ။ အရမ်းထူးချွန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ အများကြီးနဲ့ အလုပ် အတူတူလုပ်ရတဲ့အခါ ကိုယ့်ကိုယ်ကို ညံ့ဖျင်းတယ်ဆိုတဲ့ ခံစားချက် ဝင်လာဖို့ လွယ်တယ်။ ဒါပေမယ့် နင်က ဒီရာထူးကို လက်ခံဖို့ လုံလုံလောက်လောက် တော်တယ်ဆိုတာကိုတော့ ယုံကြည်ရမယ်။"
ဖေးချမ့်က ရပ်တန့်သွားပြီး လင်းဝမ်ကို သုန်မှုန်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ "ရှန်းယန်ဂိမ်းရဲ့ ရာထူးက အရမ်းကို အရေးကြီးလို့ပါ။ နင်ကလွဲပြီး ဘယ်သူမှ တာဝန်ယူနိုင်မှာ မဟုတ်ဘူး။"
လင်းဝမ်က တွန့်ဆုတ်သွားသည်။ "ဟင် ဟုတ်လား။"
'နင်ကလွဲပြီး ဘယ်သူမှ တာဝန်ယူနိုင်မှာ မဟုတ်ဘူး' ဟူသည့် စကားလုံးများကိုကြားလိုက်ရသောအခါ လင်းဝမ် စိတ်ဝင်စားသွားမိပါသည်။
ဖေးချမ့်က မတ်တပ်ရပ်လိုက်ပြီး ရှေ့သို့ ၂ လှမ်းတိုးလိုက်ပါသည်။ ထို့နောက် သူရှင်းပြလိုက်၏။ "ရှန််းယန်ဂိမ်းက အရှုံးတွေပေါ်နေတာ ကြာပြီ။ အခု ထန်းတာ့က သူတို့ကုမ္ပဏီကို ဝယ်လိုက်ပြီဆိုတော့ အတွင်းအပြင် အကုန်ပြောင်းလဲရတော့မယ်။"
"ဒါပေမယ့် အဲ့ဒီပြောင်းလဲမှုတွေကို အလောတကြီးတော့ သွားလုပ်လို့မရဘူး။ ငါတို့ တစ်ဆင့်ချင်းလုပ်ဆောင်ရမယ်။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီတစ်ခုဆိုတာ ညတွင်းချင်း ပြောင်းလဲလိုက်လို့ မရဘူးမလား။"
"နင်က နင့်ပခုံးပေါ်မှာ အရမ်းအရေးကြီးတဲ့ တာဝန်နှစ်ခုကို ထမ်းထားရမှာ။"
"ပထမတစ်ခုက ထန်းတာ့ဂိမ်းနဲ့ ရှန်းယန်ဂိမ်းတို့အကြားက ဆက်သွယ်ရေးအမှတ်တစ်ခု ဖြစ်လာဖို့ပဲ။ အဲ့မှာ တာဝန်ရှိတဲ့သူက ယဲ့ကျစ်ကျိုးတဲ့။ သူက တောာ်တော့်ကို သတိကြီးတတ်တယ်။ အဲ့တာကြောင့် သူမလုပ်ရဲတဲ့ အခါတွေကျရင် နင်က သူ့ကိုယ်စား ဆုံးဖြတ်ချက် ချပေးရမယ်။ အဲ့ဒီနောက် အဲ့ဒီဆုံးဖြတ်ချက်တွေကို ငါ့ဆီ ပြန်ပို့ဆောင်ပေးရမယ်။ ငါအကြောက်ဆုံးက သူတို့ ငွေသုံးရမှာကို စိုးရိမ်နေကြမှာ မျိုးကိုပဲ။
"ဒုတိယတစ်ခုအနေနဲ့ နင်က ထန်းတာ့ဂိမ်းရဲ့ စိတ်ဝိညာဥ်ကို သယ်ဆောင်သူလုပ်ပေးရမယ် နင်က ထန်းတာ့ဂိမ်းရဲ့ စိတ်ဝိညာဥ်ကိို ရှန်းယန်းဂိမ်းဆီ ဖြည်းဖြည်းချင် သယ်ဆောင် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ သူတို့ကို အဖွဲ့တည်ဆောက်ခြင်းလှုပ်ရှားမှုတွေအတွက် ခေါ်လာတာပဲဖြစ်ဖြစ်၊ သူတို့လစာနဲ့ အကျိုးခံစားခွင့်တွေကို တိုးပေးတာမျိုးပဲဖြစ်ဖြစ် ထန်းတာ့ဂိမ်းရဲ့ သာဓကတွေကို သူတို့ အတုယူလာတတ်ဖို့ နင်ဖြည်းဖြည်းချင်းကူညီပေးနိုင်ဖို့ မျှော်လင့်တယ်။"
"နင် ရလဒ်တချို့ ရအောင် လုပ်နိုင်ခဲ့ရင် နင့်ကိုယ်ပိုင် ပရောဂျက်တစ်ခုကို ကိုင်တွယ်နိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြပြီးသား ဖြစ်သွားမယ်။ အဲ့ကျရင် နင့်အိပ်မက်တွေကို နားလည်ဖို့ သိပ်မဝေးနိုင်တော့ဘူး။"
"အဲ့တာကြောင့် ဒီရာထူးက နင့်အတွက် အတော့်ကို စိန်ခေါ်မှုရှိတဲ့ ရာထူးဖြစ်လာမှာ။ နင်က စိန်ခေါ်မှုတစ်ခုကို ရင်မဆိုင်ချင်ဘဲ လှည့်ထွက်သွားတော့မှာလား။"
လင်းဝမ်က ချက်ချင်းပဲ ခေါင်းခါလိုက်ပါသည်။ "မထွက်ပါဘူး။"
သူမ စက္ကန့်ပိုင်းလောက် တွန့်ဆုတ်သွားပြီးနောက် ထပ်ပြောလိုက်သည်။ "ဒါဆို... ကျွန်မ အနာဂတ်ကျရင် ထန်းတာ့ဆီ ပြန်လာနိုင်ဦးမလား။"
ဖေးချမ့်က အနည်းငယ်ပြုံးလိုက်သည်။ "ဒါပေါ့။ ထန်းတာ့က အမြဲတမ်း နင့်အိမ်ဖြစ်နေမှာပါ။ နင့်ရဲ့အလုပ်စားပွဲကို အလွတ်အတိုင်း ထားထားပေးမယ်။ နင်ပြန်လာချင်တဲ့အခါတိုင်း ပြန်လာလို့ရတယ်။"
လင်းဝမ်က ခေတ္တစဥ်းစားလိုက်ပြီး ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပြီ ကျွန်မဒီတာဝန်ကို လက်ခံပါတယ်"