← Chapters

အစီအစဥ်သစ်တစ်ခု

Vol. 13 Ch. 195

အစီအစဥ်သစ်တစ်ခု

Vol. 13 Ch. 195

လင်းဝမ်ကို ပြန်လွှတ်ပြီးနောက် ဖေးချမ့် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ပါသည်။

ဟင်းဟင်း ကောင်မစုတ်လေး နင်နဲ့ စာရင်းရှင်းလိုက်နိုင်ပြီ မဟုတ်လား။

လင်းဝမ်၏ အားနည်းချက်ကို ဖေးချမ့် သိထားပါသည်။ သူမက ပြင်းထန်သော လေ့ကျင့်ခြင်းများဖြင့် သူမ၏ ကိုယ်ပိုင်အစွမ်းအစကို တိုးတက်အောင်လုပ်ဖို့ အလွန်အမင်း စိုးရိမ်ပူပန်တတ်သူဖြစ်သည်။ ဒီတာဝန်က သူမကို ပိုမိုရင့်ကျက်လာအောင် ကူညီပေးနိုင်လိမ့်မည်ဟု အယုံသွင်းနိုင်ပါက သူမ သဘောတူပါလိမ့်မည်။ ဖေးချမ့် သူမကို လစာမပေးရင်တောင် ရပါသည်။

အနှစ်ချုပ်ပြောရလျှင် လင်းဝမ်ကို ရှန်းယန်ဂိမ်းသို့ ပို့လိုက်သောကြောင့် သူမ နှိပ်စက်ခံရမှာ သေချာသလောက်ရှိသွားပါပြီ။

ထို့အပြင် ဖေးချမ့်က သူမကို လုံလုံလောက်လောက် အရိပ်အမြွက်များ ပေးထားပြီးသား ဖြစ်ပါသည်။

လမ်းခုလတ်တွင် သူတို့ ငွေလိုအပ်နေသည်ဟု လင်းဝမ် ခံစားမိမှာကို ဖေးချမ့် စိုးရိမ်ခဲ့သည်။ သူမ အစ်ကိုကြီးကို လင်းဝမ် ငွေသွားတောင်းပါက ဖေးချမ့် ဘယ်လိုလုပ်မည်နည်း။ ထို့ကြောင့် ဒါက လင်းဝမ်၏ စွမ်းရည်အား စမ်းသပ်ချက်ကြီးကြီးမားမား တစ်ခုဖြစ်ကြောင်း တမင်သက်သက် အရိပ်အမြွက်ပေးလိုက်ခြင်းဖြစ်ပါသည်။ သူမ၏ စွမ်းရည်ကို ပရောဂျက်တစ်ခုအား အမှီအခိုကင်းကင်း တာဝန်ယူနိုင်သည့်အထိ မြေတောင်မြှောက်ပေးလိမ့်မည်ဟု သူပြောခဲ့ပါသည်။

ဒီလိုသာဆို သူမ၏ ကိုယ်ပိုင် အစွမ်းအစကို သက်သေပြဖို့အတွက် လင်းဝမ်က သူမမိသားစုကို အကူအညီသွားတောင်းတော့မှာ မဟုတ်ပါ။ သူမ အောင်မြင်နိုင်ချေကလည်း အတော််လေး နည်းပါးသွားလိမ့်မည်။

ပြီးပြည့်စုံသော အစီအစဥ်တစ်ခုဖြစ်သည်။

ဖေးချမ့်က သူ့မှတ်စုစာအုပ်လေးကို ပိတ်လိုက်ပါသည်။ လောလောဆယ်တော့ ပုန်းကွယ်နေသည့် အန္တရာယ်အများစုကို ရှင်းလင်းပြီးပါပြီ။ ကုမ္ပဏီနှစ်ခုစလုံးအတွက် အနည်းနဲ့အများ အစီအစဥ်ချပြီးသွားပါပြီ။

သို့သော်လည်း ဒါက ခရီးလမ်းရှည်ကြီးအတွက် ပထမဆုံး ခြေလှမ်းတစ်ခုသာရှိပါသေးသည်။ ဘာပဲဖြစ်ဖြစ် သူ့လုပ်ငန်းက အခုအလွန်ကြီးမားလွန်းနေပါပြီ။ ကဏ္ဍတိုင်းကို သတိထားရမည်။

ငွေစာရင်းရှင်းချိန်မတိုင်ခင် ပိုက်ဆံအားလုံးဖြုန်းဖို့နဲ့ အရှုံးပေါ်ရန် သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘော့စ်ဖေး ဆက်လက်ပြီး ကြိုးစားနေရပါဦးမည်။

ဒီလိုနဲ့ ဖေးချမ့် ထွက်လာပြီး ယွီအင်တာနက်ကဖေး၏ အခြေအနေကို စစ်ဆေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

မင်ယွမ်ဗီလာအတွင်းက ယွီအင်တာနက်ကဖေး ဆိုင်ခွဲတွင်...။

ဒီဆိုင်ခွဲက ယွီအင်တာနက်ကဖေးများအကြား အဆိုးရွားဆုံးဖြစ်သည်။

ကျန်းယွမ်နဲ့ မာယန်တို့က ဖေးချမ့်ကို အပြင်မှာ စောင့်ကြိုနေကြပါသည်။ ဖေးချမ့် ဝင်သွားတော့ ဘေးပတ်လည်ကို ကြည့်လိုက်၏။

အင်း... ဒါမျိုးမှ ရင်းနှီးတဲ့ ခံစားချက်မျိုး။

ဆိုင်ထဲမှာ လူအနည်းငယ်သာရှိိသည်။ ကွန်ပျူတာ များစွာကလည်း အလွတ်အတိုင်းရှိနေ၏။ ကော်ဖီနယ်မြေမှာလည်း အေးစက်ခြောက်ကပ်နေပါသည်။ ဘားထိုင်ကလည်း မတ်တပ်ကြီး အိပ်ပျော်နေသည်။ ထို့အပြင် ကတ်စတမ်မာထက် စားပွဲထိုးက ပိုများနေပါသည်။

ယွီအင်တာနက်ကဖေးဆိုတာ ဒီလိုမှပေါ့။

ယွီအင်တာနက်ကဖေး မူရင်းဆိုင် ရေပန်းစားလာကတည်းက ဖေးချမ့် မသွားတော့ပါ။

ချန်းလျဲ့က ရှန်ဟိုင်းကို ပြန်သွားပြီဖြစ်သော်လည်း ဆိုင်ထဲမှာ သူထားခဲ့သည့် ဂုဏ်သတင်းများက ကျန်ရစ်နေဆဲဖြစ်သည်။ လူများစွာက ယွီအင်တာနက်ကဖေး မူရင်းဆိုင်သို့ နေ့စဥ် ရောက်လာတတ်ကြသည်။ အရှုံးကလည်း အမြတ်အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပါပြီ။

ချန်းလျဲ့က ယွီအင်တာနက်ကဖေး မူရင်းဆိုင်ကို ထာဝရနာမည်ကြီးအောင် လုပ်ပေးသွားသည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် ဖေးချမ့်က ထိုရင်ကွဲစရာနေရာကို ရှောင်ရှားချင်ခဲ့ပါသည်။

သူ ကျပန်းခုံတစ်ခုံတွင် ထိုင်လိုက်သည်။ စားပွဲထိုးတစ်ယောက်က သူ့ကို ကော်ဖီလာချပေးသည်။ ယွီအင်တာနက်ကဖေး၏ အကောင်ကြီးသုံးကောင် သောက်စရာရှိတာ သောက်ကြရင်း စကားပြောနေကြပါသည်။

မာယန်နဲ့ ကျန်းယွမ်တို့ သဘောပေါက်သည့် အကြည့်မျိုးဖြင့် အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့ရင်ထဲမှာတော့ နားလည်နေကြပါပြီ။

ဘော့စ်ဖေးက ဒီဆိုင်ကို ရွေးရသည့် အကြောင်းအရင်း ရှိပါသည်။

ဒီ့မတိုင်ခင်က သူတို့ မူရင်းဆိုင်မှာပဲ တွေ့ဆုံနေကျဖြစ်သည်။ ဒီတစ်ခေါက် မင်ယွမ်ဗီလာက လူသူကင်းမဲ့တဲ့ ဆိုင်ခွဲမှာ ဘာကြောင့် တွေ့နေကြတာလဲ။ ဘော့စ်ဖေးက သူတို့ကို အရိပ်အမြွက်တစ်ခုခုပေးနေခြင်းပင်။ မူရင်းဆိုင်က ရေပန်းစားလာပြီဖြစ်သဖြင့် သူတို့ သိပ်ပြီး အာရုံစိုက်ဖို့ မလိုတော့ပါ။

ယခု မင်ယွမ်ဗီလာဆိုင်ခွဲက ဆိုင်အားလုံးထဲမှ အဆိုးဆုံးဆိုင်ဖြစ်သည်။ အများဆုံးအရှုံးပေါ်နေသည့် ဆိုင်လည်း ဖြစ်ပါသည်။ နောက်ထပ် ခြေလှမ်းက ဒီဆိုင်၏ အရှုံးကို အမြတ်အဖြစ် ပြောင်းလဲဖို့ ဖြစ်နိုင်သည်။ ဘော့စ်ဖေးက ဆိုင်တွေအားလုံးထဲမှ ဒီဆိုင်ကို ရွေးလိုက်ခြင်းကြောင့် သူတို့အတွက် ဒီပြဿနာက ပိုမိုရှင်းလင်းသွားပါသည်။

သူတို့ ဘော့စ်ဖေး၏ ရည်ရွယ်ချက်ကို နားလည်ရမည်။ သူတို့ မင်ယွမ်ဗီလာဆိုင်ခွဲကို နောက်ထပ် အောင်မြင်လာသည့်ဆိုင်ဖြစ်အောင် အမြန်ဆုံးကြိုးစားရပါမည်။

မာယန်က အလွန်အားအင်တက်ကြွနေပါသည်။ ဝိတ်တောင် နည်းနည်းတက်လာသည့်ပုံပင်။

ယခုယွီအင်တာနက်ကဖေး မူရင်းဆိုင်၏ အရှုံးက အမြတ်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သဖြင့် ဖေးချမ့်ရှေ့မှာ သူက လုံးဝ လူအသစ်တစ်ယောက်လိုပင်။ သူ့လမ်းလျှောက်ပုံ လမ်းလျှောက်နည်းကတောင် ယုံကြည်ချက်ပိုပြည့်ဝလာသလိုလိုရှိပါသည်။

ဒီတစ်ခေါက် သူ့ကိုယ်ပိုင်အစီအစဥ်များကို ပို၍ပင် ယုံကြည်ချက်ရှိလာပါသည်။

"ညီအစ်ကိုချမ့် ငါမူရင်းဆိုင်အကြောင်း သတင်းကောင်း ပေးစရာ ရှိတယ်။"

ဖေးချမ့် ဘယ်ဘက်မျက်ခွံ ပြင်းပြင်းထန်ထန် လှုပ်ခါသွားပါသည်။ သူမျက်နှာတည်တည်ထားဖို့ ကြိုးစားရင်း ပြောလိုက်ပါသည်။ "ပြောပါ"

မာယန်က စိတ်လှုပ်ရှားနေမှန်း သိသာသည်။ "ချန်းလျဲ့ မူရင်းဆိုင်မှာ သီချင်းဆိုပြီးကတည်းက အရက်ရောင်းအားက ရတဲ့ ဝင်ငွေက ဆက်တိုက်တိုးလာခဲ့တာ။ အခု ငါတို့ အရှုံးကို လုံးဝ ကာမိသွားပြီ။ အမြတ်တွေတောင် ရနေပြီ။"

"ဒါတင်မကသေးဘူး။ ငါတို့ အဆိုတော်တွေကလည်း ပိုပိုတော်လာကြပြီ။ သူတို့ ချန်းလျဲ့အကြောင်း ကြားသွားကြတော့ ကျင်းကျိုးမြို့ခံ အဆိုတော်တွေ အများကြီး ငါတို့ မူရင်းဆိုင်ဆီ အပြေးရောက်လာကြတယ်။ ငါတို့အဆိုတော်တွေရဲ့ အရည်အသွေးကလည်း အတော်လေးကို တိုးတက်လာခဲ့တယ်။”

ဖေးချမ့် နားထောင်ရင်း ရင်ထဲစတင်နာကျင်လာပါသည်။ ဒီလိုဖြစ်လာမှာ ကြိုတင်ခန့်မှန်းပြီးသား ဖြစ်သော်လည်း အခုတော့ နာကျင်နေဆဲပင်။

ချန်းလျဲ့က ရေပန်းစားလာပြီး ပရိတ်သတ်အုပ်လိုက်ကြီးတစ်စုကို မူရင်းဆိုင်သို့ဆွဲခေါ်နိုင်ခဲ့သည်။ ယွီအင်တာနက်ကဖေးက အခုဆို ခရီးသွားဧည့်သည် လှည့်လည်မှုနေရာအသေးစားလေးဖြစ်နေပါပြီ။ ထို့ကြောင့် ထူးချွန်သည့် အဆိုတော်များကလည်း သူတို့ဆီမှာ ဖျော်ဖြေဖို့အတွက် ချဥ်းကပ်လာကြသည်။

ချန်းလျဲ့ မရှိတော့ရင်တောင် ယွီအင်တာနက်ကဖေးမူရင်းဆိုင်က မြင့်မားသည့် အရက်ရောင်းအားကို ဆက်လက်ထိန်းသိမ်းနိုင်ဦးမည်ဖြစ်ပါသည်။

နောက်ပိုင်း အချိန်အတော်ကြာသည့်တိုင်အောင် ယွီအင်တာနက်ကဖေး မူရင်းဆိုင်မှ အဆိုတော်များက ကျင်းကျိုးမြို့မှာ သို့မဟုတ် ဟန်တုံးပြည်နယ်တစ်ခုလုံးမှာတောင် အတော်ဆုံးများဖြစ်လာနိုင်ပါသည်။ ဒါက ရွှေဆိုင်းဘုတ်ကြီးတစ်ခု ထောင်ထားတာနဲ့ ညီမျှပါသည်။

ကောင်းတာတစ်ခုက မူရင်းဆိုင်တစ်ခုတည်းသာ ရှိနေခြင်းပင်။ တခြားဆိုင်ခွဲများကတော့ ထိုနည်းလည်းကောင်း အကျိုးခံစားခွင့်များ လောလောဆယ် မရကြသေးပါ။

မာယန်က ဆက်ပြောသည်။ "ညီအစ်ကိုချမ့် အဲ့တာကြောင့် ဒီပုံစံကွက်ကို ရေပန်းစားအောင် လုပ်သင့်တယ်လို့ ငါခံစားမိတယ်။"

"တကယ်တော့ ငါတို့ အင်တာနက်ကဖေးကို ဘားအဖြစ် လုံးဝ ပြောင်းလဲပစ်လိုက်လို့တောင် ရတယ်။ အဲ့တာာဆို ငါတို့အရက်ရောင်းအားကရတဲ့ ဝင်ငွေ ပိုတိုးလာနိုင်တယ်..."

ဖေးချမ့်က ချက်ချင်းပဲခေါင်းခါလိုက်ပါသည်။ "မဟုတ်သေးဘူး မာကြီး။ မင်းက အမြင်ကျဥ်းလွန်းတယ်။"

မာယန် ဆွံ့အသွားပါသည်။

တစ်ဖက်မှာတော့ ကျန်းယွမ်က ဘာမှမပြောဘဲ ပြုံးနေပါသည်။

တွေ့လား ဘော့စ်ဖေးက သဘောတူမှာ မဟုတ်ဘူးလို့ ငါပြောသားပဲ။

ကျန်းယွမ်က မာယန်ကို လေးစားသွားမိပါသည်။ အခုချိန်ထိကို ဘော့စ်မာက ဘော့စ်ဖေး၏ ရည်ရွယ်ချက်များအား နားမလည်နိုင်သေးပါ။ သူ့နားလည်နိုင်စွမ်း စကေးက စကားလုံး နည်းနည်းလောက်နဲ့ ဖော်ပြဖို့ ခက်ခဲလှသည်။

ဒီလိုဆိုရင်တောင် ဘော့စ်ဖေးက သူ့ကို မစွန့်လွှတ်ခဲ့ပါ။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးက တကယ်ပဲ ခိုင်မာလွန်းပါသည်။

အရင်တုန်းက ညီအစ်ကိုမာက ဘော့စ်ဖေးကိုယ်စား ကျည်ဆံတွေ ဘာတွေများ ဝင်ကာပေးဖူးလို့လား။

ဘော့စ်ဖေးက လုပ်ငန်းမျိုးစုံ ပုံစံမျိုး ဖန်တီးချင်တာ သိသာပါသည်။ လုပ်ငန်းတစ်ခုတည်း မလည်ပတ်ချင်ပါ။ အင်တာနက်ကဖေးကို အရက်ရောင်းအားတိုးမြင့်ဖို့လောက်အတွက်နဲ့ ဘားအဖြစ်ပြောင်းလဲလိုက်ခြင်းက တကယ်ပဲ အမြင်ကျဥ်းမြောင်းပါသည်။ ဘော့စ်ဖေး ဒါမျိုးကို သဘောတူလိုက်လျှင် အံ့သြဖို့ကောင်းနေလိမ့်မည်။

ဘော့စ်ဖေး၏ အစီအစဥ်က မူရင်းဆိုင်၏ ရေပန်းစားမှုအပေါ် လိုက်ပါစီးနှင်းကာ တခြား ယွီအင်တာနက်ကဖေးဆိုင်ခွဲများကိုလည်း ရေပန်းစားအောင်လုပ်ဖို့ဖြစ်သည်ဟု ကျန်းယွမ်က ခန့်မှန်းထားပါသည်။

ကျန်းယွမ် အပျော်လွန်သွားမိပါသည်။

သူ ဘော့စ်ဖေးအတွက် အလုပ်စလုပ်ကတည်းက သူ တော်တော်လေး တိုးတက်လာတာကို သတိထားမိပါသည်။

အစကတော့ ဘော့စ်ဖေး၏ ရည်ရွယ်ချက်များကို နားလည်ဖို့ သူ့အတွက်ခက်ခဲခဲ့ပါသည်။ နောက်ပိုင်း တစ်စိတ်တစ်ပိုင်းကို နားလည်လာခဲ့သည်။ နောက်ဆုံးတော့ မကြာသေးခင်ကမှ ဘော့စ်ဖေး၏ နောက်ထပ်လှုပ်ရှားမှုက ဘာဖြစ်မလဲဆိုတာကိုတောင် သူခန့်မှန်းနိုင်နေပါပြီ။ မကြာခဏဆိုသလို သူတစ်စိတ်တစ်ပိုင်းကို မှန်အောင်ခန့်မှန်းနိုင်ခဲ့ပါသည်။

ဒါတွေအားလုံးက သူ့အမြင် ကျယ်ပြန့်လာပြီဆိုတာကိုသက်သေပြနေခြင်းပင်။ နောက်ဆုံးတော့ ဘော့စ်ဖေးနဲ့ တွေးပုံခေါ်ပုံချင်းနီးစပ်လာခဲ့ပြီ>

ဖေးချမ့်က ကော်ဖီကိုသောက်ရင်း အေးအေးဆေးဆေး မေးလိုက်ပါသည်။ "ယွီသရေစာကော ဘယ်လိုနေလဲ။"

မာယန်က အမြန်ပြန်ဖြေလိုက်ပါသည်။ "ယွီသရေစာလုပ်ငန်းရဲ့ ဂုဏ်သတင်းကလည်း ကောင်းပါတယ် ငါတို့ အစားအသောက်တွေ စားဖူးတဲ့ လူတွေက တုန့်ပြန်မှုကောင်းကောင်း ပေးကြတယ်။ အစားအသောက်က ကျန််းမာရေးနဲ့ကိုက်ညီပြီး သန့်ရှင်းမှုအတွက်လည်း စိတ်ပူစရမလိုဘူးလို့ ပြောကြတယ်.... အာ ပြီးတော့ ငါတို့ ဒလီဗာရီသမားတွေအတွက်လည်း တုန့်ပြန်မှု ကောင်းကောင်း ပေးကြပါတယ်။"

"ဒါပေမယ့်... အမြတ်ရဖို့တော့ အကွာအဝေးတစ်ခု လိုနေတုန်းပဲ။"

'အကွာအဝေးတစ်ခု' ဆိုတာ ချုံ့ပြောလိုက်ခြင်းသာ ဖြစ်သည်။ တကယ်က အမြတ်ရဖို့ အဝေးကြီး လိုနေပါသေးသည်။

ကျန်းယွမ်လည်းဒီပုံစံကွက်ကို လျှို့ဝှက်စွာ လေ့လာခဲ့ပါသည်။ သူ့လေ့လာချက်၏ ရလဒ်ကတော့ သူတို့ အချိန်တိုအတွင်း အမြတ်ရနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာပင်။

အနာဂတ်တွင် သူတို့ လုပ်ငန်းကို တိုးချဲ့ပြီး ပိုကျယ်ပြန့်သည့် နေရာတစ်ခုကို လွှမ်းမိုးနိုင်လျှင် ပြောင်းလဲနိုင်သည်။ ဒီလိုဆို အစားအသောက်များပို့ဆောင်ပေးခြင်း၊ ဇွန်းခွက် ပန်းကန်များ သိမ်းယူခြင်း၊ ဇွန်းခွက် ပန်းကန်များ ပိုးသတ်ခြင်း စသည်တို့အတွက် လူအင်အား ငှားခြင်းမှ အကျိုးကျေးဇူးများကို အပြည့်အဝ ခံစားနိုင်ပါလိမ့်မည်။

ဖေးချမ့်က ခေါင်းငြိမ့်လိုက်ပါသည်။ ဒီ သတင်းကြောင့် ကျေနပ်သွားတာ သိသာပါသည်။

ဆက်ပြီး သည်းမခံနိုင်တော့သဖြင့် ကျန်းယွမ်က အခြေအနေကိုစတင် လေ့လာဆန်းစစ်ပါသည်။

ထူးဆန်းတယ်။ ဘော့စ်ဖေးက တခြား ဆိုင်ခွဲတွေ ဘယ်လိုနေလဲမမေးဘူး။ အဲ့ဒီအစားယွီသရေစာ လုပ်ငန်းအကြောင်းပဲ မေးတယ်။ ဒါဆို နောက်တစ်ဆင့်မှာ သရေစာတွေအတွက် အဓိက အာရုံစိုက်မယ်ဆိုတယ် သဘောလား။ သူက မူရင်းဆိုင်ရဲ့ရေပန်းစားမှုကို အသုံးချပြီး ယွီသရေစာလုပ်ငန်းကိုပါ ပိုလူသိများလာစေချင်တာာလား။

ကျန်းယွမ်က ဇဝေဇဝါဖြင့်သူကို ကြည့်နေတုန်း ဖေးချမ့်က နောက်တစ်ဆင့်၏ အစီအစဥ်ကို ယုံကြည်ချက်ပြည့်ဝစွာ ကြေညာလိုက်ပါတော့သည်။

"ဒါတွေပြီးရင် ငါတို့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းထဲ ခြေချကြမယ် ငါတို့ လေဆန်ထောက်ပံ့ပို့ဆောင်ရေးလို့ခေါ်တဲ့ ကုမ္ပဏီသစ်တစ်ခုကို စတင်ကြမယ်။"

All Chapters