← Chapters

ဒီဂိမ်းက မယုံနိုင်စရာ ကောင်းအောင် စုတ်ပြတ်တာပဲ

Vol. 14 Ch. 197

ဒီဂိမ်းက မယုံနိုင်စရာ ကောင်းအောင် စုတ်ပြတ်တာပဲ

Vol. 14 Ch. 197

"ငါကစားလိုက်တာ ဘာဂိမ်းကြီးလဲ..."

လင်းဝမ် သူမ လက်ပ်တော့ကို ပိတ်လိုက်ကာ အတွေးထဲ နစ်မျောသွားပါသည်။

ဒီဂိမ်းနာမည်က Bloody Battle Song ဟုခေါ်သည်။ အဆိုးဝါးဆုံးဂိမ်းဟူသော သူမ၏ အမြင်ကိုတောင် လုံးဝ ပြောင်းလဲပေးလိုက်သည့် ဂိမ်းဖြစ်ပါသည်။

ဒီလို အမှိုက်သရိုက်ဆန်တဲ့ဂိမ်းမျိုး တကယ်ကြီး ရှိနေတာလား။

Update တင်ထားတာ မှန်သော်လည်း အဓိက ပြောင်းလဲမှုများက ဂိမ်းကစားနည်းနဲ့ ဒီဇိုင်းပိုင်းသာ ဖြစ်သည်။

ဘယ်လိုပြောင်းလဲမှုတွေပဲလုပ်လုပ် Bloody Battle Song က Web-Based ဂိမ်း (ဝက်ဘ်ဆိုက်ထဲ ဝင်ကစားနိုင်သော အသေးစားဂိမ်းမျိုး) ဖြစ်နေဦးမည်ဖြစ်သည်။ သူမ ဂိမ်းထဲကို စဝင်လိုက်တာနဲ့ ဆက်မကစားချင်တော့လောက်မည့် အကြောင်းအရင်းပေါင်းစုံကို ရှာတွေ့ခဲ့ပါသည်။

ရုပ်ထွက်များက စုတ်ပြတ်လွန်း၏။ လွန်ခဲ့သည့် ရာစုနှစ်လောက်က ပေါ်ထွန်းခဲ့သော ပန်းချီစတိုင်များဖြင့် ပြည့်နှက်နေသည်။ ဂိမ်းထဲက ဇာတ်ကောင်များကလည်း ရှုပ်ထွေးနေသည့် ကနုတ်ပုံစံများဖြင့် ဝတ်စားဆင်ယင်ထားကြသည်။ စတိုင်လုံးဝမကျသည့် ချပ်ဝတ်တန်ဆာများလည်း ပါသေးသည်။ ၎င်းတို့ခန္ဓာကိုယ်အား ရစ်ပတ်နေသည့် ရွှေရောင် Effect များက ပုံကြီးချဲ့ထားပြီး အပေါစားဆန်နေသည့်ပုံပေါက်နေသည်။ တစ်ယောက်ချင်းစီတိုင်း၏ နောက်ကျောတွင် ရောင်စုံအတောင်ပံများတောင် ပါပါသေးသည်။

နောက်ခံပန်းချီကလည်း ရှုပ်ထွေးနေ၏။ အထူးသဖြင့် ကစားသမားအများစု စုစည်းကြသည့် အဓိက မြို့တော်တွင် ဖြစ်သည်။ လူတစ်ယောက်ချင်းစီတိုင်းက ရောင်စုံ ချပ်ဝတ်တန််ဆာ ကိရိယာမျာား ဝတ်ဆင်ထားကြသည်။ ဇာတ်ကောင်များ၏ ခေါင်းပေါ်မှာလည်း အချက်အလက်များစွာကို မြင်နိုင်သည်။ ၎င်းတို့၏ ID များ၊ Guild များ၊ နာမည်ပြောင်များ စသည်တို့ဖြစ်သည်။ မြင်ကွင်းတစ်ခုလုံးက အလွန့်အလွန် ရှုပ်ရှပ်ခတ်နေကာ မလိုအပ်ဘဲ ရှုပ်ထွေးနေပါသည်။

ဂိမ်းက ကစားသမားကို တခြားကစားသမားများအား မြင်နိုင်ခွင့်ပေးထားသည်။ ကစားသမားတစ်ယောက် ဂိမ်းထဲဝင်လိုက်တာနဲ့ သူ့ကိုယ်သူ မြေပုံပေါ်မှာ မြင်နိုင်ပါသည်။

သို့သော်လည်း ဒီလိုခွင့်ပြုလိုက်ခြင်းအားဖြင့် အကျည်းတန်သည့် အမှန်တရားက ပေါ်လာ၏။ အလွန်အေးစက်ခြောက်ကပ်ကာ လူသူကင်းမဲ့လွန်းနေပါသည်။ မလှမပ တည်နေရာများကိုလည်း ကစားသမားများက ပိုပြီးရှင်းရှင်းလင်းလင်းမြင်နိုင်လာ၏။

ဂိမ်း၏ ဂီတ Vibe များက လွန်ခဲ့သည့် ၁၀ နှစ်တာကာလကို ပြန်ရောက်သွားသလို ခံစားရစေသည်။ မဆိုးရွားသော်လည်း ကစားသမားတွေကို ဂိမ်းထဲ စိတ်မနှစ်နိုင်အောင် အနှောင့်အယှက်ပေးနေသလိုပင်။

အရေးအကြီးဆုံးအချက်ကတော့ Web-based ဂိမ်းတစ်ခု ဖြစ်နေခြင်းပင်။ ဆိုလိုရင်းက ၎င်း၏ ပန်းချီအရင်းအမြစ်အများစုကို အွန်လိုင်းပေါ်မှာ ဒေါင်းလုတ်ဆွဲရသည်။

သူတို့ နောက်ခံပန်းချီသစ်တစ်ခုနဲ့ မြေပုံအသစ်တစ်ခုထဲဝင်ရောက်လိုက်တိုင်း ပန်းချီအရင်းအမြစ်များကို အပြည့်အဝ ဒေါင်းလုတ်ဆွဲလို့ မပြီးသေးသဖြင့် ဖန်သားပြင်ပေါ်တွင် ဒေါင်းလုတ်အတန်းလေးတစ်ခုက ပေါ်လာလိမ့်မည်။ ထိုအတန်းလေးက 'လိုအပ်သည့် အရင်းအမြစ်များ ဒေါင်းလုတ်ဆွဲနေသည်' ဟုပြောပါလိမ့်မည်။

ကစားသမားများအားလုံးက မည်းမည်းသဲသဲ တိတ်ဆိတ်သောာ အရိပ်များ ဖြစ်သွားကြလိမ့်မည်။ ခဏလောက်ကြာမှ မြေပုံ၏ နောက်ခံပန်းချီလည်း ပေါ်လာပါလိမ့်မည်။

နောက်ခံပန်းချီ မကြာခဏပြောင်းသည့် နေရာများမှာဆို တစ်ခါပြောင်းလဲသွားတိုင်း ကစားသမားများ အိပ်ငိုက်သွားကြပါလိမ့်မည်။

ဂိမ်းကစားနည်းက ပို၍ပင် အညံ့စားဆန်ပြီး ရိုးရှင်းနေပါသေးသည်။ ကစားသမားအားလုံး လုပ်ဖို့လိုတာဆိုလို့ သားရဲများကို သတ်ဖြတ်၊ Level မြှင့်ကာ မစ်ရှင်များကို ပြီးအောင်လုပ်ဖို့ ဖြစ်ပါသည်။ 'ငြီးငွေ့ဖွယ်ကောင်းပြီး ဒိတ်အောက်နေတယ်' ဟုပြောရင်တောင် ဂိမ်းကိုချီးကျူးရာ ကျနေပါဦးမည်။

လင်းဝမ် ဂိမ်းကို ကစားကြည့်သည့် ၅ မိနစ်စလုံးတွင် နှာခေါင်းရှုံ့နေမိပါသည်။ တစ်ချိန်လုံး သူမ တစ်ခုသာ ခံစားမိသည်။

အဆင့်နိမ့်လိုက်တာ။

သူမကို တစ်ယောက်ယောက်က ငွေပေးပြီး ကစားခိုင်းရင်တောင် ဒီဂိမ်းကို ကစားမှာ မဟုတ်ပေ။

လင်းဝမ်က စတင်ပြီး နောင်တရလာပါပြီ။ သူမ ဘော့စ်ဖေးကို အလွန်ယုံကြည်ခဲ့မိသည်။ ထို့ကြောင့်လည်း သိပ်ပြီးများများစားစား မတွေးတောဘဲ ဒီတာဝန်ကို လက်ခံခဲ့ခြင်း ဖြစ်သည်။ ရှန်းယန်ဂိမ်း၏ အခြေအနေကို သူမအနည်းငယ်တော့ သိထားပါသည်။ ဒီဂိမ်းကုမ္ပဏီက အတော်လေး ကျရှုံးခဲ့သည့် ဂိမ်းတစ်ခုကို ထုတ်လုပ်ခဲ့တာကိုလည်း သူမ သိပါသည်။

သို့သော်လည်း ဂိမ်းက ဒီလောက်ထိ ဆိုးဝါးလိမ့်မည်ဟု ထင်မထားခဲ့ပေ။

လင်းဝမ်၏ စိတ်ထဲမှာတော့ ဒီကျရှုံးမှုက ဆန်းစထရိုက်ခ်စတူဒီယို၏ Bullet Hole ထက်တောင် အဆင့်ပေါင်းများစွာ ပိုဆိုးပါသည်။

Bloody Battle Song ကို စမ်းကစားကြည့်ပြီးနောက် ဒါက အဆင့်ပေါင်းများစွာတင်မကဘဲ နှစ်ပေါင်းများစွာလောက် ခေတ်နောက်ကျနေတာကို နားလည်လိုက်ရပါသည်။ ဒီဂိမ်းက သူမကို လွန်ခဲ့သည့် ၁၀ နှစ်တာကာလကို ပြန်ရောက်သွားစေပါသည်။

ဂိမ်းကို ခဏလောက် ကစားပြီးနောက် လင်းဝမ် သက်တောင့်သက်သာမရှိလာရုံမကသေးဘဲ ဖေးချမ့်၏ ဆုံးဖြတ်ချက်ကိုလည်း သံသယနဲ့ ဇဝေဇဝါဖြစ်မှုတို့ ဖြစ်ပေါ်လာမိသည်။

ဘာလို့... ဘော့စ်ဖေးက ဒီဂိမ်းကုမ္ပဏီကို ဝယ်လိုက်တာလဲ။

သူမ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် ဒီဂိမ်းကုမ္ပဏီနဲ့ ထိုက်တန်သည့် ရလဒ်က တစ်ခုပဲ ရှိသည်။ စျေးကွက်ထဲမှ လုံးဝ ပျောက်ကွယ်သွားဖို့ ဖြစ်ပါသည်။

ဒီကုမ္ပဏီက ဒေဝါလီခံသွားသင့်သည်။ ဒီဂိမ်းကို ဖန်တီးခဲ့သည့် ဒီဇိုင်နာကလည်း အလုပ်လုပ်ဖို့ တခြားကုမ္ပဏီကို ရှာနေသင့်ပြီ။ ဘယ်ကုမ္ပဏီမှ လက်မခံပါက လုပ်ငန်းကိုတောင် ပြောင်းပစ်လိုက်သင့်ပါသည်။

ဒီဂိမ်း၏ အခြေအနေတစ်ခုတည်းကို ကြည့်ရင်တောင် ထိုဒီဇိုင်နာက ဂိမ်းလောကထဲမှာ ဆက်ရှိမနေသင့်တော့ပြီဆိုတာကို လင်းဝမ် သိနိုင်ပါသည်။

ဒါတောင် ဘော့စ်ဖေးက ကုမ္ပဏီအား ဝယ်ယူခဲ့၏။ ထို့အပြင် သူကိုယ်တိုင် လူသစ်တစ်ယောက်ကို ရာထူးတိုးပေးခဲ့ပြီး ကုမ္ပဏီကို ပြုပြင်ဖို့ အကြံများစွာပေးခဲ့သည်ဟုဆိုသည်။

လင်းဝမ် ကစားခဲ့သည့် ဂိမ်းကလည်း ဘော့စ်ဖေး ချမှတ်ခဲ့သည့် ပြောင်းလဲမှုများ၏ ရလဒ်ဖြစ်သည်။ သို့သော်လည်း အမြတ်ရနိုင်မည့် ဂိမ်းတစ်ခုဖြစ်ဖို့တော့ အဝေးကြီး လိုနေပါသေးသည်။

လင်းဝမ် စတင်ပြီး နောက်ဆုတ်မိနေပါပြီ။ သူမ ထပ်ပြီး ရှေ့မတိုးနိုင်တော့ပါ။ ထန်းတာ့ဂိမ်းမှာပဲ 'အရှုံးပေးပြီးကယ်တင်ခြင်းခံစေ' ဂိမ်းကို လေ့လာဖန်တီးနိုင်ပါကဘယ်လောက် ကောင်းလိုက်မလဲ။

ဘော့စ်ဖေးလည်း ထိုနေရာမှာ ရှိနေပြီး ကုမ္ပဏီတစ်ခုလုံးကို ကြည့်ရှုစောင့်ရှောက်နေပါသည်။ ဆိုလိုရင်းက ထိုဂိမ်းလည်း အားပေးခံရနိုင်ခြေ များသည်။ ရောင်းအားများ မိုးထိုးတက်သွားနိုင်သည်။ ထုတ်လုပ်ရေး အဖွဲ့၏ မန်ဘာတစ်ယောက်အဖြစ် လင်းဝမ်လည်း ကိုယ့်ကိုယ်ကို ဂုဏ်ယူနိုင်ပါသည်။

သို့သော်လည်း ယခုတော့ ရှန်းယန်ဂိမ်းသို့ သူမ လွှဲပြောင်းခံရကာ Bloody Battle Song ကို လေ့လာနေရပါသည်။ ဇာတ်လမ်းက လုံးဝ ခြားနားနေ၏။

သူမ ဂိမ်းကို အောင်အောင်မြင်မြင်နဲ့ထုတ်လုပ်နိုင်မလား မထုတ်လုပ်နိုင်ဘူးလား ဆိုတာတောင် မစဥ်းစားနိုင်ပါ။ သူမ ထုတ်လုပ်နိုင်ရင်တောင် ဂိမ်းကို ခေတ်ရေစီးကြောင်းပေါ်က ဂိမ်မာမျာားက အပြင်းအထန် ဝေဖန်ပြစ်တင်ကြပါလိမ့်မည်။

လင်းဝမ်က ဒီလိုဂိမ်းမျိုးကို သူမ ဖန်တီးခဲ့သည်ဟု အတန်းဖော်များနဲ့ သူငယ်ချင်းများကို ပြောရမှာ ရှက်မိပါလိမ့်မည်။

သို့သော်လည်း ဒီစီစဥ်မှုနောက်ကွယ်မှာ ဘော့စ်ဖေး တစ်ယောက်လုံး ရှိနေတာကို ပြန်သတိရသွားပြီးနောက် နစ်မြုပ်နေသည့် ပိုမို နက်နဲသော အဓိပ္ပာယ်တစ်ခု ရှိနေဦးမည်ဟု လင်းဝမ် ခံစားမိပါသည်။

ဘာပဲဖြစ်ဖြစ် သူမ၏ တာဝန်ကို အသေးစိတ် ရှင်းပြနေတုန်းက ဘော့စ်ဖေး သူမအပေါ် မျှော်လင့်ချက် မြင့်မြင့်မားမား ထားနေသည့်ပုံပေါက်ပါသည်။ သူမက ကုမ္ပဏီနှစ်ခုအကြား 'ဆက်သွယ်ရေးခလုတ်တစ်ခု' ဖြစ်ရုံတင်မကဘဲ 'ထန်းတာ့ဂိမ်း၏စိတ်ဝိညာဥ် သယ်ဆောင်သူ'လည်း ဖြစ်ပါလိမ့်မည်။

သူမ ဒီတိုင်း လက်လျှော့လိုက်ပါက ဘော့စ်ဖေး၏ ရည်ရွယ်ချက်အစစ်အမှန်များကို ဘယ်တော့မှ နားလည်မှာ မဟုတ်လောက်ပါ။ ဒီစီစဥ်မှုက သူမပိုသန်မာလာစေဖို့ သော့ချက် ဖြစ်နိုင်သည်။

လင်းဝမ်ဒီကိစ္စတွေအကုန်လုံးကို အကြာကြီး စဥ်းစားခဲ့၏။ နောက်ဆုံးတော့ သူမဆုံးဖြတ်ချက် ချလိုက်ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဘော့စ်ဖေးက ထန်းတာ့ဂိမ်းကုမ္ပဏီထဲက သူမ၏ အလုပ်စားပွဲကို အလွတ်အတိုင်း ထိန်းသိမ်းထားပေးလိမ့်မည်။ သူမ ပြန်သွားချင်သည့်အချိန် ပြန်သွားနိုင်သည်။ ဒီအခွင့်အရေးကို ယူပြီး ရှန်းယန်ဂိမ်းတွင် သူမကိုယ်သူမ စိန်ခေါ်လိုက်ပါမည်။ ဒါက ရှားရှားပါးပါး လုပ်နိုင်သည့် အခွင့်အရေးမျိုးလည်း ဖြစ်သည်။

ရှန်းယန်ဂိမ်းတွင်...

အစည်းအဝေးခန်းထဲ၌...

ယဲ့ကျစ်ကျိုး၊ ဝမ်ရှောင်းပင်နဲ့ တခြားသူများအားလုံး စားပွဲ၏ တစ်ဖက်တွင်ထိုင်နေသည့် လင်းဝမ်ကို တိုးတိုးတိတ်တိတ် အကဲခတ်နေကြပါသည်။ လင်းဝမ်က ရှန်းယန်ဂိမ်းကို အခုမှ ရောက်လာသူဖြစ်သည်။ သူမက စာအုပ်သေးသေးလေး ကိုင်ထားကာ ယုံကြည်မှု မရှိသည့် အလုပ်သင်တစ်ယောက်လို ဖြစ်နေပါသည်။

သို့သော်လည်း အားလုံးအတွက်တော့ လင်းဝမ်က သူမ၏ မှတ်စုစာအုပ်ထဲ မှတ်တမ်းများ အပြင်းအထန် ချရေးနေခြင်းဖြင့် အားလုံးကို စိတ်ဖိစီးအောင် လုပ်နေပါသည်။ ထန်းတာ့မှ ရွှေ့ပြောင်းလာခဲ့သည့် ဒီခခေါင်းဆောင်ရှေ့မှာ အားလုံးစိတ်ဖိစီးကာ စိတ်မသက်မသာ ဖြစ်နေကြပါသည်။

အဓိက ပြဿနာက သူတို့ ဘော့စ်ဖေး ဘာတွေ တွေးနေလဲဆိုတာကို မခန့်မှန်းတတ်ခြင်းပင်။

ဘော့စ်ဖေးက ရှန်းယန်ဂိမ်းကို ယုံတာလား မယုံတာလား။

မယုံဘူးလို့လည်း ပြောလို့မရပါ။ သူက ဂိမ်းအသစ်အတွက် ဒီဇိုင်းအစီအစဥ်အတွက် ရှန်းယန်ဂိမ်းကိုသာ အပြည့်အဝ တာဝန်ပေးခဲ့သည်။ အစီအစဥ်ဆွဲသူချုပ်အသစ်ကလည်း ရှန်းယန်ဂိမ်းထဲက လူသစ်တစ်ယောက်သာ ဖြစ်ပါသည်။ ကုမ္ပဏီ၏ တည်ဆောက်ပုံကလည်း မပြောင်းလဲသေးပါ။

သို့သော် ယုံတယ်လို့လည်း ပြောလို့မရပေ။ သူတို့ ဂိမ်းသစ်ကိုထုတ်ခါနီးဆဲဆဲကြမှ ဘာကြောင့် ထန်းတာ့က လူတစ်ယောက်ကို လွှဲပြောင်းလိုက်ရတာလဲ။

ဘော့စ်ဖေး၏ သတ်မှတ်ချက်အရ လင်းဝမ်က ဖန်တီးရေး ဒါရိုက်တာအသစ်ဖြစ်လိမ့်မည်။ ရှင်းရှင်းပြောရလျှင် ဖန်တီးသူတစ်ယောက် ဖြစ်ပါလိမ့်မည်။ သို့သော်လည်း နေ့စဥ် အော်ပရေးရှင်းများကို စီမံနိုင်သည့် ရာထူးမျိုးနဲ့ လူပုံစံနဲ့တော့မတူပေ။ သူမက စောင့်ကြည့်သူတစ်ယောက်နဲ့ ပိုတူပါသည်။

ယခု ရှန်းယန်ဂိမ်းတွင် အဓိက သော့ချက် ရာထူး ၃ ခုရှိသည်။ ယဲ့ကျစ်ကျိုးက ဂိမ်းများ၏ အထွေထွေအစီအစဥ်ချမှန်မှုနဲ့ ဖန််တီးမှုတို့ကို တာဝန်ယူထားသည်။ ဝမ်ရှောင်းပင်က စနစ်ဒီဇိုင်းနဲ့ စီမံခန့်ခွဲမှုအပိုင်းကို တာဝန်ယူထား၏။ လင်းဝမ်ကတော့ ကုမ္ပဏီထဲမှာ ချမှတ်မည့် အရေးကြီးသည့် ဆုံးဖြတ်ချက်တိုင်းကို ရွေးချယ်နိုင်သည့် ဗီတိုအာဏာကို ပိုင်ဆိုင်ထားပါသည်။

ဒီ့မတိုင်ခင်က ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင််းပင်တို့ ကုမ္ပဏီထဲက အစီအစဥ်ချမှတ်မှုအားလုံးကို တာဝန်ယူနိုင်သည်။ သူတို့ ဘော့စ်ဖေးကို တိုက်ရိုက် အစီရင်ခံနိုင်သည်။

သို့သော် အခုတော့ ယဲ့ကျစ်ကျိုးတို့နဲ့ ဘော့စ်ဖေးအကြားတွင် ဖန်တီးမှုဒါရိုက်တာ လင်းဝမ် ရှိနေပါပြီ။

အစီအစဥ်ဆွဲသူချုပ်ဖြစ်လာပြီးနောက် အရှုံးကို အမြတ်အဖြစ် မပြောင်းလဲနိုင်ခဲ့သဖြင့် ယဲ့ကျစ်ကျိုးတစ်ယောက် ဘော့စ်ဖေးရဲ့ ယုံကြည်မှုကိုများ ဆုံးရှုံးသွားပြီလားဟု လူများစွာက တွေးနေကြပါသည်။ အဲ့တာကြောင့်ပဲ ဘော့စ်ဖေးက ထန်းတာ့က ခေါင်းဆောင်တစ်ယောက်ကို ရှန်းယန်ဂိမ်းဆီ လွှဲပြောင်းလိုက်ရတာပဲ မဟုတ်လာား။

ထိုအချိန်တွင် ရှန်းယန်ဂိမ်းတစ်ခုလုံး ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေပါသည်။

အစကတော့ ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ ၎င်းတို့၏ လုပ်ငန်းအားလုံးကို လင်းဝမ်ဆီ ပြသချင်သော်လည်း လင်းဝမ်က ထင်မထားစွာဖြင့် သူတို့ကို ခေါင်းရှောင်သွားပါသည်။

အားလုံးရှေ့မှာလည်း စကားပြောနည်းသည်။ အားလုံးကို ချွေးသိပ်ပြီး စိတ်အေးစေဖို့အတွက် ဝတ်ကျေတမ်းကျေ စကားတချို့သာ ပြောပါသည်။ ထို့နောက် ဘေးမှာပဲ တခြားသူတွေစကားကို တိတ်ဆိတ်စွာ နားထောင်နေတတ်ပါသည်။

ထို့ကြောင့် အစည်းအဝေးခန်းထဲကလူအားလုံးလည်း ဆက်လက် အူကြောင်ကြောင် ဖြစ်နေကြဆဲ ဖြစ်သည်။ ယဲ့ကျစ်ကျိုးက Bloody Battle Song : အရမ်းကြမ်းသည့် Version ၏ ဒီဇိုင်းကို အားလုံးအား စတင်ရှင်းပြလိုက်ပါသည်။

လင်းဝမ်ဘေးက နားထောင်နေရင်း စာအုပ်ထဲမှာလည်း ချမှတ်နေပါသည်။ ထို့နောက် သူမ စိတ်ထဲမှာ ? များ ပေါ်လာသည်။ ဒါဘာလဲ။ အဲ့တာကော ဘာကြီးလဲ။

All Chapters