← Chapters

ဒါရိုက်တာလင်းက အစွမ်းအစရှိသားပဲ

Vol. 14 Ch. 199

ဒါရိုက်တာလင်းက အစွမ်းအစရှိသားပဲ

Vol. 14 Ch. 199

Web-based ဂိမ်းများနဲ့ Client-side ဂိမ်းများအကြားက ခြားနားချက်ကို လင်းဝမ် တိတိိကျကျ ဖော်မပြနိုင်သော်လည်း ဒီလိုအရာမျိုးကို လုပ်ရသည့် စွန့်စားမှုကို သူမ အကြမ်းဖျင်း နားလည်နိုင်ပါသည်။

Client-side ဂိမ်းများနဲ့ Web-based ဂိမ်းများက ခြားနားပါသည်။

ဆိုလိုရင်းက ၎င်းတို့၏ ထုံးစံဂိမ်းကစားနည်းမျာား၊ ဗဟိုချက်နဲ့ ပစ်မှတ််ထားသည့် ပရိသတ်တို့ကအစ အလွန်ခြားနားပါသည်။

အရူးလုံးလုံးတွေကသာ Web-based ဂိမ်းတွေကို Client-side အဖြစ်ပြောင်းရတာ လွယ်ကူသည်ဟု ထင်ကြပလိမ့်မည်။

အဆင့်မြင့်တစ်ခုမှ အဆင့်နိမ့်တစ်ခုသို့ ပြောင်းလဲခြင်းကတော့ လွယ်ကူနိုင်လိမ့်မည်။ ဥပမာ Client-side ဂိမ်းများမှ Web-based ဂိမ်းများအဖြစ်၊ သို့မဟုတ် Web-based ဂိမ်းများမှ မိုဘိုင်းဂိမ်းများအဖြစ် ပြောင်းလဲခြင်း စသည်တို့ဖြစ်သည်။

သို့သော်လည်း ဒီလိုဆိုရင်တောင် ဂိမ်းမှ အထူးထောက်ပံ့မှုများ လိုအပ်ပါသေးသည်။

Web-based ဂိမ်းမှ Client-side ဂိမ်းအဖြစ် ပြောင်းလဲခြင်းမျိုးကဲ့သို့ ပြောင်းပြန်ပြောင်းလဲဖို့ ကြိုးစားပါက ပြောင်းလဲရမည့်အရာ များစွာရှိလိမ့်မည်။ အားလုံးကို သုညက ပြန်လည် သင်ယူရသလိုမျိုး ခက်ခဲပါလိမ့်မည်။

သို့သော်လည်း ရှန်းယန်ဂိမ်းက Bloody Battle Song : အကြမ်းဆုံး Version ဂိမ်းကို ဖန်တီးမှုအား အတည်ပြုပြီးပါပြီ. ဒီဇိုင်းမူကြမ်းတောင် ပြီးမြောက်နေပါပြီ။ ထို့အပြင် ဘော့စ်ဖေး၏ ဆုံးဖြတ်ချက် ဖြစ်သဖြင့် ဘယ်သူ့မှ စိတ်ရှိတိုင်း ပြောင်းလဲလို့ မရပါ။

ဆိုလိုရင်းက သူတို့ ဒီလောက်ငွေအများကြီး သုံးဖို့အတွက်ဆို Mini-client ဂိမ်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ခြင်းက တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါလိမ့်မည်။

ဝမ်ရှောင်းပင် ပြောသလိုမျိုးပဲ ဂိမ်းကို Mini-client လုပ်လိုက်ခြင်းဖြင့် ဆက်နွယ်နေသည့် စွန့်စားမှု ကြီးကြီးမားမားတွေလည်း ရှိနေပါသေးသည်။

ကစားသမားများက Client-side ဂိမ်းများနဲ့ ယှဥ်လျှင် Mini-client ဂိမ်းများအတွက် ဒေါင်းလုတ်ဆွဲရသည့် အရင်းအမြစ်က ပိုနည်းသွားမည်။ သို့သော်လည်း ရုပ်ထွက်ကတော့ Web-based ဂိမ်းများထက် ပိုကြည့်ကောင်းမည်။ အပေါ်ယံကြည့်ရင်တော့ နှစ်ဖက်စလုံးအတွက် အဆင်ပြေသည့် ဖြေရှင်းချက် တစ်ခုလို့ ထင်ရပါသည်။

သို့သော် နောက်ထပ်ရှုထောင့်တစ်ခုက ကြည့်ပြန်ရင်လည်း နှစ်ဖက်စလုံး ကျရှုံးနိုင်သည့် နည်းလမ်း တစ်ခုဖြစ်သွားနိုင်သေးသည်။

Client-side ဂိမ်မာများအတွက် ဂိမ်းအသစ်အတွက် ရုပ်ထွက်များက သာမန် Client-side ဂိမ်းထက်တော့ ပိုဆိုးနေသည့်ပုံပေါက်ပါလိမ့်မည်။

Web-based ဂိမ်မာများအဖို့ Content ကိုဒေါင်းလုတ်ဆွဲခိုင်းခြင်းက ဒုက္ခများစေပါလိမ့်မည်။ သူတို့ ဂိမ်းကို သူတို့ဝင်ချင်သည့်အချိန်တိုင်း ဝင်လို့မရတော့တာက အားနည်းချက်ဖြစ်သွားနိုင်သည်။

နှစ်ဖက်စလုံးက ကစားသမားများ ဂိမ်းကို သဘောမကျနိုင်ခြေလည်း ရှိနေသည်။ ထိုအခါ လုံးဝ ကျရှုံးသွားပါလိမ့်မည်။

အားလုံး လင်းဝမ်ကို လှည့်ကြည့်လိုက်ကြသည်။ ဒါရိုက်တာ တစ်ယောက်အနေနဲ့ သူမက ဆုံးဖြတ်ချက် ချရပါလိမ့်မည်။

လင်းဝမ်တစ်ယောက် ရင်ထဲမှာ စတင် ကယောက်ကယက် ဖြစ်လာခဲ့သည်။

သူမ ထန်းတာ့မှာရှိခဲ့စဥ်က တာဝန်တချို့ကို ဦးဆောင်ရတာမျိုးရှိသည်။ သို့သော်လည်း ဒီလောက်အရေးကြီးသည့် ဆုံးဖြတ်ချက်မျိုးတော့ တစ်ခါမှ မချခဲ့ရဖူးပါ။

ဒီလိုဆုံးဖြတ်ချက်မျိုးက နောက်ထပ် လအနည်းငယ်လောက်အထိ အားလုံး၏ လုပ်ငန်းကို သက်ရောက်မှုရှိနိုင်သည်ဆိုတာကို နားလည်ထားရမည်။ ယွမ် သန်းချီပမာဏနဲ့လည်း ဆက်နွယ်နေပါသည်။

သူတို့အောင်မြင်ပါက ဘာမှ ပြောဖို့ မလိုတော့ပါ။

သို့သော်လည်း ကျရှုံးသွားပါက အားလုံးလုပ်ခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။ ထို့အပြင် သူတို့ ငွေတွေကို အလကားသက်သက် ဖြုန်းမိသလို ဖြစ်သွားပါလိမ့်မည်။

လင်းဝမ် ဒီလို ဝန်ထုပ်ဝန်ပိုးမျိုးကို ထမ်းထားရသဖြင့် အလွန်အမင်း ဖိအားများလာသည်။ စိတ်ထဲမှာလည်း ရှောင်ထွက်သွားပြီး ဘော့စ်ဖေးနဲ့ သွားတိုင်ပင်ချင်စိတ်များ ပေါ်လာသည်။

သို့သော်လည်း နောက်တစ်ခေါက်ပြန်တွေးကြည့်သောအခါ သူမ မလုပ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဘော့စ်ဖေးက သူမကို ရှန်းယန်ဂိမ်းအား ဦးဆောင်ခိုင်းလိုက်ခြင်းမှာ သူမကို မျှော်လင့်ချက် မြင့်မြင့်ထားသောကြောင့် ဖြစ်ပါသည်။ သူမ ဘော့စ်ဖေးကို ကိစ္စအသေးအဖွဲတိုင်း လိုက်ပြီး တိုင်ပင်နေပါက သူမက တယ်လီဖုန်းတစ်လုံးနဲ့ တူမသွားနိုင်ဘူးလား။ သူမ ဘော့စ်ဖေးကို စိတ်ပျက်စေပါလိမ့်မည်။

လင်းဝမ် အတွေးများ နက်နဲသွားခဲ့ပါသည်။

ငါသာ ဘော့စ်ဖေးဆို အခုချိန် ဘာလုပ်မလဲ။

ဟူး... စိတ်အေးအေးထားစမ်း။ ဘော့စ်ဖေးက အမြဲတမ်း ထင်မထားစရာ ဆုံးဖြတ်ချက်တွေချည့်ပဲ ချလေ့ရှိတယ်။ ဒါပေမယ့် သေသေချာချာလေ့လာကြည့်တဲ့အခါ သူ ဆုံးဖြတ်ချက်တွေက ကျိုးကြောင်း သင့်လျော်နေလေ့ရှိတယ်။

ဘော့စ်ဖေးက ခန့်မှန်းဘက်ဂျက်ကို လျှော့ချလိုက်ပါ့မလား။ မဖြစ်နိုင်ပါဘူး။ ဘော့စ်ဖေးက ကစားသမားတွေ Mini-client ကို ကြိုက်မလား မကြိုက်မလားဆိုတာကို ဂရုစိုက်နေမလား။ သူ ဂရုစိုက်မယ် မထင်ဘူး။

ဘော့စ်ဖေးက ဆုံးဖြတ်ချက်ကို ကစားသမားတွေအတွက် ချမှတ်ပေးတာပဲ။ သူတို့အစပိုင်းမှာ လက်ခံမလား လက်မခံဘူးလားဆိုတာကိုဂရုစိုက်မှာမဟုတ်ဘူး။

အဲ့တာကြောင့်... ဘော့စ်ဖေးဘာလုပ်မလဲဆိုတာ တော်တော်လေး သိသာနေပြီ...။

ခေတ္တစဥ်းစားကြည့်ပြီးနောက် လင်းဝမ် ပြတ်သားစွာ ပြောလိုက်ပါသည်။ "ကျွန်မတို့ Mini-client ဂိမ်းတစ်ခုပဲ လုပ်ကြမယ်။ ကျွန်မတို့ ဒီဇိုင်းပိုင်းကို ဘာမှမပြောင်းလဲဘူး။ ကျွန်မတို့ ပန်းချီအရင်းအမြစ်တွေအကုန်လုံးကို အဆင့်မြှင့်ပြီး 2D ကနေ 3D အဖြစ် ပြောင်းလဲလိုက်မယ်။"

လင်းဝမ် အတော်လေး ယုံကြည်ချက်ပြည့်ဝနေသည့်ပုံပေါက်ပါသည်။

ဒီယုံကြည်ချက်၏ အရင်းအမြစ်က သူမရင်ထဲက မဟုတ်ဘဲ ဘော့စ်ဖေး လုပ်မည့်အရာကို တိတိကျကျ ခန့်မှန်းနိုင်ခြင်းကြောင့်ပဲ ဖြစ်ပါသည်။

ဒါက ထန်းတာ့ဝန်ထမ်းတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို ပျိုးထောင်မှုပဲ။

အစည်းအဝေးပြီးနောက်...

ယဲ့ကျစ်ကျိုးက ကိုယ့်အလုပ်စားပွဲကိုယ် ပြန်လာပြီး သူ့ခန့်မှန်းဘက်ဂျက်နဲ့ လိုအပ်ချက်ဖောင်ကို စတင် ပြုပြင်ပါသည်။ သူတို့ ခန့်မှန်းဘက်ဂျက် နဂိုထက် ၂ ဆ တိုးသွားတာ ကောင်းတော့ကောင်းပါသည်။ သို့သော်လည်း ယဲ့ကျစ်ကျိုးအတွက် လိုအပ်ချက်ဖောင််မျိုးစုံကို ပြုပြင်နေရာတာ စိတ်ပျက်ဖို့ကောင်းလှပါသည်။

ကံကောင်းစွာဖြင့် ကောင်းသော စိတ်ပျက်ခြင်းမျိုး ဖြစ်၏။

သူအလုပ်များနေစဥ် ဖုန်းဖန်သားပြင် ရုတ်တရက် မီးလင်းလာ၏။ လှမ်းကြည့်လိုက်သောအခါ ဘော့စ်ဖေးထံမှ မက်ဆေ့ဖြစ်ကြောင်း မြင်လိုက်ရပါသည်။

"အခြေအနေ ဘယ်လိုရှိလဲ။"

ယဲ့ကျစ်ကျိုး ချက်ချင်းပဲ တက်ကြွသွား၏။ ကောင်းတယ်ဟေ့ ဘော့စ်ဖေးဘက်က ငါ့ကို အရင်မေးလိုက်ပြီ။

ယဲ့ကျစ်ကျိုးက လင်းဝမ်၏ ဆုံးဖြတ်ချက်ကို စိတ်ပူနေဆဲ ဖြစ်ပါသည်။

ခန့်မှန်းဘက်ဂျက်ကို ၂ ဆတိုးပြိး Web-based ဂိမ်းမှ Mini-client ဂိမ်းအဖြစ်သို့ ပြောင်းလဲခြင်းက အတော်လေး စွန့်စားရာကျသော လှုပ်ရှားမှု ဖြစ်သည်။ ဘော့စ်ဖေး၏ အတည်ပြုချက် မပါရင် ယဲ့ကျစ်ကျိုး စိတ်မအေးနိုင်ပါ။ သို့သော်လည်း ဒီကိစ္စကို ဘော့စ်ဖေးအား သူ့ဘက်က အစီရင်ခံလိုက်လို့တော့ မဖြစ်ပေ။ သူ ဖော်ကောင် ဖြစ်သွားနိုင်သည်။

အမှန်ပင်။ အခုတော့ ဘော့စ်ဖေးဘက်က အရင်ဆုံး သူ့ကို မေးလာတာ အဆင်ပြေပါသည်။

ယဲ့ကျစ်ကျိုးလည်း ခပ်မြန်မြန်ပဲ အစည်းအဝေးပွဲ၏ ရလဒ်ကို ဘော့စ်ဖေးအား ရှင်းပြပေးလိုက်သည်။ အဓိကအားဖြင့် ခန့်မှန်းဘက်ဂျက်နဲ့ ဂိမ်းကို Mini-client အဖြစ်ပြောင်းလဲခြင်းတို့အကြောင်း ပြောပြလိုက်ပါသည်။ သူ့ရည်ရွယ်ချက်ကတော့ ဒီစီစဥ်မှုအပေါ် ဘော့စ်ဖေး သံသယရှိမလားဆိုတာကို အတည်ပြုဖို့ ဖြစ်ပါသည်။

၂ မိနစ်ကြာသောအခ ဘော့စ်ဖေး၏ ပြန်စာကို ရလိုက်ပါသည်။

"အရမ်းကောင်းတယ်။ အဲ့တိုင်းဆက်လုပ်။ မင်းတို့နောက်ကို မဖြေရှင်းနိုင်တဲ့ ပြဿနာရှိလာခဲ့ရင် ဒါရိုက်တာလင်းပြောတာပဲ နားထောင်"

ဘော့စ်ဖေးကလည်း ပြဿနာမရှိပါ။ တကယ်တော့ ဒါရိုက်တာလင်း၏ ဆုံးဖြတ်ချက်များကို လုံးဝ သဘောတူပါသည်။

ယဲ့ကျစ်ကျိုး စိတ်ခံစားချက်များ ဖြစ်ပေါ်လာမိသည်။ ဘာပဲဖြစ်ဖြစ် လင်းဝမ်က ထန်းတာ့မှ ကူးပြောင်းလာသော ဒါရိုက်တာတစ်ယောက်ဖြစ်ပါသည်။ သူမ ဂုဏ်သတင်းနဲ့ကိုက်ညီအောင် တော်မှာပေါ့။

အစကတော့ အစည်းအဝေးအတွင်း ယဲ့ကျစ်ကျိုးက လင်းဝမ်ကို သံသယဝင်နေခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် လင်းဝမ်က ဒီဇိုင်းမူကြမ်းနဲ့ပတ်သတ်ပြီး မေးခွန်းတစ်ခုတောင် မမေးဘဲ ဒီလိုကြီးမားသည့် ပြောင်းလဲမှုကြီးကို အကြံပေးလိုက်သောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် သူမ အနည်းငယ် တဇွတ်ထိုးနိုင်သည်ဟု ယဲ့ကျစ်ကျိုးခံစားမိသွားပါသည်။

ယခုတော့ ဘော့စ်ဖေးက သူမ၏ လှုပ်ရှားမှုကို အတည်ပြုပေးလိုက်ပါပြီ။ သူ့ သံသယများက မီးခိုးလိုပဲ လွင့်ပျယ်သွားခဲ့ပါသည်။

ဘော့စ်ဖေးရဲ့ ဆုံးဖြတ်ချက်က မှားနိုင်ပါဦးမလား။

ထို့အပြင် ဒါရိုက်တာလင်းပြောသလိုပဲ ဘော့စ်ဖေးက တွန့်ဆုတ်မှုမရှိဘဲ ခန့်မှန်းဘက်ဂျက် ၅ သန်းကို သဘောတူညီခဲ့ပါသည်။ ဂိမ်းကို Mini-client အဖြစ် ပြောင်းလဲခြင်းကဲ့သို့ စွန့်စားမှု ကြီးမားသည့်ကိစ္စကိုလည်း သံသယ တစ်ခုတစ်လေတောင် မဖြစ်ပါ။

ကြည့်ရတာ ဒါရိုက်တာလင်းက ဘော့စ်ဖေးကို သူတို့အားလုံးထက် အဆပေါင်းများစွာ ပိုနားလည်သည့်ပုံပင်။

ဆိုလိုတာက ရှန်းယန်ဂိမ်းကို ထမ်းတင်ထားရတဲ့ ဝန်ထုတ်ဝန်ပိုးကြီးကို အလုပ် အမြဲများတတ်တဲ့ ဘော့စ်ဖေးရဲ့ ပခုံးပေါ်ကနေ လွှဲပြောင်းနိုင်ပြီဆိုတဲ့သဘောလား။

ဖေးချမ့် နေလို့ အတော်လေးကောင်းကာ ဖုန်းချလိုက်ပါသည်။

လင်းဝမ်က သူထင်ထားတာတက် ပို၍ပင် တော်နေပါသေးသည်။

လင်းဝမ်က ရှန်းယန်ဂိမ်းမှာ လက်ကြီးပိုက်ပြီး ဘာမှမလုပ်ရဲမကိုင်ရဲဖြစ်နေမှာကို ဖေးချမ့် စိတ်ပူခဲ့၏။ ဒီလိုသာဆို သူမက တုတ်ကိုင်ထားသည့် ခေါင်းဆောင်တစ်ယောက်သာသာ အဆင့်ပဲရှိလိမ့်မည်။

ဒီလိုသာာဆို လင်းဝမ်က အခက်အခဲများနဲ့ ရင်ဆိုင်လာရသည့်အခါ ပြင်းထန်သည့် စိတ်ပျက်အားလျော့မှုများကို ခံစားရတော့မှာ မဟုတ်ပေ။ သူမ အိမ်ပြန်ပြီး မိသားစုလုပ်ငန်းကို ဆက်ခံမည့်အစား သူများတွေကိုတောင် အပြစ်တင်နေနိုင်ပါသည်။

သို့သော်လည်း လက်ရှိအခြေအနေကို ကြည့်ရသလောက်တော့ လင်းဝမ်က သူမကဏ္ဍကို သူမ ကောင်းကောင်းကြီး ကိုင်တွယ်နေပါသည်။

ဖေးချမ့်နဲ့ တိုင်ပင်စရာတောင် မလိုဘဲ အပြည့်အဝ အံကိုက်ဆောင်ရွက်နေပါသည်။

ငွေတွေအများကြီး ဖြုန်းနေရုံသာမကဘဲ တည်ငြိမ်နေသည့် Web-based ဂိမ်းတစ်ခုကို Mini-client ဂိမ်းအဖြစ် ပြောင်းလဲဖို့တောင် အကြံပြုခဲ့ပါသေးသည်။

ဖေးချမ့်လည်း Mini-client ဂိမ်းတွေအကြောင်း နားလည်ပါသည်။ သို့သော်လည်း ဒီလိုမော်ဒယ်လ်မျိုးက Web-based ဂီမ်းများ၏ အဓိက မော်ဒယ်လ်ဖြစ်လာမှာ မဟုတ်တာကိုလည်း နားလည်ထားပါသည်။

အခုဖြစ်လာမှာမဟုတ်သလို နောင်လည်း ဖြစ်လာမှာ မဟုတ်ပါ။

အမှန်ပင်။ တချို့ Web-based များက Mini-client ဂိမ်းများ ဖန်တီးဖူးသည်။ သို့သော်လည်း ဒါတွေက အပေါ်ယံရွှေမှုန်ကြဲရုံသာ ဖြစ်သည်။ ထို့အပြင် Mini-client ဂိမ်းများက 50MB အကန့်အသတ်ရှိသည်။ ဒီ့ထက် ပိုမကြီးနိုင်ပါ။

ရှန်းယန်ဂိမ်းသွားနေသည့် နှုန်းထားအတိုင်းသာဆို သူတို့ ဂိမ်းအတွက် ဟာ့ဒ်ဝဲလိုအပ်ချက်အား တိုးမြှင့်နိုင်ရုံသာမကဘဲ ဒေါင်းလုတ်ရမည့် client ၏ ဆိုဒ်ကိုလည်း တိုးမြှင့်သွားစေပါလိမ့်မည်။ အနည်းဆုံး 200 - 300MB လောက်အထိ ကြီးလာမည်။

ရုံးကွန်ပျူတာများ သို့မဟုတ် ဒိတ်အောက်နေသော ကွန်ပျူတာများကို သုံးနေသည့် ကစားသမားများ လန့်ကုန်ကြလိမ့်မည်။

ရှင်းရှင်းပြောရလျှင် ဂိမ်းက Client-side ဂိမ်မာများကိုကော Web-based ဂိမ်မာများကိုကော စိတ်ကျေနပ်မှုပေးဆောင်နိုင်မှာ မဟုတ်ပါ။ ဒါတင်မကသေးဘဲ ထုတ်လုပ်ဖို့ ငွေတွေအများကြီးလည်း ပိုကုန်ကျလိမ့်မည်။

အကုန်ပြီးပြည့်စုံလွန်းပါသည်။

ဒီလို Web-based ဂိမ်းမျိုးက ထုတ်လုပ်ဖို့ ၅ သန်းလိုအပ်သည်။ နောက်တော့ သူတို့ဖန်တီးထားသည့် ပုံစံမျိုးနဲ့ဆို မားကတ်တင်းအတွက် သူ နောက်ထပ် ယွမ် ၂ သန်း ၃ သန်းလောက် ပစ်ထည့်ပေးလိုက်နိုင်သည်။ ထိုဂိမ်း၏ ဖန်တီးမှုက 'အရှုံးပေးပြီးကယ်တင်ခြင်းခံစေ'ဂိမ်းထက် အများကြီး ပိုစောကာ ပြီးသွားနိုင်ပါသည်။

ထိုအခါ တစ်လလောက် ကြိုတင််လိုက်ပြိး အရှုံးစောစောပေါ်အောင် လုပ်ထားလို့ရပါသည်။ ဖေးချမ့် ဒီစိတ်ကူးကို သဘောကျနေပါသည်။

All Chapters