← Chapters

'အရှုံးပေးပြီးကယ်တင်ခြင်းခံစေ' အတွက် ဇာတ်လမ်းကို အတူတူရေးကြစို့

Vol. 14 Ch. 202

'အရှုံးပေးပြီးကယ်တင်ခြင်းခံစေ' အတွက် ဇာတ်လမ်းကို အတူတူရေးကြစို့

Vol. 14 Ch. 202

'အရှုံးပေးပြီးကယ်တင်ခြင်းခံစေ' ဇာတ်လမ်းက ရှေးခတ်တရုတ်ပြည်၏ အမည်မသိကာလတွင် အခြေတည်သည်။ အေးချမ်းပြီး သာယာသည့် ရွာလေးတစ်ရွာမှာ လူအမြောက်အများ ဝိညာဥ်တွေကို ဆုံးရှုံးသွားပြီး လှည့်ပတ်သွားလာနေသည့် ဖုတ်ကောင်များဖြစ်သွားကြသည့်အခါ ရွာလည်းရုတ်တရက်ကြီး ပျက်စီးသွားရလေသည်။

ထိုလူတွေက ၎င်းတို့၏ မှတ်ဉာဏ်နဲ့ စဥ်းစားဉာဏ်တို့ကို ဆုံးရှုံးသွားကြသည်။ သူတို့ အသိစိတ်မဲ့စွာဖြင့် လျှောက်သွားနေကြပြီး ပြီးပြည့်စုံသည့် လူသားတို့၏ ဝိညာဥ်များကို တိုက်ခိုက်ကြသည်။ ထို့အပြင် ဘာကြောင့်မှန်းမသိဘဲ ဝေးခေါင်သည့် နေရာတစ်ခုထံသို့ သူတို့ ဆွဲဆောင်ခံနေရပါသည်။

ကံကောင်းသည့် ရှင်သန်သူများ၏ ကမ္ဘာမှာတော့ ဒီအလှမ်းဝေးသည့် နေရာသို့သွားသည့်လမ်းအား 'အပလောကလမ်း' ဟုခေါ်ဆိုကြပါသည်။

ရွာထဲက လူကြီးသူမများပြောစကားအရဆိုလျှင် လူသေတွေအား အဖြူအနက်မမြဲခြင်းက ဖမ်းခေါ်သွားလိမ့်မည်။ ထို့နောက် ငရဲသို့ ခေါ်ဆောင်သွားပြီး ၎င်းတို့ ပြန်ဝင်စားကာ လူသားဖြစ်လာနိုင်မဖြစ်လာနိုင်ကို အဆုံးအဖြတ်ပေးမည့် ငရဲမင်း၏ စီရင်အပြစ်ပေးမှုကို ခံရမည်။ မကြာမီ ၎င်းတို့ကို ပြန်လည်မွေးဖွားဖြစ်တည်ခြင်း ဘုံခြောက်ခုသို့မဟုတ် ငရဲကြီး ၁၈ ထပ်တို့ ထံသို့ ပို့ဆောင်ခြင်း ခံရမည်။

သို့သော်လည်း အကြောင်းပြအရင်းတစ်ခုခုကြောင့် အဖြူအနက်မမြဲတမ်းသဘောတရားက လူသေများအား ခေါ်ဆောင်ခြင်းကို ရပ်တန့်လိုက်သည်။ ထို့ကြောင့် သူတို့ ပုံမှန်အတိုင်းပဲ သေသည်ဖြစ်စေ အသတ်ခံရသည်ဖြစ်စေ အကုန်လုံးက အပလောကလမ်းပေါ်သို့ ရောက်ကုန်ကြပြီး ငရဲဆီကို သွားလို့ မရတော့ပါ။

မသိစိတ်မှ ထိုလှည့်ပတ်သွားလာနေသော ဖုတ်ကောင်များက ငရဲသို့ခေါ်သံကို အာရုံခံနိုင်ကြပါသည်။ သို့သော်လည်း ဘယ်သူကမှ ငရဲသို့သွားနိုင်သည့် လမ်းမှန်ကို ရှာမတွေ့ခဲ့ကြပေ။ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ သူတို့ တဖြည်းဖြည်း ဗြောင်းဆန်လာကြ၏။

ဒီလိုနဲ့ မော်တယ်ကမ္ဘာက ငရဲအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားလေတော့သည်။

ကစားသမားတွေက သေခြင်းတရားကို ရင််ဆိုင်နေရသည့် သာမန်ကစားသမားတစ်ယောက်နေရာက ကစားရမည်။ ဇာတ်လိုက်၏ ဝိညာဥ်က ပျက်ယွင်းနေပြီဖြစ်သည်။ သို့သော်လည်း ဆန်းကြယ်စွာဖြင့် အလှမ်းဝေးသော နေရာတစ်ခုမှ တစ်စုံတစ်ရာက သူ့ကိုခေါ်ဆောင်နေသည်ဟု မှေးမှေးမှိန်မှိန် ခံစားမိပါသည်။

အသိစိတ်မဲ့ပြီး လှည့်လည်သွားလာနေသော ဖုတ်ကောင်တစ်ကောင်ဖြစ်မလာစေဖို့အတွက် အမှန်တရားကို ရှာဖွေဖို့ ခရီးတစ်ခုကို ထွက်ခဲ့တော့သည်။ ဇာတ်လိုက်က သူ့အပလောကလမ်းပေါ်က ခရီးကို စတင်ခဲ့ပြီး သူ့မော်တယ်ခန္ဓာကိုယ်ဖြင့် ငရဲသို့ ဝင်ရောက်သွားခဲ့သည်။

ဂိမ်း၏ စီးဆင်းမှုကို အပိုင်း များစွာ ခွဲခြားနိုင်၏။

စဦးပထမပိုင်း၊ လှည့်လည်သွားလာနေသော ဖုတ်ကောင်များ သိမ်းပိုက်မှုကို ခံထားရသည့် မော်တယ်ရွာ၊ ငရဲကမ္ဘာသို့ သွားနိုင်သည့် နေရာတကျ တည်ဆောက်ထားသည့် ဂိတ်ပေါက်ဝကြီး၊ လှည့်ပတ်သွားလာနေသော ယုတ်ညံ့သည့် ဝိညာဥ်များဖြင့် ပြည့်နှက်နေသည့် အပလောကလမ်း၊ အနီရောင်ပင့်ကူခတ္တာပန်းများဖြင့် ပြည့်နှက်နေသည့် ကြက်ခြေသုံးခုမြစ်၊ အပလောကလမ်းအဆုံးတွင် ကစားသမားများရောက်ရှိသွားမည်ဖြစ်သည့် မေ့ပျောက်ခြင်းမြစ်နဲ့ မေ့ပျောက်ခြင်း တံတားတို့ ဖြစ်ကြသည်။

မေ့ပျောက်ခြင်း တံတားဘေးမှာ တည်ရှိသော အိမ်ရှုခန်းဆောင်နဲ့ အသက်ကျောက်တုံး ၃ တုံး၊ ငရဲမင်း၏ ခမ်းနားကြီးကျယ်သော ရဲတိုက်ကြီး၊ မယုံနိုင်စရာကောင်းလောက်အောင် ရှုပ်ထွေးလှသည့် ပြန်လည်မွေးဖွားဖြစ်တည်ခြင်း ဘုံ ၆ ခု၊ ထို့နောက် ငရဲ၏ အောက်ဆုံးသော အထပ်....။

ဒါတွေအပြင် ဂိမ်းထဲက ဘော့စ်တွေကလည်း တရုတ်ဒဏ္ဍာရီထဲက ဇာတ်ကောင်များအပေါ် အခြေခံထားမည်ဖြစ်သည်။ မေ့ပျောက်ခြင်း တံတားပေါ်က မန့်ပေါ်၊ ငရဲ၏ ကြီးမြတ်သည့် တရားသူကြီးလေးပါးဖြစ်ကြသော -- 'ဆန်းစစ်ရှာဖွေခြင်း' တရားသူကြီး လုကျစ်သျောင်၊ 'မကောင်းမှုအပြစ်ပေးခြင်း' တရားသူကြီး ကျိုးခွေ့၊ 'ကောင်းမှု ဆုလာဘ်ပေးခြင်း' တရားသူကြီး ဝေကျန်း၊ 'အကြွင်းမဲ့ ဥပဒေ' တရားသူကြီး ချွေ့ယု (ခရမ်းရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ လိမ္မော်ရောင်စသည်ဖြင့် ကိုယ်ပိုင်အရောင်များ သီးသန့်ရှိကြလိမ့်မည်) -- တို့နဲ့ ငရဲ၏ ငရဲမင်း ၁၀ ပါးတို့ ဖြစ်သည်။

ဘော့စ်ဖေး၏ တောင်းဆိုချက်အရ ကစားသမားများ သေဆုံးသွားသည့်အချိန်တိုင်း မကောင်းဆိုးဝါးများ အကုန်ပြန်ပေါ်လာစေမည်။ ထို့နောက် ခရီးလမ်း၏ အစိတ်အပိုင်းတချို့တွင် ဗုဒ္ဓရုပ်ပွားတော်များကို ရှာတွေ့နိုင်ပြီး လမ်းပြခိုင်းနိုင်သည်။

ပျက်စီးနေသည့် ဘုရားကျောင်းများ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ ထုသျစ်ဘုရားကျောင်းများ၊ ထုသျစ်ရုပ်ပွားတော်များကိုလည်း ခရီးလမ်းတစ်လျှောက်လုံးတွင် ဖြန့်ကျက်ထားမည်ဖြစ်သည်။

ဗုဒ္ဓကိုယ်တိုင် ဂိမ်းထဲမှာပေါ်မလာသော်လည်း သမိုင်းဝင် ယိုယွင်းခြင်းခေတ်ကို အရိပ်အမြွက်ပြဖို့အတွက် ပျက်စီးနေသည့် ဗုဒ္ဓရုပ်ပွားတော်များ ထည့်သွင်းထားလိမ့်မည်။

ဗုဒ္ဓရုပ်ပွားတော်များက Save Point များဖြစ်ကြသည်။ ကစားသမားများက ယခင် အဆင့်များကို ပြန်ကစားနိုင်ပြီး ဘေးပတ်လည်ရှိ သားရဲများကို ပြန်ပေါ်လာအောင် ထိုနေရာတွင် လုပ်နိုင်ပါသည်။ တစ်ဖက်မှာတော့ ထုသျစ်၏ ရုပ်ပွားတော်များက ပတ်ဝန်းကျင်ရှိ လှည့်လည်သွားလာနေသော ဖုတ်ကောင်များကို စုဆောင်းဖို့ အသုံးချနိုင်သည်။ ဒီလိုဆို ဇာတ်ကောင်၏ စကေးများ တိုးတက်လာမည်။

ဘက်ဂျက်အကန့်အသတ်ရှိသောကြောင့် ဂိမ်းထဲမှာ အကြောင်းအရာ များများစားစား မပါဝင်ပါ။ ဂိမ်းတစ်ခုလုံးက ၁၂ နာရီ ၁၃ နာရီလောက်ကြာနိုင်သည်။ အမှန််ပင်။ ဒါကလည်း ကစားသမားများ တိုက်ပွဲနဲ့ ရင်းနှီးမှုရှိပြီး ဆက်တိုက်အဆင့်တက်နေမှဖြစ်သည်။

သူတို့က လူသစ်များဖြစ်ပါက ဂိမ်းကိုအောင်မြင်ဖို့ ပိုကြာနိုင်ပါသည်။ နာရီပေါင်း ဆယ်နဲ့ချီပြီး ကြာမြင့်နိုင်သလို့ တစ်သက်လုံးလည်း ကြာသွားနိုင်ပါသည်။

ဂိမ်က တစ်ပြေးညီတည်း မဟုတ်ပါ။ မကြာခဏဆိုသလို ကစားသမားများက နောက်တစ်နေရာကို သွားဖို့အတွက် လမ်းလယ်မှ ပြန်လှည့်ရတတ်ပါသည်။

ဥပမာအားဖြင့် ဂိမ်းအစပိုင်းတွင် ကစားသမားများက လှည့်ပတ်သွားလာနေသော ဖုတ်ကောင်များဖြင့် ပြည့်နှက်နေသည့် မြို့ထံသို့ သွားရမည်။ ထိုနေရာက ယုတ်ညံ့သည့် ဝိညာဥ်များကို နှိမ်နင်းပြီးနောက် စွမ်းအားများ ပထမဆုံး boost လုပ်ခံရမည်။ ထို့နောက် လှည့်ပတ်သွားလာနေသော ဖုတ်ကောင်များကို နှိမ်နင်းရာတွင် အကူအညီဖြစ်စေမည့် အထူးပစ္စည်းများစွာကို ရှာဖွေရမည်။ (ဥပမာ ဗုဒ္ဓပုတီးစေ့များ၊ အဆောင်ပစ္စည်းများ စသည်တို့ ဖြစ်သည်)။ ထို့နောက် သူတို့နောက်ပြန်လှည့်ကာ ရွာကို ပြန်သွားရပါမည်။ ထိုနေရာကစပြီး အဘိုးကြီးတစ်ယောက်ကို သတ်ကာ သူ့ဝိညာဥ်နောက်လိုက်သွားသောအခါ အပလောကလမ်းသို့ ဝင်ရောက်နိုင်ပါလိမ့်မည်။

ကစားသမားက ထိုမြို့သို့မသွားဘဲ အဘိုးကြီးကို ချက်ချင်းသတ်ကာ သူ့ဝိညာဥ်နောက်လိုက်ပြီး အပလောကလမ်းသို့ တန်းသွားလိုက်ပါက ခရီးတစ်ခုလုံး အလွန်အမင်း ခက်ခဲပါလိမ့်မည်။

ငရဲမင်းနန်းတော်မှာလည်း ထိုနည်းလည်းကောင်း ရွေးချယ်မှုမျိုး လုပ်ရမည်။ သူတို့ ငရဲမင်းနန်းတော်ထဲသို့ ဝင်ကာ တရားသူကြီးတွေနဲ့ ငရဲမင်းတို့ကို သတ်လိုက်ပြီး ကိုယ်တိုင်က ယုတ်ညံ့သည့် ဝိညာဥ်အစစ်အမှန်ဖြစ်လာနိုင်သည်။ သို့မဟုတ် ရှုပ်ထွေးသည့် ပြန်လည်မွေးဖွားဖြစ်တည်ခြင်း ဘုံ ၆ ခုထဲ ဝင်ရောက်ဖို့ ရွေးချယ်ပြီး လူသားအဖြစ် ပြန်ဝင်စားနိုင်သည်။ ထို့နောက် သူတို့ ဒီလောကကြီးနဲ့ အဝေးဆုံးကို ထွက်ပြေးနိုင်မည်ဖြစ်သည်။

ဒါမှမဟုတ် သူတို့ ငရဲ၏ အောက်ဆုံးအထပ်ကိုသွားက ထိုနေရာ၏ ရူးသွပ်နေသော အုပ်ချုပ်သူကို သတ်ပစ်နိုင်သည်။ ဒီလိုဆို ယုတ်ညံ့သည့် ဝိညာဥ်များကို ဖိနှိပ်နိုင်ဖို့ ကိုယ့်ကိုယ်ကို စတေးရပါမည်။

မတူညီသည့် ရလဒ် ၃ ခုမှ ၅ ခုအထိ ရှိနိုင်သည်။ ကစားသမားမှရမည့် ရလဒ်က ဂိမ်းကစားနေစဥ် သူတို့ရွေးချယ်ခဲ့သည့် အရေးကြီးဆုံးဖြတ်ချက်များ အပေါ် မူတည်ပါလိမ့်မည်။ ထိုဆုံးဖြတ်ချက်များကို ချရာတွင် ကစားသမားကို ကူညီပေးနိုင်မည့် သဲလွန်စများကို ဂိမ်း၏ ဇာတ်လမ်းထဲတွင် ဝှက်ထားပါမည်။

ဂိမ်းတစ်ခုလုံးတွင် ကစားသမားများက NPC တချို့ကို စကားပြောရသည်။ ဘော့စ်များနဲ့ လှည့်ပတ်သွားလာနေသော ဖုတ်ကောင်များကို သတ်ပစ်ပြီး ၎င်းတို့၏ ဝိညာဥ်ကို ရယူကာ သူတို့မှတ်ဉာဏ်များကို ဝင်ကြည့်နိုင်သည်။ ထိုနေရာမှစကာ မှတ်ဉာဏ်များ၏ ဇာတ်လမ်းအစိတ်အပိုင်းများကို နားထောင်နိုင်လိမ့်မည်။

သော့ချက်ပစ္စည်းများ သို့မဟုတ် ဇာတ်ဝင်ခန်းများတွင် ဖုံးကွယ်ထားသည့် သဲလွန်စတွေလည်း ရှိပါလိမ့်မည်။ (ဥပမာ အသက်ကျောက်တုံး ၃ တုံးစသဖြင့်)။ ထိုပစ္စည်းများက ကစားသမားများကို မထင်ရှားသည့် သဲလွန်စများ ဘယ်မှာ ရှာတွေ့နိုင်မှန်း အရိပ်အမြွက်ပေးလိမ့်မည်။

အသက်ကျောက်တုံး ၃ တုံးကဲ့သို့ ဇာတ်ဝင်ခန်းများကလည်း ပြောင်းလဲနိုင်ပါသည်။ ဂိမ်းတစ်လျှောက် ကစားသမား၏ ရွေးချယ်မှုအပေါ် မူတည်ပြီး အသက်ကျောက်တုံး ၃ တုံးတွင် ပေါ်လာနိုင်သည့် သဲလွန်စများက ကွဲပြားနိုင်သည်။ ထိုသဲလွန်စများက တစ်ဖန် ဇာတ်လမ်းထဲက အဓိကသော့ချက် အဖြစ်အပျက်များကို သက်ရောက်မှုရှိစေလိမ့်မည်။

အမှန်ပင်။ ကစာသမားများ ခြားနားသည့် လမ်းများကို လျှောက်လှမ်းနေစဥ် ခရီးလမ်းတစ်လျှောက် မကောင်းဆိုးဝါးပေါင်းစုံနဲ့ ကြုံတွေ့လာရနိုင်ပါသည်။ ဇာတ်ဝင်ခန်းတစ်ခုတည်းကို အသုံးချပုံများစွာဖြင့် သုံးစွဲခြင်းကြောာင့် ၎င်းတို့ ပိုက်ဆံကို ကောင်းကောင်းအသုံးချနိုင်ပါလိမ့်မည်။

ထိုအရိပ်အမြွက်များမှာ နိုင်ငံခြားကစားသမားများ ဂိမ်းကို လက်လွှတ်စေဖို့အတွက် ဖေးချမ့် အသုံးပြုမည့် အဓိကလက်နက်များ ဖြစ်သည်။

ထိုကစားနည်းတွေကို ကဗျာဆန်ဆန်ရေးသားဖို့ ဖေးချမ့် မတောင်းဆိုပါ။ ဒီလိုဆို ဂိမ်းက မတော်မတရား ခက်ခဲသွားလိမ့်မည်။

သူလုပ်ဖို့လိုတာဆိုလို့ အရိပ်အမြွက်အားလုံးကို မသဲမကွဲ ရှုပ်ထွေးသည့် ရှေးဟောင်းတရုတ် ဘာသာဖြင့် ရေးသားဖို့သာဖြစ်သည်။ မဖြစ်မနေပညာရေး ၉ နှစ်တာ သင်ယူထားသောာ လူတိုင်း ဒီအရိပ်အမြွက်များ၏ ဆိုလိုရင်းကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါလိမ့်မည်။

ဖေးချမ့် ကဗျာဆန်တာကို မကြိုက်လို့မဟုတ်ပေ။ သို့သော်လည်း ဒီလိုတောင်းဆိုချက် လုပ်ခဲ့ရင်တောင် လုမင်ချန်နဲ့ တခြားသူတွေ အောင်မြင်အောင်လုပ်နိုင်မှာ မဟုတ်ပါ။

ဒါတွေအားလုံးက ဂိမ်းမူလဒီဇိုင်း၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။

ဂိမ်းကို လေ့လာဖန်တီးသည့် စဦးပိုင်းအဆင့်များတွင် သူတို့ ဇာတ်ဝင်ခန်းများ၊ ဘော့စ်များနဲ့ ဇာတ်လမ်းတိုးတက်မှုများကိုသာ ဆုံးဖြတ်ဖို့လိုအပ်သည်။ ပန်းချီအရင်းအမြစ်များ တောင်းဆိုခြင်းကဲ့သို့သော အကြိုလုပ်ငန်းများ ချောချောမွေ့မွေ့ပြီးနိုင်ပြီဆိုတာကို အတည်ပြုလိုက်တာနဲ့ အနည်းနဲ့အများ ပြီးမြောက်နေပါပြီ။

ဂိမ်း၏ အသေးစိတ်များကို တကယ့် လေ့လာ ဖန်တီးခြင်း လုပ်ငန်းစဥ်ကျမှ အချောသပ်နိုင်ပါသည်။ တချို့ ဒီဇိုင်းတွေနဲ့ Content များကိုလည်း ကြားထဲတွင် ပြင်ဆင်သွားနိုင်ပါသည်။

မာယိချွမ်က ဂိမ်း၏ Theme ကို အားလုံးကို အသေးစိတ်ရှင်းပြလိုက်ပါသည်။ ၎င်းတို့၏ တာဝန်များကိုပါ အသေးစိတ်ရှင်းပြလိုက််၏။ 'အရှုံးပေးပြီးကယ်တင်ခြင်းခံစေ'ဂိမ်းအတွက် ဇာတ်ကြောင်းကို စဥ်းစားတာနဲ့ယှဥ်လျှင် အားလုံးက စာမူများ စစ်ဖို့ သိပ်ပြီး စိတ်မပါကြပေ။

အခုချိန်ထိ ကျုံးသျန်တရုတ်နက်ခ်ဝေါ့သို့ ပို့ဆောင်နေသည့် စာမူများ၏ အရည်အသွေးက စိတ်ပျက်စရာကောင်းပါသည်။

စိတ်ဝင်စားစရာ နိဒါန်းများ၊ မြန်ဆန်သည့် စည်းချက်များ၊ လတ်ဆတ်သည့် ဇာတ်ကွက်များ၊ ဆွဲဆောင်မှုရှိသော ဇာတ်လမ်းများ ပိုရှိပါက အားလုံး ကိုယ့်အလုပ်မှာကို အများကြီး ပိုပျော်နိုင်ပါသည်။

သို့သော်လည်း မရှိပါ။

တစ်နည်းအားဖြင့် သူတို့ စာမူများကို Review လုပ်ဖို့ အချိန်ဘယ်လောက်ပဲ အကုန်ခံပါစေ အလွန်အမင်းရေပန်းစားလာပြီး ဝက်ဘ်ဆိုက်ကို နာမည်တက်စေမည့် စာမူမျိုးကို ရှာမတွေ့နိုင်ကြပေ။

စာရေးဆရာများကို လမ်းညွှန်ဖို့က ပို၍ပင် မလိုအပ်ပေ။ ဘာပဲဖြစ်ဖြစ် လက်ရှိသူတို့ အယ်ဒီတာ အလုပ်ကိုတောင် သိပ်ပြီးနားမလည်ကြသေးပေ။ စာရေးဆရာတွေကို လမ်းညွှန်ဖို့ ကြိုးစားခါမှ ပြဿနာတွေ ထပ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။

'အရှုံးပေးပြီးကယ်တင်ခြင်းခံစေ' အတွက်အလုပ်လုပ်ရတာကတော့ ခြားနားပါသည်။

ဒါက ထန်းတာ့ဂိမ်း၏ နောက်ဆုံးထွက် ထုတ်ကုန်ဖြစ်သည်။ သန်းဆယ်နဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားကြသည်။ ဘော့စ်ဖေးကိုယ်တိုင် ဦးဆောင်ထားခြင်း ဖြစ်၏။

ဘယ်လို ရှုထောင့်ကပဲကြည့်ကြည့် ဒီဂိမ်းက အလွန်အမင်း ရေပန်းစားလာမည့်ပုံပေါက်ပါသည်။ သမုဒ္ဒရာရဲတိုက်လောက် အမြတ်မရနိုင်ရင်တောင် အနည်းဆုံးတော့ Game Designer လောက် နာမည်ကြီးလာပါလိမ့်မည်။

သူတို့ ဒီဂိမ်းရဲ့ လေ့လာဖန်တီးမှုအပိုင်းမှာ ပါဝင်ပြီး ဂိမ်းဇာတ်လမ်းကို ရေးသားဖို့ပင် ကူညီပေးလိုက်ပါက သူတို့သူငယ်ချင်းတွေကြားထဲမှာ ကြွားလုံးထုတ်နိုင်ပါပြီ။

မာယိချွမ်၏ ရှင်းလင်းချက်ကိုကြားပြီးနောက် ကျူးအန်ရှင်း၏ မျက်လုံးများဝိုင်းစက်သွားသည်။

"အစ်ကိုမာ ကျွန်တော် စာရေးချင်တယ်။ ကျွန်တော်တို့ရေးထားတဲ့ Content တွေကို ဝက်ဘ်ဆိုက်မှာ တန်းတင်လို့ရလား။ ဂိမ်းရဲ့ တရားဝင် ဝတ္ထုလို့လည်း သဘောထားလို့ရတယ်လေ။"

"ကျွန်တော်တို့ တာဝန်ကို ခွဲပေးလို့ရတယ်။ လူတစ်ယောက်စီက ဇာတ်လမ်းရဲ့ အစိတ်အပိုင်းတစ်ခုစီကို တာဝန်ယူရမယ်။ ဂိမ်းရဲ့ ရာဇဝင်တွေရယ် ဂိမ်းထဲက ဘော့စ်နဲ့ NPC တိုင်းရဲ့ နောက်ခံဇာတ်ကြောင်းတွေလည်း ပါတယ်။ အဲ့တာတွေက ဂိမ်းကို အထောက်အကူ ဖြစ်နိုင်တယ်။"

"နောက်ဆုံးကျရင် မသုံးတာမျိုးဖြစ်နိုင်ပေမယ့် ဒီတိုင်း ထိုင်နေပြီး လမ်းပျောက်နေတာမျိုးထက်တော့ အများကြီး ပိုသာပါသေးတယ်။"

မာယိချွမ်လည်း ခေတ္တစဥ်းစားလိုက်ပြီး မှန်ကန်သည်ဟု ဆုံးဖြတ်လိုက်ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့မှာ ဘာအလုပ်မှ လုပ်စရာမရှိကြပါ။ သူတို့ ကိုယ်ပိုင်ဝတ္ထုများကို ရေးရမည်ဆိုရင်တောင် လူအများစုက ရေးစရာဘာမှရှိမှာမဟုတ်ပါ။ ဒီလိုဆိုမှတော့ အားလုံးကို 'အရှုံးပေးပြီးကယ်တင်ခြင်းခံစေ' ဂိမ်းအတွက် ဇာတ်လမ်းရေးခိုင်းလိုက်လို့ရပါသည်။ သူတို့ ပြီးတာနဲ့ အကောင်းဆုံးများကို ရွေးချယ်ကာ ဂိမ်းထဲထည့်သွင်းနိုင်ပါသည်။

မာယိချွမ်ကခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "အဆင်ပြေတာပေါ့ မင်းတို့ စာမူတွေ စစ်နေတုန်း 'အရှုံးပေးပြီးကယ်တင်ခြင်းခံစေ' ဂိမ်းအတွက် ဇာတ်လမ်းကိုလည်း စဥ်းစားထားကြ။ ငါတို့ အခုချိန်ကစပြီး အပတ်တိုင်း အစည်းအဝေးတစ်ခေါက် ခေါ်မယ်။ အထူးသဖြင့် ဇာတ်လမ်းဒီဇိုင်းအကြောင်း ဆွေးနွေးဖို့ပေါ့။ ပရောဂျက်အဖွဲ့ကိုလည်း လျော်ညီအောင် အဆင့်မြှင့်ပေးမယ်။”

All Chapters