← Chapters

မင်ယွမ်ဗီလာဆိုင်ခွဲအတွက် ဘာအစီအစဥ်တွေ ရှိနေတာလဲ

Vol. 14 Ch. 203

မင်ယွမ်ဗီလာဆိုင်ခွဲအတွက် ဘာအစီအစဥ်တွေ ရှိနေတာလဲ

Vol. 14 Ch. 203

ဇွန်လ ၁၃ ရက်နေ့ နေ့လည်ခင်းတွင်...

ယွီအင်တာနက်ကဖေး မူရင်းဆိုင်၌...

လီရှိက ထောင့်တစ်နေရာတွင် ကော်ဖီကို တိတ်တိတ်ဆိတ်ဆိတ် သောက်ကာ ထိုင်နေပါသည်။

"ဒီနေရာကြီးက အများကြီး ပိုစည်ကားလာပြီ။ ဒါပေမယ့်... အရင်တုန်းကပုံစံကို ပိုသဘောကျတယ်။"

လီရှိက နူးညံ့စွဖြင့် အသက်ကို ရှူထုတ်လိုက်ပါသည်။ သူနဲ့ ဘော့စ်ဖေးတို့ ဒီနေရာမှာ အတွေးတူနေတာကိုတော့ မသိခဲ့ပါ။

ထိုအချိန်တုန်းက သူနဲ့ ဘော့စ်ဖေးတို့၏ ညှိနှိုင်းမှုက လုံးဝ ကျရှုံးခဲ့ပါသည်။ လီရှိ လုံးဝ ရှုံးနိမ့်သွားသလို ခံစားခဲ့ရသည်။ ထို့ကြောင့်ပဲ ယွီအင်တာနက်ကဖေးဆိုင်ကို ၁ ပတ်ကျော်လောက် ရှောင်နေခဲ့သည်။ သို့သော်လည်း ခံပြင်းနေဆဲဖြစ်၏။ အနာဂတ်ကျရင် တကျော့ပြန်လာနိုင်ဖို့ မျှော်လင့်ချက်များ ထားရှိပါသည်။

ထို့အပြင် သူဘာမှ လုပ်စရာမရှိသည့်အခါ ယွီအင်တာနက်ကဖေးဆိုင်မှာ လာထိုင်ကာ တစ်ခွက် နှစ်ခွက်လောက် သောက်တတ်ပါသည်။ အလေ့အကျင့်တစ်ခုလိုတောင် ဖြစ်နေပါပြီ။

ထို့ကြောင့်ပဲ လီရှိက ဒီနေ့ ယွီအင်တာနက်ကဖေးဆိုင်သို့ လာခဲ့ခြင်းဖြစ်သည်။ ဒီမှာအခြေအနေတွေ ဘယ်လိုရှိသလဲ ကြည့်ချင်သောကြောင့် ဖြစ်သည်။

သူမြင်လိုက်ရသည့် ပထမဆုံးအရာက ကတ်စတမ်မာများ တကယ်ပဲ ပိုများပြားလာခြင်းပင်။

ဒီနေရာကြီးက ညဘက်မှာ ဒီ့ထက်တောင် ပိုပြီး လူများနေနိုင်တာ သူသိပါသည်။ ထို့ကြောင့် တမင်သက်သက် အင်္ဂါနေ့ နေ့လည်ခင်းမှာ လာလည်ခဲ့ခြင်းဖြစ်၏။ ရုံးဖွင့်ရက် နေ့လည်ခင်းကြီးမှာတောင် ဒီလောက် ကတ်စတမ်မာများလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ တချို့က စာဖတ်နေပြီး ကော်ဖီနေရာတွင် အေးအေးဆေးဆေး ကော်ဖီသောက်နေကြသည်။ တချို့က ဓာတ်ပုံရိုက်နေကြကာ တချို့ကတော့ အင်တာနက်သုံးနေကြပါသည်။

ဒီမှာ စီးပွားရေး အတော်ကောင်းနေသည့်ပုံပင်။

သူတို့ နေ့ဘက်မှာ ဝင်ငွေရပြီး ညဘက်မှာလည်း အဆိုတော်များအတွက် ကတ်စတမ်မာများ အရက်ဘောက်ဆူးပေးခြင်းကြောင့် အမြတ်ရပါသည်။

အခုဆို ယွီအင်တာနက်ကဖေးမူရင်းဆိုင်က အမြတ်တွေရနေလောက်ပြီဟု လီရှိခန့်မှန်းမိပါသည်။ သူတို့ အများကြီးရသလား နည်းနည်းပဲရသလား ဆုံးဖြတ်ဖို့က မလွယ်ပါ။ သို့သော်လည်း အမြတ်တော့ သေချာပေါက် ရနေကြပါလိမ့်မည်။

သို့သော်လည်း ကိုယ်ရေးကိုယ်တာအရဆိုရင်တော့ အရင်တုန်းက ယွီအင်တာနက်ကဖေးဆိုင်ပုံစံကိုပဲ ပိုသဘောကျမိပါသည်။ တိတ်ဆိတ်ကာ သူ့ကိုနှောင့်ယှက်မည့်လူလည်း ဘယ်သူမှ မရှိပါ။

အမှန်ပင်။ လက်ရှိ ယွီအင်တာနက်ကဖေးက လူတွေဝင်လာတာနဲ့ စိတ်ရှုပ်ဖို့ကောင်းလောက်သည့်အထိ ပြည့်ကျပ်နေတာမျိုးတော့ မဟုတ်ပေ။ သို့သော်လည်း အရင်ကလောက်တော့ မအေးချမ်းတော့ပါ။

လီရှိက ကော်ဖီ နောက်တစ်ငုံ သောက်လိုက်ပါသည်။ တစ်ခုခုလွဲနေသည်ဟုလည်း ခံစားနေရ၏။

ဘော့စ်ဖေး မရှိပါ။ ဒါက ပုံမှန်ပဲဖြစ်သည်။

သို့သော် မျက်နှာရှည်ရှည်ကြီးကြီးလူနဲ့ သူ့နောက်က အမြဲလိုက်နေတတ်တဲ့ ဒေသအဆင့် မန်နေဂျာကောင်ကော ဘယ်ရောက်နေကြတာလဲ။

လီရှိက ယွီအင်တာနက်ကဖေးဆိုင်ကို အမြဲလိုလိုလာတတ်သည်။ လာတိုင်းလည်း ထိုလူနှစ်ယောက်ကို တွေ့ရပါသည်။ သူတို့က မူရင်းဆိုင်မှာ နေထိုင်နေကြသလားတောင် ထင်ရ၏။ ဒီနေ့တော့ နှစ်ယောက်စလုံး မရှိကြပါ။

"ထူးဆန်းလိုက်တာ။ စီးပွားရေးအဆင်ပြေနေရင် သူတို့တွေ ဒီမှာနေပြီး စောင့်ကြည့်နေသင့်တာ မဟုတ်ဘူးလား။"

လီရှိက ဒီရက်ပိုင်းထဲ ယွီအင်တာနက်ကဖေးဆိုင်၏ ပြောင်းလဲမှုများကို လေ့လာနေခဲ့ပါသည်။

ဒီမူရင်းဆိုင်မှာ ချန်းလျဲ့ကြောင့် တကယ်ပဲ ရေပန်းစားလာခဲ့ပါသည်။ အခု အင်တာနက်ပေါ်မှာလည်း နာမည်ကြီးနေလေပြီ။ လူများစွာက ဒီကိုလာကြည့်ရှုကြပြီး ပစ္စည်းများ ဝယ်ယူတတ်ကြသည်။ လူသွားလူလာနှုန်းက အတော်လေး မြင့်မားပါသည်။

သို့သော်လည်း တခြား ယွီအင်တာနက်ကဖေးဆိုင်ခွဲများကတော့ အများကြီး ပြောင်းလဲမှု မရှိပါ။ ကတ်စတမ်မာ ပိုများလာပြီး ဝင်ငွေပိုရလာသော်လည်း မူရင်းဆိုင်ကို မှီဖို့ အဝေးကြီး လိုနေပါသေးသည်။

ဆိုင်ခွဲတွေ အရှုံးသက်သာလိမ့်မည်ဟု ခန့်မှန်းဖို့ ယုတ္တိရှိသော်လည်း သူတို့ အရှုံးကို အမြတ်အဖြစ် ပြောင်းလဲနိုင်မှာ မဟုတ်ပါ။

အဲ့ဒီလူနှစ်ယောက်က မူရင်းဆိုင်မှာနေပြီး ဒီမှာသင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကို တခြားဆိုင်ခွဲတွေမှာ အသုံးချသင့်တယ် မဟုတ်ဘူးလား။ ဘာလို့ ဘယ်မှာမှ ရှာမရတော့တာလဲ။

လီရှိက လက်ကို အနည်းငယ် မြှောက်ပြလိုက်ပါသည်။ သူ့ဘေးက စားပွဲထိုးက ချက်ချင်းပဲ သတိထားမိကာ သူ့စားပွဲဆီသို့ လျှောက်သွားခဲ့ပါသည်။

"ဘာကူညီပေးရမလဲခင်ဗျ" စားပွဲထိုးက အနည်းငယ် ပြုံးကာ မေးလိုက်ပါသည်။

လီရှိက ယွီအင်တာနက်ကဖေးဆိုင်၏ ဖောက်သည်တစ်ယောက်ဖြစ်သည်။ ဒီမှာ ငွေအတော်လေး သုံးခဲ့ပါသည်။ စားပွဲထိုးများက ဒီလိုဖောက်သည်ကြီးကို မှတ်မိပြီး သေသေချာချာ ဝန်ဆောင်မှု ပေးကြပါသည်။

လီရှိက သက်တောင့်သက်သာ မျက်နှာထားမျိုးဖြင့် မေးလိုက်ပါသည်။ "ဘော့စ်မာ ဒီနေ့မရှိဘူးလား"

စားပွဲထိုးက ဆက်ပြုံးနေပြီး ပြန်ဖြေလိုက်ပါသည်။ "ဟုတ်ပါတယ် ဘော့စ်မာ ဒီကိုလာမကြည့်တာ တော်တော်လေးကြာပါပြီ။ တစ်ပတ်လောက်ရှိပြီလို့ထင်တယ်။"

လီရှိ ရပ်တန့်သွား၏။

တစ်ပတ်ဟုတ်လား။

တစ်နည်းအားဖြင့် ယွီအင်တာနက်ကဖေးဆိုင် အလွန်အမင်းရေပန်းစားလာပြီး ကတ်စတမ်မာ အများဆုံးရောက်လာသည့် အချိန်ကစလို့ လူသွားလူလာနှုန်း တည်ငြိမ်သွားသည့်တိုင် မျက်နှာရှည်ရှည်ကြီးကြီးနဲ့လူက ရောက်မလာခဲ့ပါ။

ယုတ္တိရှိအောင်ပြောရလျှင် မူရင်းဆိုင်မှာ ဆိုင်ခွဲမန်နေဂျာတစ်ယောက် ရှိပါသည်။ မျက်နှာရှည်ရှည်ကြီးကြီးနဲ့လူက လက်ပိုက်ပြီး အေးဆေးထိုင်နေလို့ ရသည်။ သို့သော်လည်း သူက ဆိုင်ခွဲမန်နေဂျာများ အထက်ရှိ စီမံခန့်ခွဲရေးအဖွဲ့ကဖြစ်သည်။သူ ဒီဆိုင်ခွဲမှာ မရှိပါက တခြားဆိုင်ခွဲတစ်ခုတွင်ရှိဖို့ များသည်။ သူ အဲ့ဒီမှာ ဘာလုပ်နေတာလဲ။

မူမမှန်တာ တစ်ခုခုတော့ ဖြစ်နေပြီ။

လီရှိက စားပွဲထိုးကို ပြုံးပြလိုက်ပြီး ပြောလိုက်ပါသည်။ "ဘာရယ် မဟုတ်ပါဘူး။ ဒီတိုင်းမေးကြည့်တာပါ။"

၂ နာရီလောက်ကြသောအခါ လီရှိက သူ့ဟန်းဆက်ကို လှမ်းကြည့်လိုက်သည်။ လက်အောက်ငယ်သား တစ်ယောက်က သူ့ကို မက်ဆေ့တစ်စောင်ပို့ထားပါသည်။ "ဘော့စ်လီ သူက မင်ယွမ်ဗီလာမှာ ရှိနေတာပါ။"

ထိုမက်ဆေ့ကိုမြင်လိုက််ရတော့ လီရှိ တုန်လှုပ်သွား၏။ သို့သော်လည်း အနည်းငယ် စဥ်းစားချင့်ချိန်ကြည့်လိုက်သောအခါ သူနားလည်သွားပါပြီ။ ယခု မူရင်းဆိုင်က အဆင်ပြေနေပြီဖြစ်သဖြင့် မျက်နှာ ရှည်ရှည်ကြီးကြီးနဲ့ကောင်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တို့က တခြားဆိုင်ခွဲများကို အာရုံပြောင်းစိုက်နေတာ ဖြစ်နိုင်ပါသည်။

လီရှိက မျက်နှာရှည်ရှည်နဲ့ မာယန်ကို တုံးအသည့်အတွက် အထင်မကြီးသော်လည်း အထင်တော့ မသေးရဲပေ။ ဘာပဲဖြစ်ဖြစ် မာရန်ရဲ့ လုပ်ရပ်တိုင်းတွင် ဘော့စ်ဖေး၏ နက်ရှိုင်းသည့် ရည်ရွယ်ချက်များ တိမ်မြုပ်နေပါသည်။

အရင်တစ်ခေါက် ဖြစ်ခဲ့သည့်ကိစ္စကြောင့် လီရှိက ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသည့် ဘော့စ်ဖေးကို အထင်မသေးရဲတော့ပါ။ ဒီဘော့စ်ဖေးက ငယ်ရွယ်ပြီး ယုတ္တိမရှိတာတွေပဲလုပ်တတ်တာ သူသိပါသည်။ သို့သော် သူ့မှ ရှင်းလင်းပြီး အဝေးကိုမြင်နိုင်သည့် အမြော်အမြင်တစ်ခုရှိနေပါသည်။ ထို့အပြင် အမြဲတမ်းလိုလို အရံအစီအစဥ်လည်းရှိနေတတ်သူဖြစ်၏။

အရင်တစ်ခေါက်တုန်းက ဘော့စ်ဖေးကို အထင်သေးခဲ့သဖြင့် လီရှိအရှုံးကြီးရှုံးခဲ့ရပါသည်။

သူ့မေးစေ့ကို နူးညံ့စွာပွတ်ကာ နောက်ကွယ်မှာ ဖြစ်ပျက်နေသည့် အရာအားလုံးကို စဥ်းစားကြည့်လိုက်ပါသည်။

"ဘော့စ်ဖေးက အစောကြီးကတည်းက ငါလုပ်နေတာတွေကို သိထားတာဖြစ်ရမယ်။ မျက်နှာရှည်ရှည်နဲ့ကောင်ကို ငါ့ကို သတင်းအမှားတွေပေးဖို့ ညွှန်ကြားခဲ့တာလည်း သူပဲဖြစ်မယ်။ ဟုတ်ပါတယ်။ မျက်နှာရှည်ရှည်နဲ့ကောင်က တုံးပေမယ့် ဘော့စ်ဖေးကို သစ္စာရှိတယ်။ ငါ့အစီအစဥ်ကို အဲ့မှာစ အကောင်အထည်ဖော်တာ မှားတာပဲ။"

"ဖြစ်သင့်ပါတယ်။ မျက်နှာရှည်ရှည်နဲ့ကောင်သာ ဘော့စ်ဖေးအပေါ် သစ္စာမရှိဘူးဆိုရင် ဒီလို အခွင့်ပေးမှုကို ခံရပြီး ဘယ်လိုလုပ် ရာထူးမြင့်မြင့်ရထားမှာလဲ။"

"ဒီတစ်ခါက် တူညီတဲ့အမှားမျိုး ထပ်လုပ်လို့ မဖြစ်ဘူး။"

"မျက်နှာရှည်ရှည်နဲ့ကောင်ကို မူရင်းဆိုင်မှာ မတွေ့ရတော့ဘူး။ အဲ့ဒီအစား မင်ယွမ်ကဆိုင်ခွဲမှာ သွားနေနေတယ်။ ဘော့စ်ဖေး အဲ့ဒီနယ်မြေအတွက် အစီအစဥ်သစ်တစ်ခု ချထားနိုင်ခြေများတယ်။"

လီရှိ အရင်တုန်းကလို စိတ််ကူးယဥ်ဆန်သော တွေးပုံခေါ်ပုံမျိုး မလုပ်တော့ပါ။ ယွီအင်တာနက်ကဖေးဆိုင်ကို ဝယ်ဖို့တောင် စိတ်ကူးမယဥ်တော့ပေ။ ယွီအင်တာနက်ကဖေးက အခုအလွန်အောင်မြင်နေတာကို သူကောင်းကောင်းသိပါသည်။ ဂုဏ်သတင်းနဲ့ အရည်အသွေးကလည်း တော်တော်လေး ကောင်းမွန်ပါသည်။ လီရှိ ရင်းနှီးမြှုပ်နှံဖို့တောင် အလွန်ခက်ခဲပါလိမ့်မည်။

ယွီအင်တာနက်ကဖေးအပေါ် လီရှိ၏ စိတ်ဝင်စားမှုက ပျောက်ကွယ်နေပါပြီ။ သို့သော် ဘော့စ်ဖေးကိုတော့ စိတ်ဝင်စားမှု မပျောက်သေးပေ။

အရင်တစ်ခေါက် အဖြစ်အပျက်များ ဖြစ်ပြီးနောက်တွင် လီရှိ၏ ဘော့စ်ဖေးအပေါ် အကဲခတ်မှုများက တိုးတက်လာသည်။ ဘော့စ်ဖေးက ကျင်းကျိုးမြို့၏ ထိပ်တန်းစီးပွားရေးသမားတစ်ယောက်လို့တောင် ထင်မိနေပါသည်။ ဒီလောက်တော်တဲ့လူမျိုး လက်တစ်ကမ်းအလိုမှာ ရှိနေသဖြင့် သူ့လှုပ်ရှားမှုတိုင်းကို လီရှိ အနီးကပ် စောင့်ကြည့်ရပါမည်။

စီးပွားရေး အခွင့်အလမ်းတစ်ခု ပေါ်လာရင် ဘယ်လိုလုပ်မလဲ။

ဒီတစ်ခေါက်လည်း ထိုနည်းလည်းကောင်းဖြစ်နေပြန်ပါပြီ။ ယွီအင်တာနက်ကဖေး မင်ယွမ်ဗီလာဆိုင်ခွဲကို လီရှိစောင့်ကြည့်နေခြင်းမှာ သူရင်းနှီးမြှုပ်နှံဖို့ သို့မဟုတ် ဝယ်ချင်သောကြောင့် မဟုတ်ပါ။ ဘော့စ်ဖေး၏ နောက်ထပ်လှုပ်ရှားမှုကို အလွန်စိတ်ဝင်စားနေသောကြောင့်သာဖြစ်ပါသည်။

သူ့ဖုန်းပေါ်က မြေပုံကို ဖွင့်လိုက်ပြီး အကြမ်းဖျင်း ကြည့်ရှုလိုက်သည်။ ထို့နောက် လီရှိ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီနေရာကြီးက ဘာတွေအလားအလာရှိနေသလဲ သူနားမလည်နိုင်ပါ။

'မင်ယွမ်ဗီလာ' ဟုအမည်ရသည့် နေရာက ကျင်းကျိုးမြို့အတွင်းရှိ အဆင့်မြင့် အိမ်ရာတစ်ခု ဖြစ်ပါသည်။ လုံးချင်းဗီလာများဖြင့် ပြည့်နှက်နေသောနေရာဖြစ်၏။

သို့သော်လည်း ဒီနေရာကြီး၏ တည်ဆောက်ပုံက ပြဿနာတော့ ရှိနေပါသည်။

မင်ယွမ်ဗီလာက ကျင်းကျိုးမြို့၏ အရှေ့တောင်ဘက်အရပ်တွင် တောတောင်မြစ်ချောင်းများတစ်လျှောက် တည်ရှိပါသည်။ ထိုနေရာက ရှုခင်းများက မဆိုးလှပေ။

သို့သော်လည်း ထိုကဲ့သို့နေရာမျိုးအတွက် ကြီးကြီးမားမားပြဿနာနှစ်ခုရှိ၏။

ပထမဆုံး ဘေးပတ်လည်က နေရာထိုင်ခင်းများက အဆင်မပြေပါ။ ဗီလာများက တစ်ရက်နှစ်ရက်လောက် အားလပ်ရက်အဖြစ်နေထိုင်ဖို့ ကောင်းမွန်သော်လည်း ရေရှည်နေထိုင်ဖို့အတွက်တော့ မကောင်းပါ။ အတော်လေး အဆင်မပြေနိုင်ပါ။

ဒုတိယအနေဖြင့် ဆောက်လုပ်ရေးသမားများ၏ ဗျူဟာက ပြဿနာရှိနေသည်။ ဒီနေရာကြီးတစ်ခုလုံးကို အဆင့်မြင့် ဗီလာကြီးများဖြင့် ဖြည့်ထား၏။ ဒီနေရာက ဗီလာများ၏ ပျမ်းမျှစျေးနှုန်းမှာ ကျင်းကျိုးမြို့ရှိ တခြားဗီလာများထက် ပိုမြင့်သည်ဟု သတ်မှတ်နိုင်ပါသည်။ သို့သော်လည်း မားကတ်တင်းကို ကောင်းကောင်း မလုပ်ထားကြပေ။ ဒီနေရာကြီးက သိပ်ပြီး လူသိမများခဲ့ပါ။

ထို့ကြောင့် ဗီလာကြီးများ ဆောက်လုပ်အပြီး ၁ နှစ်နီးပါးလောက်ကြာတာတောင် နေထိုင်သူ အလွန်နည်းပါးဆဲဖြစ်ပါသည်။

ယွီအင်တာနက်ကဖေးဆိုင်ဖွင့်ဖို့ ရွေးချယ်ထားသည့် တည်နေရာက လီရှိကို ပို၍ပင် စိတ်ရှုပ်သွားစေပါသည်။ အင်တာနက်ကဖေးဆိုင်က မင်ယွမ်ဗီလာအနီးမှာ ဆောက်လုပ်ထားခြင်း မဟုတ်ဘဲ မင်ယွမ် ဗီလာနဲ့ ခပ်လှမ်းလှမ်းမှာ ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဟန်သုံးကျောက်ထုံတက္ကသိုလ်၏ အရှေ့ကမ်းပက်စ်နဲ့လည်း ဝေးကွာသည်။ ထိုနေရာနှစ်ခုမှ လူတွေက ယွီအင်တာနက်ကဖေးဆိုင်သို့ သွားချင်ပါက တော်တော်ဝေးဝေး သွားကြရပါလိမ့်မည်။

All Chapters