ဘော့စ်ဖေး သတင်းဖြန့်ဝေခြင်း
Vol. 14 Ch. 205
စားပွဲထိုးတစ်ယောက်က သတ္တိမွေးကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ဘော့စ်ဖေး ကျွန်တော်တို့ ယွီအင်တာနက်ကဖေးကို ဘယ်တော့မှ သစ္စာမဖောက်ဘူး ကျွန်တော် သူ့ကို ချက်ချင်း ငြင်းလိုက်ပါ့မယ်။"
နောက်ထပ် စားပွဲထိုးတစ်ယောက်ကလည်း ပြောလိုက်ပါသည်။ "ဟုတ်တယ် ဘော့စ်ဖေး ဘော့စ်ဖေး ကျွန်တော်တို့ကို ဆက်ဆံတဲ့ပုံစံက လုံးဝ ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ကို လက်မလွှတ်သေးသရွေ့ ယွီအင်တာနက်ကဖေး ဘယ်ဆိုင်ခွဲရဲ့ သတင်းကိုမဆို ရောင်းမစားပါဘူး။"
ထိုလူတွေရဲ့ ဆုံးဖြတ်ချက်ပြတ်သားသော မျက်နှာထားများကိုကြည့်ကာ ဖေးချမ့် ရင်ထဲကျိန်ဆဲလိုက်မိပါသည်။
မလုပ်နဲ့ဟ မင်တိုး ရောင်းနိုင်သမျှ ရောင်းစားသင့်တာ ငါလိုချင်တာ ဒါမျိုးကွ။
တစ်ဖက်လူတွေ မင်ယွမ်ဗီလာဆိုင်ခွဲရဲ့ သတင်းကို ဘာလို့ ဝယ်ချင်တာလဲ။ တိုက်ခိုက်ဖို့ မဟုတ်ဘူးလား။
အဲ့တာ အဆင်ပြေတာပေါ့ မင်ယွမ်ဗီလာ အရှုံးပိုပေါ်အောင် ဒီကောင်တွေ ကူညီပေးလိမ့်မယ်။ ဒီ့ထက် ပိုအဆင်ပြေတာ မရှိတော့ဘူး။
ထိုအချိန်ရောက်သည့်အခါ စားပွဲထိုးတချို့လည်း ငွေပိုရ၊ ဖေးချမ့်လည်း ငွေပိုဆုံးရှုံးနိုင်မည်ဖြစ်သည်။ အဲ့တာ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အခြေအနေမျိုး မဟုတ်ဘူးလား။
ဖေးချမ့်က ခေါင်းခါကာ ပြောလိုက်ပါသည်။ "မလိုဘူး။ မင်းတို့ရောင်းနိုင်သမျှ သတင်းတွေ အကုန်ရောင်းလိုက်ကြ။ သူတို့ကို သဘောကောင်းပြမနေနဲ့။ မဟုတ်ရင် သူတို့နဲ့ ညှိနှိုင်းပြီး ယွမ် ၃,၀၀၀ ထက် ပိုတောင်းလိုက်။"
စားပွဲထိုးများ ကြောင်စီစီဖြစ်သွားကြသည်။
ဘာလဲဟ ဘော့စ်ဖေးက သူတို့ကို သတင်းအချက်အလက် ရောင်းစားခွင့်ပေးနေတာလား။
စားပွဲထိုးတစ်ယောက်က သေချာစဥ်းစားကြည့်ရင်း နားလည်သဘောပေါက်သွားခဲ့ပါသည်။ "ကျွန်တော်သိပြီ ဘော့စ်ဖေး ဘော့စ်ဖေးက အကြံအစည်တစ်ခု လုပ်မလို့ပဲ။ ကျွန်တော်တို့ကို သတင်းအတု ရောင်းစားခိုင်းပြီး ဒီကောင်တွေကို လမ်းလွှဲခိုင်းမလို့ မဟုတ်လား။"
ဖေးချမ့်က ဘာမှ မပြောဘဲ ပြုံးသာပြုံးလိုက်ပါသည်။
သတင်းအတုတွေ ဟုတ်လား။
သတင်းအတု မဟုတ်ဘူး၊ သတင်းအစစ်တွေကို ပြောနေတာကွ။ ဒီဆိုင်ခွဲနဲ့ ပတ်သတ်တဲ့ သတင်းတွေ ရောင်းစားနိုင်ဖို့ အကောင်းဆုံးသာ ကြိုးစားကြကွာ။
ဖေးချမ့်က ဖုန်းကို ထုတ်လိုက်ပြီး မျက်နှာထားမပြောင်းလဲဘဲ အသံစသွင်းလိုက်ပါသည်။
"ဖြစ်ချင်တော့ ယွီအင်တာနက်ကဖေးဆိုင်အတွက် အနာဂတ်အစီအစဥ်တွေအကြောင်း မင်းတို့အားလုံးကို ပြောချင်နေတာ"
"နောက်လပိုင်းအတွင်း ငါတို့ ယွီအင်တာနက်ကဖေးလုပ်ငန်းကြီးတစ်ခုလုံးမှာ မင်ယွမ်ဗီလာဆိုင်ခွဲက အရေးအကြီးဆုံး ဦးစားပေး ဖြစ်လာမယ်။ တစ်ချိန်တည်းမှာပဲ ငါတို့ အင်တာနက်ကဖေးလုပ်ငန်းကိုလည်း အားအပြည့်နဲ့ ဆက်လည်ပတ်ကြမယ်။"
"အခု မူရင်းဆိုင်က အရမ်းအဆင်ပြေနေပြီဆိုပေမယ့် ဘားတစ်ခုပဲအဆင်ပြေတာလေ။ အင်တာနက်ကဖေးက အဆင်ပြေတာမှ မဟုတ်တာ"
မာယန်ဘက်ကို လှည့်ပြီး ပြောလိုက်ပါသည်။ "မာကြီး မင်းက ယွီအင်တာနက်ကဖေးဆိုင်ကို ဘားတစ်ခုအဖြစ်ပြောင်းလဲဖို့ အမြဲစဥ်းစားခဲ့တာမလား။ ငါလည်း တစ်ခါမှ သဘောမတူခဲ့ဘူး။ အခု အဆင့်မြင့် အင်တာနက်ကဖေးဆိုင်တွေက ရေပန်းမစားသေးပေမယ့် ငါတို့လုပ်ငန်းရဲ့ အနာဂတ် သေချာပေါက် ဖြစ်လာကြမှာ"
"၁ နှစ်အတွင်း အဲ့ဒီအဆင့်မြင့် အင်တာနက်ကဖေးဆိုင်တွေက ရိုးရိုးအင်တာနက်ကဖေးတွေကို အစားထိုးလိမ့်မယ်လို့ ငါခန့်မှန်းထားတယ်။ စျေးကွက်ထဲမှာ အဓိကခေတ်ရေစီးကြောင်းဖြစ်လာမှာ"
ဖေးချမ့်ပြောသည့်အထဲ အမှန်တရားများ ပါသော်လည်း အလိမ်အညာများလည်း ပါဝင်နေပါသည်။
ပြိုင်ဆိုင်ဖို့နဲ့ ခေတ်ရေစီးကြောင်းကိုလိုက်ဖို့ အနာဂတ်တွေ စျေးပေါပေါ အင်တာနက်ကဖေးများကလည်း အဆင့်မြင့်အင်တာနက်ကဖေးများအဖြစ် ပြောင်းလဲရလိမ့်မည်။ သို့သော်လည်း ဒီလိုပြောင်းလဲမှုက နောက်ထပ် ၁ နှစ် ၂ နှစ်အတွင်း ပြီးမြောက်ဦးမှာ မဟုတ်ပါ။
ဖေးချမ့်၏ မှတ်ဉာဏ်အရဆို ဒီလိုအဆင့်မြင့် အင်တာနက်ကဖေးမျိုးက ၂၀၁၂ ခုနှစ်မှ စတင်ရေပန်းစားလာကြခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ၎င်းတို့ပထမအဆင့်မြို့တော်များမှ ဒုတိယအဆင့်မြို့တော်များအထိ တွင်ကျယ်လာလိမ့်မည်။ နှေးကွေးသော်လည်း လူများစုက စတင်လက်ခံလာကြပြီဖြစ်သည်။
ထို့ကြောင့် ဖေးချမ့်က အခြေအနေကို နားလည်သဖြင့် နောက်ထပ် ၂ နှစ်ဝန်းကျင်လောက် သူအရှုံးပေါ်နိုင်ပါသေးသည်။
အင်တာနက်ကဖေးတွေရဲ့ အနာဂတ်က ဒီလိုဆိုတော့ကော ဘာဖြစ်လဲ။ သူ နောက်ထပ် ၂ နှစ်ဝန်းကျင်လောက် အရှုံးပေါ်နေနိုင်သေးတာပဲ မဟုတ်ပါလား။ ကောင်းလည်း ကောင်းပါသည်။ နောက်ပိုင်းကိစ္စ နောက်မှ ရှင်းလို့ ရသည်။
ဖေးချမ့် ဆက်ပြောလိုက်၏။ "ယွီအင်တာနက်ကဖေး မူရင်းဆိုင်မှာ ဖြစ်ပျက်ခဲ့တာက အံ့အားသင့်စရာပါပဲ။ ရိုးရိုးသားသားပြောရရင် အဲ့ဒါ ငါစီစဥ်ထားတဲ့အထဲ မပါဘူး။"
ဒါကတော့ ရာနှုန်းပြည့် အမှန်တရားပဲ ဖြစ်သည်။
"မူရင်းဆိုင်ရဲ့ အောင်မြင်မှုကို ကြည့်ခြင်းအားဖြင့် ငါတို့ကတ်စတမ်မာ အသွားအလာ စတာတွေမှာ ကြီးကြီးမားမား အနှောင့်အယှက် ဖြစ်နေခဲ့တာ။ ငါတို့အင်တာနက်ကဖေးဆိုင်ရဲ့ မော်ဒယ်လ်ပုံစံကို မူရင်းဆိုင်မှာ စမ်းသပ်လို့ မရတော့ဘူး။ အဲ့တာကြောင့် အင်တာနက်ကဖေး မော်ဒယ်လ်ပုံစံကို စမ်းသပ်ကြည့်ဖို့အတွက် မင်ယွမ်ဗီလာဆိုင်ခွဲကို ရွေးချယ်ခဲ့ရတာပဲ။ လောလောဆယ် ဒီဆိုင်ခွဲက အဆိုးရွားဆုံးပုံစံပေါက်နေတယ်။"
"ငါတို့ပန်းတိုင်က ဒီဘေးပတ်လည်မှာရှိတဲ့ အဆင့်မြင့် ဗီလာကြီးတွနဲ့ တက္ကသိုလ်ကို အာရုံစိုက်ထားဖို့ပဲ။ ယွီအင်တာနက်ကဖေးလိုမျိုး အဆင့်မြင့်အင်တာနက်ကဖေးရဲ့ အကျိုးအကျေးဇူးတွေကို ဒီမှာ အပြည့်အဝ ထုတ်ပြမယ်။"
"ကျေးဇူးပြုပြီး အားလုံးပဲ ငါ့ကို ယုံထားကြစမ်းပါ။ မင်ယွမ်ဗီလာက ကျင်ကျိုးမြို့ရဲ့ နောက်ထပ် စိားပွားရေး အချက်အချာ ဒေသတစ်ခု ဖြစ်လာမယ်။ အထက်တန်းစားတွေ အတူတူဆုံပြီး အပန်းဖြေတဲ့ နေရာတစ်ခု ဖြစ်လာလိမ့်မယ်။"
ဖေးချမ့်၏ စကားကို နားထောင်ပြီးနောက် စားပွဲထိုးများ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပါသည်။
ဘော့စ်ဖေး အမှန်တိုင်း ပြောနေတာလား ဘာလား။ ဒါတွေအကုန်လုံးကို သူ့ရန်သူကို ပြောပြနေတာဆိုတော့ အများစုက အတုတွေပဲဖြစ်မှာပါ ဟုတ်တယ်မလား။ ဒါပေမယ့် ဘာဖြစ်လို့ အတုအယောင်ပြောနေတဲ့ပုံစံနဲ့ သိပ်မတူရတာလလဲ။ ဘာလို့ အမှန်တိုင်းပြောနေတဲ့ပုံစံ ပေါက်နေတာလဲ။
ထို့အပြင် သိပ်မကြာသေးခင်က ဘော့စ်ဖေး သရုပ်ဆောင်သည့် ပုံစံနဲ့တောင် လုံးဝ ကိုက်ညီမှု ရှိပါသည်။
စားပွဲထိုးတစ်ယောက်က အားပျော့စွာ လက်ထောင်ပြီး မေးလိုက်ပါသည်။ "အဲ ဘော့စ်ဖေး... ဒါဆို ကျွန်တော်တို့က ဘာလုပ်ကြရမှာလဲ။"
ဖေးချမ့်က အနည်းငယ် ပြုံးကာ ပြောလိုက်ပါသည်။
"ငါတို့ကတ်စတမ်မာတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး စိတ်ရှည်ရှည် စောင့်နေပေါ့။"
အစည်းအဝေးပြီးသည့်အခါ ဖေးချမ့်က အသံဖမ်းထားသည့်ဖိုင်ကို မာယန်အား ပို့ပေးလိုက်သည်။
"အဲ့ဒီအသံဖိုင်ကို စားပွဲထိုးတစ်ယောက်ဆီ ပို့ပေးလိုက်ပါ။"
သူ ပြောခဲ့သည့် အကြောင်းအရာတစ်ခုခုကို စားပွဲထိုးများ ချန်ထားခဲ့မှာကို ဖေးချမ့် စိုးရိမ်သည်။ ထို့ကြောင့် အကုန်လုံးကို သေချာစဥ်းစားကာ အသံဖမ်းထားလိုက်ခြင်း ဖြစ်၏။ ဒီအသံဖိုင်နဲ့သာဆို တစ်ဖက်လူက ယုံကြည်နိုင်ဖို့ ပိုများပါသည်။
အမှန်ပင်။ ဖေးချမ့် ဒီလောက်ထိ လုပ်ထားတာတောင် တစ်ဖက်လူက သံသယဝင်နိုင်ပါသေးသည်။ ဒါက အချက်အလက် အတုအယောင်ဟု သူတို့ ထင်သွားနိုင်သည်။ အတည်ပေါက် ယူမှာ မဟုတ်ပေ။
သို့သော်လည်း သူ အတည်ယူယူ မယူယူ ဖေးချမ့် မရှုံးဘဲ အနိုင်ရဖို့အတွက် ရပ်တည်နေပါမည်။
ထိုနေ့ညက...
စားပွဲထိုး ၃ ယောက်ထံမှ သူ့လက်အောက်ငယ်သားတစ်ယောက် ဝယ်ထားသည့် သတင်းများကို လီရှိ စုဆောင်းလိုက်ပါသည်။ အသံဖိုင်တစ်ခုတောင် ပါသေး၏။ ဒီအသံဖိုင်ကို ရလိုက်တာ အတော်လေး အံ့သြမိပါသည်။
အပျော်လွန်လျှက် သူ့ကို အသံဖိုင် ပေးလိုက်သည့် စားပွဲထိုးအား နောက်ထပ် ယွမ် ၅၀၀ ဆုချဖို့ လက်အောက်ငယ်သားအား ခိုင်းစေလိုက်ပါသည်။ သတင်းအချက်အလက်များနဲ့ အသံဖိုင်တို့က တစ်ခုနဲ့ တစ်ခု ကိုက်ညီမှု ရှိသည်။ မက်ဆေ့၏ အကြောင်းအရာများကလည်း အားလုံး အတူတူပဲ ဖြစ်ပါသည်။
သို့သော်လည်း သတင်းအချက်အလက်က စကားပြောကို ပြန်ရေးထားတာဖြစ်သဖြင့် ကျန်ခဲ့တာတွေ ရှိမှာ လီရှိ စိုးရိမ်မိပါသည်။ အားလုံးထဲမှာ အရေးအကြီးဆုံးက အသံဖိုင်ဖြစ်သည်။ ဖေးချမ့်၏ စကားလုံးအစစ်များ ပါဝင်နေပါသည်။
လီရှိက စာကြည့်ခန်းထဲဝင်ကာ လက်ဘက်ရည်သောက်ရင်း အသံဖိုင်ကို နားထောင်လိုက်ပါသည်။
"ဘော့စ်ဖေးရဲ့ စကားကို အချက်နှစ်ချက်အဖြစ် ခွဲခြားလိုက်လို့ရတယ်။ ပထမတစ်ချက်က အဆင့်မြင့် အင်တာနက်ကဖေးတွေက အနာဂတ်မှာ ခေတ်ရေစီးကြောင်းစံပြဖြစ်လာလိမ့်မယ်။ အခု အရမ်းအလားအလာရှိတဲ့အချိန်ပဲ။ ဒုတိယတစ်ချက်က မင်ယွမ်ဗီလာက ကျင်းကျိုးမြို့ရဲ့ နောက်ထပ် စီးပွားရေး အချက်အချာ ဒေသတစ်ခု ဖြစ်လာပြီး အထက်တန်းစားလူတွေအားလုံး စုစည်းကြမယ့် နေရာဖြစ်လာမယ်တဲ့...."
"ပထမအချက်ကိုတော့ ငါလည်း သဘောတူတယ်။ အမှန်ပဲ။ အနာဂတ်မှာ အဆင့်မြင့်အင်တာနက်ကဖေးတွေက ခေတ်ရေစီးကြောင်း စံပြ ဖြစ်လာမှာ။ လူတွေရဲ့ နေထိုင်မှုစံနှုန်းတွေလည်း မြင့်မားလာမယ်။ ပါဆင်နယ် လက်ပ်တော့တွေလည်း အသုံးများလာမယ်။ လူတွေ အင်တာနက်ကဖေးကိုလာတာက ဂိမ်းကစားဖို့ သက်သက် မဟုတ်ဘဲ ဆက်သွယ်ဖို့၊ သူတို့သူငယ်ချင်းတွေနဲ့ ပျော်ပါးဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးချလာကြလိမ့်မယ်။ ပတ်ဝန်းကျင်သွင်ပြင်အတွက် သူတို့ထားတဲ့စံနှုန်းတွေကလည်း မြင့်တက်လာလိမ့်မယ်။"
"ဒါပေမယ့် ဒုတိယအချက်ကတော့ ဆွေးနွေးချင်စရာပဲ။ မင်ယွမ်ဗီလာက အဆင့်မြင့် အိမ်ရာနယ်မြေတစ်ခုအဖြစ် ကျရှုံးသွားတာ လူသိများတယ်လေ။ အနီးအနားက ဟန်သုံးကျောက်ထုံတက္ကသိုလ်အရှေ့ကမ်းပက်စ်ကလည်း ဟန်သုံးကျောက်ထုံတက္ကသိုလ်ရဲ့ မိန်းကမ်းပက်စ်နဲ့ အဝေးကြိးပဲ။ အဲ့တာကြောင့် ကျောင်းသားများများစားစား မရှိကြဘူး။"
"ဘော့စ်ဖေးက ဒီလူအုပ်စုနှစ်စုကိုပဲ အားကိုးပြီး ဒီဆိုင်ခွဲကို ရေပန်းစားလာအောင် လုပ်ဖို့ မျှော်လင့်နေတာလား။ စိတ်ကူးယဥ်ဆန်ပြီး အကောင်းမြင်လွန်းနေတယ်။"
"ပြီးတော့ ဒီယွီအင်တာနက်ကဖေးဆိုင်က နှစ်နေရာစလုံးနဲ့ တော်တော်ဝေးတယ်။ ၂ ကီလိုမီတာနီးပါးလောက်အထိ ဝေးတယ်။ အဲ့ဒီကိုရောက်ဖို့တောင် မိနစ် ၂၀ - ၃၀ လောက် ကြာလိမ့်မယ်။"
"တော်တော်လေးကို ခွကျတဲ့ အကွာအဝေးပါလား။ လမ်းလျှောက်ဖို့လည်း ဝေးလွန်းသလို တက္ကစီငှားဖို့လည်း ဒုက္ခများလွန်းတယ်။ ပို့ဆောင်ဆက်သွယ်ရေးနည်းလမ်းနှစ်ခုစလုံးက အဓိပ္ပာယ်ရှိတဲ့ပုံမပေါ်ဘူး။ အရှေ့ကမ်းပက်စ်က ကျောင်းသားတွေကလည်း သူတို့ကျောင်းဝင်ပေါက်နားမှာရှိတဲ့ အင်တာနက် ကဖေးကိုပဲ ပိုအလေးထားကြမှာပေါ့။ မင်ယွမ်ဗီလာက သူဌေးတွေကလည်း ကော်ဖီလေးတစ်ခွက် သောက်ဖို့အတွက်နဲ့ ဒီအထိ မောင်းလာမှာ မဟုတ်ဘူး။"
"နှစ်ဖက်စလုံးက ကတ်စတမ်မာတွေကို ဆွဲခေါ်ချင်နေတာလား။ တော်တော် ရည်မှန်းချက် ကြီးတာပဲ။ အဆင့်မြင့်စားသောက်ဆိုင်တစ်ခုဆို လူတွေ အဝေးကြီးက လာနိုင်ခြေရှိသေးတယ်။ ဒါပေမယ့် အင်တာနက်ကဖေးဆိုင်ကတော့ ဆွဲဆောင်မှု မရှိဘူးလေ။"
"ဒါပေမယ့် ဘော့စ်ဖေးရဲ့ ဗျူဟာချစကေးတွေကိုကြည့်ခြင်းအားဖြင့် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။"
အသံဖိုင်ထဲမှာ သူ့အတွက် အံ့သြစရာဖြစ်ခဲ့သည်ဟု ဘော့စ်ဖေးကဆိုသော်လည်း ဒီတိုင်း အလွန်အမင်း နှိမ့်ချပြောဆိုခြင်းဖြစ်တာ သိသာပါသည်။
ဒီလိုအံ့သြဖို့ကောင်းတာမျိုး သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား။
ထို့ကြောင့် ဘော့စ်ဖေးပြောစကား၏ ၈၀ ရာခိုင်နှုန်းလောက်ကိုသာ လီရှိ ယုံကြည်ပါသည်။ သတင်းအတုဖြစ်မှာကိုတောင် သံသယဝင်မိသေး၏။ သို့သော်လည်း ထပ်စဥ်းစားကြည့်သောအခါ ဒါက အဓိပ္ပာယ် မရှိနိုင်ပါ။