အရမ်း... စျေးကြီးတဲ့ပုံတော့ မပေါ်ဘူးနော်
Vol. 14 Ch. 209
ဖေးချမ့်က လမ်းလျှောက်ရင်း ဘေးပတ်လည်ကို အကဲခတ်နေသည်။ တစ်ချိန််တည်းမှာပဲ နက်နက်နဲနဲ စဥ်းစားနေ၏။
ဒီနယ်မြေမှာ ဆိုင်တွေအများကြီးကို ပြန်လည် ပြုပြင်မွမ်းမံနေကြပြီ။ ဆိုလိုရင်းက အဆင့်မြင့်စားသောက်ဆိုင်ကို ဒီမှာဖွင့်လိုက်ပါက လူတွေ တွေ့သွားနိုင်ခြေ ပိုမြင့်လာပါလိမ့်မည်။ ထို့ကြောင့် လွန်ခဲ့သည့် ရက်အနည်းငယ်လောက်က သူ ရွေးချယ်ခဲ့သော နေရာအားလုံး ချက်ချင်းပဲ ဗလာကျင်း ဖြစ်လာခဲ့၏။
ဖေးချမ့်က လမ်းလျှောက်ပြီးရင်း လျှောက်ကာ ဘာမှန်း မသိလိုက်ဘဲ မင်ယွမ်ဗီလာအိမ်ရာ အနီးသို့ ရောက်လာခဲ့သည်။ သူ့ရှေ့က တောင်ကုန်းအလယ်လောက်တွင် ဝေဝေဝါးဝါး မြင်နေရသော ဗီလာများကို မြင်သောအခါ အတွေးများ နက်ရှိုင်းသွားရ၏။
မင်ယွမ်ဗီလာများကို ကျင်းကျိုးမြို့စွန်ကအမည်မသိ တောင်ကုန်းတစ်ခု၏ တောင်ခြေတါင် တည်ဆောက်ထားခြင်းဖြစ်သည်။ ဗီလာအများစုက တောင်ကုန်း၏ အောက်ခြေတွင် တည်ဆောက်ထားကြသည်။ သို့သော် တချို့ကိုတော့ တောင်ကုန်းအလယ်လောက်မှာ တည်ဆောက်ထားကြသည်။ ဒါတွေကို 'တောင်ပေါ်ဗီလာ' ဟုခေါ်ဆိုလေ့ရှိကြသည်။ ဖေးချမ့် နားလည်သလောက်ဆို မင်ယွမ်ဗီလာများကို သိပ်ပြီး မရောင်းခဲ့ရပါ။ အထူးသဖြင့် တောင်ကုန်းအလယ်လောက်မှာ တည်ဆောက်ထားသည့် ဗီလာများ ဖြစ်သည်။
ဒီ့အတွက် အဓိက အကြောင်းအရင်း နှစ်ခု ရှိပါသည်။
ပထမဆုံး ဗီလာများတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး မရှိခြင်းကြောင့်ဖြစ်သည်။ စျေးကြီးလွန်းလှကာ လူအနည်းငယ်သာ ဝယ်နိုင်ကြပါသည်။
မင်ယွမ်ဗီလာက ကျင်းကျိုးမြို့၏ မြို့စွန်တွင် တည်ရှိသည်ဟု ဆိုနိုင်သည်။ ဒီလိုနေရာမျိုးမှာ အိမ်တစ်လုံးဝယ်ဖို့အတွက်ဆို လူအများစုမှာ ထိုတန်ဖိုးအတိုင်းတူညီသည့် အိမ်တစ်လုံးတော့ မြို့တွင်းထဲ ရှိထားဖို့လိုပါသည်။ ထို့အပြင် မြို့စွန်မှာ ဘယ်သူမှ မနေချင်ကြပေ။
တစ်ခါတစ်လေမှ အားလပ်ရက်အတွက် လာရောက်နေထိုင်ဖို့ ဝယ်ယူထားတာဆိုပါက အရည်အသွေးနဲ့ တန်ဖိုး အချိုးက အလွန်နိမ့်လွန်းနေပါလိမ့်မည်။
ထို့ကြောင့် ထိုဗီလာများမှာ ဝယ်ယူပြီးနောက် တန်ဖိုးများ လုံးဝ ကျဆင်းသွားဖို့ လွယ်ကူသည်။ ငွေအလွန်များပြားပြီး သုံးဖို့သာ စိတ်ကူးရှိသည့် သူဌေးကြီးများ မဟုတ်ပါက ဘယ်သူမှ ဒီက ဗီလာကို ဝယ်ယူဖို့ စိတ်ကူးရှိမှာ မဟုတ်ပါ။
ဒုတိယအချက်က မင်ယွမ်ဗီလာရှိ တောင်ပေါ် ဗီလာများက နိုင်ငံခြားရှိ တောင်ပေါ်ဗီလာများ၏ စံနှုန်းအတိုင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ အားလုံးကို ထိပ်တန်းဒီဇိုင်နာများက ဒီဇိုင်းဆွဲထားကြပြီး ပြင်ဆင်မွမ်းမံမှုများကိုလည်း ၎င်းတို့ကိုယ်တိုင် ဦးဆောင်ခဲ့ကြသည်။ ထို့ကြောင့် ထိုဗီလာများက တောင်ခြေက ဗီလာများထက် အများကြီး ပိုစျေးကြီးပါသည်။ တောင်ပေါ်ဗီလာများတွင် ရေကူးကန်များ၊ ခမ်းနားသော အလှဆင်မှုများပင် ရှိပါသည်။
၎င်းတို့ကို စတင်ရောင်းချသောအခါ လူတော်တော်များများက ကျသင့်ငွေကို ဘယ်လိုရှင်းရမှန်းတောင် မသိခဲ့ကြပါ။
တစ်ဖက်မှာတော့ စျေးကြီးလွန်းသည်။ နောက်တစ်ဖက်မှာတော့ ဗီလာများကို ပုံမှန် ဝယ်တတ်သော သူဌေးများက ပြုပြင်မွမ်းမံမှုများအတွက် အသေးစိတ် တောင်းဆိုချက်များ ရှိကြသည်။ တချို့က ဒီဇိုင်နာများ၏ လက်ရာကို သဘောမကျဘဲ သူတို့ ဖာသာ သူတို့ ပြင်ဆင်ဖို့ တိုက်တွန်းကြသည်။
သူဌေးများ၏ အစီအစဥ်များက ဖော်ပြလို့တောင် မရနိုင်အောင်ရှိလှသည်။ တချို့က Baroque ဗိသုကာလက်ရာများနဲ့ လူ ၈ ယောက်လောက် ထိုင်နိုင်သော ရှေးဟောင်းစတိုင် လေးထောင့်စားပွဲကြီးများကို လိုချင်ကြသည်။ တချို့ကတော့ အနီရောင်၊ သစ်သား ပရိဘောဂများဖြင့် ပြင်သစ်စတိုင်ဗီလာများကို အလိုရှိကြသည်။ တချို့က ဝင်ပေါက်တွင် ကျောက်တုံးခြင်္သေ့ကြီးများဖြင့် မြေထဲပင်လယ်ဒေသစတိုင် ဗီလာများကို အလိုရှိကြသည်။ တချို့ကတော့ အလှရေကန်ငယ်များနဲ့ အိမ်ခြံဝန်းစတိုင်ကို လိုချင်ကြသည်။ တချို့ကတော့ ဥရောပ ရောမနဲ့ ဂရိစတိုင်နဲ့ တရုတ်စတိုင်တို့ကို ရောစပ်ထားသည့် ဗီလာများကို လိုချင်ကြသည်။
ဒါတွေကတောင် အရှင်းဆုံးတွေထဲက ဖြစ်ပါသည်။
၎င်းတို့၏ ဗီလာများကို ဝယ်ယူပြီးနောက် သူဌေးများ ပထမဆုံးလုပ်သည့်အရာက နံရံများကို ဖြိုချကာ အိမ်၏ တည်ဆောက်ပုံကို ပြောင်းလဲခြင်း ဖြစ်သည်။ ထို့နောက် ကိုယ်ပိုင် ဒီဇိုင်နာများကို ငှားရမ်းပြီး ကိုယ်တိုင် ဆောက်လုပ်ထားသော အိမ်များအဖြစ် ဗီလာများကို ပြောင်းလဲလိုက်ကြသည်။ ထိုသို့ပြောင်းလဲနေစဥ် တားမြစ်ထားသည့် အဆောက်အဦးများကိုပါ ထည့်ဖို့ ခေါင်းမာနေကြသေးသည်။
ဘာပဲဖြစ်ဖြစ် သူဌေးအားလုံးနဲ့ လူချမ်းသာ အားလုံးမှာ အမြင်ကောင်းကောင်း မရှိနိုင်သော်လည်း အားလုံးက သူတို့ဝယ်ထားသည့် ဗီလာအတွက်တော့ ထူးခြားသည့် သတ်မှတ်ချက်များ ရှိကြလိမ့်မည်။
ဒီလိုကြောင့်ပဲ မင်ယွမ်ဗီလာရှိ တောင်ပေါ် ဗီလာများက ဒီလို ခွကျသည့် အခြေအနေမျိုး ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။
အကုန်လုံးကို ပြုပြင်မွမ်းမံကာ ဆန်းဆန်းပြားပြား ဒီဇိုင်းများ ဆွဲထားသည်။ ဒါမှ စျေးမြင့်မြင့်နဲ့ ရောင်းနိုင်မှာ ဖြစ်သည်။ ဒါတောင် သူဌေးတွေက သဘောမကျကြသေးပါ။
ထိုဗီလာများကို ဝယ်ယူပြီးနောက် သူဌေးများက ပြင်ဆင်မှုအားလုံးကို ပြန်ဖျက်ကာ သုညက ပြန်ပြုပြင်ဖို့ နောက်ထပ် ၁ သန်း ၂ သန်းလောက် သုံးကြလိမ့်မည်။ ထိုသို့လုပ်မည့်အစား တစ်ပိုင်းတစ်စသာ ပြီးမြောက်သေးသော အိမ်များကို ပိုဝယ်တာ သူတို့အတွက် ပိုကောင်းတယ် မဟုတ်လား။
ထိုသို့ ချင့်ချိန်စဥ်းစားမှုများအရဆို အရည်အသွေးနဲ့ တန်ဖိုးအချိုးက သုညလောက်သာ ရှိပါလိမ့်မည်။
ထို့ကြောင့် မင်ယွမ်ဗီလာအားလုံးထဲတွင် ထိုတောင်ပေါ်ဗီလာများက အခြေအနေ အဆိုးရွားဆုံး ဖြစ်ပါသည်။ ၎င်းတို့က မဟာ ကျရှုံးမှုကြီးဟုတောင် ခေါ်နိုင်သည်။
ဒါက အဓိပ္ပာယ် မရှိဆုံး အရာတစ်ခု ဖြစ်၏။ အိမ်ရာနယ်မြေထဲက မြေကွက်တစ်ကွက်ကို ကော်မာရှယ်အတွက်ကော နေထိုင်ဖို့အတွက်ကော အသုံးချဖို့ စီစဥ်ခဲ့ကြသည်။ ထထို့ကြောင့် ဗီလာတွေထဲက အနည်းစုမှာ ကော်မာရှယ်အရည်အသွေးတွေပါ ရှိရမည်။
မူရင်းအစီအစဥ်အရဆို ထိုကော်မာရှယ်ဗီလာများ ကို အနောက်မြောက်ဘက်တွင် တည်ဆောက်ဖို့ ဖြစ်သည်။ ထို့အပြင် တခြား နေထိုင်ဖို့သက်သက် ဗီလာများနဲ့လည်း ခြားနားထားမည်ဖြစ်သည်။ ဒီလိုဆိုပိုပြီးတော့တောင် ဘဝင်မကျဖို့ ကောင်းနေပါသည်။
သို့သော်လည်း ဖေးချမ့်ကတော့ ဒါက ဆိုးရွားသော နေရာမဟုတ်ဟု ထင်မိသည်။
ထိုနေရာမှာသာ စားသောက်ဆိုင်ဖွင့်လိုက်ပါက လူတွေရှာတွေ့နိုင်ဖို့ ပိုခက်ခဲမသွားနိုင်ဘူးလား။ သူ ယခင်က ရွေးထားသည့် ဆိုင်နေရာများနဲ့ ယှဥ်လျှင် ဒီတစ်ခုက ပိုပြီးတောင် ဖုံးကွယ်နေပါသေးသည်။
အသုံးချနိုင်မှုအရဆိုရင်လည်း ဒီကော်မာရှယ်ဗီလာများကို ကော်မာရှယ် ရည်ရွယ်ချက် သက်သက်အတွက်လည်း အသုံးချနိုင်သည်။ မီးသတ်ဌာနနဲ့ သန့်ရှင်းရေးအဖွဲ့အစည်းများ၏ သတ်မှတ်ချက်ကို ပြည့်မှီရင် အဆင်ပြေပါပြီ။
ဖေးချမ့်က အဆင့်မြင့်စားသောက်ဆိုင်ကို ဖွင့်မှာဖြစ်သောကြောင့် သေချာပေါက် ထိုစံနှုန်းများအတိုင်း ဆောင်ရွက်ပါမည်။ ထို့အပြင် ဘေးပတ်လည်ရှိ နေထိုင်သူများအပေါ် သက်ရောက်မည့် အာနိသင်ကိုပါ ဂရုစိုက်မည်ဖြစ်သည်။
စာသောက်ဆိုင်က ဆူညံသံများထွက်ကာ နေထိုင်သူများကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ထို့အပြင် ပါကင်နေရာ စီစဥ်မှုမှာလည်း ပြဿနာရှိနိုင်သည်။ ဒါက အိမ်ရာတွင် နေထိုင်သူများ၏ နေ့စဥ်ဘဝကို ထိခိုက်မှု ရှိစေနိုင်ပါသည်။
သို့သော်လည်း ပြဿနာ ကြီးကြီးမားမားတော့ မဟုတ်ပါ။
အဘယ့်ကြောင့်ဆိုသော် ထိုကော်မာရှယ်ဗီလာများကို နေထိုင်ဖို့သက်သက် ဗီလာများနဲ့ နဂိုကတည်းက ခွဲထားသောကြောင့် ဖြစ်သည်။ ထို့အပြင် တောင်ပေါ်ဗီလာများက သီးခြားစီ ရှိနေကြသည်။ ဘေးပတ်လည်မှာ အဆောက်အဦးဘာညာလည်း မရှိကြပါ။
အစီအစဥ်အရဆို ကော်မာရှယ်ဗီလာများတွင် ကိုယ်ပိုင်ဝင်ပေါက်များ ရှိကြလိမ့်မည်။ ဒီလိုဆို ကားများ ဝင်ထွက်သွားလာဖို့ ပိုအဆင်ပြေနိုင်ပါသည်။
စားသောက်ဆိုင်မှာ ကတ်စတမ်မာတွေလည်း များများစားစားရှိမှာမဟုတ်ပေ။ အလွန်ဆုံး ဖေးချမ့်က သူ့ဝန်ထမ်းတွေကို ဒီမှာ စားသောက်ဖို့ ခေါ်ဆောင်လာနိုင်သည်။သူတို့ ဒီမှာ အစားအသောက်စားရုံသာ ဖြစ်ပြီး သီချင်းဆိုတာဘာညာကဲ့သို့ လှုပ်ရှားမှုတွေလည်း လုပ်မှာ မဟုတ်ပါ။ ည ၈ နာရီဆို သူတို့ မရှိလောက်တော့ပေ။ ဒါဆို နေထိုင်သူတွေအတွက် အနှောင့်အယှက် မဖြစ်စေမှာ သေချာပါသည်။
ယခင်က သူရွေးချယ်ထားသည့် ဆိုင်များနဲ့ ယှဥ်ကြည့်ပါက ဒီနေရာကြီးက နယ်မြေထဲမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ရှိနေပါသည်။ လူတွေ ရှာတွေ့ဖို့လည်း ပိုခက်ခဲနိုင်သည်။
စားသောက်ဆိုင်တစ်ဆိုင်က ဗီလာတွေကြားထဲမှာ ပုန်းနေမယ်လို့ ဘယ်သူက ထင်မှာလဲ။
ဖေးချမ့် အပျော်လွန်သွားပါသည်။ တွေ့လား။ ဒါက ဖြစ်သမျှအကြောင်း အကောင်းပဲမှတ် ဆိုတာပဲ။ ငါတွေ့ထားတဲ့ ဆိုင်နေရာ ကောင်းကောင်းတွေကို လက်လွှတ်ခဲ့ရပေမယ့် ပိုကောင်းတဲ့ နေရာတစ်ခုကို ရှာတွေ့သွားတယ်။
တစ်ခုတည်းသော မေးစရာရှိတာက ငါဗီလာတစ်လုံးကို ငှားနိုင်မလား၊ ငှားခကကော ဘယ်လောက်ရှိမလဲဆိုတာပဲ။ ငှားလို့မရရင် ဝယ်လို့ရမလားမသိဘူး။
စနစ်၏ သတ်မှတ်ချက်အရဆို ကြီးမားကျယ်ပြန့်သည့် အိမ်ရာတစ်ခုကို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံလို့ မရပါ။
သို့သော်လည်း စနစ်ရန်ပုံငွေကိုသုံးပြီး သူ့နာမည်နဲ့ အဆင့်မြင့်စားသောက်ဆိုင်ဖွင့်ဖို့ ကော်မာရှယ်ဗီလာတစ်လုံးကို ဝယ်ယူမှာ ဖြစ်သည်။ အိမ်ရာများကို အမြောက်အများ ဝယ်ယူခြင်း မဟုတ်ပါ။ ထို့အပြင် အိမ်ရာစျေးကွက်မှာလည်း ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါ။ ပြဿနာတော့ မရှိလောက်ဘူးမလား။
ထိုသို့စဥ်းစားရင်း ဖေးချမ့်က မာယန်နဲ့ ကျန်းယွမ်တို့ကို မင်ယွမ်ဗီလာထဲသို့ တန်းတန်းမတ်မတ် ခေါ်သွားခဲ့ပါသည်။
ကျန်းယွမ်က ပို၍ပင် စိတ်ရှုပ်သွားခဲ့သည်။
ဘော့စ်ဖေး ဘာတွေလုပ်နေတာလဲ။
မင်ယွမ်ဗီလာကို ရုတ်တရက်တွေ့လိုက်ပြီး သူ့အတွက်သူ ဗီလာတစ်လုံးလောက် ဝယ်ချင်သွားလို့လား။
ဟုတ်တယ်။ ဘော့စ်ဖေးရဲ့ ဝင်ငွေနဲ့ဆို ဒီက ဗီလာတစ်လုံးဝယ်ဖို့ မဖြစ်နိုင်ဘဲမနေပါဘူ။
ကျန််းယွမ်က အများကြီး မစဥ်းစားဘဲ ဖေးချမ့်နောက်ကို ဆက်လိုက်လာခဲ့ပါသည်။
သူတို့အရောင်းအဆောက်အအုံကို ရောက်သည့်အခါ ဖေးချမ့်က သူတို့လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြလိုက်ပါသည်။ ဧည့်ကြိုကောင်တာမှ အမျိုးသမီးက ဖုန်းဆက်လိုက်သည်။ ထို့နောက် သူတို့သုံးယောက်ကို သောက်စရာများဖြင့် ဧည့်ခံပါသည်။ နာရီဝက်ခန့်ကြသောအခါ မန်နေဂျာချွေ့ အပြေးရောက်လာခဲ့သည်။
အပြေးလာနေရင်း မန်နေဂျာချွေ့တစ်ယောက် ဇဝေဇဝါ ဖြစ်နေမိပါသည်။ ဘာလို့ ဒီနေ့ကျမှ ကတ်စတမ်မာတစ်ယောက်ဘက်က ဦးဆောင်ပြီး ဒီအိမ်တွေကို ဝယ်ဖို့ ချဥ်းကပ်လာတာလဲ။ ဆန်းကြယ်လိုက်တာ။
ဒါက အာမခံကုမ္ပဏီများကို လူတွေချဥ်းကပ်လာပြီး အာမခံဝယ်ယူချင်သည့် လာပြောနေသလိုပင်။ မကြားဖူးသည့် ကိစ္စမျိုး ဖြစ်၏။
အစကတည်းက မင်ယွမ်ဗီလာများကို ရောင်းချခဲ့သည်။ ထိုအချိန်ကတည်းက ၁ နှစ်လောက် ကြာခဲ့ပါပြီ။ စိတ်ဝင်စားသည့် သူဌေးတွေကလည်း ဝယ်ချင်ရင် ဝယ်ခဲ့တာ ကြာလောက်ပြီ။ ဘာလို့ အခုချိန်ထိ စောင့်နေကြမှာလဲ။
သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ကတ်စတမ်မာတွေက ကိုယ့်စိတ်နဲ့ကိုယ်ရောက်လာကြတာ ကောင်းသောအရာဖြစ်ပါသည်။ သူတို့ ဗီလာကို ဝယ်ဖို့ သိပ်စိတ်မပါဘဲ ဒီတိုင်းလာကြည့်ချင်တာဆိုရင်တောင် မန်နေချာချွေ့က သူတို့ကို ဧည့်ခံရပါမည်။
မန်နေဂျာချွေ့ကို နှုတ်ဆက်ပြီးနောက် ဖေးချမ့်က လိုရင်းကိုသာ တန်းပြောလိုက်ပါသည်။
"မန်နေဂျာချွေ့ ကျွန်တော် တောင်ပေါ်ဗီလာတစ်လုံး ငှားလို့ရမလား။"
မန်နေဂျာချွေ့က ထိုင်လိုက်ပြီး လက်ဖက်ရည် တစ်ကျိုက်သောက်နေသည်။ ထိုမေးခွန်းကို ကြားသည့်အခါ လက်ဖက်ရည် သီးမလိုတောင် ဖြစ်သွားခဲ့ပါသည်။
သူ့ရှေ့က ကောင်လေးက Custom-made ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည်။ ဆင်းရဲသည့်ပုံမပေါ်ပေ။ သို့သော် ဗီလာဝယ်ဖို့ မဟုတ်ဘဲ ငှားရမ်းဖို့လာခဲ့တာတဲ့လား။
သက်ဆိုင်ရာ တွက်ချက်မှုများအရဆို ဆောက်လုပ်သူများမှာ အိမ်ရာအတွက် ပိုင်ဆိုင်မှုရှိပါက ငှားရမ်းနိုင်သည်။
သို့သော် ဘယ်သူက ဗီလာတွေကို ငှားနိုင်မှာလဲ။
စျေးကွက်စျေးနှုန်းအတိုင်း တကယ်ပဲ ဗီလာများကို ငှားလိုက်ပါက တစ်လကို ဗီလာတစ်လုံး ငှားဖို့ ၂၀၀,၀၀၀ - ၃၀၀,၀၀၀ ယွမ်လောက် ကုန်ကျလိမ့်မည်။ ဘယ်သူက ဒီလောက် လူသူကင်းမဲ့နေတဲ့ နေရာမျိုးမှာ ဗီလာတစ်လုံးငှားရလောက်အောင် အားနေမှာလဲ။ ဒီနေရာကြီးက ရေရှည်နေဖို့အတွက်ဆို မသင့်တော်ပါ။
ထို့အပြင် လူတွေက ဗီလာငှားဖို့ တကယ်ပဲ စိတ်ဝင်စားတယ်ဆိုရင်တောင် ဆောက်လုပ်သူတွေက ငှားချင်မှာ မဟုတ်ပါ။
ဗီလာအားလုံးကို လက်ရာမြောက်စွာဖြင့် ပြုပြင် မွမ်းမံထားကြသည်။ ရေကူးကန်များနဲ့ ပရိဘောဂပေါင်းစုံတို့ကိုလည်း ပုံမှန် ထိန်းသိမ်းသွားဖို့လိုအပ်သည်။ မကြာခဏဆိုသလို ပြင်ဆင်ပြီး သန့်ရှင်းရေးလုပ်ရမည်။ သူတို့အားလုံးသိသလောက်ဆို သူဌေးတစ်ယောက်က ဗီလာကို စိတ်ဝင်စားလျှင် သူတို့ ရောင်းနိုင်ပါလိမ့်မည်။
ထိန်းသိမ်းရေးပြဿနာများကို ဘေးဖယ်ထားဦး။ သူတို့ ဗီလာတွေကို ငှားလိုက်ရင်တောင် ဆောက်လုပ်သူတွေကက တစ်လကို ၂၀၀,၀၀၀ - ၃၀၀,၀၀၀ ယွမ်လောက်ပဲ ရမှာ ဖြစ်သည်။ သူတို့ ဒီလောက်နဲ့ ဂရုမစိုက်အားပါ။
မန်နေဂျာချွေ့က တောင်းပန်သည့်ပုံစံမျိုးဖြင့် ပြောလိုက်ပါသည်။ "ကျွန်တော် တောင်းပန်ပါတယ် ဆရာ။ ကျွန်တော်တို့ ဗီလာတွေကို ရောင်းပဲ ရောင်းတာပါ။ မငှားပါဘူး။"
ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ သူပြင်ဆင်ထားပြီးသားဖြစ်၏။
"ဟုတ်လားဗျ။ နှမြောစရာပဲ။ ဒါဆိုလည်း ရွေးချယ်စရာမရှိဘဲ ဝယ်ရတော့မှာပေါ့။"
ဒါကို စနစ်ကြားနိုင်အောင် ပြောလိုက်ခြင်း ဖြစ်သည်။
တွေ့လား။ ငါကုမ္ပဏီရဲ့ငွေကို ခြွေတာဖို့ ကြိုးစားပါသေးတယ်။ အဆင့်မြင့်စားသောက်ဆိုင်အဖြစ် ပြောင်းလဲဖို့ ဗီလာတစ်လုံးကို ငါရှာတွေ့ခဲ့တယ်။ ဒါပေမယ့် ဆောက်လုပ်သူတွေက ဗီလာတွေကို ရောင်းပဲ ရောင်းမယ် မငှားဘူးတဲ့။
မန်နေဂျာချွေ့က ဇဝေဇဝါလည်းဖြစ် အံ့လည်း အံ့သြသွားပါသည်။
'နှမြောစရာပဲ ရွေးချယ်စရာမရှိတော့ဘဲ ဝယ်ရတော့မှာပေါ့' ဆိုတာ ဘာကို ပြောတာလဲ။
ဘာလို့ ဒီလောက်ထိ တွန့်ဆုတ်နေတဲ့လေသံ ပေါက်နေတာလဲ။
ဖေးချမ့်က လက်ဖက်ရည် တစ်ကျိုက်သောက်လိုက်ပြီး စျေးနှုန်းအကြောင်း မေးလိုက်ပါသည်။
မန်နေဂျာချွေ့က အမြန်ပဲ ပြန်ဖြေလိုက်၏။ "တောင်ပေါ်ဗီလာတွေကို လိုချင်တာဆိုရင် ၆၀၀ စတုရန်းမီတာနီးပါးလောက် ကြီးမားကြတယ်။ သီးသန့် ဓာတ်လှေကားတွေ၊ ရေကူးကန်တွေ၊ ဥယျာဥ်တွေနဲ့ ထိန်းသိမ်းရေးတွေ ရှိကြပါတယ်။ ၁ စတုရန်းမီတာကို ၁၂,၀၀၀ ယွမ်နဲ့ ရောင်းတာဆိုတော့ စုစုပေါင်း ၆.၃ သန်းယွမ် ကျသင့်ပါတယ်။"
ဖေးချမ့်က ခေတ္တတိတ်ဆိတ်သွားပြီးနောက် ပြောလိုက်ပါသည်။ "အရမ်းကြီး... စျေးကြီးတဲ့ပုံလည်း မပေါ်ပါလား။"