စားသောက်ဆိုင်တည်နေရာ ဟုတ်လား ငါရွေးပြီးပြီလေ
Vol. 14 Ch. 210
မန်နေဂျာချွေ့ ပါးစပ်အနည်းငယ် အဟောင်းသား ဖြစ်သွားရသည်။ ဆွံ့အသွားသည့်ပုံလည်း ပေါက်နေပါသည်။
'အရမ်းကြီးစျေးကြီးတဲ့ပုံမပေါ်ဘူး' ဟုတ်လား။
အဲ့တာက စျေးမကြီးဘူးဆို ဒီဗီလာကြီးတွေ ဒီလောက်ကြာကြာ အလွတ်အတိုင်း ရှိနေပါဦးမလား။
တကယ်တော့ ဒီစျေးနှုန်းက ကျင်းကျိုးမြို့ရှိ တခြားဗီလာများစွာထက် ပိုမြင့်ပါသည်။ ၎င်းတို့ ရောင်းချနိုင်မည့် အားသာချက်က ဒီဇိုင်းပိုင်း၊ လှပသည့် မွမ်းမံမှုများနဲ့ သီးခြား တောင်ပေါ်ဗီလာများ ဖြစ်ကြသည်ဟူသော အချက်များ ဖြစ်ပါသည်။
သို့သော်လည်း ဖေးချမ့် ဒီဗီလာတွေကို အရမ်းကြီး စျေးမကြီးဘူးဟု ထင်ရခြင်းက သူ့ခေါင်းထဲမှာ မှတ်မိသည့် စျေးနှုန်းများနဲ့ ယှဥ်ကြည့်မိနေသောကြောင့် ဖြစ်ပါသည်။
ဒီလောက်ကြီးတဲ့ ဗီလာကြီးကို ယွမ် ၇ သန်းနဲ့ ဝယ်နိုင်တယ်လား။ တော်တော်စျေးပေါတာပဲ။ ပေကျင်း၊ ရှန်ဟိုင်း သို့မဟုတ် ကွမ်ကျိုးမှာ ဒီလောက်ကြီးတဲ့ ဗီလာကြီးတစ်လုံးကို ဝယ်ဖို့ ကြိုးစားပါက ၁၀ နှစ်အတွင်း သန်းဆယ်ချီ သို့မဟုတ် သန်းရာချီပြီးတော့တောင် တိုးမြင့်လာနိုင်ပါသည်။
ထို့အပြင် ဖေးချမ့်က စနစ်နဲ့လည်း အတည်ပြုပြီးပြီဖြစ်သည်။ ဒီဗီလာကြီးကို စနစ်ရန်ပုံငွေ အသုံးပြုပြီး ဝယ်ယူနိုင်ပါသည်။ သို့သော် ဗီလာကို ဝယ်လိုက်တာနဲ့ ကုမ္ပဏီပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။ ထိုနေရာကြီးကို စားသောက်ဆိုင်အဖြစ် ပြောင်းလဲလိုက်လို့ ရသည်။ သို့သော် နေလို့တော့ မရပေ။
တစ်နည်းအားဖြင့် အရင်းအမြစ်များ ထုတ်လုပ်ဖို့ဆို ဒီနေရာကြီးကို စီးပွားရေးလည်ပတ်ဖို့အတွက် တရားဝင်အသုံးပြုရမည်ဖြစ်ပါသည်။
ထို့အပြင် ကုမ္ပဏီရန်ပုံငွေကိုအသုံးပြုပြီး ဒီအိမ်ရာကို ဝယ််ယူခြင်းက သူ့ကိုယ်ပိုင်နာမည်နဲ့ ဝယ်ယူတာထက် အများကြီး ပိုကုန်ကျမည်ဟု ဆိုလိုခြင်းဖြစ်သည်။ အိမ်အခွန််များနဲ့ ဝန်ဆောင်ခများကို ပေးဆောင်ရမည်။ နောက်ပိုင်း သူ့ဗီလာကို ပြန်လည်ရောင်းချချင်ရင်တောင် တန်ဖိုးအခွန်၊ တံဆိပ်ခေါင်း အခွန်နဲ့ တခြားကြေးများကိုပါ ပေးဆောင်ရနိုင်သည်။ သာမန်ကုမ္ပဏီတွေကတော့ ဒီလိုအိမ်ရာမျိုးကို ရောင်းချဖို့အတွက် အတော်လေး အခက်တွေ့နိုင်ပါသည်။
သို့သော်လည်း ဖေးချမ့်အတွက်တော့ ဒါတွေက ဘာမှပြဿနာမရှိပါ။ စနစ်က သူ့ကို အလျှော့ပေးကာ ဒီဗီလာကြီးကို စနစ်ရန်ပုံငွေ အသုံးပြုပြီး စားသောက်ဆိုင်တစ်ဆိုင်အဖြစ် ပြောင်းလဲဖို့ ခွင့်ပြုထားပြီးသား ဖြစ်သည်။ ဒါတောင် အံ့သြဖို့ကောင်းနေပါပြီ။
ဖေးချမ့်က စနစ်ရန်ပုံငွေထဲက လက်ကျန်ပမာဏကို လှမ်းကြည့်လိုက်၏။
ငွေစာရင်းရှင်းပြီးနောက် ချက်ချင်းဆိုသလိုပဲ စနစ်ရန်ပုံငွေက ၈ သန်းနဲ့ စတင်ခဲ့သည်။ ထိုအချိန်ကစပြီး ၃ ပတ်ခန့်ကြာသွားပြီဖြစ်သည်။ သမုဒ္ဒရာရဲတိုက်တစ်ခုတည်းမှ သူတို့ ယွမ် ၆ သန်းကျော်လောက် ထပ်ရထားပြီးဖြစ်သည်။
ဒီလအစောပိုင်းတွင် ယွီအင်တာနက်ကဖေးကလည်း အရက်ရောင်းအားဖြင့် အတော်လေး အထောက်အကူဖြစ်ခဲ့သည်။ သူတို့ ၃ လတစ်ခါမှ ဆိုင်ငှားခကို ပေးရခြင်း ဖြစ်သဖြင့် သူတို့ အရှုံးမပေါ်ကြသေးပါ။ သူတို့ရထားသည့် ငွေအားလုံး စနစ်ထဲသို့ တန်းဝင်လာပါသည်။
ထို့နောက် ဖေးချမ့်က ကျုံးသျန်တရုတ်စာပေ နက်ခ်ဝေါ့၊ ရှန်းယန်ဂိမ်း၊ လေဆန်ပို့ဆောင်ရေး ဌာန အစရှိသော ပရောဂျက်များအတွက်လည်း ငွေများစွာ ရင်းနှီးမြှုပ်နှံထားပါသည်။ ထိုအခါ စနစ်ရန်ပုံငွေထဲတွင် ၈ သန်းကျော် ရှိနေပြီဖြစ်သည်။
ဒီဗီလာကိုဝယ်ဖို့လောက်ငသော်လည်း ဒီငွေစာရင်းရှင်းအသုတ်ထဲ နောက်ပိုင်းကျရင် ထန်းတာ့ဂိမ်းနဲ့ ရှန်းယန်ဂိမ်းတို့ကိုလည်း ငွေထောက်ပံ့ပေးဖို့ လိုသေးသည်။
အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းအတွက် ဘက်ဂျက်က သန်း ၂၀ ဖြစ်၏။ ဒီဂိမ်းကို ထုတ်လုပ်ဖို့ အနည်းဆုံး ၃ လကြာလိမ့်မည်။ တခြားဂိမ်းတွေမှ ဝင်ငွေကို ကြည့်ခြင်းအားဖြင့် ဒီဂိမ်းကို ထောက်ပံ့ပေးဖို့ ငွေလုံလောက်မည်ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။
သို့သော်လည်း ဒီဗီလာအတွက် ၆ သန်းလောက် သုံးလိုက်ပါက သူတို့ လောက်မှာ မဟုတ်တော့ပါ။
ဖေးချမ့်က ခေတ္တစဥ်းစားလိုက်၏။ ဒီလိုဆို သူ သမုဒ္ဒရာရဲတိုက်အတွက် နောက်ထပ် Epic လက်နက်တစ်လက် ထပ်ပြီး ဖန်တီးရောင်းချလိုက်မည်။
Epic လက်နက်တစ်ခုကို ၈၈၈ ယွမ်ဖြင့် ရောင်းချနိုင်သည်။ အမြတ်ငွေ ၇၀ - ၃၀ အချိုးဖြင့်ဆို သူတို့ ၆သန်း ရဖို့အတွက် လက်နက် အလက် ၁၀,၀၀၀ ရောင်းရဖို့ လိုအပ်ပါသည်။
ဒီလောက်ဆို အဆင်ပြေပါသည်။ သူ Limited Edition လက်နက်တစ်ခုကို ဖန်တီးလိုက်ပြီး အလက် ၁၀,၀၀၀ ပဲရောင်းချလိုက်မည်။ ထိုလက်နက်အားလုံးကိုရောင်းချပြီးတာနဲ့ ဒီရောင်းအားကြောင့် ဖြစ်ပေါ်လာမည့် ဟာကွက်ကြီးတစ်ခုကို ပြန်လည်ဖြည့်သွင်းရပါမည်။
ထိုသို့စဥ်းစားရင်း ဖေးချမ့်က လက်ထောက်ရှင်းထံသို့ မက်ဆေ့တစ်စောင် ပို့လိုက်သည်။ စီမံရေးကိစ္စများအတွက် လာရောက်ဖို့ ပြောလိုက်ခြင်း ဖြစ်၏။
ထို့နောက် မန်နေဂျာချွေ့အား သူတို့ကို ဗီလာထံသို့ လိုက်ပြခိုင်းလိုက်ပါသည်။
မင်ယွမ်ဗီလာတွင် စုစုပေါင်း တောင်ပေါ် ဗီလာ ၈ လုံးရှိ၏။အားလုံးက သီးခြားဗီလာများ ဖြစ်ကြသည်။ တစ်လုံးနဲ့ တစ်လုံးလည်း အလွန်ဝေးကွာပါသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ပြီး ငြိမ်းချမ်းနေမှာ သေချာပါသည်။
ဖေးချမ့်က အနောက်မြောက်ဘက်ပိုင်းနဲ့ နီးကပ်သည့် ဗီလာတစ်လုံးကို ကြည့်ဖို့ တမင်သက်သက် ရွေးခဲ့ပါသည်။ သူ့ဝန်ထမ်းတွေ ဒီမှာစားသောက်ဖို့ စုစည်းကြသည့်အခါ ကားသံတွေကြောင့် တခြားနေထိုင်သူတွေ အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။
သူတို့အနောက်မြောက်ဘက်မှ စားသောက်ဆိုင်ကို ဝင်နိုင်ပြီး စားပြီးတာနဲ့ တန်းထွက်သွားလို့ ရပါသည်။ ဒီလိုဆို ပိုအဆင်ပြေသည်။
ဗီလာထဲတွင် အသုံးပြုနိုင်သည့် နေရာက ၅၈၀ စတုရန်းမီတာရှိပါသည်။ အထပ်က ၃ ထပ်ရှိ၏။ အခန်း ၆ ခန်း၊ ဧည့်ခန်း ၃ ခန်း၊ အိပ်ခန်း ၃ ခန်းတို့ ရှိသည်။ ဧည့်ခန်း၏ မျက်နှာကြက်အမြင့်က ၇ မီတာမြင့်၏။ ပြင်ဆင်မွမ်းမံမှုများ အားလုံးကိုလည်း လုပ်ပြီးသွားပြီဖြစ်ကာ အထဲမှာလည်း ပရိဘောဂများ ရှိပါသည်။
အမှန်ပင်။ ဖေးချမ့်က ပရိဘောဂများကို မလိုအပ်ပေ။ ဘာပဲဖြစ်ဖြစ် သူက ဗီလာကြီးကို စားသောက်ဆိုင်အဖြစ် ပြောင်းလဲမှာ ဖြစ်ပါသည်။ ပြင်ဆင်မွမ်းမံမှုများကို နဂိုအတိုင်းပဲ ဆက်ထားနိုင်သည်။ သို့သော် အခန်းများ၏ အသုံးချမှုနဲ့ တည်ဆောက်ပုံများကတော့ ပြောင်းလဲရပါမည်။ မီးဖိုချောင်များ၊ သန့်စင်ခန်းများ စသည်တို့လည်း အပါအဝင်ဖြစ်သည်။
ရေကူးကန်မှလည်း တောင်ကုန်း၏ အလယ်လောက်မှ ရှုခင်းများကို လှမ်းမြင်နိုင်သည်။ ဒီနေရာကြီး၏ ခံစားချက်များက အနှစ်ချုပ်အားဖြင့် ကောင်းမွန်ပါသည်။
ဖေးချမ့်က လျှောက်ကြည့်ရင်း ရင်ထဲ စိတ်ခံစားချက်များ ပြင်းပြသွားပါသည်။
ငါသာ ဒီလောက် ချမ်းသာရင် ဘယ်လောက် ကောင်းမလဲ။
နောက်ငွေစာရင်းရှင်းချိန်မှာ ယွမ် ၇ သန်းလောက်သာ အရှုံးပေါ်နိုင်မယ်ဆိုရင် ဘာမှ တွန့်ဆုတ်မနေဘဲ ငါ့ဖာသာငါနေဖို့ နောက်ဗီလာာတစ်လုံး ဝယ်ပစ်မယ်ကွ။
ဘယ်သူမဆို စိတ်ကူးယဥ်လို့ရသည်။ ထိုစိတ်ကူး အမှန်တကယ် ဖြစ်လာနိုင်ခြေဆိုတာ အမြဲတမ်း ရှိနေတတ်ပါသည်။
မန်နေဂျာချွေ့က ဗီလာကြီး၏ ကောင်းကွက်များကို ထုတ်ပြပြီး စိတ်အားထက်သန်လာအောင် ကြိုးစားရှာပါသည်။
သူက အစကတည်းက အပြောကောင်းသူဖြစ်သည်။ ထို့အပြင် ဒီနေရာကြီးကလည်း တကယ်ပဲ ဒီဇိုင်းလှပသည်။ စျေးနှုန်းကလွဲလို့ ကျန်တာအားလုံးက အလွန်အမင်း ကောင်းမွန်လှပါသည်။ အမှန်ပင်။ အကုန်လုံးက လှည့်စားမှုတစ်ခုလို ဖြစ်သည်။
မာယန်နဲ့ ကျန်းယွမ်တို့လည်း ဖေးချမ့်နောက်လိုက်ကာ ဗီလာတစ်လျှောက် လျှောက်ကြည့်နေကြပါသည်။
သူတို့နှစ်ယောက်လည်း ဖေးချမ့်နဲ့ အတွေးတူကြသည်။
သူတို့သာ ဒီလောက် ချမ်းသာရင် ဘယ်လောက် ကောင်းလိုက်မလဲ။
တစ်ပတ်လောက် ပတ်ကြည့်ပြီးနောက် ကျန်းယွမ်က ဖေးချမ့်ဘက် လှည့်ကာ ပြောလိုက်ပါသည်။
"ဘော့စ်ဖေး ဗီလာကို ဘော့စ်မာနဲ့ အတူတူ ဆက်ကြည့်နှင့်လေ။ ကျွန်တော် တခြားစားသောက်ဆိုင် နေရာတွေကို သွားစစ်ကြည့်လိုက်မယ်။"
ဖေးချမ့်လည်း သူ့ကိုကြည့်ကာ ပြန်ပြောလိုက်ပါသည်။ "စားသောက်ဆိုင်တည်နေရာဟုတ်လား။ ရွေးပြီးပြီလေ ဒီမှာလေ။"
ကျန်းယွမ် ကြောင်သွားသည်။
ဒီမှာ ဟုတ်လား။
ဒီဗီလာမှာ လူသွားလူလာက အရမ်းနည်းတာကို။ ဘာလို့ဘော့စ်ဖေးက ဒီလောက်လူသူကင်းမဲ့နေတဲ့နေရာမှာ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ချင်ရတာလဲ
ဖေးချမ့်က ကျန်းယွမ်၏ အံ့အားသင့်မှုကို ရှင်းပြပေးဖို့ စိတ်မဝင်စားပါ။ မန်နေဂျာချွေ့ဘက်ကို လှည့်လိုက်ပြီး ပြောလိုက်ပါသည်။ "မန်နေဂျာချွေ့ ကျွန်တော် ကော်မာရှယ် တောင်ပေါ် ဗီလာတစ်လုံးဝယ်ပြီး သီးသန့် စားသောက်ဆိုင်တစ်လုံးအဖြစ် ပြောင်းလဲချင်တယ်။ ပြဿနာ မရှိလောက်ဘူးမလား။"
မန်နေဂျာချွေ့ ကြက်သေသေသွားသည်။ "ကော်မာရှယ်ဗီလာတစ်လုံးကို ဝယ်ချင်တယ်ဟုတ်လား။ အာ... မရှိပါဘူး။"
"အဲ့လိုဗီလာတွေက နေထိုင်ဖို့အတွက်ပဲဖြစ်ဖြစ် ကော်မာရှယ်အတွက်ပဲဖြစ်ဖြစ် သုံးလို့ရပါတယ်။ ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် တစ်ဖက်က ပိုင်ရှင်နဲ့ ဆက်သွယ်ပေးဖို့ပဲ လိုတာပါ။"
မန်နေဂျာချွေ့ အံ့အားသင့်သွားခဲ့သည်။ ဘော့စ်ဖေးက ကော်မာရှယ်ဗီလာတစ်လုံးကို လိုချင်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။
ဒီနယ်မြေထဲက လူသွားလူလာနည်းပါးမှုကြောင့် ကော်မာရှယ်ဗီလာများက ရောင်းဖို့ အခက်ခဲဆုံးဖြစ်ပါသည်။ တခြားလူနေဗီလာများနဲ့လည်း သီးခြားခွဲထားပြီး အလွန်လူသူကင်းမဲ့သည့် နေရာတစ်ခုတွင် တည်ရှိကြပါသည်။ အကြောင်းအရင်းမျိုးစုံကြောင့် ကော်မာရှယ်ဗီလာတစ်လုံးထက်စာရင် လူနေသီးသန့် ဗီလာမျိုးမှာ နေတာ ပိုကောင်းပါသည်။
အမှန်ပင်။ ဒီမှာ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ခြင်းကြောင့် ဖြစ်လာနိုင်သည့် ပြဿနာများလည်း ရှိပါသည်။
ကော်မာရှယ်ဗီလာများက သီးခြား ဗီလာများဖြစ်သည်။ ဆိုလိုရင်းက ကားများအတွက် ကိုယ်ပိုင်ဝင်ပေါက်များ ရှိသည်။ ထို့ကြောင့် တခြားဗီလာတွေထဲက နေထိုင်သူများအတွက် အနှောင့်အယှက် ဖြစ်စေမှာ မဟုတ်ပါ။
ထို့အပြင် စားသောက်ဆိုင်က ကြိုတင်မှာယူခြင်းနဲ့ မန်ဘာဝင်စနစ်တို့ဖြင့် လည်ပတ်မည်ဟု ဖေးချမ့် ပြောထားပြီးသားဖြစ်သည်။ သူတို့ လူဦးရေကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားမည်ဖြစ်ပြီး ဘယ်နေထိုင်သူကိုမှ အနှောင့်အယှဥ်ဖြစ်ခွင့်ပြုမှာမဟုတ်ပါ။ သူတို့နေ့စဥ်ဘဝအတွက် ထိခိုက်နိုင်မှုများ နည်းပါးသွားလိမ့်မည်။
ဒီလိုချောင်ကျသည့် နေရာမျိုးမှာ စားသောက်ဆိုင်ဖွင့်ခြင်းက အမြတ်ရနိုင်မလား မရနိုင်ဘူးလား ဆိုတာကတော့...
အရေးမကြီးပါ။
ဘယ်လိုပဲဖြစ်ဖြစ် မင်ယွမ်ဗီလာတည်ဆောက်သူများအတွက် အရေးကြီးတာဆိုလို့ ဗီလာတွေကို ရောင်းချဖို့နဲ့ ငွေရဖို့သာ ဖြစ်သည်။ ဘော့စ်ဖေး အရှုံးပေါ်နိုင်ခြင်း မပေါ်နိုင်ခြင်းက သူတို့ပြဿနာမဟုတ်ပေ။ ဘယ်လိုနည်းနဲ့မှလည်း တည်ဆောက်သူများကို ထိခိုက်စေမှာ မဟုတ်ပါ။ တကယ်တော့ သူတို့ အမြတ်တောင် ရနိုင်ပါသည်။
တစ်ဖက်မှာတော့ ဘော့စ်ဖေးအတွက်လည်း ငွေဆုံးရှုံးဖို့ကလွဲပြိး ဘာမှ မလိုအပ်ပါ။
သူတို့လည်ပတ်နေရင်း တခြားပြဿနာများကို ရင်ဆိုင်လာရပါက ငွေပိုသုံးပြီး ဖြေရှင်းလိုက်လို့ရပါသည်။ ဒါတွေက စနစ်ရန်ပုံငွေဖြစ်သဖြင့် ပြဿနာရှိမှာ မဟုတ်ပါ။
သိပ်မကြာမီ လက်ထောက်ရှင်းရောက်လာခဲ့ပါသည်။
သူမလည်း အနည်းငယ် အံ့အားသင့်နေတာ သိသာပါသည်။
ဘာလို့ ဘော့စ်ဖေးက ရုတ်တရက်ကြီး အိမ်တစ်လုံး ထဝယ်တာလဲ။ ပြီးတော့ မြို့ပြင်မှာရှိတဲ့ စျေးနှုန်း အရည်အသွေးအချိုးနိမ့်တဲ့ တောင်ပေါ်ဗီလာတစ်လုံးကို ဝယ်နေတာ။ အဲ့ဒီ ကော်မာရှယ်ဗီလာကို ကုမ္ပဏီနာမည်နဲ့ ဝယ်နေတာတဲ့လား။
အားလုံးဖြစ်ပျက်သွားတာ ရုတ်တရက်ဆန်လှပါသည်။ သို့သော်လည်း လက်ထောက်ရှင်းက မေးခွန်းအများကြီး မထုတ်တတ်သူဖြစ်၏။ သူမက ဖေးချမ့် တောင်းဆိုသည့်အတိုင်းသာ ဆောင်ရွက်သည်။ သူမ စျေးနှုန်းကို ညှိနှိုင်း၊ စာချုပ်ချုပ်ကာ တခြား စီမံရေး ကိစ္စများကို ကိစ္စဖြတ်လိုက်ပါသည်။
ဖေးချမ့်ကတော့ သက်သက်သာသာပဲ လက်ဖက်ရည်ဆက်သောက်နေလိုက်ပါသည်။ ထို့နောက် လုမင်လျန်ထံသို့ မက်ဆေ့တစ်စောင် ပို့လိုက်ပါသည်။
"အချိန်တစ်ခုယူပြီး သမုဒ္ဒရာရဲတိုက်အတွက် Epic လက်နက်တစ်ခုလောက် ထပ်လုပ်လိုက်။ ရောင်းချမှုကို အလက် ၁၀,၀၀၀ အဖြစ် ကန့်သတ်လိုက်။ ငါတို့ အဲ့ဒီအရေအတွက်ကို ပြည့်တာနဲ့ ရောင်းချမှုကို ရာသက်ပန် ရပ်တန့်လိုက်မယ်။ အဲ့တာ Limited Edition လက်နက်ပဲ။"
သူလိုအပ်တာထက် ငွေပိုရမှာမဟုတ်တော့ပါ။
ဖေးချမ့်က ရွှေဥဥပေးသသည့် ငန်းကို ဘယ်တော့မှ သတ်မှာ မဟုတ်ပေ။
သမုဒ္ဒရာရဲတိုက်က အခြေအနေ အတော်လေး ကောင်းမွန်နေသည်။ လူတွေ အများကြီး စတင် ကစားလာရသည့် အကြောင်းအရင်းက ရှားပါးလက်နက်မျာားနဲ့ စျေးကွက်တန်ဖိုးရှိခြင်းကြောင့် ဖြစ်ပါသည်။
သူသာ စျေးကွက်ထဲမှာ Barrett Doom ကို လွတ်လွတ်လပ်လပ် ရောင်းချခွင့်ပေးလိုက်ပါက ဂိမ်း၏ ဘဏ္ဍာရေး အခြေအနေကို ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မည်။
ထို့ကြောင့် စဥ်းစားချင့်ချိန်မှုတချို့လုပ်ပြီးသောအခါ ဖေးချမ့် ဆုံးဖြတ်ချက်ချလိုက်ပါသည်။ သမုဒ္ဒရာရဲတိုက်မှ ငွေ ဆက်လက်ရနိုင်ပြီး ရွှေဥကို စနစ်တကျ ဥပေးနိုင်ဖို့အတွက်ဆို လက်နက် ၃ မျိုး ၃စားကိုသာ သူ ရောင်းချမည်။
ပထမ တစ်မျိုးက Barrett Doom လို အမျိုးအစား ဖြစ်ပါသည်။ လတိုင်း အများဆုံး ၅၀၀ သာ ရောင်းချပြီး လစဥ်ပြန်လည် ရောင်းချပေးသည်။ ဒီလိုဆို လက်နက်များ၏ တန်ဖိုးလျော့ကျမှုကို နှေးကွေးစေကာ ကစားသမားအများစုလည်း လက်နက်ရနိုင်လိမ့်မည်။
ဒုတိယ တစ်မျိုးကတော့ နောက်ဆုံးထွက် Epic လက်နက်ကဲ့သို့ဖြစ်သည်။ အားလုံးကို တစ်ပြိုင်တည်း အလက် ၁၀,၀၀၀ ရောင်းလိုက်ပြီး ရာသက်ပန် ရောင်းချမှုကို ရပ်တန့်လိုက်မည်။ ဒီလိုဆို ဖြည်းဖြည်းချင်း အသိအမှတ်ပြုခံရနိုင်ပါသည်။
စျေးကွက်ထဲမှာ လွတ်လွတ်လပ်လပ်ရောင်းချသည့် Red Kilin ကဲ့သို့ Epic လက်နက်များအတွက်တော့ ဖေးချမ့်က လောလောဆယ် ဒုတိယတစ်လက်ထုတ်ဖို့ မစဥ်းစားသေးပါ။
မဟုတ်ပါက ရည်ရွယ်ချက်မရှိဘဲ ဂိမ်း၏ဝင်ငွေကို ပိုတိုးအောင်လုပ်လိုက်မိသွားနိုင်သည်၊။ ထို့နောက် ထိုဝင်ငွေအဆင့်ကို ပြန်နှိမ့်ဖို့က သူ့အတွက် ခက်ခဲသွားပါလိမ့်မည်။ ကစားသမားတွေကို သူတို့သုံးချင်တာထက်ပိုပြီး အသုံးပြုခွင့်လည်း ပေးလိုက်သလို ဖြစ်သွားပါလိမ့်မည်။
ဒီတစ်ခေါက် သူဖန်တီးထားသည့် Epic လက်နက် အားလုံးကိုရောင်းချနိုင်ပြီး ဗီလာဝယ်လိုက်ခြင်းကြောင့် ပေါ်လာသည့် ဘဏ္ဍာရေး ဟာကွက်ကြီးကို ပြန်လည်းဖြည့်ဆည်းနိုင်သရွေ့ သူတို့ အရင်းအနှီးကွင်းဆက်ကို ချိုးဖြတ်မိမှာ မဟုတ်ပါ။ တခြား ဂိမ်းနဲ့ ပရောဂျက်များလည်း ဒီဝယ်ယူမှုကြောင့် ထိခိုက်မှုရှိမှာ မဟုတ်ပေ။
ဖေးချမ့်က ဗီလာကို အပြည့်အဝ ငွေချေဝယ်ယူမည်။ ဆိုလိုရင်းက ချေးငွေ လျှောက်လွှာတွေ ဘာတွေ အလုပ်ရှုပ်နေစရာ မလိုပါ။ လုပ်ငန်းစဥ်တစ်ခုလုံးအလျှင်အမြန်ပဲ ပြီးဆုံးသွားလိမ့်မည်။ အလွန်ဆုံး ၃ ရက်မှ ၅ ရက်အထိသာ ကြာပါလိမ့်မည်။
ဖေးချမ့်က ခေါင်းထဲမှာ တွက်ချက်မှုတချို့ လုပ်ကြည့်လိုက်သည်။ စီမံခန့်ခွဲရေးကိစ္စများ၊ အစီအစဥ်ချမှုများနဲ့ ပြင်ဆင်မွမ်းမံမှုများအားလုံး နောက်လအစောပိုင်းတွင် ပြီးဆုံးလောက်သည်။
သြဂုတ်လ ၁ ရက်နေ့ သူ့အကောင်းဆုံးဝန်ထမ်း ရွေးချယ်ပွဲနဲ့ အချိန်ကိုက်ပဲ ဖြစ်သည်။ သူ့ဝန်ထမ်းအားလုံးကို စားသောက်ရန် ဒီခေါ်လာဖို့ တရာဝင်ဆင်ခြေပေးလို့ရမည်ဖြစ်ပြီး ကံကောင်းသည့် ဝန်ထမ်းကိုလည်း နှင်ထုတ်လို့ ရပါလိမ့်မည်။
သို့သော်လည်း စနစ်က ဖေးချမ့်အား ဒီအိမ်ရာကို စနစ်ရန်ပုံငွေဖြင့် ဝယ်ယူခွင့်ပြုကာ စားသောက်ဆိုင်အဖြစ် ပြောင်းလဲခွင့်ပေးတာကတော့ အံ့သြဖို့ကောင်းပါသည်။
ဖေးချမ့် ဒီနေရာကို ငှားရမ်းလို့မရဘူးဆိုတာကြောင့်များလား။
ဒါမှမဟုတ် ဒီလိုဟာမျိုးကို ဝယ်နိုင်လောက်တဲ့အထိ အခု စနစ်ရန်ပုံငွေ လုံလောက်နေလို့လား။
ဗီလာတစ်လုံးကို စားသောက်ဆိုင်အဖြစ်သာ ပြောင်းလဲနိုင်ကာ နေထိုင်လို့ မရသော်လည်း စနစ်က ၎င်း၏ စည်းကမ်းများကို အနည်းငယ် လျှော့ချပေးလိုက်သည့်ပုံပင်။ ဒါက ကောင်းတဲ့အရာပဲ ဖြစ်ပါသည်။