တစေအင်ပါယာ ဆင်းသက်လာခြင်း(က)
Vol. 37 Ch. 561
ထူးဆန်းလောကထဲတွင် ၎င်းလောကထက်ပင် ပို၍ ထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်ပေါ်လာသည်။
မြူခိုးများ၏ အဆုံးတွင် ရွှီချင်းသည် ဃ ၁၃၂ ၏ မှတ်ဉာဏ်များမှ လွတ်မြောက်သွားသောကြောင့် လောဘများ ရန်ငြိုးများနှင့်ပြည့်နေသာ ဦးနှောက်သစ်ပင်သည် အကူအညီမဖြစ်တော့သော်လဲ တုန်ရီနေဆဲပင်။
၎င်းသည် ၎င်းမတွေ့နိုင်သော တည်ရှိမှုတစ်ခုကို မြင်ခဲ့သည်။ ဤနေရာသည် အကျဉ်းထောင်ဌာန၏ ဖိနှိပ်ထားခြင်းမရှိသောကြောင့် မြင်ပြီးသော်လဲ မမေ့နိုင်ပေ။
ထို့ထက်ပိုသည်က ၎င်းထူးခြားသော တည်ရှိမှုသည် ဝါးမြိုခြင်းမှတ်ဉာဏ်များ ဖြစ်တည်နေခြင်း ဖြစ်သည်။ ထိုအရာအားလုံးသည် ပြင်းထန်သော နာကျင်ခံစားရမှုကို ဖြစ်စေသည်။ အဆုံးတွင်တော့ သွေးပျက်ဖွယ် အော်သံတစ်ခုပင် ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ အခြားသော ဦးနှောက်သစ်ပင်များသည် ရှေးပဝေသဏီကသာ ကြုံတွေ့ခဲ့ဖူးသော အရာတစ်ခုကို ရှားရှားပါးပါး တွေ့နေရသည်။ ထိုအခိုက်အတန့်တွင် သူတို့အားလုံးက ထူးဆန်းသော ခံစားမှုများကို ထုတ်လွှတ်နေကြသည်။
"ဘာဖြစ်တာလဲ.. ဘာဖြစ်တာလဲ"
"ဒါက အရသာရှိလား"
"ငါလဲပဲ စားကြည့်ချင်တယ်"
ထိုစကားလုံးများကြောင့် လဟာပြင်ကမ္ဘာကြီးမှ ၎င်းဦးနှောက်များသည် ထုံထိုင်းကြောင်း ရွှီချင်းက ချက်ချင်းနားလည်သွားသည်။
ထူးဆန်းသော ၎င်းဦးနှောက်သစ်ပင်များအလယ်တွင် ရွှီချင်း၏ ရှေ့ရှိ ဦးနှောက်အော်သံများသည် ဝမ်းနည်းဖွယ် ကောင်းလာသည်။
ဦးနှောက်ရှေ့ခြမ်းဖြစ်စေ နောက်ခြမ်းဖြစ်စေ ၎င်းတို့သည် ပြင်းထန်စွာ နာကျင်နေကြသည်။ ပင်မဦးနှောက်သည်ပင် တွန့်လိမ်နေပြီး ပြန်လည်ဆုတ်ခွာချင်နေသည်။
သို့သော်လဲ ရွှီချင်းသည် ၎င်းကို တင်းကြပ်စွာ ဖမ်းဆုပ်ထားသည်။ သူ၏ လက်ချောင်းများသည် ၎င်းထဲတွင် နစ်မြုပ် နေပြီး လွတ်ထွက်မသွားအောင် ကိုင်ထားသည်။ ထို့နောက် တည်ငြိမ်စွာပြောခဲ့သည်။
"အရသာရှိရဲ့လား"
"ငါ.."
ဦးနှောက်သစ်ပင်၏ နာကျင်စွာ အော်ဟစ်သံက အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ပို၍ ကျယ်လောင်လာပြီး နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။ ခဏအကြာတွင် ၎င်းသည် တိုက်ရိုက် ပေါက်ကွဲသွားပြီး မရေမတွက်နိုင် သော အပိုင်းအစများအဖြစ် ကွဲထွက်၍ နေရာအနှံ့ ပျံ့နှံ့သွားသည်။
၎င်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျက်စီးခံလိုက်ရသည်။
၎င်း၏ သေဆုံးမှုက ပတ်ပတ်လည်ဝန်းကျင်ကို ချက်ချင်း တိတ်ဆိတ်သွားစေသည်။ အခြားသော ဦးနှောက်များသည်လဲ မည်မျှပင် တုံးအသည်ဆိုသော်လဲ အာရုံခံမိလိုက်ကြသည်။ ၎င်းတို့အားလုံးသည် အော်ဟစ်မြည်တမ်းလျက် ချက်ချင်း ဆုတ်ခွာသွားကြသည်။
"ဒါက ဘာလို့ ပေါက်ကွဲသွားတာလဲ"
"ဘယ်မှတ်ဉာဏ်ကို သူစားလိုက်တာလဲ"
"သူဘာလို့ စားလိုက်တာလဲ"
ရွှီချင်းက အကျိအချွဲများကပ်နေသော လက်ကို ခံစားချက်မဲ့စွာ ခါရမ်းလိုက်ရင်း အတွေးနက်သွားသည်။
ဤကား သူ၏ အမှတ်မထင် တွေးတောမိသောနည်းလမ်းဖြစ်သည်။ ၎င်းက ဃ၁၃၂ ၏ နည်းလမ်းတစ်ခု ဖြစ်နိုင်ပေသည်။
လက်တွေ့တွင် ရွှီချင်းသည် မျက်နှာပြင်ပေါ်တွင် ကြည့်လိုက်သော်လဲ ဃ၁၃၂အတွက် သဲလွန်စ မရှိသကဲ့သို့ ဖြစ်သည်။
အသေးစိတ်မသိသော်လဲ သူသည် လျော့ကျလာခြင်း၊ ခေါင်း၏ စာလုံးများနှင့် အမျိုးမျိုးသော အသေးစိတ်များကို မှတ်တမ်းတင်ထားသည့် ဝါးစာလိပ်မှ အဖြေများ၏ အပိုင်းတစ်ခုကို ကြာမြင့်စွာ သုံးသပ်ခဲ့ပြီးဖြစ်သည်။
ခြောက်ခြားဖွယ်ရာ တည်ရှိမှုတစ်ခုသည် ဃ၁၃၂ တွင် ရှိသည်။ သူသည် အကြိမ်ပေါင်းများစွာနိုးထခဲ့သင့်သော်လဲ ထိုအရာနှင့်ပတ်သက်၍ ဘာမှ စဉ်းစားမရပေ။
"ဒါက နတ်ဘုရားတွေနဲ့ ပတ်သက်နေရမယ်"
"ဖြစ်နိုင်တာက မြင်ဖူးသူတွေ သတိရမိတဲ့သူ တွေ မှန်စမျှကို ကျိန်စာသင့်ပြီး သေစေနိုင်တဲ့ တည်ရှိမှုမျိုး ဖြစ်မယ်"
"အကျဉ်းထောင်ဌာနရဲ့ဖိအားက ဒါကိုမြင်မိတဲ့သူတိုင်းကို မေ့သွားစေတာဖြစ်ဖို့များတယ်။ ဒါက ဒီအရာဖြစ်စေတဲ့ အကြောင်းနဲ့ အကျိုးလား"
"ဒါ့ကြောင့် ငါက အဲဒီ မှတ်ဉာဏ်ကို ပြန်သတိမရတာလား"
ရွှီချင်းက တိတ်ဆိတ်သွားသည်။
"မင်းအဖြေကို သိပြီးလို့ထင်လိုက်တဲ့အခါမှာ တကယ်က မသိတာတွေအများကြီးက စောင့်နေသးတယ်" ဟူသည့် ယခင် ဃ၁၃၂ စောင့်ကြပ်သူ၏ ပြောစကားကို သတိရမိသွားသည်။
"ဒါဆို ငါမမေ့ခင်က ဒီအဖြေကို ရခဲ့တာလား။ ဒါမဟုတ် ငါမသိသေးတဲ့ ပိုနက်နဲတဲ့ လျှို့ဝှက်ချက် ရှိသေးတာလား။ ပြီးတော့ ငါ့အဖြေတွေဘယ်လာက်များများက မှန်လဲ"
ရွှီချင်းက တိတ်ဆိတ်သွားပြီး အခြား ဦးနှောက်သစ်ပင်များဆီ အကြည့်ရောက်သွားသည်။
သူ့အတွက် ထူးဆန်းလေဟာနယ်လောကက စိတ်ဝင်စားစရာ ကောင်းလှသည်။ နတ်ဆိုးပြောင်းလဲခြင်းနည်းစနစ်ကို ဤနေရာတွင် ရနိုင်သည်သာမက ၎င်းကို ဃ ၁၃၂ ကို စစ်ဆေးရန်အတွက်ပင် အသုံးပြုနိုင်ပေသည်။
ရွှီချင်းက နောက်တစ်နည်းကြိုးစားရန် ပြင်ဆင်လိုက်သည်။ ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သည်တွင် ဦးနှောက်သစ်ပင် တစ်ပင်ရှေ့ ချက်ချင်း သွားပေါ်သည်။ ထိုအပင်သည် တုန်ရီသွားပြီး ရွှီချင်းက လက်မြှောက်လိုက်သောအခါ ရှောင်မိလုနီးပါးဖြစ်သွားသည်။
"ဒါက အရသာရှိလွန်းတယ်။ လာပြီးစားလှည့်"
ဦးနှောက် ရုန်းကန်နေရပုံပေါ်သော်လဲ သူ၏ မှတ်ဉာဏ်အပါ် ဆာလောင်မှုက ရွှီချင်း၏ လက်ဝါးကို ဂရုတစိုက်ချဉ်းကပ်ပြီး ထိရန် ကြိုးစားမိနေဆဲပင်။
မည်သို့ပင်ဆိုစေကာမူ များမကြာမီ ရွှီချင်းနှင့် ဆက်သွယ်ရန် လာသော ဦးနှောက်သစ်ပင်သည် ပြင်းထန်စွာ တုန်ရီသွားပြီး ကြေကွဲဖွယ် အော်ဟစ်လိုက်သည်။ ပုံပျက်ပန်းပျက်တွန့်လိမ်လာပြီး ပေါက်ကွဲရန် နီးကပ် လာလာချင်းပင် ရွှီချင်းက ခပ်သွက်သွက် ပြောသည်။
"မင်းဘာမြင်လဲ"
"ငါမြင်တာက.. "
စကားမဆုံးခင်ပင် ဦးနှောက်သစ်ပင်သည် အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။
ရွှီချင်းက မှောင်မည်းသွားသည်။ နောက်ပြန်လှည့်လိုက်ပြီး နောက်ထပ် ဦးနှောက်သစ်ပင်ကို ကြည့်လိုက်သည်။
ပတ်ဝန်းကျင်မှ ဦးနှောက်အားလုံးသည် ချက်ချင်းပြန်ဆုတ်သွားကြသည်။ သူတို့အားလုံးသည် ကြောက်ရွံမှုအတိုင်းသားနှင့် ရူးသွပ်စွာ ထွက်ခွာသွားကြသည်။
ရွှီချင်းက အနည်းငယ် အလိုမကျ ဖြစ်သွားသည်။ သူက ထိုထဲမှ တစ်ခု နောက်သို့ လိုက်လိုက်ပြီး မကြာမီ ဖမ်းမိသွားသည်။ ထိုအရာက အော်ဟစ်လိုက်သောကြောင့် သူက ဆက်သွယ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"လာခဲ့။ ဒါက အရသာရှိတယ်"
ထိုသို့နှင့် အချိန်က ကုန်ဆုံးသွားသည်။ သုံးရက်ကြာပြီးနောက် အချိန်အကန့်အသတ်ပြည့် သောအခါ ရုပ်ထုရှေ့တွင် ငါးကြီးတစ်ကောင် အင်တိုက်အားတိုက် လာဟပ်သည်။ ချက်ချင်းပင် ရွှီချင်းက ငါးကြီး၏ ခန္ဓာကိုယ်ထဲတွင်ပေါ်လာသည်။
ငါးကြီးသည် ခေါင်းကို လှည့်ပြီး ပြန်လာသောကြောင့် ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ပေါ်လာသော ရွှီချင်းသည် ရုပ်ထုကို မျက်နှာမူပြီး ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင်က နောင်တရမှုများ အတိုင်းသာ။
“ကံမကောင်းစွာနဲ့ပဲ ငါက အဖြေကို ပြီးပြည့်စုံအောင် မစုံစမ်းနိုင်ပဲ အပိုင်းတစ်ခုလောက်ပဲ ရခဲ့တယ်။ ငါ့မှာသာ အချိန်ပိုရရင်…”
ရွှီချင်းသည် အတွင်းစိတ်ထဲမှ ရေရွတ်လိုက်သည်။ ဤနေရာက ဃ ၁၃၂ ၏ လျှို့ဝှက်ချက်များကို ဖြေရှင်းနိုင်သော သော့ချက်ဖြစ်မည်ဟု ခံစားနေရသည်။
“ဒီနေရာကို ဝင်ဖို့အတွက် စစ်ရေးအကျိုးပြုမှတ်က များနေလို့သာပဲ”
ခေါင်းတရမ်းရမ်းနှင့် ရွှီချင်းက ခေါင်းကို မော့လိုက်ပြီး သင်္ကေတစာလုံး တစ်ခု ထုတ်ဖော်လိုက်ကာ သူ၏ လက်ဝါးတွင် မြောနေသော ဦးနှောက်သစ်ပင်များကို ထွင်းဖောက်လိုက်သည်။
ဤသည်ကား ထူးဆန်းလေဟာနယ်လောကနှင့် စာချုပ်တစ်ခုပင်ဖြစ်သည်။
လာရောက်၍ စမ်းသပ်မှုခံယူသူတိုင်းက သူတို့ကို အနာဂတ်တွင် နတ်ဆိုးများအသွင်ပြောင်းနိုင်သော ဦးနှောက်သစ်ပင်များနှင့် အောင်မြင်စွာ သဘောတူမှုရယူပြီးနောက် ထိုကဲ့သို့သော သင်္ကေတစာလုံးကို စာချုပ်အနေနှင့် ရရှိသည်။
ထို့ထက်ပို၍ အခြားသူများထက် နတ်ဆိုးအသွင်ပြောင်းခြင်း၏ စုပ်ယူမှု ပါရှိသော ကျင့်ကြံသူများကို ထူးဆန်းလေဟာနယ်လောကက စုပ်ယူခြင်းဝေစုကို မျှဝေပေးသည်။