ထူးချွန်လွန်းတဲ့ ဘော့စ်ဖေး
Vol. 15 Ch. 211
ဇူလိုင်လ ၂၆ ရက်နေ့ တနင်္လာနေ့
ရှန်းယန်ဂိမ်းတွင်...
လင်းဝမ်တစ်ယောက် Bloody Battle Song ဂိမ်းကို နှာခေါင်းတရှုံ့ရှုံ့ဖြင် ကစားနေခဲ့သည်မှာ ၂ ပတ်ခန့်ကြာခဲ့လေပြီ။
မူလပထမပိုင်းမှာတော့ ဂိမ်းကို အထင်အမြင်သေးကာ နားလည်မှု မရှိခဲ့သော်လည်း အခုတော့ ဒီလိုဂိမ်းမျိုးအတွက် ရည်ရွယ်ချက် တစ်ခုခုရှိကြောင်းကို ရှာဖွေသိရှိခဲ့ရလေပြီ။
မူရင်း Bloody Battle Song မှာ Paywall များပါဝင်သည့် သာမန်ဂိမ်းတစ်ခုသာဖြစ်သည်။ ဂိမ်းသူဌေးများက အတွေ့အကြုံများရဖို့အတွက် ငွေအစစ်ကို သုံးစွဲနိုင်ပြီး သာမန်ကစားသမားများအဖို့ကတော့ ဂိမ်းသူဌေးများနဲ့ အတူကစားပြီး ၎င်းတို့၏ နောက်လိုက် သို့မဟုတ် အထိုးခံရမည့် သဲအိတ်များကဲ့သို့ ကစားနိုင်သည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ငွေရှိသည့် ကစားသမားများက ငွေများကိုင်ကာ ကိုယ်ထင်ပြနိုင်သော်လည်း ငွေမရှိသည့် ကစားသမားများကတော့ မိတ်ဆွေများအတွက်သာ ပေါ်လာနိုင်သည်။
Bloody Battle Song ကဲ့သို့သော Paywall များပါဝင်သည့် စစ်ပွဲဂိမ်းများက မကောင်းသော အထင်အမြင်များဖြင့် ပြည့်နှက်နေလေ့ ရှိသည်။ အကြီးမားဆုံး ပြဿနာများကတော့ မတရားမှု ခံစားချက်များနဲ့ အတင်းအကြပ် ထုတ်ဖော်ခြင်း ခံရသည့် အမုန်းတရားများ ဖြစ်လေသည်။
ထိုအကြောင်းအရင်းနှစ်ခုကြောင့်ပဲ Paywall များပါဝင်သည့် ဆင်တူညီစစ်ဂိမ်းများမှာ ဆိုးဆိုးရွားရွား ဝေဖန်ခံနေရခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ဂိမ်းများ တရားမျှတမှု မရှိရခြင်းမှာ ဂိမ်းထဲတွင် ကစားသမားများ ရရှိနိုင်သည့် တိုက်ပွဲစွမ်းအားများက သူတို့သုံးစွဲလိုက်သည့် ငွေပမာဏအပေါ် မူတည်နေသောကြောင့်ပင်။ ပိုပြီးချမ်းသာလေလေ ပိုပြီး အားကြီးလေလေ ဖြစ်သည်။ ဂိမ်းကုန်သည်များကတော့ ဂိမ်းတစ်ခုထဲတွင် Level သုံးခု၊ ခြောက်ခု၊ ကိုးခု စသဖြင့် ဖန်တီးကြလိမ့်မည်။ ဂိမ်းထဲတွင် ငွေဘယ်လောက် ဖြည့်သွင်းသည်ဆိုသည့်အပေါ် မူတည်ပြီး ရရှိသည့် ဂိမ်းရသများကလည်း တူညီမည် မဟုတ်ပေ။
ငွေသုံးမည်ဆိုပါက တပ်ဖွဲ့ ၄ ဖွဲ့လောက်ကို တစ်ချီတည်းနဲ့ အနိုင်ယူနိုင်ပြီး တခြား ကစားသမားများ၏ ဂိမ်းရသကိုပါ ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ဒီလိုမတရားမှုများကြောင့် ကစားသမားများ၏ စိတ်ထဲတွင် အနုတ်သဘောဆောင်သော ခံစားချက်များ ပေါ်လာစေသည်။ ဘယ်လိုပဲဖြစ်ဖြစ် 'ရှားပါးချို့တဲ့မှုထက် မမျှတသော ဝေစုခွဲဝေမှုကို ပိုစိုးရိမ်သင့်သည်' ဟူသော စကားပုံရှိသည် မဟုတ်ပါလား။
ထို့အပြင် ဒီလိုဂိမ်းများက အမုန်းတရားများကိုလည်း အတင်းအဓမ္မ ပေါ်ပေါက်လာစေသည်။ အကြောင်းမှာ ဂိမ်းကုန်သည်များက ဂိမ်းရသများကို ယှဥ်ပြိုင်ချင်စိတ်များ ဖြစ်ပေါ်လာအောင် တမင်ဒီဇိုင်းဆွဲထားသောကြောင့် ကစားသမားများက ဂိမ်းအတွက် ငွေများ ပိုပိုပြီး သုံးစွဲလာစေသည်။
ဥပမာအားဖြင့် တိုက်ပွဲတစ်ပွဲကို ကြည့်ကြပါစို့။
ကစားသမားတစ်ယောက်က မြို့တစ်မြို့ကို သိမ်းပိုက်နိုင်ပါက ၎င်းအား ဘုရင်အဖြစ် သရဖူ ဆောင်းပေးခံရမည်။ ထို့နောက် ချန်နယ်တစ်ခုလုံးတွင် ကြေညာချက်တစ်ခု ထုတ်ပြန်ပြီး မြို့တွင်းရှိ ကစားသမားများအားလုံး ဆုလာဘ်များ ရရှိကြလိမ့်မည်။ ဒါက တခြား ကစားသမားများရှေ့တွင် ကြွားဝါဖို့ အခွင့်အရေးကောင်းတစ်ခုပင်။
ကစားသမားများစွာက သရဖူဘုရင်ကြီး ဖြစ်ချင်ကြသည်။ ထိုအခါ ဂိမ်းထဲတွင် ဘယ်သူက ငွေအများဆုံး သုံးသလဲ ဆိုသည့်အပေါ် မူတည်သွားလေပြီ။
မင်းက ယွမ် ၁၀,၀၀၀ ငွေဖြည့်မယ်ဆိုရင်၊ ငါက ၃၀,၀၀၀ ယွမ်ဖြည့်မယ်။ မင်းက ၅၀,၀၀၀ ယွမ်ဖြည့်မယ်ဆိုရင် ငါက ၁၀၀,၀၀၀ ယွမ်ဖြည့်မယ်။
ဒီလိုယှဥ်ပြိုင်ချင်သော အတွေးများက ရစ်လုံး ယတ္တရားတစ်ခုကို ဖြစ်ပေါ်လာစေသည်။ ဂိမ်းသူဌေးနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ယှဥ်ပြိုင်ကြရင်း နောက်ဆုံးတော့ အသုံးမဝင်သော ကွန်ပျူတာ ဒေတာသက်သက်တချို့ကို စျေးကြီးပေးဝယ်မိသွားကြလိမ့်မည်။ ၎င်းတို့အားလုံး ဂိမ်းကုန်သည်များ ကြိုးဆွဲရာအတိုင်း ကမိသွားကြလိမ့်မည်။
Update တစ်ခုပြီးတိုင်း လက်နက်ကိရိယာ အသစ်တစ်ခုကို ထုတ်လိမ့်မည်။ အရင်တုန်းက ဂိမ်းသူဌေးများ ဘယ်လောက်ပဲ ဖြုန်းတီးခဲ့ကြပါစေ အနိုင်ယူမခံစေဖို့အတွက် ၎င်းတို့ ထုံးစံအတိုင်း ပြန်စကြဦးမည်။
၁ နှစ် ၂ နှစ်လောက်ကြသည့်အခါ ဂိမ်းထဲတွင် ငွေပမာဏ မြောက်များစွာ သုံးစွဲခဲ့သည့် ကစားသမားတစ်ယောက် နောက်ပြန်လှည့်ကြည့်သောအခါ သူတို့ဝယ်ခဲ့သည့်အရာမှာ ဘာဆို ဘာမှ မဟုတ်ဘဲ ဗလာကျင်းများသာ ဖြစ်နေသည်ကို နားလည်သွားကြလိမ့်မည်။
သို့သော်လည်း နောက်ထပ်ရှုထောင့်တစ်ခုက ကြည့်ရလျှင် ထိုကဲ့သို့ ဂိမ်းမျိုးတွေက ဘာကြောင့် ရေပန်းစားလာရသနည်း။
အားလုံးက ဂိမ်းထဲတွင် ဖြစ်တည်နေသော ပြီးပြည့်စုံ၊ ကြွယ်ဝပြီး မြိုင်မြိုင်ဆိုင်ဆိုင်ရှိသည့် ဂိမ်းကမ္ဘာကြောင့် ဖြစ်သည်။
တကယ်တမ်းတော့ ပုံမှန် အွန်လိုင်း MMORPG ဂိမ်းများကလည်း ဒီအတိုင်းပဲ ခြေလှမ်းခဲ့ကြသည်။ ဥပမာအားဖြင့် Fantasy World။ ထိုဂိမ်းထဲတွင်လည်း Guild အသင်းအဖွဲ့များ ရှိသည်။ အထက်လူကြီးများအဖွဲ့တွင် Guild ခေါင်းဆောင်များ၊ Guild မန်နေဂျာများ၊ လက်ထောက်အဖွဲ့ခေါင်းဆောင်များ၊ ကွန်မန်ဒါများ စသဖြင့် ပါဝင်ကြသည်။ ကစားသမားများက Level ပေါင်းစုံတွင် မတူညီသော Role များကိုလည်း ရယူနိုင်သည်။
Paywall များ ပါဝင်သည့် Bloody Battle Song ကဲ့သို့ စစ်ဂိမ်းများက ကစားသမားများကို ၎င်းတို့၏ Role များအတွက် ပိုပြီး စိတ်ပါဝင်စားမှု ရှိလာစေသည်။ အဘယ့်ကြောင့်ဆိုသော် လူသားဆက်ဆံရေးများက အလွန့်အလွန်ရှုပ်ထွေးသောကြောင့် ဖြစ်၏။ ထို့အပြင် Level များလည်း များစွာ ရှိသေးသည်။
တစ်ခုတည်းသော ခြားနားချက်က Fantasy World ၏ ကစားသမားတစ်ယောက်မှာ ဂိမ်းထဲတွင် ဖြုန်းခဲ့သည့် အချိန်ပမာဏ၊ ဂိမ်း၏ တည််ဆောက်ပုံကို နားလည်မှု စသည်တို့ဖြင့် ကိုယ့်ကိုယ်ကို ဂုဏ်ယူဝံ့ကြွားနိုင်သည်။ တစ်ဖက်မှာတော့ Paywalls များပါဝင်သည့် စစ်ဂိမ်း ကစားသမားတစ်ယောက်ကတော့ ဂိမ်းအတွက် သူ ဖြုန်းလိုက်သည့် ငွေပမာဏအပေါ် မူတည်ပြီး ဂုဏ်ယူဝံ့ကြွားနိုင်သည်။
ယခု Bloody Battle Song ၏ Update လုပ်လိုက်သည်မှာ ဂိမ်းထဲက Paywall အားလုံးနီးပါးကို ဖယ်ထုတ်ပစ်လိုက်ဖို့ ဖြစ်၏။ ဒီလိုသာဆို ကစားသမားများ၏ မကောင်းမြင်မှုများ လျော့နည်းသွားလိမ့်မည်။ ဂိမ်းတစ်ခုလုံးက ယခုတော့ Fantasy World ကဲ့သို့ သာမန် MMORPG ဂီမ်းတစ်ခု၏ စံနှုန်းနှင့် ကိုက်ညီသွားလေပြီ။
တစ်ချိန်တည်းမှာပင် Bloody Battle Song ဂိမ်းထဲရှိ ရှုပ်ထွေးသည့် Level များနဲ့ လူသား ဆက်ဆံရေးများကိုတော့ ဆက်လက်ထိန်းသိမ်းထားသည်။ ကစားသမားတိုင်းက မတူညီသည့် Role များကို ယူနိုင်ပြီး ဂိမ်းထဲတွင် လူမှုဘဝ အတုအယောင်တစ်ခုကို ဖန်တီးကာ စနစ်တကျ လည်ပတ်နိုင်စေလိမ့်မည်။
'ရွေးချယ်ခံ' စနစ်က သာဓကတစ်ခုဖြစ်သည်။ ကစားသမားတစ်ယောက်ချင်းစီတိုင်းတွင် အရေးပါသည့် Role ကစားခွင့် ရှိသည်။ ဒီလိုရသများက တခြားဂိမ်းများ မပေးစွမ်းနိုင်သော ရသမျိုး ဖြစ်သည်။
'ရွေးချယ်ခံ' စနစ်၏ ရွေးချယ်မှုကို ခံလိုက်ရပြီးနောက် ကစားသမားများ၏ Skill များက တခြား ကစားသမားများထက် ချက်ချင်း ပိုမို သာလွန်သွားလိမ့်မည်။ ခုတ်ထစ်ဂိမ်းများ၏ ရသမျိုး သူတို့ခံစားကြရလိမ့်မည်။
ခုတ်ထစ်ဂိမ်းများကလည်း ဒီလိုခံစားချက်မျိုးကို ပြန်လည် ဖန်တီးနိုင်သည်။ သို့သော် ကစားသမားများက ထိုကဲ့သို့သော ဂိမ်းများတွင်တော့ ကစားသမား ကိုင်တွယ်မှု မရှိသည့် ဇာတ်ကောင်များကိုသာ တိုက်ခိုက်ကြရလိမ့်မည်။ အားလုံးက ပရိုဂရမ်းမင်းနှင့်သာ သက်ဆိုင်သည်။ တစ်ဖက်မှာတော့ Bloody Battle Song တွင် ကစားသမားများက တခြား ကစားသမားအစစ်များကို တိုက်ခိုက်ရမည်ဖြစ်သည်။ ID တစ်ခုချင်းစီတိုင်း၏ နောက်ကွယ်တွင် ကစားသမားအစစ်များ ရှိနေသည်။
ရွေးချယ်ခံ ကစားသမားက အလွန်စွမ်းအားကြီးမားလာပြီး စစ်မြေပြင်တွင် အရေးပါသည့်နေရာများကို တိုက်ခိုက်ဖို့အတွက် ၎င်း၏ အဖွဲ့ကို ကူညီပေးနိုင်သည်။ ထိုအခါ တခြား ကစားသမား ရာချီရှေ့တွင် ကြွားပြနိုင်လိမ့်မည်။ ဒီလိုခံစားမှုရသမျိုးကို ဖန်တီးဖို့အတွက် တခြားဂိမ်းအမျိုးအစားများအဖို့ အလွန်အမင်း ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် Bloody Battle Song ဂိမ်းတွင် ပြုလုပ်ခဲ့သော ပြောင်းလဲမှုများကို အနှစ်ချုပ်နိုင်သည်။ Paywall များပါဝင်သည့် စစ်ဂိမ်းများ၏ ထူးခြားသည့် ခံစားမှုရသကို ဆက်လက်ထိန်းသိမ်းထားပြီး ကစားသမားများအား Toxic ဆန်သော ခံစားချက်များဖြစ်ပေါ်စေသည့် ကဏ္ဍများကိုတော့ ဖယ်ရှားပစ်လိုက်သည်။
လင်းဝမ်တစ်ယောက် ဒီတစ်ချိန်လုံး Bloody Battle Song ကို နေ့တိုင်းကစားကာ ဂိမ်းထဲက တခြားကစားသမားတွေကို စကားပြောကြည့်ပြီးမှ ဒါတွေကို နားလည်ခဲ့ရသည်။
"ငါသိပြီ... ငါအရမ်းကလေးဆန်ခဲ့တယ်ထင်တယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး နည်းလမ်းတွေ အများကြီးရှိနေတာ တစ်ခါမှ မသိခဲ့ဘူး။ အခုတော့ Fantasy World လိုဂိမ်းမျိုးကို ကစားရမယ့်အစား ဂိမ်းသူဌေးတွေက ဘာလို့ ဒီလိုဂိမ်းမျိုးဆီလာပြီး ပိုက်ဆံတွေအများကြီး သုံးတာလဲ နားလည်သွားပြီ။"
"ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်က အခု ငါ့အတွက် ပိုပြီး ရှင်းလင်းလာပြီ။ အရှုံးတွေပေါ်နေတာတောင် ဘာလို့ ရှန်းယန်ဂိမ်းကုမ္ပဏီကို သူ ဝယ်ချင်ခဲ့တာလဲ။ Bloody Battle Song ကို အသုံးချပြီး အရမ်းစွန့်စားရမယ့်ကိစ္စတစ်ခုကို စမ်းကြည့်ချင်ခဲ့တာ။ သူက ဘယ်သူမှ စမ်းလုပ်ဖို့ မတွေးကြည့်ဖူးတဲ့ စမ်းသပ်ချက်တစ်ခုကို ဆောင်ရွက်ချင်ခဲ့တာ"
"ဘော့စ်ဖေးက သူ့ကစားသမားတွေကို ငွေကျွန် မဖြစ်စေချင်ဘူး။ သူ့ကစားသမားတွေရဲ့ အကြိုက်ကို ပြောင်းလဲပေးချင်တယ်။ ငွေသုံးစရာမလိုဘဲ ဂိမ်းသူဌေးတွေပဲ ရလေ့ရှိတဲ့ ခံစားချက်မျိုးကို ခံစားနိုင်တယ်ဆိုတာကို ပြချင်နေတာပဲ။"
"ငါဝန်ခံပါတယ်.. ဒီစိတ်ကူးစိတ်သန်းက အရမ်း မြင့်မြတ်တယ်။"
"ဒါမှမဟုတ်... အလွန့်အလွန် ထူးချွန်လွန်းတယ်လို့ ပြောရမလား။"
လင်းဝမ်တစ်ယောက် ဘော့စ်ဖေးကို အမြင်အသစ်များဖြင့် မမြင်ဘဲ မနေနိုင်တော့ပေ။
Paywall များ ပါဝင်သည့် ဂိမ်းများမှ အမြတ်ရနိုင်ခြင်းမှာ ၎င်းတို့က ဂိမ်းသူဌေးများကို ထူးခြားပြီး ကျေနပ်ဖွယ်ကောင်းသည့် ဂိမ်းရသများကို စျေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချနေကြသောကြောင့် ဖြစ်သည်။
ရွှေရောင် တောက်တောက်ပပ အတောင်ပံများကစလို့ စစ်ဂိမ်းတစ်ခု၏ ဘုရင်ဘွဲ့အထိ အားလုံးက ဂိမ်းသူဌေးများအတွက်သာ သီးသန့်ဖန်တီးပေးထားသည့် ထုတ်ကုန်များ ဖြစ်ကြသည်။ တစ်ဖက်မှာလည်း ဂိမ်းသူဌေးများက ထိုထုတ်ကုန်များ ရနိုင်ဖို့အတွက် ယွမ်ထောင်ချီသုံးဖို့ မတွန့်ဆုန်ကြပေ။
ဒီလိုဖြစ်စဥ်ကြောင့် ဂိမ်းကုမ္ပဏီများကလည်း အမြတ်များ ခိုင်ခိုင်မာမာ ရရှိသလို ဂိမ်းသူဌေးများကလည်း ၎င်းတို့အတွက် သီးသန့်ဖန်တီးပေးထားသော ဂိမ်းရသများကို ခံစားနိုင်ကြသည်။ ထိခိုက်ရသည့် လူတွေကတော့ ဂိမ်းသူဌေးများ၏ သဲအိတ်လို နေထိုင်ရသည့် သာမန်ကစားသမားများ ဖြစ်ကြသည်။
ယခုတော့ ဘော့စ်ဖေးက ဒီလိုမျိုး အမြတ်မယူဖို့ ရွေးချယ်ထား၏။ သူက ဂိမ်းသူဌေးများအတွက် သီးသန့်ဖန်တီးထားသော ဂိမ်းရသများကို ဆွဲယူကာ သတ်မှတ်ထားသည့် စည်းမျဥ်းအရ သာမန်ကစားသမားများအတွက်ပါ ခွဲဝေပေးချင်သည်။
ဒါက ထူးချွန်ပြောင်မြောက်လွန်းတဲ့ အကွက်ပဲ မဟုတ်လား။
လင်းဝမ်ကတော့ ပိုပြီး လေးလံသည့် ဝန်ကို ထမ်းပိုးလိုက်ရသလို ခံစားလိုက်ရပါသည်။
ဘော့စ်ဖေးမှာ Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်းအား ဂိမ်း၏ တစ်ခုတည်းသော အားနည်းချက်ဖြစ်သည့် ရုပ်ထွက်ကို ပြင်ဆန်ရန်အတွက် ငွေတွေ အများကြီး သုံးခဲ့ပြီးပြီ။ ဂိမ်းပြီးမြောက်ကာ ထန်းတာ့ဂိမ်း၏ အားကောင်းသည့် မားကတ်တင်း အစွမ်းအစများအရဆို ဒီဂိမ်းက ပြည်တွင်း Paywall ဂိမ်းစျေးကွက်ကိုပင် ဖြည်းဖြည်းချင်း ပြောင်းလဲနိုင်စွမ်း ရှိလောက်မည်။
အမှန်ပင်။ ဒါမျိုးက စိတ်ကူးယဥ်ဆန်လွန်းရာကျပါသည်။ Paywall ဂိမ်းများက ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ဂိမ်းသူဌေးများ ငွေသုံးချင်စိတ် ရှိနေသေးသရွေ့ စျေးကွက်ထဲ ဆက်လက် တည်ရှိနေကြဦးမည်။
သို့သော်လည်း Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်းက ဂိမ်းစျေးကွက်ကို အနည်းငယ်ဖြစ်ဖြစ် သန့်စင်ကာ ကစားသမားများ၏ အကြိုက်ကို လွှမ်းမိုးနိုင်ပါက ဂိမ်းလောကအတွက် အောင်မြင်မှု မြောက်များစွာ ရရှိသွားမည်ဖြစ်သည်။
တချို့ ဂိမ်းဖန်တီးသူများက ဂိမ်းသူဌေးများကို ဖားကာ ၎င်းတို့၏ စိတ်ဝင်စားမှုတစ်ခုတည်းအတွက် Paywall ဂိမ်းများကို အသုံးချကြသည်။ တချို့ ဂိမ်းဖန်တီးသူများကတော့ ဂုဏ်သတင်းကို လိုချင်ကြပြီး သီးသန့်ဂိမ်းများကို အလွန် လေးနက်စွာ ဖန်တီးကြသည်။
ဘော့စ်ဖေးမှာ ဂိမ်းလောကထဲတွင် သီးသန့်ဂိမ်းများဖြင့် အကြီးအကျယ် အောင်မြင်နေသော်လည်း တခြားတစ်နေရာရာတွင် ရှုပ်ထွေးသော အခြေအနေများ၌ ရည်ရွယ်ချက်ရှိရှိ ဝင်ပါနေသော တစ်ဦးတည်းသော လူမျိုး ဖြစ်လောက်သည်။ သူက အမြတ်အစွန်းများစွာ ရရှိဖို့ကို စွန့်လွှတ်ကာ ဂိမ်မာများ၏ အကြိုက်ကို ပြောင်းလဲပြီး ငွေကျွန်အဖြစ်မှ လွတ်မြောက်စေဖို့သာ ရည်ရွယ်ထားသည်။
သူ့ရည်မှန်းချက်တွေက ဘယ်လောက်တောင် မြင့်မြတ်လိုက်သလဲ...။