ဘော့စ်ဖေးနဲ့ ဘော့စ်ယွမ်တို့က ပဲတောင့်တစ်ခုထဲက ပဲစေ့နှစ်စေ့လိုပဲ
Vol. 15 Ch. 214
ဖေးချမ့် အတွေးနက်နက်ထဲ ရောက်နေစဥ် တစ်ယောက်ယောက်က ရုံးတံခါး လာခေါက်လေသည်။ မော့ကြည့်လိုက်သောအခါ လုမင်လျန်ကို မြင်လိုက်ရပါသည်။
"ဘော့စ်ဖေး ကျွန်တော်တို့ Concept ပုံတချို့ ထုတ်လုပ်ပြီးသွားပြီ စစ်ကြည့်ချင်လား။"
ဒီ့မတိုင်ခင်က လုမင်လျန်တစ်ယောက် ရွမ်ကွမ်းကျန်အား 'အရှုံးပေးပြီး ကယ်တင်ခြင်း ခံစေ' ဂိမ်းအတွက် Concept ဒီဇိုင်းအားလုံးကို တာဝန်ယူကိုင်တွယ်ဖို့ ညွှန်ကြားခဲ့ပါသည်။ ရှုခင်းပုံများ၊ ဇာတ်ကောင်ပုံများ၊ မကောင်းဆိုးဝါးပုံများ၊ လက်နက်ကိရိယာ ပုံများ၊ စသည်တို့ အပါအဝင်ဖြစ်သည်။
ရွမ်ကွမ်းကျန် တစ်ယောက်တည်းသာဆို ဒါတွေအားလုံးကို ပြီးမြောက်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း ယခု သူ့ကိုယ်ပိုင် အလုပ်ရုံရှိနေပြီ ဖြစ်သည်။
ဘွဲ့ရပြီးနောက် ရွမ်ကွမ်းကျန်က သူ့နာမည်နဲ့ အဆက်အသွယ်ကို အသုံးချပြီး အလုပ်ရုံငယ်လေးတစ်ခု ဖွင့်ခဲ့သည်။ သူ စာသင်ကြားခဲ့သည့် ဘဏ္ဍာရေးတက္ကသိုလ်ဘေးနားလေးမှာပင် ဖြစ်သည်။
ထိုအလုပ်ရုံအား ဟေလိုအလုပ်ရုံဟု ခေါ်သည်။ တစ္ဆေစစ်သူကြီး၊ Game Designerတို့နှင့် တခြား Concept ဒီဇိုင်းများ ကျေးဇူးကြောင့် ဒီလောကထဲတွင် နာမည်ရလာခဲ့ပြီ ဖြစ်ပါသည်။
ရွမ်ကွမ်းကျန်က တက္ကသိုလ်တွင် တစ်ခန်းတည်းနေခဲ့သည့် အတန်းဖော်တချို့ကိုလည်း ဖိတ်ခေါ်ခဲ့သည်။ ထို့အပြင် ၎င်းတို့၏ လုပ်ငန်းက မကြာသေးခင်က အကျိုးအမြတ်များ ရရှိနေပြီဖြစ်သည်။ အလုပ်သမားအသစ်တစ်သုတ်ကိုပင် ခန့်အပ်လိုက်သည်။ အရင်တုန်းက အသေးစား တာဝန်များကိုသာ လက်ခံနိုင်ခဲ့သော်လည်း အခုတော့ ပိုကြီးမားသည့် အလုပ်များကို လက်ခံနိုင်နေပြီ ဖြစ်ပါသည်။
၎င်းတို့ နာမည်ပိုပြီး ကြီးလာလေလေ ဂိမ်းကုန်သည်များက အရင်းအမြစ်များအတွက် သူတို့ကို ဝက်ဘ်ဆိုက်မှတဆင့် ပိုဆက်သွယ်လာကြလေလေဖြစ်သည်။ မကြာခဏဆိုသလို တန်းစီစောင့်ရသည့် စာရင်းထဲမှာပင် ပါလာခဲ့သည်။
ပုံများကို ရွမ်ကွမ်းကျန်ကိုယ်တိုင် ကိုင်တွယ်စေချင်သူများက စျေးနှုန်းပိုများကာ အချိန်ဇယား သတ်မှတ်ဖို့လည်း ပိုခက်ခဲလိမ့်မည်။
သို့သော်လည်း ရွမ်ကွမ်းကျန်ကတော့ ထန်းတာ့ဂိမ်းကို သစ္စာရှိနေဆဲဖြစ်၏။
သူတို့ ဘယ်လိုပဲ တောင်းဆိုမှု လုပ်ပါစေ ရွမ်ကွမ်းကျန်၏ လက်ရှိပရောဂျက်များကို မထိခိုက်သရွေ့ ဆောင်ရွက်ပေးမည်ဖြစ်သည်။
အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ၏ဇာတ်လမ်းဇာတ်ကွက်၊ ကမ္ဘာတည်ဆောက်မှု၊ ပန်းချီအရင်းအမြစ် လိုအပ်ချက်များကို ထုတ်လုပ်ပြီးတာနဲ့ လုမင်လျန်က ဟေလိုလုပ်ငန်းကို ချက်ချင်း ဆက်သွယ်ပြီး Concept ဒီဇိုင်းတာဝန်ကို ရွမ်ကွမ်းကျန်အား တာဝန်ပေးလိုက်ပါသည်။
ယခုတော့ Concept ပုံများ ပထမ တစ်သုတ် ပြီးမြောက်သွားလေပြီ။
လုမင်လျန်နှင့်အတူ ဖေးချမ့် ပုံများကို စစ်ကြည့်လိုက်သည်။ သူ့ရဲ့ ပထမဆုံး စစ်ကြည့်နေသည့် ပုံများက နောက်ခံဘက်ဂရောင်းများအတွက် Concept ပန်းချီများ ဖြစ်သည်။
ဗျူဟာကျကျ နေရာချထားသော ငရဲလောကသို့ အဝင်ဂိတ်တံခါးမှာ အဆုံးမရှိသော တောင်တစ်ခုတွင် တည်ရှိနေသည်။ ဘယ်ဘက်မှာမဆို ကြီးမားသည့် တောင်တန်းကြီးများရှိနေသည်။ အရှေ့တွင်လည်း ပေ ၁၀၀,၀၀၀ နက်သော အသူရာချောက်နက်ကြီး ရှိကာ အငြှိုးကြီးသော ဝိညာဥ်များဖြင့် ပြည့်နှက်နေသည်။
အပြာနုရောင် မြူခိုးများက ကြီးမားသည့် မီးခိုးဖျော့ရောင် မှတ်ကျောက်တိုင်ခုံးကြီးတစ်ခုကို ဝန်းရံထားသည်။ ထိုမှတ်ကျောက်ခုံးတွင်ရေးသားထားသည့် ရှေးကျပြီး ခန်းနားသော်လည်း ဆိုးယုတ်သည့် တရုတ်စကားလုံးများမှာ ဖေးချမ့် ကျောတစ်လျှောက် ချမ်းစိမ့်သွားစေသည်။
ဂိတ်တံခါးဝ၏ နောက်ကွယ်တွင် မြေအောက် လောကသို့ သွားရာလမ်းရှိပြီး မိုးကုတ်စက်ဝိုင်းအထိ ကျယ်ပြန့်နေသည်။ မရေမတွက်နိုင်အောင် များပြားသော အငြှိုးကြီး ဝိညှာဥ်များက မြေအောက်လောကသို့ အသွားလမ်းတွင် လေလွင့်နေကြသည်။ မမောမပန်းနိုင်ဘဲ ဦးတည်ရာမဲ့ ရှေ့ဆက်လျှောက်နေကြသည်။
မြေအောက်လောကသို့ အသွားလမ်း၏ ဘေးတစ်ဖက်တစ်ချပ်တွင် လည်ပတ်နေသည့် အစိမ်းရောင် မြူခိုးများရှိသည်။ မကြာခဏဆိုသလို ခြောက်ကပ်ပြီး မာကျောသည့် လက်များက မြူခိုးများထဲက ထွက်လာပြီး မြေအောက်လောကသို့ အသွားလမ်းပေါ်မှ လူများကို ဆွဲခေါ်သွားကြသည်။
မေ့လျော့ခြင်းမြစ်ပေါ်က မေ့လျော့ခြင်း တံတားကို ဖြတ်သန်းပြီးနောက် ယုတ်ညံ့သည့်ပုံသဏ္ဌာန်ရှိ ဝိညာဥ်များကြားထဲသို့ ရောက်သွားလိမ့်မည်။ ဝိညာဥ်ပဉ္စလက် မီးအိမ်တချို့က ကောင်းကင်ပေါ်မှ တွဲလောင်းကျနေသည်။ လှည့်လည်သွားလာနေသော ဝိညာဥ်များတစ်ခုပြီးတစ်ခု မီးအိမ်များကို ဖြတ်သန်းသွားကြသည်။ တချို့က ခပ်လှမ်းလှမ်းရှိ မြူခိုးများထဲ တိုးဝင်ပျောက်ကွယ်သွားကြပြိး တချို့ကတော့ မေ့လျော့ခြင်း မြစ်ထဲသို့ တံတားပေါ်မှ ခုန်ချကာ ဘယ်သောအခါမှ ပြန်မမြင်ရတော့ချေ။
ထိုအရာများအပြင် Item တချို့၏ ပုံများနှင့် မွန်းစတား Animation များအတွက် Concept ပုံများလည်း ပါသေးသည်။
ထိုပုံများအနက် စုတ်ပြတ်ဟောင်းနွမ်းနေသည့် ဘုရားကျောင်းမျာား၊ ဗုဒ္ဓရုပ်ပွားတော်များ၊ မြေနတ်ဘုရားကျောင်းဆောင်များ၊ မြေနတ်ဘုရားရုပ်တုများ၊ ဆိုးယုတ်သော ဝိညာဥ်များ၊ ပျက်စီးကျိုးပဲ့နေသည့် လက်နက်များ၊ ဝိညာဥ်အလံများစသည်တို့၏ ပုံများလည်း ပါဝင်သည်။ မေ့လျော့ခြင်း တံတားပေါ်ရှိ မန်ပိုနှင့် ငရဲလောက၏ မဟာတရားသူကြီး လေးပါးတို့လည်း မကောင်းဆိုးဝါးပုံများထဲ ပါဝင်သည်။
တခြားဂိမ်းများစွာတွင် မွန်းစတားများနှင့် ဝိသေသလက္ခဏာ တူကြသော်လည်း ရွမ်ကွမ်းကျန်ကတော့ ထိုမွန်းစတားများကို အခြေခံမှစတင်ဆွဲသားသည်။ သူ့ကိုယ်ပိုင်ကျွမ်းကျင်မှုကို အသုံးချပြီး ထိုမွန်းစတားများကို ဆွဲသားကာ အလွန်နက်ရှိုင်းမှောင်မိုက်အောင် ဆွဲသားခဲ့သည်။
ထိုပုံများကိုကြည့်ပြီးနောက် ဖေးချမ့်တစ်ယောက် ဝမ်းနည်းသွားမိသည်။
"ရွမ်ကွမ်းကျန်ရဲ့ လက်ရာကတော့ တကယ် ငြိမ်တာပဲ။"
ဖေးချမ့်ရဲ့ စကားလုံးများ၏ နောက်ကွယ်က အဓိပ္ပာယ်ကတော့ "လခွီးထဲမှ ဘာလို့တစ်ခါတစ်လေလောက် မင်းလက်ရာတွေထဲ အမှားမပါနိုင်ရတာလဲ အရေးအကြီးဆုံးက တစ္ဆေစစ်သူကြီးကစလို့၊ Game Designer၊ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းအထိ ဒီကောင့် စကေးတွေက ပိုပိုပြီး တိုးတက်လာသလိုပဲ။ စိတ်တိုဖို့ကောင်းလိုက်တာ"
အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းအတွက် Concept ပန်းချီများက အရင်ကထက် အများကြီး ပိုလျှင်မြန်စွာ ပြီးမြောက်ခဲ့ပြီး စတိုင်ကလည်း ပိုပြီး သေသပ်မှန်း ချက်ချင်း သိနိုင်သည်။
Game Designer နှင့်ယှဥ်လျှင် အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ၏ အကြောင်းအရာက ရွမ်ကွမ်းကျန်၏ မင်ဆီပန်းချီစတိုင်နှင့် ပိုပြီး လိုက်ဖက်နေသည်။ သူ့လက်ရာတွေပိုကောင်းလာရသည့် အကြောင်းအရင်းတစ်ခု ဖြစ်နိုင်သည်။
လုမင်လျန်လည်း ဖေးချမ့်၏ စကားကို အပြည့်အဝ ထောက်ခံသည်။ ခေါင်းငြိမ့်ကာဖြင့် ပြောလိုက်၏။ "ဟုတ်တယ်။ သူက တကယ့် ဘော့စ်ကြီးလို့ပဲ ပြောချင်တော့တယ်။ အရမ်းကို ငြိမ်တာပဲ။ ကျွန်တော်တို့ရဲ့ Animation တွေကိုသာ သူ့ဆီ အပ်လိုက်ရင် အေးအေးဆေးဆေး နေလို့ရပြီ။"
ဖေးချမ့် "..."
ရွမ်ကွမ်းကျန်နဲ့ ပတ်သတ်မှုကို တကယ်ဖြတ်တောက်ပစ်ချင်ပြီး ဘယ်တော့မှ အတူတူ ထပ်ပြီး အလုပ်မလုပ်ချင်တော့ပေ။ သို့သော်လည်း ထိုသို့ လုပ်ဖို့ အကြောင်းအရင်း လုံးဝ မရှိပါ။
သူက ပုံဆွဲလည်း ကောင်းသည်။ လျှော့စျေးလည်း ပေးသည်။ သူ့ပန်းချီစတိုင်က ဂိမ်းနဲ့ လုံးဝ လိုက်ဖက်မှု ရှိသည်။ သူနဲ့ အလုပ် အတူတူ မလုပ်ဖို့ ရှောင်ဖယ်ဖို့ရန်အတွက် ဖေးချမ့် ဘယ်လို အကြောင်းပြချက် ပေးနိုင်ဦးမှာလဲ။
ကောင်းတာတစ်ခုက အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းမှာ အောင်မြင်ဖို့အတွက် ရုပ်ထွက်ကို အားကိုးမည့် ဂိမ်းမဟုတ်ခြင်းပင်။ ကစားသမားများကို ဂိမ်းကစားနည်းကို အသုံးချကာ မောင်းထုတ်မည်ဖြစ်သည်။ ထို့အပြင် ရွမ်ကွမ်းကျန်နှင့် အလုပ်တူတူတွဲလုပ်ခြင်းက ဖေးချမ့်ကို ငွေများများ ပိုသုံးရစေသည်။ ထိုသို့စဥ်းစားရင်း ဖေးချမ့် အံကြိတ်ကာ ဒီတိုင်းပဲ ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
"တော်တော် ကောင်းတယ်။ ဒီတိုင်းပဲ ဆက်လုပ်ကြတာပေါ့။"
ဖေးချမ့် ပုံများကို အချိန်အကြာကြီး ကြည့်နေသော်လည်း ပြောစရာ ဘာမှ ရှာမရပေ။ Concept ပုံများက အလွန်ကောင်းမွန်လွန်းလှသည်။ ဘာမှ ပြောင်းလဲစရာမရှိပါ။ သူ့မှာလည်း Concept ပန်းချီနဲ့ ပတ်သတ်ပြီး အသိပညာနည်းပါးသည်။ ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ ရွမ်ကွမ်းကျန်ကိုသာ ဆက်လုပ်ခွင့် ပေးလိုက်ရတော့သည်။
ဖေးချမ့်၏ စကားလုံးများကို ကြားလိုက်ရသောအခါ လုမင်လျန်တစ်ယောက် ရင်ထဲ ထိသွားသည်။ "ဘော့စ်ဖေးနဲ့ ဘော့စ်ကြီးရွမ်တို့က တကယ် စိတ်ချင်းဆက်နေကြတာပဲ။ နှစ်ယောက်စလုံးက ပဲတောင့်တစ်တောင့်ထဲက ပဲစေ့နှစ်စေ့လိုပဲ။"
"ဘော့စ်ကြီးရွမ်က ဒီပရောဂျက်ပြီးသွားတာနဲ့ ရက်နည်းနည်းလောက် အနားယူမယ်လို့ပြောတယ်။ ပြီးရင် ကျင်းကျိုးကိုလာပြီး ကျွန်တော်တို့ ရုံးကို လာလည်လောက်တယ်။ အဲ့ကျရင် ဘော့စ်ဖေးဆီလည်း လာလည်မှာပါ။"
"ဘာပဲဖြစ်ဖြစ် ဘော့စ်ဖေးတို့နှစ်ယောက်က အွန်လိုင်းပေါ်က ဆက်သွယ်နေခဲ့ကြတာ အချိန်တော်တော်ကြာပြီ။ ဒါပေမယ့် မျက်နှာချင်းဆိုင် တစ်ခါမှ မတွေ့ဖူးသေးဘူးမလား။ ဘယ်ကောင်းပါ့မလဲ။ ဘော့စ်ဖေးလည်း အဲ့လိုပဲတွေးတယ်မလား။"
ဖေးချမ့်၏ နှုတ်ခမ်းထောင့်များ တွန့်သွားရသည်။
မင်းမေကြီးတော်ကို ဒီလိုပဲတွေးရမှာလား။ ငါ ဒီကောင့်ကို လုံးဝ တွေ့တောင် မတွေ့ချင်ဘူး။
သူ့မှတ်စုစာအုပ်ထဲရှိ Blacklist စာရင်းထဲတွင် ပထမဆုံးနာမည်က ဆရာချောင်းဖြစ်ပြီး ဒုတိယကတော့ ဒီကောင်ပဲဖြစ်သည်။
အရေးအကြီးဆုံးက တစ္ဆေစစ်သူကြီးဂိမ်းအတွက် အတူတူ အလုပ်လုပ်ပြီးကတည်းက ရွမ်ကွမ်းကျန်နှင့် ဖေးချမ့်တို့၏ ဆက်ဆံရေးက စီးပွားရေးသက်သက် မဟုတ်တော့ပေ။
ထို့အစား ရွမ်ကွမ်းကျန်က ဖေးချမ့်အား ယုံကြည်ရသော လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထားလိုက်သည့်ပုံပင်။ နှစ်ယောက်စလုံးက မတူညီသည့် လုပ်ငန်းများတွင် ရှိနေသည်။ တစ်ယောက်က ဂိမ်းလောကထဲတွင်ရှိကာ နောက်တစ်ယောက်က Concept ပန်းချီများဆွဲသော်လည်း ပဲတောင့်တစ်တောင့်ထဲက ပဲစေ့နှစ်စေ့ကဲ့သို့ ခံစားချက်မျိုးက သူတို့နှစ်ဦးအကြားက လုပ်ငန်းခြားနားမှုကို ဖြည့်စွက်ပေးလိုက်သလိုပင်။
ဖေးချမ့် နှုတ်ခမ်းထောင့်များ ထပ်တွန့်သွားရသည်။ "ဟဲဟဲ သူလာတဲ့အခါကျရင် သေချာပေါက် ကောင်းကောင်း 'ဧည့်ခံ'ပေးရမှာပေါ့ကွာ။"
...
...
ဂိမ်းနှစ်ခုမှာ စီစဥ်ထားသည့်အတိုင်း ခရီးပေါက်လာကြသည်။ လက်ရှိအခြေအနေများအရဆို ဖေးချမ့် ပြန်ပြုပြင်ရမည့် ကြီးကြီးမားမား ပြဿနာ ရှိသည့်ပုံမပေါ်ပေ။
ဖေးချမ့် ခေတ္တစဥ်းစားကြည့်လိုက်သည်။ အခုချိန်ကစပြီး သူ့ကို အလုပ်ရှုပ်စေတော့မည့် ကိစ္စများစွာ ရှိနေပြီဖြစ်သည်။ မျက်စိတစ်မှိတ်အချိန်အတွင်း ဇူလိုင်လ ပြီးဆုံးခါးနီးနေပြီ။ ကိုင်တွယ်ရမည့် အရေးကြီး ကိစ္စ ၃ ခုရှိသေး၏။
ပထမဆုံး ဖေးချမ့်၏ အစီအစဥ်အရဆို သြဂုတ်လ ၁ ရက်နေ့တွင် ထူးချွန်ဝန်ထမ်းကို ရွေးချယ်ရမည်။ ဒီတစ်ခေါက် ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ ဖေးချမ့် အကြမ်းဖျင်းအိုင်ဒီယာရထားပြီးဖြစ်၏။ ထူးချွန်ဝန်ထမ်းကို မဲပေးမှုအရ ဆုံးဖြတ်မည်။ ဖေးချမ့်က ကိုယ့်အကဲဖြတ်မှုကိုကိုယ် မယုံသဖြင့် နောက်ကွယ်မှာ ဘာမှ လှည့်စားဖို့ မစီစဥ်ထားပေ။ ပွဲကြည့်ပရိသတ်ကသာ အကောင်းဆုံး ဒိုင်လူကြီးများဖြစ်သည်။ သူတို့ရွေးချယ်မည့် ထူးချွန်ဝန်ထမ်းက ကုမ္ပဏီထဲတွင် အရေးပါသည်ဟု လူသိများရမည်။ ဖေးချမ့်က သူ သို့မဟုတ် သူမကို ကာကွယ်ပေးမည်မဟုတ်သလို ခေါ်ထားမည်လည်း မဟုတ်ပေ။ ထိုဝန်ထမ်းက သူ့အချစ်ဆုံး၊ အယုံကြည်ရဆုံးသူဖြစ်နေရင်တောင် သူ သို့မဟုတ် သူမကို ဖေးချမ့် ထုတ်ပယ်မည်ဖြစ်သည်။
ထို့အပြင် အဆင့်မြင့်အဆင့်မြင့်စားသောက်ဆိုင်ကြီးနှင့် လေဆန်ပို့ဆောင်ရေး ကိစ္စများလည်းရှိသေးသည်။ ၎င်းတို့က ဖွင့်လှစ်ဖို့အတွက် ပြင်ဆင်ဆဲကာလတွင်ရှိသေးသည်။ သို့သော်လည်း ထိုလုပ်ငန်းများအတွက် ဘယ်သူ့ကို တာဝန်ပေးရမလဲ ဆုံးဖြတ်ချိန်တန်လေပြီ။
ယွီအင်တာနက်ကဖေး၏ ဆိုင်ခွဲမန်နေဂျာများထဲမှ တစ်ဦးက စားဖိုမှူးဖြစ်ကြောင်း ဖေးချမ့် မှတ်မိသည်။ ထိုလူ့အား အဆင့်မြင့်စားသောက်ဆိုင်ကြီးကို ကိုင်တွယ်ဖို့အတွက် တာဝန်ပေးသင့်သည်။
ဘာပဲဖြစ်ဖြစ် ထိုစားဖိုမှူးက ဆိုင်ခွဲမန်နေဂျာဖြစ်လာပြီးနောက် ဘာမှ ကြီးကြီးမားမား အောင်မြင်မှု မရခဲ့ပေ။ ထင်သလောက် အစွမ်းအစ မရှိတာ သိသာပါသည်။ ဖေးချမ့်သာ သူ့ကို အဆင့်မြင့်စားသောက်ဆိုင်ကြီးအား ကိုင်တွယ်ခိုင်းလိုက်ပါက လုပ်ငန်းပိုင်းမှာတော့ ကိုက်ညီမှုရှိသည်ဟု ထင်ရသော်လည်း တကယ်တမ်းတော့ ဝန်ထုပ်ဝန်ပိုးသက်သက်သာ ဖြစ်လာပါလိမ့်မည်။
လေဆန် ပို့ဆောင်ရေးအတွက်ကတော့...
ဒီတစ်ခေါက်ထွက်ပေါ်လာမည့် ထူးချွန်ဝန်ထမ်းကို လေဆန်ပို့ဆောင်ရေးလုပ်ငန်းကို တာဝန်ယူဖို့ စိတ်ပါမပါ မေးကြည့်ဖို့ ဖေးချမ့် စဥ်းစားထားသည်။
သူစိတ်မပါလျှင် ဖေးချမ့်က ထိုသူအား အိပ်မက်ရန်ပုံငွေ ယွမ် ၁ သန်းပေးပြီး သူ့အိပ်မက်နောက်ကိုသာ မျက်ကန်းလို လိုက်ခိုင်းလိုက်မည်။ စိတ်ဝင်စားသည်ဆိုလျှင် ထိုသူ့ကို လေဆန်ပို့ဆောင်ရေးလုပ်ငန်းအတွက် ဦးဆောင်ခိုင်းလိုက်မည်။
နောက်ဆုံးတစ်ချက်ကတော့ လင်းချန်ထံမှ ဖေးချမ့် ယူထားသည့် ငွေကို အသုံးချကာ ရလဒ်တစ်ခုခုထုတ်လုပ်ဖို့အချိန်ပဲဖြစ်ပါသည်။