← Chapters

အမာခံ ဝေဖန်ရေးသမား ဝါအို့

Vol. 15 Ch. 215

အမာခံ ဝေဖန်ရေးသမား ဝါအို့

Vol. 15 Ch. 215

ရိုက်ကူးရေးကြေး ယွမ် ၂၀၀,၀၀၀ တောင် ဖြစ်သည်။ ရိုက်ကူရေး ပစ္စည်းများအတွက်က ၁၀၀,၀၀၀ ယွမ်လည်း ရှိသေးသည်။ လင်းချန်အတွက်တော့ များပြားသည့် ပမာဏ မဟုတ်သော်လည်း ဖေးချမ့် တစ်ခုခုတော့ လုပ်မှ ဖြစ်မည်။

ဒီပရောဂျက်က ဘယ်လိုဖြစ်ဖြစ် ကျရှုံးမှာကို ဖေးချမ့် သိပါသည်။ သို့သော်လည်း အရေးမကြီးပေ။ ထိုငွေကို မလိုအပ်ဘဲ ဒီတိုင်း အပျင်းပြေ လျှောက်လုပ်နေသည်ဟုသာ ပြသနိုင်ပါက လင်းချန် သံသယဖြစ်မှာ မဟုတ်ပါ။ ဒီလိုဆို အားလုံး အဆင်ပြေသွားလိမ့်မည်။

လင်းချန်က ဒါကို ရိုက်ကူးရေးကြေးဟု ခေါ်သော်လည်း ဖေးချမ့်ကတော့ ဗီဒီယိုအတိုများ၊ ရုပ်ရှင်တိုများ ထုတ်လုပ်ဖို့ စိတ်ကူး မရှိပေ။

အကြောင်းအရင်းက ရှင်းပါသည်။ သူ့မှာ အရင်းအနှီး လုံလုံလောက်လောက် မရှိသောကြောင့်ပင်။

ဖေးချမ့်က ရိုက်ကူးရေးကြေးကို လိုချင်ပြီး ရိုက်ကူးရေးပစ္စည်းများအတွက် ယွမ် ၁၀၀,၀၀၀ လောက်သာ ချန်ထားချင်သည်။ သို့သော်လည်း ဒီငွေပမာဏလောက်နဲ့ ဒါရိုက်တာ၊ ဇာတ်ပို့သရုပ်ဆောင်၊ လစာများကို ပေးဖို့ မလုံလောက်ပေ။ ဗီဒီယိုကိရိယာများအတွက် အဖိုးအခဆို ပိုဝေးပါသေးသည်။

ဖေးဟွမ်လုပ်ငန်းတွင်ထိုပစ္စည်းများရှိသည်။ သို့သော်လည်း ဖေးချမ့်က ဖေးဟွမ်လုပ်ငန်းကို ဘယ်လိုဖြစ်ဖြစ် ဝင်မပတ်သတ်စေချင်ပေ။

ဘာပဲဖြစ်ဖြစ် ဟွမ်စစ်ပေါ်နဲ့ တခြားသူတွေက ဘော့စ်ဖေးဘာကြောင့် ကိုယ့်ဖာသာကိုယ် ဗီဒီယိုအတို ရိုက်ချင်တာလဲဟု မေးခွန်းထုတ်လာနိုင်သည်။ သူပြန်ဖြေနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ဖေးချမ့်က အားလုံးကို ကိုယ့်ဖာသာကိုယ် လုပ်ဖို့သာ ဆုံးဖြတ်ပြီး သူဘာလုပ်မည်ဆိုတာကို လင်းချန်ကလွဲပြီး ဘယ်သူမှ မသိစေဖို့ အကောင်းဆုံးကြိုးစားမည်။

ရိုက်ကူးဖို့အတွက် သူ့ဆဲလ်ဖုန်းကိုသာ အသုံးပြုမည်။ ရှုပ်ရှုပ်ထွေးထွေး မတည်းဖြတ်တတ်သော်လည်း ဇာတ်ဝင်ခန်းအပိုများကို ဖြတ်ထုတ်ကာ ကျန်တာတွေကို ပေါင်းလိုက်ရုံရှိသည်။

အားလုံးကို တစ်ချက်တည်းနဲ့ ရိုက်ကူးဖို့ အကောင်းဆုံးကြိုးးစားမည်။ ရလဒ်က ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ရိုက်ကူးပြီးတာနဲ့ အိုင်လီကျွန်းပေါ်မှာ တင်လိုက်မည်ဖြစ်သည်။

လူတွေမြင်တာ မမြင်တာကတော့... ဘယ်သူမှ မမြင်ရင် အကောင်းဆုံးဖြစ်သည်။

ထို့အပြင် ဖေးချမ့်က သူ့မျက်နှာကို ထုတ်ပြဖို့ စိတ်ကူး မရှိပါ။ သူ့မျက်နှာတစ်ခုလုံးသို့မဟုတ် တစ်ဝက်လောက်ကို ဖုံးထားမည်။ အကယ်၍ ဗီဒီယိုရေပန်းစားလာပါက သူ့ဝန်ထမ်းများ သူ့ကို မမှတ်မိစေချင်ပါ။

ဒီဗီဒီယိုအတိုကို ရိုက်ကူးရသည့် သူ့တစ်ခုတည်းသော ရည်ရွယ်ချက်က ထို ယွမ် ၂၀၀,၀၀၀ ကို လိုချင်သောကြောင့် ဖြစ်ပါသည်။

ယွမ် ၃၀၀,၀၀၀ ကိုဘယ်လိုသုံးစွဲလိုက်သလဲ လင်းချန် မေးလာပါက အနည်းဆုံးတော့ ဖေးချမ့် ဗီဒီယိုများ ထုတ်လုပ်ပြီး ပြနိုင်သည်။ သူ ရိုက်ကူးရေး တစ်ခုခု ကြိုးစားပြီးလုပ်ခဲ့သည် ဆိုတာကို သက်သေပြနိုင်မည်ဖြစ်သည်။

သူ့ထုတ်လုပ်ရေးက ရေပန်းစားလာမလား ရေပန်းစားမလာဘူးလားဆိုတာကိုတော့ သူဘာမှ မထိန်းချုပ်နိုင်ပေ။ မြင်းတွေ ခြေချော်တတ်သလို လူတွေလည်း အမှားလုပ်တတ်သည်။

ဘော့စ်ဖေး၏ သရုပ်ဆောင်မှုက နက်ရှိုင်းပြီး လူ့အဖွဲ့အစည်းက တိမ်လွန်းသည်။ ဘယ်သူမှ နားမလည်ရင်တောင် ဘော့စ်ဖေးကို အပြစ်ပြောလို့မရပါ။

လင်းချန်ကလည်း လေးလေးနက်နက် အရေးစိုက်နေမှာမဟုတ်ပ။ သံသယလည်း ဖြစ်မှာ မဟုတ်ပါ။

ထိုသို့စဥ်းစားရင်း ဖေးချမ့် ပစ္စည်းများထုတ်ပိုးရင်း ထိုနေ့က ရရှိခဲ့သည့် ဒလီဘာရီကို သွားယူသည်။ ထို့နောက် ရုံးမှထွက်လာပြီး အငှားတိုက်ခန်းကို ပြန်လာခဲ့ပါသည်။

ပထမပိုင်းကို ဒီနေ့ည ရိုက်ကူးရမည်။

သူ့ကို သတ်မှတ်ချိန်ပေးမထားသော်လည်း ဖေးချမ့် အပိုင်း ၂၀ ထုတ်လုပ်ရမည်။ အခုစကာ တစ်ပတ်ကို ၂ ပိုင်းလောက် ထုတ်လုပ်ရင်တောင် အားလုံးအပြီးသတ်ဖို့အတွက် ၂ လကျော် ကြာလိမ့်မည်။ ဆိုလိုရင်းက တတ်နိုင်သမျှ အမြန်ဆုံးစရလိမ့်မည်။

စောစောပြီးလေလေ ထိုယွမ် ၂၀၀,၀၀၀ ကို စိတ်အေးလက်အေး ပိုဖြုန်းရလေလေဖြစ်ပါသည်။

ဖေးချမ့်က ဆဲလ်ဖုန်းကို နေရာချကာ အထုတ်အပိုးကို စားပွဲပေါ်တင်လိုက်၏။

ဒီဖုန်းမှာ နိုင်ငံခြားတွင် လွန်ခဲ့သည့် တစ်လကျော်လောက်ကမှ ထုတ်လုပ်လိုက်သည့် ဖုန်းဖြစ်သည်။ Pineapple 4 ဖြစ်ပြီး ၄,၉၉၉ ယွမ်တန်သည်။ သူ့ ယွမ် ၅,၀၀၀ ဘက်ဂျက်အတွင်း အံဝင်ခွင်ကျ ဖြစ်နေပါသည်။

လောလောဆယ်အချိန်အတွင်း ပြည်တွင်းထုတ် ရေပန်းအစားဆုံး ဖုန်းမှာ ရှန်းဟွာ၏ နှစ်စဥ် မူရင်းထုတ်ကုန် ဖြစ်သည်။ သို့သော်လည်း ဒါတောင် အများဆုံး ဒုတိယ အဆင့်သာ ရှိပါသည်။ Pineapple ဖုန်းများကိုသာ အဆင့်မြင့်ပြီး ပထမအဆင့်မှီသည်ဟု သတ်မှတ်ကြသည်။ ဖေးချမ့်မှတ်မိသလောက်တော့ အနာဂတ်တွင်ပေါ်လာမည့် Apple ဖုန်းများနဲ့ အဆင့်လောက်သည်။ သို့မဟုတ် မဆိုသလောက်သာ ဆိုးရွားလောက်ပါသည်။

အနှစ်ချုပ်ပြောရလျှင် ဒီဆဲလ်ဖုန်းမှာ ရောင်းအား အလွန်မြင့်ပြီး Review ကောင်းများလည်း ရရှိထားသည်။ သူ့ပထမ ပိုင်းအတွက် ဒီဆဲလ်ဖုန်းပေါ်တွင် အလုပ်လုပ်ဖို့ ကိုက်ညီမှုရှိပါသည်။

ဖေးချမ့် အရင်က စဥ်းစားထားပြီးသားဖြစ်ပါသည်။ တကယ်တော့ သူ့ဗီဒီယိုအတိုများထဲ ဘယ်လိုအကြောင်းအရာတွေပဲထည့်ထည့် အရေးမကြီးပေ။ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကိစ္စမရှိပေ။ အရေးအကြီးဆုံးကတော့ လင်းချန်တစ်ယောက် ဒီပရောဂျက်တစ်ခုလုံးက ဘော့စ်ဖေး၏ စရိုက်နှင့် ကိုက်ညီမှုရှိသည်ဟု ထင်သွားစေဖို့ ဖြစ်သည်။

ဒီ့မတိုင်ခင်က ဒီငွေကို စမ်းသပ်ဖို့အတွက် အသုံးချချင်သည်ဟု လင်းချန်ကို ဖေးချမ့် ပြောခဲ့ဖူးသည်။ ဆိုလိုရင်းက ဒီစမ်းသပ်ချက်မှာ ထူးခြားမှဖြစ်မည်။

သူ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဆောင်ရွက်မှ ဖြစ်မည်။

ဥပမာအားဖြင့် 'ဘော့စ်ဖေး' ဇာတ်ရုပ်ကို ဖေးချမ့် ရိုက်ကူးခဲ့စဥ်ကဖြစ်သည်။ သူ့ဇာတ်ရုပ်အမှန်ကိုသူ သရုပ်ဆောင်နေသော်လည်း ဇာတ်ညွှန်းအတိုင်း လိုက်လုပ်ရသည်။ ရိုက်ကူးရေးကြေးရတာ ပုံမှန်ပဲ ဖြစ်သည်။

ဒီတစ်ခါလည်း မခြားနားပေ။

ဖေးချမ့်က ဒစ်ဂျစ်တယ်ထုတ်ကုန်များအတွက် ပရော်ဖက်ရှင်နယ် ဝေဖန်သူတစ်ယောက်အဖြစ် သရုပ်ဆောင်ဖို့ စီစဥ်ထားပါသည်။ ပထမဆုံး စာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။ ထိုစာရွက်ပေါ်တွင် အပိုင်းအတွက် အသေးစိတ်အစီအစဥ်ကိုချရေးလိုက်၏။ ထို့နောက် စတင်ရိုက်ကူးလေသည်။

သူ့မျက်နှာကို ဖုံးကွယ်ထားဖို့အတွက် ဖေးချမ့်စာရွက်တစ်ရွက်ကို ယူကာ 'အမာခံဝေဖန်ချက်" ဟူသော စကားလုံးများကို ရေးသားလိုက်သည်။

ထို့နောက် သူ့ကိုယ်ပိုင်ပိုက်ဆံဖြင့်ဝယ်ထားသည့် မျက်မှန််ကိုင်းတစ်ခုကို ယူလိုက်ပြီး စာရွက်ညှပ်ကာ တပ်လိုက်သည်။ ထိုအခါ မျက်နှာဖုံးတစ်ခုကို အောင်အောင်မြင်မြင် ဖန်တီးပြီးသားဖြစ်သွားပါသည်။

ထို့နောက် ဖေချမ့်က ပိုပြီး သာမန်ဆန်သည့် အဝတ်အစားများ လဲလိုက်သည်။ မိနစ်အနည်းငယ်လောက် စဥ်းစားပြီးနောက် ဗီဒီယို၏ အစပိုင်းအတွက် အစီအစဥ်ကို ရေးသားလိုက်သည်။

"အမာခံဝေဖန်ချက်များ..."

"သီးသန့် ဝေဖန်မှု ပထမနေ့..."

"အမာခံဝေဖန်ချက်များက သီးသန့်ကိုယ်ပိုင် ဝေဖန်သူဖြစ်ပါတယ်။ ဝေဖန်မှုရဲ့ ရလဒ်က ထုတ်လုပ်သူတွေဘယ်လောက် ပိုက်ဆံပေးထားလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ဒီဗီဒီယိုထဲမှာ ဝေဖန်ပေးထားတဲ့ ထုတ်ကုန်ပစ္စည်းတွေက ထုတ်လုပ်သူတွေ ပိုက်ဆံပေးထားတာ ဖြစ်နိုင်ပါတယ်။ ကျေးဇူးပြုပြီး ဗီဒီယိုကို ချက်ချင်း ပိတ်လိုက်ကြပါ။ ထုတ်လုပ်သူတွေက ကျွန်တော်နဲ့ အလုပ်လုပ်ဖို့ စိတ်ဝင်စားရင် သီးသန့် ဆက်သွယ်ပေးပါ"

စကားလုံးများသာ ပါဝင်သည့် ဇာတ်ဝင်ခန်းတစ်ခုကို ဖန်တီးပြိး ဗီဒီယို၏ အစပိုင်းတွင် ထည့်ထားလိုက်သည်။ ဒီလိုဆို လူအတော်များများကို ကြည့်ချင်စိတ်မရှိအောင် လုပ်နိုင်လိမ့်မည်။

ဖေးချမ့် ပြင်ဆင်ပြီးစီးသွားတာနဲ့ ဆဲလ်ဖုန်းထဲရှိ Camera app ထဲ ဝင်ကာ စတင် ရိုက်ကူးလေသည်။

"နိုင်ငံတော်ထဲက စည်းကမ်းအတင်းကြပ်ဆုံးနဲ့ ပရော်ဖက်ရှင်နယ်အကျဆုံး Unboxing Review ရှိုးကနေ ကြိုဆိုပါတယ်။ ကျွန်တော်ကတော့ ဒစ်ဂျစ်တယ်ပစ္စည်းများအတွက် ပရော်ဖက်ရှယ်နယ် ဝေဖန်သူ ဝါအို့ ဖြစ်ပါတယ်။"

"အားလုံးအတွက် ဒီနေ့ Review လုပ်ပေးမယ့် ပစ္စည်းလေးကတော့ Pineapple 4 လို့ ခေါ်ပါတယ်။ သေသေချာချာလေး ဂရုတစိုက် ဘူးကို ဖွင့်ကြည့်လိုက်ရအောင်လား။"

ဘယ်သူမှ သူ့အသံကို မမှတ်မိစေဖို့အတွက် ဖေးချမ့် သေချာဂရုစိုက်ပြီး ခံစားချက် မပါစွာ စကားပြောဖို့ ကြိုးစားနေသည်။

ထို့နောက် ဘေးတွင်ရှိသော စားပွဲတင်ဓားတစ်ချောင်းကို ယူလိုက်ပြီး အထုတ်ထဲတွင် အပေါက်တချို့ ဖောက်လိုက်သည်။ နောက်ဆုံးတော့ ဘူးကို ထုတ်လိုက်ပြီး ဆဲလ်ဖုန်းကို ယူလိုက်ပါသည်။

ဖလင်ပြားများကို ကြမ်းကြမ်းတမ်းတမ်း ဆုတ်ဖြဲကာ တမင်သက်သက် လုံးထွေးပြီး ဘေးသို့ လွှတ်ပစ်ထားလိုက်သည်။ ထို့နောက် အားသွင်းကြိုး၊ အားသွင်းခေါင်း၊ တစ်ခါမှ မလိုအပ်သည့် အညွှန်းစာအုပ်များ ပါဝင်သည့် ဘူးကို ပိတ်လိုက်ပြီး ထိုဘူးကိုလည်း ဘေးနားပစ်ထားလိုက်သည်။

"ကျွန်တော်တို့ ပထမဆုံးလုပ်မှာက ရေစိုခံနိုင်မလား စမ်းသပ်မှာပါ။"

သူ့ဘေးတွင် ရေပုံးငယ်လေးတစ်ပုံး ချထားပြီးသား ဖြစ်၏။ ဖေးချမ့်က Pineapple ဖုန်းကို ဖွင့်ကာ ရေပုံးထဲ ပစ်ထည့်လိုက်သည်။

မိနစ်အနည်းငယ်ကြာသောအခါ ပြန်ထုတ်လိုက်၏။ ရေစိုအတော်လေးခံပါသည်။ အပြင်ပိုင်းအပေါက်များမှ ရေတစ်စက်မှ မဝင်ပါ။

"ဒုတိယတစ်ခုကတော့ လွတ်ကျတာ ခံနိုင်ရည် ရှိ မရှိပေါ့နော်။"

ဖေးချမ့်က သူ့ကိုယ်ပိုင်ဆဲလ်ဖုန်းကို ဘယ်ဘက်လက်ဖြင့် ကိုင်ကာ Pineapple 4 ကို ညာဘက်လက်ဖြင့် ကိုင်လိုက်သည်။ ထို့နောက် Pineapple 4 ကို မတူညီသော အမြင့်၊ ရှုထောင့်များမှ ပစ်ချလိုက်သည်။

ပထမဆုံး ထောင့်စွန်းများကို ကြမ်းပြင်ပေါ်သို့ တည်ကာ ပစ်ချသည်။ ထို့နောက် ဖုန်းနောက်ကျောဘက်ကို အောက်သို့ ဦးတည်ကာ ပစ်ချသည်...။ ထို့နောက် ဖန်သားပြင်ကို မျက်နှာတည်ကာ ပစ်ချသည်။ ထိုကဲ့သို့ ထောင့်မျိုးများဖြင့် ၁ မီတာ၊ ၂ မီတာ၊ ၃ မီတာ အမြင့်များမှ ပစ်ချကြည့်သေးသည်။

၃ မီတာအမြင့်မှ ဖုန်းကိုပစ်ချကြည့်ပြီးနောက် ဖုန်းတစ်ခုလုံးက စုတ်ပြတ်သွားသည့်ပုံပင်။ ဖုန်းဖွင့်ပြီး သုံးလို့ရသေးသော်လည်း ဖန်သားပြင်က လုံးဝ ကွဲနေကာ၊ ဖုန်းထောင့်များက ပိန်နေပြီး အနောက်ဖုံးတွင် ခြစ်ရာများ ထင်နေသည်။

"တတိယ စမ်းသပ်ချက်ကတော့ အကြမ်းခံစမ်းသပ်ချက်ဖြစ်ပါတယ်"

ဖေးချမ့်တစ်ယောက် စားပွဲတင်ဓားကို ဆုပ်ကိုင်လိုက်ပြီး ဖုန်းနောက်ဖုံးကို အကြိမ်ပေါင်းများစွာ ထိုးကြည့်လိုက်သည်။

ပထမတော့ အားအနည်းငယ်သာ ထည့်ပြီး ထိုးကြည့်၏။ ဘာမှ မဖြစ်ပေ။ သို့သော်လည်း အဖုံးကို အားပိုစိုက်ထုတ်ပြီး ထိုးကြည့်သောအခါ သိသာသည့် အက်ကွဲကြောင်းများက ပေါ်လာလေသည်။ ထို့အပြင် ထိုအက်ကွဲကြောင်းများက ပိုမိုပေါ်လွင်လာခဲ့သည်။

"စတုတ္ထစမ်းသပ်ချက်ကတော့ တစ်စစီဖြုတ်ဖို့ဖြစ်ပါတယ်။"

"ဆဲလ်ဖုန်းတစ်ခုကို တစ်စစီဖြုတ်ကြည့်တာက အတွင်းပိုင်းတည်ဆောက်ပုံတွေအကြောင်းနဲ့ ဒီဖုန်းကို ထုတ်လုပ်သူတွေ စေတနာပါပါနဲ့ လုပ်ထားရဲ့လားဆိုတာ သိနိုင်မယ့် အကောင်းဆုံးနည်းလမ်းဆိုတာ အားလုံးသိ ကြမှာပါ။ ဒီဖုန်းကို အရမ်းပရော်ဖက်ရှင်နယ်ကျကျ နည်းလမ်းနဲ့ ဖြုတ်ကြည့်ရအောင်ဗျာ။"

ဖေးချမ့် နံပါတ် ၁ ဝက်အူကို ဆုပ်ကိုင်လိုက်ပြီး အနောက်ဖက် အဖုံးပေါက်က အက်ကွဲကြောင်းတစ်ခုထဲ ထိုးထည့်လိုက်ပြီး အဖုံးတစ်ခုလုံးကို ဆွဲခွာလိုက်သည်။ ထို့နောက် အတွင်းမှ ဘက်ထရီ၊ ကင်မရာနှင့် မားသားဘုတ်တို့ကို အောင်အောင်မြင်မြင် ဖယ်ရှားလိုက်ပါသည်။

ဖုန်းထဲမှ အရာရာကို ဖယ်ရှားပြီးနောက် ဖုန်းမှာ မမှတ်မိနိုင်စရာပင် ဖြစ်သွားလေသည်။

"ဟုတ်ပြိ ဒါက Pineapple 4 ရဲ့ အတွင်းပိုင်း တည်ဆောက်ပုံပေါ့နော်။ အားလုံးပဲ လက်ရာနဲ့ ကုန်ကြမ်းတွေကို သေချာကြည့်ကြည့်ပါ။ အားလုံး ဒီအစိတ်အပိုင်းတွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာ သေချာတော့ ကျွန်တော် မိတ်ဆက်မပေးတော့ဘူးနော်။"

"ပြီးတော့ ဖုန်းကို ပြန်ဆက်ကြတာပေါ့။"

ဖေးချမ့်က တကယ်တမ်းတော့ ပြန်မဆက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်တန်လျှင် ဗီဒီယိုကို နောက်ပြန်ရစ်လိုက်ရုံသာ ဖြစ်သည်။

နောက်ဆုံးတော့ နိဂုံးရိုက်ကူးရတော့မည်။

"ဒါက Pineapple 4 ဆဲလ်ဖုန်းရဲ့ Review ပေါ့နော်။ Pineapple 4 ကလူတွေ ကျွန်တော့်ဘဏ်အကောင့်ထဲ ငွေလွှဲပေးဖို့ အသိပေးလိုက်ဦးမယ်။ ဒါကတော့ အမာခံဝေဖန်ချက်များပဲ ဖြစ်ပါတယ်။ နောက်အပိုင်းမှာ ပြန်တွေ့ကြပါမယ်။"

အားလုံးကို ရိုက်ကူးပြီးစီးသွားသည်နှင့် ဖေးချမ့်တစ်ယောက် ကျပန်း Editing ဆော့ဝဲတစ်ခုကို ဒေါင်းလုတ်ဆွဲလိုက်သည်။ တချို့မသေသပ်သည့် အပိုင်းများကို ဖြတ်ထုတ်လိုက်ပြီး ဗီဒီယိုအစပိုင်းတွင် မိတ်ဆက်ကို ထည့်လိုက်သည်။ နောက်ဆုံးတော့ နောက်ပြန်ရစ်ထားသည့် အပိုင်းကို ထည့်လိုက်သည်။

ဖေးချမ့် ဗီဒီယိုကို အတည်ပြုလိုက်ပြီး တစ်ခေါက် ကြည့်လိုက်သည်။

ပြဿနာ ကြီးကြီးမားမားတစ်ခု ရှိနေပြီး ဘော့စ်ဖေး အလွန်ပျော်သွားပါသည်။

ဖေးချမ့် အိုင်လီကျွန်းထဲ လော့အင်ဝင်လိုက်ပြီး 'အမာခံ ဝေဖန်ချက်များ' ဟူသည့် နာမည်ဖြင့် အကောင့်သစ်တစ်ခု ဖွင့်လိုက်သည်။ ထို့နောက် ဗီဒီယိုကို တင်လိုက်ပါသည်။

"ဟုတ်ပြီ။ သိမ်းတော့မယ်။"

စက္ကူစနဲ့ မျက်မှန်တို့ကို ဖေးချမ့် သေသေသပ်သပ်ဖြင့် သိမ်းဆည်းလိုက်သည်။ နောက်အပိုင်းထဲ ပြန်သုံးနိုင်ဖို့ ဖြစ်၏။

ရိုက်စရာ ၁၉ ပိုင်း ကျန်နေပါသေးသည်။ အပိုင်းတစ်ပိုင်းစီတိုင်းတွင် ဒစ်ဂျစ်တယ် ပစ္စည်း တစ်ခုခုကို Unboxing လုပ်ပြီး ပထမပိုင်းမှာ လုပ်ခဲ့သည့်အရာများကိုပဲ တစ်ပုံစံအတိုင်း ပြန်လုပ်မည်။ ထိုအခါ အပိုင်း ၂၀ စလုံး အလွယ်လေး ပြီးဆုံးသွားပါလိမ့်မည်။ နောက်ဆုံးတော့ စိတ်အေးလက်အေးဖြင့် ယွမ် ၂၀၀,၀၀၀ ကို သူ သုံးနိုင်ပါတော့မည်။

All Chapters