ပုံသေပိုင်ဆိုင်မှုများ
Vol. 15 Ch. 216
နောက်တစ်နေ့မနက် ဖေးချမ့် နိုးလာပြီးနောက် အိုင်လီကျွန်းဝက်ဘ်ဆိုက်မှ ဖန်တီးသူပလက်ဖောင်းကို ဖွင့်လိုက်ပြီး ဗီဒီယို၏ အခြေအနေ အချက်အလက်များကို ကြည့်ရှုလိုက်သည်။
ကြည့်ရှုသူ တချို့ရှိနေပြီး ကောမန့်တချို့နှင့် Bullet ကောမန့်တချို့ ရှိနေသည်။ သို့သော်လည်း အများကြီးတော့ မဟုတ်ကြပေ။ ဗီဒီယိုက လူသိနည်းနေဆဲ ဖြစ်သည်။
ကောမန့်နှင့် Bullet ကောမန့် အများစုက 'လခွမ်း', 'ဂိမ်းသူဌေးတွေ', 'ငွေတွေပေါနေလား', 'ငွေတွေပေါလွန်းလို့ ဖြုန်းပစ်ဖို့ လုပ်နေကြတာ' ဟူသည့် စကားလုံးများ ပါဝင်နေသည်။
ဖေးချမ့်၏ အကောင့်က အသစ်ဖြစ်သည်။ ဗီဒီယိုအား အီလက်ထရောနစ် အပိုင်းတွင် တင်ပြီးနောာက် ပလက်ဖောင်းထံမှ ကြော်ငြာပေးမှုလည်း မရခဲ့ပေ။ အစကတည်းက Subscriber လည်း တစ်ယောက်မှ မရှိပါ။ ရေးကြီးခွင်ကျယ်မဟုတ်သည့် ဝင်ရောက်ကြည့်ရှုသူ အနည်းငယ်သာ ရှိသည်။ တစ်ညလုံး ဗီဒီယိုပေါ်လာသည်ဆိုတာတောင် မရှိသလောက် ရှားပါသည်။
ဖေးချမ့်က ဒါတွေကို ဂရုမစိုက်ပေ။ ဗီဒီယိုကို ကြည့်ရှုသူ များများစားစား ရှိလိမ့်မည်ဟုလည်း သူမျှော်လင့်မထားပေ။
သူ့ဗီဒီယိုအတွက် တကယ်တမ်း ဆုချပေးသူရှိပါက သို့မဟုတ် ပလက်ဖောင်း၏ မက်လုံးပလန်များတွင် ပါဝင်နိုင်ပါက မုန့်ဖိုးရသည်ဟုသာ သဘောထားလိုက်ရုံရှိသည်။ သူ့အတွက် အစီအစဥ်ကောင်း တစ်ခုလိုပင်။
ဖေးချမ့်က မုန့်စားရင်း အင်တာနက်သုံးကာ ဗီဒီယိုတချို့ကြည့်နေသည်။ ရုတ်တရက်ကြီး စနစ်မျက်နှာပြင်က သူ့ရှေ့တွင် ပေါ်လာသည်။
[ စည်းစိမ်အလဲအထပ် စနစ် ]
[ ပိုင်ရှင် : ဖေးချမ့် ]
[ အမြတ်ငွေအလဲအထပ်အချိုး ၁၀၀ : ၁၊ အရှုံးငွေ အလဲအထပ်အချိုး ၁ : ၁ ]
[ နောက်ထပ်ငွေစာရင်းရှင်းချိန် : ၉၃ ရက်အလို ]
[ ပုံသေပိုင်ဆိုင်မှု : မင်ယွမ်ဗီလာရှိ အသေးစားလုပ်ငန်းဗီလာတစ်လုံး (၆,၆၂၀,၀၀၀) ]
[ ကိုယ်ပိုင်စည်းစိမ် : ၃၅၇,၄၁၂.၅ ]
[ ဤအပတ်အတွက် အထူးတာဝန် : အကျိုးအမြတ်ရခြင်းနဲ့ အရှုံးပေါ်ခြင်းတို့ဆိုသည်မှာ စီးပွားရေးတစ်ခု၏ အနှစ်သာရများဖြစ်သည်။ ပိုင်ရှင်က သူရရှိနေသည့် အမြတ်မှာ ယစ်မူးနေသည့်ပုံပေါက်ပါသည်။ ဒါက ပါရမီရှိသည့် စီးပွားရေးသမားတစ်ယောက်တွင် ရှိရမည့် အမူအကျင့်မျိုး မဟုတ်ပါ။ နောက်ထပ်ငွေစာရင်းရှင်းချိန် မတိုင်ခင် အရှုံးပေါ်အောင်လုပ်ဖို့ စနစ်က ပိုင်ရှင်ကို အကြံပေးလိုပါသည်။ ]
[ အထူးတာဝန်အောင်မြင်ခြင်း ဆုလာဘ် : စနစ်၏ စည်းမျဥ်းဘောင်အတွင်း ဆန်းကြယ်သည့် Surprise တစ်ခု ]
[ အထူးအရိပ်အမြွက် ]
[ ကုမ္ပဏီ၏ ပုံသေပိုင်ဆိုင်မှုများအား စနစ်မှ တန်ဖိုးဖြတ်သည့်အခါ ၁၀ ရာခိုင်နှုန်းကို စနစ်ရန်ပုံငွေအတွင်းသို့ မှတ်တမ်းတင်ထည့်သွင်းသွားမည်ဖြစ်သည်။ ထိုအခါ ငွေစာရင်းရှင်း ရလဒ်များအပေါ် သက်ရောက်မှု ရှိနိုင်သည် ]
[ စနစ်ရန်ပုံငွေ ပမာဏကို ပြန်လည်တွက်ချက်နေပါသည်... ]
[ စနစ်ရန်ပုံငွေ : ၂,၄၃၀,၀၀၀ + ၆၂၀,၀၀၀ ( +၄,၉၅၀,၀၀၀) ]
[ ပုံသေပိုင်ဆိုင်မှု : မင်ယွမ်ဗီလာရှိ အသေးစားလုပ်ငန်းဗီလာတစ်လုံး (၆,၆၂၀,၀၀၀) ]
[ ကိုယ်ပိုင်စည်းစိမ် : ၃၅၇,၄၁၂.၅ ]
ဖေးချမ့်၏ ပါးစပ်အနား ရောက်နေပြီဖြစ်သည့် အာလူးကြော်များ စားနေရင်း တန်းလန်း ရပ်တန့်သွားရသည်။
ဒါ ဘာသဘောလဲ...
စနစ်မျက်နှာပြင်ပေါ်မှ အကြောင်းအရာများကို သူ သေသေချာချာ ဖတ်ကြည့်လိုက်သည်။ 'ပုံသေ ပိုင်ဆိုင်မှု' ဟူသည့် အကန့်ကို ရောက်သောအခါ ဘာတွေဖြစ်သွားသလဲဆိုတာကို နားလည်သွားပါသည်။
ယခင်တုန်းကဆို သူ့မှာ ရှိသည့် တန်ဖိုးကြီး အရင်းအမြစ်အများစုမှာ အကုန်လုံး ငှားရမ်းထားတာတွေသာ ဖြစ်သည်။ ရုံးအဆောက်အဦးနှင့် ကားများ အပါအဝင် ဖြစ်၏။ ထို့ကြောင့် 'ပုံသေပိုင်ဆိုင်မှု' အကန့်ကို သက်ရောက်မှုမရှိခဲ့ခြင်းဖြစ်၏။
အမှန်ပင်။ စားပွဲခုံနှင့် ထိုင်ခုံများ၊ ပရိဘောဂများနှင့် ကုမ္ပဏီအတွက် ဝယ်ခဲ့သည့် ရုံးကိရိယာပစ္စည်းများ၊ အင်တာနက်ကဖေးဆိုင်များအားလုံးကို ကုမ္ပဏီပိုင်ဆိုင်မှုကို သတ်မှတ်နိုင်သော်လည်း 'ပုံသေပိုင်ဆိုင်မှု' အကန့်အပေါ် သက်ရောက်မှု မရှိခဲ့ပေ။
၎င်းတို့၏ စျေးနှုန်းများက နည်းပါးလွန်းသဖြင့် စနစ်က အရေးမစိုက်ခဲ့တာ ဖြစ်နိုင်ပါသည်။
သို့သော်လည်း ယခုတော့ ဖေးချမ့်တစ်ယောက် ယွမ် ၆ သန်းတန် ဗီလာတစ်လုံးကို ဝယ်လိုက်ပြီ ဖြစ်သဖြင့် စနစ်က အရေးမစိုက်လို့ မရတော့ပါ။
စနစ်၏ စည်းမျဥ်းများအရဆို ဒီလို လူသုံးကုန်ပစ္စည်းအမျိုးအစား ပုံသေပစ္စည်းများကို စနစ်မှ တန်ဖိုးဖြတ်ရမည်။ ၎င်းတို့၏ ခန့်မှန်းတန်ဖိုး ၁၀ ရာခိုင်နှုန်းကို စနစ်ရန်ပုံငွေအဖြစ် ပြောင်းလဲပစ်ကာ ငွေစာရင်းရှင်းရလဒ်အပေါ် သက်ရောက်မှု ရှိစေလိမ့်မည်။
ဖေးချမ့်က ဗီလာအတွက် ငွေအမြောက်အများ သုံးစွဲခဲ့သည်။ ကုမ္ပဏီ၏ လက်ရှိစာအုပ်ထဲရှိ လက်ကျန်ငွေမှာ ယွမ် ၂,၄၃၀,၀၀၀ ဖြစ်ပြီး စနစ်ရန်ပုံငွေ၏ စဦးပမာဏက ယွမ် ၈,၀၀၀,၀၀၀ ဖြစ်သည်။ သူ့ယခင် တွက်ချက်မှုများအရဆို ၅,၅၇၀,၀၀၀ ယွမ်လောက် အရှုံးပေါ်လိမ့်မည်။
သို့သော်လည်း ဒီတွက်ချက်နည်းအသစ်အရဆို ၆,၂၂၀,၀၀၀ ယွမ် ခန့်မှန်းခြေတန်ဖိုးရှိသည့် ဗီလာကြီးကို အလဲအထပ်လုပ်လိုက်ပြီး မှတ်တမ်းတင်လိုက်ပါက ၄,၉၅၀,၀၀၀ ယွမ်သာ အရှုံးပေါ်တော့မည်။ ၈,၀၀၀,၀၀၀ - ၂,၄၃၀,၀၀၀ + (၆,၂၂၀,၀၀၀ x ၁၀ %) = ၄,၉၅၀,၀၀ ။
အသစ်ဖော်ပြထားသည့် စနစ်ရန်ပုံငွေက ၂,၄၃၀,၀၀၀ + ၆၂၀,၀၀၀ ဖြစ်သည်။ ပထမ ၂,၄၃၀,၀၀၀ ယွမ်က ကုမ္ပဏီ၏ လက်ဂျာစာအုပ်ထဲမှ အရင်းအနှီးဖြစ်သည်။ ဒါက သူတို့အသုံးပြုနိုင်သည့် ငွေဖြစ်သည်။ နောက်ဆက်တွဲ ၆၂၀,၀၀၀ မှာ ဗီလာ၏ ခန့်မှန်းခြေတန်ဖိုးထဲမှ ၁၀ ရာခိုင်နှုန်းဖြစ်သည်။ သုံးစွဲလို့မရသည့် ကိန်းဂဏန်းသက်သက်အဖြစ် ပြောင်းလဲခြင်းဖြစ်သော်လည်း စနစ်ရန်ပုံငွေ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး ငွေစာရင်းရှင်းမှုအပေါ် သက်ရောက်မှု ရှိမည်ဖြစ်သည်။
ဖေးချမ့် ခေါင်းကုတ်လိုက်ပါသည်။ သူပထမဆုံး ခံစားလိုက်ရသည်မှာ သူ့အတွက် တကယ်ကောင်းသော အပေးအယူကော ဟုတ်ရဲ့လားဟူ၍ပင်ဖြစ်သည်။
စနစ်က သတ်မှတ်လိုက်သည့် ဒီစည်းမျဥ်းမှာ ဖေးချမ့် လူသုံးကုန်ပစ္စည်းများနှင့် ပုံသေပိုင်ဆိုင်မှုများ ဝယ်ရာတွင် ထိန်းသိမ်းရမည့် ကန့်သတ်ချက်များကို လျှော့ချပေးလိုက်တာတော့ အမှန်ပင်။
ဥပမာအားဖြင့် ထိုလူသုံးကုန်ပစ္စည်းများက စနစ်ရန်ပုံငွေအောက်တွင် မှတ်တမ်းတင်ထားခြင်း မရှိပါက ဖေးချမ့် လိုချင်တာမှန်သမျှ ဝယ်နိုင်သည်။ အရင်းအနှီးကွင်းဆက်ကို မပျက်စီးစေသရွေ့ အရှုံးပေါ်ဖို့အတွက် အိမ်ခြံမြေ ပစ္စည်းများ ကြိုက်သလောက် ဝယ်နိုင်သည်။
(သို့သော် ဝယ်ယူသည့်အခါ ရည်ရွယ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြဖို့လိုမည်။ အိမ်ခြံမြေများကို တန်ဘိုးကစားခြင်း သို့မဟုတ် ထိုအိမ်ခြံမြေများတွင် နေထိုင်ခြင်းတို့ ခွင့်မပြုပေ။ ဒီတစ်ခေါက်လုပ်ခဲ့သလိုပဲ ထုတ်လုပ်ရေးစီမံမှုတစ်ခုအဖြစ်သာ အသုံးပြုနိုင်သည်။)
ဥပမာအားဖြင့် စနစ်ရန်ပုံငွေထဲတွင် ယွမ် ၁၀ မီလီယံခန့်ကျန်နေပြီး ဖေးချမ့်က နောက်ထပ် ဗီလာတစ်လုံးဝယ်ယူဖို့ ၇ သန်းထုတ်လိုက်ပါက ၃ သန်းကျန်မည်။ စဦးပထမတုန်းက စနစ်ရန်ပုံငွေ ၈ သန်းနှင့် ယှဥ်လျှင် ယွမ် ၅ သန်း အလွယ်လေး အရှုံးပေါ်နိုင်သည်။
ထိုအခါ အရှုံးပေါ်ဖို့ ဖန်တီးရာတွင် သိသိသာသာ လွယ်ကူသွားလိမ့်မည်။
ထို့ကြောင့် ပုံသေ ပိုင်ဆိုင်မှုများကိုလည်း စနစ်ရန်ပုံငွေအဖြစ် မှတ်တမ်းတင် ထည့်သွင်းထားရမည်။
သို့သော်လည်း ပုံသေပိုင်ဆိုင်မှုများအားလုံးကို စနစ်ရန်ပုံငွေအောက်တွင် မှတ်တမ်းတင်ထားပါက နောက်ထပ် ပြဿနာကြီးကြီးမားမား တစ်ခု ဖြစ်ပေါ်လာနိုင်သည်။
စနစ်ရန်ပုံငွေ၏ စဦးပမာဏက ယွမ် ၈ သန်းသာ ဖြစ်သည်။ ဖေးချမ့်သာ ၁၀ သန်းတန် ဗီလာတစ်လုံးကို ဝယ်ယူလိုက်ပြီး ယွမ် ၁၀ သန်းစလုံးကို စနစ်ရန်ပုံငွေထဲ မှတ်တမ်းတင်လိုက်ပါက ဗီလာကို ပေါင်နှံခြင်း ရောင်းချခြင်းတို့မလုပ်လျှင် စဦး ယွမ် ၈ သန်းကို ဆုံးရှုံးဖို့ ခက်ခဲလိမ့်မည်။
ထို့ကြောင့် စနစ်က အထက်ပါ အခြေအနေနှစ်ခုစလုံးကို ရှောင်ရှားနိုင်ဖို့အတွက် ဒီနည်းလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။
၎င်း၏ ပုံသေပိုင်ဆိုင်မှုများအမည်အောက်ရှိ လူအသုံးဆောင်ပစ္စည်းများကို စနစ်ရန်ပုံငွေအတွင်းသို့ ၁၀ ရာခိုင်နှုန်းအဖြစ် မှတ်တမ်းတင်သွားမည်။ တစ်ဖက်တွင် ဖေးချမ့်အား အရှုံးပေါ်ချင်သည့်အခါ ပုံသေပိုင်ဆိုင်မှုများ ဝယ်ယူခွင့်ပေးလိုက်သည်။ တစ်ဖက်တွင်တော့ ပုံသေပိုင်ဆိုင်မှုများကို မစဥ်းစား မတွေးတောဘဲ ဝယ်ယူရင်း အရှုံး ကြီးကြီးမားမားပေါ်ဖို့ ဖေးချမ့်အတွက် ခက်ခဲသွားပါလိမ့်မည်။
"သြော်... အကောင်းမမြင်တဲ့ဘက်ကကြည့်မယ်ဆို စနစ်က ငါအခွင့်အရေးယူလို့ရမယ့် နောက်ထပ် လမ်းတစ်ခုကို ပိတ်လိုက်တာပဲ။ စနစ်က အမြဲတမ်းငါ့ထပ် ခြေတစ်လှမ်းသာနေတာပဲ.."
"ဒါပေမယ့် အကောင်းမြင်တဲ့ဘက်ကကြည့်ရင်တော့ စနစ်က ငါ့ကို သတိမပေးရင် အဲ့ဒီအကြံမျိုး လွယ်လွယ်ကူကူနဲ့ ရမှာ မဟုတ်ဘူး။"
ပုံသေပိုင်ဆိုင်မှုများ ဝယ်ယူခြင်းက ငွေစာရင်းရှင်းချိန် ရလဒ်များကို သက်ရောက်မှု ရှိစေနိုင်သော်လည်း ငွေသုံးစွဲဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်နေသေးသည်ဟု ဖေးချမ့် ရုတ်တရက် သိရှိသွားသည်။
စနစ်ရန်ပုံငွေထဲတွင် ဖေးချမ့် ယွမ် ၁၀ သန်း ခန့်ကျန်သည်ဆိုပါစို့။ နောက်ထပ် ဗီလာတစ်လုံး သို့မဟုတ် ဆိုင်တစ်ဆိုင် အလွယ်တကူ ဝယ်လိုက်နိုင်သည်။ ထို့အတွက် ယွမ် ၅ သန်းလောက် သုံးလိုက်ပါက စနစ်ရန်ပုံငွေထဲ ကျန်ရှိမည့် ပမာဏက-
၁၀ သန်း - ၅ သန်း + ( ၅ သန်း x ၁၀%) = ၅.၅ သန်း
ဒီလိုသာဆို စနစ်က ၈ သန်း - ၅.၅ သန်း = ၂.၅ သန်း အရှုံးပေါ်သည်ဟု အနှစ်ချုပ်လိုက်ပါလိမ့်မည်။
အမှန်ပင်။ စွန့်စားစရာတွေတော့ ရှိနေပါသေးသည်။ ဖေးချမ့်တွင် ပုံသေပိုင်ဆိုင်မှုများစွာ ရှိနေပါက ပုံသေပိုင်ဆိုင်မှုတစ်ခု တန်ဖိုးတက်သွားသည့်အခါ စနစ်ရန်ပုံငွေပါ အတူတူ ဆက်တိုက် တတ်သွားနိုင်သည်။
ဖေးချမ့်ဝယ်ယူခဲ့သည့် ဗီလာ၏ တန်ဖိုးက ရုတ်တရက်ကြီး ရူးလောက်စရာ ယွမ် သန်း ၃၀ အထိ တန်ဖိုးတက်သွားပါက စနစ်ရန်ပုံငွေထဲ မှတ်တမ်းတင်ထားသည့် ပမာဏက ၁၀ ရာခိုင်နှုန်းအချိုးအရဆို ၃ သန်းအထိ တိုးမြင့်သွားလိမ့်မည်။
၁၀ သန်း - ၅ သန်း + ( ၃၀ သန်း x ၁၀ %) = ၈ သန်း
ထိုအခါ သူ အရှုံးပေါ်နိုင်တော့မည် မဟုတ်တော့ပေ။
အခြေအနေ ပိုဆိုးပါက ဖေးချမ့်တွင် ပုံသေပိုင်ဆိုင်မှုများစွာရှိသည့်အခါ ၎င်းတို့၏ခန့်မှန််း တန်ဖိုး ၁၀ ရာခိုင်နှုန်းကိုသာ စနစ်ရန်ပုံငွေအဖြစ် မှတ်တမ်းတင်ထားရင်တောင် ၎င်းတို့၏ စုစုပေါင်း တန်ဖိုးက စဦးပမာဏကို ကျော်လွန်သွားနိုင်သေးသည်။ ထိုသို့ဖြစ်လာပါက ကုမ္ပဏီစာအုပ်ထဲက ပိုက်ဆံအားလုံးကို ဖေးချမ့် ဖြုန်းလိုက်ရင်တောင် အရှုံးပေါ်နိုင်ဦးမည် မဟုတ်တော့ပေ။
တစ်ခုတည်းသော လွတ်လမ်းက ထိုပုံသေပိုင်ဆိုင်မှုများ တန်ဖိုးကျဆင်းသွားခြင်း သို့မဟုတ် ဖေးချမ့် ထိုပိုင်ဆိုင်မှုများကို ရောင်းချလိုက်ပြီး သူရရှိလိုက်သည့် ပိုက်ဆံအားလုံးကို သုံးစွဲလိုက်ခြင်း ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် အခွင့်အလမ်းနှင့် စွန့်စားမှုများက ဒွန်တွဲနေလေ့ရှိသည်။
တွက်ချက်မှုတချို့ လုပ်ပြီးနောက် ဖေးချမ့်တစ်ယောက် ခေါင်းများ ထိုးကိုက်လာသလို ခံစားလိုက်ရသည်။
"ဘာတွေဖြစ်နေတာလဲကွာ ငွေလေး ဆုံးရှုံးဖို့အတွက်နဲ့ ဘာလို့ ငါ့ဦးနှောက်ဆဲလ်တွေဒီလောက် အများကြီး သုံးနေရတာလဲ။ စည်းကမ်းတွေက ဘာလို့ ပိုပိုရှုပ်ထွေးလာတာလဲ...." ဖေးချမ့် ထပ်ပြီးမစဥ်းစားတော့ဖို့ ဆုံးဖြတ်လိုက်သည်။
အနာဂတ်တွင် စနစ်ရန်ပုံငွေ ပမာဏ သန်း ၂၀ - ၃၀ အထိ တိုးမြင့်သွားသည့်အခါ ဆိုင်တချို့ ဝယ်ဖို့အတွက် ယွမ် သန်းအနည်းငယ် အသုံးပြုလိုက်မည်။ ထိုအခါ စနစ်ရန်ပုံငွေထဲ ယွမ် သိန်းဂဏန်းလောက်သာ တိုးလာမည်ဖြစ်ပြီး သူ့အတွက် အပေးအယူကောင်း ဖြစ်သည်။
လောလောဆယ်တော့ စနစ်ရန်ပုံငွေထဲ ပိုက်ဆံ များများစားစား မရှိသေးပါ။ ဆိုင်များစွာ ဝယ်ယူခြင်းက သူ့ရည်ရွယ်ချက်ကို ပြောင်းပြန် လှန်ပစ်လိုက်နိုင်သည်။ သူ ဖြည်းဖြည်းနှင့် မှန်မှန် ဆောင်ရွက်ရမည်။
သူ သတိထားပါက ငွေကို နောက်ဆုံးအချိန်ရောက်မှ သုံးသင့်သည်။
ဒီတစ်သုတ်အတွင်း ငွေဆုံးရှုံးဖို့အတွက် အသေးစား လုပ်ငန်းဗီလာကို ဝယ်ယူကာ အဆင့်မြင့်စားသောက်ဆိုင်ကြီးကို ဖွင့်လိုက်ရုံနှင့် လုံလောက်ပါပြီ။
စနစ်က သူ့ကို အသိပေးခဲ့သဖြင့် ဗီလာကို ဝယ်ယူပြီးမြောက်သွားပြီဖြစ်ပြီး သက်ဆိုင်ရာ လုပ်ငန်းဆောင်တာများလည်း ပြီးဆုံးသွားပြီ ဟူသည့် သဘောပင်။
ဖေးချမ့်က လက်ထောက်ရှင်းကို ဖုန်းဆက်လိုက်ပြီး ယွီအင်တာနက်ကဖေး မင်ယွမ်ဗီလာ ဆိုင်ခွဲဆီ ကားမောင်းပို့ခိုင်းလိုက်သည်။
အဆင့်မြင့်စားသောက်ဆိုင်ကြီး၏ အတွင်းဘက် ဒီဇိုင်းကို ပြင်ဆင်ချင်ပြီး ထိုပတ်ဝန်းကျင်တွင် ထင်မထားသည့် စီးပွားရေး အခြေအနေ ပြောင်းလဲမှုများ ရှိမလား စစ်ဆေးဖို့ ဖြစ်ပါသည်။