ငါတို့စားသောက်ဆိုင်က ကွဲပြားတဲ့ စတိုင်တွေနဲ့
Vol. 15 Ch. 217
ယွီအင်တာနက်ကဖေး မင်ယွမ်ဗီလာဆိုင်ခွဲတွင်...
ထိုသို့သွားရာလမ်းတွင် ဖေးချမ့်တစ်ယောက် ယခင်က ပြင်ဆင်နေခဲ့သော ဆိုင်ခန်းတချို့ကို အထူး အာရုံစိုက် သတိထားခဲ့သည်။ အင်တာနက်ကဖေးများ၊ ကော်ဖီဆိုင်များ၊ ဘားများ၊ ဘုတ်ဂိမ်းကဖေးများ စသည်တို့ အပါအဝင် ဖြစ်၏။
ထိုဆိုင်များ၏ တည်နေရာကို ဂရုတစိုက် သတ်မှတ်ထားကြသည်။ ဥပမာအားဖြင့် ဟန်တုံးကျောက်ထုန် တက္ကသိုလ်၏ အရှေ့ကမ်းပတ်စ် ဝင်ပေါက်နားတွင် အင်တာနက်ကဖေးဆိုင်တစ်ဆိုင်ရှိသည်။
မိနစ် ၂၀ လောက် လမ်းလျှောက်ရသည့် ယွီအင်တာနက်ကဖေးနှင့်ယှဥ်လျှင် ကျောင်းဝင်ပေါက်နားတွင် တည်ရှိနေသည့် အင်တာနက်ကဖေးဆိုင်သစ်က အများကြီး ပိုနီးပါသည်။ ထို့ကြောင့် ထိုအင်တာနက်ကဖေးက ကျောင်းသားများအကြား ပိုရေပန်းစားလာခဲ့သည်။
ထို့အပြင် အင််တာနက်ကဖေးဆိုင်သစ်၏ အတွင်းပိုင်း ဒီဇိုင်းနှင့် ဖွဲ့စည်းပုံတို့ကို ဖေးချမ့်ကြည့်လိုက်သောအခါ ယွီအင်တာနက်ကဖေး၏ စတိုင်ကို ပေါ်တင်ကြီး ကူးချထားမှန်း မြင်လိုက်ရပါသည်။
အင်တာနက်ကဖေးထဲက ပရိဘောဂများနှင့် ကိရိယာများက အသစ်စက်စက်များဖြစ်သည့်ပုံပင်။ ကွန်ပျူတာများ၊ ကီးဘုတ်များ၊ မောက်စ်များ၊ စားပွဲများ၊ ထိုင်ခုံများအပါအဝင်ဖြစ်သည်။ ကော်ဖီနှင့် သောက်စရာ ပေါင်းစုံရောင်းချပေးသည့် ဘားကောင်တာ တစ်ခုလည်းရှိပါသေးသည်။
သို့သော်လည်း ထိုဆိုင်က ဖွဲ့စည်းပုံက ယွီအင်တာနက်ကဖေးလောက် မခမ်းနားဘဲ အနည်းငယ် ကျပ်သိပ်နေသလိုဖြစ်နေပါသည်။ ကွန်ပျူတာများစွာ ရှိနေသော်လည်း ၎င်းတို့၏ အစိတ်အပိုင်း၊ စနစ်တို့ကတော့ ယွီအင်တာနက်ကဖေးဆိုင်မှ ကွန်ပျူတာများ၏ စံနှုန်းကို မှီမည်မထင်ပါ။
ယွီအင်တာနက်ကဖေးဆိုင်မှ ကွန်ပျူတာ အားလုံးကို ကျန်းယွမ်ကိုယ်တိုင် တပ်ဆင်ထားခြင်းဖြစ်၏။ စျေးကွက်ထဲက AAA ဂိမ်းအားလုံးနည်းပါးကို Special Effect များ အပြည့်ဖွင့်ပြီး ကစားနိုင်သည်။ အစိတ်အပိုင်း၊ စနစ်များက အလွန်မြင့်မားကြပါသည်။
သို့သော်လည်း ယုတ္တိရှိရှိပြောရလျှင် ထိုကဲ့သို့ ကွန်ပျူတာ တပ်ဆင်မှုများက အနည်းငယ် ဖြုန်းတီးရာကျနေပါသည်။
နှိုင်းယှဥ်ကြည့်လိုက်လျှင် ထိုအင်တာနက် ကဖေးဆိုင်သစ်ရှိ ကွန်ပျူတာများက အနည်းငယ် ပိုလည်သည်။ ရေပန်းစားနေသည့် ဂိမ်းများကို ချောချောမွေ့မွေ့ကစားနိုင်သည့် တပ်ဆင်မှုများကို အသုံးပြုထားပြီး ၎င်းတို့၏ စျေးနှုန်းကတော့ ယွီအင်တာနက်ကဖေးဆိုင်ရှိ ကွန်ပျူတာများ၏
တစ်ဝက်လောက်သာရှိကြသည်။ ကွန်ပျူတာများတွင် ဆင်တူသော အရံပစ္စည်းများရှိနေကြပြီး ဆင်တူနီးပါး လှပကြပါသည်။ သို့သော် ၎င်းတို့၏ စျေးနှုန်းကွာခြားချက်ကတော့ များပြားလွန်းလှသည်။
သို့သော်လည်း သာမန်အင်တာနက်ကဖေးဆိုင်များနဲ့ ယှဥ်ရင်တော့ ၎င်းတို့၏ တပ်ဆင်မှုများနှင့် ဝန်းကျင်အခြေအနေတို့က အတော်လေး ကောင်းမွန်သည်ဟု သတ်မှတ်နိုင်ပါသည်။
အင်တာနက်ကဖေးဆိုင်အနီးရှိ လမ်းဆုံတွင် လူတချို့က လက်ကမ်းစာစောင်များ ဝေနေကြသည်။ ကျောင်းသားများဖြစ်ကြပုံပေါ်ပါသည်။
ဒီအင်တာနက်ကဖေးသာ ကတ်စတမ်မာများကို လုယူနေပါက ပုံမှန်ဆို ယွီအင်တာနက်ကဖေးသို့သာ သွားချင်ကြသည့် လူတချို့ကို စိတ်ပြောင်းသွားအောင် လုပ်နိုင်လောက်ပါသည်။
ဘာပဲဖြစ်ဖြစ် လူအများစုက ကွန်ပျူတာများနဲ့ ဆိုင်ဝန်းကျင်တို့ကို မျှော်လင့်ချက်မြင့်မြင့် မားမား ထားလေ့မရှိကြပါ။ ဒီ့အတွက်နဲ့ ဒီလောက် အဝေးကြီးကို လာကြမည်မဟုတ်ပေ။
ဘုတ်ဂိမ်းကဖေး၊ ဘားများနှင့် ကော်ဖီဆိုင်များ၏ အခြေအနေများကလည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။
ကတ်စတမ်မာ အရေအတွက်က မမြင့်မားသော်လည်း ၎င်းတို့၏ တည်နေရာများက ယွီအင်တာနက်ကဖေးဆိုင်ထက် အများကြီးပိုကောင်းပြီး ယွီအင်တာနက်ကဖေးဆိုင်မှ ကတ်တစမ်မာများစွာကို အောင်အောင်မြင်မြင် ခိုးယူနိုင်လောက်သည်။
ဖေးချမ့် စိတ်ချမ်းသာသွားပါသည်။
ကောင်းချက်ပဲ သူ့ကို ဘယ်သူ ကူညီလိုက်မှန်း ဖေးချမ့် မသိသော်လည်း ထိုလူ၏ စေတနာကို သတိရနေမည်ဖြစ်ပြီး အခွင့်အရေးရလျှင် လူကိုယ်တိုင်ကိုယ်ကျ သေချာပေါက် ကျေးဇူးတင်ဦးမည်။
လက်ရှိအခြေအနေကို ကြည့်လိုက်လျှင် ဆိုင်းဝန်းကျင်အနီး လူအသွားအလာ နည်းပါးသောကြောင့် ထိုဆိုင်တွေက အမြတ်အစွန်းသိပ်မရနိုင်လောက်ပေ။ သို့သောလ်လည်း တစ်ခုတည်းသော ခြားနားချက်က ဆိုင်များက တစ်ခုထက်တစ်ခု အရှုံးပေါ်တာ ပိုများနေနိုင်ခြင်းပင်။
အင်တာနက်ကဖေးဆိုင်များက ဝင်ငွေအကောင်းဆုံးရလောက်သည်။ ဘုတ်ဂိမ်း ကဖေးများကလည်း သိပ်မကွာလောက်ပါ။ ဘားနှင့် ကော်ဖီဆိုင်များကတော့... ၎င်းတို့၏ အခြေအနေ သိပ်မဟန်မည်ကို ဖေးချမ့် စိုးရိမ်မိပါသည်။
ဖေးချမ့် ငွေအရှုံးပေါ်နိုင်အောင် ထိုဆိုင်တွေကို ဖွင့်ခဲ့သည့်လူမှာ ပရိဟိတသမားတစ်ယောက် ဖြစ်လောက်သည်။
ထိုသို့စဥ်းစားမိရာမှ ယွီအင်တာနက်ကဖေး ပင်မဆိုင်တွင် သူ့ကို အများကြီး ကူညီပေးခဲ့သည့် ဘော့စ်လီကို ဖေးချမ့် မှတ်မိသွားသည်။
သူများလား။ အရင်တစ်ခေါက် ကြီးကြီးမားမား နားလည်မှုလွဲပြီးကတည်းက ဘော့စ်လီ ဘာလို့ ငါ့ကိုအငြှိုးမထားတာလဲ။ ဘာလို့ ငါ့နားမှာ လာနေတာလဲ။
ဖေးချမ့် ရင်ထဲနွေးထွေးသွားသည်။ ကြည့်ပါဦး။ ငါ့မှာ ရန်သူတွေပဲရှိတာမဟုတ်ပါဘူး။
ဆရာချောင်းနှင့် ရွမ်ကွမ်းကျန်တို့ကဲ့သို့လူတွေက ဖေးချမ့်၏ ရန်သူများ ဖြစ်ကြသည်။ သို့သော်လည်း ဘော့စ်လီကတော့ ခြားနားပါသည်။ သူက သေချာပေါက် ဘော့စ်ဖေး၏ အချစ်စစ်ဖြစ်နိုင်ပါသည်။
ထိုကိစ္စကို စုံစမ်းဖို့ ဖေးချမ့်စဥ်းစားမိပါသည်။ အသိအမှတ်ပြုပေးဖို့ မတောင်းဆိုဘဲ ဒီလိုရက်ရောမှုမျိုးကို လုပ်ခဲ့တာ တကယ်ပဲ ဘော့စ်လီဟုတ်ရဲ့လားဆိုတာ သူသိချင်ပါသည်။ နောက်ကွယ်ကလူက တကယ်ပဲ သူဖြစ်နေပါက သေသေချာချာ ကျေးဇူးတင်ဖို့ ဖေးချမ့် နည်းလမ်းရှာရပါမည်။
ထိုနယ်မြေကို လှည့်ပတ်ပြီးနောက် ဖေးချမ့်၊ ကျန်းယွမ်၊ လက်ထောက်ရှင်းနှင့် လင်းကန်ရုံတို့ မင်ယွမ်ဗီလာရှိ အခြေအနေများကို စစ်ဆေးဖို့ သွားခဲ့ကြသည်။
လင်းကန်ရုံမှာ ယခင်က စားဖိုမှူးလည်းဖြစ် ဆိုင်ခွဲမန်နေဂျာလည်းဖြစ်သည်။ မကြာသေးခင်က ယွီသရေစာလုပ်ငန်းကို ဦးဆောင်ဖို့ တာဝန်ပေးခံရပြီး ဘာရလဒ်မှ မဆွတ်ခူးနိုင်သေးပေ။ ငွေသာ ပုံမှန် အရှုံးပေါ်နေခဲ့သည်။
ဖေးချမ့်က သူ့အစွမ်းအစကို မြင်သည်။ ထို့ကြောင့် စားသောက်ဆိုင်အသစ်၏ ဆိုင်ခွဲမန်နေဂျာအဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်၏။
ဒီခရီးမတိုင်ခင်က လင်းကန်ရုံမှာ ဘော့စ်ဖေး ညွှန်ကြားထားသည့်အတိုင်း အစောပိုင်းအဆင့် ပြင်ဆင်မှုတချို့ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးဖြစ်ပါသည်။
မူလ ထိုင်ခုံ၊ စားပွဲများနှင့် တခြား ပရိဘောဂျများကို အိမ်ခြံမြေစီမံရေးမှ ဖယ်ရှားလိုက်သည်။ ဗီလာကြီးတစ်ခုလုံးက အလွန် ကွက်လပ်ဖြစ်နေပါသည်။
အရင်တစ်ခေါက် ဖေးချမ့် ဒီကိုလာခဲ့တုန်းက ဒီနေရာကို ရောက်ဖူးပြီးသားဖြစ်ပြီး အခြေအနေကို သိပြီးသားဖြစ်သည်။
မသဲမကွဲ အကြံဉာဏ် အမြင်များကိုသာ ပေးဖို့လိုသည်။ အမှန်တကယ် ဆိုင်ခန်းအလှဆင်မှုများ၊ စားပွဲအမျိုးအစားများ၊ ဇွန်းခွက်ခက်ရင်း အစရှိသည့် အသေးစိတ်များကိုတော့ ပရော်ဖက်ရှင်နယ်များကိုသာ သေချာပေါက် အပ်ပါမည်။
ဧည့်ခန်းကြီးက ၇ မီတာလောက်မြင့်သည်။ ၂ ထပ်ရှိပြီး အလွန်အမင်း ကျယ်ဝန်းပါသည်။ ထို့ကြောင့် အလွန်ခမ်းနားထည်ဝါသည့်ပုံပေါက်နေသည်။
ဖေးချမ့်က မာယန်နှင့် ကျန်းယွမ်တို့ကို ဧည့်ခန်းထဲခေါ်သွားပြီး စတင်တိုင်ပင်သည်။
"ဒီမှာ ဝိုင်ဗီရိုတစ်ခုထားပြီး စျေးကြီးတဲ့ ဝိုင်းအမျိုးအစားပေါင်းစုံကို တင်ထား။ ခန်းမထဲက စားပွဲနဲ့ ထိုင်ခုံတွေအားလုံးက သေချာပေါက် ထိပ်တန်းအရည်အသွေး ဖြစ်နေရမယ်။ စားပွဲတစ်လုံးနဲ့ တစ်လုံးလည်း ခပ်ဝေးဝေး ကွာနေရမယ်။ ဒီမှာ စားပွဲ ၇ လုံး ၈ လုံးပဲထားပြီး တစ်လုံးစီမှာ အများဆုံး ထိုင်ခုံ ၄ လုံးပဲ ထားရမယ်။ အဲ့ပမာဏထက် ကျော်လို့ မရဘူး။"
"အပြင်က ဥယျာဥ်အတွက်လည်း စားပွဲတွေ၊ ထိုင်ခုံတွေနဲ့ နေကာထီးတွေ ဘာတွေ ဝယ်လို့ရတယ်။ စားသုံးသူတွေက ရာသီဥတုသာယာတဲ့အခါ အပြင်မှာ ရှုခင်းကြည့်ရင်း စားသောက်လို့ရတာပေါ့။"
"အတွင်းဘက် ဒီဇိုင်းစတိုင်အတွက်ကတော့... စတိုင်ငါးမျိုး လုပ်ရမယ်- ရိုးရိုးရှင်းရှင်းစတိုင်၊ တရုတ်စတိုင်၊ ဂျပန်စတိုင်၊ ဥရောပစတိုင်နဲ့ သဘာဝ စတိုင်။ တစ်ခုချင်းစီမှာ ကိုယ်ပိုင် အလှဆင်မှု၊ စားပွဲခင်း၊ မီးအလင်းနဲ့ ဇွန်းခွက်ခက်ရင်းစတိုင်တွေရှိရမယ်။"
"ငါတို့ စားသောက်ဆိုင်ကို ကတ်စတမ်မာတွေ မှာယူထားတဲ့ ချက်ပြုတ်နည်းတွေအတိုင်း အလှဆင်ကြမယ်။ အထူးသဖြင့် ရှုခင်းအကောင်းဆုံး ဒီသီးသန့်အခန်းလည်း ပါတယ်။ ငါတို့ မျက်နှာကြက် ပြတင်းပေါက် တစ်ခုဖောက်ပြီး စတိုင်ငါးမျိုးစလုံးအတွက် ပရိဘောဂနဲ့ အလှဆင်ပစ္စည်းတွေကို ပြင်ဆင်ထားရမယ်။ ဒါမှ သူတို့သဘောကျတဲ့အတိုင်း ဒီဇိုင်းပြင်ဆင်ပေးနိုင်လိမ့်မယ်။"
"အစားအသောက်တွေ ကိုက်ညီရမယ့်အပြင် မီးအလင်းနဲ့ အလှဆင်တာတွေကလည်း တတ်နိုင်သမျှ သက်တောင့်သက်သာရှိနေရမယ်။ ဒီစားသောက်ဆိုင်က အဓိကအားဖြင့် ငါတို့ဝန်ထမ်းတွေပဲ လာစားမှာဆိုတော့ ငါတို့ အရမ်းကြီး ယဥ်ကျေးနေဖို့မလိုပါဘူး"
"ဒီက အစားအသောက်တွေကို ကြိုတင်မှာယူရမယ်။ ဥပမာအားဖြင့် ကတ်စတမ်မာက အနောက်တိုင်း ဟင်းလျာကို မှာယူတဲ့အခါ ငါတို့ အခန်းရဲ့ ဒီဇိုင်းနဲ့ ဖွဲ့စည်းပုံကို ဥရောပအခန်းဒီဇိုင်းပုံပေါက်အောင် ကြိုပြီး ပြောင်းထားရမယ်။ ကတ်စတမ်မာက ဂျပန်ဟင်းလျာကို မှာရင် ငါတို့ ဂျပန်စတိုင် ပြောင်းရမှာပေါ့"
"ဒီမှာ ဟင်းလျာအမျိုးအစား ၂ မျိုးရှိတယ်။ တစ်ခုက အမြဲတမ်းရတဲ့ သာမန်ပါဝင်ပစ္စည်းတွေကိုသုံးပြီး ချက်ပြုတ်တဲ့ဟင်းလျာတွေ။ အဲ့တာက ဝန်ထမ်းတွေ စားမယ်။ နောက်တစ်ခုကတော့ ဖူဂူရှိရကို၊ တဟေတီ သစ်ခွ၊ ဆူးတောင်ပြောင်တူနာ၊ ပါမာဝက်ပေါင်ခြောက်တွေလိုမျိုး အဆင့်မြင့် ပါဝင်ပစ္စည်းတွေနဲ့ ချက်ပြုတ်မယ့် ဟင်းလျာတွေ။ ထောက်ပို့သူတွေကို သေချာ ကြိုတင်ပြီး ဆက်သွယ်ထား။ ဘိုကင်လုပ်ပြီးတဲ့အခါ ကတ်စတမ်မာက လာမစားသောက်ခင် စရန်ငွေ ကြိုရှင်းထားရမယ်။"
ဖေးချမ့်က လင်းကန်ရုံကိုလိုက်ပြပြီး ရောက်သည့်နေရာတိုင်းတွင် ရှင်းလင်း ပြောပြနေသည်။
သူ့မှာ ပန်းတိုင် ၂ ခု ရှိသည်။
ပထမဆုံး ဒီစားသောက်ဆိုင်ကြီး၏ အဓိက ရည်ရွယ်ချက်က သူ့ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဖို့ဖြစ်ပါသည်။ အဓိက ပန်းတိုင်ကတောာ့ ဒီဆိုင်ကို သက်တောင့်သက်သာရှိပြီး တတ်နိုင်သမျှ အဆင့်အတန်းမြင့်အောာင် ဖန်တီးဖို့ဖြစ်သည်။ ဖေးချမ့်က ဗီလာကြီးတွင် လူအများကြီးကို ဧည့်ခံဖို့ အစီအစဥ်မရှိပေ။ သူ့စံနှုန်းအရ အများဆုံး ကတ်စတမ်မာ အရေအတွက်က ၇၀ - ၈၀ ခန့်သာ ဖြစ်သည်။
ခန်းမထဲတွင် လူ ၂၀ ခန့် ထိုင်နိုင်သည်။ သီးသန့် အခန်းတစ်ခန်းစီက လူ ၆ ယောက် ၇ယောက်ခန့်ဆံ့သည်။ ရာသီဥတုသာယာပါက လသာဆောင်နှင့် ဥယျာဥ်တို့တွင်လည်း စားပွဲများ ရှိပါသည်။
ဖေးချမ့်က သူ့ဝန်ထမ်းအကုန်လုံးကို တစ်ချိန်တည်း ခေါ်လာဖို့ စိတ်ကူးမရှိပေ။ အယောက် ၂၀၀ ကျော်ရှိသည်။ ဗီလာက ဒီလောက် အများကြီး မဆံ့နိုင်ပါ။ အသုတ်ခွဲပြီး လာရောက်၍သာ ရပါသည်။
ပထမဆုံး အဓိကပင်မ ဝန်ထမ်း ၇၀ - ၈၀ လောက်ကို အတူတူစားသောက်ဖို့အတွက် သူခေါ်လာမည်။ ထို့နောက်ဌာနတစ်ခုစီရှိ တာဝန်ရှိသူက သက်ဆိုင်ရာ ဝန်ထမ်းများကို ခေါ်လာပြီး အတူတူ စားသောက်နိုင်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် အစားအစာများ၏ အဓိက ရည်ရွယ်ချက်မှာ ငွေဖြုန်းဖို့သာ ဖြစ်သည်။ သူတို့ အတူတူ စားသည်ဖြစ်စေ မစားသည်ဖြစ်စေ သိပ်ပြီး မကွာခြားသွားပါ။
ဒုတိယရည်ရွယ်ချက်ကတော့ တတ်နိုင်သမျှ ငွေကို များများဖြုန်းဖို့ဖြစ်သည်။
ပရိဘောဂများ၊ ဇွန်းခွက်ခက်ရင်းများ၊ မီးအလှများ၊ စတိုင်ပေါင်းစုံ အလှဆင်ပစ္စည်းများက ငွေအများကြီး ကုန်ကျနိုင်သည်။ လူသားလုပ်အားလည်း ပမာဏတစ်ခုအထိ မြင့်တက်လာစေနိုင်သည်။ သို့သော်လည်း ဒီလိုလုပ်ရသည့် အကြောင်းအရင်းရှိသဖြင့် စနစ်က သူ့ကို အပြစ်တင်လို့ မရပေ။
ဘာပဲဖြစ်ဖြစ် သူ့အားထုတ်မှုအားလုံးက ကတ််စတမ်မာများအား ပိုကောင်းသည့် သုံးစွဲမှုရသတို့ကို ပေးစွမ်းနိုင်ဖို့ ဖြစ်ပါသည်။ ထိုကဲ့သို့ အဆင့်မြှင့်တင်မှုများ၏ ကုန်ကျစရိတ်က များပြားပြီး ငွေကုန်ရတန်သော ဆုံးဖြတ်ချက်တော့ မဟုတ်ပေ။
ထို့အပြင် ဖေးချမ့်က တခြားသူများ၏ အထင်အမြင်များကို ဂရုမစိုက်ပါ။ ဒီစားသောက်ဆိုင်က သူ့ဝန်ထမ်းများကို ဧည့်ခံဖို့နှင့် ကုမ္ပဏီစုဝေးပွဲများပြုလုပ်ဖို့သာ တည်ဆောက်ထားခြင်းဖြစ်သည်။ ဘော့စ်ဖေးအတွက် ငွေဖြုန်းဖို့ တည်ဆောာက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဒီစားသောက်ဆိုင်ကို လူမသိ သူမသိ ဇာတ်နိမ့်ထားတာ ပိုကောင်းပါသည်။
အကောင်းဆုံးရလဒ်ကတော့ ဒီနေရာအကြောင်း ဘယ်သူမှ မသိတာဖြစ်သည်။ ဒီလိုသာဆို စားသောက်ဆိုင်က ပုံမှန်် ငွေဆုံးရှုံးနေနိုင်သည်။ ဘော့စ်ဖေးလိုချင်တာလည်း ဒါပဲဖြစ်သည်။
စားသောက်ဆိုင်၏ နယ်မြေအားလုံးအတွက် ညွှန်ကြားချက်များပေးပြီးနောက် ဖေးချမ့်က လင်းကန်ရုံကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ "အဲ့တာ အကြမ်းဖျင်းအစီအစဥ်ပဲ။ မေးစရာရှိသေးလား။"
လင်းကန်ရုံက အနည်းငယ် တွန့်ဆုတ်သွားပါသည်။ "ဘော့စ်ဖေး ကျန်တာတော့ အားလုံး အဆင်ပြေပါတယ်။ ဒါပေမယ့် အတွင်းပိုင်း ဒီဇိုင်းတွေ အဲ့လောက် အများကြီး ပြင်ဆင်ဖို့ တကယ်လိုအပ်လို့လား။"