← Chapters

ဘောစိတစ်ယောက် ရှန်းဟွာ N7 ဖုန်းကို ရိုက်ခွဲလိုက်ရာ...

Vol. 15 Ch. 220

ဘောစိတစ်ယောက် ရှန်းဟွာ N7 ဖုန်းကို ရိုက်ခွဲလိုက်ရာ...

Vol. 15 Ch. 220

ထူးချွန်ဝန်ထမ်းရွေးချယ်ပွဲကိစ္စများကို ဖြေရှင်းပြီးနောက် ဖေးချမ့်တစ်ယောက် အငှားတိုက်ခန်းကို ပြန်လာခဲ့သည်။ မကြာသေးခင်က ရောက်လာသည့် ဒလီဘာရီ အထုပ်ကို ယူလိုက်သည်။

ဖေးချမ့် ဒီတစ်ခေါက် ဖုန်း ၂ လုံး ဝယ်လိုက်၏။

ပထမ တစ်လုံးက ရှန်းဟွာ၏ နောက်ဆုံးထွက် ပင်မ ဖုန်းမော်ဒယ် ရှန်းဟွာ N7 ဖြစ်သည်။ စျေးနှုန်းက ၄,၁၉၉ ယွမ်ဖြစ်ကာ ရုံးဝန်ထမ်းများအတွက် အဓိကထား ထုတ်လုပ်ထားခြင်းဖြစ်၏။ နောက်တစ်လုံးကတော့ နိုင်ငံခြားကုမ္ပဏီတစ်ခု၏ MSC B90 မော်ဒယ်ဟု ခေါ်သည့် နိုင်ငံခြား ကုမ္ပဏီတစ်ခု၏ နောက်ဆုံးထွက် ပင်မ ဖုန်းမော်ဒယ်တစ်လုံးဖြစ်သည်။ စျေးနှုန်းက ၄,၆၀၀ ယွမ် ဝန်းကျင် ဖြစ်သည်။

ဒီလောကထဲက လုပ်ငန်းများစွာက ဖေးချမ့် မှတ်မိတာတွေနဲ့ အနည်းငယ် ခြားနားလို့နေသည်။ လက်ရှိ ခုနှစ်တွင် ပြည်တွင်း ဖုန်းကုမ္ပဏီများက ဖွဲ့ဖြိုးဆဲ ကာလမှာပဲ ရှိနေသင့်သေးသည်။ နိုင်ငံခြား ဖုန်းကုမ္ပဏီများနှင့် ယှဥ်ပြိုင်ဖို့ ခက်ခဲခဲ့ကြ၏။ သို့သော်လည်း အခုလောကမှာတော့ ရှန်းဟွာ၏ မိုဘိုင်းဖုန်းများက အလွန်လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသည်။

၎င်းတို့၏ ပင်မ ဖုန်းမော်ဒယ်များ၏ အနှစ်ချုပ်ခွန်အားက Pineapple ဖုန်းများနှင့် မယှဥ်နိုင်သော်လည်း ၎င်းတို့၏ ဖုန်းတန်ဖိုးများကို ယွမ် ၄,၀၀၀ ဝန်းကျင်နားတွင် သင့်လျော်စွာ သတ်မှတ်နိုင်သည်။ ၎င်းတို့၏ အောင်မြင်မှုများက ဖေးချမ့်မှတ်မိတာထက် ၃ နှစ် ၄ နှစ်စာလောက် ပိုပြီးစောနေပါသည်။

အမှန်ပင်။ ဒီလောကထဲက ဆဲလ်ဖုန်းများနှင့် မိုဘိုင်းဂိမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထည့်စဥ်းစားကြည့်ပါက ရှန်းဟွာ၏ အောင်မြင်မှုများက ဖေးချမ့်ကို သိပ်ပြီး မတုန်လှုပ်စေတော့ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက အရန်မှတ်တမ်းများသာဖြစ်သည်။

အဓိက အချက်က ဒီနေ့ ရှန်းဟွာ N7 က ဒုတိယသားကောင် ဖြစ်လာလိမ့်မည်။

MSC ဆဲလ်ဖုန်းကိုတော့ နောက်အပိုင်းအတွက် သိမ်းထားသင့်သည်။

အရင်အပိုင်းနှင့်ဆင်တူစွာ ဖေးချမ့်ဖုန်းကို အသုံးပြုပြီး ဗီဒီယိုကိုရိုက်ကာ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်လိုက်သည်။ ရေထဲနှစ်ကြည့်သည်။ လေထဲမှ လွှတ်ချသည်။ ရိုက်ခွဲကြည့်သည်။ ပြီးမှ ဗီဒီယိုကို ပြန်ရစ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းကို နာသထက်နာအောင် လုပ်နိုင်တာမှန်သမျှ လုပ်ခဲ့ပါသည်။

ပုံမှန် လုပ်ငန်းဆောင်တာများကို ပြီးမြောက်သွားသောအခါ ရိုးရိုးရှင်းရှင်း Editing တချို့ ဆောင်ရွက်ပြီး ဗီဒီယိုများကို ဆက်ကာ နောက်ဆုံးဗီဒီယိုကို တင်လိုက်သည်။

"ကောင်းတယ်။ ပြီးသွားပြီ။"

ဖေးချမ့် ပျင်းကြောဆန့်လိုက်သည်။ အလုပ်လုပ်ရတာ တကယ်ပင်ပန်းပါသည်။

အံ့သြဖို့ကောင်းလောက်အောင် ရှန်းဟွာ N7 အတော်လေး အမာခံ၏။ ၎င်း၏ အနောက်ဘက် ကာဗာက Pineapple ဖုန်းများထက်ပင် ပိုကောင်းနေသည်။ ဖုန်း၏ အနောက်ဘက်ကာဗာကို လှန်ဖွင့်ဖို့ မနည်းကြိုးစားခဲ့ရကာ အချိန်တော်တော်ယူခဲ့ရပါသည်။ သို့သော်လည်း အားသွန်ခွန်စိုက်ကြိုးစားပါက မဖြစ်နိုင်တာမရှိဟူသော ဆိုရိုးစကားအတိုင်း ကမ္ဘာပေါ်တွင် ဖေးချမ့် လှန်မဖွင့်နိုင်သည့် ဖုန်းဆိုတာ မရှိပေ။

အားလုံးလုပ်ဆောင်ပြီးသွားသောအခါ ကြာချိန်က ထင်ထားတာထက် ပိုတိုနေသည်ဟု ဖေးချမ့် ခံစားလိုက်ရသည်။ တခြားအရာတွေလုပ်ဖို့ အချိန်ရှိနေပါသေးသည်။

"အဲ... ကောင်းတာပေါ့။ MSC ပင်မဆဲလ်ဖုန်းမော်ဒယ်ကိုလည်း ဒီနေ့ပဲ ရိုက်လိုက်တာ ကောင်းမလား။"

"ပြီးရင် ဆဲလ်ဖုန်းတွေနဲ့ ပတ်သက်တာကို ယာယီရပ်လိုက်မယ်။ တခြား ဒစ်ဂျစ်တယ်ထုတ်ကုန်တွေဖြစ်တဲ့ နားကြပ်တို့၊ ကင်မရာတို့၊ လက်ပ်တော့တို့ဘက် လှည့်တာပေါ့။ အဲ့တာတွေကိုလည်း ထည့်စဥ်းစားသင့်တယ်။"

ဖေးချမ့် သန်းဝေလိုက်ပြီး လန်းဆန်းသွားအောင် ကိုကာကိုလာတစ်ဘူးဖွင့်လိုက်သည်။ ထို့နောက် အမာခံဝေဖန်မှုများ အပိုင်း ၃ ကို ဆက်လက်ရိုက်ကူးပါသည်။

တစ်ပြိုင်တည်းတော့ ဗီဒီယိုအပိုင်း ၂ ပိုင်းကို မတင်မှာ သေချာပါသည်။ ဖေးချမ့်က သူ တင်လိုက်သည့် ဗီဒီယို၏ တုန့်ပြန်မှုများကို စောင့်ချင်သေးသည်။ တုန့်ပြန်မှုများက ကောင်းပါက မနက်ဖြန် သို့မဟုတ် နောက်ထပ် ၂ ရက်အကြာတွင် MSC အပိုင်းကို ဆက်တင်နိုင်သည်။

'အမာခံ ဝေဖန်ချက်များ အပိုင်း (၂) : ရှန်းဟွာ N7' ကို အိုင်လီကျွန်းဝက်ဘ်ဆိုက်တွင် တင်ပြီးနောက် အရင်က ဒီအကောင့်ကို Subscribe လုပ်ထားသော ကြည့်ရှုသူများထံသို့ အသိပေးချက်များ အလျင်အမြန် ဝင်လာခဲ့သည်။

'အမာခံ ဝေဖန်ချက်များ' အကောင့်က ပရိသတ် များများစားစား မရှိသော်လည်း ပထမပိုင်းကို မြင်သွားကြသူတွေကတော့ ဒီအကောင့်ကို Subscribe လုပ်ထားခဲ့သည်။ ထို့ကြောင့် ဒုတိယပိုင်း တက်လာသောအခါ ကောမန့်အကန့်ထဲ၌ အသံပေါင်းစုံထွက်လာခဲ့ပါသည်။

"လခွမ်း အပိုင်း(၂) ကိုတင်တာ မြန်ချက်"

"အရင်တစ်ခုက Pineapple 4 အခုတော့ ရှန်းဟွာ N7 ပေါ့။ ဒီဗီဒီယိုနှစ်ခုပေါင်း ကြည့်ရှုသူက ၅,၀၀၀ တောင်မပြည့်ဘူး။ ဒါတောင် ဗီဒီယိုနှစ်ပုဒ်ရဲ့ ထုတ်လုပ်မှုတန်ဖိုးက ၁၀,၀၀၀ အထိ ရောက်သွားပြီတဲ့လား။"

"Pineapple 4 က ယွမ် ၅,၀၀၀နဲ့ ရှန်းဟွာ N7 က ၄,၁၉၉ ယွမ်လေ။ စုစုပေါင်း ကုန်ကျစရိတ်က ၉,၀၀၀ လောက် ရှိတယ်။ သူဌေးတစ်ကောင်ရဲ့ ဘဝကို ငါတို့နားကိုမလည်နိုင်တော့ဘူး။"

"ဗီဒီယိုတွေကို တခြားနေရာကယူပြီး ပြန်တင်ထားတာများလား။"

"ပြန်တင်ထားတာ မဟုတ်ဘူး 'အမာခံ ဝေဖန်ချက်များ' အကောင့်ကို တခြား ပလက်ဖောင်းတွေမှာ မတွေ့ရဘူး။ အိုင်လီကျွန်းမှာပဲ ဒီဗီဒီယိုတွေကို ပထမဆုံးတင်တာထင်တယ်။"

"တကယ့် ဘောစိပဲကွာ။"

"ဘာမှပြောစရာမလိုတော့ဘူး။ လိုက်ခ်ပေးမယ်၊ ဆုချမယ်၊ ရှဲလုပ်မယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်ကြောင့် ဘာပဲဖြစ်ဖြစ် ဒီဗီဒီယိုကို ထောက်ပံ့ပေးမှဖြစ်မယ်။"

ကြည့်ရှုသူများစွာ ဗီဒီယိုကို ရှဲ လုပ်လိုက်ကြသည်။

ပထမဗီဒီယိုမှ ကြည့်ရှုသူပမာဏကြောင့် ဒီအပိုင်းအတွက် ကြည့်ရှုသူ ပိုများလာခဲ့သည်။

ထို့အပြင် ဒီကာလအတွင်း ထုတ်ကုန်ပစ္စည်းအသစ်များ ကြေညာမှု မရှိပေ။ ထို့ကြောင့် ပလက်ဖောင်းထဲမှ အီလထရောနစ်အပိုင်းတွင် ငြိမ်သက်နေခဲ့၏။ တင်ထားသည့် Content မရှိသလောက် ဖြစ်နေခဲ့ပါသည်။

ဒီလိုအချိန်မျိုးမှာမှ ဗီဒီယိုကို တင်လိုက်သဖြင့် ကြည့်ရှုသူများလာတာ ပုံမှန်ပင်။

ထို့အပြင် ဗီဒီယို၏ ခေါင်းစဥ်၌ အမာခံ, review, ရှန်းဟွာ N7 အစရှိသော စကားလုံးများ ပါဝင်နေသည်။ လူတွေသာ ထိုကဲ့သို့ စကားလုံးများကို ရှာဖွေလိုက်ပါက ရှာဖွေမှုရလဒ်တွင် ဗီဒီယို တန်းပေါ်လာနိုင်သည်။

ညဘက်အချိန််...။

ရှန်းကျန်၌...

ဟူရှောင်းတစ်ယောက် Forum တွင် စိတ်ဓာတ်တက်ကြွနေသည့် Netizen တစ်ယောက်နှင့် တိုက်ပွဲဆင်နွှဲပြီးသကာလ ဖြစ်သည်။ ကိုယ့်ကိုယ်ကို စိတ်လျှော့ဖို့ မနည်း ကြိုးစားနေရဆဲဖြစ်သည်။

ရှောက်ဟူ ဝေဖန်ချက်များ၏ ဖန်တီးသူတစ်ယောက်အနေဖြင့် ဟူရှောင်းမှာ သူ့ဗီဒီယိုများမှ ဝင်ငွေများကြောင့် ပြီးပြည့်စုံသော ဘဝတွင် နေထိုင်နေရသူ ဖြစ်သည်။ အခုခေတ် ကြည့်ရှုသူများကို အလွယ်တကူ အရူးလုပ်လို့ ရသည်။ သူ့ပရိသတ်များထံမှ ငွေလည်း ရလွယ်သည်။ နိုင်ငံခြားကုမ္ပဏီများစွာကလည်း သူ့ကို ရက်ရက်ရောရော လာကမ်းလှမ်းလေ့ ရှိကြသည်။

ပရော်ဖက်ရှင်နယ် ရှန်းဟွာ မုန်းတီးရေးသမား တစ်ယောက်အနေဖြင့် ရှန်းဟွာကို ဝေဖန်ရှုတ်ချဖို့ ဟူရှောင်း တာဝန်ယူထားသည်။ သို့သောာ်လည်း ရှန်းဟွာ၏ ဆဲလ်ဖုန်းများက ပိုပိုပြီး ရေပန်းစားလာသဖြင့် သူ အလွန်ဒေါသထွက်နေရပါသည်။

Forum ပေါ်က အစွန်းရောက် Netizen တစ်ယောက်နဲ့ တိုက်ပွဲဆင်နွှဲပြီးခါစဖြစ်ပြီး တစ်ယောက် ဆွေမျိုး တစ်ယောက်ဆဲရင်း စကားဝိုင်းကို အဆုံးသတ်ခဲ့ရ၏။

ဟူရှောင်းက အိုင်လီကျွန်း၏ အီလက်ထရောနစ် အပိုင်းဆီသွားသော စာမျက်နှာကို ဖွင့်လိုက်သည်။ အစကတောာ့ ဗီဒီယိုများကို လျှောက်ကြည့်ပြီး ဗီဒီယိုအသစ်ရှိမလား စစ်ဆေးကြည့်ချင်ရုံဖြစ်သည်။

"ဟင် အမာခံဝေဖန်ချက်များ အပိုင်း(၂) : ရှန်းဟွာ N7 ဆိုပါလား။ ဒီ Review အဖွဲ့ကို တစ်ခါမှလည်း မကြားဖူးပါဘူး။ အသစ်များလား။"

စပ်စုချင်စိတ်အပြည့်ဖြင့် ဟူရှောင်း ဗီဒီယိုကို နှိပ်ကြည့်လိုက်ပါသည်။

ဗီဒီယိုက သိပ်မရှည်ဘဲ ၁၀ မိနစ်ခန့်သာ ကြာသည်။ Content အများစုကို ရိုက်ချက်တစ်ချက်တည်းနဲ့ ရိုက်ထားသော်လည်း ဗီဒီယို၏ တချို့အပိုင်းများတွင် ရိုးရိုးရှင်းရှင်း edit လုပ်ထားမှန်း သူပြောနိုင်ပါသည်။

သို့သော်လည်း Content ကြောင့် ဟူရှောင်း အော်ရယ်လုနီးပါး ဖြစ်သွားခဲ့သည်။

ဒါကိုများ Review လို့ ဘယ်လိုလုပ်ပြီး ခေါ်နိုင်တာလဲ။ ဒါဒီတိုင်း ကြမ်းကြမ်းတမ်းတမ်း စမ်းသပ်နေတာကြီး မဟုတ်ဘူးလား။

ရေထဲနှစ်လိုက်၊ မြေပေါ် ပစ်ပေါက်လိုက်၊ မီးဖိုချောင်ဓားနဲ့ ခုတ်လိုက်နဲ့။

နောက်ဆုံးပိုင်းက ဖုန်းကိုဖြုတ်တဲ့ နေရာက ပိုပြီးတောင် ရယ်ဖို့ကောင်းသေးတယ်။ ခေါင်းပြားဝက်အူကို သုံးပြီး ဖုန်းရဲ့ နောက်ကာဗာကို အပေါက်ကနေ ဆွဲခွာလိုက်တာ။ ဖုန်းရဲ့ အစိတ်အပိုင်းတွေကို ဖြုတ်တဲ့ နည်းကလည်း 'အားသွန်ခွန်စိုက်လုပ်ရင် ဘာမဆိုဖြစ်နိုင်တယ်' ဆိုတဲ့ သီအိုရီအတိုင်းပဲ။ အနောက်ဘက်က ကြိုးတွေ ဆက်ထားမလားဆိုတာလည်း စိတ်မဝင်စားဘူး။ သိက္ခာကျမှာလည်း စိတ်မပူဘူး။ ဖုန်းရဲ့ အစိတ်အပိုင်းတွေကို ဒီတိုင်း ကလော်ထုတ်နေတာပဲ။

သူ့လက်က အကြောတွေကို ရှင်းရှင်းလင်းလင်းကြီး မြင်နေရတယ်။ သူ အားဘယ်လောက် သုံးနေရသလဲဆိုတာကို ပြသနေတာပဲ။

ဘာမှ ဖြုတ်စရာ မရှိတော့တဲ့အခါ ဖုန်းက လုံးဝ စုတ်ပြတ်သွားတာပဲ။ ကားအက်ဆီးဒင့်ဖြစ်ထားတဲ့ ကားနဲ့တောင်တူတယ်။

ရယ်ချင််စရာ အကောင်းဆုံးအပိုင်းက ဖုန်းကိုပြန်ဆက်မယ်ပြောပြီး ဖုန်းကို ကြမ်းကြမ်းတမ်းတမ်း ဖြုတ်ထားတဲ့ ဗီဒီယိုကို နောက်ပြန်ရစ်လိုက်တာကြီးပဲ။

"ကောင်းတယ်ကွာ။ တခြားတစ်ယောက်ယောက် ရှန်းဟွာ ဖုန်းကို ရိုက်ခွဲနေတာကြည့်ရတာ ကောင်းချက်ပဲ။ ငါဒီဗီဒီယိုကို ရှဲလုပ်ရမယ်။ ငါလည်း ရိုက်ခွဲချင်လိုက်တာ။ ပိုက်ဆံမရှိတာ နာတာပဲ။"

ရှန်းဟွာဖုန်းထောက်ခံသူ Neitizen တစ်ယောက်နဲ့ ရန်ဖြစ်ပြီးနောက် ဟူရှောင်း အနည်းငယ် စိတ်တိုနေဆဲ ဖြစ်သည်။ ရှန်းဟွာဆဲလ်ဖုန်းကို ဒီလိုမျိုး ရိုက်ခွဲနေသည့် ဗီဒီယိုကိုမြင်လိုက်ရသဖြင့် သူ့စိတ်အခြေအနေ ပိုသက်သာသွားပါသည်။

ဘာမှပြောနေစရာမလိုတော့ဘူး။ ရှဲမယ်။

ဟူရှောင်းက သူ့ 'ရှောက်ဟူ ဝေဖန်ချက်များ' အတွက် Weibo ကိုသာ အဓိကအသုံးပြုသည်။ သို့သော်လည်း အိုင်လီကျွန်းဝက်ဘ်ဆိုက်မှ သူ့အကောင့်ကလည်း Subscriber ၃၀၀,၀၀၀ - ၄၀၀,၀၀၀ ရှိပါသည်။

Subscriber များများစားစား မရှိသော်လည်း ရှိသည့်လူများက အားလုံး active ဖြစ်ကြသည်။ ထို့အပြင် ဟူရှောင်းက ပရော်ဖက်ရှင်နယ် အတုအယောင် review သမားအဖွဲ့များနှင့် အဆက်အသွယ်ရှိသည်။ ထို့ကြောင့် အင်တာနက်ပေါ်တွင် အတော်လေး အားကောင်းသော လွှမ်းမိုးမှုရှိသည်ဟု ဆိုရမည်။

ဗီဒီယိုကို ရှဲပြီးနောက် ခေါင်းစဥ်တစ်ခုတပ်လိုက်သည်။ "ဘောစိတစ်ယောက်က ရှန်းဟွာ N7 ဖုန်းကို ဒေါသတကြီး ရိုက်ခွဲနေပုံ။ အကြောင်းအရင်းကတောာ့..."

ထိုစကားလုံးများကို ရေးသားပြီးနောက် ဟူရှောင်း သူရေးတာသူပြန်ကြည့်ပြီး ရယ်မိတော့မလိုတောင် ဖြစ်သွားခဲ့ပါသည်။

ဘာဖြစ်မှန်း မသိသည့် လူတွေကတော့ ဘောစိ ရှန်းဟွာ N7 ဖုန်းကို ရိုက်ခွဲရခြင်းမှာ အရည်အသွေးကြောင့် စိတ်ပျက်ပြီး ဒေါသထွက်နေသောကြောင့် ဖြစ်လိမ့်မည်ဟု ထင်ကြလိမ့်မည်။

ဒီလိုလုပ်ရတာ ကိုယ်ကျင့်တရား သိပ်မရှိသော်လည်း ဟူရှောင်း တရားလွန်တော့ မလုပ်ခဲ့ပါ။ သူ့လုပ်ရပ်များကို သာမန် ခေါင်းစီးဖြင့် အရွဲ့တိုက်မှုဟုသာ သတ်မှတ်နိုင်သည်။ လူထုအမုန်းပွားအောင် လုပ်ဖို့ မလုံလောက်ဘဲ သူ့ကို Netizen အားလုံးက ဝိုင်းပြီး ဆူဆဲနိုင်သည်။

သူ့ကို တကယ်တမ်း ပြဿနာလာရှာသည့် လူတချို့ရှိလာပါက သူတို့ကို ပြန်စပြီး ဖြေရှင်းနိုင်သည်။

မင်းတို့ အဲ့လောက် အတည်ပေါက်ကြီး ယူနေရင် မင်းတို့စိတ်ပျော့လွန်းပြီး ငယ်တဲ့ပြဿနာကို တိုင်းအဆင့် ပြည်အဆင့် နိုင်ငံတော်အဆင့် ပြဿနာအထိိရောက်အောင် ချဲ့ချင်နေကြတဲ့ကောင်တွေပဲ။

ဒါက တခြားသူတွေကို ဒေါသဖြစ်အောင် အမြင့်ဆုံးစွမ်းဆောင်နိုင်သော နည်းလမ်းဖြစ်၏။ ဟူရှောင်းက ဒီလိုကိစ္စတွေနဲ့ အကျွမ်းတဝင်ရှိပါသည်။

ဗီဒီယိုကို ရှဲလုပ်ပြီးနောက် ဟူရှောင်း မေးခွန်းထုတ်စရာတစ်ခုရှိလာသည်။

ဘယ်လိုအဖွဲ့မျိုးက 'အမာခံ ဝေဖန်ချက်များ'ရဲ့ နောက်ကွယ်မှာရှိနေတာလဲ။ ဟူရှောင်းလို ဝေဖန်သူတွေက ပုံမှန်ဆို ငွေရဖို့နဲ့ ဖုန်းတစ်လုံး အလကားရဖို့သာ ဗီဒီယိုဖန်တီးတတ်ကြသည်။

သို့သော်လည်း အမာခံ ဝေဖန်ချက်များတွင် စပွန်ဆာ မရှိတာ သိသာပါည်။

ထို့အပြင် ဒီလောကထဲက လူအားလုံးလည်း ရှန်းဟွာက Review အဖွဲ့အစည်းများနဲ့ ပတ်သက်ရတာ မကြိုက်မှန်း သိကြသည်။ ဟူရှောင်းတစ်ယောက် ရှန်းဟွာထံမှ စပွန်ဆာ မရခဲ့သဖြင့် ရှန်းဟွာအပေါ် ထားသည့် သူ့မေတ္တာက အမုန်းတရားအဖြစ် ပြောင်းလဲသွားပြီး ပရော်ဖက်ရှင်နယ် ရှန်းဟွာ မုန်းတီးရေးသမား တစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ဒါဆို... အမာခံဝေဖန်ချက်များက ကိုယ့်ပိုက်ဆံကိုယ်သုံးပြီး အတန်းရှင်ရအောင် လုပ်နေတာလား။

စမ်းသပ်ချက် မလုပ်ခင် ဖုန်းကို ဖွင့်ထားတယ်။ ရေထဲနှစ်ပြီး ဖုန်းထဲက လုပ်ဆောင်ချက်တွေကိုလည်း ဗီဒီယိုဖန်တီးသူက ကလိကြည့်သေးတယ်။ ဖုန်းအတုထက် အစစ်ကို သုံးနေတာ သိသာပါတယ်။

ရှိုးရဲ့ အပိုင်းတစ်ပိုင်းစီတိုင်းမှာ ဖုန်းအစစ်တစ်လုံးကို ဖျက်ဆီးနေတာပေါ့...။

ဟူရှောင်းတော့ ဘောစိတို့၏ ဘဝကို တကယ်နားမလည်နိုင်တောာ့ပါ။

ဒီကိစ္စကို ဟူရှောင်း ရေးကြီးခွင်ကျယ်လုပ်ပြီး စိတ်ထဲမထားပေ။ စိတ်ကျေနပ်စွာ သီချင်းလေးတညီးညီးဖြင့် ရေသွားချိုးလေသည်။

All Chapters