← Chapters

လေဆန်ပို့ဆောင်ရေး ရုံးဖွင့်လှစ်ပြီ

Vol. 15 Ch. 222

လေဆန်ပို့ဆောင်ရေး ရုံးဖွင့်လှစ်ပြီ

Vol. 15 Ch. 222

သြဂုတ်လ ၃ ရက်နေ့....

ဖေးချမ့်တစ်ယောက် လုမင်လျန်ကိုခေါ်ပြီး မင်ယွမ်ဗီလာအနီးရှိ လေဆန်ပို့ဆောင်ရေး ရုံးထံသို့ သွားခဲ့သည်။

လေဆန်ပို့ဆောင်းရေး ရုံးများ၏ အိုင်ဒီယာကို အရင်လက ထုတ်ပြပြီး ၃ ပတ်နီးပါးခန့်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် လေဆန်ပို့ဆောင်ရေးရုံးများစွာကို ဖွင့်လှစ်နေပြီဖြစ်ပါသည်။

အကြိုပြင်ဆင်မှုများက အနည်းငယ် ခက်ခဲခဲ့သည်။ လေဆန်ပို့ဆောင်ရေးရုံး ရာနဲ့ချီပြီး ဆိုင်ခွဲမန်နေဂျာများ၊ ဒလီဘာရီသမားများခန့်အပ်ပြီး ဂိုထောင်ပစ္စည်းများနှင့် ရုံးပစ္စည်းများ ဝယ်ယူဖို့ လိုအပ်သည်။ ထို့အပြင် အမြန်ချောပို့ကုမ္ပဏီများအားလုံးနှင့် အဆက်အသွယ်ဖန်တီးပြီး ပစ္စည်းများ သယ်ယူဖို့အတွက် custom-made ဆော့ဖ်ဝဲတစ်ခုကိုလည်း မှာယူရဦးမည်။

နောက်ဆုံးတော့ လေဆန်ပို့ဆောင်ရေး ရုံးအများစုက စတင်လည်ပတ်နိုင်ခဲ့ပါပြီ။

ဖေးချမ့်က ဒီကိစ္စကိုအလွန်လေးလေးနက်နက် ဂရုစိုက်ထားသည်။ ဘာပဲဖြစ်ဖြစ် ဂိမ်းများကို ဖန်တီးရာတွင် စွန့်စားမှုများ ရှိနေသည်။ ဂိမ်းများ ဖန်တီးပြီး မတော်တဆ အမြတ်ရသွားမည့် အန္တရာယ်က အတော်လေး ကြီးမားလှပါသည်။

သူ တကယ်တမ်း ငွေဆုံးရှုံးချင်ပါက လေဆန် ပို့ဆောင်ရေးလုပ်ငန်းကိုသာ အားကိုးရမည်။

ဒီလို အလုပ်များများလုပ်ရသည့် လုပ်ငန်းမျိုးက ဖေးချမ့်၏ မျက်လုံးထဲမှာတော့ နေဝင်နေသည့် လုပ်ငန်းဖြစ်သည်။ ယွီသရေစာလုပ်ငန်း စတင်ဖွင့်လှစ်ကတည်းက အရှုံးပေါ်မှုမှာ သာဓကကောင်း ဖြစ်ပါသည်။

အမှန််ပင်။ ယွီသရေစာလုပ်ငန်းတွင် ဖောက်သည် မရှိတာမျိုး မဟုတ်ပါ။ အစားအသောက်များ မှာယူကြသည့် လူတွေ ပိုပိုများလာပြီး ဖောက်သည်များလည်း တိုးလာကြသည်။

သို့သော်လည်း လုပ်အားခ ကုန်ကျစရိတ်များက မြင့်မားပြီး ဇွန်းခွက်ပန်းကန်များ ပျောက်ဆုံး ပျက်စီးသည့် ကိစ္စများလည်း ရှိသေးသဖြင့် ဒီလိုဟာကွက်ကို ဖောက်သည်ပမာဏ အလွန်များပြားမှသာ ဖြည့်တင်းနိုင်မည်ဖြစ်ပြီး အမြတ်ရနိုင်မည်ဖြစ်သည်။

ထို့အပြင် ယွီသရေစာလုပ်ငန်း၏ ဂုဏ်သတင်းက မြင့်တက်လျက်ရှိသည်။ သို့သော်လည်း ထပ်မံတိုးချဲ့ဖို့အစီအစဥ်များက လုပ်အား ပိုလိုအပ်လိမ့်မည်။ အမြတ်အစွန်းများ မြင့်တက်သွားသည်နှင့် ရင်းနှီးမြှုပ်နှံမှုများလည်း ပိုလိုအပ်လာပါလိမ့်မည်။

ထို့ကြောင့် အခုချိန်ထိ ယွီသရေစာလုပ်ငန်းက အရှုံးပေါ််နေဆဲဖြစ်ပြီး အရှုံးကိုဆက်လက် ထိန်းသိမ်းထားနိုင်သည်။

ဒီလိုအောင်မြင်သည့် အတွေ့အကြုံရှိထားပြီးသားဖြစ်သဖြင့် ဖေးချမ့်တစ်ယောက် လေဆန် ပို့ဆောင်ရေးလုပ်ငန်းအပေါ် အများကြီး မျှော်လင့်ထားပါသည်။

ဒီနေ့လုမင်လျန်ကိုခေါ်လာရခြင်းမှာ လုပ်ငန်းများနှင့် အကျွမ်းတဝင်ရှိစေဖို့ဖြစ်သည်။ ဒါမှ တတ်နိုင်သမျှ အမြန်ဆုံး တာဝန်လွှဲယူနိုင်လိမ့်မည်။

မူလ လေဆန်ပို့ဆောင်ရေး ရုံး ၁၀၀ တွင် အနည်းဆုံး အလုပ်သမား ၃ ယောက်နှင့် ဆိုင်ခွဲမန်နေဂျာ ၁ တစ်ယောက် (တခြားကုမ္ပဏီများမှ ဒလီဘာရီများကို လက်ခံပြီး အားလုံးကို ကိုင်တွယ်ကာ ပစ္စည်းများ အဝင်အထွက်၊ ကတ်စတမ်မာများကို လက်ခံခြင်းနှင့် ဘရန်း ကြော်ငြာခြင်း စသည်တို့ကို တာဝန်ယူရမည့်သူ) နှင့် အမြန်ချောပို့ ဒလီဘာရီသမား ၂ ယောက်တို့ လိုအပ်သည်။ ထိုအလုပ်သမားများ၏ လစာက ၁၀,၀၀၀ ဝန်းကျင်တွင် ရှိလိမ့်မည်။

ဒလီဘာရီလုပ်ငန်းစဥ်တွင် တခြားအမြန်ချောပို့ ကုမ္ပဏီများမှ ရရှိမည့် အမြတ်အစွန်းများကို လေဆန်ပို့ဆောင်ရေးရုံးများ၏ ငှားခ အများစုဖြင့် ကာမိသည်။ လေဆန်ပို့ဆောင်ရေး ရုံးများက ဖေးချမ့်အတွက် အနည်းဆုံး လစဥ် ၁ သန်းခန့် အရှုံးပေါ်နိုင်ပါသည်။

ထို လေဆန်ပို့ဆောင်ရေး ရုံးများ၏ တည်နေရာအတွက်ကတော့...

၎င်းတို့ကို အဓိက အားဖြင့် လူနေသိပ်သည်းသော နယ်မြေများနှင့် ကျင်းကျိုးမြို့ရှိ စည်ကားသော စည်းပွားရေး နယ်မြေများတွင် နေရာချထားသည်။

ဖေးချမ့်၏ အမြင်မှာတော့ ဒါက လူထု၏ စိတ်ဝင်စားမှုအပေါ် လုံးဝ မူတည်နေသည်။ ၎င်းတို့ လူတွေကို များများ ဝန်ဆောင်မှုပေးချင်ပါက လူသွားလူလာများသော နေရာများတွင် ဖွင့်ရမည်ဖြစ်သည်။ ဒလီဘာရီများ ပိုလုပ်ရလေလေ သူပိုပြီးအရှုံးပေါ်လေလေ ဖြစ်သည်။

အမှန်ပင်။ ဖေးချမ့်တွင် လျှို့ဝှက် အကြံအစည်များလည်း ရှိပါသေးသည်။ လေဆန်ပို့ဆောင်ရေးရုံးများကို သူ့မိဘအိမ်နှင့် ဟန်တုန်းတက္ကသိုလ်တို့အနီးတွင်လည်း ဖွင့်လှစ်ထားပါသည်။

ဖေးချမ့် ဘယ်နေရာပဲ ရောက်နေ ရောက်နေ ထိုနေရာများတွင် ဝန်ဆောင်မှုပေးနိုင်သည့် အမြန်ချောပို့ ဒလီဘာရီသမားများရှိနေပြီး သူကိုယ်တိုင် သွားဖို့ လိုတော့မည် မဟုတ်ပေ။

ရှန်းဟွာဗျူးနဲ့ ယွီအင်တာနက်ကဖေးများအတွက်ကတော့ အမြန်ချောပို့ကုမ္ပဏီများက ဧည့်ကြိုကောင်တာအထိ ပို့ပေးနိုင်သဖြင့် ၎င်းတို့အနီးတွင် လေဆန်ပို့ဆောင်ရေးရုံးများ ဖွင့်ဖို့ မလိုအပ်ပါ။

၎င်းတို့ မင်ယွမ်ဗီလာ၏ လေဆန်ပို့ဆောင်ရေး ရုံးကို ရောက်ရှိသွားသောအခါ ဖေးချမ့် ပထမဆုံး အရှေ့မျက်နှာစာကိုကြည့်လိုက်သည်။ ဒီပို့ဆောင်ရေးရုံးက ယွီအင်တာနက်ကဖေးဆိုင်နောက်က အငှားစျေးဆိုင်တွင် ဖြစ်ပြီး တည်နေရာက အလွန်ကောင်းမွန်ပါသည်။

ဒီနေရာအနီးတွင် အသစ်စက်စက် မွမ်းမံထားသော မကြာခင်ဖွင့်တော့မည့် ဘား၊ မာကျောက်နှင့် စစ်တုရင် ဆိုင်များရှိကြသည်။ ဒီနယ်မြေက တကယ်တမ်း လူသူကင်းမဲ့နေသော်လည်း ထိုဆိုင် သုံးဆိုင် ဖွင့်ပြီးတာနဲ့ ဒီနေရာကြီးက စည်ကားလာနိုင်ပါသည်။

ဒီနေရာကို ဘာကြောင့် ရွေးချယ်လိုက်ရသလဲဆိုတာကတော့ အဓိကအကြောင်းအရင်းမှာ လေဆန်ပို့ဆောင်ရေး ရုံးများက သာမန်ဆိုင်များ မဟုတ်ကြပါ။ ယုတ္တိရှိရှိပြောရလျှင် ထိုရုံးများက ဂိုထောင်သာသာ ဖြစ်သည်။ ၎င်းတို့၏ တည်နေရာက ဘယ်လောက်ပဲ ကောင်းနေပါစေ ၎င်းတို့ကို ငွေပိုရစေမည် မဟုတ်ပေ။ ထို့အပြင် ဆိုင်ငှားခလည်း ပိုပေးရမည်။

လုမင်လျန်က ဖေးချမ့်နောက်ကိုလိုက်လာပြီး လေဆန်ပို့ဆောင်ရေးရုံး၏ အရှေ့သို့ ရောက်လာ၏။ သူ့ပထမဆုံး တုန့်ပြန်မှုက ထိတ်လန့်သွားခြင်း ဖြစ်သည်။

ဒီနေရာကြီးက အတော်လေးကြီးမားသည့်ပုံပင်။

အစကတော့ လုမင်လျန်တစ်ယောက် ပို့ဆောင်ရေးတာဝန်ယူရမည်ဟု ကြားလိုက်ရသောအခါ အမြန်ချောပို့ ဒလီဘာရီလုပ်ငန်း အကြောင်း မသိစိတ်က တွေးလိုက်မိသည်။

တခြား အမြန်ချောပို့ကုမ္ပဏီများ၏ ရုံးများကိုလည်း သူ မြင်ဖူးပါသည်။ ၎င်းတို့က ပရော်ဖက်ရှင်နယ် သိပ်မကျဘဲ ဆိုင်းဘုတ်တောင် သေသေချာချာ မလုပ်ထားကြပေ။ တချို့ဆို ဆိုင်းဘုတ်တောင် ချိတ်မထားကြပါ။

ထိုရုံးများ၏ အတွင်းပိုင်းကတော့ အလွန်ရှုပ်ထွေးနေပြီး ပစ္စည်းများဖြင့် ပြည့်ကြပ်နေသည့် ဂိုထောင်များသာ ဖြစ်သည်။ ထိုနေရာများ၏ သန့်ရှင်းရေးကို ဘယ်သူမှ မထိန်းသိမ်းကြသလို ကြမ်းပြင်ကလည်း ဖုန်မှုန့် သဲမှုန့်များဖြင့် ပြည့်နှက်နေပါသည်။

အထဲက အမြန်ချောပို့ဒလီဘာရီသမားများက ညစ်ပတ်နေသည့် ယူနီဖောင်းများကို ဝတ်ဆင်ထားကြပြီး အမြန်ချောပို့ ပစ္စည်းပုံးများကို သုံးဘီးဆိုင်ကယ်များပေါ်သို့ ခပ်မြန်မြန် ပစ်တင်နေကြသည်။ ထို့နောက် အနီးအနားရှိ နေရာများသို့ လိုက်လံပို့ဆောင်ကြ၏။

သို့သော်လည်း ဒါက တခြားကုမ္ပဏီများ၏ ရုံးပုံစံများ ဖြစ်ကြသည်။

လေဆန်ပို့ဆောင်ရေးရုံးမျာကတော့ လုံးဝ ခြားနားနေပါသည်။

အတော်လေး ကောင်းမွန်သည့် ဆိုင်ခန်းကို ငှားထားပြီး အပြင်ဘက်က ဆိုင်းဘုတ်ကလည်း Custom-made ဖြစ်သည်။ ဆိုင်းဘုတ်ပေါ်တွင် အင်္ဂလိပ်စာလုံးဖြင့် 'Upwind Station' ဟူ၍ပင် ရေးထားသေးသည်။ ဒီနေရာ၏ ပုံစံက အနီးအနားရှိ ဘားထက်ပင် အနည်းငယ် ပိုကြည့်ကောင်းနေပါသေးသည်။

အမှန်ပင်။ ဘား၏ အလှဆင်မှုက ပိုပြီး တောက်ပြောင်ပါသည်။ တောက်ပြောင်လွန်းသည်ဟုပင် ဆိုနိုင်ပါသည်။ လေဆန်ပို့ဆောင်ရေး ရုံးများ၏ အလှဆင်မှုကတော့ သဘာဝဆန်ပြီး စံနှုန်းအတိုင်းအတာတစ်ခုအထိရှိသည်။ သိပ်ပြီး မျက်စိကျစရာ မကောင်းသော်လည်း ကိုယ့်ပုံစံနဲ့ ကိုယ်တော့ လှပပါသည်။

ပို့ဆောင်ရေးရုံး၏ ဝင်ပေါက်တွင် ယူနီဖောင်းဝတ်ဆင်ထားသည့် အမြန််ချောပို့သမား ၂ယောက်နှင့် ဒီပို့ဆောင်ရေးရုံး၏ ဆိုင်ခွဲမန်နေဂျာတို့က အသင့်စောင့်နေပြီဖြစ်သည်။

၎င်းတို့အနီးတွင် ၃,၀၀၀ အောက်တန်ဖိုးရှိလောက်မည့် မော်တော်သုံးဘီးဆိုင်ကယ် ၂ စီးရှိနေပြီး မူလရင်းနှီးမြှုပ်နှံမှုများထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ မော်တော်သုံးဘီးဆိုင်ကယ်များအပေါ်တွင်လည်း လေဆန်ပို့ဆောင်ရေး တံဆိပ်များဖြင့် Custom-made လုပ်ထားပါသည်။

ဖန်သားပြတင်းပေါက်မှတဆင့် ဒီလေဆန်ပို့ဆောင်ရေးရုံးထဲက အခြေအနေကို လှမ်းမြင်နိုင်ပါသည်။ ဆိုင်၏ ဝင်ပေါက်တွင် ကောင်တာ အကြီးကြီးရှိနေပြီး အပေါ်မှာတော့ လှလှပပ ရုံးသုံးကွန်ပျူတာ တစ်လုံး ရှိနေပါသည်။ ဒါက ဆိုင်ခွဲမန်နေဂျာ ပုံမှန်အလုပ်လုပ်ရမည့်နေရာ ဖြစ်သည်။

ကောင်တာပေါ်တွင် တချို့ရိုးရိုးရှင်းရှင်း ရုံးပစ္စည်းများနှင့် အထူးကုဒ်ဖတ်စက် တစ်လုံးလည်း ရှိပါသည်။ ပစ္စည်းများပေါ်က ဘားကုဒ်များကို စကင်ဖတ်ပြီးနောက် ပစ္စည်းများကို အလွယ်တကူ သွင်းနိုင် ထုတ်နိုင်ပါသည်။

ဆိုင်၏ အတွင်းဘက်အပိုင်းတွင်တော့ စင်တန်းများကို အကန့်များဖြင့် ပိုင်းခြားထားသည်။

ပါဆယ်ထုတ်များ၏ အရွယ်အစားပေါ်မူတည်ပြီး အမျိုးအစားခွဲကာ မတူညီသည့် အကန့်များတွင် သိုလှောင်ထားမည်ဖြစ်သည်။ တချို့ ပါဆယ်ထုတ်ကြီးများကိုလည်း သတ်မှတ်ထားသော နေရာတွင် အထူးတလယ် သိုလှောင်သွားမည်ဖြစ်သည်။

ဒါတွေအားလုံးကို မြင်တွေ့ပြီးနောက် လုမင်လျန်တစ်ယောက် အတွေးတစ်ခုသာ ရှိတော့သည်။

အဆင့်မြင့်ပြီး အနောက်တိုင်းဆန်ချက်ပဲ။

ဒီရုံးက တခြား အမြန်ချောပို့ကုမ္ပဏီများနှင့် အကွာကြီး ကွာလှပါသည်။

ဆိုင်ခွဲမန်နေဂျာက ပြီးမြောက်သွားသော ပြင်ဆင်ချက်များကို လုမင်လျန်နဲ့ ဖေးချမ့်တို့ကို အစီရင်ခံပြီး ဒီပို့ဆောင်ရေးရုံး၏ လက်ရှိ လုပ်ငန်းလည်ပတ်မှု အခြေအနေများကိုလည်း ပြောပြပါသည်။ ပို့ဆောင်ရေးရုံးမှာ ရုံးချိန် ၈ နာရီစနစ်ကို သုံးစွဲနေပြီး မနက် ၈ နာရီမှ ညနေ ၅ နာရီအချိန်အထိ ဖြစ်သည်။ အချိန်ပိုလုပ်ရမည်ဆိုပါက လစာလည်း ပိုပေးသွားမည်ဖြစ်၏။

တစ်ချိန်တည်းမှာပင် ပို့ဆောင်ပြီးသော ပစ္စည်းအရေအတွက်နှင့် ကတ်စတမ်မာများ၏ Rating အပေါ် မူတည်ပြီး အမြန်ချောပို့သမား တစ်ယောက်ချင်းစီအတွက် ထပ်တိုး ကော်မရှင်စနစ်လည်း ရှိပါသေးသည်။ ဒလီဘာရီသမား ၂ ယောက်၏ နေ့စဥ် တာဝန်များက ဒီပို့ဆောင်ရေးရုံးရှိ ပစ္စည်းများကို ဆက်တိုက် ပို့ဆောင်ပေးသွားဖို့ဖြစ်သည်။ ၎င်းတို့ အားလပ်ပါက ရုံးကို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ထိန်းသိမ်းရမည်။

ဆိုင်ခွဲမန်နေဂျာ၏ အလုပ်က ပိုပြီးရှုပ်ထွေးပါသည်။ ဂိုထောင်ကို ကိုင်တွယ်ခြင်းနှင့် ပစ္စည်းများ ထုတ်ခြင်းစသည့် သက်ဆိုင်ရာ ကိစ္စများအပြင် နောက််ဆုံးပို့ဆောင်လိုက်သည့် ဒလီဘာရီ အရေအတါက်ကိုတွက်ချက်ရမည်ဖြစ်ပြီး တခြာ ဒလီဘာရီကုမ္ပဏီများ၏ အမြန်ချောပို့သမားများနှင့်လည်း အဆင်ပြေချောမွေ့အောင် နေရဦးမည်။ ဒီနယ်မြေထဲက ပို့ဆောင်ရေးရုံးကိုလည်း အဆင့်မြှင့်တင်ရဦးမည်။

ဖေးချမ့်က လုပ်အားကို စည်းကမ်းတင်းတင်းကြပ်ကြပ်ကြီး သတ်မှတ်လိမ့်မည် မဟုတ်သဖြင့် ဆိုင်ခွဲမန်နေဂျာတချို့က ရေသာခိုမည်ဆိုရင်လည်း ဘော့စ်ဖေး စိတ်ထဲထားမည် မဟုတ်ပါ။

ဆိုင်ခွဲမန်နေဂျာနှင့် အမြန်ချောပို့သမား ၂ ယောက်က အလွန်အားအင်တက်ကြွနေသည့်ပုံပင်။

၎င်းတို့အကုန်လုံးက တခြား ဒလီဘာရီကုမ္ပဏီများတွင် အလုပ်အတွေ့အကြုံရှိကြသူများဖြစ်သည်။ ဒီတစ်ခေါက်တော့ လေဆန်ပို့ဆောင်ရေး လုပ်ငန်းမှ ဆွဲဆောင်မှု ရှိလှသော အခြေခံလစာက တခြား ကုမ္ပဏီများထက် အတော်လေး ပိုများနေသဖြင့် သူတို့ အလုပ်ပြောင်းလဲခဲ့ကြခြင်းဖြစ်ပါသည်။

ထို့အပြင် အလုပ်ပတ်ဝန်းကျင်ကလည်း အမှတ်တိုးစရာဖြစ်သည်။

လေဆန်ပို့ဆောင်ရေးလုပ်ငန်းက တစ်မြို့လုံးကို ကိုင်တွယ်ရသည့် တခြား ဒလီဘာရီကုမ္ပဏီများကဲ့သို့ မဟုတ်ပါ။ ၎င်းတို့က နယ်မြေ အသေးစားတစ်ခုကိုသာ တာဝန်ယူရသည်။ ထို့ကြောင့် သူ့တို့အတွက် သိပ်ပြီး ဝန်မပိပါ။

တစ်နေရာလုံးကို ကြည့်ရှုပြီးနောက် ဖေးချမ့်နှင့် လုမင်လျန်တို့ ယွီအင်တာနက်ကဖေးကို ပြန်လာကြပြီး ကော်ဖီမှာသောက်လိုက်ကြသည်။

"အခုချိန်ကစပြီး လေဆန်ပို့ဆောင်ရေးကို မင်းတာဝန်ယူရလိမ့်မယ်။ မင်းမှာ မေးစရာတွေ ဘာတွေရှိရင်လည်း ငါ့ကိုတိုက်ရိုက်မေးလို့ရတယ်။ အသေးစားကိစ္စတွေကိုတော့ မင်းဖာသာမင်း ဖြေရှင်းပေါ့။"

"အိပ်မက်ရန်ပုံငွေ ၁ သန်းကိုလည်း မင်းသိမ်းထားလို့ရပါတယ်။ လေဆန်ပို့ဆောင်ရေး လုပ်ငန်းက အလုပ်တွေက မင်းအတွက် မသင့်တော်ဘူးထင်ရင် တခြားလုပ်ငန်းတစ်ခုခုမှာ စမ်းကြည့်လို့ ရတယ်။"

"တခြား အပိုငွေကြေးတွေ ဘာတွေနဲ့ ပတ်သတ်ပြီး လိုအပ်တယ်လို့ ထင်ရင် ပြောသာပြောလိုက်။ မင်းလိုသလောက်ကို ထုတ်ပေးမယ်"

All Chapters