← Chapters

မကြာခဏဆိုသလို အရမ်း ရက်စက်တာပါလား

Vol. 35 Ch. 521

မကြာခဏဆိုသလို အရမ်း ရက်စက်တာပါလား

Vol. 35 Ch. 521

လင်းအောင်၏ နှလုံးသားသည် တစ်စစီ ကွဲကြေနေလေသည်။ အကြောင်းမှာ ရဲ့လင်းချန်ကဲ့သို့သော လူထူး လူဆန်းနှင့် ဆုံခဲ့ရသောကြောင့် ဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရမည်ဆိုလျင် သိုင်းပညာရှင် တစ်ယောက်သည် မိမိ၏ တိုက်ပွဲ အောင်မြင်မှုကို မြှင့်တင်ရန် အလွန် ခက်ခဲပေသည်။ တာဝန်များ၊ အရည်အချင်းများနှင့် တိုက်ပွဲ အောင်မြင်မှုများက စာမေးပွဲများအတွက် အဓိက လိုအပ်ချက်များ ဖြစ်သော်လည်း ရဲ့လင်းချန်က ခြွင်းချက် ဖြစ်နေသည်။

*ငါ့ကို ပြောပါဦး၊ မင်းက ဘာလို့ ကိစ္စတွေ ဖြေရှင်းတဲ့ နေရာမှာ အရမ်း တော်နေတာလဲ၊ အရာအားလုံးက မင်းကို ဦးတည်ပြီး လာနေသလိုပဲ၊ ဒါက သံလိုက်များလား*

အထူးသဖြင့် ရဲ့လင်းချန်သည် ပြဿနာကို ရင်ဆိုင်၍ ဖြေရှင်းရာတွင် ခြွင်းချက်မရှိ ကောင်းမွန်ရုံတင် သာမက မကောင်းသော အင်အားစုများကို သန့်ရှင်းစွာ သုတ်သင်နိုင်သည်။ အကြမ်းအားဖြင့် ဌာနခွဲလေးတစ်ခုကတောင်မှ မကိုင်တွယ်နိုင်သည့် အခြေအနေမျိုးပင်။ တာဝန်ကို ပြီးဆုံးအောင် လုပ်နိုင်သည်နှင့် တိုက်ပွဲ အောင်မြင်မှုများကို ဌာနများကြား၌ ညီညီမျှမျှ ခွဲဝေကြသည်။ သို့သော် ရဲ့လင်းချန်က တစ်ကိုယ်တည်း လှုပ်ရှားသဖြင့် သူ၏ တိုက်ပွဲ အောင်မြင်မှုက အလွန် လျင်မြန်စွာ တိုးတက်နေသည်။

ရဲ့လင်းချန်၏ ရာထူးကို လင်းအောင် အတည်ပြုလိုက်နိုင်ပြီး သူ့အား အသိမပေးရသေးသည့် အကြိမ်တိုင်း ရဲ့လင်းချန်က နောက်ထပ် ထိတ်လန့်ဖွယ်ကောင်းသည့် အောင်မြင်မှုမျိုး ထပ်မံရရှိခဲ့သည်။ ထို့ကြောင့် လင်းအောင်သည် ရဲ့လင်းချန်၏ ရမှတ်များကို ပြန်တွက်ရန် လိုအပ်နေခဲ့သည်။

ဤသို့သော မြန်ဆန်မှုမျိုးကို အခြားသိုင်းပညာရှင်များသာ သိသွားပါက သေချာပေါက် ရူးသွားလောက်သည်။

“ညီလေးရဲ့၊ ငါ မင်းကို ဒီစကား ထပ်ပြောရဦးမယ်၊ ငါ မင်းကို တကယ် လေးစားတယ်ကွာ”

လင်းအောင်က ရဲ့လင်းချန်ကို တလေးတစား ဖက်၍ ပြောလိုက်သည်။

“မင်း အရင်တစ်ခေါက်က စွန့်စားခန်းနဲ့တင် အမြင့်တန်းအဆင့် စစ်သည်တော်ထက် ပိုရခဲ့တာ၊ စာအုပ်ကြီးအတိုင်း လိုက်လွန်းတဲ့သူတွေ ရှိနေခဲ့လို့သာပဲ၊ သူတို့အားလုံးက ဝိုင်းဖိလို့ မင်းကို အမြင့်တန်းအဆင့် စစ်သည်တော် ရာထူးပဲ ပေးလိုက်တာ၊ ငါ ဒီတစ်ခေါက် ပြန်သွားရင် သူတို့ ဘာပြောဦးမလဲ ငါ သိချင်မိသား”

“ဟားဟား ဒီရာထူးတွေက အရေးမကြီးပါဘူး”

ရဲ့လင်းချန်က ပခုံးတွန့်၍ ပြုံးလိုက်သည်။

သူသည် လူလုံးထွက်ပြခဲပြီး စစ်သည်တော်ဌာနမှ လူတော်တော်များများက သူ့ကို မသိကြချေ။ ထို့ကြောင့် လူအများကို သိမ်းသွင်းရာ၌ အခက်အခဲအချို့နှင့် ရင်ဆိုင်ရသည်က သဘာဝပင်။

“ဒီလို ဘယ်ဖြစ်မလဲ၊ တိုက်ပွဲ အောင်မြင်မှုက အောင်မြင်မှုပဲလေ၊ မင်းရဲ့ အမှတ်စုစုပေါင်းက လူတွေ သူတို့ တစ်သက်လုံး ရနိုင်တာထက်တောင် ပိုသေးတယ်၊ ဒါက ခွန်အား အစစ်အမှန်ပဲလေ၊ ဒါ ငါတို့နိုင်ငံအတွက် အကျိုးအမြတ်ပဲ၊ ဘယ်သူမှ မင်းကို ကြဉ်အောင် လုပ်ခွင့် မပြုနိုင်ဘူး”

လင်းအောင်က ပြောသည်။

“မင်းရဲ့ အောင်မြင်မှုအမှတ်အားလုံး စုစုပေါင်းနဲ့မှ အနိမ့်တန်းအဆင့် ဗိုလ်ချုပ်ကြီးရာထူး မရရင်တောင်မှ အမြင့်တန်းအဆင့် စောင့်ကြပ်သူရာထူး ရဖို့က ပြဿနာ မရှိဘူး”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ လင်းအောင်အား ယဉ်ကျေးသော စကားများ ပြောရန် မလိုအပ်မှန်း သူ သိသလို ကိစ္စဝိစ္စများ ဖြေရှင်းရန် လင်းအောင်၏ နောက်ခံကို အသုံးပြုသည်က ပို၍ အဆင်ပြေလေသည်။

“သူတို့ မရောက်သေးဘူးလား၊ ငါ အရင် သွားကြည့်လိုက်ဦးမယ်”

ရဲ့လင်းချန်သည် ပြောပြီးသည်နှင့် အဆောက်အဦးကို ကြည့်၍ လျှောက်သွားလေသည်။

အဆောက်အဦး၏ အတွင်းပိုင်းက များများစားစား မပြောင်းလဲသွားဘဲ ယခင်အတိုင်း ရှုပ်ပွနေသေးသည်။ နေရာအတိုင်း မူလအတိုင်း ထိန်းသိမ်းထားရန် ရည်ရွယ်ထားပုံ ရသည်။ မြေကြီးပေါ်မှ အသားစများနှင့် သွေးစက်များကို ဖြတ်လျှောက်ပြီးနောက် ရဲ့လင်းချန်သည် ငါးထပ်မြောက်သို့ တစ်ဖန် ရောက်ရှိသွားသည်။

ပြီးခဲ့သော တိုက်ပွဲများအတွင်း၌ ထိုအထပ်၏ စားပွဲပေါ်၌ အချက်အလက်များစွာ ရှိနေသည်ကို ရဲ့လင်းချန် သတိထား မိခဲ့သည်။ ကွန်ပျူတာများတွင်လည်း အချက်အလက်များစွာ ရှိနေပြီး အချက်အလက်များက ဇီဝဗေဒ ဆိုင်ရာ မျိုးရိုးဗီဇများ၏ အသိပညာများနှင့် ပတ်သတ်နိုင်ချေ ရှိသည်။ အသိပညာ ဗဟုသုတ လိုက်စားခြင်းနှင့် ပတ်သက်လာတိုင်း ရဲ့လင်းချန်သည် အမြဲတမ်း အလွန် ဆာလောင်နေတတ်သည်။

ပါရမီရှင်တစ်ဦးအတွက် သည်းမခံနိုင်ဆုံးအရာက မည်သည့်အရာနည်း။ ခန့်မှန်းကြည့်စရာပင် မလိုပါ၊ မလွဲမသွေ ဗဟုသုတသာ ဖြစ်ပေသည်။

ဇီဝဗေဒသည် ကျောင်းတိုင်းတွင် အခြေခံ ဘာသာရပ်တစ်ခုဖြစ်ပြီး ရိုးရှင်းသည်ဟု ထင်ရသော်လည်း အဆင့်မြင့် ဇီဝဗေဒသည် အဆင့်မြင့် လျှို့ဝှက်ချက်တစ်ခု ဖြစ်ပြီး သုတေသနကိုတောင်မှ တားမြစ်ထားရသည်။

အကြောင်းပြချက်မှာ ဇီဝဗေဒသည် အလွန် လူမဆန်၍ ဖြစ်သည်။ ၎င်း၏ အစွမ်းသည် … အလွန် ကြီးမား လွန်းလှသည်။

ဤသို့သော ဇီဝဗေဒ၏ အဆင့်မြင့် အကြောင်းအရာများသည် သာမန်လူများ ထိတွေ့ရန် ခက်ခဲပေသည်။ အထူးသဖြင့် မျိုးရိုးဗီဇ သုတေသနနှင့် ပတ်သက်သော အကြောင်းအရာများက လက်လှမ်းမမီဆုံးပင်။

ရှားပါးသော အခွင့်အရေးနှင့် ကြုံရသောကြောင့် ရဲ့လင်းချန် နည်းနည်းလေးမှ အလွတ်မခံနိုင်ပါ။

တိုက်ခိုက်မှုကြောင့် ထိုအချက်အလက်များက ရှုပ်ပွနေသော်လည်း ရဲ့လင်းချန်အတွက် မထိခိုက်ပါ။ ယင်းမှာ ပါရမီရှင် စနစ်၏ အစွမ်းကြောင့်ပင်။

ပါရမီရှင်စနစ်၏ သင်ယူခြင်းက အစီအစဉ်တကျ ဖြစ်နေစရာ မလိုပေ။ လက်ခံနိုင်စရာ သို့မဟုတ် နားလည် နိုင်စရာ ဖြစ်နေသရွေ့ စနစ်က သူ၏ စွမ်းရည်ကို အလိုအလျောက် တိုးမြှင့်ပေးနိုင်သည်။

ရဲ့လင်းချန်၏ ဇီဝဗေဒစွမ်းရည်က ၆၅% ရောက်နေပြီဖြစ်သဖြင့် နားလည်ရန် မခက်ပေ။

“မျိုးရိုးဗီဇ ပေါင်းစပ်ခြင်း ပညာရပ်အား ကိုယ်တိုင် လေ့လာခြင်း၊ ဇီဝဗေဒ စွမ်းရည် တစ်မှတ်”

“မျိုးရိုးဗီဇ ပေါင်းစပ်ခြင်း ပညာရပ်အား ကိုယ်တိုင် လေ့လာခြင်း၊ ဇီဝဗေဒ စွမ်းရည် တစ်မှတ်”

“မျိုးစိပ်များအား ရောနှောခြင်း အကျဉ်းချုပ်အား ကိုယ်တိုင် လေ့လာခြင်း၊ ဇီဝဗေဒ စွမ်းရည် တစ်မှတ်”

“မျိုးစိပ်များအား ရောနှောခြင်း အကျဉ်းချုပ်အား ကိုယ်တိုင် လေ့လာခြင်း၊ ဇီဝဗေဒ စွမ်းရည် တစ်မှတ်”

“မျိုးရိုးဗီဇ ငြင်းပယ်ခြင်း၏ အဖြေအား ကိုယ်တိုင် လေ့လာခြင်း၊ ဇီဝဗေဒ စွမ်းရည် တစ်မှတ်”

“မျိုးရိုးဗီဇ ငြင်းပယ်ခြင်း၏ အဖြေအား ကိုယ်တိုင် လေ့လာခြင်း၊ ဇီဝဗေဒ စွမ်းရည် တစ်မှတ်”

…

ဇီဝဗေဒ စာအုပ်များ မရှိသော်လည်း အစီအရင်ခံစားများနှင့် အကျဉ်းချုပ်များစွာ ရှိနေသဖြင့် စွမ်းရည် တိုးလာရုံ သာမက စာအုပ်တစ်အုပ် ဖတ်သည့်နှုန်းထက်ပင် ပိုမြန်သေးသည်။

ရဲ့လင်းချန် ချက်ချင်း စိတ်နစ်သွားပြီး အစီရင်ခံစာ တစ်ခုပြီးတစ်ခုကို လှန်လှောလေသည်။ စားပွဲပေါ်မှ အစီရင်ခံစာများကို ဖတ်ပြီးနောက် သူသည် ကြမ်းပြင်ပေါ်မှ အစီရင်ခံစာများကို ကောက်ယူရန် ကိုယ်ကို ကိုင်းလိုက်သည်။ ကြမ်းပြင်ပေါ်မှ အစီရင်ခံစာများကို ဖတ်ပြီးနောက် သူသည် တိုက်ပွဲကြောင့် တစ်စစီ ဖြစ်နေသော စာရွက်များကိုလည်း လိုက်ကောက်လေသည်။

သင်ယူခြင်းက သူ့အား ပျော်ရွှင်စေပြီး အခြားအရာများကို မေ့လျော့သွားစေသည်။

သူ့ဘေး၌ လင်းအောင်သည် အကြိမ်အနည်းငယ်မျှ လှန်လှောကြည့်ပြီးနောက် ဘယ်အကြောင်းအရာကိုမှ နားမလည်နိုင်သဖြင့် လက်လျှော့လိုက်သည်။ သူ စကားလုံးတိုင်း၊ သင်္ကေတတိုင်းနှင့် နံပါတ်တိုင်းကို သိသော်လည်း ၎င်းအစိတ်အပိုင်း အားလုံးကို ပေါင်းလိုက်ခြင်းက သူ့အား ကြက်သေ သေကာ ကိုယ့်ကိုယ်ကိုယ် သံသယဝင်စိတ် ဖြစ်လာစေသည်။ ထို့အပြင် သူ့အား စိတ်အညစ်စေရဆုံး အရာမှာ အချို့အရာများက တရုတ်စာနှင့်တင်မကဘဲ ဂျပန်၊ ပြင်သစ်နှင့် အချို့သော နိုင်ငံငယ်များ၏ ဘာသာစကားများနှင့်ပါ ရေးထားခြင်း ဖြစ်သည်။ အတိုချုပ်ပြောရလျင် ဘာသာစကား ပေါင်းစုံနှင့် ရှိနေခြင်းပင်။

ဤသို့သော အရာမျိုးကို ကြည့်ခြင်းက သူ့အား သေခြင်းထက် ပို၍ ကြောက်ရွံ့စေသည်။

သို့သော် ရဲ့လင်းချန်၏ နစ်မျောနေသော ပုံစံကို မြင်သောအခါ သူ ထိတ်လန့်သွားရသည်။ သူ ပါးစပ် ဟသထက် ဟလာပြီး ဘာမှမပြောနိုင်တော့ချေ။

အံ့ဩခြင်းအပြင် သူ ပို၍ အရှက်ရမိသည်။

*ခြားနားချက်ပဲ၊ ဒါ ငါတို့နှစ်ယောက်ရဲ့ ခြားနားချက်ပဲ*

*ညီလေးရဲ့ ဘယ်လောက်တောင် ကြိုးစားလဲ ကြည့်ပါဦး၊ သူက ဗဟုသုတကို ဒီလိုတောင် ဆာလောင် မွတ်သိပ်နေတာ၊ သူ့အောင်မြင်မှုကိုပဲ အားလုံးက မြင်ကြတယ်၊ သူ နောက်ကွယ်မှာ ဘယ်လောက် ကြိုးစားလဲ ဆိုတာကိုတော့ မမြင်ကြဘူး*

လင်းအောင် အံ့ဩနေပြီး နာမည်ကြီး ဆိုရိုးစကားတစ်ခုကို သတိရသွားသည်။

“ဗိုက်ဆာနေတဲ့ လူတစ်ယောက်က ပေါင်မုန့်ကို ခုန်အုပ်သလိုမျိုး ငါက စာအုပ်ကို ခုန်အုပ်တယ်”

ရဲ့လင်းချန်သည် တွေဝေမနေဘဲ ကြမ်းပြင်ပေါ် ထိုင်ချကာ စာရွက်အပြဲများကို သေချာ ကပ်နေကာ မျက်တောင် မခတ်တမ်း လေ့လာနေ၏။ လူဘယ်လောက် များများ၌ ဤသို့သော ဇွဲနှင့် အာရုံစူးစိုက်မှုမျိုး ရှိပါသနည်း။

နှိုင်းယှဉ်ကြည့်လျင် လင်းအောင်က ညံ့လွန်းနေသည်။ “သင်ယူခြင်းက လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည်” ဟူသော လူကြီးများ ပြောသော စကားက မှန်ပေသည်။

လင်းအောင် ဘာတွေ တွေးနေသလဲ ရဲ့လင်းချန် မသိပါ။ သို့သော် သူ သိလျင်လည်း ဂရုမစိုက်စွာ ပြုံးလိုက်မိသည်။

*ငါ နောက်ကွယ်မှာ ဘယ်လောက် ကြိုးစားထားရလဲဆိုတာကို ဘယ်သူမှ မမြင်ဘူး၊ ဒါပေမဲ့ သူတို့ လုံးဝ မမြင်နိုင်တာကတော့ …ငါ့ကိုယ်ထဲက စနစ်ပဲ*

နောက်ဆုံးတွင် သူသည် “မျိုးရိုးဗီဇ ပြောင်းလဲခြင်းနှင့် ပေါင်းစပ်ခြင်းကြားမှ ပတ်သက်မှု အစီရင်ခံစာ” ကို ထပ်ဖတ်ပြီးနောက် သူ၏ ဇီဝဗေဒ စွမ်းရည်က အမြင့်ဆုံးသို့ တက်သွားလေသည်။

စွမ်းရည် ၁၀၀% ရောက်သွားသည့်အခါမှသာ ရဲ့လင်းချန် စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ သူ့စိတ်ထဲ၌ ပြည့်ဝသွားသလို ခံစားလိုက်ရပြီး နောက်ဆုံးတွင် အလွန် ခက်ခဲသော ဘာသာရပ်ကို အရယူလိုက်နိုင်လေပြီ။

တစ်ချိန်တည်းမှာပင် သူသည် စနစ်ထဲမှ ပညာများ၏ ခွဲဝေမှုကို စဉ်းစားနေ၏။

အကြီးအကဲ ဟီရှိုရှီ၏ သုတေသနသည် ဇီဝဗေဒ အကန့်အသတ်များကို ကျော်လွန်နေပြီ ဖြစ်ကာ မျိုးရိုးဗီဇ အကြောင်း ဆောင်းပါးများ စတင် ရေးသားခဲ့သည်။ ယင်းက သူ၏ စွမ်းရည်က တစ်ရာထက် ကျော်သင့်သည့် အကြောင်းပြချက်ပင်။ တစ်နည်းအားဖြင့် ဆိုရလျင် နောက်တစ်ဆင့်အထိ တက်သင့်သော်လည်း မတက်သွားပေ။

စနစ်က တိုင်းတာသော စွမ်းရည် စံချိန်စံနှုန်းသည် ဗဟုသုတ၏ အကြောင်းအရာအားလုံးပေါ် အခြေခံသင့်သည်။ အခြားသူများက ဤဗဟုသုတကို သုံး၍ ဘာလုပ်မလဲဆိုသည်ကိုတော့ သူ မမှန်းဆတတ်ပါ။

ဥပမာ ပြောရလျင် ကမ္ဘာပေါ်၌ အဆိုတော်ပေါင်းများစွာက ဖန်တီးထားသည့် သီချင်းများစွာ ရှိသည်။ သီချင်းရေးသည့် နည်းလမ်းများကလည်း မတူချေ။ သို့သော် ရဲ့လင်းချန်သည် ထိုသီချင်းရေးနည်းများကို ကျွမ်းကျင်ရန်သာလျင် လိုအပ်သည်။ ဤနည်းအားဖြင့် သီချင်းရေးသည့် စွမ်းရည်က တစ်ရာ ရာခိုင်နှုန်းသို့ ရောက်သွားကာ ကမ္ဘာပေါ်မှ သီချင်းအားလုံးကို သင်ယူရန် မလိုအပ်တော့ချေ။

ဇီဝဗေဒအတွက်လည်း ထိုနည်းတူပင်။ လူအချို့သည် ဇီဝဗေဒ၏ မျိုးရိုးဗီဇ ပြောင်းလဲခြင်းကို လေ့လာပြီး အချို့က မျိုးရိုးဗီဇ ပေါင်းစပ်ခြင်း သို့မဟုတ် ဇီဝဗေဒ တည်ဆောက်ပုံကို လေ့လာကြသည်။ စနစ်က စွမ်းရည်အတွက် တိုင်းတာသည့် စံချိန်စံနှုန်းသည် ထိုအခြေခံ ဗဟုသုတများ ဖြစ်လေသည်။

လက်ရှိတွင် ဤရှာဖွေတွေ့ရှိမှုများက အစောပို်ငးက ရဲ့လင်းချန်၏ ခန့်မှန်းမှုများကို ပြောင်းလဲသွားစေသည်။

ယခင်က စွမ်းရည် ၁၀၀% သည် ကမ္ဘာပေါ်ရှိ လူများ ကျွမ်းကျင်နိုင်သည့် အကန့်အသတ် ဖြစ်သည်ဟု ရဲ့လင်းချန် ထင်ထားခဲ့သည်။ ယခုအခါတွင်မှ သူထင်မြင်ချက်က မှန်ကန်မှန်း သိလိုက်ရသည်။

စွမ်းရည် ၁၀၀% သည် ဗဟုသုတတစ်ခု၏ အခြေခံအကြောင်းအရာများသာ ပါဝင်သည်ဟု ဆိုနိုင်ပေသည်။ သို့သော် ထိုဗဟုသုတကို အသုံးပြုခြင်းက လူပေါ် မူတည်လေသည်။

ဗဟုသုတသည် သက်မဲ့ဖြစ်ပြီး လူသားက သက်ရှိဖြစ်သည်။ ထို့ကြောင့် လူသားကသာလျင် ထိုဗဟုသုတကို သုံး၍ ပေါင်းစပ်နိုင်ပေသည်။

ဥပမာပေးရလျင် အကြီးအကဲ ဟီရှိုရှီ၏ ဇီဝဗေဒသည် စွမ်းရည် ၁၀၀ % သို့ ရောက်နေပြီးဖြစ်သည်။ ထို့ကြောင့် သူသည် သူ့ဗဟုသုတကို အသုံးချ၍ မျိုးရိုးဗီဇပြောင်း စစ်သည်တော်များကဲ့သို့သော အရာမျိုး ဖန်တီးခဲ့သည်။ အကယ်၍ သူသာ သုတေသန ဆက်လုပ်၍ အောင်မြင်သွားပါက အစွမ်းထက်သော စွမ်းရည်အဆင့်တစ်ခုသို့ ရောက်ရှိသွားခြင်းနှင့် ညီမျှပေလိမ့်မည်။

အကယ်၍ သူ၏ ဇီဝဗေဒ စွမ်းရည်သာ ၁၀၀ % ရောက်ပြီး စနစ်က အဆင့်မြှင့်ပေးပါက အကြီးအကဲ ဟီရှိုရှီ၏ သုတေသန နောက်ဆုံးရလဒ် ဖြစ်သွားလောက်သည်ဟု ရဲ့လင်းချန် ခန့်မှန်းမိသည်။

အကြောင်းရင်းတစ်ချို့ကြောင့် ရဲ့လင်းချန် ထိုအဘိုးအိုအတွက် အနည်းငယ် သနားသလို ခံစားမိလေသည်။

သူ့ဘဝတစ်သက်စာ သုတေသနကို ရဲ့လင်းချန်က အသာလေး ကျော်တက်သွားသည်ကိုသာ သိသွားပါက ထိုအဘိုးအို ဘယ်လောက် မခံမရပ်နိုင် ဖြစ်နေမလဲ ရဲ့လင်းချန် သိချင်မိသည်။

*ဟူး … ပါရမီရှင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုတွေက မကြာခဏဆိုသလို အရမ်း ရက်စက်တတ်ပါလား …*

All Chapters