← Chapters

ဟမ့် ရေတွင်းအောက်ခြေက ဖားကများ

Vol. 35 Ch. 522

ဟမ့် ရေတွင်းအောက်ခြေက ဖားကများ

Vol. 35 Ch. 522

ရဲ့လင်းချန် သင်ယူခြင်း ပင်လယ်ထဲမှ ပြန်သတိဝင်လာချိန်တွင် စစ်သည်တော်ဌာနမှ လူများသည် သူတို့၏ တာဝန်များ ပြီးမြောက်ပြီး ပြန်လာနေကြသည်။

ဤနေရာမှ အခြေအနေနှင့် ပတ်သက်၍ အထက်လူကြီးများကို အစီရင်ခံစာ တင်ပို့ပြီးနောက် ယင်းက အထက်ပိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားပြီး အခြေအနေက ပို၍ ချောမွေ့စွာ ကိုင်တွယ်နိုင်သော သိုင်းပညာရှင် တစ်ဖွဲ့ကို ထပ်မံ၍ စေလွှတ်လိုက်သည်။

စမ်းသပ်မှုများမှ သားရဲများဖြစ်စေ၊ သန္ဓေပြောင်း လူသားများဖြစ်စေ၊ သတင်းအချက်အလက်များ ဖြစ်စေ၊ မည်သည့်အရာကမှ ပေါက်ကြား၍ မဖြစ်ချေ။ လာမည့်ရက်များတွင် ဤအဆောက်အဦး ပတ်ဝန်းကျင်အား တင်းကြပ်စွာ တားမြစ် ပိတ်ပင်ထားပြီး သုတေသနအား ထိပ်တန်း လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားမည်ဟု ခန့်မှန်းရသည်။

ထိုအပိုင်းက ရဲ့လင်းချန်နှင့် ဘာမှမဆိုင်ချေ။ သူသည် စစ်သည်တော်ဌာန၏ လှုပ်ရှားမှုများ၌ ပူးပေါင်းပါဝင်ရုံသာ ရှိသည်။

သို့သော် ရဲ့လင်းချန်နှင့် လင်းအောင်တို့သည် အဆောက်အဦးထဲမှ ထွက်လာသောအခါ အသိတစ်ယောက်နှင့် ဆုံလေသည်။

“အစ်ကိုလင်း၊ အစ်ကိုရဲ့”

ဝူယွဲ့နှင့် အခြားသူများသည် တိရစ္ဆာန် အလောင်းများ ဖယ်ရှားရန် တာဝန်ကျလေသည်။ သူတို့သည် ရဲ့လင်းချ န်တို့ကို မြင်သောအခါ အနည်းငယ် အံ့ဩသွားပြီးနောက် သူတို့နားသို့ စိတ်လှုပ်ရှားစွာ ဝိုင်းလာကြသည်။

မကြာခင်မှာပင် သူတို့ သတိဝင်လာပြီး မတ်မတ်ရပ်၍ ရဲ့လင်းချန်နှင့် လင်းအောင်ကို အလေးပြုလေသည်။

“စစ်သည်တော်ဌာနက နဂါးအဖွဲ့ရဲ့ အဖွဲ့ကိုး ကပ္ပတိန် ဝူယွဲ့က နှုတ်ဆက်ပါတယ် ဆာ”

သူ့အနောက်မှ လူတစ်စုသည်လည်း မတ်မတ်ရပ်၍ အလေးပြုသည်။

“နှုတ်ဆက်ပါတယ် ဆာ”

“သက်တောင့်သက်သာ နေပါ၊ ငါတို့အားလုံးက ညီအစ်ကိုတွေကပဲကို၊ ဒီလိုလုပ်ဖို့ မလိုဘူး”

လင်းအောင်က လက်ခါ၍ ဝူယွဲ့ကို ပြုံးကာ ကြည့်လိုက်သည်။

“မဆိုးဘူး၊ ငါ မင်းကို ဒီအတောအတွင်း မတွေ့မိဘူး၊ အခု မင်းက အဖွဲ့ခေါင်းဆောင်တောင် ဖြစ်နေပြီ”

ဝူယွဲ့က ခေါင်းကုတ်နေ၏။

“ဟဲဟဲ ခင်ဗျားတို့ ခေါင်းဆောင်နှစ်ယောက်လောက်တော့ မတော်ပါဘူး၊ အထူးသဖြင့် အမြဲတမ်း ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ် ဖြစ်နေတဲ့ ခေါင်းဆောင်ရဲ့ပေါ့”

“မင်း သိပ်တော်တယ်၊ မင်း အများကြီး တိုးတက်ခဲ့တာပဲ”

ရဲ့လင်းချန်က ဝူယွဲ့ကို ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။

ထိုအဖွဲ့သည် ရဲ့လင်းချန် စစ်သည်တော်ဌာနသို့ ပထမဆုံး ဝင်ရောက်ခဲ့စဉ်က တွေ့ခဲ့သော အဖွဲ့ ဖြစ်သည်။ ထိုအဖွဲ့၌ စုစုပေါင်း ဆယ့်ငါးယောက် ရှိသည်။ စစ်သည်တော်ဌာန၌ ရွေးချယ်ခံရပြီးနောက် သူတို့သည် နဂါးအဖွဲ့၏ အထူးလေ့ကျင့်ရေးသို့ အတူတကွ ဝင်ရောက်ခဲ့ပြီး ဝူယွဲ့က အဖွဲ့ခေါင်းဆောင်အနေနှင့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။

လက်ရှိတွင် သူတို့သည် ရဲ့လင်းချန်အား စိတ်အားထက်သန်၍ တက်ကြွသော အကြည့်များဖြင့် ကြည့်နေကြသည်။ တစ်ယောက်ချင်းစီက ရဲ့လင်းချန်ကြောင့်သာ မဟုတ်လျင် သူတို့ ထိုအဆင့်ကို ကျော်နိုင်မည် မဟုတ်ဟု ပြောပြ ကြသည်။ သူတို့၏ စိတ်ဓာတ်ကို ရဲ့လင်းချန်က အလွန် တိုးတက်စေခဲ့ပြီး စိတ်ရောကိုယ်ပါ တိုးတက်စေ ခဲ့လေသည်။

“မင်းတို့ ဘာလုပ်နေတာလဲ”

ထိုသို့သောအချိန်၌ အော်ငေါက်သံတစ်သံ ထွက်ပေါ်လာပြီး လူတိုင်း မသိမသာ အံ့ဩသွားကြသည်။

သို့သော် စစ်ဝတ်စုံနှင့် လူတစ်ယောက် ခပ်သုတ်သုတ် လျှောက်လာနေသည်ကို သူတို့ မြင်လိုက်ရသည်။ သူ့မျက်နှာက တည်နေပြီး မျက်လုံးများက စူးရှတောက်ပကာ ခန္ဓာကိုယ်တစ်ခုလုံးက ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါကို သယ်ဆောင်ထားသည်။ သူက ဝူယွဲ့နှင့် အခြားသူများကို စိုက်ကြည့်သည်။

“မင်းတို့ ဒီမှာ ပြဇာတ်ကြည့်ဖို့ စုဝေးနေတာလား၊ မင်းတို့ တာဝန်တွေကို ပြီးအောင် လုပ်ပြီးပြီလား”

“မပြီးသေးပါဘူး ဆာ”

ဝူယွဲ့က ချက်ချင်း ခန္ဓာကိုယ် တုန်ယင်သွားသည်။

“တောင်းပန်ပါတယ် ဆာ”

“ဒါ မင်းတို့ ပြန်စားမြုံ့ပြန်ရမယ့် နေရလား၊ ဒါမှမဟုတ် မင်းတို့က စစ်သည်တော်ဌာနက ခေါင်းဆောင် တစ်ယောက်ကို သိတာနဲ့ပဲ လျော့လျော့ပေါ့ပေါ့ နေလို့ရတယ်လို့ တွေးနေတာလား”

ထိုလူက ရဲ့လင်းချန်နှင့် လင်းအောင်ကို အပြစ်တင်ချင်သကဲ့သို့ ကြည့်လေသည်။

“မဟုတ်ပါဘူး ဆာ”

ဝူယွဲ့က ချက်ချင်း ပြောသည်။

“ကျွန်တော်တို့ တာဝန်ကို အခုချက်ချင်း ဆက်လုပ်ပါ့မယ်”

ဝူယွဲ့နှင့် အခြားသူများ ထွက်သွားသောအခါ ထိုလူက ရဲ့လင်းချန်နှင့် လင်းအောင်ကို ကြည့်လာသည်။

“ကျန့်ယွီ၊ အလယ်အလတ်အဆင့် စောင့်ကြပ်သူ”

သူ့ကိုယ်သူ မိတ်ဆက်ပုံ ပေါ်သော်လည်း သူ့စကားနှင့် လေသံက အထက်စီးဆန်၍ ဖိနှိပ်ချင်သော အရိပ် အယောင်များ ပါဝင်နေသည်။ လင်းအောင်နှင့် ရဲ့လင်းချန်တို့ နှစ်ယောက်လုံးသည် အမြင့်တန်းအဆင့် စစ်သည်တော်များသာ ရှိသောကြောင့် ရာထူးက သူ့ထက် နိမ့်နေသေးသည်။

ယေဘုယျအားဖြင့် ပြောရလျင် ခေါင်းဆောင်တစ်ယောက်အား တွေ့လျင် အလေးပြုရပေသည်။

“ခေါင်းဆောင်ကျန်းကို နှုတ်ဆက်ပါတယ်”

လင်းအောင်က အသာပြုံးလိုက်ပြီးနောက် ငြိမ်နေပြီးမှ ဆက်ပြောသည်။

“ဒါ ကျွန်တော့်ညီလေး ရဲ့လင်းချန်ပါ၊ ညီလေးရဲ့က တာဝန်အတွင်း ဒဏ်ရာ အပြင်းအထန် ရထားတာကြောင့် အလေးပြုဖို့ မဖြစ်လို့ပါ”

လင်းအောင်က ထိုကျန့်ယွီနှင့် အဆင်မပြေမှန်း သိသာလှသည်။

“ဒါဆို မင်းက ရဲ့လင်းချန်ပေါ့”

ကျန့်ယွီက ရဲ့လင်းချန်ကို ကြည့်လာသည်။

“မင်းနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ အများကြီး ငါ ကြားဖူးတယ်၊ အဲ့ဒါတွေက အံ့ဩဖို့ ကောင်းလွန်းလို့ အမှန် ဟုတ်၊ မဟုတ်တောင် ငါ မသိဘူး၊ ဒါပေမဲ့ ဒီတာဝန်က အရမ်း စိတ်ပျက်ဖို့ ကောင်းတယ်”

ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားပြီး ဘာမှမပြောချေ။

လင်းအောင်က ပြောလိုက်သည်။

“ဟဲဟဲ … ညီလေးရဲ့က တာဝန်အတွင်း မျိုးရိုးဗီဇ ကုမ္ပဏီရဲ့ အကြံအစည်ကို ဖျက်ဆီးခဲ့တာလေ၊ အရမ်း အန္တရာယ်များပြီး မသေချာတဲ့ အကြောင်းရင်းတွေကို ရှင်းလင်းခဲ့တယ်၊ မရေတွက်နိုင်တဲ့ သန္ဓေပြောင်း သားရဲတွေနဲ့ သန္ဓေပြောင်း စစ်သည်တော်တွေကို သတ်ခဲ့ပြီးတော့ကလေး ငါးဆယ့်သုံးယောက် နီးပါးကို ကယ်ခဲ့တာလေ၊ ခေါင်းဆောင်ကျန့်က ဘာပြောချင်တာလဲဆိုတာကို ကျွန်တော် သိချင်မိတယ်”

“ပထမဆုံးအချက်က ဒီက အခြေအနေကို သိတာနဲ့ ဘာလို့ သူက ဌာနချုပ်ကို ချက်ချင်း သတင်းမပို့တာလဲ၊ သူ အမှတ်လိုချင်နေလို့ဆိုတာ အသိသာကြီးပဲ”

“ဒုတိယအချက်က သူသာ တစ်ယောက်တည်း မလှုပ်ရှားရင် အကူအညီ ရောက်လာတာနဲ့ တစ်ဖက်လူက ထွက်ပြေးနိုင်မှာ မဟုတ်ဘူး၊ ဒါက ငါတို့တာဝန် ပြီးဆုံးမှုနှုန်းကို ပိုတောင် တိုးစေဦးမယ်”

“တတိယအချက်က စုစုပေါင်း သုတေသနသမား ခြောက်ယောက် အသတ်ခံရပြီးတော့ တစ်ယောက်မှ အသက်မရှင်ဘူး၊ ဒါ လက်မခံနိုင်စရာပဲ”

“စတုတ္ထအချက်က တာဝန်ပြီးသွားပြီးတော့ ဘာလို့ အထက်လူကြီးရဲ့ ခွင့်ပြုချက် မပါဘဲ မင်းတို့နှစ်ယောက်ထဲ အဆောက်အဦးထဲကို သီးသန့်ဝင်သွားတာလဲ”

စုစုပေါင်း မေးခွန်းက လေးခုဖြစ်ပြီး အားလုံးက ကြမ်းကြုတ်လွန်းသည်။

“ခင်ဗျားမေးခွန်းတွေကို ကျုပ် ဖြေမယ်”

လင်းအောင် ဘာမှမပြောနိုင်ခင်မှာပင် ရဲ့လင်းချန်က အသာ တင်ပြောလိုက်သည်။

“ပထမနဲ့ ဒုတိယမေးခွန်းတွေနဲ့ စလိုက်တာပေါ့၊ ဒီအခြေအနေမှ တာဝန်ကို ပြီးအောင် လုပ်နိုင်တဲ့ အရည်အချင်း ရှိတဲ့သူက ကျုပ်တစ်ယောက်တည်းပဲ ရှိတယ်၊ ကျုပ်တို့ အကူအညီကို စောင့်နေရင် တပ်ကူက ကျုပ်တို့ကို ဆွဲထားသလို ဖြစ်ပြီး အသုံးဝင်မှာ မဟုတ်ဘူး”

“တတိယမေးခွန်း၊ ဒီလူတွေရဲ့ အပြစ်ကို သေခြင်းတရားက မရှင်းလင်းပေးဘူး၊ သူတို့ကို ကျုပ် မသတ်ရင် သူတို့ သေမှာ မဟုတ်ဘူး”

ဤလူစုသည် ရက်စက်သော သုတေသနများကို လုပ်ခဲ့သော်လည်း သူတို့သည် ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ အဖြစ် စာရင်းဝင်သည်။ ထို့အပြင် သူတို့သည် ဂျပန်နိုင်ငံမှ အကျော်အမော်များ ဖြစ်သည်။ အကယ်၍ ရဲ့လင်းချန်က သူတို့ကို မသတ်လျင် အခြေအနေကို အများပြည်သူထံ ကြေညာနိုင်မည့် နည်းလမ်း ရှိမည် မဟုတ်ပါ။ ဤလူများကို ရှင်လျက်ဖမ်းခဲ့လျင် တရုတ်နိုင်ငံက သူတို့ကို သေဒဏ်ပေးခွင့် ရှိမည် မဟုတ်ပါ။ ထို့ကြောင့် သူတို့အသတ်ကို နုတ်ယူရန် ရဲ့လင်းချန် မတွေဝေခဲ့ခြင်း ဖြစ်သည်။

“လေးခုမြောက် မေးခွန်းအတွက် အဖြေကတော့ ဒီတာဝန်ကို ကျုပ် တစ်ယောက်တည်း ပြီးအောင် လုပ်ခဲ့တာ၊ ဒါကြောင့် ဒီတာဝန်ကျ နေရာကို ကျုပ်ဘာသာ ဝင်ပိုင်ခွင့် ရှိတယ်၊ အကြောင်းပြချက်ကိုတော့ ကျုပ် မပြောနိုင်ဘူး”

ပါးကိုက်ရင် နားပြန်ကိုက်ရမှာပင်။

ကျန့်ယွီ၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး ရဲ့လင်းချန်အား စေ့စေ့ကြည့်လာ၏။

“မင်းရဲ့ခွန်အားကို မင်းက အထင်မှားနေတဲ့ပုံပဲ၊ ဒီနားလည်မှုလွဲတာကို ငါ ကူညီဖြေရှင်းပေးဖို့ ဝန်မလေးဘူး”

ရဲ့လင်းချန်၏ စကားများက မာကျောလွန်းလှသည်။ အထူးသဖြင့် ပထမနှင့် ဒုတိယမေးခွန်းအတွက် အဖြေပင်။ ကျန့်ယွီက သူ့လမ်းကို လာပိတ်နေလိမ့်မည်ဟု အတိုချုပ်၍ ပြောလိုက်လုနီးပါးပင်။

ရဲ့လင်းချန်က အမှန်ကို ပြောနေခြင်းဖြစ်ကြောင်း ကျန့်ယွီ မသိနိုင်ပါ။ အကြီးအကဲ ဟီရှိုရှီက ဘယ်လောက် သန်မာလဲ ဆိုသည်ကို သူ တွေးပင် တွေးကြည့်နိုင်မည် မဟုတ်ပေ။ တကယ်တမ်းတွင် အကြီးအကဲ ဟီရှိုရှီ မဆိုထားနှင့် သုံးထပ်မြောက်က သန္ဓေပြောင်း စစ်သည်တော် တစ်ယောက်ပင် ကျန့်ယွီအား အသာလေး နှိပ်စက်နိုင်၏။ ထို့ကြောင့် စစ်သည်တော်များစွာ ရောက်လာခြင်းက အသုံးမဝင် ဖြစ်မည့်အပြင် ဝန်ထုပ်ဝန်ပိုးပင် ဖြစ်လာပေလိမ့်မည်။

ရဲ့လင်းချန်က ခေါင်းခါ၍ ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။

“ခွန်အားကို အထင်လွဲနေတဲ့လူက ခင်ဗျားပဲ”

သို့သော် ထိုအရေးမစိုက်သော လေသံက ကျန့်ယွီ၏ စိတ်ထဲမှ ဒေါသကို အဆုံးစွန်ထိ ပွက်ပွက်ဆူလာအောင် လုပ်သွားလေသည်။

သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ရဲ့လင်းချန်အား စူးစူးရဲရဲ စိုက်ကြည့်နေသည်။

ကျန့်ယွီ ဒေါသထွက်လာသော်လည်း ရဲ့လင်းချန်က မဖြုံချေ။ သူတို့၏ စိတ်နေစိတ်ထား ကွာခြားမှုက လက်ရှိတွင် မတိုးသာ မဆုတ်သာ အခြေအနေ ဖြစ်သွားစေပြီး ပတ်ဝန်းကျင် လေထုအား တင်းမာလာစေသည်။ ယင်းက အခြား စစ်သည်တော်များအား အသက်ပင် ကျယ်ကျယ်မရှူရဲတော့အောင် ဖြစ်သွားစေ၏။

“သတင်းပို့ပါတယ် ဆာ”

အခြေအနေက အဆောက်အဦးအပြင်သို့ ပြေးထွက်လာသည့် စစ်သည်တော်တစ်ယောက်က ချိုးဖျက်သွားသည်။

“လေးထပ်မြောက်မှာ အကောင်းပကတိ ဖြစ်နေတဲ့ ဖန်ပြောင်းချောင် တစ်ခုကို ရှာတွေ့ပါတယ်၊ အကြို စစ်ဆေးချက်အရ အထဲမှာ သန္ဓေပြောင်း စစ်သည်တော်တစ်ယောက် ရှိတယ်လို့ ပြသနေပါတယ်”

“စစ်သည်တော်တွေမှာ သူတို့ရဲ့ သိုင်းပညာပဲ ရှိတယ်၊ အခု မင်းတာဝန်ကို ပြီးမြောက်ထားတာဆိုတော့ ငါ အခု မင်းကို အပြစ်မပေးတော့ဘူး၊ နောက်တစ်ခါ ငါ မင်းကို တွေ့ရင် မင်း ပြင်ဆင်ထားမယ်လို့ ငါ မျှော်လင့်တယ်”

ကျန့်ယွီက အေးစက်စွာ ပြောပြီး အဆောက်အဦးထံသို့ လျှောက်သွားသည်။

“ဖန်ပြောင်းချောင်ကို ပေါ့ပေါ့ဆဆ မကိုင်တာ ပိုကောင်းတယ်၊ အထဲက အရာက မင်း ရင်ဆိုင်နိုင်တဲ့ အရာ မဟုတ်ဘူး”

ရဲ့လင်းချန်က အေးအေးလူလူ ပြောလိုက်သည်။

ခပ်လှမ်းလှမ်းမှ ကျန့်ယွီက ပျက်ရယ်ပြုလေသည်။

“ဟမ့် … ရေတွင်းအောက်က ဖားကများ”

…

All Chapters