← Chapters

မဟာတရုတ်နိုင်ငံကြီးကို အားဖြည့်ပေးတာပဲ

Vol. 35 Ch. 524

မဟာတရုတ်နိုင်ငံကြီးကို အားဖြည့်ပေးတာပဲ

Vol. 35 Ch. 524

ဝေ့ပေါ်အပြင် WeChat Moments တွင်လည်း ဆူညံနေ၏။ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့်သူများက သူတို့၏ မိတ်ဆွေများအား သိအောင် တင်၍ ပြောကြသည်။

[ညီအစ်ကို မောင်နှမတို့၊ ငါ သေရေးရှင်ရေးနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုတာကို မင်းတို့ သိကြလား၊ ဒီနေ့ည အဲ့ဒီ သားရဲတွေ တိုက်ခိုက်တာ ခံရတဲ့သူတွေထဲမှာ ငါ ပါတယ်၊ ငါ သေတော့မယ်လို့ ထင်ပြီး ဘောင်းဘီထဲ သေးပေါက်ချမိမတတ် ကြောက်ခဲ့တာ၊ စူပါမန်းဝိုင်က အချိန်မီ ရောက်လာလို့ တော်သေးတယ်, ငါ ကြောက်ခဲ့ ပင်မယ့် ကံကောင်းလွန်းပါတယ်၊ ဘာလို့လဲဆိုတော့ ငါ စူပါမန်းဝိုင်နဲ့ တွေ့ခဲ့ရတယ်လေ၊ ပြီးတော့ ငါ့စံပြပုဂ္ဂိုလ်က သိပ်ချောတာ၊ သူက ရုပ်ရှင်တွေထဲက စူပါမန်းထက် အဆတစ်ထောင် … တစ်သောင်းမက ပိုချောတယ်ကွ]

ချက်ချင်းဆိုသလိုပင် လိုက်ခ်လုပ်သူ များစွာ ရှိလာပြီး မှတ်ချက်ပေါင်းများစွာ ရေးသာလာကာ ကံကောင်းကြောင်း ပြောဆိုကြသည်။

နောက်ထပ် နာမည်ကြီးနေသည့် မီဒီယာမှာ TikTok ဖြစ်လေသည်။ လူတော်တော်များများသည် ဖြစ်ပျက် ခဲ့သည်ကို ဗွီဒီယိုရိုက်ကူးပြီး ပြန်တင်ခဲ့သည်။

သူတို့၏ ဗွီဒီယိုများက အချိန်မကြာသော်လည်း ဗွီဒီယိုတစ်ခုချင်းစီက ကျောချမ်းဖွယ် ကောင်းလှသည်။ ထို့နောက် ဉာဏ်ကောင်းသောသူများက နောက်ခံ တေးဂီတပင် ထည့်လိုက်သေးသည်။

မူလဗွီဒီယိုမှာ သားရဲများ၏ အသွင်အပြင်ကို ပြသထားသည်။ နောက်ခံတေးဂီတက ပြင်းထန်ပြီး လူတို့၏ အော်သံများက အလွန်အမင်း ကြောက်လန့်ဖွယ် ကောင်းလှသည်။

နောက်ထပ် ဗွီဒီယိုတစ်ခု၌ ရဲ့လင်းချန် ပေါ်လာပြီး ကလေးမလေးကို အချိန်မီ ကယ်တင်ခဲ့ပုံကို ပြသထားသည်။ ထိုဗွီဒီယိုမှ နောက်ခံတေးဂီတသည် လူတို့အား စိတ်အားထက်သန်မှုတို့နှင့် ပြည့်နှက်လာစေသည်။

[ငါ ပြောရင် မင်းတို့ ယုံချင်မှ ယုံမယ်၊ တကယ်တော့ ငါက TikTok က ဇာတ်လမ်းကို ကြည့်နေတာ]

[သောက်ကျိုးနည်း၊ ဒါ ဘာဇာတ်လမ်းမျိုးလဲ၊ အစစ်နဲ့ နည်းနည်း တူလွန်းနေတယ် မဟုတ်လား၊ သူတို့က စူပါမန်းဝိုင်ကိုပါ သုံးထားလိုက်သေးတယ်၊ ဒါ စည်းကမ်းချိုးဖောက်တာ မဟုတ်လား]

[သေစမ်းကွာ၊ တစ်ယောက်ယောက် ဗွီဒီယိုအပြည့်အစုံကို တစ်ခါလောက် မတင်နိုင်ဘူးလား၊ ငါ ဒုတိယပိုင်းကို ကြည့်ပြီးပြီ၊ နောက်တစ်ပိုင်းကို ငါ တောင်းဆိုပါတယ်ကွာ]

[အပေါ်ကလူ၊ ပြောင်မနေနဲ့၊ ဒါ ဇာတ်လမ်းမဟုတ်ဘူး၊ အစစ်ကွ]

[မင်း ငါ့ကို နောက်နေတာ မဟုတ်တာ သေချာလား၊ တကယ်ကြီးလား]

[မင်းတို့အားလုံး ဘယ်လောက်ထိ သတင်းရတာ နောက်ကျနေတာလဲ၊ ဝေ့ပေါ်မှာ ဆူညံနေတာ ကြာလှပြီ၊ လူတော်တော်များများကတောင် အတည်ပြုပြီးပြီ၊ ဒါ တကယ်ကွ]

[ဗွီဒီယိုထဲက လူက တကယ့် စူပါမန်းဝိုင်ပဲ၊ သူ့လှုပ်ရှားပုံက ချောလွန်းတယ်၊ ငါ သူ့ကို ချစ်တယ်၊ သူ့ကို ချစ်တယ် …]

လူတိုင်း အင်တာနက်ပေါ်မှ သတင်းများကို အသည်းအသန် ပြောဆိုနေချိန်တွင် မမျှော်လင့်သော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ ယင်းမှာ စစ်သည်တော်ဌာန သတင်းမီဒီယာက ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

စစ်သည်တော်ဌာန သတင်းမီဒီယာသည် စစ်သည်တော်ဌာန၏ သတင်းဌာနတစ်ခု ဖြစ်သည်။ ၎င်း၏အသံက စစ်သည်တော်ဌာနကို ကိုယ်စားပြုပြီး ၎င်းတို့က ကြေညာချက်များ ထုတ်ပြန်ခဲသည်။

မတော်တဆမှုက အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပြီး မကြာခင်မှာပင် လူတိုင်း သိရှိခဲ့သည်။ ၎င်းကို ဖုံးရန် မဖြစ်နိုင်လုနီးပါး ဖြစ်သွားခဲ့သဖြင့် ဖုံးထားမည့်အစား ထုတ်ပြောလိုက်သည်က ပိုကောင်းပေသည်။

“သဘာဝ ပတ်ဝန်းကျင်က ပိုဆိုးလာခဲ့ပြီးတော့ လေထုညစ်ညမ်းမှုကလည်း ပိုပိုပြီး ဆိုးရွားလာခဲ့တယ်၊ အချို့သော တိရစ္ဆာန်တွေက သူတို့ရဲ့ ရှေးတုန်းက ပုံစံတွေ ပြန်ပေါ်လာပြီး မြို့ထဲမှာတောင် ပေါ်လာကြတယ်၊ ဒါပေမဲ့ သူတို့ကို နှိမ်နင်းပြီးပြီမို့လို မကြောက်ကြပါနဲ့၊ ငါတို့ အမြဲတမ်း မင်းတို့ကို ကာကွယ်နေမှာပါ”

အောက်တွင် ဓာတ်ပုံတစ်ပုံကို တွဲ၍ တင်ထားသည်။ ယင်းမှာ စစ်သည်တော်ဌာန၏ အမှတ်တံဆိပ်ပင်။

အမှန်တရားကို ပြောပြ၍ မဖြစ်သောကြောင့် သူတို့သည် အလှည့်အပြောင်းလုပ်၍ အမှန်တစ်ဝက် မုသား တစ်ဝက်ဖြင့် ကြေညာခဲ့သည်။

သတင်းက အတိုချုံး ဖြစ်သော်လည်း ၎င်းက ခန့်မှန်းမရအောင် ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့ပြီး လူတိုင်းအား ခေါင်းနားပမ်းကြီးကာ သွေးပွက်ပွက် ဆူလာစေသည်။

[အတည်ပြုတာပဲ၊ အတည်ပြုလိုက်တာ]

[လခွမ်း စစ်သည်တော်ဌာနက ရှေ့ထွက်လာတယ်ဟ၊ စစ်သည်တော်ဌာနက ကြေညာချက် ထုတ်တယ်]

[မိုက်တယ်၊ ဒါကြီးက မိုက်လွန်းတယ်၊ တရုတ်ပြည်မှာ နေရတာက ငါ ကံကောင်းလွန်းသွားပြီ၊ မင်း ကာကွယ် ပေးတာကို ရနေလို့ ငါ ကံကောင်းတာပဲ]

[ဒါကြီးက တကယ်ကို သန္ဓေပြောင်း သားရဲပဲ၊ သောက်ကျိုးနည်း၊ ငါ အိပ်မက်ထဲမှာ နေနေရတယ်လို့ ဘာလို့ ခံစားမိနေရတာပါလိမ့်]

[မာမာမီယာ … စူပါမန်းဝိုင် ရောက်လာလို့ တော်သေးတယ်၊ မဟုတ်လို့ကတော့ အကျိုးဆက်တွေက ဆိုးရွားပြီး ကြောက်ဖို့ ကောင်းလောက်တယ်]

[ဒီသတင်းက ငါ့ကို ငိုအောင် လုပ်တာပဲ၊ ငါ အရမ်း ခံစားချက်တွေ များနေတယ်၊ ငါ ရုတ်တရက်ကြီး အရမ်း ဝမ်းသာသွားသလို ခံစားရတယ်၊ ငါတို့ စူပါမန်းဝိုင်ကို ရထားလို့ ကံကောင်းတယ်]

[ငါ ဒီသတင်းကို မြင်တုန်းက လုံးဝ သွေးမပျက်ဘူး၊ ငါ နည်းနည်းတောင် ရယ်မိသွားတယ်၊ ငါတို့မှာ စစ်သည်တော် ဌာနနဲ့ စူပါမန်းဝိုင် ရှိနေတာကို ဘာလို့ ကြောက်ဖို့ လိုမှာလဲ]

[နေပါဦး … စစ်သည်တော်ဌာနက ပြောလာတယ်ဆိုတော့ စူပါမန်းဝိုင်က စစ်သည်တော်ဌာနနဲ့ တစ်ခုခု ပတ်သက် နေတယ်လို့ ပြောချင်တာလား၊ သေချာစဉ်းစားကြည့် အဲ့ဂုဏ်ယူစိတ်ကို ခံစားမိလား]

[စူပါမန်းဝိုင်က အံ့ဩဖို့ကောင်းလိုက်တာ၊ သူက ငါတို့ရဲ့ ကြီးမြတ်တဲ့ တရုတ်ပြည်ကြီးကို အားဖြည့်ပေး လိုက်တာပဲ]

…

ယနေ့ညသည် အိပ်မရသော ညတစ်ညဖြစ်ရန် ကံပါနေ၏။ လူတော်တော်များများက စိတ်အလှုပ်ရှားလွန်ပြီး သူတို့၏ မိတ်ဆွေများကို ဖုန်းခေါ်၍ သတင်းကို ဝေမျှကြသည်။

မြို့တော်ရှိ အသားကင်ဆိုင်၌ လူငယ်များစွာက စုဝေးထိုင်၍ သူတို့၏ အသားကင်များကို စားနေကြသည်။ စားပွဲပေါ်တွင် ဘီယာပုလင်း နှစ်ပုလင်း ရှိနေပြီး စားသောက်ရင်း လေလုံးထါားနေကြသည်။ သူတို့ စကားဝိုင်း၏ အကြောင်းအရာက စူပါမန်းဝိုင်အကြောင်းပင်။ ထို့အပြင် အသားကင်ဆိုင်၌ တပ်ထားသည့် တီဗွီကလည်း သားရဲများ တိုက်ခိုက်သည့် မြင်ကွင်းကို ပြသနေသည်။ ဆိုင်ထဲမှ လူတိုင်းသည် စိတ်အားထက်သန်စွာ ကြည့်နေ ကြပြီး အကြီးအကျယ် ထိတ်လန့်နေ၏။

“လခွမ်း ငါတို့မြို့မှာ စူပါမန်း ရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ မိုက်လိုက်တာကွာ”

“ဟုတ်တယ်၊ သေရေးရှင်ရေး ဖြစ်လာတိုင်း သူက လူကယ်ပေးတယ်၊ သူက ရုပ်ရှင်ထဲက အခန်းတွေထက် ပိုလန့်စရာ ကောင်းတာတွေကို လုပ်တာပဲ”

“ငါတို့နိုင်ငံက တိုးတက်နေတယ်လို့ ငါ အမြဲ ခံစားနေရတယ်၊ အဲ့ဒီဝိုင်တွေထဲမှာ အံ့ဩဖို့ မကောင်းတဲ့သူ ရှိရဲ့လား၊ အချိန်က လူကို မွေးဖွားပေးတယ်ဆိုတဲ့ စကားလိုပဲ၊ ဒါပေမဲ့ အခုက သူရဲကောင်းတွေ အများကြီး ပေါ်နေတာပဲ”

“ဟုတ်တယ်၊ ငါလဲ အဲ့လို ထင်တယ်၊ ဒါပေမဲ့ ဒါက ကောင်းတဲ့ကိစ္စပဲလေ၊ ငါ ဂုဏ်ယူတယ်”

“ကြီးမြတ်တဲ့လူတွေက ကြီးမြတ်တဲ့ အချိန်ကာလမှာ မွေးဖွားကြတာပဲ၊ ငါ့နိုင်ငံအတွက် ငါ ဂုဏ်ယူတယ်”

…

ရဲ့လင်းချန်သည် မသိလိုက်ခင်မှာပင် ထပ်မံ၍ နာမည်ကြီးလာပြန်သည်။

လက်ရှိတွင် ကောင်းကင်သည် မသိမသာ တောက်ပလာပြီး စစ်သည်တော်ဌာန၏ အလုပ်သည်လည်း အဆုံးသတ် သွားလေသည်။ သူ့အတွက် ဤနေရာ၌ ဆက်နေရန် မလိုအပ်တော့သဖြင့် သူ ထွက်လာလိုက်သည်။

သို့သော် ရဲ့လင်းချန် မသွားခင်မှာပင် လင်းအောင်က သူ့ထံမှ အကူအညီ တောင်းလာသည်။ သူတို့၌ လူအား နည်းနေသဖြင့် အဖမ်းခံထားရသည့် ကလေးငယ်များအား ရဲစခန်းသို့ ပို့ရန် ရဲ့လင်းချန်၏ အကူအညီ လိုအပ်နေသည်။

၎င်းသည် အားမစိုက်ရသော အသေးအဖွဲ ကိစ္စလေး ဖြစ်သဖြင့် ရဲ့လင်းချန် ချက်ချင်း ခေါင်းညိတ်၍ သဘောတူ လိုက်သည်။

ထို့နောက် သိုင်းပညာရှင် တစ်ယောက်က ရဲ့လင်းချန်နှင့် ကလေးငယ်များအား မြို့လယ်ခေါင်၏ ရဲစခန်းသို့ ပို့ပေးလေသည်။

ရဲစခန်းသို့ ရောက်သောအခါ အရှေ့မှ မြင်ကွင်းက ရဲ့လင်းချန်ကို အံ့ဩသွားစေသည်။

တစ်နိုင်ငံလုံးမှ ရဲစခန်း၏ ပုံစံသည် အတူတူ ဖြစ်သည်။ သို့သော် ရဲစခန်း၌ လူပေါင်းများစွာက အပြင်၌ ထိုင်နေကြပြီး အများစုသည် မျက်လုံးများ နီရဲကာ မို့တက်နေ၏။ သူတို့သည် မျက်ရည်များ စီးကျနေကာ စိတ်ဓာတ် ကျနေပုံ ပေါ်နေသည်။

ဘေးပတ်ဝန်းကျင်၌ အနည်းဆုံး လူတစ်ရာမက ရှိလေသည်။ ဝင်ပေါက်အား လူအုပ်ကြီးက ပိတ်ဆို့ထားသည်။

လူအုပ်ထဲ၌ ဆံပင်ဖြူနေသော အဘိုး၊အဘွားများကိုလည်း ရဲ့လင်းချန် မြင်နေရသည်။ တစ်မိသားလုံး ရောက်နေပုံ ရသည်။ ထိုသက်ကြီးရွယ်အိုများ၏ မျက်လုံးတွင် စိုးရိမ်ပူပန်သော အကြည့်များ ရှိနေပြီး အချိန်နှင့်အမျှ သက်ပြင်း ချနေကြသည်။

လူတစ်ချို့ဆိုလျင် မြေကြီးပေါ်၌ ခေါက်မွေ့ရာပင် ဖြန့်ထားသေးသည်။

အလွန် ရှုပ်ယှက်ခပ်နေသော မြင်ကွင်းဖြစ်သော်လည်း သနားကရုဏာသက်စရာ ကောင်းလှသည်။

*ဒီလူတွေက ပြဿနာရှာဖို့ ရောက်နေတာများလား*

ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားပြီး ကားထဲမှ ခပ်မြန်မြန် ဆင်းလိုက်သည်။ ရှုနန်ကို သတင်းပို့ထားပြီး ဖြစ်သဖြင့် သူမ ရောက်လာသည်ကို သူ စောင့်နေလိုက်သည်။

တစ်ချက်မျှ ဝေ့ကြည့်ပြီးနောက် ရဲ့လင်းချန်သည် အဘွားအိုတစ်ယောက်နားသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။

ထိုအဘွားအိုသည် တစ်ယောက်တည်း ဖြစ်ပုံရပြီး မျက်လုံးထောင့်၌ ပါးရေနားရေများ တွန့်နေ၏။ သို့သော် သူမမျက်လုံးများက အနည်းငယ် နီရဲနေပြီး တော်တော်ကြာအောင် အနားမယူထားသည့်ပုံပင်။ ဤသို့သော အခြေအနေက လူကြီးပိုင်းအတွက် ထိခိုက်စေနိုင်သည်။

“အဘွား ဒီလောက် နောက်ကျနေပြီကို ဘာလို့ အိမ်ပြန်မအိပ်တာလဲ၊ အဘွားတို့အားလုံး ဒီမှာ ဘာလုပ်နေ ကြတာလဲ”

ရဲ့လင်းချန် မေးလိုက်သည်။

“ငါ့မြေးလေးကို ရှာဖို့ ရောက်နေတာ”

ထိုအကြောင်း ပြောသည်နှင့် အဘွားအို၏ မျက်လုံးတွင် မျက်ရည်များ ဝေ့တက်လာပြီး သူမ၏ အရေး အကြောင်းများက ပိုထင်းလာသည်။

သက်ကြီးပိုင်းများသည် များသောအားဖြင့် စကားများများ ပြောတတ်ကြသည်။ ရဲ့လင်းချန် များများစားစား မေးရန်ပင် မလိုအပ်ဘဲ သူမက သတင်းများ ပေးလာသည်။ သူမသည် အသစ်စက်စက် ဓာတ်ပုံတစ်ပုံကို ကိုင်ထားသည်။

“ဒါ ငါ့မြေးရဲ့ ပုံပဲ၊ ငါ အဝတ်လေး လဲဝတ်နေတုန်းပဲ ရှိသေးတာ၊ ငါ နောက်လှည့်လိုက်တာနဲ့ ငါ့မြေးက ပျောက်သွား လိမ့်မယ်လို့ ထင်မထားမိဘူး …

All Chapters