← Chapters

အထီးကျန်စွာ လျှောက်လှမ်းခြင်း (ခ)

Vol. 38 Ch. 565

အထီးကျန်စွာ လျှောက်လှမ်းခြင်း (ခ)

Vol. 38 Ch. 565

အကြောင်းကား တစ်စုံတစ်ယောက်သည် ထိုယဇ်ပလ္လင်တွင်ရပ်ကာ အပြင်သို့ လှမ်းကြည့်ပါက သူတို့ မြင်သည်မှာ ဒေသငယ်မြို့တော်မဟုတ်ဘဲ ‘ဘာမှမရှိခြင်း’ ဖြစ်ပေမည်။

ထိုဘာမှ မရှိခြင်းထဲ၌ နန်းတော်ယဇ်ပလ္လင်များ တည်ရှိသည်။

ထိုအခိုက်တွင် လူသုံးယောက်သည် အဖြူရောင်နန်းတော်ထဲ၌ ထိုင်နေကြ၏။

သူတို့နှစ်ဦးသည် မျက်နှာချင်းဆိုင်ထိုင်ကာ စစ်တုရင်ကစားနေကြပြီး အလယ်တွင်ကား နောက်တစ်ယောက်က စစ်တုရင်ခုံကို စိုက်ကြည့်နေ၏။

စစ်တုရင်ကစားနေသူသည်ကား ဓားကိုင်ရုံးတော်သခင်ပင် ဖြစ်ပေသည်။ သူနှင့် မျက်နှာချင်းဆိုင်တွင်ကား ပိုးဖဲကတီပါဝတ်ရုံကို ဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ် စာပေသမားတစ်ဦး ဖြစ်သည်။

သူ၏မျက်နှာမှာ အတော်လေးကြည့်ကောင်းကာ သိမ်မွေ့သော အငွေ့အသက်တစ်ခု ရှိသည်။ လက်ရှိတွင် သူသည် အနက်ရောင်နယ်ရုပ်တစ်ခုအား ကောက်ကိုင်ကာ စစ်တုရင်ခုံတစ်နေရာ၌ ချလိုက်သည်။ သူက လက်ချောင်းဖြင့်ပင် နယ်ရုပ်ကို ဆော့ကစားလိုက်သေးသည်။

“ရုံးတော်သခင်… ခင်ဗျားရဲ့ အကျိုးပြုမှုတွေက အရမ်းများလွန်းနေတယ်။ ခင်ဗျား မသိမထားရင် မိုးကုတ်စက်ဝန်းထဲကို ပျံတက်သွားတဲ့နဂါးလို ပြန်လမ်းရှာတွေ့မှာ မဟုတ်တော့ဘူး။”

“ခုနက ဓားကိုင်ရုံးတော်မှာ ပြောခဲ့တာတစ်ခုကတော့ အတော်လေးမှန်တယ်။”

ရုံးတော်သခင်က စစ်တုရင်ခုံကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။

“ဘာလဲ…”

ဝတ်ကောင်းစားလှဖြင့် စာပေသမားက ပြုံးလျက် မေးသည်။

“အမတ်ကြီး… ခင်ဗျားက ခွေးကောင်ပဲ။”

ရုံးတော်သခင်က စာပေသမားအား ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် အေးစက်စွာ ကြည့်သည်။

စာပေသမားသည်ကား ယောင်မိသားစု၏လက်ရှိခေါင်းဆောင် အမတ်ကြီးယောင် ဖြစ်ပေသည်။

သူက ထိုစကားကို ကြားသော်လည်း စိတ်ဆိုးဟန်မပြုပါ။ ၎င်းအစား သူက ရယ်မောလိုက်သည်။ ထို့နောက် သူက ထရပ်ကာ လက်နှစ်ဖက်ဆုပ်လျှက် ဘေးတွင် ရပ်နေသောလူအား ဦးညွှတ်လိုက်သည်။

“ဒေသအကြီးအကဲ… စစ်တုရင်ကစားပွဲက ပြီးသွားပြီ။ ဆက်ကစားလည်း မထူးတော့ဘူး။ သန့်စင်ရေလှိုင်းမျိုးနွယ်က လာလည်တာက ဒီအတိုင်း မိတ်ဖြစ်ဆွေဖြစ်သက်သက်ပဲ။ ကျုပ် အခုပဲ သူတို့ကို သွားတွေ့လိုက်ပါ့မယ်။”

ထို့နောက် အမတ်ကြီးယောင် ထွက်သွားသည်။ သူ၏နောက်ကျောသည် အမှောင်ထုထဲတွင် အထီးကျန်ဆန်သော အငွေ့အသက်များအား ပေးစွမ်းနေ၏။

စစ်တုရင်ကစားပွဲကို ကြည့်နေသူသည်ကား အဖိုးအိုတစ်ဦး ဖြစ်သည်။ သူ့ရုပ်သွင်မှာ သာမန်ဆန်ကာ အမူအရာမှာကား သိမ်မွေ့သည်။ သူ့ထံမှ မည်သည့်ဖိအားအရှိန်အဝါကိုမှ မခံစားရပါ။ သူက ထိုစကားကို ကြားလျှင် ပြုံးလျှက် ခေါင်းညိတ်သည်။

သူသည် ဖုန်းဟိုင်ဒေသငယ်အကြီးအကဲ ဖြစ်သည်။

“ဒေသအကြီးအကဲ… ကျုပ် သူ့ကို အခုထိ မယုံသေးဘူး။”

ထွက်ခွာသွားသော အမတ်ကြီးယောင်အား ကြည့်ကာ ရုံးတော်သခင်က တည်ငြိမ်စွာ ပြောသည်။

“အစ်ကိုလျန့်ရှို့…”

ဒေသအကြီးအကဲက ပြုံးလျက် ရုံးတော်သခင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်သည်။ ထို့နောက် သူက စစ်တုရင်ခုံကို ရှင်းလင်းကာ တည်ငြိမ်စွာ ပြောသည်။

“ခင်ဗျားက တမင်ပဲ မောက်မာတဲ့နဂါးတစ်ကောင်ရဲ့ အရှိန်အဝါကို ထုတ်ပြပြီးတော့ အတုအယောင်ကစားပွဲကို အစစ်အမှန်မဖြစ်လာဖို့ ယောင်ထျန်းယန်ကို သတိပေးတာ ကျုပ် နားလည်ပါတယ်။”

“ဒါပေမဲ့ ခင်ဗျားဟာ ပြတ်သားပြီးတော့ ရန်လိုတဲ့ပုံစံရှိနေချိန်မှာ အစ်ကိုထျန်းယန်ကတော့ မဟာမိတ်ဖွဲ့ဖို့ပဲ လိုလားတယ်။ ကျုပ်တို့သုံးယောက် ကြံစည်ထားတဲ့ လျှို့ဝှက်အစီအစဉ်ကိုပဲ ခင်ဗျားတို့နှစ်ယောက်ဟာ ရေနဲ့မီးလို အခြေအနေအဖြစ် ဖန်တီးခဲ့ကြတယ်။”

“ဒီနှစ်တွေမှာ အပြင်လူတွေဟာ ယောင်မိသားစုကို အရှက်မရှိတဲ့သူတွေ၊ ဦးနှောက်မရှိတဲ့သူတွေ၊ သစ္စာဖောက်တွေဆိုပြီးတော့ ကျိန်ဆဲနေခဲ့ကြတယ်။ သူတို့ကို မျိုးနွယ်ခြားတွေနဲ့ လက်ဆက်တဲ့အတွက် ခွေးတွေဝက်တွေထက် နိမ့်ကျကြောင်း ဆွဲရေးကြတယ်။”

“ဒီအစီအစဉ်ကို သိတဲ့ ယောင်မိသားစုဝင်အရေအတွက်ဟာ လက်ငါးချောင်းမပြည့်ဘူး။ ပြီးတော့ သိတဲ့သူတွေကလည်း ထုတ်ပြောလို့ မရဘူး။ သူတို့က ဒါကို ခါးခါးသက်သက်ပဲ သည်းခံကြရတယ်။ ယောင်ထျန်းယန်… ဒီအလေးအနက်မထားတတ်တဲ့ စာပေသမားဟာ အရင်တုန်းက နန်းမြို့တော်မှာ နာမည်ဂုဏ်သတင်းကျော်ဇောခဲ့သူတစ်ဦးပဲ။ သူဟာ ကြီးလေးတဲ့တာဝန်ဝတ္တရားတွေကို ထမ်းပိုးနိုင်တဲ့ ကောင်းကင်လက်ရွေးစင်တစ်ယောက်ပဲ။ သူဟာ ခင်ဗျားထက် ပိုပြီး နာကျင်ခံစားခဲ့ရတယ်။”

“အရာအားလုံးဟာ ကျုပ်အသုံးမကျလို့ ဖြစ်လာတာပဲ။ ကျုပ်ရဲ့ ဖုန်းဟိုင်ဒေသငယ်ဟာ မတည်ငြိမ်တာကြောင့်၊ ကျုပ်တို့ လူသားမျိုးနွယ်တွေ နိမ့်ကျလာတာကြောင့် ဒီအတုအယောင်ကစားပွဲကို ဟန်ပြင်ထားရတယ်။”

ရုံးတော်သခင် ငြိမ်ကျသွားသည်။ အတန်ကြာပြီးမှ သူသည် အဝေးကို ကြည့်ကာ တီးတိုးပြောသည်။

“ဒေသအကြီးအကဲ… ခင်ဗျားက ဒီလောက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမချလိုက်ပါနဲ့။ ခင်ဗျားရဲ့ ဇွဲကောင်းကောင်းနဲ့ စီမံခန့်ခွဲမှုကြောင့်သာ မဟုတ်ရင် ဖုန်းဟိုင်ဒေသငယ်ဟာ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ဝါးမျိုမှုကို ခံရတာ ကြာလှပြီပဲ။”

“ခင်ဗျား ပြောချင်တာကို ကျုပ် နားလည်ပါတယ်။ သူ ရင်ဆိုင်နေရတာတွေဟာ ကျုပ်ကြုံနေရတာထက် အများကြီး ပိုခက်ခဲတာကိုလည်း နားလည်တယ်။ ပြီးတော့ သူ့စတေးမှုတွေကိုလည်း ပိုပြီး နားလည်တယ်။ ဒါပေမဲ့ ယောင်မိသားစုဝင်တချို့ဟာ အမှန်တကယ်ပဲ သစ္စာဖောက်တွေ ဖြစ်သွားမှာ ကျုပ် စိုးရိမ်မိတယ်။”

“ခေါင်းဆောင်လုပ်သူဟာ စိတ်နှလုံးထဲမှာ လူသားစိတ်ဆန္ဒရှိသေးရင်တောင် သူဟာ နောက်လှည့်မရတော့ဘူး။ သူဟာ သန့်စင်ရေလှိုင်းမဟာအမတ်ကြီးဟောင်းလိုပဲ မူလဆန္ဒကို တခြားရွေးချယ်ရာမရှိဘဲ မေ့ဖျောက်ပစ်ရလိမ့်မယ်။”

ဒေသအကြီးအကဲ တိတ်ဆိတ်သွားသည်။ အတန်ကြာလျှင် သူက တီးတိုးပြောသည်။

“ဒါကို သိတဲ့ ခင်ဗျားတောင်မှ သံသယဝင်တာပဲ။ ဆိုလိုတာက သူဟာ သန့်စင်ရေလှိုင်းမျိုးနွယ်ကို အမှန်တကယ် လိမ်ညာဖို့ သိပ်မဝေးတော့ဘူးဆိုတာပဲ။”

ထိုအခိုက်တွင် ညသည် လုံးဝမှောင်မိုက်သွားပြီ ဖြစ်သည်။ ကံကောင်းသည်ကား လမင်းကြီးသည် ထိန်ထိန်သာနေကာ လူသားကမ္ဘာအား အလင်းများ ဖြန့်ကျက်ထားပြီး ၎င်းအလင်းများသည် အကျိုးထောင်ဌာန၏အပြင်ဘက်သို့ ကျဆင်းနေပါသေးသည်။

ရွှီချင်းတို့အား လိုက်ပါပို့ဆောင်ပြီးနောက် စီမံခန့်ခွဲရေးမှူးစစ်မာ ပြန်သွားသည်။

ခုန်ရှန်းလုံက ရင်းနှီးနေသော အကျိုးထောင်ဌာနအား ကြည့်ကာ သက်ပြင်းတစ်ချက်ချသည်။ ရှန်ဟယ်နှင့် တခြားလူများလည်း စိတ်ဓာတ်ကျသွားကြသည်။ ရွှီချင်းသည်သာ ရှေ့ကို လှမ်းသွားကာ သူတို့အား စောင့်နေသော နယ်ရုပ်များအား နှုတ်ဆက်သည်။ သူက ရှန်ဟယ်နှင့် တခြားလူများပေါ်သို့ အချုပ်အနှောင်များ ဝတ်ဆင်ပေးသည်ကို ကြည့်သည်။

သို့သော်လည်း သူ့တွင် မည်သည့်အချုပ်အနှောင်မှ မရှိပါ။

အမှန်တကယ်အားဖြင့် ရင်းနှီးသောနယ်ရုပ်တစ်ဦးက ရွှီချင်းအား အချုပ်အနှောင်တစ်ခုပေးသည်။

ထို့ကြောင့် ရွှီချင်းက ထိုအချုပ်အနှောင်အား ခုန်ရှန်းလုံကို ကိုယ်တိုင်ဝတ်ဆင်ပေးလိုက်သည်။

“ထင်တဲ့အတိုင်း ကွာတာပဲ…”

ခုန်ရှန်းလုံတို့က ထိုမြင်ကွင်းကို ကြည့်သည်။ ထိုနယ်ရုပ်များက ရွှီချင်းအား စကားပြောသောအခါ တစ်ဘက်တည်းသားများအလား ပြုံးရယ်သည်ကို သူတို့ တွေ့မြင်ကြရ၏။

သို့သော်လည်း သူတို့အပေါ်တွင်မူ မည်သည့်အမူအရာမှ မရှိကြပါ။

ထို့ကြောင့် လူတိုင်းက မနာလိုအားကျခြင်းများ ဖြစ်ရသည်။

ထိုနယ်ရုပ်များထဲတွင် လူအိုကြီးလီလည်း ပါဝင်သည်။ သူက ခုန်ရှန်းလုံတို့အား လှမ်းကြည့်ကာ ရွှီချင်းအား တီးတိုးပြောသည်။

“ဒီနေ့ ပြစ်ဒဏ်ခန်းမမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို ကြားတယ်။ သွားရအောင်… မင်းတို့အခန်း အသင့်ဖြစ်ပြီ။”

လူအိုကြီးလီက ပြောကာ ရွှီချင်းအား မျက်လုံးမှိတ်ပြလျှက် ဦးဆောင်ခေါ်သွားသည်။

ဤသို့ဖြင့် ရွှီချင်းနှင့် တခြားလူများသည် ခုန်ရှန်းလုံတို့အား အကျဉ်းထောင်ဌာနအတွင်းသို့ ခေါ်လာခဲ့ကြသည်။

သူတို့သည် နယ်မြေဃ(၁၀)သို့ တန်းတန်းမတ်မတ် လျှောက်လာကြ၏။ သူတို့က အကျဉ်းခန်းတံခါးကို ဖွင့်လိုက်သည်နှင့် အတွင်းမှ အပြင်အဆင်များကို ကြည့်ကာ ရွှီချင်းက ပြုံးသည်။

နယ်မြေဃ(၁၀)သည်ကား အကျဉ်းခန်းတစ်ခုဖြစ်သော်လည်း အထဲတွင် သေရည်အိုးအရေအတွက် သုံးဆယ်ခန့် ရှိသည်။ ထို့အပြင် အပြင်တွင် ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူမရနိုင်သော အစားအသောက်များလည်း တည်ခင်းထားသေးသည်။

ထို့အပြင် ကျင့်ကြံရာတွင် အသုံးပြုသော အခင်းပြားငါးခုကိုလည်း အထူးတလေ ပြင်ဆင်ထားသေးသည်။

၎င်းသည် ရိုးရှင်းသော်လည်း တခြားအကျဉ်းသားများနှင့် လွန်စွာ ခြားနားပေသည်။

ခုန်ရှန်းလုံတို့က ထိုမြင်ကွင်းကို မြင်လျှင် အေးစက်သော မျက်နှာများဖြင့် ရှိနေသော နယ်ရုပ်များကို လှမ်းကြည့်ကြသည်။

လူအိုကြီးလီက စကားပြောသည်။

“မင်းတို့ ဘာဖြစ်ခဲ့လဲ ငါတို့ သိတယ်။ မင်းတို့ အပြစ်ပေးခံရပြီး အကျဉ်းချခံရတယ်။ နယ်ရုပ်တွေအနေနဲ့ ငါတို့က မင်းတို့ကို စောင့်ကြည့်ရမှာပဲ။ ဒါပေမဲ့ ဓားကိုင်တွေအနေနဲ့ ငါတို့က မင်းတို့လုပ်ခဲ့တာက အရမ်းကောင်းတယ်လို့ ထင်တယ်။”

“ဒီနေရာကို မင်းတို့အိမ်လို သဘောထားပြီးတော့ တစ်လလောက် နားလိုက်ပါ။ တစ်ခုခုလိုရင် ရွှီချင်းကို ပြောပါ။ ရွှီချင်း… မင်းရဲ့ ဃ(၁၃၂)ဟာ အစောင့်မရှိဘဲထားလို့ မရဘူး။ မင်းက အကျဉ်းခန်းတံခါးကို ကိုယ်တိုင်ဖွင့်ခွင့်ရှိတယ်။ နောက်ပိုင်း တာဝန်ချိန်ကို သတင်းပို့ဖို့ မမေ့ပါနဲ့။”

ထိုသို့ပြောပြီးနောက် လူအိုကြီးလီနှင့် တခြားလူများက ရွှီချင်းတို့အား လေးနက်သော အမူအရာများဖြင့် ကြည့်ကြသည်။

“နောက်ဆုံးတစ်ခေါက်ပြောမယ်။ မင်းတို့ သူတို့ကို သတ်ခဲ့တာ အရမ်းကောင်းတယ်။”

ထို့နောက် နယ်ရုပ်များအားလုံးက သူတို့၏အမိန့်တော်ဓားများကို ထုတ်ကာ ဓားကိုင်အရိုအသေပေးခြင်းဖြင့် ရွှီချင်းတို့အား ဦးညွှတ်ကြသည်။

ထို့နောက် နယ်ရုပ်များ အကျဉ်းခန်းအပြင်သို့ ထွက်ခွာသွားကြ၏။

နယ်မြေဃ(၁၀)သည် ချက်ချင်း တိတ်ဆိတ်သွားသည်။

ရွှီချင်းသည် ငြိမ်သက်စွာဖြင့် သေရည်အိုးများထံသို့ လှမ်းသွားလိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်လျှင် သေရည်အိုးလေးလုံး ခုန်ရှန်းလုံတို့ထံသို့ ပျံဝဲသွားသည်။ သူတို့တစ်ယောက်စီက သေရည်အိုးတစ်လုံးစီ ဖမ်းလိုက်ကြ၏။ ထို့နောက် အချင်းချင်း ရယ်မောလိုက်ကြသည်။

“ကဲ… သောက်မယ်ဟေ့…”

ခုန်ရှန်းလုံ၏ရယ်သံသည် ပိုမိုကျယ်လောင်လာကာ သူက သေရည်တစ်ကျိုက်ကြီး မော့လိုက်သည်။

ရွှီချင်းလည်း ပြုံးလျှက် မော့လိုက်သည်။

ထို့နောက် သူက သူတို့၏အချုပ်အနှောင်များကို ကူညီဖွယ်ရှားပေးသည်။ ၎င်းတို့မှာ အပြင်လူများ တွေ့မြင်စေရန် ဟန်ပြသာဖြစ်ပြီး ဤနေရာတွင် အမှန်တကယ်အားဖြင့် မလိုအပ်ပါ။

ဤသို့ဖြင့် အချိန်များ ကုန်လွန်သွားသည်။ သူတို့ငါးယောက်သည်လည်း နယ်ခြားစည်း၌ ဝတ်ရုံနက်အစောင့်အရှောက်များကို သတ်ဖြတ်ပြီး မြေပြင်တွင် လဲလျောင်းကာ သေရည်သောက်ခဲ့ရသော အချိန်ကာလသို့ ပြန်ရောက်သွားသည့်အလားပင် ခံစားရသည်။ ထို့အပြင် သူတို့မှာ သူစိမ်းများ မဟုတ်ရာ ပြောစရာ အများအပြား ရှိနေကြသည်။

ရှန်ဟယ်နှင့် ဝမ်ချန်တို့မှာ မကြာခဏ စကားနိုင်လုကြသည်။

တခြားတစ်ဘက်တွင် ညဝိညာဉ်သည် ခုန်ရှန်းလုံအား အမြဲတမ်း အဖော်ပြုပေးသည်။ မျက်ကန်းတစ်ယောက်သည်ပင် သူမ၏ခုန်ရှန်းလုံအပေါ် ခံစားချက်များကို တွေ့မြင်နိုင်သည်။

ရွှီချင်းသည်ကား ရံဖန်ရံဖန် အကျဉ်းခန်းထဲမှ ထွက်ကာ ဃ(၁၃၂)သို့ သွားကြည့်ရသည်။

သူသည် အကျဉ်းထောင်ဌာနအပြင်သို့ ထွက်မသွားနိုင်ခြင်းနှင့် တာဝန်များ မလုပ်ဆောင်နိုင်ခြင်းတို့မှလွဲ၍ အရာအားလုံးမှာ ပုံမှန်နေ့ရက်များအတိုင်း ဖြစ်သည်။

ရွှီချင်းသည် နယ်မြေဃ(၁၀) မှ ထွက်လျှင် ဃ(၁၃၂)၏နယ်ရုပ်အဖြစ် စောင့်ကြပ်ရသည်။ သူ၏တာဝန်ကို ပျက်ကွက်၍ မရပေ။

အချိန်များ ကုန်လွန်သွားကာ လဝက်ကျော်လာခဲ့သည်။

သေမျိုးများသည် လဝက်ခန့် အကျဉ်းချခံရပါက လွန်စွာပျင်းရိငြီးငွေ့ကြမည်သာ။ သို့သော်လည်း ကျင့်ကြံသူများအတွက်ကား သာမန်သာ ဖြစ်သည်။ အထူးသဖြင့် သေရည်နှင့် အစားအသောက်များရှိပါက ပို၍ပင် ပျော်စရာကောင်းနေပါသေးသည်။ သူတို့က မိတ်ဆွေများနှင့် စကားစမြည်ပြောရင်း ရယ်မောရင်း အချိန်များ ကုန်ဆုံးနေခဲ့ကြသည်။

ယနေ့ ရွှီချင်း သူ၏တာဝန်မှ ပြန်ရောက်လာလျှင် အကျဉ်းခန်းသည် အလွန်တရာ တိတ်ဆိတ်နေသည်ဟု ခံစားလိုက်ရသည်။

ယနေ့ နယ်မြေဃ(၁၀)သည် လွန်စွာ တိတ်ဆိတ်နေ၏။

All Chapters