← Chapters

မိတ်ဆွေကောင်းများနှင့် တွေ့ဆုံခြင်း

Vol. 38 Ch. 566

မိတ်ဆွေကောင်းများနှင့် တွေ့ဆုံခြင်း

Vol. 38 Ch. 566

ရွှီချင်း၏စိတ်က ထူးဆန်းသွားသည်။

ယခင်က သူ တာဝန်က ပြန်လာသောအခါ နယ်မြေ(ဃ၁၀)သည် သက်တောင့်သက်သာရှိလှသည်။ ရှန်ဟယ်နှင့် ဝမ်ရှန်တို့၏ ငြင်းခုန်သံများကို မနားတမ်း ကြားနိုင်ခဲ့သည်။ သို့သော်လည်း ယနေ့တွင်မူ ရှန်ဟယ်သည် ကြမ်းပြင်တွင် အမှန်အကန် ခြေချိတ်ထိုင်လျက်ရှိသည်။

သူ အမှန်အကန်ပင် ကျင့်ကြံနေသည်။

သူ၏အမူအရာက တည်ငြိမ်နေကာ ဇွဲကောင်းကောင်းနှင့် လုပ်ဆောင်နေကြောင်း ထင်ရှားသည်။ သူ၏ လုပ်ဆောင်မှုများက ရှန်ဟယ်ဆိုသော သူသည် ပြတ်သားသော လူတစ်ဦးဖြစ်ကြောင်း လူတိုင်းကို ပြောပြနေသကဲ့သို့ပင်။ သူသည် အကျဉ်းသားတစ်ယောက်ဖြစ်နေပင်လျှင် ကျင့်ကြံရန် မမေ့သေးပေ။

ရှန်ဟယ်ဆိုသော သူ့အတွက် နေရာတိုင်းက သူ့ကိုယ်သူ ပိုတိုးတက်စေသော နေရာ ဖြစ်နိုင်သည်။

ဝမ်ချန်အတွက်မူ သူ၏ ပင်မခန္ဓာကိုယ်သည်လည်း ခေါင်းတလားထဲမှ ထွက်ပေါ်လာပြီဖြစ်သည်။ ထိုအခိုက်တွင် သူသည် အချုပ်ထဲတွင် လေးနက်သော အမူအရာနှင့် ထိုင်နေသည်။ လက်များကို တင်းတင်းဆုပ်ထားပြီး သူ၏ အမှားအတွက် နောင်တရနေသကဲ့သို့ပင်။

သူ၏ မီးခိုးကိုယ်ပွားကို ထိန်းချုပ်၍ပင် အချုပ်ခန်းနံရံကို စုတ်တံနှင့်ရေးရန် ကြိုးစားခဲ့သည်။

အကြောင်းအရာက ရှည်လျားကာ အသေးစိတ်သည်။ သူ၏ အမှားများကို သုံးသပ်မိပြီဖြစ်ကြောင်း ရေးသားထားသည်။ သူ၏ အမူအရာနှင့် တွဲဖက်ကြည့်သော် အင်တိုက်အားတိုက် ဂရုစိုက်တွေးတော၍ ရေးသားထားသည်ကို ခံစားမိစေသည်။

ထိုအရာကို မြင်သူတိုင်းက သူသည် ထိုကိစ္စအပေါ်တွင် အလွန်အားစိုက်ထားသည်ဟု တွေးမိကြလိမ့်မည် ဖြစ်သည်။

ခုန်ရှန်းလုံသည်လည်း ထိုနေရာတွင် ရှိနေသည်။

သူက ပို၍ပင် ပုံကြီးချဲ့သေးသည်။ သူသည် အချုပ်ခန်းထဲတွင် ထိုင်နေသော်လည်း နံရံကို မျက်နှာမူကာ အတွေးနက်နေသည်။ သူသည် ပြင်ပကမ္ဘာကို ကျောခိုင်းထားပြီး နောင်တစကားများကို ကျယ်လောင်စွာ ပြောဆိုနေသည်။

“ညဝိညာဉ်ရေ ငါ ဒီတစ်ခေါက်တော့ အမှားကြီးတစ်ခု လုပ်မိပြီထင်ပါတယ်။ ရုံးတော်သခင်က ငါ့ကို တစ်လအကျဉ်းချထားပေမဲ့ ဒါက လုံလောက်တယ်လို့တောင် မထင်ပါဘူး။ သူစိတ်မပျက်သွားအောင် ငါ့ကိုယ်ငါ အပြစ်ပေးရမယ်”

“လာစမ်းပါ ညဝိညာဉ်၊ နန်းတော်သခင်ကိုယ်စား ငါ့ကို အပြစ်ပေးလိုက်စမ်းပါ။ ဒီလိုနေ့တိုင်းလုပ်မှပဲ ငါခံစားရတာတွေ နည်းနည်းသက်သာသွားလိမ့်မယ်”

ခုန်ရှန်းလုံ၏မျက်နှာက သူပြောစကားအတိုင်း ပြောင်းလဲနေသည်။ တစ်ခါတစ်ရံ နောင်တရနေပုံပေါ်သည်။ တစ်ခါတစ်ရံ ဝမ်းနည်းမှုများ ဒေါသများနှင့် ပြည့်နေသည်။ တစ်ခါတစ်ရံ သက်ပြင်းချသည်။ တစ်ခါတစ်ရံ စိတ်ခံစားချက်များနှင့် ပြည့်နေသည်။

၎င်းခံစားချက်များသည် သူ၏ နှလုံးသားမှ နာကျင်မှုများကို မီးမောင်းထိုးပြနေသည်။

ညဝိညာဉ်သည် ခုန်ရှန်းလုံ၏နောက်တွင် တုတ်တချောင်းနှင့်ရပ်နေပြီး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

“ရှင့်ရဲ့ အမှားတွေကို သတိပြုမိလာနိုင်တာက ရှင်ရင့်ကျက်လာပြီလို့ဆိုလိုတာပဲ အစ်ကိုခုန်။ ရှင်က အတိတ်မှာ အဆင်အခြင်မဲ့လွန်းတယ်။ ကျွန်မလည်းပဲ အမှားတွေ လုပ်ဖူးတာပဲ။ ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက် ထိန်းပြီး လမ်းညွှန်ကြမယ်”

ပြောပြီးသည်နှင့် သူမက ခုန်ရှန်းလုံ၏ ကျောပြင်ကို တုတ်နှင့် ကြမ်းတမ်းစွာ ရိုက်နှက်တော့သည်။ သူမ၏အသံက အလွန်ကျယ်လောင်ပြီး နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ရွှီချင်းသည် သူ၏အချုပ်ခန်းထဲတွင် တိတ်ဆိတ်စွာ လမ်းလျှောက်နေလိုက်သည်။ ထို့နောက် ဝါးခြမ်းပြားနှင့် သံတုတ်ချောင်းလေးတစ်ခုကို ထုတ်ယူလိုက်ပြီး သူ၏ ခြေကျင်းများပေါ်တွင် တင်လိုက်သည်။

သူ၏ လှုပ်ရှားမှုများက အလွန်သေသပ်သည်။ နေ့စဉ် ပုံမှန် လုပ်နေကျ သကဲ့သို့ပင်။

ခြေကျင်းများပေါ်တင်ပြီးနောက် ရွှီချင်း၏အမူအရာက လေးနက်သွားသည်။ သံချောင်းလေးကို ထုတ်ယူကာ ဝါးခြမ်းပြားပေါ်တွင် ဓားကိုင်များ၏ အမိန့်သစ္စာကို ရေးထွင်းလိုက်သည်။

သူ၏အမှားများကို နားလည်ရန် နေ့စဉ် ထပ်ခါထပ်ခါလုပ်နေသော အရာတစ်ခုပင်။

ထိုသို့ လုပ်နေခြင်းက ဝါးခြမ်းပြားပေါ်တွင် ရေးထွင်းနေခြင်းမျိုးမဟုတ်ဘဲ နှလုံးသားထဲတွင် ရေးထွင်းနေသကဲ့သို့ ခံစားချက်ကို ပေးနေသည်။

ထို့အပြင် ခြေကျင်းနှင့်က သူတစ်ဦးထဲ ဖြစ်သောကြောင့် သူ့ကိုယ်သူ တင်းကြပ်ထားမှုကို ပိုမိုပေါ်လွင်နေစေသည်။

ထိုသို့နှင့် အချိန်က ဖြည်းညှင်းစွာ ကုန်ဆုံးခဲ့သည်။ နှစ်နာရီကြာပြီးနောက် အေးစက်သော နှာမှုတ်သံက ထောင်ခန်းထဲတွင် ထွက်ပေါ်လာသည်။

“မင်းတို့ကောင်တွေက မျောက်သားပေါက်လေးတွေလို ရွှေဉာဏ်တော် စူးနေကြပါလား”

အသံက ပဲ့တင်သွားပြီး ရုံးတော်သခင်၏ပုံရိပ်က လျှောက်လမ်းတွင် ပေါ်လာသည်။ ရှန်ဟယ်က ကြောင်စီစီကြည့်သည်။ ရုံးတော်သခင်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရမှ နောက်တရနေသောပုံစံနှင့် သွက်သွက်ကြီး နှုတ်ဆက်လိုက်သည်။

ဝမ်ချန်သည်လည်း အလျင်စလို မတ်တပ်ရပ်လိုက်ပြီး ကိုယ်ကို ကိုင်းညွတ်ကာ နန်းတော်သခင်ကို အချုပ်ခန်းထဲမှ လှမ်း၍ အရိုအသေပေးသည်။

တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း အဆုံးတွင် သူ၏ မျက်နှာက နောင်တရိပ်တို့နှင့် ပြောင်းလဲသွားသည်။

ခုန်ရှန်းလုံနှင့် ညဝိညာဉ်တို့သည်လည်း အတူတူပင်။ ရွှီချင်းသည်လည်း ထိုနည်းလည်းကောင်းပင်။

လူတိုင်းက နှုတ်ဆက်လိုက်သည်တွင် နန်းတော်သခင်သည် သူ၏ လက်များကို နောက်တွင်ပစ်ထားပြီး တစ်ဦးချင်းစီကို လိုက်ကြည့်သည်။

“မင်းတို့အားလုံးက အတော်လေးစွမ်းတာပဲ”

“တာဝန်ကို ပြီးမြောက်ခဲ့ပြီး ဝတ်ရုံနက်အစောင့်အ‌ရှောက်ကိုလည်း နယ်ခြားစည်းထိ အမှန်အကန် လိုက်ဖမ်းခဲ့တယ်”

“မင်းတို့က သိပ်ကို တက်ကြွနေကြတာမို့ ငါက မင်းတို့က တစ်ခုခုလုပ်ဖို့ ပေးလိုက်မယ်။ ရှန်ဟယ် မင်းက ထောင်ကနေလွတ်တာနဲ့ လူဆိုးထိန်းဌာနမှာ လုပ်ရမယ်။ သွားပြီး ရာဇဝတ်သားတွေကို ဖမ်း”

“ဝမ်ချန်၊ မင်းက အခေါင်းထဲမှာ အိပ်ရတာ မကြိုက်ဘူးလား။ လွတ်တာနဲ့ ညကင်းလှည့်ရမယ်”

“ညဝိညာဉ် မင်းလည်း တူတူပဲ။ စုံစမ်းစစ်ဆေးရေးဌာနက အရင်က လူတောင်းဖူးတယ်။ သွားပြီး အလုပ်ဝင်လိုက်”

“ခုန်ရှန်းလုံ မင်းခုထိ ဓားကိုင်တွေရဲ့ စည်းမျဉ်းတွေကို မမှတ်မိနိုင်သေးဘူးလား။ လွတ်တာနဲ့ ပြစ်ဒဏ်ခန်းမမှာ လုပ်ရမယ်။ စည်းမျဉ်းမလိုက်နာတဲ့သူတွေကို သတိပေးဖို့က မင်းအလုပ်ပဲ”

“ရွှီချင်း မင်းကတော့ သိပ်ကို တက်ကြွနေတာမို့ နောင်ကျရင် ဃ(၁)ကို သွားဖိနှိပ်ပြီး နယ်မြေ(ဂ)ရဲ့ နယ်ရုပ်အဖြစ် တာဝန်ထမ်းဆောင်ရမယ်”

ရုံးတော်သခင်က တည်ငြိမ်စွာပြောသည်။ သူ၏အသံက ထောင်ခန်းတစ်လျှောက် ဟိန်းနေသည်။

သူတို့အားလုံးက အမှားများကို နောင်တရဟန်ဖြင့် ဦးညွတ်လိုက်ကြသည်။

“မင်းတို့ကို တခြားလျှို့ဝှက်တာဝန်တစ်ခုလဲ ပေးအုံးမယ်။ ထောင်ကလွတ်ရင် စစ်ကြည့်နိုင်တယ်”

“သူလျှိုတစ်ယောက်က သတင်းပါးလာတယ်။ မကြာသေးခင်က ကျွမ်ရှင်းမျိုးနွယ်ရဲ့ အင်မော်တယ်စက္ကောမအရုပ်တွေ အများကြီးက သန့်စင်ရေလှိုင်းမျိုးနွယ်ထဲမှာ ပေါ်လာတယ်။ ကျွမ်ရှင်းမျိုးနွယ်က သန့်စင်ရေလှိုင်းမျိုးနွယ်နဲ့ စစ်လက်နက်ပစ္စည်းတွေကို လျှို့ဝှက်ကုန်သွယ်နေတယ်လို့ သူတို့က ယူဆတယ်။ ဒီကိစ္စက ထိလွယ်ရှလွယ်တယ်။ မင်းတို့က ကိုယ်ပိုင်နည်းလမ်းတွေသုံးပြီး ဒါကို လျှို့ဝှက်စုံစမ်းစစ်ဆေးကြ”

“တစ်ယောက်ယောက်က အထောက်အထားတစ်ခုခုတွေ့ခဲ့ရင် ငါက မင်းတို့ကို ဒုတိယတန်းစားစစ်‌ရေးအကျိုးပြုမှတ်နဲ့ စစ်ရေးအကျိုးပြုမှတ် ငါးသိန်း ပေးမယ်”

ရွှီချင်း၏ မျက်လုံးများက ချက်ချင်းလက်သွားသည်။ ခုန်ရှန်းလုံ၊ ရှန်ဟယ်နှင့် အခြားသူများသည်လည်း အတူတူပင်။ သူတို့အားလုံး၏ မျက်လုံးများက တလက်လက် တောက်ပနေသည်။

သူတို့ရရှိမည့် ဒုတိယတန်းစားစစ်‌ရေးအကျိုးပြုမှတ်များကို ထည့်မပေါင်းလျှင်ပင် စစ်ရေးအကျိုးပြုမှတ်ငါးသိန်းသည် အလွန်များပြားသော ပမာဏဖြစ်သည်။

ဒုတိယတန်းစားစစ်‌ရေးအကျိုးပြုမှတ်က ရရှိရန် အလွန်ခက်ခဲပြီး အလွန်အန္တရာယ်များသည့် တာဝန်မဟုတ်သော သာမာန်အခြေအနေများတွင် ရရန်မဖြစ်နိုင်သလောက်ပင်။

ယခုအချိန်ထိပင် ခုန်ရှန်းလုံ၌ တတိယတန်းစားစစ်ရေးအကျိုးပြုမှတ်သာရှိသည်။ သန့်စင်မျိုးနွယ်တွင်းသို့ အသက်ကိုရင်းပြီး စွန့်စွန့်စားစား ဝင်‌ရောက်ခဲ့သည်တွင် ရရှိခဲ့ခြင်းဖြစ်သည်။

ယခုမူ ကျွမ်ရှင်းမျိုးနွယ်နှင့် သန့်စင်ရေလှိုင်းမျိုးနွယ်ကြား ကုန်သွယ်မှုအထောက်အထားကို တွေ့ရရုံဖြင့် သူတို့က ဒုတိယဆင့်စစ်ရေးအကျိုးပြုမှတ်ကို ရရှိမည်ဖြစ်သည်။ သူတို့အားလုံးက လုံးဝ ဆွဲဆောင်ခံလိုက်ရပြီ ဖြစ်သည်။

ရွှီချင်းနှင့် တခြားသူများ၏ မျက်လုံးများထဲမှ တောက်ပမှုကို မြင်ရသောအခါ ရုံးတော်သခင်က ခေါင်းတညိတ်ညိတ်နှင့် ဘာမှဆက်မပြောတော့ပေ။ ထို့နောက် ပြန်ထွက်သွားတော့သည်။

သူထွက်ခွာသွားပြီး‌နောက် အကျဉ်းထောင်က ပြန်လည်တိတ်ဆိတ်သွားသည်။

လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြည်ပြီး ဒုတိယအဆင့်စစ်‌ရေးအကျိုးပြုမှတ်အတွက် အချင်းချင်း၏ သဘောဆန္ဒများကို နားလည်လိုက်ကြသည်။ ထို့နောက်တွင် သူတို့က နေရာအသီးသီးသို့ ပြန်သွားကြသည်။ ဆက်လက်၍ ဆင်ခြင်ကြ၊ နောင်တရကြ၊ ရေးထွင်းကြတော့သည်။

နှစ်နာရီခန့်ကြာပြီးနောက် ခုန်ရှန်းလုံက ချောင်းဟန့်လိုက်သည်။

“သူ သွားပြီ”

ရှန်ဟယ်က သက်ပြင်းအရှည်ကြီးမှုတ်ထုတ်လိုက်ပြီး လှဲချလိုက်သည်။

မီးခိုးကိုယ်ပွားနှင့် ဝမ်ချန်သည် ပျောက်ကွယ်သွားပြီး သူ၏ အဓိကခန္ဓာက သက်ပြင်းအရှည်ကြီး ချလိုက်သည်။ အချိန်အကြာကြီး ဟန်ဆောင်ပြီးနောက် သူ၏ အမူအရာက အေးစက်စက်ပင် ဖြစ်လာသည်ဟု ခံစားရသည်။

ညဝိညာဉ်သည်လည်း တုတ်ချောင်းကို ပစ်ချလိုက်ပြီး ခုန်ရှန်းလုံကို ဆေးလိမ်းပေးရန် ကပ်လာသည်။ ခုန်ရှန်းလုံကမူ ထိုကဲ့သို့သော ပမွှားဒဏ်ရာလေးများကို စိတ်ထဲမရှိပေ။ ဝိုင်တစ်အိုး ထုတ်ယူလိုက်ပြီး ကျေနပ်စွာနှင့် အကြာကြီးမော့လိုက်သည်။

“ကံကောင်းလို့ ငါတို့က မြန်မြန် တုံ့ပြန်နိုင်ခဲ့တယ်။ မဟုတ်ရင် ဒီတစ်ခေါက် ဒုက္ခရောက်ပြီ။ ရုံးတော်သခင်က သေချာပေါက် ရှောင်တခင် လာစစ်မယ်လို့ ငါက ကြိုပြီး ခန့်မှန်းနိုင်ခဲ့တယ်”

“ရွှီချင်းရဲ့ ရေလိုက်ငါးလိုက် နေနိုင်စွမ်းက ရေလည်အမိုက်စားပဲ။ ရုံးတော်သခင်က ငါတို့အကြောင်းကောင်းကောင်း သိပေမဲ့ သူက စာအုပ်ကြီးသမားလေ။ ဒါကြောင့် ငါတို့က ပြင်ပမှာ ရိုကျိုးမှုကိုပြဖို့ လိုနေတုန်းပဲ”

ခုန်ရှန်းလုံက ပတ်ပတ်လည်ကို ကျီးကန်းတောင်းမှောက် ကြည့်လိုက်သည်။ ရုံးတော်သခင်ကို အတင်းပြောတိုင်း သူက အနည်းငယ် သတိထားသည်။

ရွှီချင်းက သူ့ကိုယ်ပေါ်မှ ခြေကျင်းများကို ဖြုတ်ပစ်လိုက်ပြီး အချုပ်ခန်းတွင်း လမ်းလျှောက်သည်။ သူက လူတိုင်းကို ကြည့်လိုက်ပြီး ကျွမ်ရှင်းမျိုးနွယ်အကြောင်း စေ့စေ့စပ်စပ်တွေးသည်။

ဝမ်ချန်သည်လည်း အနားသို့ကပ်လာပြီး ခပ်တိုးတိုးပြောသည်။

“အစ်ကိုခုန် ရုံးတော်သခင်က ဒီမှာမှန်း ခင်ဗျား ဘယ်လိုသိတာလဲ”

“ငါ့နည်းငါ့ဟန်ရှိတယ်လေကွာ။ ဒါက လျှို့ဝှက်ချက်ပဲ”

ခုန်ရှန်းလုံက ရယ်ရယ်မောမောနှင့် ပြောသည်။

“လျှို့ဝှက်ချက်တဲ့လား။ ခေါက်ထားလိုက်စမ်းပါဗျာ။ ‌ကောင်းပြီ အစ်ကိုခုန် ခင်ဗျား ကျွမ်ရှင်းမျိုးနွယ်အကြောင်း သေချာသိလား”

ဝမ်ချန်က အကြောင်းအရင်းကို သိပ်ဂရုမစိုက်ပေ။

“ငါလည်း အရမ်းကြီးတော့ မသိဘူးဟ။ ဒါပေမဲ့ ငါတို့လုပ်နိုင်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီကိစ္စက ပေါ့သေးသေးတော့ မဟုတ်ဘူး”

ခုန်ရှန်းလုံက ခေါင်းခါလျက်ပြောသည်။

“ဒါက ငါတို့ အရင်တာဝန်နဲ့ ဆက်စပ်နေမလား။ ကယ်ဆယ်‌ရေးတာဝန်ကနေ ပြန်ပို့လိုက်တဲ့ သတင်းမှန်က ဒီကိစ္စများဖြစ်နေမလား”

ရှန်ဟယ်က တွားလာပြီး အံအားသင့်စွာ မေးသည်။

“ဒါက ဒီလောက် မရိုးရှင်းဘူး”

ရွှီချင်းက လေသံတိုးတိုးနှင့် ပြောသည်။

“ဒီအချက်အလက်က ဟုတ်ဟုတ် မဟုတ်ဟုတ် ကျွမ်ရှင်းမျိုးနွယ်က နည်းနည်း စည်းကျော်လာတာပဲ။ သန့်စင်‌‌ရေလှိုင်းမျိုးနွယ်ကို စစ်လက်နက်အရင်းအမြစ်တွေ တကယ်ပဲ လျှို့ဝှက်တင်ပို့နေတာလား”

ညဝိညာဉ်၏ မျက်လုံးထဲတွင် အေးစက်သော အကြည့်တစ်ချက် ဖြစ်ပေါ်လာသည်။

“အခုချိန်မှာ အများကြီး စဉ်းစားနေလဲ အပိုပဲ။ ငါတို့အပြင်ရောက်မှ ကိုယ်ပိုင်နည်းလမ်းတွေ သုံးပြီး ဒီကိစ္စကို စုံစမ်းကြတာပေါ့”

ခုန်ရှန်းလုံက စဉ်းစဉ်းစားစားပြောသည်။ သူတို့အားလုံးက အနားမယူခင် ခေတ္တဆွေးနွေးလိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်း လတစ်ဝက် ကျိုးသွားသည်။

၎င်းနေ့လယ်ခင်းတွင် ကောင်းကင်သည် မှောင်မဲနေပြီး မိုးများရွာသွန်းနေသည်။ ထောင်မှလွတ်ရန် အချိန်ကျပေပြီ။

ထောင်ခန်းဂိတ်ပေါက် ဖွင့်သည်နှင့် ရှန်ဟယ်က ဝမ်ချန်နောက်မှ စိတ်လှုပ်ရှားစွာ အရင်ဆုံးပြေးထွက်လာသည်။

ခုန်ရှန်လုံနှင့် ညဝိညာဉ်တို့ အလျင်မလိုပေ။ ရွှီချင်းသည်လည်း တူတူပင်။ မည်သို့ပင်ဖြစ်စေ ဤတစ်လက ယေဘုယျအားဖြင့် သူ့အတွက် ဘာမှပြောင်းလဲမသွားပေ။

“နောက်တစ်ခါပြန်ဝင်တဲ့အခါကျရင်လဲ ငါတို့တူတူရှိနိုင်မယ်လို့ မျှော်လင့်တယ်”

ထောင်အပြင်ဘက်တွင် ခုန်ရှန်းလုံက ရွှီချင်းကို ကြည့်ရင်း ပြောသည်။

ရွှီချင်းက ပြန်ဖြေလုနီးတွင် အဝေးမှမြင်ကွင်းတစ်ခုကို ရုတ်တရက် မြင်လိုက်သည်။

ဆီစိမ်စက္ကူထီးကိုဆောင်းလျက် မိုးရေထဲတွင် ရပ်နေသော အမျိုးသမီးတစ်ဦး၏ ပုံရိပ်ပင်။ သူမ၏ ရှည်လျားသော ခရမ်းရောင်ဝတ်စုံက ခရမ်းပန်းလေးကဲ့သို့ လေထဲတွင် တဖြတ်ဖြတ်လွင့်နေသည်။

သူမက ရွှီချင်းကို အသာအယာ လက်ပြလိုက်သည်။

နတ်မိမယ်ကျစ်ရွှမ်ပင်။

တစ်စုံတစ်ဦးက ရွှီချင်းကို လာကြိုနေသည်ကို တွေ့သောအခါ ခုန်ရှန်းလုံသည် ညဝိညာဉ်နှင့်အတူ ထွက်ခွာသွားတော့သည်။ သူ မသွားမီ ရွှီချင်းကို ကြည့်သွားသေးသည်။ ထို့သို့ကြည့်နေစဉ် သူက တစ်စုံတစ်ရာကို သဘောပေါက်သွားသည်။ သူက မျက်လုံးမှိတ်ပြလိုက်ပြီး တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း ညဝိညာဉ်၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။

ရွှီချင်းက ကျစ်ရွှမ်ဆီသို့ မသွားမီ ခေတ္တမျှ တွန့်ဆုတ်သွားသည်။ အနားသို့ရောက်ခါနီးတွင် ကျစ်ရွှမ်‌ဘေးရှိ အစေခံက ရွှီချင်းဆီသို့ ထီးတစ်ချောင်းနှင့် လာသည်။ သူမက ရွှီချင်းကို ထီးပေးခိုင်းလိုက်ခြင်းဖြစ်သည်။

“နတ်မိမယ်”

ရွှီချင်းက ခါးညွတ်လိုက်သည်။ တဖက်လူက သူမကို စီနီယာဟုခေါ်သည်ကို မကျေနပ်ကြောင်း ရွှီချင်းကသိသော်လည်း သူမ၏ နာမည်ကို ခေါ်ရန်ကိုမူ ထူးဆန်းနေသေးသည်။ ထို့ကြောင့် သူမကို ခေါ်သောပုံစံပြောင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဆီစိမ်စက္ကူထီး၏ အောက်မှ ကျစ်ရွှမ်သည် ရွှီချင်းကို ကြည့်လျက် ညင်သာစွာပြုံးလိုက်ပြီး သူမ၏လက်ထဲမှ ထီးကို ရွှီချင်းဆီသို့ ကမ်းလိုက်သည်။

ရွှီချင်းက ထီးယူလိုက်သည်တွင် ကျစ်ရွှမ်က သူ့အနားသို့ အလိုလို တိုးသွားသည်။

ယနေ့တွင် သူမသည် သိသိသာပင် အလှပြင်လာသည်။ သူမ၏ ဆံပင်များကို စည်းနှောင်ထားပြီး လှပသော မျက်နှာလေးက ပြစ်မျိုးမှဲ့မထင် ကင်းစင်နေသည်။ နဂိုလှပပြီးသား မျက်နှာသည်လည်း ပုံမှန်ထက်ပိုမို ထင်းနေသည်။

သဘာဝဆန်ဆန်နှင့် စိတ်ဓာတ်ခိုင်မာမှု ရဲရင့်ကာ သတ္တိပြောင်မြောင်မှုတို့က သူမပုံရိပ်တွင် ထင်ဟပ်နေသည်။

“သွားကြစို့”

ကျစ်ရွှမ်က ပြုံးလျက်ပြောသည်။

ကျစ်ရွှမ်က အရမ်းနီးကပ်လာသောကြောင့် ရွှီချင်း၏ ခန္ဓာကိုယ်က အလိုလို တောင့်တင်းလာသည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ တစ်ဖက်လူက ဘယ်ကိုသွားစေချင်သည်ကို သူမသိပေ။

“ငါ့ရဲ့သူငယ်ချင်းကောင်းနှစ်ယောက်နဲ့ မင်းကို တွေ့ပေးမယ်လို့ ပြောဖူးသလားလို့။ မေ့နေပြီလား”

ရွှီချင်း၏ ဇဝေဇဝါအကြည့်ကို မြင်တော့ ကျစ်ရွှမ်က ညင်သာစွာရယ်သည်။ သူမ၏ လှပသော မျက်လုံးလေးက ထူးဆန်းသောအကြည့်တစ်ချက် ထုတ်လွှတ်နေသည်။

ထိုကဲ့သို့ လှပသောအကြည့်တစ်ချက်က တစ်စုံတစ်ဦးပေါ်သို့ ကျရောက်သည်တွင် သူတို့က မထိန်းချုပ်နိုင်အောင် ရင်ခုန်သံမြန်လာမည် ဖြစ်သည်။

ရွှီချင်းက သူ၏ခေါင်းကို အလျင်စလို ငုံ့လိုက်ပြီး ကျစ်ရွှမ်နောက်သို့ လိုက်သွားသည်။

ထီးတစ်ချောင်းအောက်ရှိ လူနှစ်ယောက်သည် တစ်ဦးက ခရမ်းရောင်ဝတ်ထားကာ တစ်ဦးက အဖြူရောင်ဝတ်စုံ ဝတ်ထားသည်။

အရောင်များက ထူးခြားနေပြီး မိုးထဲလေထဲတွင် တစ်ခုနှင့်တစ်ခု ထပ်နေသော အင်္ကျီလက်များသည် လှပသော မြင်ကွင်းတစ်ခုဖြစ်နေသည်။

သူတို့က လေဆန်အတိုင်း အဝေးကြီးလျှောက်လာကြပြီး ဒေသမြို့တော်ငယ်နှင့် မြို့တွင်းရှိ ဆီးသီးပန်းစံအိမ်သို့ ဦးတည်လိုက်သည်။

ဆီးသီးပန်းစံအိမ်တော်သည် စားသောက်ဆိုင်တစ်ခု မဟုတ်သော်လည်း ထူးခြားသော ကိုယ်ပိုင်ခြံဝန်းတစ်ခုဖြစ်သည်။ ထိုထဲတွင် စံအိမ်များ၊ ရေကန်များနှင့် စိမ်းစိုသော ထင်းရှူးပင် အမျိုးမျိုးကြား လှေကားထစ်ပုံစံရေအိုင်ငယ်လေးများ ရှိသည်။ ထိုအရာများကို မိုးရေထဲတွင် ကြည့်ရသည်က ထူးထူးခြားခြားနှစ်သက်ဖွယ် ကောင်းနေသည်။

ကျောက်တုံးများနှင့် ဝန်းရံကာ ဆောက်ထားသော ပန်းဘောင်များ၊ ပန်းမွေ့ရာများနှင့် ဝါးစိမ်းများလည်း ရှိကြသည်။

ထိုအခိုက်အတန့်တွင် စံအိမ်၏ လေးဖက်လေးတန် ခြံဝန်း၏ အလယ်တွင် ဒါဇင်ခန့်ရှိသော အခြွေအရံမိန်းမပျိုတို့သည် ထီးများကိုင်ကာ ရပ်နေကြသည်။ သူတို့တစ်ဦးချင်းသည် လှပကြပြီး ငယ်ရွယ်သော အငွေ့အသက်များ ရှိနေကြသည်။ သူတို့က စံအိမ်ထဲတွင် ထိုင်နေသော အမျိုးသမီးသုံးဦးကို ဝန်းရံထားကြသည်။

ထိုသုံးဦးစလုံးသည် တုနှိုင်းမဲ့ အလှပိုင်ရှင်များဖြစ်ကြသည်။

တောက်ပသောမျက်လုံးများရှိပြီး အစိမ်း‌ရောင်တာအိုဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးက ပလွေတစ်ချောင်းမှုတ်နေသည်။ သံစဉ်လှိုင်းများက လေထဲမိုးထဲတွင် လွင့်မြောနေသည်။ သူမ၏ မျက်နှာအမူအရာက လှပနေပြီး လွတ်မြောက်ခြင်းတို့နှင့် ပြည့်နေသည်။

တခြားတစ်ယောက်သည် ကြည်ပြာရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ သူမသည် အနက်‌ရောင်ဆံပင်တို့ကို ပိုးကြိုးအနက်လေးနှင့် ချည်နှောင်ထားပြီး မြင်သူတိုင်းငေးသွားစေမည့် ကျောက်စိမ်းကဲ့သို့ အသားအရည်ရှိသည်။ သူမက ဘေးတွင် တလေးတစား ထိုင်နေသည်။

သူမ၏ အမူအရာအရ ဂျူနီယာတစ်ဦး ဖြစ်ပုံရသည်။

သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ချောင်းလေးများသည် ပလွေသံနှင့်လိုက်ဖက်သော သံစဉ်ကို စောင်းပြားမှ ကြိုးလေးများအား ညင်သာစွာတို့ထိ၍ တီးခတ်နေသည်။

နောက်ဆုံးတစ်ယောက်သည် တော်ဝင်ဆန်သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး တင့်တယ်သောအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သို့သော် သူမ၏ လှပသောမျက်နှာသည် ကြာပန်းကဲ့သို့ ရှင်းသန့်နေပြီး သူမ၏ အမူအရာသည်လည်း သေမျိုးကမ္ဘာ၏ ဖုန်မှုန့်များ အမှုန်အမွှားများ မထိသကဲ့သို့ပင်။

သူမက အလယ်ခုံတွင် ထိုင်နေပြီး နှုတ်ခမ်းထောင့်စွန်းများက ကော့တက်သွားကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ထိုအခိုက်အတန့်တွင် သူမသည် ညင်သာစွာမော့လိုက်ပြီး အဝေးမှ လျှောက်လာသော ပုံရိပ်များကို ကြည့်လိုက်သည်။

“ညီအစ်မကျစ်ရွှမ် မတွေ့တာကြာပြီနော်”

သူမ၏ မြင်ကွင်းအဆုံးတွင် ကျစ်ရွှမ်နှင့် ရွှီချင်းတို့က ဆီစိမ်စက္ကူထီးဆောင်းကာ လျှောက်လာနေကြသည်။

တော်ဝင်ဝတ်စုံနှင့် အမျိုးသမီးက စကားစလိုက်သောကြောင့် ဘေးမှ တီးခတ်နေသော အမျိုးသမီးနှစ်ဦးက ရပ်တန့်လိုက်သည်။ ပလွေမှုတ်သော မိန်းမပျိုက ကျစ်ရွှမ်ကို ပြုံးပြလျက် ဖော်ရွေစွာ ကြည့်သည်။

သို့သော် ကြည်ပြာရောင်ဝတ်စုံနှင့် စောင်းပြားတီးသော အမျိုးသမီးကမူ လမ်းလျှောက်လာသောနှစ်ဦးကိုမြင်ပြီး သူမ၏ လှပသောမျက်ဝန်းများက ရွှီချင်းထံ အကြည့်ရောက်သွားသောအခါ စိတ်ရှုပ်ထွေးမှုများသည် မျက်နှာတွင် အလိုလိုပေါ်လာသည်။

သူမမှာ ယောင်ယွင်ဟွေ့ပင်။

All Chapters