← Chapters

ဝှက်ဖဲတွေထုတ်သုံးကြမယ်....

Vol. 37 Ch. 505

ဝှက်ဖဲတွေထုတ်သုံးကြမယ်....

Vol. 37 Ch. 505

မြူခိုးတွေဖုံးလွှမ်းနေသည့် တောင်ထိပ်ပေါ်တွင် ကျင်းထန်ရှုရပ်နေသည်ကို မြင်လိုက်ရသဖြင့် တဖြည်းဖြည်းချင်းချဉ်းကပ်သွားခဲ့သည်။

"လီလော့.... မင်းတကယ်ပဲ လုံဖုကိုကျော်ဖြတ်နိုင်ခဲ့တယ်ပေါ့..... "

ကျင်းထန်ရှုသည် လီလော့ကိုကြည့်ကာ အံ့သြပုံမပေါ်ဘဲ ရယ်နေခဲ့သည်။

"မင်း ဒီကိုရောက်လာနိုင်တယ်ဆိုတာကိုကြည့်ရုံနဲ့ စိတ်ဓာတ်ပြင်းထန်မှန်းသိသားနေပြီ...... ငါတွေးခဲ့တာမမှားဘူး မင်းက ခန်းမအဆင့်ပြိုင်ပွဲမှာ ငါ့ကို အခြိမ်းခြောက်နိူင်ဆုံးသူပဲ....."

လီလော့က ကျင်းထန်ရှုကို စိုက်ကြည့်နေသည်။ယခုအချိန်တွင် အဝတ်အစားများ အနည်းငယ် ပျက်စီးနေသည်ကိုကြည့်ခြင်းဖြင့် စွန်းတရှန်နှင့် ပြင်းထန်စွာတိုက်ခိုက်ခဲ့သည်မှာအထင်အရှားပင်.....

"စွန်းတရှန် မင်းကို မတားနိုင်ဘူးထင်တယ်"

သူသည် စွန်းတရှန်နှင့် ယခင်ကလည်း တိုက်ခိုက်ဖူးသဖြင့် ပြိုင်ဘက်၏ ကြံ့ခိုင်မှုကို သိရှိထားသည်။ စွန်းတရှန်တွင် အလွန်ကြောက်စရာကောင်းသော ဝှက်ဖဲဖြစ်သည့် မြို့စားအဆင့်ပညာရပ်ကို ကျွမ်းကျင်ထားသည်။စွန်းတရှန်ကိုအနိုင်ယူပြီး တောင်ထိပ်ထိတက်လာနိုင်သည်ဆိုကတည်းက ကျင်းထန်ရှုသည် မြို့စားအဆင့်ပညာရပ်ကို ခုခံနိုင်သည်ဆိုသည့်သဘောပင်.....

ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။

ထိုအခါ ကျင်းထန်ရှုက ပြုံးလိုက်ပြီး.....

" စွန်းတရှန်ရဲ့ မြို့စားအဆင့်ပညာရပ်ကို အရမ်းကြောက်နေစရာမလိုဘူး.... တကယ်ဆို သူတတ်ထားတဲ့ပညာရပ်က မြို့စားအဆင့် အစစ်အမှန်မဟုတ်ဘူး.....ချဲ့ကားပြောနေကြတာ....."

"ဟုတ်တယ်.....ဒါက ဆန်းကျယ်ပြီး မပြည့်စုံတဲ့ မြို့စားအဆင့်ပညာရပ်ဆိုရင်တောင် သူ့ရဲ့ စွမ်းအားက စိတ်ကူးယဉ်တာထက် ကျော်လွန်နေသေးတယ်....ငါ့မှာသာ ဝှက်ဖဲတွေ မရှိရင်၊ သူ့ကိုဖယ်ထုတ်နိုင်မှာမဟုတ်ဘူး.....အနည်းဆုံးတော့ မြို့စားအဆင့်ပညာရပ်ကိုထိန်းချုပ်နိုင်ဖို့ဆိုတာ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့လိုတယ်....."

ကျင်းထန်ရှု၏ စကားများသည် နှိမ့်ချနေသလိုဖြစ်နေသော်လည်း တကယ်တော့ သူ့မှာ မာနရှိနေသေးသည်။

"မင်းလည်း လုမင်ကို အနိုင်ယူနိုင်ခဲ့တာပဲ....ဒါက ငါ့ကို နည်းနည်းတော့ အံ့အားသင့်စေတယ်.....ဘာပဲဖြစ်ဖြစ် မင်းက ဘယ်ရှုထောင့်ကပဲဖြစ်ဖြစ် လုမင်ကို ဖိနှိပ်နိုင်တယ်"

"ဒါက လှည့်စားမှုတစ်ခုပါပဲ"

လီလော့က ပြုံးလိုက်သည်။

"ဒီအဆင့်မှာ လှည့်ကွက်မရှိဘူး...

လီလော့..မင်းသိပ်နှိမ့်ချမနေနဲ့.... "

ကျင်းထန်ရှု ခေါင်းယမ်းလိုက်သည်။

"ဒါဆို အခုလိုမြင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...."

လီလော့ လက်ကောက်ဝတ်ကိုတချက်လှုပ်လိုက်သည့်အခါ ကျင်းစဲ့ယွီ့ရှန်းဓား သူ့လက်ထဲတွင် ပေါ်လာသည်။ ရိုးရှင်းလွန်းသော ဓားသည် အေးစက်သောအလင်းရောင်ဖြင့် တောက်ပလာသည်။ လီလော့က ကျင်းထန်ရှုကို တည်ငြိမ်စွာ စိုက်ကြည့်ကာ.......

"ဘာပဲဖြစ်ဖြစ် မင်းနဲ့ငါ အစောကြီးကတည်းက ရန်သူတွေဖြစ်နေခဲ့ကြပြီပဲ....အဆုံးသတ်လိုက်ရအောင်....."

"အော်....ဟိုကောလဟာလကြောင့်မို့လား..... တကယ်တော့ ဒါက ငါ့ကိစ္စမဟုတ်ဘူး....ငါတို့ကောလိပ်က ကျန်းချင်းအာကို ပစ်မှတ်ထားနေခဲ့တာ.... ကျန်းချင်းအာက ခန်းမအဆင့်ပြိုင်ပွဲမှာ အသန်မာဆုံးကြယ်သုံးပွင့်ကျောင်းသူဖြစ်လာနိုင်တယ်....."

"တကယ်တော့ သူမကို စိတ်ဆိုးအောင်လုပ်တာက တော်တော်မိုက်မဲတဲ့ လုပ်ရပ်ပဲ......"

"မင်းတို့ ဉာဏ်အလင်းကောလိပ်က လုဂျင်းစီ ဆိုးဆိုးရွားရွား အရိုက်ခံနေရလောက်ပြီ... ဒီမှာ လူသတ်လို့မရတာ ကံကောင်းတယ်မှတ်.... မဟုတ်ရင် မင်းတို့အားလုံး သူ့အလောင်းကို သွားကောက်နေရလောက်ပြီ....."

"ဖြစ်နိုင်တယ်...."

ကျင်းထန်ရှုက ပခုံးတွန့်ပြီး ဆက်ပြောပြန်သည်။

"ဟိုဘက်ကကိစ္စတွေကို ငါ မထိန်းချုပ်နိုင်ဘူး. ငါ့တာဝန်က ကြယ်တပွင့်ခန်းမရဲ့အသန်မာဆုံးကျောင်းသားဘွဲ့ကိုရယူဖ်ို့ပဲ...."

"ဒါဆို ငါ့လက်ထဲက ဓားကိုအရင်မြည်းစမ်းကြည့်...."

လီလော့က ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

" လီလော့....မင်း ငါ့ကို အနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေတာလား.... “

ကျင်းထန်ရှုဘက်က နှေးကွေးသော ခြေလှမ်းကို စလှမ်းလိုက်သည်။

ဖန်းးးးးး

ထိုအချိန်တွင်၊ အံ့ဩစရာစွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာပြီး အပြာရောင်ဟာရီကိန်းမုန်တိုင်းတစ်ခုသဖွယ်မြည်ဟီးကာ ပတ်ဝန်းကျင်မြေပြင်တွင် အက်ကြောင်းများ ပေါ်လာစေသည်။

ပြင်းထန်သော ဖိနှိပ်မှု ခံစားချက်မျိုး တဖြည်းဖြည်း ထွက်ပေါ်လာသည်။

လီလော့ ရုတ်တရက် အမူအရာ ပြောင်းသွားသည်။

ဤဖိအားမျိုးသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်၏ဖိအားမျိုးမဟုတ်ပေ။

"မင်း စတုတ္ထအဆင့်ရောက်နေပြီမလား...."

ကျင်းထန်ရှုကို စိုက်ကြည့်ရင်း သူ့အသံက ပိုမိုနက်ရှိုင်းလာသည်။

ဤသည်မှာ ကျင်းထန်ရှု၏ဝှက်ဖဲဖြစ်သည်။သူသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်းတတိယဆင့်မဟုတ်ဘဲ စတုတ္ထအဆင့်ဖြစ်သည်။

သို့ပေမယ့် ကျင်းထန်ရှုရဲ့ စွမ်းအားက တည်ငြိမ်နေခြင်းမရှိပေ။ ကျင်းထန်ရှု၏ အောင်မြင်မှုသည် သူ့ကိုယ်ပိုင် ခွန်အားပေါ်တွင် လုံးလုံးလျားလျား မှီခိုနေခြင်း မဟုတ်ပေ။

အံ့သြနေစရာတော့မဟုတ်ပေ။ ရှန့်ပိန်းတွေ့ဆုံပွဲတွင် ပါဝင်နိုင်ရန်အတွက် ကောလိပ်တိုင်းက လက်ရွေးစင်ကျောင်းသားများကိုအရင်းအမြစ်များပုံအော၍ပြုစုပျိုးထောင်ကြမည်သာ.......

သူ မှတ်မိသလောက်ဆို ကျန်းချင်းအာ ပထမနှစ်တုန်းက ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်တွင်ရှိခဲ့သည်ဟုသာ လူသိများခဲ့သော်လည်း သူမ၏ခွန်အားအစစ်အမှန်ကိုမည်သူမျှမသိနိုင်ခဲ့ကြပေ။

ကျန်းချင်းအာ၏အခြေအနေသည် အနည်းငယ်ထူးခြားပြီး ၎င်းကို တိုင်းတာမှုစံညွှန်းတစ်ခုအဖြစ် သတ်မှတ်၍မရပေ။ထို့အပြင်သူမကိုခွန်အားကုန်ထုတ်သုံးရအောင်တိုက်ခိုက်နိုင်သူမျိုးလည်းမရှိခဲ့ပေ။

ထို့ကြောင့် လူအများ၏အမြင်တွင် ကျန်းချင်းအာ၏ စွမ်းအားသည် လျှို့ဝှက်ဆန်းကြယ်လှသည်။

"ငါ ဒါကို နည်းနည်းပိုပြီး ဖုံးကွယ်ထားချင်ပေမယ့် စွန်းတရှန်နဲ့တိုက်ခိုက်တုန်းက ဖုံးကွယ်ထားတဲ့ဝှက်ဖဲကိုထုတ်သုံးလိုက်ရတယ်....."

စွန်းတရှန်ကြောင့်သာ မဟုတ်ပါက၊ သူသည် ထိုကဲ့သို့သော ဝှက်ဖဲကို ဆက်လက်ဖုံးကွယ်ထားနိုင်ပြီး လီလော့နှင့်ရင်ဆိုင်ရာတွင် ရုတ်တရက်အံ့သြသွားအောင်ထုတ်သုံးနိုင်လိမ့်မည်။

မျှော်လင့်ထားသလိုဖြစ်မလာသည့်အတွက် တိုက်ရိုက် အနိုင်ယူဖို့သာကျန်တော့သည်။

ပုံသဏ္ဍာန်ပြောင်းလဲခြင်းစတုတ္ထအဆင့်စွမ်းအားကြောင့် ကျင်းထန်ရှု ယုံကြည်မှုအပြည့်ရှိနေသည်။

"လီလော့.... ငါတို့ကြားက ကြီးမားတဲ့ ကွာဟချက်က ဘယ်နည်းနဲ့မဆို ဖြည့်ဆည်းနိုင်တဲ့အရာ မဟုတ်ဘူး.....မင်းရဲ့ လက်ရှိအဆင့်နဲ့သာဆို ဒီအဆုံးအဖြတ်တိုက်ပွဲမှာ ငါပဲအနိုင်ရလိမ့်မယ်......"

လီလော့သည် အေးဆေးတည်ငြိမ်ပြီး ယုံကြည်မှုရှိသော ကျင်းထန်ရှု ကိုကြည့်နေ

သော်လည်း တစ်ဖက်သား၏စကားကို ငြင်းဆိုခြင်းမရှိပေ။ အဆင့်ကိုးတပိုင်း ပဲ့တင်ထပ်သံရှိသည့်အပြင် ပုံသဏ္ဍာန်ပြောင်းလဲခြင်း စတုတ္ထအဆင့်ရောက်နေပြီဖြစ်သောကြောင့် ကျင်းထန်ရှု မောက်မာနေသည်ကိုလည်းအပြစ်မဆိုသာပေ။

သို့သော်လည်း လီလော့သည် ထိတ်လန့်သွားပုံမပေါ်ဘဲ သက်ပြင်းချရင်း.....

" ပုံသဏ္ဍာန်ပြောင်းလဲခြင်း စတုတ္ထအဆင့်.... ဒါက တကယ်ကို ငါမျှော်လင့်ထားတာထက် နည်းနည်းကျော်လွန်သွားပြီ......"

ကျင်းထန်ရှုက လီလော့ကို အံ့အားသင့်စွာကြည့်လိုက်ပြီး.....

"မင်း မကြောက်ပါဘူး... မင်းကလည်း ဝှက်ဖဲကိုကောင်းကောင်းဖုံးကွယ်ထားတယ်မလား....."

"ဟားးးဟားးးးဒါက ဝှက်ဖဲမဟုတ်ဘူး... ပြောရရင်တော့ ငါ မင်းကိုအဲ့အတွက် တကယ် ကျေးဇူးတင်ရမှာ.....မင်းက ငါ့ကို လုံဖုမှာ အကြာကြီးနေခိုင်းထားပေမယ့် တခြားအကျိုးအမြတ်တွေလည်း ပေးခဲ့တယ်"

သူလည်း ရှေ့ကို လှမ်းတက်လိုက်သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်လာသည်။ တစ်ချိန်တည်းမှာပင်၊ လီလော့ထံမှ ထွက်ပေါ်လာသော ဖိအားများမှာလည်း မြင့်တက်လာသည်။

ဤသည်မှာ ပုံသဏ္ဍာန်ပြောင်းလဲခြင်းတတိယအဆင့်သို့တက်လှမ်းနေခြင်းပင်....

လီလော့သည် ရှန့်ပိန်းတွေ့ဆုံပွဲမတိုင်မှီကတည်းက ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်၏အထွတ်အထိပ်သို့ရောက်ရှိနေခဲ့ပြီဖြစ်ပြီး တတိယအဆင့်ရောက်ရန် ခြေလှမ်းတစ်ဝက်သာကွာဝေးသသည်။လုံဖုကိုကျော်ဖြတ်နေစဉ် အနက်ရောင်ကမ္မည်းပြားက နဂါးမီးတောက်များကို စုပ်ယူသွားပြီး သူ့ကိုလည်းအကျိုးကျေးဇူးအချို့ကို ရရှိစေခဲ့သည်။ ထိုအချိန်တွင် တတိယအဆင့်ကို ဖြတ်ကျော်လုနီးဖြစ်နေပြီဖြစ်သည်။

အစကတည်းက သူ့မှာ ကျင်းထန်ရှုနဲ့ တူညီတဲ့ အတွေးအမြင်ရှိခဲ့ပြီး ဒီအောင်မြင်မှုတွေကို အတတ်နိုင်ဆုံး ဖိနှိပ်ပြီး တစ်ဖက်ကို အံ့အားသင့်စေမယ့် အချိန်ရောက်တဲ့အထိ စောင့်နေချင်ခဲ့သည်။ထို့ကြောင့် လုမင်နှင့်တိုက်ခိုက်တုန်းကတောင် ထိုစွမ်းအားများကို ထုတ်မပြခဲ့ပေ။

ယခုမူကား သူတို့သည် ဖိနှိပ်ထားမှုကို လွှတ်ထုတ်လိုက်ရတော့မည်။

ကျင်းထန်ရှု၏ စွမ်းအားသည် အလွန်တိုးတက်နေသောကြောင့် ဖုံးကွယ်ထားဆဲဆိုလျှင် သူသည်လည်း ကြီးမားသောတန်ကြေး ပေးချေရလိမ့်မည်။

"ဒါက အောင်မြင်မှုတစ်ခုပဲလေ.... ရှားပါးဖြစ်စဉ်မှ မဟုတ်တာ"

လီလော့သည် လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်တွင်းရှိ ခွန်အားများ ပိုမိုအားကောင်းလာသည်ကို ခံစားပြီး ပြုံးကာ ပြောလိုက်သည်။

ကျင်းထန်ရှုလည်း အနည်းငယ် အံ့အားသင့်သွားပြီး.....

"တတိယအဆင့်လောက်နဲ့ဘာကိုမှပြောင်းလဲလို့မရဘူး....ငါက မင်းထက်တဆင့်သာနေသေးတယ်....."

"ပြီးပြီလို့ထင်နေတာလား....?"

ထိုစကားကြောင့် ကျင်းထန်ရှု၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

လီလော့ လက်ဖဝါးကိုဆုပ်ပြီးပြန်ဖြန့်လိုက်သည့်အခါ ကြက်သွေးရောင် နဂါးဘောလုံးလေး သူ့လက်ထဲမှာ ပေါ်လာသည်။ဤအရာသည် အနက်ရောင်ကမ္မည်းပြားက နဂါးမီးတောက်များကိုစုပ်ယူရာမှဖြစ်ပေါ်လာသောအရာဖြစ်သည်။ဤတစ်ခုတွင် နဂါးသွေးများပါဝင်ရုံသာမက ကောင်းကင်နှင့်မြေကြီး၏ ကြီးကျယ်ခမ်းနားသော စွမ်းအင်ကိုလည်း စုဆောင်းထားသည့် အနှစ်သာရများလည်းပါဝင်နေသည်။

လီလော့သည် အနီရောင်နဂါးဘောလုံးကို သူ့ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်လိုက်သည်။ ထိုအချိန်တွင် သူ့စိတ်ထဲတွင် နဂါးဟိန်းသံ ခပ်တိုးတိုးကြားလိုက်ရသည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားတစ်ရပ် ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် ကျင်းထန်ရှု၏ မျက်နှာထား တဖြည်းဖြည်း တင်းမာလာသည်။

သူ့အတွေးမမှားခဲ့ပေ။လီလော့သည်ဤပြိုင်ပွဲတွင် သူ့အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်သည်။

သို့သော်လည်း ထိတ်လန့်ခြင်းမရှိခဲ့ပေ။ အဲဒီအစား သူက ရယ်လိုက်ပြီး ရွှေသစ်ရွက်ကိုဆင့်ခေါ်လိုက်လေသည်။

ထိုကဲ့သို့ ပြင်းထန်သောရန်သူကို အနိုင်ယူပြီး အသန်မာဘွဲ့ကို အနိုင်ယူခြင်းက ဤဘွဲ့ကို ပို၍တန်ဖိုးရှိစေသည် မဟုတ်လား.....

All Chapters