← Chapters

နဝမ ဝိညာဉ်တမန်

Vol. 37 Ch. 506

နဝမ ဝိညာဉ်တမန်

Vol. 37 Ch. 506

" လီလော့ကသန်မာလှချည်လား.... ပုံသဏ္ဍန်ပြောင်းလဲခြင်းစတုတ္ထအဆင့်ကိုရောက်နေပြီလား...."

တိုက်ပွဲအခြေနေများကို အချိန်နှင့်တပြေးညီပြသနေသော ဖန်သားပြင်များရှေ့တွင်......

ယုလန်သည် လီလော့၏ တဟုန်ထိုးတိုးတက်လာနေသော အဆင့်ပြောင်းလဲမှုကို ကြည့်လိုက်မိသည်။ လီလော့ထံမှ ထွက်ပေါ်လာသော အရှိန်အဟုန်ကို ကြည့်ပြီး ခံစားရသော်လည်း၊ ကျင်းထန်ရှုနှင့် တန်းတူဖြစ်နေပြီဆိုကိုတော့ခန့်မှန်းနိုင်သေးသည်။

"မဟုတ်ဘူး.....အတိအကျပြောရရင် လီလော့ရဲ့ စွမ်းအင်အဆင့်က ပုံသဏ္ဍာန်ပြောင်းလဲခြင်းတတိယအဆင့်ဖြစ်သင့်တယ်.... အနီရောင်ပုလဲကိုမျိုချလိုက်လို့ အဆင့်ပိုမြင့်လာတာ...."

ပိုင်တုတုက ခဏလောက် သေချာကြည့်ပြီး ပြောလိုက်သည်။

"ဒါက ယာယီလောက်ပဲခွန်အားတိုးလာစေနိုင်ပေမယ့် အဆုံးအဖြတ်တိုက်ပွဲအတွက်လုံလောက်တယ်....."

"ဒါဟာ စစ်မှန်တဲ့ အဆရှ့ပိုင်းနတ်ဘုရားကုန်းမြေတိုက်ကြီးရဲ့ အပြင်းထန်ဆုံး တိုက်ပွဲလို့ မှတ်ယူနိုင်တယ်..."

ချင်ဇူလုပြုံးနေသော်လည်း သူ့မျက်လုံးများသည် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်လိုစိတ်များဖြင့် တောက်ပနေသည်။

ဤတိုက်ပွဲမျိုးသည် သူမျှော်လင့်ထားသည့်အရာဖြစ်သည်။ သို့သော် ယခုတွင် လီလော့ နှင့် ကျင်းထန်ရှုတို့၏နောက်တွင် ကျန်ရစ်ခဲ့သည်ကို ဝန်ခံရတော့မည်သာ.....

သို့သော် ၎င်းသည် ယာယီမျှသာဖြစ်သည်ဟု သူယုံကြည်သည်။ ဤပြိုင်ပွဲ ပြီးဆုံးပြီးနောက်၊ သူသည် အရိပ်လှိုဏ်ဂူထဲတွင် လေ့ကျင့်ရန်စာရင်းပေးသွင်းဖို့ကြံရွယ်ထားသည်။ အသက်အန္တရာယ်ရှိသော နေရာတွင်သာ လူတစ်ယောက်၏ အလားအလာကို အပြည့်အဝ နှိုးဆနိုင်မည်ဖြစ်သည်။

ကျင့်ကြံရေးခရီးလမ်းသည် ခက်ခဲကြမ်းတမ်းမှုများနှင့်ပြည့်နှက်နေသောလမ်းဖြစ်သည်။

"လီလော့က ကျင်းထန်ရှုကို အနိုင်ယူနိုင်မလား မသိဘူး.... ဒါက နောက်ဆုံးအဆင့်ဆိုတော့ သူသာ အနိုင်ရခဲ့ရင် ဒီနှစ်ရဲ့ အသန်မာဆုံးကြယ်တစ်ပွင့်ကျောင်းသားဘွဲ့က ငါတို့ကောလိပ်အတွက်ပဲ....."

ရိလီရှ သက်ပြင်းချလိုက်မိသည်။

လုချင်းအာသည်လည်း သူမ၏ သွယ်လျပြီး ဖြောင့်စင်းသော လည်တိုင်ကျော့ကျော့ကိုမော့က တိုက်ပွဲကို မျက်တောင်မခတ်စတမ်းစိုက်ကြည့်နေသည်။

"လီလော့ သေချာပေါက် နိုင်လိမ့်မယ်"

"ဖြစ်နိုင်ပါ့မလား... ကျင်းထန်ရှုက အရမ်းသန်မာတယ်" ဘေးနားမှာရပ်နေသည့် ဝမ်ဟေးကျူက ခပ်ချဉ်ချဉ် အငေါ်တူးလိုက်သည်။

ထိုအခါ လုချင်းအာက ပေါ့ပေါ့ပါးပါး ပြုံးပြီး....

" ကောလိပ်စတက်တုန်းက လီလော့ကို ကြယ်တစ်ပွင့်ခန်းမရဲ့အသန်မာဆုံးကျောင်းသားဖြစ်လာမယ်မထင်ခဲ့ဘူးမလား....."

ဝမ်ဟေးကျူ ထိတ်လန့်တုန်လှုပ်သွားပြီး ဒေါသတကြီးနဲ့......

"မင်းဘက်လိုက်လွန်းနေပြီ.... လီလော့က ကျင်းထန်ရှုနဲ့ ရင်ဆိုင်နေရတာလေ...ငါတို့နဲ့ဘာလို့လာယှဉ်နေတာလဲ......"

"ကျင်းထန်ရှုမှာအဆင့်ကိုးတပိုင်းပဲ့တင်ထပ်သံရှိတယ်ဆိုပေမယ့် သူက လီလော့ ကြုံဖူးသမျှထဲမှာ အပြင်းထန်ဆုံး ရန်သူ ဖြစ်လာမှာ မဟုတ်ဘူး...သူက လီလော့ နင်းတက်ရမယ့် ကျောက်တုံးတခုသာသာပဲ.....စိတ်ပျက်စရာ ဗလာနန်းတော်ရှိနေတဲ့ဘဝကနေ အခုလိုအောင်မြင်လာအောင်ကြိုးစားနိုင်ခဲ့တယ်...ကျင်းထန်ရှုကိုရင်ဆိုင်ရတာက ဗလာနန်းတော်ရှိနေတုန်းက စိတ်ပျက်အားငယ်စရာအခြေကိုကျော်ဖြတ်ရတာလောက်ခက်ခဲနိုင်ပါ့မလား....."

လုချင်းအာ၏ပြန်လည်ချေပသံက အေးစက်နေသော်လည်း လီလော့ အပေါ်မှာ ယုံကြည်မှုအပြည့်ရှိနေသည်။

ဤယုံကြည်မှုများသည် အခြေအမြစ်မရှိသောအရာများမဟုတ်ဘဲ သူမကိုယ်တိုင်မျက်မြင်တွေ့ကြုံခဲ့သောအရာများသာပင်.....

လီလော့သည် နန်ဖန်းကျောင်းတော်ကနေ

တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းလာကာ နောက်ဆုံးတွင် ကြယ်တာယာခရီးရှည်ကောလိပ်သို့ ရောက်လာပြီး ကျောင်းသားသစ်များကြားတွင်ပင် နံပါတ်တစ်ဖြစ်လာခဲ့သည်။

လုချင်းအာ၏ နှလုံးသားထဲတွင် ထိုသို့သောလူသည် တုနှိုင်းမဲ့သူဖြစ်သည်။

လုချင်းအာ၏ချေပချက်များကြောင့် ဝမ်ဟေးကျူနှင့်ဒူဇီပိုင်ရွှမ်းတို့နှုတ်ဆိတ်နေကြသည်။

မှန်ပေသည်....လီလော့သည် တကယ့်စိတ်ပျက်စရာကောင်းတဲ့ အခြေအနေကို ကြုံတွေ့ခဲ့ရပြီး ဗလာကျင်းနေသည့် ပဲ့တင်ထပ်သံနန်းတော်ရှိနေခြင်းက တော်တန်ရုံသူကို မျှော်လင့်ချက်တွေ ဆုံးရှုံးသွားစေနိုင်သည်။သို့သော် လီလော့က ထိုအခြေနေကိုရအောင်ကျော်ဖြတ်ခဲ့သည်။

အရင်တုန်းကတော့ လီလော့ရဲ့ ပေါ့ပေါ့ပါးပါး အပြုံးကိုသာ မြင်ခဲ့ကြပေမယ့် အဲ့ဒီအပြုံးတွေရဲ့နောက်ကွယ်က ခက်ခဲမှုများကို မည်သူမျှမသိခဲ့မိကြပေ။

လုချင်အာနှင့် အခြားသူများ ငြင်းခုံနေစဉ်....

လီလော့သည် သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ပြင်းထန်သော စွမ်းအားကို ခံစားလိုက်ရပြီး ထိုစွမ်းအားသည် လွန်ခဲ့သည့်အခိုက်အတန့်ထက် အဆများစွာ ပိုမိုပြင်းထန်လာသည်။

လက်ရှိတွင် ပုံသဏ္ဍာန်ပြောင်းလဲခြင်းတတိယအဆင့်ရောက်နေသည့်အပြင် နဂါးသွေးပုလဲမှ ပေးစွမ်းသော စွမ်းအင်များကြောင့် ပို၍ပင်အားကောင်းလာသည်။ မူလက နဂါးသွေးပုလဲကို ပဲ့တင်ထပိသံတုပခြင်းတွင်သာသုံးနိုင်သည်ဟု ထင်ခဲ့မိသော်လည်း ၎င်းကိုရရှိပြီးနောက်တွင် စူးစမ်းမှုအချို့ပြုလုပ်ကာ နဂါးသွေးပုလဲ၏ နောက်ထပ်အကျိုးသက်ရောက်မှုကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် ဤတိုးတက်မှုမျိုးသည် ပြင်ပအင်အားအကူအညီ ဖြစ်သောကြောင့် အချိန်ကန့်သတ်ချက်ရှိသည်။ နဂါးသွေးပုလဲကို ထုတ်ယူလိုက်သည်နှင့် စွမ်းအင်တိုးပွားမှု ပျောက်ကွယ်သွားမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လီလော့သည် ယခုချိန်တွင် ကျင်းထန်ရှုထက်အားနည်းနေခြင်းမျိုးမရှိတော့ပေ။

ဤအဆုံးအဖြတ်တိုက်ပွဲသည် အမှန်တကယ်ပင် တူညီသောအနေအထားသို့ ရောက်လာပြီဖြစ်သည်။

ရွှမ်း

လီလော့ ဓားကိုဆုပ်ကိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ စွမ်းအားများ ထွက်လာသည်။ ဓါးသည် တုန်ခါပြီး အသံမြည်ကာ တောက်ပသော ပဲ့တင်ထပ်သံစွမ်းအားများကြောင့် တလက်လက်တောက်ပနေသည်။

ကျင်းထန်ရှုလို အင်အားကြီးသောရန်သူနှင့် ရင်ဆိုင်ရချိန်တွင် လီလော့သည်လည်း ရှိသမျှအစွမ်းကုန်ထုတ်သုံးရတော့မည်။ထို့ကြောင့် ပဲ့တင်ထပ်သံနှစ်ခု၏ပေါင်းစပ်စွမ်းအားကိုလည်း အသင့်နှိုးဆော်ထားသည်။

ဓားဖျားတွင် ရေအလင်းစွမ်းအားများ လျင်မြန်စွာပေါ်လာပြီး ဓားအလင်းသည် မြေပြင်ပေါ်တွင် နက်ရှိုင်းသောဓားရာများကိုဖြစ်ပေါ်စေသည်။ လီလော့၏ ကြံ့ခိုင်မှု တိုးလာမှုနှင့်အတူ၊ သူ၏ ရေအလင်းစွမ်းအားသည်လည်း ပိုမိုအားကောင်းလာပုံရသည်။

ထက်ရှမှုနှင့်ထိုးဖောက်နိုင်စွမ်း အားလုံးသည် သေစေလောက်သည်။

လီလော့က ခေါင်းမော့လိုက်ပြီး ကျင်းထန်ရှု ရဲ့ မျက်လုံးတွေကို စိုက်ကြည့်နေသည်။

နောက်အခိုက်အတန့်တွင် ပြိုးပြိုးပြက်ပြက်လင်းလက်နေသော ဓားအလင်းသည် ပင်လယ်မျက်နှာပြင်ပေါ်ရှိ လှိုင်းလုံးများကဲ့သို့ အေးစိမ့်မှုနှင့်အတူ သတ်ဖြတ်လိုစိတ်ပြင်းပြစွာဖြင့်ကျင်းထန်ရှုကို အညှာမတာမဲ့စွာ ရင်ဆိုင်လိုက်သည်။

ခေါင်းဖြတ်သတ်ဖြတ်ဖို့ရည်ရွယ်ထားခြင်းပင်....

ဓားအလင်းမကျဆင်းလာခင်မှာတင် သူ့ခြေဖဝါးအောက်က မြေပြင်ဟာ လျင်မြန်စွာ ကွဲအက်လာသည်။

လီလော့ဘက်က ပြင်းထန်စွာတိုက်ခိုက်နေသော်လည်း ကျင်းထန်ရှု အပြုံးမပျက်ခဲ့ပေ။ သူ့မှာ နောက်ပြန်ဆုတ်ဖို့ အကြောင်းပြချက် မရှိသည်မှာ ထင်ရှားနေ၏။

ထိုစဉ် လက်ထဲတွင် ဆုပ်ကိုင်ထားသော ရွှေသစ်ရွက်၏လက်ကိုင်ရိုးပေါ်တွင် ရွှေရောင်မျက်လုံးတစ်လုံးဖြတ်ကနဲပွင့်လာသည်။

ထင်ရှားသည်မှာ ဤရွှေသစ်ရွှက်သည် ကျင်းထန်ရှု၏လက်နက်ဖြစ်ပြီး ရွှေမျက်လုံးအဆင့်ရတနာလည်းဖြစ်သည်။

ဉာဏ်အလင်းကောလိပ်၏မဟာလှံဟု တင်စားခံရသူ၏ လက်ဆွဲတော်လက်နက်သည်အဘယ်ကြောင့်ရွှေသစ်ရွက်ဖြစ်နေရသနည်း........

"လီလော့၊ မင်းရဲ့ပဲ့တင်ထပ်သံနှစ်ခုပေါင်းစပ်စွမ်းအားကို ငါမြင်ဖူးတယ်.....အခု ငါ့ရဲ့အဆင့်ကိုးတပိုင်းပဲ့တင်ထပ်သံစွမ်းအားကိုပြပေးမယ်......"

ကျင်းထန်ရှုက ပြုံးလိုက်ပြီး သူ့ပတ်ဝန်းကျင်မှာ လေစွမ်းအားတွေ တိုးပွားလာသည်။ လေစွမ်းအားက တိမ်တွေကို လှုပ်နှိုးလိုက်ပြီး ကြီးမားတဲ့ လေဆင်နှာမောင်း မုန်တိုင်းကြီး ဖြစ်ပေါ်လာပြီး ဒီအချိန်မှာ ကောင်းကင်နဲ့ မြေကြီးကြားက လေစွမ်းအင်ဟာလည်း ကျင်းထန်ရှုရဲ့ အရင်းအမြစ်အဖြစ်ပံ့ပိုးပေးနေကြသည်။

ကျင်းထန်ရှု၏ခန္ဓာကိုယ်ပေါ်တွင် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်သန့်စင်သောလေစွမ်းအားဖြစ်သည့် စိမ်းပြာရောင်အလင်းတန်းတစ်ခုလည်း ရှိနေသည်။

လီလော့အတွက် ဤကဲ့သို့ သန့်စင်သော လေစွမ်းအားကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

ကျင်းထန်ရှု၏ခန္ဓာကိုယ်ပေါ်တွင် ဖန်သားပြင်သဏ္ဍာန်အလွှာတခုဖြစ်ပေါ်လာချိန်တွင် ကောင်းကင်နှင့်မြေပြင်ကြားရှိ လေစွမ်းအင်သည် ကျင်းထန်ရှုဆီသို့ တိုးဝင်လာကာ ပို၍ ကြီးကျယ်ခမ်းနားလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ဤအရာအားလုံးသည် ထိုလျှို့ဝှက်ဆန်းကြယ်သော အလွှာ၏ လွှမ်းမိုးမှုကြောင့်ဖြစ်သည်။

"ဒါက... အဆင့်ကိုးပဲ့တင်ထပ်သံအစစ်တွေသာပိုင်ဆိုင်နိုင်တဲ့စွမ်းအားမျိုးပဲ...."

လီလော့ ၏ မျက်လုံးများ ကြည်ကြည်လင်လင် ဖြစ်လာသည်။

နဝမဝိသေသဟုသော ဝိသေသလက္ခဏာများကို အဆင့်ကိုးပဲ့တင်ထပ်သံအစစ်များသာ ပိုင်နိုင်သည်ဟု ဆိုကြသည်။ ဤဝိသေသလက္ခဏာသည် ဝိညာဉ်စွမ်းအားများကို မြှင့်တင်ပေးနိုင်ပြီး တစ်ချိန်တည်းတွင် ၎င်း၏ပိုင်ရှင်နှင့် ကောင်းကင်နှင့် မြေကြီးကြားရှိ စွမ်းအင်ကို ပိုမိုချိတ်ဆက်ပေးနိုင်စွမ်းရှိသည်။ သိမြင်နားလည်နိုင်စွမ်းသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်ကို ပိုမိုလွယ်ကူစွာ စုစည်းနိုင်စေရန် ကူညီပေးသည်။

ထို့အပြင်.ဤဝိသေသလက္ခဏာ၏ကောင်းချီးအောက်တွင် ကျင်းထန်ရှုသည်လေစွမ်းအားများကို အတိုင်းထက်အလွန်စုစည်းနိုင်တော့မည်။

ထို့ကြောင့် ဤဝိသေသလက္ခဏာကို နဝမ ဝိညာဉ်တမန်ဟုလည်း ခေါ်သည်။ ၎င်းသည် ပဲ့တင်ထပ်သံနှစ်ခုရှိသူများ ပဲ့တင်ထပ်သံစွမ်းအားကိုပေါင်းစပ်အသုံးပြုနိုင်သကဲ့သို့သော စွမ်းရည်မျိုးဖြစ်သည်။

လီလော့သည် ထိုစွမ်းရည်မျိုးကို ကျန်းချင်းအာထံတွင်မြင်ဖူးသည်။

လီလော့ မထင်မှတ်ထားသည့်အရာမှာ နဝမဝိညာဉ်တမန် မွေးဖွားလာရန် အဆင့်ကိုးပဲ့တင်ထပ်သံအစစ် လိုအပ်သည်ဟုထင်ခဲ့သော်လည်း... ဤလူတွင် အဆင့်ကိုးတပိုင်း ပဲ့တင်ထပ်သံသာရှိနေသည်။

ဒီတစ်ခါတော့ ပိုစိတ်ဝင်စားဖို့ကောင်းလာပြီ.....

ပဲ့တင်ထပ်သံနှစ်ခုရှိသူနှင့် နဝမဝိညာဉ်တမန်တို့၏တိုက်ပွဲ......

All Chapters