တိုက်ပွဲ.....
Vol. 37 Ch. 507
ကျင်းထန်ရှု၏ခန္ဓာကိုယ်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော "လေဝိဉာဉ်သတမန်" ပေါ်လာသောအခါ၊ ကောင်းကင်နှင့်မြေပြင်ကြားရှိ လေစွမ်းအင်သည် သူရှိရာအရပ်ဆီသို့ အံ့အားသင့်ဖွယ်အရှိန်ဖြင့် ရောက်ရှိလာသည်။ ထိုအခါ သူ့လက်ထဲမှ ရွှေသစ်ရွက်သည်လည်း ပြင်းထန်စွာလှုပ်ခတ်လာသည်။
ဝှီးးးးးးးးး
ရွှေသစ်ရွက်ကြောင့် အကန့်အသတ်မရှိ လေပြင်းများတိုက်ခတ်လာပြီး သူ့ခြေဖဝါးအောက်ရှိ မြေပြင်နိမ့်ဆင့်သွားသည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ကျောက်တုံးများရုတ်တရက် လွင့်ထွက်သွားပြီး လီလော့ဆီသို့ဉီးတည်လာသည်။ ကို
ရွှတ်....
လီလော့ ဓားချက်ခုတ်ပိုင်းလိုက်သည့်အခါ ဓား၏အလင်းသည် သက်တံကဲ့သို့ဖြစ်ပြီး၊ လေခွင်းသံဖြင့်မြည်ဟီးနေသည်။
နှစ်ဉီးသား ထိပ်တိုက်တွေ့ဆုံမှု၏ ပြင်းထန်သောအရှိန်အဟုန်သည် ရုတ်တရက် လှိမ့်တက်လာပြီး ကျယ်လောင်သောပေါက်ကွဲသံက တောင်ထိပ်တွင် ပဲ့တင်ထပ်သွားသည်။
သို့သော်လည် လီလော့နှင့်ကျင်းထန်ရှု နှစ်ဦးစလုံးသည် အမူအရာ မပြောင်းလဲဘဲ နောက်တဖန် တိုက်ခိုက်ဖို့အရှိန်ယူနေကြသည်။
ကျင်းထန်ရှု၏ ရွှေသစ်ရွက်ထပ်မံလှုပ်ရှားသွားပြန်သည်။
"လေငှက်....."
ဝှီးးးးဝှီးးးးးဝေါ...ဝေါ....
လီလော့ကိုဉီးတည်ပြီးတိုက်ခတ်နေသော လေပြင်းများထဲတွင် မရေမတွက်နိုင်သော အပြာရောင်အရိပ်များ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအပြာရောင်အရိပ်များသည် တကယ်တော့ အပြာရောင်ငှက်တွေဖြစ်သည်။ ငှက်များကို သန့်စင်သောလေစွမ်းအားဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး ငှက်၏နှုတ်သီးသည် ထူးထူးခြားခြားချွန်ထက်ပြီး အပြာရောင်အလင်းတန်းများ စီးဆင်းနေသည်မှာ ကောင်းကင်ကိုတောက်နိုင်သည့် ဓားတစ်ထောင်ကဲ့သို့ပင်....
ဤလေပြင်းနှင့် ငှက်များသည် ထူထပ်စွာ ပြည့်ကျပ်နေပြီး သဲသဲမဲမဲ ရွာနေသည့် မိုးပေါက်များသဖွယ် ပြင်းထန်စွာ ဖုံးအုပ်ထားသည်။
လီလော့သည် ကျင်းထန်ရှုကိုသာစူးစူးနစ်နစ်ကြည့်နေပြီးခြေဆောင့်လိုက်သည်။ထိုအခါ ပြင်းထန်သောပဲ့တင်ထပ်သံစွမ်းအားများတွန်းကန်ထွက်ပေါ်လာသည်။
"ရေတံတိုင်းပညာရပ်!"
လီလော့၏ခြေဖဝါးအောက်ရှိ မြေပြင် အက်ကွဲသွားပြီး ရေတံတိုင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ နံရံအတွင်းတွင် နံရံအလွှာများကဲ့သို့ ရေစွမ်းအားများသည် စီးဆင်းနေသည်။
သို့သော်၊ ကျင်းထန်ရှု၏ လှုပ်ရှားမှုကို ရပ်တန့်ရန် ဤပညာရပ်တစ်ခုတည်းက သိသိသာသာ မတွန်းလှန်နိုင်သောကြောင့် သူ၏ လေငှက်ပညာရပ်ကို "လေတမာန်"မှ သိသာထင်ရှားစွာ ကောင်းချီးပေးခြင်းဖြစ်နိုင်သည်။
သို့သော် ကျင်းထန်ရှုတွင် "လေတမာန်" ၏ကောင်းချီးရှိသလို သူ့ထံတွင်လည်း ကိုယ်ပိုင်အားသာချက်များရှိသည်။
ဒါကတော့ မတူညီတဲ့ အရည်အချင်းတွေ ပေါင်းစပ်မှုပင်ဖြစ်သည်။
ထို့ကြောင့်၊ လီလော့၏ ခန္ဓာကိုယ်တွင်၊ သူ့ခြေဖဝါးအောက်က မြေပြင်နှင့်တူသေယ စွမ်းအားတစ်ခု ရှိနေသည်။
"သဲဖြိုခွင်းခြင်းပညာရပ်!"
ထိုအချိန်တွင် ရေတံတိုင်း၏ အသွင်အပြင်ရုတ်တရက် ပြောင်းလဲသွားသည်။ ဂရုတစိုက်လေ့လာကြည့်လျှင် ရေတံတိုင်းအတွင်း စီးဆင်းနေသော ရေစွမ်းအားထဲတွင် မရေမတွက်နိုင်သော ချွန်ထက်သော သဲကျောက်များ ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။
ရေတံတိုင်းအတွင်းရှိ ဤသဲကျောက်များ၏ အရှိန်မြင့်စီးဆင်းမှုသည် ရေတံတိုင်းကို ပိုမိုကာကွယ်ပေးရုံသာမက သေစေနိုင်သော စွမ်းအားလည်း ရှိသည်။
မရေမတွက်နိုင်သော လေငှက်များ ရေတံတိုင်းထဲသို့ ထိုးကျသွားကာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာကွဲသွားပြီး အစိမ်းရောင် မီးရှူးမီးပန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
"ဘာလဲ?"
ဤအချိန်တွင် ကျင်းထန်ရှု အနည်းငယ် အံ့သြသွားသည်။ လီလော့၏ ရေပဲ့တင်ထပ်သံပညာရပ်သည် သစ်သားပဲ့တင်ထပ်သံပညာရပ်နှင့်ပေါင်းစပ်ထားခြင်းမဟုတ်ဘဲ အဘယ်ကြောင့် မြေပဲ့တင်ထပ်သံပညာရပ်နှင့်ပေါင်းစပ်ထားရသနည်း....
သို့သော်လည်း လီလော့က သည် ကျင်းထန်ရှုကို တွေးတောရန် အချိန်မပေးခဲ့ဘဲ ကျင်းထန်ရှုဆီသို့ တဟုန်ထိုးပြေးသွားခဲ့သည်။ သူ့လက်ထဲက ကျင်းစဲ့ယွီရှန်းဓားသည်လည်း သတ်ဖြတ်လိုစိတ်ပြင်းပြစွာဖြင့် ပြင်းထန်စွာတုန်ခါနေသည်။
ကျင်းထန်ရှု ဒါကိုမြင်လိုက်သောအခါ၊ သူ့ရုပ်သွင်ကို လေညင်းအဖြစ်သို့ ပြောင်းလဲလိုက်သဖြင့် ရှာရခက်သွားခဲ့သည်။
"သစ်ပင်တစ်ထောင် ချည်နှောင်ခြင်း!"
ထိုအခါ ကျင်းထန်ရှုကို ချည်နှောင်ရန် ကြိုးစားနေသည့် မရေမတွက်နိုင်သော အစိမ်းရောင်သစ်ပင်နွယ်ပင်များကိုမြင်လိုက်ရသည်။
အဆင့်ကိုးတပိုင်း လေပဲ့တင်ထပ်သံရှိသည့်ကျင်းထန်ရှုဆိုမထားနှင့် လုမင်၏အရှိန်ကိုပင် လီလော့ လိုက်မမှီခဲ့ပေ။
ထို့ကြောင့် အရှိန်နှင့် လှုပ်ရှားမှုတွင် အားသာချက်များရှိသည့်ရန်သူကို ကန့်သတ်ရန် လိုအပ်နေသေးသည်။
သို့သော်၊ ကျင်းထန်ရှုသည် ဤအရာကို သိသာထင်ရှားစွာ နားလည်သောကြောင့် ပြေးလွှားနေသော စပျစ်နွယ်ပင်များကို မျက်နှာမူကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရုံဖြင့် သူ့ခန္ဓာကိုယ် တုန်ခါသွားပြီး နောက်ကျောဘက်တွင်အစိမ်းရောင် အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။
အတောင်ပံများသည် အပြာရောင်အလင်းတန်းများနှင့်အတူ ဝေ့ဝဲနေပြီး လေပြင်းများ ရစ်ပတ်ကာ အတောင်တစ်ခုစီသည် ဓားသွားကဲ့သို့ ထက်မြက်လာကာ မရေမတွက်နိုင်သော မီးဓားများအဖြစ် လုံးထွေးနေသော စပျစ်နွယ်ပင်များကို တိုက်ရိုက် ချိုးဖျက်ပစ်လိုက်ကြသည်။
ကျင်းထန်ရှု၏ ပေါ့ပါးသောလှုပ်ရှားမှုများသည် လေထဲတွင်မျောလွှင့်နေသောတစ္ဆေနှင့်ပင်တူနေသေးသည်။
ကျင်းထန်ရှုသည် လီလော့၏ ရည်ရွယ်ချက်ကို သိသာစွာ နားလည်ခဲ့ပြီး သူ၏ ကြီးမားသော အားသာချက်ကို လက်လွှတ်မခံဘဲ အတော်အတန်ဝေးသောအကွာအဝေးရောက်အောင်နောက်ဆုတ်လိုက်ပြီး စည်းတံဆိပ်တခုဖန်တီးနေသည်။
ထိုအခါ ပြင်းထန်သော လေသည် အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်။
ကျင်းထန်ရှု၏အင်္ကျီလက်စသည် ယခုအခိုက်အတန့်တွင် ဖောင်းပွလာပြီး လေစွမ်းအားဖြင့် ပေါင်းစပ်ထားသော အပြာရောင်လှံများအဖြစ်သို့ ပြောင်းလဲသွားကာ လီလော့ဆီသို့ဉီးတည်ပျံသန်းသွားလေ၏။
လီလော့က ဓားကို ကိုင်လိုက်ပြီး ဓားအလင်းဖြာကျလာသည်။ ကျင်းစဲ့ယွီ့ရှန်းဓား၏ပထမအလွှာဖြစ်သော ဆင်နတ်ဘုရား၏ သဘာဝလွန်စွမ်းအားသည် ယခုအချိန်တွင် တိုက်ရိုက်အသက်ဝင်လာပြီး လီလော့၏ လက်မောင်းများ ရုတ်တရက် ပိုမိုကြီးထွားလာသည်။သွေးပြန်ကြောများ တဆတ်ဆတ်တုန်လာကာ အရေပြားမှာ စုတ်ပြဲနေသည့် လက္ခဏာများ ပေါ်လာသည်။
ဆွစ်......
ဓားချက်နှစ်ချက် ပိုင်းဖြတ်လိုက်ရာ မြေပြင်ပေါ်တွက် နက်နဲသော အက်ကြောင်းများဖြစ်ပေါ်လာပြီး ပေါက်ကွဲမှုမှ ထွက်လာသော အစိမ်းရောင်လှံများလည်း ကွဲထွက်သွားသည်။
သို့သော် ကျင်းထန်ရှု နောက်ပြန်ဆုတ်သွားခဲ့သည်။
နှစ်ဘက်ကြား လျှပ်စီးလက်သလို ထိပ်တိုက်ရင်ဆိုင်နေသည့်မြင်ကွင်းသည် မရေမတွက်နိုင်သော ပရိသတ်များကို အံ့အားသင့်စေခဲ့သည်။
လုမင်သည် ဖန်သားပြင်ပေါ်မှ တိုက်ပွဲကိုအာရုံစူးစိုက်ကြည့်နေသည်။
"လီလော့က အမြန်နှုန်းနဲ့ ရွေ့လျားမှုအရ လုံးဝကို ဖိနှိပ်ခံနေရတယ်... ကျင်းထန်ရှုမှာ မြန်နှုန်း အားသာချက်တစ်ခုပဲရှိပေမယ့် လီလော့ သူ့ကိုချိန်းခြောက်နိူင်မှာမဟုတ်ဘူး....."
"ကျစ်.... လီလော့က ညီမလုကို အနိုင်ယူခဲ့တယ်၊ ဒါပေမယ့် အဆိပ်ခတ်တဲ့ လှည့်ကွက်ကြောင့်သာနိုင်ခဲ့တာ.... သူ့ရဲ့ တကယ့်စွမ်းရည်က သိပ်မကောင်းဘူးထင်တယ်..."
လုမင်နှင့် နီးစပ်သူတစ်ဦးက လှောင်ပြောင်လိုက်သည်။ လီလော့သည် လုမင်ကို အနိုင်ယူခဲ့သော်လည်း ဤနည်းလမ်းသည် ကောက်ကျစ်သောနည်းလမ်းဖြစ်သောကြောင့် လုမင်ဆီမှမျက်နှာကောင်းရအောင် အခုလိုဘေးတီးနေခြင်းဖြစ်သည်။
လုမင်က ထိုစကားကြားတော့ မျက်မှောင်ကြုံ့လိုက်ပြီး.....
" ရှုံးတာကရှုံးတာပဲ ဘာအကြောင်းပြချက်မှ ရှာစရာ မလိုဘူး... လီလော့ အခုပြသထားတဲ့ ခွန်အားက ငါ့ကို အနိုင်ယူဖို့ လုံလောက်နေပြီ..... သူက အဆိပ်ကို သုံးခဲ့ပေမယ့် တားမြစ်ထားတာမျိုးမှမဟုတ်တာ.... "
လုမင်၏ ခပ်ပြတ်ပြတ်အပြောကြောင့် အားလုံးပါးစပ်ပိတ်ကုန်ကြသည်။
"အစ်မလု... ဘယ်သူအနိုင်ရမယ်ထင်လဲ...."
တခြားသူတွေက မြန်မြန်စကားလမ်းကြောင်းလွှဲလိုက်ကြသည်။
လုမင်က အနည်းငယ်စဉ်းစားပြီး......
"ကျင်းထန်ရှုမှာ အရှိန်အဟုန်နဲ့ အားသာချက်ရှိတယ်....ဒါ့ကြောင့် လီလော့အတွက် ချက်ကောင်းထိအောင်တိုက်ခိုက်ဖို့ခက်နေတာပေါ့.......ကျင်းထန်ရှုကလည်း အခွင့်ကောင်းကိုစောင့်နေတာ...လီလော့ဘက်ကသာ သတိတချက်လွတ်သွားရင်ပွဲသိမ်းပြီ......"
"ဒါကြောင့် လက်ရှိအခြေအနေအရ ကျင်းထန်ရှုမှာ အားသာချက်ရှိတယ်...."
"လီလော့လည်း ဒါကို သိထားတယ်၊ ဒါကြောင့် သူက ကျင်းထန်ရှုရဲ့ အမြန်နှုန်း အားသာချက်ကို ကန့်သတ်ဖို့ ကြိုးစားနေတယ်၊ ဒါပေမယ့် ဒါက တော်တော်ခက်ခဲမယ့်ပုံပဲ...."
လူတိုင်းက ခေါင်းညိတ်ကာ သက်ပြင်းချလိုက်ကြသည်။
"ဒီတစ်ခါတော့ ကြယ်တစ်ပွင့်ခန်းမရဲ့ အသန်မာဆုံးဘွဲ့က ကျင်းထန်ရှု လက်ထဲ ရောက်လိမ့်မယ်ထင်တယ်....."
လုမင်က ပြန်မဖြေဘဲ တိုက်ပွဲကိုသာစိုက်ကြည့်နေသည်။
လီလော့သည် သူမအား အနည်းငယ်ထူးခြားသော ခံစားမျိုးပေးစွမ်းနေသည်။
လီလော့သည် သူမလို ပဲ့တင်ထပ်သံနှစ်ခုအသုံးပြုသူဖြစ်သော်လည်း တနည်းတဖုံထူးခြားနေသည်။
သူ့မှာ ဖုံးကွယ်ထားတာ တစ်ခုခုတော့ ရှိလိမ့်မည်။
ထို့ကြောင့် ဒီအဆုံးအဖြတ်တိုက်ပွဲကို ဘယ်သူအနိုင်ရမလဲ၊ သိဖို့ အဆုံးအထိ စောင့်ရတော့မည်သာ......
တစ်ချိန်တည်းမှာပင်......
စွန်းတရှန်သည် အဆောက်အဦးရှေ့က လှေကားထစ်များပေါ်တွင် ထိုင်ချလိုက်ပြီး သူ့မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေသော်လည်း သူ့မျက်လုံးများက ဂနာမငြိမ်ဖြစ်နေသည်။
ပြင်းပြလွန်းသောတိုက်ခိုက်လိုစိတ်ကြောင့် ချက်ချင်းလုံကူကျွန်းဆီပြေးသွားချင်သော်လည်း ထုတ်ပယ်ခံထားနှင့်ပြီဖြစ်သည်။
ထို့ကြောင့် သူက ဒေါသတကြီးဖြင့် မျက်နှာကို ကုတ်လိုက်ပြီး......
"ကျင်းထန်ရှု.... ဒီလူယုတ်မာက အရမ်းအန္တရာယ်များတယ်၊ သူ့ရဲ့ ခွန်အားက ပုံသဏ္ဍာန်ပြောင်းလဲခြင်းစတုတ္ထအဆင့်ရောက်နေပြီ......."
"ငါသာ အားကောင်းရင် ကျင်းထန်ရှုက ငါ့ရဲ့မှော်လူဝံရိုက်ချက်ကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး......"
အကယ်၍ စွန်းတရှန်ထံတွင် အသက်ရှုဆယ့်နှစ်ရှိုက်စာခန့်အချိန်ပိုရမည်ဆိုပါက ကျင်းထန်ရှုကို အနိုင်ရနေလောက်ပြီ.....
ကျင်းထန်ရှုထံတွင် ပုံသဏ္ဍာန်ပြောင်းလဲခြင်းစတုတ္တအဆင့်ထိ မြှင့်တင်ပေးသည့် လေတမန်၏ ကောင်းချီးများရှိသည်။
"လီလော့.... မင်းအပေါ်မှာ မူတည်နေပြီ....ဒါပေမယ့် ကျင်းထန်ရှုရဲ့ လှုပ်ရှားမှုနဲ့ အရှိန်ကို မကန့်သတ်နိုင်ရင် အနိုင်ရဖို့မလွယ်ဘူး....."
......................................................
"လီလော့ မင်း ငါ့အမြန်နှုန်းကို ကန့်သတ်လို့မရဘူး......."
တောင်ထိပ်တွင် ကျင်းထန်ရှုသည် လေထဲတွင် လမ်းလျှောက်နေပြီး လက်ထဲက ရွှေသစ်ရွက်ကို ဝှေ့ယမ်းလိုက်သည့်အခါ
အဆုံးမဲ့သောအစိမ်းရောင်လေပြင်းများသည် ဓားသွားများသဖွယ် လီလော့ထံအဆက်အပြတ်ကျဆင်းလာသည်။
သို့သော် သူ၏တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် လီလော့သည် စကားတစ်ခွန်းမျှ မပြောဘဲ ဓားဖြင့်သာခုတ်ပိုင်းလိုက်သည်။ အလွန်ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ဓားအလင်းသည် ဆက်လက်ပေါက်ကွဲနေသော်လည်း ကျင်းထန်ရှုဘက်သို့ ရွေ့လျားသွားသောအခါတွင် လေကိုစီးနင်း၍ကျင်လည်စွာရှောင်ထွက်သွားသည်။
"လီလော့... မင်းက အလျင်လိုနေတယ်...."
ကျင်းထန်ရှု ပြုံးလိုက်သည်။
"တကယ်လား?" လီလော့ ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။
ကျင်းထန်ရှု စိတ်မသန့်တော့သဖြင့် မျက်မှောင်ကြုံ့နေစဉ် သူ့လက်မောင်းပေါ်သို့အေးစက်သောအရည်တစ်စက်ကျဆင်းလာသည်။
နီညိုရောင်ရေစက်တစ်စက်.....
သို့သော် ယင်းသည် မထင်ရှားသော ရေတစ်စက်ဖြစ်သော်လည်း သူ့ခန္ဓာကိုယ် ရုတ်တရက် အနည်းငယ် ပိုလေးလံလာသည်ကို ခံစားရစေသည်။
သူ အံ့အားသင့်သွားသည့်အခိုက်တွင် အညိုရောင်ရေစက်များ ပိုများလာကာ သူ့အပေါ်သို့ တိုက်ရိုက်ကျဆင်းရောက်လာသည်။
ခန္ဓာကိုယ်ကလည်း ပိုလေးလံလာသည်။
ကျင်းထန်ရှု အမူအရာ ပြောင်းသွားသည်ကိုကြည့်ပြီး လီလော့အားရပါးရပြုံးလိုက်သည်။
တိုက်ပွဲဝင်ရာတွင် သန်မာရုံနှင့်မလုံလောက်သေးပေ။ ဉာဏ်ကောင်းဖ်ို့လည်းလိုသေးသည်။
ဤသည်မှာ ရေစွမ်းအားသုံးထားသည့် ရေစေးပညာရပ်ဖြစ်သည်။