← Chapters

အလင်းတမာန်

Vol. 37 Ch. 508

အလင်းတမာန်

Vol. 37 Ch. 508

ကျင်းထန်ရှု၏ ခန္ဓာကိုယ်နှင့် အစိမ်းရောင်အတောင်ပံများပေါ်သို့ နီညိုရောင်ရေစက်များ ဆက်တိုက်ကျဆင်းလာကာ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်သည် ပိုမိုလေးလံလာသည်။

"ဒါ...ရေစေးပညာရပ်လား?"

ကျင်းထန်ရှုသည် အတွေ့အကြုံရှိသူဖြစ်သောကြောင့် ရေစေးပညာရပ်သည် ထူးဆန်းကြောင်း မကြာမီ သိရှိလာခဲ့သည်။ ၎င်းအား တိုက်ခိုက်မှု၏ စွမ်းအားကို တိုးမြှင့်ရန် အသုံးပြုခဲ့သော်လည်း သူမျှော်လင့်မထားသည့်အရာမှာ လီလော့သည် ၎င်း၏ ရွေ့လျားမှုအရှိန်ကို ထိန်းထားရန် ဤပညာရပ်ကို အသုံးပြုရန် နည်းလမ်းသစ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော်၊ရေစေးပညာရပ်တွင် အလေးချိန်တစ်ခုရှိသော်လည်း ၎င်းကို အလွယ်တကူချေဖျက်နိုင်သည်။

ထို့ကြောင့်၊ ကျင်းထန်ရှုသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံစွမ်းအားကို ချက်ချင်းအသက်သွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ကျဆင်းလာသော ရေစေးများကိုဖယ်ထုတ်ရန် ကြိုးစားခဲ့သည်။

ဒါပေမယ့် မကြာခင်မှာပဲ သူ့ကို အံ့အားသင့်စေမယ့် မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ မည်သို့ပင်စွမ်းအားသုံးပြီးဖယ်ထုတ်စေကာမူ နီညိုရောင်ရေစက်များသည် မြဲမြံစွာတွယ်ကပ်နေကြဆဲပင်......

"ဘယ်လိုဖြစ်ပြီး.....!"

ကျင်းထန်ရှု အလွန်အံ့အားသင့်သွားသည်။

ဤရေစေးပညာရပ်သည် အနည်းငယ်ထူးခြားပုံရသည်။

ဟမ်!

ကျင်းထန်ရှု အနီညိုရောင်ရေစက်များကိုဖယ်ထုတ်ရန်ကြိုးပမ်းနေချိန်တွင် လီလော့ကလည်းဒီအတိုင်းထိုင်ကြည့်မနေခဲ့ပေ။

ကျင်းစဲ့ယွီ့ရှန်းဓားကို ဆုပ်ကိုင်ထားပြီး ပဲ့တင်ထပ်သံစွမ်းအားများကို ဓားပေါ်သွန်းလောင်းလိုက်သည်။

"ကျားအဆင့်ပညာရပ်... ရေစီးတစ်ထောင်ဓားချက်... "

လုမင်နှင့်တိုက်ခိုက်ခဲ့စဉ်က ခန္ဓာကိုယ်အတွင်းရှိ သိုလှောင်ထားသော စွမ်းအင်များ ကုန်ဆုံးသွားခဲ့ပြီး အချိန်တိုအတွင်း မဖြည့်စွမ်းနိုင်ခဲ့ပေ။ သို့မဟုတ်ပါက လီလော့ ၏ လက်ရှိ ထိုးစစ်သည် ပို၍ပင် ပြင်းထန်လာမည်ဖြစ်သည်။

သို့သော်လည်း အရေးမကြီးတော့ပေ။ ယခုအခါတွင် သူသည် နဂါးသွေးပုလဲ၏ပံ့ပိုးမှုနှင့်အတူ ကိုယ်တိုင်ကလည်းပုံသဏ္ဍာန်ပြောင်းလဲခြင်းတတိယအဆင့်ရောက်နေပြီဖြစ်သောကြောင့် သူ၏စွမ်းအားသည် ကျင်းထန်ရှု၏ စတုတ္ထအဆင့်ထက် အားနည်းနေမည်မဟုတ်ပေ။

ဓားချက်မှ ရေအလင်းရောင်စွမ်းအားသည် လေဟာနယ်ကိုပင် ပိုင်းဖြတ်သွားခဲ့သည်။

ကျားအဆင့်ပညာရပ်း သင်္ကေတဖြစ်သော ကျားဟိန်းသံသည် ကျားအစစ်၏ဟိန်းဟောက်သံမဟုတ်သော်လည်း ကောင်းကင်နှင့်မြေပြင်ကြားရှိ စွမ်းအင်များပွတ်တိုက်မိရာမှထွက်ပေါ်လာသောအသံဖြစ်သည်။

ဤအသံမျိုးသည် ကျားဟိန်းသံနှင့် အနည်းငယ် ဆင်တူသောကြောင့် ဤပညာရပ်ကို ကျားအဆင့်ပညာရပ်ဟုခေါ်ဆိုကြခြင်းပင်......

ကျင်းထန်ရှုသည် မြင်နေရသည့် ကျယ်လောင်စွာမြည်ဟီးနေသော လှိုင်းလုံးကြီးသဖွယ် တောက်ပနေသော ဓားလင်းကြောင့် ယခုတစ်ကြိမ် လီလော့၏တိုက်ခိုက်မှုကို ရှောင်လွှဲ၍မရနိုင်ကြောင်း နားလည်ခဲ့သည်။

သို့သော်လည်း ကျင်းထန်ရှုသည် ထိတ်လန့်သည့် အရိပ်အယောင်မပြဘဲ တည်ငြိမ်နေဆဲပင်........

ယခင်က လီလော့၏ တိုက်ခိုက်မှုကို ရွေ့လျားမှုပညာရပ်သုံးပြီး ရှောင်ရှားခဲ့သော်လည်း ယခုချိန်တွင် ထိပ်တိုက်ရင်ဆိုင်ရတော့မည်။

ကျင်းထန်ရှုက အသက်ပြင်းပြင်းရှူပြီး ရွှေသစ်ရွက်ကို ဆုပ်ကိုင်လိုက်သည်။ သစ်ရွက်မျက်နှာပြင်ပေါ်တွင် အလင်းတန်းပုံစံများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်ကြားရှိ လေစွမ်းအင်ကိုလည်း ယခုအချိန်တွင် ဆွဲဆောင်ကာ လျင်မြန်စွာ စုရုံးစေခဲ့သည်။

လေတံမာန်ကောင်းချီးမှ ပြောင်းလဲလာသော လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်နှင့် အရိပ်သည် ရွှေသစ်ရွက်ပေါ်တွင် တွယ်ကပ်နေသော လေစွမ်းအင်ပမာဏကို မျိုချလိုက်သလိုပင်.......

ကျင်းထန်ရှုသည် လီလော့၏ အံ့သြဖွယ်ဓားချက်ကို လျှော့မတွက်ဝံ့ပေ။ ထို့ကြောင့် သူသည် အစွမ်းရှိသမျှ စတေးခဲ့သည်။

"ကျားအဆင့်ပညာရပ်.... လေသစ်ရွက်ပုံနှိပ်ခြင်း....."

ကျင်းထန်ရှု၏ရွှေသစ်ရွက်နှင့်အတူ လိုက်ပါသွားသော လေခွင်းသံသည် ရုတ်တရက်ထွက်ပေါ်လာသော ကျားဟိန်းသံများ ရောထွေးသွားကာ မိုးပြာရောင်သစ်ရွက်ပုံရိပ်တစ်ခုအဖြစ်ဖွဲ့စည်းသွားသည်။ ထိုသစ်ရွက်ပုံရိပ်သည် အရာရာကိုဝါးမျိုဖျက်စီးနိုင်သည့် လေမုန်တိုင်းတခုကိုဖန်တီးနေပြီဖြစ်သည်။

မိုးပြာရောင်သစ်ရွက်ပုံရိပ်လေမုန်တိုင်းနှင့်ရေစီးတစ်ထောင်ဓားချက်တို့ ထိပ်တိုက်တွေ့ဆုံကြလေပြီ.......

ဝုန်းးးးးးးးးးးးး

အလွန်အံ့အားသင့်ဖွယ် စွမ်းအင်မုန်တိုင်းတစ်ခု တောင်ထိပ်တွင် ပေါက်ကွဲခဲ့သည်။ ယခုအချိန်တွင် တောင်ထိပ်ပေါ်ရှိ တိမ်များနှင့် မြူများပင် လွင့်ပျယ်ကုန်သည်။

တောင်ထိပ်ပေါ်ရှိ ကျောက်တုံးများသည်လည်း တစ်ခုပြီးတစ်ခု ကြေမွပျက်စီးကုန်သည်။

စွမ်းအင်လှိုင်းများ ပေါက်ကွဲသောအခါ ရေ၏စွမ်းအားသည် လီလော့၏ ခန္ဓာကိုယ်ပေါ်သို့ ချပ်ဝတ်တခုအဖြစ် စီးဆင်းသွားသည်။

ရေစေးချပ်ဝတ်ပညာရပ်......

လီလော့က ကျင်းစဲ့ယွီ့ရှန်းဓားကို ကိုင်ထားစဉ် ရေစေးချပ်ဝတ်သည် တန်ပြန်မှုများကို စုပ်ယူထားသောကြောင့် ဓားချက်များအဆက်မပြတ်ထုတ်ဖော်နိုင်ခဲ့သည်။

ရွှတ်..ရွှတ်.....

ရေစေးပညာရပ်ကြောင့် ရွေ့လျားမှုအရှိန်ကိုအကြီးအကျယ်အနှောက်အယှက်ခံထားရသော ကျင်းထန်ရှုသည် ဓားချက်များကို မရှောင်တ်ိမ်းနိုင်တော့ဘဲ ထိပ်တိုက်ရင်ဆိုင်နေရသည်။

အသကက်ရှူကြိမ် ဆယ်ရှိုက်စာအတွင်း နှစ်ဘက်စလုံးသည် ဒါဇင်နှင့်ချီသော တိုက်ကွက်များကိုထုတ်ဖော်ခဲ့ကြသည်။

လှည့်ကွက်များသည် အန္တရာယ်ရှိပြီး ရက်စက်ကြမ်းကြုတ်လှသည်။

လီလော့၏ခန္ဓာကိုယ်ပေါ်ရှိ ရေစေးချပ်ဝတ်သည်လည်း တဖြည်းဖြည်း စုတ်ပြဲသွားသည်။

ကျင်းထန်ရှုရဲ့နောက်ကွယ်က အစိမ်းရောင်အတောင်ပံတွေကလည်း အပိုင်းပိုင်းလှီးဖြတ်ခံထားရသည်။

နှစ်ဖက်စလုံး အထိနာနေသော်လည်းမဆုတ်မနစ်တိုက်ခိုက်နေကြဆဲပင်......

ကွင်းအပြင်ဘက်ရှိ မျှော်စင်များရှေ့တွင် မရေမတွက်နိုင်သော အကြည့်များက သူတို့နှစ်ဦးကြား ထိပ်တိုက်တွေ့မှုကို စိုက်ကြည့်နေကြသည်။

လီလော့နှင့် ကျင်းထန်ရှုတို့သည် ပထမနှစ်ကျောင်းသားများဖြစ်ကြသော်လည်း ၎င်းတို့၏တိုက်ပွဲသည် အခြားခန်းမများထက် ယုတ်လျော့ခြင်းမရှိပေ။

ဤအခါသမယတွင် နောက်ဆုံးအဆုံးအဖြတ်တိုက်ပွဲကို ယခုလိုပြင်းထန်စွာဆင်နွှဲနိုင်ခြင်းသည် လီလော့နှင့် ကျင်းထန်ရှုတို့၏ ထူးချွန်မှုကို ပြသရန် လုံလောက်သည်။

၎င်းတို့ကို အရှေ့ပိုင်းနတ်ဘုရားကုန်းမြေ၏ အတောက်ပဆုံးလူငယ်များဖြစ်ကြောင်းချီးကျူးခြင်းသည် ချဲ့ကားပြောဆိုခြင်းမဟုတ်ခဲ့ပေ။

ဉာဏ်အလင်းကောလိပ်၏မျှော်စင်ရှေ့တွင် ...

အဖြူရောင် ၀တ်စုံကို ၀တ်ထားသော ဂေါင်ဂျူဖန်သည် ကြယ်တစ်ပွင့်ခန်းမ၏တိုက်ပွဲမြင်ကွင်းကို ကြည့်ကာ အနည်းငယ် အံ့သြသွားသည်။

"လီလော့က ထင်မှတ်မထားလောက်အောင် သန်မာတာပဲ...ငါပဲ.ကျင်းထန်ရှုကိုအခုလ်ိုဖိအားပေးနိုင်တယ်ထင်ခဲ့တာ....."

ထိုနေရာတွင်ဂေါင်ဂျူဖန်အပြင် ဉာဏ်အလင်းကောလိပ်၏ အခြားသော ခရမ်းအဆင့်နည်းပြများလည်း ရှိနေသည်။ ပြီးခဲ့သည့်နှစ်က ချန်ပီယံဖြစ်ထားသည့်အတွက် ၎င်းတို့သည် အခြားကောလိပ်များထက် လူအရေအတွက်ပိုများနေသည်။

ယခုအချိန်တွင် ခရမ်းအဆင့်နည်းပြများထဲမှဆရာတစ်ဉီးက......

"လီလော့ ဒီအဆင့်ထိရောက်လာနိုင်တာတကယ်အံ့သြစရာပဲ....ဒါပေမယ့် ကျင်းထန်ရှုကိုအနိုင်ရဖို့မဖြစ်နိုင်ဘူး...."

ဂေါင်ဂျူဖန် ခေါင်းညိတ်လိုက်သည်။ ကျင်းထန်ရှု၏ ဝှက်ဖဲရဲ့ အဆုံးစွန်သော လှုပ်ရှားမှုအကြောင်းကို သူသိတာမို့ ကျင်းထန်ရှုအတွက် စိတ်ပူမနေတော့ပေ။

သူ့အကြည့်တွေက အခြားသောတိုက်ပွဲမြင်ကွင်း တခုဆီရောက်သွားပြီး.....

"ကျန်းချင်းအာကို ငါတို့အားလုံး လျှော့တွက်မိခဲ့ကြပြီ....."

ထိုစကားကြားတော့ ဘေးနားက ခရမ်းအဆင့်နည်းပြများပင့်သက်ရှိုက်လိုက်ကြသည်။ သူတို့အားလုံး ကျန်းချင်းအာ၏တိုက်ပွဲကိုကြည့်လိုက်ကြသည်။ ထိုနေရာရှိ လှုပ်ရှားမှုသည် လီလော့တို့၏တိုက်ပွဲနှင့် နှိုင်းယှဉ်ပါက အလွန်အားကောင်းသည်ဟု ဆိုနိုင်သည်၊ ကြီးမားသော စွမ်းအား သက်ရောက်မှုအောက်မှာ တောင်တန်းတွေ ဆက်လက်ပြိုကျနေသည်။

ထိတ်လန့်တုန်လှုပ်ချောက်ချားမှု၏ အရင်းအမြစ်မှာ လူလေးယောက်ဝိုင်းရံထားရသည့် ကျန်းချင်းအာဖြစ်နေသည်။

လူအရေအတွက်အရ အသားစီးရနေသော်လည်း လုဂျင်းစီတို့အခြေနေမကောင်းခဲ့ပေ။

လူလေးယောက်၏ ဝိုင်းရံမှုကို အစွမ်းကုန် တွန်းလှန်ရင်း လှပသော အရိပ်သည် သန့်ရှင်းသော အလင်းရောင်ဖြင့် ရွေ့လျားနေပြီး မီးတောက်များသည် ကောင်းကင်ယံထိတိုင် ပျံ့လွင့်သွားသည်။ ဓားရှည်ကြီး လွှဲယမ်းလိုက်တိုင်း ကောင်းကင်ကြီး နှစ်ခြမ်းကွဲလုမတတ်ပင်......

ဤသည်မှာ ခန်းမအဆင့်ပြိုင်ပွဲတစ်ခုလုံးတွင် အမှတ်ရစရာအကောင်းဆုံးမြင်ကွင်းများထဲမှ တစ်ခုဖြစ်သည်။

ကျန်းချင်းအာ၏ အံ့အားသင့်ဖွယ် စွမ်းအားကြောင့် လူတိုင်း ထိတ်လန့်သွားပြီး ကြယ်လေးပွင့် အကယ်ဒမီမှ ခေါင်းဆောင်အချို့ပင် သူတို့၏ မျက်လုံးများတွင် လေးနက်သော အမူအရာနှင့် ကြောက်ရွံ့မှုတို့ ရှိနေကြသည်။

ကျန်းချင်းအာ၏နောက်ကျောဘက်တွင် သန့်ရှင်းစင်ကြယ်သောအတောင်လေးခုရှိသည့် အရိပ်တခုရှိနေသည်။ ၎င်း၏အသွင်အပြင်သည် ကျန်းချင်းအာနှင့်လုံးဝတူသည်။ ထိုအရာသည်ပုံရိပ်ယောင်ဖြစ်သော်လည်း လူသားစင်စစ်နှင့်ခွဲမရအောင်တူနေသည်။

ကောင်းကင်နှင့်မြေပြင်ကြားရှိ စွမ်းအင်များ တုန်လှုပ်သွားကာ နောက်ဆုံးတွင် အတောင်လေးခုနှင့်အရိပ်က စုပ်ယူလိုက်ပြီးနောက် ကျန်းချင်းအာ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဆင်းနေသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ကျန်းချင်းအာသည် လုဂျင်းစီနှင့် အခြားလူများကို တစ်ဦးတည်းရင်ဆိုင်နိုင်ခြင်းမှာ အတောင်လေးခုနှင့်အရိပ်၏ တည်ရှိမှုကြောင့်ပင်......

အဆိုပါ အတောင်လေးခုနှင့်အရိပ်သည် ကျန်းချင်းအာ၏ နမဝဝိသေသလက္ခဏာဖြစ်သည့် အလင်းတမာန်ဖြစ်သည်။

All Chapters