← Chapters

နိုင်လိုမင်းထက်ပြုမူတတ်သောကျန်းချင်းအာ......

Vol. 37 Ch. 509

နိုင်လိုမင်းထက်ပြုမူတတ်သောကျန်းချင်းအာ......

Vol. 37 Ch. 509

ကြီးကျယ်ခမ်းနားပြီး တန်ခိုးကြီးသော အလင်းစွမ်းအားသည် ကောင်းကင်ကို ဖြတ်ကျော်သွားကာ နေကာအနှံ့တွင် မြင့်မြတ်သော ရောင်ဝါတို့ဖြင့် ပြည့်နှက်နေပြီး မည်သည့်နေရာသို့ ဖြတ်သန်းသွားပါစေ၊ အမှောင်ထုအားလုံးကို ဖြိုခွင်းသွားနိုင်သည်ဟုထင်ရသည်။

အလင်းစွမ်အားတွင် အလွန်ပြင်းထန်သော သန့်စင်မှုအကျိုးသက်ရောက်မှုရှိသည်။

ဝုန်းးးးးးးး

အလင်းစွမ်းအားသည် ကမ္ဘာကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ယခုအချိန်တွင်၊ ကောင်းကင်သို့ ထပ်တူထပ်မျှ အားကောင်းသည့် အင်အားစုလေးခုရောက်ရှိလာကာ အလင်းစွမ်းအားနှင့် ယှဉ်ပြိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။

အလင်းစွမ်းအားနှင့် လုဂျင်းစီတို့၏ လေးယောက်ပေါင်းစွမ်းအားတို့ တိုက်မိသည့်အခါတိုင်း၊ အဆက်မပြတ် မိုးခြိမ်းသံများ ဖြစ်ပေါ်လာပြီး အာကာသတခွင် ပြင်းထန်စွာ တုန်ခါနေသည်။

ဒီတိုက်ပွဲရဲ့ နောက်ဆက်တွဲရလဒ်ကြောင့် တောင်တန်းတွေ အဆက်မပြတ်ပြိုကျနေလေ၏။

တိုက်ခိုက်ရေးအဖျက်စွမ်းအားအရ၊ လီလော့ နှင့် ကျင်းထန်ရှုတို့၏တိုက်ပွဲသည် ထ်ိုတိုက်ပွဲကိုမယှဉ်သာခဲ့ပေ။

လုဂျင်းစီတို့ဘက်မှ လူလေးယောက်၏ မျက်နှာများသည် အကန့်အသတ်မရှိသော အလင်းတန်းများနှင့် ဆန့်ကျင်စွာ မည်းမှောင်နေကြသည်။ သူတို့၏ စိတ်ထဲတွင် အဝေးမှ ကျန်းချင်းအာ၏ ရုပ်ပုံသည် နေမင်းတစ်စင်းလို တောက်ပနေသည်။ တချက်ကြည့်လိုက်ရုံနဲ့ လူတွေကို အာရုံထွေပြားစေနိုင်သည်။

အဆင့်ကိုးအလင်းပဲ့တင်ထပ်သံ၏ စွမ်းအားသည် အမှန်တကယ်တွင် ထိုအတိုင်းအတာအထိ လွန်ကဲနေနိုင်သည်။

၎င်းတို့လေးယောက်သည် ထူးချွန်သော စစ်သူကြီးအဆင့်များဖြစ်ကြသည်။သို့တိုင် ၎င်းတို့၏ ပူးပေါင်းအားထုတ်မှုအောက်တွင် ၎င်းတို့သည် သိမ်ငယ်စွာ ဖိနှိပ်ခံနေရဆဲဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျန်းချင်းအာ ၏အလင်းပဲ့တင်ထပ်သံက အားကောင်းလွန်းသောကြောင့်ဖြစ်သည်။

ဝင်ခွင့်ပြိုင်ပွဲတွင် ကျန်းချင်းအာနှင့်ကျောက်ဟွေရင်းတို့ကြားက တိုက်ပွဲအပါအဝင် ကျန်းချင်းအာနှင့်ပတ်သက်သော အချက်အလက်အားလုံးကို ၎င်းတို့၏ကောလိပ်များက စုဆောင်းထားခဲ့ကြသည်။ ထိုတိုက်ပွဲတွင် ကျန်းချင်းအာ၏ စွမ်းဆောင်မှုက ကောင်းမွန်သော်လည်း ယခုနှင့် နှိုင်းယှဉ်ပါက ကြီးမားသော ကွာဟချက် ရှိနေသေးသည်။

ကျန်းချင်းအာသည် သူမ၏ ခွန်အားအကို တမင်တကာ ဖုံးကွယ်ထားသည်မှာ ထင်ရှားသည်။

သေချာသည်ကတော့ သူမကို ခွနိအားအစစ်အမှန်ထုတ်သုံးရလောက်အောင်မည်သူမျှဖိအားမပေးနိုင်သောကြောင့်ပင်....

လုဂျင်းစီသည် ရွှေပေတံတစ်ခုကို ကိုင်ထားပြီး ကျန်းချင်းအာကြည့်ကာ အံကြိတ်နေသည်။

"မင်း သူ့ကိုခဏတားထားလိုက်.... ငါ့မှာ ဝှက်ဖဲတခုရှိတာ်.... အဲ့ဒါက သူ့ကို အန္တရာယ်ဖြစ်စေနိုင်တယ်!"

ထိုစကားကိုကြားတော့ အခြားသုံးယောက်က အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း မြန်မြန်ဆန်ဆန် ခေါင်းညိတ်လိုက်ကြသည်။ လက်ရှိ အခြေအနေကို အမြန်ဆုံး ဖြိုဖျက်ရမည်။ လုဂျင်းစီထံတွင်ငါ ဒီလိုနည်းလမ်းတွေရှိနေရင် ဒါဟာ အကောင်းဆုံးဖြစ်လိမ့်မည်။

ဤကဲ့သို့ တွေးတောရင်း သူတို့ သုံးဦးသည် လေထဲသို့ တိုက်ရိုက် လှမ်းတက်လိုက်ကြပြီး အလင်းစွမ်းအားကို တားဆီးရန် အစွမ်းကုန် ကြိုးစားကြသည်။

လုဂျင်းစီသည် လျင်မြန်စွာ နောက်ပြန်ဆုတ်သွားသည်။ သူ့လက်ဖဝါးပေါ်တွင် လျှပ်စီးကြောင်းသဖွယ် တံဆိပ်များ ဖြစ်ပေါ်လာပြီးနောက် သွေးနီရောင် အဆောင်စာရွက် တစ်ရွက် တဖြည်းဖြည်း မြင့်တက်လာသည်။

သွေးနီရောင်အဆောင်စာရွက် ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင် သဘာဝ စွမ်းအင်များ တုန်လှုပ်သွားကာ နားမလည်နိုင်သော ဖိအားများ ထွက်ပေါ်လာသည်။

ကျန်သုံးယောက်သည် သွေးနီရောင် အဆောင်စာရွက်၏ စွမ်းအားကို ခံစားရပြီး တက်ကြွသွားကြသည်။

သို့သော်လည်း ယခုအချိန်တွင် ကျန်းချင်းအာ ည် တစ်ခုခုကို ခံစားရပုံပေါ်ပြီး ကြည်လင်အေးစက်သောဖြင့် တခုခုကိုရွတ်ဆိုလိုက်သည်။

" နဂါးအဆင့်ပညာရပ်...လောကကျက်သရေ....."

အသံကြားတာသည်နှင့် ကောင်းကင်နဲ့မြေပြင်ကြားက အလင်းစွမ်းအင်များသည်နဂါးဟိန်းသံနှင့်အတူ လက်ရှိကမ္ဘာလောကကို အလင်းကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

လုဂျင်းစီတို့လေးယောက်သည် ဤအခိုက်အတန့်တွင် ၎င်းတို့၏ ခန္ဓာကိုယ်များ ပိုမိုလေးလံလာသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး သိသိသာသာမျက်နှာပျက်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်နှင့်မြေပြင်ကြားရှိ စွမ်းအင်များသည် ယခုအချိန်တွင် ရောနှောသွားသောကြောင့်ပင်.... မူလက ကောင်းကင်နှင့်မြေပြင်ကြားတွင် အမျိုးမျိုးသောစွမ်းအင်များဖြင့် ပြည့်နှက်နေသော်လည်း ယခုအချိန်တွင် အလင်းရောင် ထွန်းလင်းလာသောအခါ ဤအခြား စွမ်းအင်များသည် အလင်းစွမ်းအင်အဖြစ် ပေါင်းစည်းသွားလေတော့သည်။

ဤနည်းအားဖြင့် လုဂျင်းစီနှင့် အခြားသူများသည် ကောင်းကင်နှင့်မြေပြင်နှင့် စွမ်းအင်များကို စုပ်ယူရန် ခက်ခဲနေပြီဖြစ်သည်။

ဤသည်မှာ အပြတ်အသတ်ဖိနှိပ်ခြင်းသာပင်.....

"ဘယ်လိုတောင်လွှမ်းမိုးနိုင်လိုက်သလဲ...ဒါ အလယ်အလတ်အဆင့် နဂါးအဆင့်ပညာရပ်ပဲဖြစ်ရမယ်....ကျန်းချင်းအာရဲ့ အဆင့်ကိုးပဲ့တင်ထပ်သံစွမ်းအားနဲ့ နဂါးအဆင့်ပညာရပ်ကိုသုံးလိုက်တာမို့ စွမ်းအားက မှန်းမရနိုင်အောင်ပဲ.....ကြည့်ရတာ ထိပ်တန်းအဆင့်နဂါးပညာရပ်လောက်နီးနီးပြင်းထန်နိုင်တယ်....."

နဂါးအဆင့်ပညာရပ်များသည် သြဇာအရှိဆုံး ပညာရပ်များဖြစ်သည်။ ယေဘူယျအားဖြင့်.... သင်သည် မြေကမ္ဘာအဆင့် နဂါးပညာရပ်ကို သင်ယူနိုင်သရွေ့၊ ဤအဆင့်ရှိ နဂါးအဆင့်ပညာရပ်ကို အမှန်တကယ်ထိတွေ့ရန် အရည်အချင်းပြည့်မီသော်လည်း အများစုမှာ နိမ့်ပါးသောအဆင့်တွင်သာ ရှိသည်။နဂါးအဆင့်ပညာရပ်၏အဆင့်သည် ပိုအဆင့်မြင့်လေ၊ လေ့ကျင့်ရန် ခက်ခဲလေဖြစ်ပြီး တစ်ချိန်တည်းမှာပင် ၎င်းသည် အထောက်အပံ့များစွာလိုအပ်သေးသည်။

လုဂျင်းစီတို့ဘက်တွင် ဝှက်ဖဲရှိသည်ဟုဆိုသော်လည်း ကျန်းချင်းအာက နဂါးအဆင့်ပညာရပ်ထုတ်သုံးပြီး အားလုံးကိုဖိနှိပ်နေပြီ။

"သတိထား....သူတိုက်ခိုက်လိမ့်မယ်!"

လုဂျင်းစီက အော်လိုက်သည်။

ကျန်းချင်းအာသည် ဖိနှိပ်နိုင်စွမ်းရှိသောနဂါး အဆင့်ပညာရပ်ကို ရုတ်တရက်ပြသခဲ့ပြီး တက်ကြွသောတိုက်ခိုက်မှုတစ်ခု စတင်တော့မည်မှာ ထင်ရှားသည်။

နဂါးဟိန်းသံ ပျောက်ကွယ်သွားသည့်အခိုက်တွင် အလင်းရောင်များပြည့်နေသော ကောင်းကင်တွင် မြင့်မြတ်သောမီးတောက်များ တောက်လောင်နေသော မီးတိုင်သုံးတိုင်သည် ကောင်းကင်မှ ရုတ်တရက် ဆင်းသက်လာပြီး လုဂျင်းစီမှလွဲ၍ ကျန်သုံးဦးကို တိုက်ရိုက်ရင်ဆိုင်လိုက်သည်။

အလင်းတန်းများသည် တောက်ပသော မီးတောက်များဖြင့် ပြည့်နှက်နေသည်။ ဤမီးသည် သန့်စင်နိူင်စွမ်းရှိသည်။ ၎င်းသည် ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီးသည်နှင့် ၎င်း၏ကိုယ်ပိုင်ပဲ့တင်ထပ်သံစွမ်းအားများကို လျင်မြန်စွာ သန့်စင်သွားမည်ဖြစ်သည်။

ထို့ကြောင့် အခြားကောလိပ်သုံးခုမှ ထိပ်တန်းကျောင်းသားများက ထိုမီးတိုင်များကို မထီမဲ့မြင်မပြုဝံ့ဘဲ ၎င်းတို့အားလုံး ကျယ်လောင်စွာအော်လိုက်ကြပြီး ကိုယ်ပိုင်ပဲ့တင်ထပ်သံစွမ်းအားများကို အသီးသီးထုတ်ဖော်လိုက်ကြသည်။

ဟမ်!

သို့သော် သူတို့ သုံးယောက် တောက်ပသော မီးတောက်များထဲတွင်ရောထွေးနေသည့် အခိုက်အတန့်တွင် တောက်ပသော လှိုင်းလုံးကြီး ကောင်းကင်ယံကို အရှိန်အဟုန်ဖြင့် ဖြတ်ကျော်သွားသည်။ ဤသည်မှာ ကြီးမားသောရွှေရောင်ဓားရှည်ကြီးတစ်လက်ပင်....

ကျန်းချင်းအာ၏ လက်စွဲတော်ဓားဆိုလည်းမမှားနိုင်ပေ။

လုဂျင်းစီက လျင်မြန်စွာ နောက်ပြန်ဆုတ်သွားပြီး. .

"သူ့ကို ငါနဲ့ထားခဲ့လိုက်.....!"

" ရွှေပေတံရိုက်ချက်...!"

တစ်ချိန်တည်းမှာပင် သူ၏လက်ထဲမှ ရွှေပေတံကြီးသည် သူ့လက်ထဲမှ ထွက်လာပြီး ကောင်းကင်သို့ လှဲချလိုက်ပြီး ပေ ၁၀၀ ခန့်ရှည်လျားလာပြီး ကျန်းချင်းအာ၏ဓားကို ရင်ဆိုင်လိုက်သည်။

သို့သော် ရွှေပေတံနှင့် ရွှေရောင်ဓားရှည်တို့ ထိတွေ့လိုက်သောအခါတွင် တောက်ပနေသည့် ဓားရှည်သည် ချက်ချင်းပင် ကြီးကျယ်ခမ်းနားသော ရွှေရောင်အလင်းတန်းတို့ဖြင့် ရွှေပေတံကို ထိုးဖောက်သွားလေသည်။

ရွှေပေတံရုတ်တရက် နောက်သို့ ပျံထွက်သွားသည်။

လုဂျင်းစီ၏ ဦးရေပြား ထုံကျင်နေပြီး တစ်ကြိမ်သာ တွေ့ဆုံရုံဖြင့် လုံးလုံးလျားလျား ဖိနှိပ်ခံခဲ့ရသည်။ ကျန်းချင်းအာ၏ စွမ်းအားက အလွန်ကြောက်စရာကောင်းလှသည်။

ရွှစ်.....

သူ ထိတ်လန့်နေချိန်တွင် လင်းထိန်နေသော ဓားရှည်ပေါ်တွင် အလင်းရောင်နှင့် အရိပ်များ ဖျတ်ခနဲ မြင်လိုက်ရသည်။ နောက်အခိုက်အတန့်တွင်၊ ကျန်းချင်းအာ ၏ပုံသဏ္ဍာန်သည် အာကာသအတားအဆီးများကို ထိုးဖောက်ဝင်ရောက်ကာ ဓားရှည်ပေါ်တွင် တိုက်ရိုက်ပေါ်လာသည်။

သူမသည်ခြေလှမ်းအနည်းငယ်ဖြင့် တည်နေရာကူးပြောင်းလာသည့်နှယ်လုဂျင်းစီ ရှေ့တွင် ပေါ်လာသည်။

လုဂျင်းစီ၏ မျက်စံများ ရုတ်တရက် ကျုံ့သွားပြီးရှေ့တွင် ပေါ်လာသော ကျန်းချင်းအာ ကို ကြည့်လိုက်သည်။ သူမ၏မျက်နှာသည် အပြစ်အနာအဆာကင်းစင်ပြီး ဖြူစင်သော အသားအရေသည် ကျောက်စိမ်းကဲ့သို့ အံ့အားသင့်စရာ ခံစားချက်များပေးစွမ်းနေသော်လည်း ယခုအချိန်တွင် လုဂျင်းစီ၏ ကြည်ညိုလေးစားမှု စိတ်ဓာတ်သည် အနည်းငယ် အေးစက်နေသည်။

"အရင်က ကောလဟာလတွေဖြန့်တာ နင့်လက်ချက်မလား......"

ကျန်းချင်းအာသည် အေးစက်သော အကြည့်များဖြင့် လုဂျင်းစီကို စိုက်ကြည့်နေသည်။

ကျန်းချင်းအာ၏အကြည့်ထဲတွင် သတ်ဖြတ်လိုစိတ်များလှိုင်လှိုင်ထနေသည့်အတွက် လုဂျင်းစီ၏ နှလုံးသားတခုလုံးအေးစက်နေသည်။

ခွေးမသားကျင်းထန်ရှုက ငါ့ကို သေလမ်းပို့လိုက်တာပဲ.....

လုဂျင်းစီသည် စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။ ကျန်းချင်းအာသည် ယခင်ကောလဟာလများနှင့် ပတ်သက်၍ သိသိသာသာထုတ်ပြောနေသောကြောင့် ယခု သူမ၏ ရိုက်ချက်များအားလုံးသည် သူ့ကို ဦးတည်သွားသည်။

"ကျန်းချင်းအာ မင်း အရမ်းအစွမ်းထက်တာ ငါသိတယ်.....ဒါပေမယ့် မင်းငါ့ကို သတ်ရဲလို့လား...."

ထိုသို့ပြောနေချိန်တွင် သူ့လက်ဖဝါးတွင် သွေးနီရောင် အဆောင်စာရွက်ကို လျင်မြန်စွာ အသက်သွင်းနေသည်။

ရှင်းပါတယ်.... ဒါက သူ့ရဲ့ အကြီးမားဆုံး ဝှက်ဖဲပင်.....

သို့သော် သူ၏ ရန်လိုသောချဉ်းကပ်မှုတွင်၊ ကျန်းချင်းအာ၏ ရွှန်းလက်နေသော ရွှေရောင်မျက်ဝန်းတစ်စုံသည် တုန်လှုပ်ချောက်ချားမှုကို မပြဘဲ သူမက လုဂျင်းစီကို တိုက်ရိုက် ပါးရိုက်လိုက်လေ၏။

သူ့လက်ဖဝါးမှာ အလင်းရောင်က တောက်ပနေတဲ့ တောင်ကြီးတစ်ခုလို ထွန်းလင်းတောက်ပနေသည်။

"နဂါးအဆင့်ပညာရပ် ကွမ်မင်းတောင်တန်း...."

ဖြန်းးးးးး

ကောင်းကင်နှင့် မြေကြီးကြားတွင် အလင်းရောင် လင်းလက်လာသည်။

ထိပ်တန်းကျောင်းသား သုံးယောက်က မီးတိုင်သုံးခုကို ဖြေရှင်းနေရာကနေ လှည့်ကြည့်လိုက်တော့ ကောင်းကင်က တောက်ပတဲ့ တောင်တန်းကြီးတစ်ခုကို တွေ့လိုက်ပြီးနောက် မြေပြင်ပေါ် ပြင်းပြင်းထန်ထန် ကျဆင်းသွားသည့် လုဂျင်းစီကိုပါမြင်လိုက်ရသည်။ မြေပြင်ပေါ်တွင် လုဂျင်းစီခေါင်းကွဲရာမှထွက်လာသောသွေးများရဲစိုနေသည်။

ဒါပေမယ့် မပြီးသေးပေ။ ကျန်းချင်းအာ၏ လက်သည်းများသည် အလင်းစွမ်းအားကြောင့် ချွန်မြတောက်ပနေသည်။

နဂါးအဆင့်ပညာရပ်.... နေမင်းမှော်လက်သည်း.......

နောက်အခိုက်အတန့်တွင် ကျန်းချင်းအာ၏လက်သည်းမှ အလင်းတန်းများကျဆင်းလာပြီး လုဂျင်းစီ၏ လက်ဖဝါးထဲသို့ တိုက်ရိုက် ပစ်လွှတ်လိုက်လေသည်။ ချက်ခြင်းပင် သူ့တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ လဲကျသွားပြီး တကိုယ်လုံး မီးတောက်နေသည်။

လုဂျင်းစီ၏ ကျယ်လောင်သော အော်သံကို နားကွဲလုမတတ် ကြားလိုက်ရသည်။

အခြားကောလိပ်များမှ ထိပ်တန်းကျောင်းသား သုံးဦးသည် ဤမြင်ကွင်းကို မြင်လိုက်သောအခါတွင် ၎င်းတို့၏ ခန္ဓာကိုယ်များ ရုတ်တရက် အေးခဲလာသလိုခံစားနေရသည်။

ဒါက ကျောင်းသားတွေကြားက ပြိုင်ဆိုင်မှုပဲလေ... သေခြင်းရှင်ခြင်းတိုက်ပွဲမှမဟုတ်တာ....ကျန်းချင်းအာက ရက်စက်လွန်းတယ် .....ဟုတ်တယ်မလား.....

All Chapters