ကြယ်သုံးပွင့်ခန်းမ၏ရလဒ်
Vol. 37 Ch. 510
လုဂျင်းစီ ဖိနှိပ်ခံရသည့် မြင်ကွင်းသည် ယခုအချိန်တွင် မရေမတွက်နိုင်သော ပရိသတ်များကိုဆွဲဆောင်နေသည်။
ချက်ခြင်းပင် လူတိုင်း ရင်တထိတ်ထိတ်ဖြင့် ကျန်းချင်းအာ၏ လှပသောပုံရိပ်ကို ကြည့်လိုက်ကြသည်။
ကံအားလျော်စွာ၊ ပြိုင်ပွဲရှိ ကျောင်းသားအားလုံးသည် ဘူးသီးခြောက်၏ အကာအကွယ်အောက်တွင် ရှိနေကြသည်။ မဟုတ်ပါက လုဂျင်းစီသည် ကျန်းချင်းအာလက်ချက်ကြောင့် သေဆုံးသွားလိမ့်မည်ဟု အမှန်တကယ် ခံစားနေရသည်။
သို့သော် လုဂျင်းစီနှင့် အခြားသူများသည် ကျန်းချင်းအာကို ဝိုင်းရံခဲ့ကြသည်။ သူ့ကိုယ်သူ ကာကွယ်ပြီး အနိုင်ရဖို့အတွက် ကျန်းချင်းအာက ဒီရက်စက်တဲ့ နည်းလမ်းကို ရွေးချယ်ခဲ့ခြင်းပင်...
ထို့ကြောင့် ပုရိသတ်များက ကျန်းချင်းအာကို ထောက်ခံဖို့ ပိုဆန္ဒရှိမည်မှာ သေချာပါသည်။
သို့သော် ဉာဏ်အလင်းကောလိပ်၏လက်ထောက်ဌာနမှူး ဂေါင်ဂျူဖန် ၏ မျက်နှာမှာ အနည်းငယ် မည်းမှောင်နေသည်။ အခြားသူများ မသိသော်လည်း ကျန်းချင်းအာသည် ယခင်ကောလဟာလများကြောင့် လက်စားချေခြင်းဖြစ်ကြောင်း သူနားလည်ခဲ့သည်။
"ဒီမိန်းကလေးက ရက်စက်တယ်....."
ခရမ်းအဆင့်နည်းပြတစ်ယောက်က ပင့်သက်ရှိုက်ရင်း ရေရွတ်လိုက်သည်။
"လုဂျင်းစီက မကြာခင် ဖယ်ထုတ်ခံရတော့မှာ ..သူ ဖယ်ထုတ်ခံလိုက်တာနဲ့ ကျန်တဲ့ သုံးယောက်က ကျန်းချင်းအာကို ယှဉ်နိုင်မှာမဟုတ်တော့ဘူး...."
"ဒါဆို ကျွန်တော်တို့ကောလိပ်အတွက် အခွင့်အရေးမရှိနိုင်တော့ဘူးပေါ့....."
ဂေါင်ဂျူဖန်သည် အမူအရာထုတ်မပြသော်လည်း စိတ်ထဲတွင်နေလို့မကောင်းတော့ပေ။ ကြယ်တာယာခရီးရှည်ကောလိပ်ကို ရှုံးနိမ့်ခဲ့ပါက မူလမျှော်မှန်းထားသည့် အစီအစဉ်များ ပျက်ပြားသွားမည်ဖြစ်သည်။
"ဒုဌာနမှူး....ခန်းမအဆင့်ပြိုင်ပွဲကို စိုးရိမ်နေစရာမလိုဘူး... ဒါက ပထမပိုင်းပဲရှိသေးတယ်... ကျူပ်တို့မှာ အခွင့်အရေးရှိသေးတယ်"
ခရမ်းအဆင့်နည်းပြသည်လည်း ဂေါင်ဂျူဖန်၏ ခံစားချက်ကို နားလည်ပြီး ချက်ချင်းနှစ်သိမ့်လိုက်သည်။
ဂေါင်ဂျူဖန်လည်း ဒီအမှန်တရားကိုနားလည်သည်။ ဒါပေမယ့် ရှန့်ပိန်းတွေ့ဆုံပွဲ ရဲ့ ဒုတိယအပိုင်းက ပိုရှုပ်ထွေးလှသည်။ ကိုယ့်ကျောင်းသားများအပေါ် ယုံကြည်မှုရှိသော်လည်း အခြားမည်သည့်ပြောင်းလဲမှုများဖြစ်လာမည်ကို မည်သူမျှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။
ယခုမူ ကျန်းချင်းအာ၏ ခွန်အားကို လျှော့တွက်မိကြသဖြင့် အထိနာခဲ့ကြရပြီ။
"လုဂျင်းစီ ဒီအဆင့်မှာဖယ်ထုတ်ခံရတာရှက်စရာကောင်းပေမယ့် ကျုပ်တို့မှာ အားသာချက် နှစ်ခု ကျန်သေးတယ်....ကျင်းထန်ရှုက ကြယ်တစ်ပွင့်ခန်းမအတွက် အနိုင်ရဖို့ အခွင့်ကောင်းရှိပြီး ကြယ်လေးပွင့်ခန်းမမှာ လန်လန်ရှိနေသေးတယ်...လန်လန်သာ ကြယ်တာယာခရီးရှည်ကောလိပ်က ကျောင်းသူကိုဖယ်ထုတ်နိုင်ရင်အဆင်ပြေပြီ....အချက်အလက်တွေအရ အဲ့ကျောင်းသူက ရှပြည်ထောင်စုရဲ့တော်ဝင်မင်းသမီးတဲ့....သူလည်း သန်မာတယ်...."
"လန်လန်အတွက် စိတ်မပူပါဘူး၊ သူက လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း ကျုပ်တို့ကောလိပ်ရဲ့ပြိုင်စံရှားထူးချွန်သူလေ...."
"မင်ဘုရင်ကျမ်းစာ"ကို တစ်ယောက်တည်း ဖြေရှင်းနိုင်တဲ့သူကို ဘယ်သူယှဉ်နိူင်မှာလဲ...."
ဂေါင်ဂျူဖန်က စကားပြောနေရင်းကနေ လီလော့တို့ တိုက်ပွဲကိုကြည့်လိုက်ပြီး....
"တကယ်တော့ လီလော့က ကျုပ်ကိုစိတ်မသက်မသာဖြစ်စေတယ်၊ ဒါပေမယ့် ကျင်းထန်ရှုသာ နောက်ဆုံးနည်းလမ်းကို သုံးမယ်ဆို အနိုင်အရှုံး သဲကွဲတော့မှာပါ....."
"ကျင်းထန်ရှုသာ လီလော့ ကို ချေမှုန်းနိုင်ရင် နောက်ဆုံးတိုက်ပွဲအတွက် တစ်နေရာစာသေချာသွားပြီ...."
လုဂျင်းစီ ဖိနှိပ်ခံရမှုကြောင့် ဉာဏ်အလင်းကောလိပ်ဘက်က စိတ်ဆိုးနေချိန်တွင် ကြယ်တာယာခရီးရှည်ကောလိပ် မျှော်စင်ရှေ့တွင် ပျော်ရွှင်စွာအော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
".ဝိုးးးစီနီယာကျန်းက အရမ်းအံ့သြစရာကောင်းတယ်၊ ငါဒူးထောက်ခစားချင်နေပြီ!"
"စီနီယာကျန်းက ငါတို့ကောလိပ်ရဲ့စံပြ ပီသပါပေတယ်ကွာ... ဒီကောင်တွေ အရေအတွက်များပေမယ့် ချောင်ပိတ်အရိုက်ခံနေရပြီ..."
"ဒီရှန့်ပိန်းတွေ့ဆုံပွဲမှာ စီနီယာကျန်းကသာ အသန်မာဆုံးဘွဲ့ကိုရမယ်ထင်တယ်....."
ကျန်းချင်းအာ၏ တိုက်ခိုက်ရေး စွမ်းအားသည်အားလုံးကို အလွန်ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ ပြင်းထန်သော ရန်သူလေးယောက်ကို လျှင်မြန်စွာ နှိမ်နင်းနိုင်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။
ဒုကျောင်းအုပ် စုရှင်းသည်လည်း ပြုံးပန်းဝေဆာနေသည်။ ကျန်းချင်းအာရဲ့ ဖျော်ဖြေမှုက ကြယ်တာယာခရီးရှည်ကောလိပ်အတွက် တကယ်ကို အားရစရာပင်.....
လက်ရှိအခြေအနေအရ ကြယ်တာယာခရီးရှည်ကောလိပ်အတွက် အသန်မာဆုံးကျောင်းသားဘွဲ့က သေချာသလောက်ရှိနေပြီဖြစ်သည်။
အားလုံးပျော်ရွှင်နေချိန်တွင် စွမ်းအင်ရေစုန်မှ အလင်းတန်းများ ရုတ်တရက် လင်းလက်သွားပြီး နောက်ဆုံးတွင် အရပ်မြင့်မြင့်နှင့် ပိန်ပိန်ပါးပါးလူရိပ်တခု မျှော်စင်ရှေ့သို့ ပြုတ်ကျသွားသည်။
ထိုသူကတော့ မင်းသမီး ကုန်းလွမ်ယုပင်.....
ထိုအချိန်တွင် သူမ၏ ဘဲဥပုံ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေပြီး သူမသည် ခွန်အားအပြည့်ဖြင့် တိုက်ပွဲကို ဖြတ်သန်းခဲ့သည်မှာ ထင်ရှားသည်။
"လွမ်ယု မင်း အဆင်ပြေရဲ့လား"
စုရှင်းက စိုးရိမ်တကြီး မေးလိုက်သည်။
မင်းသမီးက ခေါင်းယမ်းကာ....
"တောင်းပန်ပါတယ် ဒုကျောင်းအုပ်... ကျွန်မ ဖယ်ထုတ်ခံလိုက်ရတယ်"
စုရှင်းက မင်းသမီးကို လက်နှစ်ဖက်နှင့်ပွေ့ဖက် နှစ်သိမ့်ပေးရင်း ....
"တောင်းပန်စရာမလိုပါဘူး မင်းရဲ့တိုက်ပွဲကို အခုပဲမြင်ပြီးပြီ.... မင်းအစွမ်းကုန်ကြိုးစားခဲ့တာပဲ...လန်လန်က ဉာဏ်အလင်းကောလိပ်က အစွမ်းကုန်ပျိုးထောင်ပေးထားတဲ့သူ..... မင်း သူ့ကိုနောက်ဆုံးဝှက်ဖဲထုတ်သုံးရတဲ့အထိ ဖိအားပေးနိုင်ခဲ့တာပဲ....."
မင်းသမီးက ခေါင်းညိတ်ပြသော်လည်းသူမ၏ရှည်လျားကျဉ်းမြောင်းသော ဖီးနစ်သဏ္ဍာန်မျက်လုံးများတွင် စိတ်ပျက်မှုများရှိနေဆဲပင်.... ဒါ့အပြင် သူမသည် တိုင်းပြည်၏တောင်ဝင်မင်းသမီးဖြစ်သည်။ ယခု သူမ ဤနေရာတွင် ဖယ်ထုတ်ခံရသဖြင့် အနည်းငယ် စိတ်ဓာတ်ကျနေမည်မှာ မလွဲမသွေပင်။
ဒါပေမယ့် ကံကောင်းထောက်မစွာဖြင့် သူမသည် ဆင်ခြင်တုံတရားရှိသူတစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် စိတ်ပျက်မှုများကို လျင်မြန်စွာ မျိုသိပ်ကာ သူမရှေ့ရှိ ဖန်သားပြင်များကို ကြည့်လိုက်သည်။
"ချင်းအာ နိုင်တော့မယ်....သူတကယ်ကို အစွမ်းထက်တယ်။ ရန်သူလေးယောက်နဲ့တိုက်နေတာတောင် အသာစီးရနေသေးတယ်.... ကြည့်ရတာ ချင်းအာက စစ်မှန်တဲ့ အင်အားကို ဖုံးကွယ်ဖို့ စီစဉ်နေတာလား..."
မင်းသမီးက ကျန်းချင်းအာရဲ့အခြေအနေကို မြင်လိုက်ရတော့ ချက်ချင်းကို ချီးမွန်းစကားဆိုလိုက်သည်။
သူမ၏ ဖီးနစ်မျက်လုံးများသည် ကျန်းချင်းအာ၏ရုပ်သွင်ကိုသာ မြတ်နိုးလေးစားမှုအပြည့်ဖြင့်စိုက်ကြည့်နေသည်။
စုရှင်းက ပြုံးပြုံးရွှင်ရွှင်နဲ့ ခေါင်းညိတ်ပြလိုက်ပြီး
"အခုဆို ငါတို့ကောလိပ်အတွက် ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုးရဖို့ သိပ်မခက်ခဲတော့ဘူး.... "
မင်းသမီးသည် ကြယ်တစ်ပွင့်ခန်းမ၏တိုက်ပွဲကို ထပ်မံကြည့်ရှုပြီးနောက် သူမ၏လှပသောမျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားခဲ့သည်။
"လီလော့က နောက်ဆုံးအဆင့်ထိရောက်နိုင်တာလား.... ဒါက နည်းနည်း အံ့သြစရာပဲ...."
ယခုအကြိမ်တွင် ကြယ်တစ်ပွင့်ခန်းမပြိုင်ပွဲတွင် ပြင်းထန်သောရန်သူများစွာရှိသည်။ လီလော့သည် ပြိုင်ပွဲမတိုင်မီ ချန်ပီယံဆု ဆွတ်ခူးရန် ထင်ကြေးပေးခံခဲ့ရသော်လည်း ထင်ခဲ့သော်လည်း နောက်ဆုံးအဆင့်ထိရောက်ရန် မမျှော်လင့်ခဲ့ကြပေ။
"ဒီနှစ်ယောက်က... ဒီအချိန်မှာ ငါတို့ကောလိပ်ရဲ့ အပြောင်မြောက်ဆုံးလူနှစ်ယောက် ဖြစ်လာခဲ့တယ်"
မင်းသမီးလေးက စိတ်ဝင်တစားပြုံးကာ....
"လီလော့သာ နောက်ဆုံးအဆင့်မှာ အောင်နိုင်ရင် ဒီစုံတွဲက ရှန့်ပိန်းတွေ့ဆုံပွဲရဲ့ ဒဏ္ဍာရီဖြစ်လာလိမ့်မယ်....."
ကောလိပ်တခုတည်းမှ ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုးနှစ်ခုရရှိဖူးသည့်ရာဇဝင်မရှိပေ။ ထို့အပြင် စေ့စပ်ထားသည့်စုံတွဲကသာ ထိုရင်ထိုးနှစ်ခုရရှိခဲ့လျှင် အမှန်ပင် ဒဏ္ဍရီတပုဒ်ဖြစ်လာတော့မည်သာ......
တကယ်တော့ ဒီအသက်အရွယ်မှာ စေ့စပ်ထားခြင်းမျိုး အတော်လေးရှားသည်။ထို့အပြင် ၎င်းတို့နှစ်ဦးစလုံးသည် ကောလိပ်တစ်ခုတည်းမှ ကျောင်းသားကျောင်းသူများဖြစ်နေကြသည်။
စုရှင်း ထိုစကားကိုကြားသောအခါ ခပ်ပြုံးပြုံးဖြင့် ခေါင်းခါလိုက်ပြီး ....
"လီလော့ဘက်က အခြေအနေက လုံးဝ မသေချာသေးဘူး.... လီလော့က ကျင်းထန်ရှုနဲ့တိုက်ခိုက်နေရတာ...ကျင်းထန်ရှုက ဉာဏ်အလင်းကောလိပ်က သေချာပျိုးထောင်ထားတာဆိုတော့ ဝှက်ဖဲတွေရှိနေဉီးမှာပဲ.....လီလော့ သူ့ကိုအနိူင်ယူပြီး အသန်မာဆုံး ကျောင်းသားဘွဲ့ရယူဖို့ သိပ်မလွယ်ဘူး....."
မင်းသမီးသည် အနည်းငယ်ခေါင်းညိတ်ကာ လီလော့တို့တိုက်ပွဲကိုသာ အကဲခတ်နေလိုက်သည်။
"ဒီမြင်ကွင်းက အရမ်းမိုက်တယ်......"
"မကြာခင်ရလဒ်ကို ဆုံးဖြတ်ကြတော့မယ်...."